Thursday, May 31, 2012

"အမေ" လို့ ထပ်ခေါ်ပါရစေ 今夜,我想再喊一聲娘

 

"အမေ" လို့ ထပ်ခေါ်ပါရစေ  今夜,我想再喊一聲娘


မိုးဖွဲဖွဲအောက်က လူခြေတိတ်တဲ့ ညအမှောင်လမ်းမထက်မှာ ကျွန်တော်တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ ရွက်ကြွေတွေက ကျွန်တော့်နောက် ထပ်ကြပ်မကွာလိုက်နေတယ်။ ဝိုးတဝါးအလင်းရောင်က ကျွန်တော်အရိပ်ကို ပိုရှည်အောင် ဆွဲဆန့်ထားလိုက်တယ်။ ရင်ထဲက လေးလံတဲ့ခံစားချက်တွေ တော်ရုံနဲ့ လွင့်ပြယ်မသွားခဲ့ဘူး။

ဒါဟာ အထီးကျန်ဆန်ပြီး သနားစရာကောင်းတဲ့ ညတစ်ညဖြစ်တယ်။ အမေ့အရိပ်က ပေါ်လိုက်၊ ပျောက်လိုက်.. ကျွန်တော်ကို ခံစားစေလိုက်၊ လွင့်မျှောစေလိုက်၊ အိပ်မက်မက်စေလိုက်နဲ့.. ပြောင်းလဲနေတဲ့ အချိန်နောက်လိုက်ပြီး ကိစ္စတချို့ကို တဖြေးဖြေး မေ့သွားမယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် အမေဆုံးတာ (၉)နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ အမေ့အသံ၊ အမေ့အပြုံးကို ကျွန်တော်ထင်ထင်ရှားရှား မှတ်မိနေခဲ့သေးတယ်။ ဦးနှောက်ထဲ၊ ရိုးတွင်းချဉ်ဆီထဲ တိုးဝင်ခဲ့တဲ့ခံစားချက်က လွယ်လွယ်မေ့လို့မရခဲ့ဘူး။ ဆောင်းဦးလေက ဖုန်တွေကို သယ်ဆောင်သွားတယ်။ ဆောင်းဦးမိုးတွေ ရင်ကိုစိုစွတ်စေခဲ့တယ်။ တကယ်တော့ အမေက ကျွန်တော်ရင်ထဲမှာ ဒီနေ့ထိ အသက်ရှင်နေဆဲဖြစ်တယ်။

အမှောင်တွေထဲ ရင်ဆိုင်တိုးဝင်ရင်း အမေ့ဘဝရဲ့လိုအင်တွေကို ကျွန်တော်တွေ့လာတယ်။ မှိန်ဖျော့ဖျော့ မီးရောင်တွေကြားမှာ အမေ့ဘဝစာမျက်နှာကို တွေ့မြင်လာတယ်။ အမေနဲ့အတူနေခဲ့ရတဲ့ နှစ်တွေကို ပြန်ပြောင်းအောက်မေ့မိတိုင်း အဲဒီအောက်မေ့ခြင်းတွေက ကျွန်တော်ရင်ထဲ အခန်းဆက်အဖြစ်နဲ့ ကျန်ရစ်ခဲ့တတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်တကယ်! တကယ်ပဲ လက်အုပ်ချီ ဒူးထောက်ချပြီး အဝေးတစ်နေရာဘက်ဆီ "အမေ....... ကျွန်တော်ရဲ့အမေ" လို့ အော်ဟစ်လိုက်ချင်တယ်။

ကျွန်တော်ကို အမေခွဲသွားတာ (၉)နှစ်တင်းတင်းရှိခဲ့ပါပြီ။ ဒီနှစ်တွေအတွင်းမှာ အမေနဲ့ပတ်သက်တာလေး ရေးမယ်လို့ စိတ်ကူးမိတိုင်း ရင်ခွင်တစ်ခုလုံး ရှုပ်ထွေးခဲ့မိတယ်။ ချရေးဖို့ ခက်ခဲခဲ့တယ်။ ဆင်းရဲဒုက္ခတွေအတွက် အမေမွေးဖွားခဲ့တယ်၊ ကျွန်တော်တို့ကို ကယ်တင်ဖို့ အမေမွေးဖွားခဲ့တယ်လို့ သာမန်အကြောင်းတွေ ရေးချနိုင်ပေမယ့် စာရွက်နဲ့ဘောလ်ပင်ထိတာနဲ့ ဘာအကြောင်းအရာမှ ကျွန်တော်ရေးမထွက်ခဲ့ပြန်ဘူး။ အမေ့အကြောင်း စဉ်းစားမိတိုင်း ကျွန်တော့်ခံစားချက်တွေ ပြုပြင်ရခက်ခဲ့တယ်။

"ဘဝအကြောင်းမပြောနဲ့၊ ဘာဆင်းရဲဒုက္ခအကြောင်းလည်း မဟနဲ့၊ ဒီမိသားစု၊ ဒီအိမ်အတွက် အသက်ရှင်နေရတာကိုပဲ ငါပျော်တယ်။ ကောင်းကင်နဲ့မြေကြီးကို အံတုမယ့်အစား ကိုယ်ကိုယ်တိုင်နဲ့ပဲ အံတုမယ်။ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးမှရတာ"

ဒါက အမေမကြာခဏပြောတတ်တဲ့ အမေ့ရဲ့ဘဝဒဿနတွေဖြစ်တယ်။ အမေကြောင့် အမေ့ဒဿနတွေ ကျွန်တော့်အပေါ် သက်ရောက်ခဲ့တယ်။

အမေရဲ့ငယ်စဉ်ဘဝကမှာ ဘာပုံပြင်မှ ရှိခဲ့ပုံမပေါ်ဘူး။ အဘွားရဲ့ရင်ခွင်ထက်မှာပဲ အမေကြီးပြင်းခဲ့တယ်။ အမေ့ကိုမွေးပြီးလပိုင်းမှာ အမေရဲ့အဖေ အသတ်ခံလိုက်ရတယ်။ စကားတစ်ခွန်းတောင် ချန်မထားနိုင်ခဲ့ဘူး။ ကလေးနှစ်ယောက်နဲ့ အဘွားကျန်ရစ်ခဲ့တယ်။ နပ်မှန်အောင် ထမင်းဝဝလင်လင် မစားခဲ့ရဘူး။ အမေ(၁၆)နှစ်မပြည့်ခင်မှာ အမေ့အစ်မကို အိမ်ထောင်ချပြီး အမေကိုအဖေနဲ့ ပေးစားဖို့စီစဉ်ခဲ့တယ်။

အိမ်ကိုရောက်နေတဲ့ အမေ့အစ်မ အဒေါ်က ကျွန်တော်တို့ကို အမေနဲ့အတူ ကြီးပြင်းခဲ့တဲ့အကြောင်းတွေ မျက်ရည်စက်လက်နဲ့ ပြောပြနေခဲ့တယ်။ အဲဒီညက အဒေါ်ပြောစကားကို ပြောင်းဖူးခြွေရင်း အမေနားထောင်နေခဲ့တယ်။ အဒေါ်ရဲ့နှာရည်ရှုံ့သံကြားတော့ အမေခေါင်းထောင်ကြည့်တယ်။ ဖရိုဖရဲဆံပင်တွေကို သပ်တင်ပြီး အမေသက်ပြင်းချတယ်။ ပြီးတော့ အဘိုးထားရစ်ခဲ့တဲ့ ဆေးလိပ်ဖက်တွေနဲ့ ဆေးလိပ်လိပ်ပြီး ပါးစပ်ပေါ်တေ့လိုက်တယ်။ ဆေးလိပ်မီးညှိပြီး ကျွန်တော်တို့မောင်နှမကို တစ်ချက်ကြည့်ပြီး ဖွာလိုက်တယ်။ ပြီးတော့ခေါင်းငုံ့ပြီး ပြောင်းဖူးတွေ ဆက်ခြွေနေလိုက်တယ်။ ဆေးလိပ်မီးခိုးတွေက ဆောင်းဦးရဲ့မြူလို အမေ့ကိုလွှမ်းခြုံထားကြတယ်။

အဒေါ်က အမေ့ကိုတစ်ချက်ကြည့်ပြီး လက်ဖမိုးနဲ့ မျက်ရည်တွေသုတ်လိုက်တယ်။ အစာကိုမျှော်နေတဲ့ ငှက်ကလေးတွေလို တန်းစီထိုင်နေတဲ့ ကျွန်တော်တို့မောင်နှမတွေကို ကြည့်ပြီး စကားဆက်ပြန်တယ်။

"နင်တို့အဖေက စာအရမ်းဖတ်တယ်။ နင်တို့ အမေကိုယူပြီး သူအပြင်အလုပ်ထွက်လုပ်တယ်။ တစ်နှစ်မှ တစ်ခါလောက်ပဲ အိမ်ပြန်တယ်။ အိမ်မှာကျန်ခဲ့တဲ့ လူကြီးသုံးယောက်နဲ့ ကလေးလေးယောက်ရဲ့ ဝေယျာဝစ္စတွေ နင့်အမေပဲ ဒိုင်ခံလုပ်ရတယ်။ တစ်ရက်မှနားရတယ်လို့ မရှိခဲ့ဘူး။ နင်တို့တွေ လိမ္မာကြနော်၊ နင့်အမေစကား နားထောင်ကြ၊ စာကြိုးစားကြ၊ နင့်အမေကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့"

အဒေါ့်စကားဆုံးတာနဲ့ အိမ်ပြင်ဘက်မှာ ဆော့ကစားနေတဲ့ (၅)နှစ်အရွယ် ညီမလေးငိုသံကို ကြားလိုက်ရတယ်။ အဒေါ်ထရပ်ဖို့ ပြင်တော့ အမေက "သားကြီး .. နင့်ညီမကိုသွားကြည့် သေးပေါက်ချတာလား မသိဘူး။ သားငယ် အမေ့ဘေးလာပြီး ပြောင်းဖူးခြွေရင်း နင့်အဒေါ်ပြောတာကို နားထောင်၊ သားထွေး လျှောက်မဆော့နဲ့ အပြင်မှာသွားဆော့ချည်။ အစ်မ .. အဲဒီစိတ်ညစ်ဝမ်းနည်းစရာတွေကို ဆက်မပြောနဲ့တော့... ဘဝကဖြတ်သန်းရဦးမယ်"

အဒေါ်မျက်နှာ ညှိုးကျသွားပြီး အမေ့လိုဆေးလိပ်လိပ်ပြီး မီးညှိလိုက်တယ်။ စကားဆက်မပြောတော့ဘဲ အမေ့အနားလာပြီး အမေ့ကို ပြောင်းဖူးခြွေကူနေခဲ့တယ်။ ညီမလေးကို အစ်ကိုပွေ့ချီခေါ်သွားခဲ့တယ်။

တကယ်တော့ အဒေါ်က ကျွန်တော်တို့ကို ဒီစကားတွေ ပြောပြနေစရာမလိုခဲ့ဘူး။ သူက တစ်ဘက်လှည့်နဲ့ အမေ့ကို နှစ်သိမ့်အားပေးနေတာဖြစ်တယ်။ အဒေါ်ပြောတဲ့အဖြစ်တွေက ကျွန်တော်တို့ရင်ထဲ၊ မှတ်ဥာဏ်ထဲ တံဆိပ်ခတ်ရိုက်နှိပ်ထားပြီဖြစ်လို့ ဘာစကားလုံးနဲ့မှ ဖော်ထုတ်ပြစရာမလိုခဲ့ဘူး။ ဘဝရဲ့ဆင်းရဲဒုက္ခတွေက အမေ့ကို အစတည်းက ပွတ်တိုက်ရိုက်နှက်သွားခဲ့တယ်။

အဖေ့အကြောင်း အဒေါ်ဆက်မပြောတော့ဘူး။ အမေရဲ့ပျော့ပျောင်းတဲ့ နှလုံးသားတွေ ထပ်ထိခိုက်မှာစိုးလို့ သူဆက်မပြောရဲခဲ့ဘူး။ အဲဒီနေ့က အဖေဆုံးပြီး (၅)ရက်မြောက်တဲ့နေ့ဖြစ်တယ်။

ကလေးက(၄)ယောက် အကြီးဆုံးသားက(၁၅)နှစ်၊ အငယ်ဆုံးသမီးက(၅)နှစ် နောက်ပြီးအသက် (၈ဝ)လူအိုတစ်ဦး.. အဖေမရှိတဲ့ကောင်းကင်က တစ်ကမ္ဘာလုံးကို ဆုံးရှုံးရသလိုပဲ! အမေတစ်ယောက်တည်း ဒီဝန်ထုပ်တွေကို ဘယ်လိုထမ်းရမလဲ?

အဲဒီတုန်းက အမေဟာ စကားနည်းပြီး တည်ငြိမ်ခဲ့တယ်။ တည်ငြိမ်လွန်းလို့ ကြောက်ဖို့တောင်ကောင်းခဲ့တယ်။ ဒါပေမယ့် တည်ငြိမ်တဲ့သူစိတ်ထဲမှာ မခံမရပ်နိုင်တဲ့ ဆင်းရဲမှုနဲ့ လွမ်းဆွေးမှုတွေရှိကြောင်း လူတိုင်းသိခဲ့တယ်။ ခပ်ပြုံးပြုံးမျက်နှာထားရဲ့ နောက်ကွယ်မှာ ခါးသီးခြင်းတွေရောပါနေခဲ့တယ်။
ညအချိန် ညီမလေးက အဒေါ်ရင်ခွင်ထဲ အိပ်ပျော်နေတယ်။ အမေက အရင်ညတွေလိုပဲ စောင်းနေတဲ့ ခုံစွန်းမှာထိုင်ပြီး အပ်နဲ့တစ်ပင်ချင်း ကျွန်တော်တို့ရဲ့ အင်္ကျီတွေကို ဖာထေးနေတယ်။ ကြီးတဲ့အင်္ကျီကိုငယ်အောင်၊ ငယ်တဲ့အင်္ကျီကို စွပ်ကျယ်ဖြစ်အောင် ပြင်ဆင်ချုပ်နေခဲ့တယ်။ ဒါက ကျွန်တော်တို့ညီအစ်ကိုရဲ့ အင်္ကျီဝတ်နည်းတွေဖြစ်တယ်။ လုံးဝပြင်ဆင်ဖာထေးလို့ မရတော့တဲ့အထိ အင်္ကျီတစ်ထည်ကို ကျွန်တော်တို့ ဝတ်ဆင်ခဲ့ရတယ်ဆိုပေမယ့် အင်္ကျီတွေက သန့်ရှင်းသပ်ရပ်နေတယ်။

အဘွားက တံခါးကြားကနေချောင်းကြည့်ပြီး မျက်ရည်အဝဲသားနဲ့ ကိုယ့်အခန်းထဲပြန်ဝင်သွားတယ်။ သားတစ်ယောက် သေဆုံးရတဲ့ဝေဒနာက အဘွားကို အလူးအလဲခံစားစေခဲ့တယ်။ အမေ့ရဲ့ခံစားချက်က အဘွားထက်ပိုမှန်း အဘွားသိတယ်။ အိမ်ထောင်ဦးစီးမရှိတဲ့အိမ်မှာ အမေက ခေါင်မိုးထုပ်ဖြစ်ခဲ့တယ်။ ဒီချွေးမသာတစ်ခုခုဖြစ်ခဲ့ရင် ကျန်ခဲ့တဲ့ကလေးတွေ ဘယ်လိုလုပ်မလဲ? ဒီချွေးမက သူနဲ့ဆယ်နှစ်ကျော် အတူရုန်းကန်ခဲ့သူ၊ ဒီချွေးမကိုသားထက် သူပိုရင်းနှီးခဲ့တယ်။ ဒုက္ခအခက်အခဲတွေကို အတူရင်ဆိုင်ခဲ့ရလို့ သမီးရင်းနဲ့တောင် မခြားခဲ့တော့ပါဘူး။

ဘဝရဲ့ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေက ပါးလျားတဲ့အမေခန္ဓာပေါ် ရက်ရက်စက်စက် ဖိတင်ခဲ့ပေမယ့် အမေ လဲပြိုမသွားခဲ့ဘူး။ သေးငယ်တဲ့ သူ့ပခုံး၊ ခိုင်မာယုံကြည်တဲ့ စိတ်ဓာတ်နဲ့ မိသားစုတာဝန်ကို အမေထမ်းပိုးခဲ့တယ်။ ပြိုလုဆဲအိမ်ကို ပခုံးပြောင်း တာဝန်ယူခဲ့တယ်။

ဆောင်းဦးကာလမှာ အဖေ့မျက်နှာနဲ့ မိတ်ဆွေတချို့ဆီ ပိုက်ဆံချေးပြီး အိမ်တစ်လုံး အမေဆောက်ခဲ့တယ်။ လူအိုတစ်ယောက်နဲ့ ကလေးတွေအတွက် လုံခြုံတဲ့နေရာတစ်ခုကို ပေးခဲ့တယ်။

နှင်းတွေကျတဲ့ နေ့လယ်ခင်းတစ်ခုမှာ အမေက တုန်တုန်ချိချိအဘွားကို အိမ်ရှေ့တွဲခေါ်ခဲ့တယ်။ အစ်ကို၊ ကျွန်တော်နဲ့ညီငယ်က အမေ့နောက်မှာ ကပ်လိုက်ခဲ့တယ်။ အိမ်သစ်တက်တဲ့ ဗျောက်အိုးဖောက်သံကြားတော့ အမေက အဘွားလက်ကိုကိုင်ပြီး ပြုံးတယ်။ နှင်းမှုန်တွေ အမေကိုယ်ပေါ်၊ ဆံဖြူပေါ် တဖွဲဖွဲကျပြီး အပျော်တွေအမေ့ရင်ထဲ စီးဆင်းပျော်ဝင်နေသလို အရည်ပျော်ကုန်တယ်။ ညီမငယ်က ချိုချဉ်တွေယူလာပြီး အခွံမခွါဘဲ အမေ့ပါးစပ်ထဲ အတင်းထိုးထည့်ပေးနေတယ်။ ချိုချဉ်ကို တစ်ငုံငုံပြီး ညီမငယ်ရဲ့ ပါးစပ်ထဲ အမေပြန်ထွေးထည့်ပေးလိုက်တော့ ခုန်ဆွခုန်ဆွနဲ့ ညီမလေးထခုန်တယ်။

အဘွားက ပူနွေးနေတဲ့ဆန်ပြုတ်ကို လက်နှစ်ဖက်နဲ့ အသာအယာမယူပြီး ဆန်ပြုတ်ပေါ်ကပြာမှုန်တွေကို အသာမှုတ်ထုတ်ပြီး အမေ့ကို ကမ်းပေးတယ်။ ပြီးတော့အမိန့်သံနဲ့ "ကလေးအမေ.. ဒီဆန်ပြုတ်ကို သောက်လိုက်ပါ။ ဒါအမေတို့အတွက် မင်္ဂလာပဲ" လို့ ပြောတယ်။

လူအများရှေ့မှာဆန်ပြုတ်ကို အမေတစ်ငုံသောက်ပြီး လက်နှစ်ဖက်နဲ့ အဘွားကိုပြန်ကမ်းပေးပြီး ပြောတယ်။

"အမေ... အမေခံခဲ့ရတဲ့ ဆင်းရဲဒုက္ခက ကျွန်မထက်များတယ်။ အမေပဲသောက်လိုက်ပါ။ အမေကျန်းမာနေရင်ရပြီ"

အမေ့စိတ်ကိုသိတဲ့ အဘွားက စိတ်မသက်မသာနဲ့ ဆန်ပြုတ်ကိုယူပြီး အစ်ကိုကိုပေးပြန်တယ်။ အစ်ကိုက အဘွားနဲ့အမေကို ခေါင်းခါပြပြီး ကျွန်တော်ကိုကမ်းပေးပြန်တယ်။ ကျွန်တော်က ဘုမသိဘမသိနဲ့ ညီအငယ်ဆုံးကို ကမ်းပေးလိုက်တယ်။ ညီငယ်က ဆန်ပြုတ်ကို ငေါင်တောင်တောင်နဲ့ ထိုင်ကြည့်နေခဲ့တယ်။

နှင်းတွေ သိပ်သိပ်သည်းသည်း ကျလာခဲ့ပြီး ဝန်းကျင်တစ်ခွင်လုံးကို အဖြူရောင်နဲ့ ဖုံးအုပ်ထားလိုက်တယ်။ ကျွန်တော်တို့အဖြစ်ကိုကြည့်ပြီး လူတွေဆီက ရှိုက်သံတချို့ကို ကျွန်တော်ကြားလိုက်မိတယ်။

အချိန်ရာသီက စိတ်နှလုံးကောင်းသူတွေကို ခါးသီးခြင်းတွေ သုတ်လိမ်းပေးခဲ့တယ်။ ချစ်ခင်နှစ်သက်သူတွေကို ခံစားမှုတွေ ပိုစေခဲ့တယ်။ ကောင်းမြတ်မှန်ကန်ခြင်းက ဘဝရဲ့ဂုဏ်တော်တေးကဗျာဖြစ်တယ်။ အဲဒီတေးကဗျာက ကျွန်တော်ရဲ့အမေဖြစ်တယ်။ ဆင်းရဲဒုက္ခကြားမှာ နှလုံးသားနဲ့ အမေသီချင်းဆိုခဲ့တယ်။ အဲဒီသီချင်းက ဘဝသီချင်းဖြစ်တယ်။ အကောင်းမြင်တဲ့စိတ်ဓာတ်နဲ့ အမေကြံ့ကြံ့ခံသီဆိုခဲ့တယ်။

ရေနဲ့ကင်းကွာလို့မရတဲ့ ငါးတွေလို အမေ့ကို နှစ်အတော်ကြာ ကျွန်တော်တို့ မှီခိုရှင်သန်ခဲ့တယ်။ မနက်မိုးမလင်းခင် အမေက ကျွန်တော်တို့ကျောင်းသွားဖို့အတွက် မနက်စာအဆင်သင့်လုပ်ပြီး ခြံထဲသွားနှင့်ပြီ။ ညနေမှာ ပင်ပန်းနွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ လက်ထဲကပေါက်ပြားတွေကို ပစ်ချပြီး ညစာထမင်းချက်ဖို့ အမေမီးမွေးတယ်။ အိမ်တစ်အိမ်လုံး မီးခိုတွေမွှန်ထူနေပေမယ့် အမေ့ရယ်သံကို ကြည်ကြည်လင်လင်ကြားရတယ်။ အမေက ကုလားအုတ်တစ်ကောင်လို မိသားစုကြားမှာ ဝန်တွေထမ်းပြီး မပြတ်လည်ပတ်နေတယ်။ သူ့ဆီက သက်ပြင်းချသံနဲ့ အပြစ်တင်သံတွေ ဘယ်တော့မှမကြားခဲ့ရဘူး။

အထက်တန်းကို ကျွန်တော်တခြားမြို့မှာတက်ရတော့ အမေကတစ်ပတ်စာ ဟင်းတွေလုပ်ပေးတတ်တယ်။ ချောင်းထဲက ငါးတွေဖမ်း ဟင်းလုပ်ပြီး ပုလင်းထဲထည့်ပေးတတ်တယ်။ အမေ့လက်ရာတွေ ချိုမြိန်လွန်းခဲ့တယ်။ အမေဘဝရဲ့ဆင်းရဲဒုက္ခတွေက ကျွန်တော်တွေးထင်တာထက်ပိုခဲ့ကြောင်း ကျောင်းပိတ်ရက်မဟုတ်တဲ့ နေ့လယ်ခင်းတစ်ခုမှာ ကျွန်တော်သိခဲ့ရတယ်။

အဲဒီနေ့က စပါးရိတ်သိမ်းပြီးစ နေ့လယ်ခင်းတစ်ခုမှာ စာအုပ်ယူဖို့ ကျွန်တော်အိမ်ပြန်ရောက်လာခဲ့တယ်။ ထမင်းတစ်လုတ်အတွက် ပင်ပန်းဆင်းရဲနေတဲ့ အမေနဲ့အဘွားကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်။

"ကလေးအမေ.. သမီးဒီအစာတွေ ဆက်စားနေလို့ မဖြစ်တော့ဘူးနော်။ နေ့တိုင်းပင်ပန်းပြီး ဒီအစာတွေက သမီးအတွက် အာဟာရမဖြစ်နိုင်ဘူး" အမေ့ထမင်းပန်းကန်ကို ဆွဲပြီး အဘွားကရင်နင့်နင့်ပြောတယ်။

"ရတယ်အမေ.. ဒီတစ်ခေါက်စပါးတွေရောင်းပြီးရင် ကျွန်မတို့အကြွေးတွေ သိပ်မကျန်တော့ဘူး။ ဒါတွေကို ကျွန်မကြိုက်တယ်လေ။ အမေနဲ့ကလေးတွေ စိတ်ချမ်းသာနေရင် ရပါပြီ"

"သမီးစားရင် အမေလည်းစားမယ်" အဘွားကပြောပြောဆိုဆို အိုးထဲကအစာတွေကို တစ်ပန်းကန်ခပ်ပြီး အမေနဲ့အတူ ထိုင်စားနေခဲ့တယ်။

"အမေ......." အမေက အဘွားကိုကြည့်ပြီး ဆို့ဆို့နင်နင်ဆိုတယ်။

"ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ။ သမီးခန္ဓာကို သမီးဂရုစိုက်ရမယ်။ ဒီအိမ်မှာ သမီးမရှိလို့မဖြစ်ဘူး။ သားသမီးတွေကြီးလာမှ........." သွားမရှိတော့တဲ့အဘွား စကားလည်း ပီပီမပြောနိုင်ခဲ့တော့ဘူး။

"အင်း.. အမေ... နေ့သစ်တွေက သမီးတို့ကိုစောင့်နေပါတယ်"

ပြတင်းပေါက်က ရပ်ကြည့်နေတဲ့ကျွန်တော် ကိုယ့်ကိုယ်မထိန်းနိုင်ခဲ့တော့ဘူး။ အမေ့ကို ပြေးပြီး ပွေ့ဖက်လိုက်မိတယ်။

ဘဝလမ်းခရီးက ရှည်လျားပြီး ကြမ်းတမ်းခဲ့တယ်။ ဒီလိုလမ်းမှာ အမေက ကျွန်တော့်လက်ကိုတွဲပြီး ရှေ့သို့ရဲရဲတိုးခဲ့တယ်။ ကိုယ်ပိုင်လမ်းတစ်ခု လျှောက်လှမ်းခဲ့တဲ့အထိ အမေက ကျွန်တော်တို့မောင်နှမအပါးမှာ ရှိနေခဲ့တယ်။

နှစ်တွေ ကုန်လွန်သွားတာနဲ့အမျှ သားသမီးတွေက အမေ့မြင်ကွင်းထဲကနေ တဖြေးဖြေး ခွဲထွက်သွားခဲ့ကြတယ်။ အစ်ကို အိမ်ထောင်ကျတယ်။ ကျွန်တော်က အမေနဲ့အဝေးဆုံးနေရာမှာ ရောက်နေခဲ့တယ်။ အမေ့ခါးတွေလည်း ကုန်းနေပြီ၊ ဆံပင်တွေလည်း တစ်ခေါင်းလုံးဖြူနေခဲ့ပြီ။ သူ နားနားနေနေ နေရမယ့်အချိန်ရောက်တော့ ဘယ်သူမှ တွေးထင်မထားတဲ့ ရောဂါတစ်ခုအမေရခဲ့တယ်။ အဲဒီအချိန်က အမေနဲ့ကျွန်တော်ခွဲပြီး နှစ်နှစ်အကြာမှာဖြစ်တယ်။

ကိုယ်ရောဂါရမှန်း အကောင်းစိတ်နဲ့နေတတ်တဲ့ အမေ ဘယ်လိုသိခဲ့မှန်း ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော်အလုပ်တွေ စိတ်ချလက်ချလုပ်နိုင်အောင် အစ်ကိုနဲ့ သူ့ကျန်းမာရေးကို ကွယ်ဝှက်ထားစေပြီး ခွဲစိတ်ခန်းထဲဝင်ခဲ့မှန်းလည်း ကျွန်တော်မသိခဲ့ဘူး။ ဆင်းရဲဒုက္ခတွေကို ခါးစီးခံခဲ့တဲ့အမေ ဘဝကိုအံတုဖို့ အင်အားရှိခဲ့သလိုမျိုး ခွဲစိတ်ပြီး (၈)ရက်အကြာမှာ နေအိမ်ကို ပြုံးပြုံးရွှင်ရွှင်ပြန်ခဲ့တယ်။ အမေဟာ သူ့ရောဂါနဲ့ ဆရာဝန်ဆီ တိတ်တဆိတ်ကုခဲ့ကြောင်း၊ ငွေကုန်ကြေးကျများမှာစိုးလို့ ဆေးရုံမတက်ချင်ခဲ့ကြောင်း၊ အမေ့ကြောင်း သားသမီးတွေ ဒုက္ခရောက်မှာကို မလိုလားခဲ့ကြောင်း နှစ်အတော်ကြာမှ အစ်ကိုနဲ့ကျွန်တော် သိခဲ့ရတယ်။

ကျွန်တော်အိမ်ပြန်ရောက်ပြီး အမေ့ကုတင်ရှေ့ဒူးထောက်ချမိတော့ အမေက သစ်ကိုင်းခြောက်လို ပိန်လှီနေတဲ့ သူ့လက်နဲ့ ကျွန်တော့်ဆံပင်ကို သပ်တင်ပေးနေခဲ့တယ်။ ကျွန်တော့်မျက်ရည်တွေ အတားအဆီးမရှိခဲ့ဘူး။ သားတစ်ယောက်ဖြစ်ပြီး၊ ကိုယ်လိုအပ်တာပဲသိခဲ့တယ်။ နာကျင်ရမှန်း အမေ့ရဲ့သွေးတွေ ကျွန်တော့်ကိုယ်ထဲ စီးဆင်းနေမှန်း ကျွန်တော်မသိခဲ့ဘူး။ အမေ့အပေါ် ကျွန်တော်တင်ကျန်တဲ့အကြွေးတွေ များလွန်းခဲ့တယ်။ များလွန်းလို့ ဒီတစ်သက်ပေးဆပ်ဖို့တောင် မလုံလောက်ခဲ့ဘူး။

အမေသေဆုံးတဲ့မနက်မှာ ကျွန်တော်အိပ်မက်တစ်ခုမက်တယ်။ ဝိုးတဝါးညအလင်းရောင်အောက်မှာ ကျွန်တော့်လက်ကိုကိုင်ပြီး ကုလားထိုင်ပေါ် အမေထိုင်နေတယ်။ ကျွန်တော်မျက်လုံးက အမေညွှန်ပြတဲ့ ဓူဝံကြယ်ဘက် လိုက်ကြည့်နေခဲ့တယ်။ လိပ်ပြာတွေက ကျွန်တော်တို့နံဘေးမှာ ဝဲပျံပြီး အမေနဲ့ကျွန်တော်ကို အနောက်ဘက်ဆီ မသယ်ခဲ့ပြီး တဖြေးဖြေးပျောက်ကွယ်သွားခဲ့တယ်။ ကျွန်တော်နိုးလာတဲ့အချိန် ကျွန်တော်ညာမျက်ခွံ ခပ်လေးလေးတစ်ချက်လှုပ်သွားတယ်။ အစ်ကို့ဆီကဖုန်းလာတော့ ကျွန်တော့်ကို အမေတွေ့ချင်တယ်.. အမြန်ပြန်ခဲ့ဖို့ ငိုသံနဲ့ပြောခဲ့တယ်။

ဆောင်းဦးမိုးက ကျွန်တော့်မျက်ဝန်းကို စွတ်စိုစေခဲ့တယ်။ ဆောင်းလေက ကျွန်တော်မျှော်လင့်ချက်ကို ပျက်သုန်းစေခဲ့တယ်။ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ကျွန်တော်အိမ်ပြန်ရောက်ချိန် အမေက မျက်စိမှိတ်ပြီး ငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့ပြီ။ အမေမဆုံးခင် ကျွန်တော့်ငယ်နာမည်ကို နှစ်ခွန်းလောက် ခေါ်လိုက်တယ်လို့ အစ်ကိုကပြောတယ်။

အမေ့ကိုသင်္ဂြိုဟ်ချိန် ကျွန်တော်မငိုခဲ့ဘူး။ အမေ့နာမည် ထွင်းထားတဲ့မှတ်တိုင် ထောင်မတ်တဲ့အချိန် မွေးရပ်မြေကမြေကြီးပေါ် ကျွန်တော်ဒူးအစုံထောက်ချပြီး မလှုပ်မယှက်နေနေခဲ့တယ်။ မြေကြီးပေါ် မှောက်ချပြီး အမေ့ခေါ်သံကို နားထောင်နေခဲ့တယ်။

ကျွန်တော်ကြားခဲ့တယ်။ တကယ်တော့ အစကတည်းက အမေ့ပြောသံကို ကျွန်တော်ကြားခဲ့ရတယ်။ အဲဒီအသံကို အခုထက်ထိ ကျွန်တော်မှတ်မိနေသေးတယ်။

"သား... ကိုယ်ကိုထောင်မတ်ပြီး လူတစ်လုံးသူတစ်လုံးဖြစ်အောင် လုပ်ပါ။ အဝေးကနေ သားကို အမေစောင့်ရှောက်နေမယ်"

နှစ်တွေကြာခဲ့ပါပြီ။ အမေခင်းတဲ့လမ်းမှာ ကျွန်တော်လျှောက်နေခဲ့တာ နှစ်အတော်ကြာနေခဲ့ပြီ။ ကောင်းကင်ဘုံက အမေလည်း စိတ်ချနိုင်လောက်ပြီ။

အမေဆုံးပြီး (၉)နှစ်... ဒီညမှာ ဆောင်းဦးမိုးတွေက တဖွဲဖွဲရွာနေခဲ့တယ်။ ရင်ထဲက ခံစားချက်တွေက တစ်ထပ်ပြီးတစ်ထပ်စုစည်းပြီး အိပ်မောကျနေတဲ့ ကျွန်တော်စိတ်ကိုလှုပ်နှိုးခဲ့တယ်။ "အမေ...." လို့ နက်နက်နဲနဲတစ်ခွန်းခေါ်ပြီး (၉)နှစ်ကြာ ကွယ်လွန်သွားတဲ့အမေကို ကျွန်တော် လွမ်းဆွတ်သတိရနေခဲ့မိတယ်။

မူရင်း-- http://www.duwenzhang.com (今夜,我想再喊一声娘)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

 今夜,我想再喊一聲娘
獨步枯涼的夜街,淋著稀疏的淫雨,落葉固執地飄零在身後,如昏暗的燈光拖長了我的影子,沉重的思緒久久不能散去。
這是一個可憐又落寞的夜晚。母親的影子若有若無地跟著我,隨我沉思,隨我飄浮,隨我入夢。總認為時間的推移會讓一些事情淡忘,但是,在母親去世9年後的今天,她的音容笑貌倒越發清晰,入腦入髓的情感是不可能忘懷的,秋風吹走的是塵埃,秋雨滋潤的是心田,原來,母親一直活在我的心裡。
面對漫布的黑暗,似乎面對母親對生命的渴望;凝望搖曳的燈光,似在默讀她生活的篇章。想起與她相處的年年歲歲,我禁不住浮想聯翩,心潮澎湃。此時,我真想,真想!手捧蒼天,雙膝跪地,對著遠方真真切切地喊一聲“娘,我的親娘。”
母親離我而去整整9年頭了。這些年來,一直想寫點有關母親的文字,卻發現是散亂又困難的。很多辛酸生活的點滴中,她好像是苦難的化身,又好像是菩薩再世,哪一件事都可以寫,又都是那樣的簡單。可每每下筆,有關她的情感一古腦地竄出來,想整理一個頭緒都難。“別跟我談命,也別談什麼苦難,為家、為孩子活著是我的樂趣,與天鬥,與地鬥,不如跟自己鬥,生活靠自己去創造。”這是母親很早以前的話,也是生活的哲理,受她的影響,我也養成了類似她的個性。
應該說,母親的童年沒有故事,是在姥姥的懷抱中長大的。她剛剛出生幾個月,在抗聯當營長的姥爺夜襲鬼子據點,胸口中了鬼子的槍,倒在了秋雨中,連句話也沒有留下。姥姥帶著兩個孩子東躲西藏過日子,都頓飽飯都吃不上,早早地累跨了身體,等到把大姨嫁出去,給不滿16歲的母親訂了婚,就撒手找姥爺去了。
從外地歸家的大姨坐在我們面前,含著眼淚說著與母親的過去時,正是深秋時分的傍晚,母親正麻利地邊聽著大姨說話邊搓著玉米棒。大姨吸鼻子的聲音讓母親抬頭看了一眼,攏了攏前額散亂的頭髮,嘆一口氣,又熟悉地抓起桌子上爺爺留下的旱菸葉,卷個紙筒送到嘴裡,點上吸一口,掃一眼我們兄妹幾個,低頭又搓起了玉米,濃濃的煙,把她深深地包圍,如同深秋的霧,鎖住了夜空。
大姨看了母親一眼,擦了擦眼睛,看了看像小鳥等待餵食排在一起的兄弟三人,帶著長者的口氣繼續說著,你們爸爸是個書呆子,你娘進了家門,他就在外地工作,一年才回家一回,家裡的三個老人四個孩子地裡的活都是你娘一個人忙裡忙外,沒有享過一天的福,真讓她受罪了,你們兄弟幾個一定得聽話,好好學習,不能惹你娘生氣。
大姨說著話,在屋裡玩耍才五歲的妹妹哇地哭了起來,大姨剛要起身,母親發話了:“老大,你快去看看妹妹是不是尿褲了。老二,你坐到我身邊來,邊幹活邊聽大姨說話,老三,你別搗亂,到外面玩會去吧。”母親看看大姨苦澀地笑了笑說:“姐姐,那些傷心事就別提了,日子總得過不是?!”
大姨沉著臉,照母親的樣子捲了紙菸點上,沒有再說話,墩下身子幫母親搓起了玉米,妹妹被哥哥抱到外面去了。
其實,這些話大姨沒有必要跟我們說,她是採取另一種方式安慰母親。
這些烙在我們記憶中的碎片是不需要用語言表達的,生活的多災多難早已把母親的心磨平,她的命運一直與苦難相連。
大姨沒有再說爸爸的事,也不敢說了,因為母親脆弱的心再也無法承受,這一天是爸爸剛剛去世後的第五天。
四個孩子,三男一女,大的十五歲,小的五歲,還有一個近80歲的​​老人,沒有了男人的天空,等於失去了整個世界,又讓一個女人如何承受?
那時的母親沉默寡言,出奇的平靜,平靜的有點讓人害怕,其實,每個人都知道,她那顆看似平靜的心裡,藏著難以忍受的苦楚與掛牽;一臉看似平淡的笑容裡,記錄著無奈的蒼桑與辛酸。
是夜,妹妹依偎在大姨的懷裡睡著了,母親則像千百個夜晚一樣,半個屁股倚在炕沿斜靠著桌子角,一針一線縫補我們穿過的衣裳。大的改成小的,小的改成背心,一直是我們兄弟穿衣的傳統,儘管打了不少的補丁,但是我們兄妹的衣服從裡到外都是乾乾淨淨。奶奶挪動著小腳悄悄從門縫裡瞧了瞧,抹抹昏濁的淚水回到自己的房間。白髮人送黑髮人,失子之痛已令老人痛不欲生,可是在奶奶的心中,母親的痛苦遠遠勝過自己。爸爸走後,兒媳就是家中的頂樑柱,如果兒媳真有個三長兩短,自己好說,剩下的孩子還有什麼指望可言?在她的心中,與她相依為命十幾年的兒媳,不但勝過了閨女,比兒子也要親幾分呀!在苦難中凝聚的親情,早已超越了骨血之情,也超越了生命的本身。
生活的重擔無情地壓在了身體單薄的母親身上,可生性剛強的她並沒有被壓跨,她用她瘦小的肩膀,自強不息的信念支撐著這個家,支撐著這個快要支離破碎的家。
初冬時分,借爸爸人情的餘溫,東挪西湊借錢,曲膝彎腰求人,八間新房蓋起來了,終於有了老人居住的天地,也給了兒子們一個生活的空間。
房子上樑的那個飄著雪花的中午,母親把顫顫悠悠的奶奶扶到了房子前面,哥哥、我和弟弟站在母親的身後,劈裡啪啦的鞭炮在房樑上響起,母親拉著奶奶的手笑了。一朵朵的雪花飄飄揚揚地落在母親的身上,落在新添的白髮上,緩緩化了,如春雨般融進了母親的心裡。調皮的小妹抓起房頂上扔下的喜糖,皮也沒有剝開就迫不及待地給母親塞進了嘴裡,母親揚起頭有滋有味地嚐了嚐味道,又低下頭吐到了小妹的嘴裡,樂得小妹又蹦又跳。
奶奶哆嗦著雙手,端起敬灶神的八寶粥,吹了吹粥上的紙灰,送到母親面前,用命令的口氣說:“孩子他娘,你喝了吧,這是咱家的香火呀!”
母親在鄉親們的注視下,淺淺地喝了一口,又雙手捧給奶奶說:“娘,您受的苦比我還多,您就喝了吧,只要您身體好好地。”
奶奶知道母親的脾氣,無奈地接過來,把頭扭過去擦了擦眼,遞給了哥哥,哥哥望著奶奶和母親搖搖頭遞給我,我又不知所措地遞給弟弟,弟弟端著粥呆呆地愣在院中央。
雪花飄得更密了,遮住了整個大地,周圍傳出了稀疏的哭聲,前來幫忙的鄉親們也被感動了。
歲月給善良的人們塗抹了苦澀,也給真愛的人們增添了感動,真善美是生命真誠的讚歌,而這讚歌的源,就是我的母親。在苦難中掙扎的她用心唱出的歌,是生命之歌,是契而不捨的樂觀精神。
很長的一段時間,我們都依賴母親活著,就像河裡的魚離不開水一樣。早上,天還沒有放亮,她就準備好了我們上學的早飯,早早地下地去了。晚上,滿身疲憊的她扔下手中的工具,又點火做飯,柴火的煙瀰漫了整個家,而笑聲漸漸明朗。母親像個陀螺,在我們親人之間不停地運轉,再沒有聽到過她的嘆息與怨言。
我上高中住校,媽媽一次給我帶一周的飯,一次蒸一鍋攙了白面的窩窩頭,全放到口袋裡讓我拿走,到小河溝裡撈幾條小魚與鹹菜一起燉好,給我裝到瓶子裡,味道出奇的鮮美,把同班同學的饞虫都勾了起來。可在一個不是周末的中午,我才知道母親的日子比我想像得更加艱苦異常。
麥收後的一個中午,我回家拿課本,正碰上母親與奶奶爭奪飯碗的一幕。
“孩子他娘,你不能吃這些東西了,天天干活太累,身體受不了。”奶奶抓著母親吃飯的碗,口氣中透著關愛。
“娘,你就別管了,賣了這次公糧,我們家的債就差不多還清了,我喜歡吃這種味,別讓您和孩子受委曲就行。”母親趁奶奶不注意,奪下碗蹲在地上吃起來。
“你吃我也吃。”奶奶賭氣地抓起另一個碗從鍋裡盛出了一碗榆錢兒菜,坐在門檻上也吃了起來。
“娘……”母親欲言又止。
“再苦也不能把身子累壞,這個家沒有你不行,孩子長大了,不用愁了……”奶奶的牙都沒有了,說話也咬不清。
“……嗯,娘,好日子在等著我們呢。”
站在窗外的我,再也控制不住自己,與母親緊緊抱在一起。
生活的路漫長而艱難,在這條路上,母親一直拉著我們的手,不屈地前行,直至走出了一條屬於我們兄弟自己的路。
幾年過去了,她的孩子們逐漸走出了她的視線,哥哥結婚了,我走得離她最遠。母親的腰板彎了,頭髮幾乎全白,應該說,她享清福的時候到了,可是,天有不測風雲,在我離開家鄉不到兩年,她意外地得了不治之症。
我不知道天性樂觀的母親是如何知道自己得了病,也不知道為了讓我好好工作如何讓哥哥隱瞞自己的病情毅然走向了手術台。從苦難撐過來的母親有著超乎尋常的生命力,手術後第八天就談笑風生回家了。其實,多年後,我跟哥哥才知道,母親私下里曾求過醫生,她不想住院,不想花太多的錢,更不想讓兒子們跟著自己受累,這又是何等的高尚呀!當我從部隊載譽歸來,跪在母親的床前任她那枯瘦如柴的手撫摸我的頭髮時,眼淚涮涮地流個不停。作為兒子,作為一個只知道索取不知道心痛與體恤母親的兒子,我欠她的太多了,這輩子想補也補不上了。
母親去世的那天早上,我做了一個夢。一個星光燦爛的夜晚,母親坐在椅子上,牽著我的手,我的眼睛尋著她指的方向辨別北斗星,一隻只蝴蝶環繞在身邊,抬起我和母親向北飛行,漸漸消失。醒來的時候,我的右眼皮重重地跳了一下,哥哥的電話來了。他哭著說,娘想見你,快點回來吧。
秋雨打濕了我的眼睛,秋風吹走了我的希望,等我心急如焚趕到家中時,母親已安靜地閉上眼睛,哥哥說,母親走的時候,輕輕地喊了兩聲你的小名。
送別母親的時候,我沒有哭。當紙錢燃盡,墓碑立起時,我雙膝跪在鄉村泥濘的土地上,久久沒有動,趴在地上聽著母親的呼喊聲。
我聽到了,其實,我早就听到了,現在還仍然記得。她說,兒呀,挺起腰板做人吧,母親在遠方會保佑你的。
這麼多年,我一直沿著母親鋪就的路走著,義無反顧,以慰她的在天之靈。
今夜,秋雨紛紛,內心深處的思念情結一層層一束束積聚,把我從沉睡中喚醒,讓我用心靈,用生命呼喚著她,踏踏實實響響亮亮地喊了一聲娘,借此紀念逝去9年的母親,也平靜自己浮躁的心。


喬樵(紅袖)
(文/喬樵)