Monday, January 31, 2011

နိဗ္ဗာန်ရောက်ကြောင်း ပါရမီနှင့် လူလောကယန္တရား

ဖိုရမ်တစ်ခုတွင် ဘာသာရေးသည် လူလောက ယန္တာရားကို လည်ပတ်ဖို့အတွက် အထောက်အကူမပြုနိုင်ကြောင်းနှင့် နိဗ္ဗာန်ရောက်ကြောင်းသာ အားလုံးလုပ်ကြမည်ဆိုပါက လောကယန္တရား ရပ်တန့်သွားမည်ဟု တင်ပြထားသည်ကို ပြန်လည်ဖြေရှင်းသောအားဖြင့် သည်ဆောင်းပါးကို တင်ပြပါသည်..

အပါဒါနအဋ္ဌကထာမှာ သူတော်ကောင်းတစ်ဦး နိဗ္ဗာန်ရရှိရေးအတွက် အခြေခံအချက်နှစ်ချက်လိုကြောင်း ရှင်းထားပါသည်...

၁။ မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်ကို ဆုတောင်းပန်ထွာခြင်း ပတ္ထနာ

၂။ ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှုးသယ်ဆောင်ပေးသည့် ပါရမီတရားအပေါင်း အဘိနီဟာရ

တခါထပ်ပြီ အဘိနီဟာရဆိုတာ ဘာလဲဆိုတော့

၁။ အဓိကာရ ကောင်းမှု ကုသိုလ်ရှိခြင်း

၂။ မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်တော်မြတ်ကို လိုလား တောင့်တသည့် ဆန္ဒဓာတ် ပြင်းပြခြင်း

သည်လိုဆိုရင် ပါရမီ ပြည့်စုံသည် မည်သည်။ (အပါဒါန၊ဋ္ဌ၊၁၊၁၅၈)

အဓိကာရကောင်းမှုဆိုတာ....

ပရိယတ္တိ.. ဘုရားစကားတော်များကို သင်ယူခြင်း။ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း
သဝန.... အရိုအသေအလေးမြတ်ပြု၍ အလွန်လိုလားသည့်စိတ်ဖြင့် သူတော်ကောင်းတရားကို နာကြားခြင်း
ပရိပုစ္ဆာ... ခက်ခဲနက်နဲ့သော ပုဒ်တို့ကို သင်ယူခြင်း။ တနည်း အဋ္ဌကထာကို သင်ယူခြင်း.
ပုဗ္ဗယောဂ.. ရှေးရှေးဘုရားရှင်တို့ ထံမှာ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာ အားထုတ်ဖူးခြင်း..

ထိုအဓိကာရကောင်းမှုတို့ကို
သာဝကသုံးမျိုးတွင် ၁။ အဂ္ဂသာဝကတို့သည် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း...
၂။ မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်း
၃။ ပကတိသာဝကတိုသည် အဘိနီဟာရပြည့်စုံလုံလောက်သည့် ဘဝတို့ ပတ်လုံး... ပါရမီတရားအပေါင်းကို ဖြည့်ကျင့်ရပါသည်..

သို့သော်လယ်တီဆရာက သာဝကပါရမီဉာဏ်အရာမှာ အဓိကာရကောင်းမှုအရ

၁။ ဝိဇ္ဇာမျိုးစေ့
၂။ စရဏမျိုးစေ့ နှစ်မျိုးလုံးပင် ဆိုလိုကြောင်း ပါရမီ ဒီပနီတွင် ရှင်းလင်ထားပါသည်..

ဝိဇ္ဇာမျိုးစေ့အရ ဝိဇ္ဇာရှစ်ပါးတွင် ပါဝင်သော ဝိပဿနာဉာဏ်ကို ဆိုလိုပေသည်.. ဝိပဿနာဉာဏ်သည် အဓိကာရကုသိုလ်ပါရမီ မျိုးစေ့ပင်ဖြစ်သည်..

တဖန် စရဏတရား (၁၅)ပါးတွင် ဝိပဿနာဉာဏ် (ပညာ)လည်း ပါဝင်ပေသည်.. ဝိပဿနာသည် စရဏတရားလည်း မှန်၏။ ဝိဇ္ဇာတရားလည်း မှန်ပေသည်.. ထို့ကြောင့် ဝိပဿနာသည် နိဗ္ဗာန်ကို လိုလားလျက်ရှိသော သူတော်ကောင်းသည် အတိတ်ဘဝ၊ ယခုဘဝ၌ ဝိပဿနာအဓိကာရကောင်းမှုကုသိုလ်ကို ဖြည့်ကျင့်ရပေမည်..

စရဏတရားသည် လက်ခြေနှင့် တူကြ၏။ လက်ခြေရှိက အလိုရှိရာ ပြုနိုင်သကဲ့သို့ စရဏပါရမီသည် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို ဟောကြားပေးနိုင်မည့် ဆရာကောင်း မိဘကောင်းစသည့်တို့နှင့် တွေ့ကြုံအောင် ပို့ဆောင်ပေမည်ဖြစ်သည်။
စရဏတရားဟူသည် ဒါန(သီလ) အစရှီိသော တရားများဖြစ်ကြသည်...

စရဏပါရမီကြောင့် ဘုရားအစရှိသော ဆရာသမားကောင်နှင့် တွေ့ဆုံသောအခါ သစ္စာလေးပါးနှင့် စပ်သော တရားစကားကို နားကြားခွင့်ရပီ.. ဝိဇ္ဇာမျိုးစေ့ ပါရမီတရားများက ဗောဓိဉာဏ်တို့ရောက်အောင် အားပေးထောက်ပံ့ကြမှာ ဖြစ်ပါသည်...


ထို့ကြောင့်အဆုံးအန္တိမပန်းတိုင်ကို သွားရန် အခြေခံအာဖြင့် မူနှစ်ရပ်လိုအပ်ပါသည်.. နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားများကို ဟောကြားပေးနိုင်သော ဆရာသမားနဲ့ တွေ့ရန်လိုသည်.. ထိုအခြေအမျိုးရရန် စရဏပါရမီ ပြည့်စုံလုံ့လောက်ရပေသည်.. သို့ရာတွင် ထိုအခြေအနေမျိုး ဗုဒ္ဓဘာသာတိုင်း၌ မရှိနိုင်...
ထိုအခြေအနေမျိုးနဲ့ ကြုံသော်လည်း အတိတ်ဓာတ်ခံ ဝိဇ္ဇာပါရမီ ချို့တဲ့ပြန်ကလည်း အဆုံးအန္တိမပန်းတိုင်သည် ချက်ချင်းဖြစ်ပေါ်မလာပေ..ဘဝတစ်ခုနှစ်ခုသော်လည်းကောင်း၊ဘဝများစွာသော်လည်း ကောင်း စောင့်ဆိုင်းရပေသည်...

ဗုဒ္ဓဒေသနာတော်အရပင်လျှင် ဗုဒ္ဓဘာသာပင် ဖြစ်လင့်ကစား အဆုံးအန္တိမပန်းတိုင်တို့ ရောက်ရှိဖို့ရန် ပြည့်စုံလုံ့လောက်သော အခြေအနေများ ဖြစ်ဖို့ မလွယ်ကူကြောင်း သိသာသည်.. ထို့ကြောင့် အဆုံးအမပန်းတိုင်ကို ဗုဒ္ဓဘာသာတိုင်း လျှောက်လှမ်းနိုင်ကြမည်မဟုတ်ပေ.. အနည်းငယ်မျှသော သူတို့သည်သာလျှင် နိဗ္ဗာန်သို့ ရကြသည်ဟု ဆိုကြပေသည်...

အဆုံးအမပန်းတိုင်ကို လျှောက်လှမ်းနေကြသော်လည်း လူလောကစက်ရန္တယားကား လည်ပတ်နေမည်သာဖြစ်ပါသည်.. ဥပမာ.. နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနေသော တိုင်းပြည်အုပ်ချုပ်သူများ. စစ်သူကြီးများ. သူဌေးသူကြွယ်များ မင်းညီမင်းသားများ သာမာန်အရပ်သူ အရပ်သားများ... များစွာရှိခဲ့ပါသည်။ ထိုသူတို့သည် မိမိတို့၏ လူ့အသိုင်းအဝန်း၏ အကျိုးစီးပွားကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြပါသည်..လောကယန္တရားကို လည်ပတ်မြဲ လည်ပတ်ကြပါသည်.. ငါတို့သည် နိဗ္ဗာန်ရောက်ကြောင်းတရားများ အားထုတ်နေပါသဖြင့် လူလောကီအလုပ်များ မလုပ်ကြဟူ၍ကား မဟုတ်.. နိဗ္ဗာန်ရောက်ကြောင်း အခြေခံကျင့်စဉ်ဖြစ်တဲ့ သီလကျင့်စဉ်ပိုင်း`၌ပင်လျှင် အလှူဒါနများ.. သားသမီး ကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ်များ မင်္ဂလသုတ်လာ လူမှုရေးကျင့်ဝတ်များ.. ကြီးပွားတိုးတက်ရေး တရားများသည်.. လူ့လောက ယန္တရား လည်ပတ်ကြောင်း တရားများဖြစ်ကြသည်..

အဆုံးအန္တိမပန်းတိုင်ကို ရောက်ရှိသောမူကြသည်ရဟန္တာအရှင်မြတ်ကြီးများပင်လျှင် လောကအကျိုးစီးပွားကို ဆောင်ရွက်ကြသေးသည်ဆိုလျှင် အဆုံးအန္တိမပန်းတိုင်းတို့ ရောက်ရန် ကျင့်ဆဲသူများမှာ အဘယ်မှာလျှင် လောကယန္တရားကို မလည်စေဘဲ ရှိပါအံ့နည်း....

မြတ်ဗုဒ္ဓကိုသာလျှင် ကြည့်မည်ဆိုပါက ကျင့်ဆဲကာလ၌သာ မိမိကိုယ်တိုင် ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ရှေးဦးစွာ ကြိုးစားတော်မူသည်.. ကိုယ်တိုင်လွတ်မြောက်တော်မူပြီးသောအခါ (၄၅)ဝါတိုင်တိုင် မနားမနေ လောကအစီးအပွားကို ဆောင်ရွက်တော်မူခဲ့သည်မှာ အထင်အရှားဖြစ်သည်..
ထို့ကြောင့် ဘာသာရေးမှ လွတ်ကင်းနေသူများသာလျှင် လူ့လောက အင်ဂျင်များကို လည်ပတ်နေသည် ဟူသော အဆိုမှာ မှန်ကန်မှု မရှိခဲ့ရပါ....

လူ့လောက အင်ဂျင်များကို လည်ပတ်ဖို့ရန် အခြေခံအားဖြင့် နှလုံးသားကောင်းဖို့လည်း လိုတယ်. အသိပညာရှိုဖို့လည်းလိုပါသည်.. အသိပညာသာရှိပီ နှလုံးသားမကောင်းပါက လူ့လောကကို အန္တရာယ်ပြုနိုင်ပါသည်.. ထိုအခါဘာသာရေးက နှလုံးသားကောင်းအောင် သွန်သင်၍ လူ့လောက အင်ဂျင်များကို ကောင်းမွန်စွာ လည်ပတ်စေမည်ဖြစ်ကြောင်းတင်ပြလိုက်ရပေသည်..

Sunday, January 30, 2011

ဘုရားမကယ်နိုင်သူများ



ဘုရားမကယ်နိုင်သူများ…

လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ ကလေးကလား သဘောထားတတ်၏။ အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်၏။ ထို့အတူ မိမိ၏လုပ်ရပ်များတွင် လက်ယဉ်လာသည့်အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်၏။

ထို့သို့သောသူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်များကြောင့် “ဟေ့…ဟေ့… အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ပြောဆိုသည့်အခါ “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်လှန်တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့ အလုပ်တွေ လုပ်ရင် ၀ဋ်လိုက်တတ်တယ်..”ဟု ပြောလာလျှင်လည်း “၀ပ်လိုက်ရင် ထပြေးတာပေါ့…” စသည်ဖြင့် သံတူကြောင်းကွဲ စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်၏။ ထိုသူတို့ ဆိုချင်သည်မှာ လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေသည့်သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပို၍အလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်လျက် အပျော်အပြက် ပြောလိုဟန် ရှိပေ၏။

အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှု၏ တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိသည့် သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏။ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာသည့် အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏။ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏။ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂ ရရန်၊ နောင်တရရန် ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံ သတိသံဝေဂ ရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်၏။ ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ကား မည်သူကယ်၍မျှ ရမည်မဟုတ်သကဲ့သို့ ဘုရားလည်း ကယ်၍ရနိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏။ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများ၏ အကျိုးပေးချိန် မတန်သေး၍သာ ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေးကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထား၏။ ဤစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများ၏ အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်လာမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်၏။ အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်သည်ကား အထူးပင် သိသားထင်ရှားလှ၏။ အကုသိုလ် အလုပ်၏ အကျိုးပေးချိန် ရောက်လာလျှင်ကား မည်သည့်တံခိုးရှင်မျှ ကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှ၏။

မှန်၏။ အကုသိုလ်အလုပ်များကို လုပ်ရင်း အကုသိုလ်ကံ၏ အကျိုးပေးချိန်သို့ ရောက်လာသော သူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မသိဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏။ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများသည် ကြာလာသည့်အခါ ပညာ၊ သတိတရားများ ချွတ်ယွင်းလာကာ အပြောအဆို အလုပ်အကိုင်များတွင်လည်း အမှားမှား အယွင်းယွင်းဖြစ်လာပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏။

မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူများသည် ပညာသတိ မရှိဖြစ်ကာ မိမိတို့၏ အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ရောက်ရတတ်ကြောင်း မဃဒေ၀ လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါ၏။ ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထား၏။

ဆရာတော်ကြီး၏ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်း၍ ပျက်စီးချိန် စောင်းလာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့ မကောင်းမှုများဖြင့် ကျင်လည်နေသူများသည် ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။

အမှန်အားဖြင့် အကုသိုလ် ဒုစရိုက်အမှုများသည် အချိန်တန် အကျိုးပေးချိန် ရောက်လာလျှင်ကား ယခုမျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကို တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်၏။ ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏။ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်၏။

ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှိသည့် သူတစ်ယောက်ရှိ၏။ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိ၏။ ထို့ကြောင့် သူ့ကို စုန္ဒသူကရိက စုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြ၏။ စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကို လှည်းအပြည့်တင်ကာ စပါးအနည်းငယ်ဖြင့် တောရွာများမှ ၀က်ငယ်များကို လှည်းအပြည့်ဝယ်ယူကာ မိမိအိမ်သို့ ရောက်သည့်အခါ အိမ်နောက်ဖေး ၀က်ခြံတွင် ၀က်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ ၀က်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင့်တုတ်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိ၏။ ၀က်များသည် ရိုက်ပုတ်သည့်ဒဏ်များကြောင့် ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်၍ ပွတ်ပွတ်ဆူနေသည့် ရေနွေးဖြင့် ပါးစပ်အတွင်းမှ လောင်းထည့်လေ၏။ ထိုလောင်းထည့်သည့် ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာ စအိုဝမှ အညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေ၏။ စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီး သန့်ရှင်းသည့် အရောင်အဖြစ် ရောက်သည့်အထိ ပါးစပ်မှ ရေနွေးများကို လောင်ထည့်လေ့ရှိ၏။ စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရ၏။ စုန္ဒသည် ၀က်တို့၏ အော်ဟစ်သံကို အလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့် ၀က်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၏။ ထို့နောက် မြက်မီးဖြင့် အမွေးအမြင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏။ ဤနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်ခဲ့၏။

တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ ဖြစ်ပေါ်လာခဲ့၏။ အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏။ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရ၏။ မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်လည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရ၏။ စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံသွားစဉ် ကြားခဲ့ရ၏။ ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြ၏။ ထိုအခါ ဘုရားရှင်က ယင်းအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏ အသံသာ ဖြစ်ကြောင်း မိန့်ကြားကာ တရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက “မကောင်းမှု ပြုလုပ်သူသည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရ၏၊ ပင်ပန်းရ၏” စသဖြင့် တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံး ၀က်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့် အကုသိုလ်ကံအတိုင်း ၀က်ကဲ့သို့ ပူလောင်ပြင်းထန်စွာ အော်ဟစ်ပြီး နောက်ဆုံးတွင် အသက်ကုန်ကာ အ၀ီစီငရဲသို့ ကျရောက်သွားခဲ့ရ၏။

ဤကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမား၏ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါ၏။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်လည်း ဘုရားမကယ်နိုင်သည့် အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရ၏။ ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏။ မှန်၏။ အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားမကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏။ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်၏ လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ဘုရားမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများကို ဆိုခြင်းဖြစ်သဖြင့် မကောင်းမှုလုပ်ကာ ဘုရားတနေကြသည်ထက် ဘုရားမ, နိုင်အောင်၊ ဘုရားကယ်နိုင်အောင် မကောင်းမှုကို ရှောင်ပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါ၏။ ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူကိုကား ဘုရားစသော အရိယ သူတော်ကောင်းများက မကယ်မနိုင်သဖြင့် မိမိဘ၀ကို မိမိ၏ အလုပ်များကသာ ကယ်မနိုင်ကြမည်ကို သတိပြုဆင်ခြင်ပြီး မကောင်းမှုမှ ရှောင်နိုင်အောင် ကြိုးစားကြရန်လိုကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့် ဘုရားမကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်း ဘုရားကယ်နိုင်သူ ဖြစ်အောင်သာ ကြိုးစားကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါသည်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။

Those who can not get help from Buddha (ဘုရားမကယ်နိုင်သူများ)
http://www.venvicitta.com

Saturday, January 29, 2011

ကြုံရမဲ့သင့်ကြမ္မာ




ကုံရမဲ့သင့်ကြမ္မာ
ဝေဏှုဒါသ
ဘဝနေနည်း သုတရှာမှီးသူဟာ ကြားမြင်သုတနှင့်ပြည့်စုံသူတစ် ယောက်ရှိတဲ့နေရာကို ကြီးစွာလုံ့လပြုပြီး အရောက်သွားရမယ်။ ကဿပမြတ်စွာဘုရား လက်ထက်တော်က ရဟန်း တစ်ပါးရှိဖူးတယ်။ ပကတိသဘောအရ ဓုတင်အကျင့်တွေ ကိုကျင့်၊ ဝိနည်းလေးစားပြီး သီလရှိတယ်။ တစ်နေ့မှာ အခြားရွာက မထေရ်တစ်ပါးြ<ွကလာတယ်။ နောက်ြ<ွက မထေရ်ကို ကျောင်းဒကာက ဆွမ်းကျွေး လှိုက်လှဲပျူငါပြု
တဲ့အခါ ဒီရဟန်း စဉ်းစားတယ် 'အယံ ကုဋုမ္ဗိကော ပရိဘိန္နော၊ သစာယံ ဘိက္ခု ဣမသ္မိံ ဝိဟာရေ ဝသိဿသတိ၊
န မံ ဧသ ကိသ္မိဉ္စိ ဂဏယိဿတိ = ငါ့ဒကာ တော့ သူ့ဖက်ကို ပါနေပြီ။
ဒီကိုယ်တော် ဒီကျောင်းမှာဆက်နေရင်တော့ ဒီဒကာ ငါ့ကို ထည့်တောင်တွက်မှာ မဟုတ်တော့ဘူး'လို့ စဉ်းစားပြီး နောက်ရောက်ကိုယ်တော်နှင့် သူ့ဒကာ ရင်းနှီးမသွားအောင် အဆက်ဖြတ်ထား တယ်။ ဧည့်ကိုယ်တော် မကြာခင် ထွက်သွားအောင် လုပ်ဖို့လဲ အကွက်ချောင်းနေတယ်။ ညနေမှာ ကျောင်းကို ဒကာ ရောက်လာပြီး အရုဏ် ဆွမ်းစားပင့်တယ်။ ဧည့်သည့်ကိုယ်တော်ကို မေးတဲ့အခါ 'ဒီဘုန်းကြီးက အစောကြီး ကျိန်းတယ်။ သူက လူနဲ့သိပ် စကားမပြောဘူး။ အခန်းထဲမှာ ဘာလုပ်နေတယ် မသိပါ ဘူး'လို့ မနှစ်မြို့တဲ့ဟန်နဲ့ ကွယ်ရာမှာ သူ့ဒကာကိုပြောပြီး တွေ့ခွင့်မရအောင် လုပ်ထားလိုက်တယ်။
နောက်နေ့နံနက်ကျောင်းဒကာအိမ်ကို အရုဏ်ဆွမ်းစားသွားတဲ့အခါ ဌာနေ ရဟန်းဟာ နောက်ရောက်မထေရ်ကို မနှိုးဘဲ တိတ်တိတ်ကလေး အိပ်ရာက ထသွားတယ်။ 'ဧည့်သည် ကိုယ်တော် ကော ဘုရား'လို့ ဒကာက မေးတဲ့အခါ 'ကိုယ့်ဒကာမိသားစု မို့ ပွင့်ပွင့်လင်းလင်း ပြောရအုံးမယ်၊ ဒီကိုယ်တော် မနေ့က
ခင်ဗျာ့အိမ်မှာ အစားကောင်းတွေ စားလာလို့ အိပ်နေလိုက် တာ သိုးနေတာပဲ။ ဒီမနက် နှိုးတောင်မရဘူး၊ ဒါနဲ့ ထား
ပစ်ခဲ့ရတယ်' လို့ ပြန်ပြောတယ်။ ဒါပေမဲ့ -- နောက်ရောက် ဧည့်သည်မထေရ်ဟာ သာမန်မဟုတ်
ဘူး။ တကယ့် ဓုတင်ဆောင်ရဟန္တာကြီး။ သို့တစေ အဲဒီ အညတရ ရဟန်းက ခန့်မှန်းမြော်မြင်နိုင်တဲ့ ပညာမရှိတော့ ဧည့်သည် မထေရ်ရဲ့ အရည်အချင်းကို မသိရှာဘူး။
ဓုတင် ဆောင်ပုဂ္ဂိုလ်ကိုပင် မသိရကောင်းလားလို့ မေးစရာရှိ တယ်။ ဘယ်သိပါ့မလဲ။ တကယ့် ဓုတင်ဆောင်ပုဂ္ဂိုလ်ဟာ မိမိရဲ့အကျင့်ကို သူတစ်ပါး မသိအောင်နေတာကိုး။ အဲဒီ လိုနေတာကို စာလို ဓုတင်္ဂအပ္ပိစ္ဆာလို့ ခေါ်တယ်။ ဒီဝေါ ဟာရကို နားလည်အောင် ပြောရရင် အကျင့်မြတ်ကို မြ<ွကားဝါခြင်းလို့ ဆိုနိုင်အံ့ ထင်ပါရဲ့။ ဓုတင်္ဂအပ္ပိစ္ဆာကို သရုပ်ဖော်တဲ့ ကျမ်းဂန်လာဖြစ်ရပ် တွေက အတုယူစရာ ကောင်းလှပါတယ်။ သုသာန် ဓုတင် ဆောင် မဟာကုမာရ မထေရ်ဟာ အနှစ် ၆ဝ သုသာန်မှာ ဓုတင်ဆောက်တည်ခဲ့ပေမဲ့ ဘယ်သူမှ မသိခဲ့ဘူးတဲ့။ သုသာန်မှာ နှစ် ၆ဝ ကြာ၊ မပြတ်မလပ် နေထိုင်ခဲ့တဲ့ငါ၊ ငါမှတစ်ပါး မည်သူမျှမသိ၊ သြ မြင့်မြတ်တဲ့ ဓုတင်ဆောင် မထေရ်မြတ်ကြီး ဖြစ်ပါ၏' လို့ ကျမ်းဂန်မှာ စာတင် ခံရတဲ့ပုဂ္ဂိုလ်ထူးကြီးဖြစ်ပါတယ်။
သီဟိုဠ်ကျွန်းက စေတိယတောင်မှာ ညီအစ်ကို ရဟန်း နှစ်ပါး သီတင်းသုံးကြသတဲ့။ တစ်နေ့ ညီငယ်ဖြစ်သူက ဒါယကာ တစ်ယောက်လာလှူတဲ့ ကြံပိုင်းလေးကို ယူလာ ရင်း နောင်တော်မထေရ်ကို သုံးဆောင်ပါအုံးဘုရားလို့ လျှောက်တယ်။ 'နေပစေတော့'လို့ နောင်တော်က ငြင်း တယ်။ အဲဒီအချိန်မှာ နောင်တော်မထေရ်ဟာ ဆွမ်းဘုဉ်း ပေးပြီးလို့ ခံတွင်းသုတ်သင်နေတဲ့အချိန်။ ဒီတော့ ညီတော်
က 'နောင်တော် ဧကာသနိက် (တစ်ထိုင်တည်းနှင့် အပြီး စားတဲ့) ဓုတင်ကို ဆောက်တည်နေပါသလားလို့ မေးတယ်။
နောင်တော်က ခဏစဉ်းစားရင်း 'အင်း ကြံပိုင်းကို စား ကည့်သေးတာပေါ့၊ ယူခဲ့လေ'လို့ ညီတော်ပြောတဲ့ ဓုတင်ကို မိမိဆောက်တည်နေကြောင်း ညီတော်ကို မသိစေချင်တာနဲ့ အနှစ်ငါးဆယ် ဆောက်တည်ထားတဲ့ ဓုတင်အကျင့်ကို
ဖျက်ပြီး စကားလွှဲပြောလိုက်တယ် (အံ-ဋ္ဌ ၁၊ ၅၉)။ သူတော်ကောင်း အစစ်ဟာ မိမိဓုတင်ကျင့်နေတာကို
လူတွေ၊ အထူးသဖြင့် မိမိကိုကြည်ညိုနေတဲ့လူတွေ သိ အောင် လုပ်ပြလေ့မရှိပါဘူး။ အကျင့်မြတ်ဆိုတာ မိမိ
အတွက်ပဲ မဟုတ်လား။ မိမိကို အထင်ကြီးအောင် သူတစ်ပါးကို အထင်သေးအောင် ရည်ရွယ်ချက်နှင့် ဓုတင် ကျင့်ပြတာမျိုးက အကျင့်စစ်မှမဟုတ်ဘဲ။ ကျမ်းဂန်မှာ အဲဒီ လိုလုပ်တာကို မာယာ(လှည့်ပတ်တာ) သာဌေယျ (ကောက် ကျစ်တာ)လို့ ခေါ်တယ်။ လူရှေ့မှာ ငြိမ်ဆိတ်ဆိတ် မျက်စိ ကိုမှိတ် ဘုရားလိုနေပြပြီး စိတ်ထဲက ဣဿာ(မနာလို)
မစ္ဆရိယ(ဝန်တို) လွှမ်းမိုးနေတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ ဒီပုဂ္ဂိုလ်မျိုး ဟာ 'မုဠှေသု လဘတေ လာဘံ = လူပြိန်းတွေနဲ့ ပေါင်းရင် ဘုန်းကြီး လာဘ်ရွှင်တယ်' ဆိုတာကို ကောင်းကောင်းနား လည်တဲ့ လူတွေဖြစ်တယ်။
သီဟိုဠ်ခေတ်က သေသောက်ကြူး (အရက်သမား) တစ်ယောက်ဟာ မထေရ်တစ်ပါးနှင့်တွေ့ပြီး ဘုန်းကြီးဝတ်
တယ်။ မထေရ်နောက်ကလိုက်ရင်း ရွာတစ်ရွာရောက်တော့ ဒကာလင်မယားနှစ်ယောက် ဆောက်လုပ်ထားတဲ့ သင်္ခမ်း
ကျောင်းငယ်မှာ သီတင်းသုံးနေရစ်တယ်။ ပရိယတ္တိ(ဗုဒ္ဓ ဟောကြားတဲ့ ကျမ်းဂန်စာပေ)ကို ကောင်းစွာ မသင်ကြားခဲ့
ရရှာတဲ့ ဒီတောထွက် (ဝုဍ္ဎပဗ္ဗဇိတ = အရွယ်လွန်မှ ဘုန်ကြီး ဝတ်လာသူ) ကိုယ်တော်ဟာ သဒ္ဓါတရား အားကောင်းပြီး


အသိပညာနည်းတဲ့ ဒကာလင်မယား အထင်ကြီးအောင် နည်းမျိုးစုံနဲ့ ကြိုးစားတယ်။ ဒကာလင်မယားခမျာ တော
ထွက်ကို ကြည်ညိုပြီး အမှားဆုံးမတာကို ခံယူမိတဲ့အတွက် မင်းပြစ် မင်းဒဏ်လဲသင့် သေလွန်တဲ့အခါလဲ ငရဲသို့ရောက်
ရတယ်(သီဟဠဝတ္ထုပကရဏ၊ ဓုလီပါပဝတ္ထု)။ ပညာမဲ့ ဘုန်းကြီးရဲ့ မာယာ သာဌေယျကြောင့် ကိုးကွယ်သူတို့ ဒုက္ခ ရောက်ရပုံကို စပ်မိလို့ပြောပြလိုက်တာပါ။ ဤဖြစ်ရပ်ပါ ကျောင်းဒကာက လူဆင် (ဒါဆိုဒါပဲ၊ ဟို ဟာကို မလိုဘူးဆိုတဲ့လူ) တော့ မဟုတ်ဘူး။ အမြော်အမြင် ရှိတယ်။ မိမိကိုယ်တော်ကိုလဲ ကောင်းကောင်း ဆွမ်းပြုစု
တယ်။ အဲဒီနောက် ဆွမ်းဟင်းလျာတွေကို ကောင်းစွာ ပြင် ဆင်ပြီး 'ဦးဇင်းဘုရား၊ ဧည့်ကိုယ်တော်က ခရီးပန်းလာလို့ မနိုးတာဖြစ်ပါလိမ့်မယ်။ ဒီဆွမ်းဟင်းတွေကို ထည့်ယူသွား ပီး ကျွေးပါဘုရား'လို့ ဆရာကိုယ်တော်ကို လျှောက်တယ်။ ကိုယ်တော်ကလဲ ပေါ်တင်ကြီးတော့ မငြင်းပါဘူး။ သပိတ် ထဲထည့်ပြီး ဧည့်သည်အတွက် ဆွမ်းဟင်းတွေကို သယ်ယူ ခဲ့တယ်။ ပြဿနာက ဒီကစပြီး ပိုကြီးကျယ်သွားခဲ့တာပဲ။
သယ်ယူလာရင်းနဲ့ အညတရရဟန်း စဉ်းစားလိုက်ပုံ 'သစေ သော ဘိက္ခု ဣမံ ပါယာသံ ပိဝိဿတိ၊ ဂီဝါယံ
ဂဟေတွာ နိက္ကဍ္ဎိယမာနောပိ န ဂမိဿတိ = ဒီရဟန်းကြီး ဒီလို အစားကောင်းကောင်းကို စားမိပြီးရင် ဒီကျောင်းက
ကန်ထုတ်တောင်ထွက်မှာ မဟုတ်တော့ဘူး' တဲ့။
ဒါနဲ့ လူသူ မသိအောင် လက်စဖျောက်တဲ့အနေနှင့် မီးလောင်မြေတစ်နေရာမှာ ကျင်းတူးပြီး သပိတ်ထဲက ဆွမ်းတွေအားလုံး မြေမြှုပ်ပစ်ခဲ့တယ်။ ကျောင်းကိုရောက်တော့ ဧည့်သည် ရဟန်းကို မတွေ့ရတော့ဘူး။ ဒီတော့မှ စောစောက ဣဿာ မစ္ဆရိယစိတ် မွှန်နေတာတွေ ပျောက်သွားပြီး ငါ လုပ်ခဲ့တာကို သူသိလို့ထွက်သွားတာ၊ ရဟန္တာဖြစ်မှာပဲလို့ မိမိ လုပ်ခဲ့တာအပေါ် ရင်ထုမနာဖြစ်တယ်။ 'သြ ငါဟာ တ ကယ့်ပညာရှင် ရဟန္တာပုဂ္ဂိုလ်နှင့် အတူတူနေခဲ့ရပေမဲ့ မိမိမ ပိုင်တဲ့ ကျောင်းစုတ်ကို ရဟန္တာအရှင်မြတ်က မိမိထံကလုယူ မှာကို ကြောက်လို့ ရဟန္တာကို ပြစ်မှားမိပြီ'။
အမြော်အမြင်ရှိသူဟာ ပညာရှိပုဂ္ဂိုလ်တစ်ယောက်နှင့် တစ်ခဏ လောက် တွေ့လိုက်ရရင် အသိပညာရယူဖို့ အဆင်သင့် ဖြစ်သွား တယ်။ ဟင်းအရသာကို လျှာက သိသလိုပဲ(နီတိကျမ်း)။ ရဟန္တာကို ပြစ်မှားမိတဲ့ ဒီအညတရရဟန်းငယ်ဟာ ကွယ်လွန်တဲ့အခါ ငရဲရောက်ရတဲ့အပြင် ဘဝပေါင်းများစွာ
ဆင်းရဲမပြည့်စုံတဲ့ ဘဝမှာဖြစ်ရတယ်။ ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့အခါ ကောသလ တိုင်းက တံငါရွာတစ်ခုမှာ မွေးဖွားလာတယ်။ ကံခေတဲ့ ကလေး။ ဒီကလေးရဲ့ အကုသိုလ်ကြောင့် ဒီကျေးရွာ မီး
လောင် ရေလွှမ်းတယ်။ မိခင်ဒုက္ခရောက်တယ်။ ဒါနဲ့ မွေးပြီးတဲ့အခါ မိခင်က လက်ထဲခွက်တစ်ခု ထည့်ပေးခဲ့ပြီး
စွန့်ပစ်တယ်။ ထူးခြားချက်က ဒီသူငယ်က ဒီဘဝမှာ ရဟန္တာဖြစ်မဲ့ ကုသိုလ်ထူးရှိနေတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက မည်
သည့်နည်းနှင့်မျှ ရဟန္တာမဖြစ်ဘဲ အသက်မသေနိုင်ဘူးလို့ ကျမ်းဂန်မှာဆိုတယ်။ အသက် ခုနစ်နှစ်အရွယ်မှာ ကျီးကန်း ငှက်လို အမှိုက်ပုံထဲက အစားအစာကို ရှာစားနေခိုက် အရှင်သာရိပုတ္တရာနှင့်တွေ့တယ်။
အရှင်မြတ်က 'ဟေ့ ကောင်လေး၊ လာစမ်းပါအုံး' ဆို တော့ ရောက်လာပြီး အရှင်မြတ်ကို ရှိခိုးပြီးထိုင်နေတဲ့အခါ
အရှင်မြတ်က ဇာတိရပ်ရွာ မိဘတွေကို မေးတယ်။
ဒီ ကောင်လေးက ဖြစ်ရပ်စုံပြောတဲ့အခါ အရှင်မြတ်က သနား ကရုဏာဖြစ်ပြီး 'ဒါဖြင့် မင်း ကိုရင် လုပ်မလား'လို့ မေး တယ်။ 'တပည့်တော်လိုကောင်ကို ဘယ်သူက သင်္ကန်း စည်းပေးမှာလဲဘုရား' ဆိုတော့ အရှင်မြတ်ကြီးက 'ငါစည်း ပေးမှာပေါ့' လို့ ဆိုတယ်။ ဒါနဲ့ ကျောင်းကို ခေါ်သွားပြီး ဆံပင်ရိတ်၊ ရေချိုးပေးပြီး သင်္ကန်းစည်းပေးထားလိုက်တယ်။ အသက်နှစ်ဆယ် ပြည့်တဲ့အခါ ရဟန်းပြုပြီး လောသက
တိဿမထေရ်ဖြစ်လာတယ်။ ဆွမ်းခံလို့ မရဘူး။ လာဘ် လာဘ အလွန်နည်းပါးတယ်။ တစ်ချိန်မှာ ဝိပဿနာတရား
ပွားများရင်း ရဟန္တာဖြစ်သွားတယ်။ ထူးခြားတာက ရဟန္တာဖြစ်ပေမဲ့ ဆွမ်းခံလို့မရဘူး။
နေ့တိုင်း ဆွမ်းဝအောင်မစားရတာရယ်၊ ကောင်းကောင်း မစားရတာရယ်ကြောင့် ပရိနိဗ္ဗာန်ပြုမဲ့နေ့ကို ရောက်လာ
တယ်။ ဘဝဆုံးမဲ့နေ့မှာ အရှင်သာရိပုတ္တရာဟာ အရှင် လောသကတိဿနှင့်အတူ ဆွမ်းခံဝင်တယ်။ ဒီနေ့မှာ
အရှင်သာရိပုတ္တရာလဲ သာဝတ္ထိမြို့သားတွေရဲ့ လက်အုပ်ချီ ကန်တော့တာတောင် မခံရဘူးတဲ့။ ဒါနဲ့ အရှင်သာရိ
ပုတ္တရာက လောသကကို ကျောင်းပြန်ခိုင်းပြီး တစ်ပါး တည်းဆွမ်းခံထွက်တယ်။ အရှင်သာရိပုတ္တရာက မိမိကို
လှူလို့ ကျန်တဲ့ဆွမ်းဟင်းတွေကို အရှင်လောသကထံ သွား ပီး လှူခိုင်းတယ်။ အရှင်လောသကထံ ဆွမ်းဟင်း ယူလာသူတွေ လမ်းမှာတင်မေ့ပြီး ကိုယ်ဟာကိုယ်စားမိလိုက်လို့ အရှင်လောသကဆီ မရောက်ဘူး။
အရှင်သာရိပုတ္တရာက ကျောင်းကို ပြန်ရောက်တော့ အရှင်လောသကကို ဆွမ်းဘုဉ်းပေးပြီးပြီလားလို့ မေးတော့ နောက်တော့ ဘုဉ်းပေးရမှာပေါ့ဘုရား လို့ဆိုတယ်။ ဆွမ်း မဘုဉ်းပေးရသေးမှန်း သိသဖြင့် အရှင်သာရိပုတ္တရာဟာ ကောသလနန်းတော်သွားပြီး စတုမဓု အလှူခံပြီး သပိတ်ကို ကိုင်ကျွေးမှသာ ဝအောင်စားနိုင်တယ်။ ဒီနေ့မှာပဲ အရှင် လောသက ပရိနိဗ္ဗာန်စံတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင် သင်္ဂြိုဟ် ဈာပနပြုပေးပြီး ဓာတ်တော်များကို စေတီတည်ထားပါသတဲ့ (ဇာ-ဋ္ဌ ၁၊ ၂၅၅)။ ããã
ဗ့်ငည ဳနူေ်ေ
၁၆၅၁ န ညြေ့အေအသညီမ
ွှနာစနယ ဗဇ ၈၅၂၈၂ယ့ှဗ

Friday, January 28, 2011

အမှတ်တမဲ့မှ အမှတ်တရသို့





အမှတ်တမဲ့မှ အမှတ်တရသို့


(က)
လောကခြင်းရာတွေဟာ ကြံရွယ်ပေမယ့် ပျက်သွားတတ်ပါတယ်။ လောကမှာ စီစဉ်
မထားတာတွေဟာလည်း ဖြစ်လာတတ်ပါတယ်။ အမှုမဲ့အမှတ်မဲ့ ကြုံရတဲ့ အဖြစ်အပျက်လေး
တွေဟာလည်း ကြီးကျယ်တဲ့ အကျိုးဆက်တွေကို သယ်ဆောင်လာတတ်ပါတယ်။ မတော်တဆ
ကြုံခဲ့ရတာလေးက ပေါ့ပေါ့ပါးပါးပေမယ့် နောက်ဆက်တွဲ ဖြစ်ပေါ်ပြောင်းလဲမှုတွေက ဘဝမှာ
မှတ်တမ်းတင်လောက်အောင် ကြီးကျယ်ခမ်းနား လာနိုင်ပါတယ်။ အရေးမထားမိတဲ့ အသေးအဖွဲ
ကိစ္စငယ် လေးတွေဟာ သံသရာ ဘဝအဆက်ဆက်အထိ လိုက်ပါလွှမ်းမိုး နိုင်ပါတယ်။
ဒီတော့ ကံကိုလက်ခံထားကြတဲ့ ကမ္မဝါဒီဗုဒ္ဓဘာသာတွေဟာ ကံမျိုးစုံကို ကိုယ်နှုတ်စိတ်နဲ့
ပုံဖော်ရာမှာ စေတနာကောင်းလေးတွေ ထည့်သွင်းနိုင်ဖို့ လိုပါတယ်။ သာမန် အပြုအမူလေးတွေ
ကတောင် အရေးတကြီး ထင်ရှားတဲ့ ဘဝမှတ်တမ်းတွေ ဖန်းတီးနိုင်တာဆိုတော့ သက်ဝင်
လှုပ်ရှားမှု မှန်သမျှမှာ စေတနာကောင်းလေးတွေ ပါနိုင်သမျှပါအောင် သတိထားထည့်သွင်း
ပေးနိုင်ဖို့ အရေးကြီးပါတယ်။ စေတနာကောင်းမှ ကံကောင်းမယ်၊ ကံကောင်းမှ ဘဝလှမယ်
မဟုတ်ပါလား။ ဘဝမှာ အမှတ်တမဲ့ ကြုံခဲ့ရ တာလေးက သံသရာမှာ ဘယ်လိုအမှတ်တရ
ဖြစ်စေနိုင်တယ်ဆိုတာ မြင်သာတဲ့ သာဓက တစ်ခု ရှိပါတယ်။
(ခ)
ဂေါတမမြတ်စွာဘုရားရှင် ရွှေလက်ထက်တော် အခါက ဖြစ်ပါတယ်။ အဲဒီတုန်းက
စူဠပန္ထက၊ မဟာပန္ထကဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သာသနာတော်မှာ ရဟန်းပြုကြပါတယ်။
အစ်ကိုကြီး မဟာပန်ရဟန်းဟာ ပရိယတ်စာပေ တတ်ကျွမ်းပေမယ့် ညီငယ်စူဠပန်ရဟန်းကတော့
စာပေပရိယတ်မှာ အားနည်းပါတယ်။ အားနည်းတယ်ဆိုတာထက် Óဏ်လေးတယ်လို့ပြောမှ
ပိုတိကျ ပါလိမ့်မယ်။ သူဟာပဒုမံ
ယထာ ကောကနဒံ သုဂန္ဓံ၊ ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။
အင်္ဂီရဿံ ပဿ ဝိရောစမာနံ၊ တပန္တမာဒိစ္စမိဝန္တလိက္ခေ-ဆိုတဲ့ ပါဠိဂါထာလေးကို
လေးလ ကျက်မှတ်တာတောင် အလွတ်မရနိုင်ပါဘူး။ ဘဝအကျိုးပေးပဲ ဆိုပါတော့။ ဒီလို
Óဏ်လေးတဲ့ ညီရဟန်းကို အစ်ကိုရဟန်းက သာသနာနဲ့မထိုက်တန်သူဆိုပြီး လူထွက်ခိုင်း
ပါတယ်။ ဒါပေမယ့် ညီငယ်ဟာ သာသနာတော်ကို မြတ်နိုးတဲ့စိတ် ရှိနေတော့ လူမထွက်ချင်ဘူး။
ဒီလိုနဲ့ တစ်နေ့တော့ ဆရာဇီဝက ကျောင်းတော်ကို ရောက်လာပြီး သံဃာငါးရာ ဆွမ်းစား
ပင့်တယ်။ အဲဒီအချိန်မှာ မဟာပန်ရဟန်းက ဆွမ်းညွှန်ရဟန်းအဖြစ် တာဝန်ယူနေတယ်။ ဒီတော့
Óဏ်လေးတဲ့ ညီငယ်ရဟန်းကို ဆွမ်းဘုဉ်းပေြး<ွကရမယ့် သံဃာစာရင်းကနေ ပယ်လိုက်တယ်။
ဒီတော့မှ ညီငယ်ဟာ သူ့ဘဝကို စိတ်ပျက်ပြီး လူဝတ်လဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် စူဠပန်ရဟန်းဟာ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်ကြောင့် လူဝတ်မလဲဖြစ်ခဲ့
ပါဘူး။ ဘုရားရှင်က အားငယ်နေတဲ့ စူဠပန်ရဟန်းကို အားပေး ချီးမြှောက်တော်မူပါတယ်။
ဘုရားရှင်ဟာ စူဠပန်ရဟန်းကို တန်ခိုးနဲ့ဖန်ဆင်းထားတဲ့ အဝတ်ပိုင်းသန့်သန့်တစ်ထည် ပေးပါ
တယ်။ အရှေ့အရပ်ကို မျက်နှာမူထိုင်ရင်း အဝတ်စကို လက်နဲ့ပွတ်ပြီး ''ရဇောဟရဏံ''
(မြူအညစ်အကြေး ကိုဆောင်တယ်)လို့ ရွတ်ဆိုပွားများဖို့လည်း ညွှန်ကြားတော်မူပါတယ်။
ဘုရားရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တဲ့ စူဠပန်ရဟန်းဟာ လက်နဲ့ပွတ်ဖန်များလို့
စင်ကြယ်တဲ့အဝတ်စ ညစ်နွမ်းသွားတာကို သတိထားမိလာတယ်။ စင်ကြယ်တဲ့အဝတ်စဟာ
ငါ့ခန္ဓာအတ္တဘောကြောင့် ညစ်နွမ်းသွားရပါလားလို့ ဆင်ခြင်မိပါတယ်။ သင်္ခါရတရားတွေဟာ
အနိစ္စပါလားလို့ နှလုံးသွင်း မိတယ်။ သင်္ခါရတရားတွေရဲ့ ကုန်ခမ်းပျက်စီးတတ်တဲ့ သဘာဝကို
အနိစ္စလက္ခဏာအဖြစ် ရှုမြင်သုံးသပ် ဝိပဿနာ ပွားလိုက်နိုင်တယ်။
ဒါ့ပြင် ခန္ဓာမှာမှီနေတဲ့ ရာဂစတဲ့ အညစ်အကြေးတွေကိုလည်း ပညာသတိနဲ့ကြည့်ပြီး
ပယ်ရှားပစ်ရမယ်လို့ ဘုရားရှင်ကပါ ဖြည့်စွက်ဟောကြား ပေးတော်မူလိုက်တော့
ဝိပဿနာÓဏ်စဉ်တွေ အဆင့်ဆင့်မြင့်တက်ပြီး ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်သွားပါတယ်။
အဲဒီအခါမှာတော့ အရင်က ထုံခဲ့ထိုင်းခဲ့တဲ့ အရှင်ဟာ ပိဋကသုံးပုံကိုပါ တပါတည်း
တတ်မြောက်သွားတော့တယ်။
(ဂ)
စူဠပန်ရဟန်းရဲ့ဘဝကိုကြည့်ရင် ဂါထာတိုလေးတစ်ပုဒ်ကို လေးလကျက်တာတောင်မှ
အလွတ်မရနိုင်တာ၊ ပရိယတ်ဘက်မှာ မအောင်မြင်ပေမယ့် ရဟန်းဘဝကို မစွန့်လွတ်ချင်တာ၊
လူဝတ်လဲမယ် လို့ စိတ်ဆုံးဖြတ်ပြီးခါမှ ဘုရားရှင်ကြောင့် လူဝတ်မလဲဖြစ်တာ၊ စင်ကြယ်တဲ့အဝတ်
ပိုင်းကို လက်နဲ့ပွတ်ရင်း အဝတ်စဖြူစင်ရာက ညစ်နွမ်းသွားတာကို ဆင်ခြင်ပြီး တရားထူး ရသွား
တာ၊ တရားထူးရတာနဲ့ လေးလံထိုင်းမှိုင်းမှုတွေပျောက်ပြီး ပိဋကတ်ကို ကျွမ်းကျင်သွားတာ
တွေဟာ အထင်ကရရှိလှတဲ့ အချက်တွေပါပဲ။ သူ့ရဲ့ထင်ရှားတဲ့ ဘဝမှတ်တမ်းပဲ ဆိုပါတော့။
ဒီလိုမျိုး မှတ်သားလောက်တဲ့ ဘဝအတွေ့အကြုံကို ဖန်တီးပေးတဲ့ အတိတ်အကြောင်းက
ဘယ်လိုလဲ¿
(ဃ)
စူဠပန်ရဟန်းဟာ ကဿပဘုရားရှင် လက်ထက်တော် အခါက သာသနာမှာ ရဟန်း
ပြုခဲ့ဖူးပါတယ်။ ကျမ်းဂန်တတ်ပြီး ပတ်ဝန်းကျင်က လေးစားလောက်တဲ့ရဟန်း၊ ပညာတတ်
ရဟန်းပါ။ အဲဒီရဟန်းတော်ဟာ Óဏ်လေးတဲ့ ရဟန်းတစ်ပါး အထစ်ထစ် အငေါ့ငေါ့နဲ့
စာပေကျက်မှတ် ရွတ်ဖတ် နေတာကို ပျက်ရယ် ပြောင်လှောင် မိခဲ့ပါတယ်။ Óဏ်လေးတဲ့
ရဟန်းလည်း လှောင်ပြောင်ခံရတော့ ရှက်စိတ်ဝင်ပြီး ရွတ်ဖတ် သရဇ္ဈာယ်တာတွေ ရပ်တန့်
သွားပါတော့တယ်။
(င)
ဒီနေရာမှာ ပညာတတ်ရဟန်းတော်တစ်ပါးအနေနဲ့ ကိုယ့်အောက်နိမ့်ကျတဲ့ အတူနေ
ရဟန်းကို ဖိနှိပ်လိုစိတ် မရှိနိုင်ပါဘူး။ နှိမ့်ချတာတွေ၊ ယှဉ်ပြိုင်တာတွေကို ဂုဏ်ရည်တူတူချင်း၊
ဒါမှမဟုတ် ဂုဏ်ရည်သိပ်မကွာသူချင်းသာ ပြုလေ့ရှိတာ မဟုတ်လား။ လူ့သဘာဝဟာလည်း
ကိုယ့်ထက်သာသူကို ဝမ်းမမြောက်နိုင်တောင်မှ ကိုယ့်အောက် နိမ့်ကျသူကိုတော့ သနားတတ်ကြ
ပါတယ်။ မုဒိတာထက် ကရုဏာဖြစ်လွယ်ပါတယ်။ ဒါမို့ ပညာတတ်ရဟန်းတော်ဟာ Óဏ်
လေးတဲ့ရဟန်းကို ပကတိ သဘောအားဖြင့် သနားမှာပါပဲ။ ဒါပေမယ့် အမှတ်တမဲ့ လှောင်ပြောင်
လိုက်တာဟာ ဓမ္မလမ်းကြောင်းပေါ် လျှောက်နေသူကို ခြေလှမ်းပျက် သွားစေခဲ့ပါတယ်။ ဒီလို
အမှတ်တမဲ့ကိစ္စလေးကြောင့်ပဲ စူဠပန်ရဟန်းဟာ နောက်ဆုံး ကျွတ်တမ်းဝင်မယ့်ဘဝမှာတောင်
Óဏ်လေးရပါတယ်။ သူရဲ့Óဏ်လေးမှုဟာ ဘဝမှာ မြင်သာတဲ့ အမဲစက်ကြီး ဖြစ်ခဲ့ရပါတယ်။
(စ)
နောက်ပြီး စူဠပန်ရဟန်းဟာ ဘဝတစ်ခုမှာ ဘုရင်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီဘဝမှာ ဘုရင်
မင်းမြတ်ဟာ တိုင်းခန်းလှည့်လည်ရင်း နဖူးကကျလာတဲ့ချွေးကို စင်ကြယ်တဲ့အဝတ်နဲ့ သုတ်ချ
လိုက်တယ်။ အမှတ်တမဲ့ ခဏလေးပါပဲ။ ချွေးစက်ကြောင့် အဝတ်စညစ်နွမ်းသွားတာကို သတိ
ထားမိ လိုက်တယ်။ သင်္ခါရတရားပေါ်မှာ အနိစ္စသညာ ထင်လိုက်တယ်။ ဒီလိုအမှတ်သညာ ဖြစ်ခဲ့
တဲ့အတွက် နောက်ဆုံးဘဝမှာလည်း ဖြူစင်တဲ့အဝတ်စ ညစ်နွမ်းသွားပုံကို အကြောင်းပြုပြီး
ရဟန္တာဖြစ်ရတာပါ။
(ဆ)
အဝတ်စ ညစ်နွမ်းသွားတာကို အနိစ္စသညာ ပြုခဲ့ဖူးတဲ့စူဠပန်ရဟန်းရဲ့ ပါရမီဓာတ်ခံကို
လှုံ့ဆော်ပေးတဲ့အနေနဲ့ အဝတ်စသန့်သန့် ဖန်ဆင်းပေးပြီး အကျွတ်တရားရအောင် စီစဉ်
ဆောင်ရွက် ပေးနိုင်တဲ့ ဘုရားရှင်ရဲ့ ရွှေÓဏ်တော်ဟာလည်း လေးစားကြည်ညိုစရာ ကောင်းလှ
ပါတယ်။ ဒီÓဏ် ရအောင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း အလေးအနက် ကြိုးစားခဲ့ရပါတယ်။
အမှတ်တမဲ့ ကိစ္စလေးတွေက အမှတ်တရ ဖြစ်စေတတ်သလို အလေးအနက် ဆောင်ရွက်မှုတွေ
ဟာလည်း ကြီးကျယ်ခမ်းနားမှုကို ဖြစ်စေနိုင်တယ်လို့ ပြောချင်တာပါ။
(ဇ)
စူဠပန်ရဟန်းရဲ့ ဘဝသုံးခုကို ပေါင်းစပ်ကြည့်ရင် ဘဝမှာ အမှတ်တမဲ့ ကြုံရတာလေးတွေ
ဟာ နောင်သံသရာမှာ ဘယ်လိုအမှတ်တရ ဖြစ်စေတယ်ဆိုတာ မြင်သာပါတယ်။ သူဟာ
အမှတ်တမဲ့ သရော်ခဲ့မိလို့ Óဏ်လေးရသလို အမှတ်တမဲ့ အနိစ္စသညာရခဲ့လို့ အရဟတ္တဖိုလ်
ပေါက်တဲ့အထိ အကျိုးရခဲ့ပါတယ်။ ကဿပဘုရားရှင်လက်ထက်မှာ ယုံကြည်ချက်နဲ့ ရဟန်း
ပြုခဲ့ပြီး လေးနက်တဲ့ ရဟန်းဘဝ အထုံပါခဲ့ဖူးတဲ့ အတွက်ကြောင့် စူဠပန်ရဟန်းဟာ ရဟန်းဘဝကို
နှစ်သက်မြတ်နိုးစွာ ဖက်တွယ်ထားပါတယ်။ အစ်ကိုရဟန်းက သာသနာတော်က နှင်ထုတ်တာကို
လွယ်လွယ်နဲ့ လက်မခံပါဘူး။ ဝဋ်ြေ<ွကးကို မပယ်နိုင်သလို ပါရမီ သမ္ဘာရဟာလည်း ဖျက်ဆီးပစ်လို့
မရကောင်းတဲ့ အရာမျိုးပါ။ ပါရမီရင့်ကျက်သူတွေဟာ ဘုရားရှင်နဲ့၊ ဘုရားရှင်ရဲ့ သာသနာတော်နဲ့
တွေ့ပြီး မုချ ကျွတ်တမ်းဝင်ရပါတယ်။ စူဠပန်ရဟန်းဟာ ကဿပဘုရားလက်ထက်က ရဟန်းဘဝ
နဲ့ စာပေသင်ယူခဲ့၊ တရားအားထုတ်ခဲ့တဲ့ ပါရမီကြောင့် ရဟန္တာဖြစ်တဲ့အခါမှာ ပဋိသမ္ဘိဒါ ရခဲ့ပါ
တယ်။ မသင်ရဘဲ စာတတ်ရပါတယ်။
(စ်)
စားစားသွားသွားနဲ့ ဘဝမှာ ပေါ့ပေါ့ဆဆ နေခဲ့မိရင် ခုချိန်ကစပြီး ကိုယ့်ဘဝကိုယ်
ပြန်ကြည့် သင့်ပါတယ်။ ဘယ်လို အမှတ်တမဲ့တွေ ကြုံခဲ့ဖူးသလဲ စဉ်းစားကြည့်သင့်ပါတယ်။
နောင် ကြုံလာမယ့် အမှတ်တမဲ့လေးတွေကို ဘယ်လိုရင်ဆိုင်မလဲ ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှ
သာ အမှတ် တမဲ့ကောင်းလေးတွေနဲ့တွေ့ပြီး အောင်မြင်ထင်ရှားတဲ့ ဘဝမော်ကွန်းကို အပီအပြင်
ရေးထိုးနိုင်ပါ လိမ့်မယ်။ လျှောက်လှမ်းနေတဲ့ ဘဝလမ်းမှာ နောက်ကိုလည်း ပြန်ငဲ့ကြည့်ပါ။
ရှေ့ကိုလည်း မျှော် ခေါ်ကြည့်ပါ။
တစ်ပါးသူတွေရဲ့ အဆီအငေါ်မတည့်တဲ့ ဘဝကို ဘယ်လို ဆက်ဆံခဲ့သလဲ၊
ဘယ်လို ဆက်ဆံမလဲ။
ပုဝါဖြူကို ချွေးစွန်းတဲ့အခါ ဘယ်လိုမြင်ခဲ့သလဲ၊
ဘယ်လိုမြင်မလဲ။
အမှတ်တမဲ့ ကောင်းလေးများ တွေ့ကြုံနိုင်ကြပါစေ။
ရှင်အာစာရ
ဖိတ်ခေါ်ချက်
ဗုဒ္ဓဓမ္မကို စိတ်ဝင်စားသူတိုင်း စိတ်ဝင်စားသော ဓမ္မအချက်အလက်ကို
စာတိုက်မှဖြစ်စေ၊ န-ာငေူ ဖြင့်ဖြစ်စေ
(အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ)
အောက်ပါ လိပ်စာသို့ ပေးပို့ပြီး
ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ကြပါရန်
လေးစားစွာ ဖိတ်ခေါ်ပါသည်
အရှင်အာစာရ

Thursday, January 27, 2011

ဧည့်သည်


ဧည့်သည်ခန်း … တဲ့။

ဆရာမ ဒေါ်တူးတူးမြင့်သိန်းက မည်သို့အဓိပ္ပါယ် ဖွင့်ဆို၍ နာမည်ပေးထားသည်မသိ။ ကျွန်တော့်ဘက်ကမူ ထိုဝေါဟာရ စကားလုံး သုံးခုတွဲ၏ နောက်ကွယ်၌ အဓိပ္ပါယ်တွေ အများကြီးရှိနေသည်ဟု ထင်မြင်မိပါသည်။ ပထမဦးစွာ လောကအ ကြောင်းအရာဘက်မှ၊ လောကီလူမှု ဆက်ဆံရေးနယ်ပယ်မှ ကြည့်ကြပါစို့။ ဧည့်သည်နှင့် အိမ်ရှင်။ အိမ်ရှင်ရှိ၍ ဧည့်သည် ရှိရသည်။ တစ်ဖန်ဧည့်သည်ရှိ၍ အိမ်ရှင်ဆိုတာလည်း သတ်မှတ်ထားရသည်။ ဧည့်သည်ဟူသည် အိမ်ရှင်တစ်ဦးပိုင် ဆိုင်သော နယ်မြေ၊ ၀င်းခြံ၊ အိမ်အတွင်းသို့ အိမ်ရှင်၏ခွင့်ပြုချက်ဖြင့်သာ ၀င်ရမည်။

ထို့အပြင် ဧည့်သည်ဘက်က ဧည့်သည် စည်းကမ်းတွေ လိုက်နာရမည်။ ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားရ။ အိမ်တွင်းကိစ္စတွေ ၀င်ရောက်မစွက်ဖက်ရ။ ယုတ်စွအဆုံးအိမ်ထဲဝင်၍ ကြည့်ရှုလိုပါလျှင် အိမ်ရှင်ကို ခွင့်တောင်းရမည်။ အိမ်ရှင်၏ ခွင့်ပြုချက် သို့မဟုတ် အိမ်ရှင် ကိုယ်တိုင် လိုက်လံပြသခြင်းဖြင့်သျာာအိမ်တွင်းကိစ္စအချို့တစ်ဝက်ကို သိခွင့်ရမည်။ ဒါတောင်မှ အိမ်ရှင်နှင့် နှစ်ပေါင်း အတော်ကြာ ရင်းနှီးခင်မင်ခွင့်ရပါမှ။ သို့မဟုတ်လျှင် ဧည့်သည်သည် အိမ်တစ်အိမ်၏ သတ်မှတ်ထားသော ဧည့်ခန်း သို့မဟုတ် ဧည့်သည်ခန်း၌သာ ထိုင်နေပေရော့။

အိမ်ရှင်က ဧည့်သည်ခန်း၌ ထိုင်နေသော ဧည့်သည်ကို ထွက်တွေ့မည်။ လာရင်းအကြောင်း ကိစ္စကို မေးမြန်းမည်။ လုပ်ငန်းကိစ္စတွေ ဆွေးနွေးမည်။ ၀တ္တရားကျေပွန်သော အိမ်ရှင်ဆိုပါက ဧည့်သည် သည် အိမ်ရှင်ဧည့်ခံကျွေးမွေးသမျှကိုလည်း ဧည့်သည်ခန်း အတွင်း၌ စားသောက်နိုင်သည်။ အိမ်ရှင့်ဘက် ကလည်း အိမ်ရှင့်စည်းကမ်းတွေ ရှိရမည်။ဧည့်သည်ကို ကောင်းမွန်စွာ ဧည့်ခံမည်၊ ချိုသာယဉ်ကျေးစွာ ဆက်ဆံမည်၊ တစ်ကြိမ်မျှ မထိတွေ့သေးသော ဧည့်စိမ်းဖြစ်နေလျှင် လာရင်းကိစ္စအကျိုးအကြောင်းကို စိတ်ပါဝင် စားစွာမေးမြန်းမည်။ မရှိဘူး၊ မသိဘူး၊ နောက်မှလာဟု ရေးကြီးသုတ်ပျာ နှင်ထုတ်ခြင်းမျိုး မရှိစေရ။ ယုတ်စွအဆုံး ဧည့်သည်ဘက်မှရော၊ အိမ်ရှင်ဘက်မှရော အပြန်အလှန် မေတ္တာတွေထား၊ မေတ္တာတွေ ပွားလေလျှင် အိမ်ရှင်နှင့်ဧည့်သည် ဆက်ဆံရေးနယ်ပယ်သည် ညီညွတ်လှပသော သင်္ကေတကလေးတစ်ခု ဖြစ်ထွန်းလာပေမည်။

ဤသည်မှာ လူမှုပတ်ဝန်းကျင်သို့ လှမ်းကြည့်ဖြစ်သော ဧည့်သည်နှင့်အိမ်ရှင်တို့၏ အနေ အထား။ တစ်နည်းအားဖြင့် ပုဂ္ဂိုလ်ရေးရာ၊ ပုဂ္ဂိုလ်တို့၏ကိစ္စ။ ဓမ္မဘက်မှ လှမ်းကြည့် သောအခါ သဘာဝတရားကြီးသည် အိမ်ရှင်ဖြစ်သည်။သုံးဆယ့်တစ်ဘုံသား သတ္တ၀ါ အနန္တတို့ကား ဧည့်သည်တွေ ဖြစ်သည်။ သုံးဆယ့်တစ်ဘုံ သားတို့တွင် လူသည် အသိဉာဏ်အရှိဆုံး၊ စွမ်းရည် အထက်မြက်ဆုံး ပုဂ္ဂိုလ်အဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ လူ့ဘ၀ကို အရင်းတည်၍သာလျှင် စကြ၀ဠာအနန္တ၏ အနှိုင်းမဲ့ပုဂ္ဂိုလ်ဖြစ်သော မြတ်ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်နိုင်သည်။ ဤသည့်အနှိုင်းအဆမှာ ကျယ်ပြန့်လွန်းလှသဖြင့် မြင်ကွင်းကို အနည်း ငယ်ချုံ့ကြည့်ချင်ပါသည်။


ကမ္ဘာမြေကြီးနှင့် လူသား။


ကမ္ဘာမြေကြီးကား အိမ်ရှင်၊ လူသားများကား ဧည့်သည်။လွန်ခဲ့သော နှစ်သန်းပေါင်းများ စွာကပင် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးသည် ရေ၊ မြေ၊လေ၊ မီး၊ ဓာတ်ကြီးလေးပါး ပေါင်းစပ်ဖွဲ့စည်းမှုဖြင့် စကြ၀ဠာအတွင်း၌ ဂြိုဟ်တစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ဤကမ္ဘာကို ဘုရားငါးဆူပွင့်မည့် ဘဒ္ဒကမ္ဘာဟု သဗ္ဗညုတဘုရားရှင်တို့က သဗ္ဗညုတ ဉာဏ်တော်စွမ်းအားဖြင့် ဖော်ထုတ်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမတည်းဟူသော ဘုရားရှင်လေးဆူတို့သည် ဤကမ္ဘာမြေကြီးပေါ်၌ ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြပြီး ဖြစ်သည်။

နောက်ထပ်ဘုရားတစ်ဆူပွင့်ရန် ကျန်ရှိနေသေးသည်။ အရိမေတ္တေယျမြတ်စွာဘုရား။ ကျွန်တော်တို့သည် လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀) ကျော်က ပွင့်ထွန်း ပေါ်ပေါက်ခဲ့သော ဂေါတမမြတ်စွာဘုရား၏ ဓမ္မအမွေအဖြစ် ချန်ထားရစ်ခဲ့သော ဓမ္မက္ခန္ဓာ(၈၄၀၀၀) မှတစ်ဆင့် သဘာဝဓမ္မများကို သိခွင့်ရနေသည်။ သည့်မတိုင်မီ ပွင့်တော်မူပြီးခဲ့သော ဘုရားသုံးဆူတို့နှင့် ပတ်သက်သမျှမှာမူ အလှမ်း ဝေးခဲ့ပြီ ဖြစ်သဖြင့် အသေးစိတ်သိခွင့် မရနိုင်တော့။

သာသာနာနှစ် (၅၀၀၀)ကုန်ဆုံး၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်လွန်လေလျှင် ဘာတွေဆက်ဖြစ်မည်ကို ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ထွက်စကားများအရ သိထား ရပြီးဖြစ်သဖြင့် နောင်နှစ်ပေါင်း (၂၅၀၀)ကျော်၏ အနာဂတ် အရေးသည် ...။ ထားတော့။ နောင်အရေးသည် နောင်ကာလတွင် အိမ်ရှင်ကမ္ဘာမြေကြီးပေါ်၌ ဖြစ်ပေါ်လာကြဦးမည့် ဧည့်သည် ပုဂ္ဂိုလ်အသီးသီး၏ အရေးကိစ္စ။ ကျွန်တော်တို့၏ အရေးကိစ္စကား ယခုပစ္စုပ္ပန်တည့်တည့်နှင့်သာ တိုက်ရိုက်တိုက်ဆိုင်နေခြင်းကိစ္စ။ ဤနေရာတွင် မွေးခွန်းတစ်ခု မေးလိုစိတ် ဖြစ်လာမိသည်။ ဘ၀သံသရာ ရေယဉ်ကြော၌ ခန္ဓာပုံစံ တစ်မျိုးပြီးတစ်မျိုးရယူ လျက်ပေါ် ချည်မြုပ်ချည်ဖြင့် တမျောတည်း မျောခဲ့ကြသော ဧည့်သည်ပုဂ္ဂိုလ် ကျွန်တော်တို့သည် အိမ်ရှင်ကမ္ဘာမြေကြီးအပေါ်၌ ဧည့်သည်ဝတ္တရားတွေ ကျေပွန်ခဲ့ကြပြီလော ...။

ဦးစွာ အိမ်ရှင်ကမ္ဘာမြေကြီးဘက်သို့ ကြည့်-ကြည့်မည်။ သူကား သဘာဝတရားသက်သက် ဖြစ်၍ သူ့ဘက်၌ ပြောစရာစကား ဘာဆိုဘာမျှမရှိ၊ ဘာသာစကားမရှိ၊ စကားလုံးမရှိ၊ နိုင်ငံမရှိ၊လူမျိုးမရှိ၊ အယူဝါဒမရှိ၊ သူကား အကောင်အထည်ဒြပ်အဖြစ် ကိုင်တွယ်၍ရသော ပထ၀ီ၊ လှုပ်ရှားရုန်းကန် ထောက်ကန်တတ်သော ၀ါယော၊ ယိုစီးဖွဲ့စည်းတတ်သောအာပေါ၊ ပူတတ်အေးတတ်သော တေဇောတို့ဖြင့် အဓိက ပေါင်းစပ်ဖွဲ့စည်းပေးထားခြင်းမျှသာ။ တနည်းအားဖြင့် မြေဓာတ်၊ လေဓာတ်၊ ရေဓာတ်၊ မီးဓာတ်စသော ဦးဆောင်ဓာတ်ကြီး လေးပါးတို့၏ အစုအဝေးမျှသာ။ သူတို့လေးခုအနက် တစ်ခုခုလွန်ကဲလျှင် ကမ္ဘာမြေကြီး၌ တစ်မျိုးမဟုတ် တစ်မျိုး ဖောက်ပြန်လာမည်။ လေဓာတ်လွန်ကဲလာလျှင် မုန်တိုင်းများ၊ ရေဓာတ်လွန်ကဲလာလျှင် လှိုင်းလုံးများ၊ မိုးသီးမိုးပေါက်များ၊ မီးဓာတ်လွန်ကဲလာလျှင် မီးတောင် ချော်ရည်များ စသည်ဖြင့် ဗဟိဒ္ဓရုပ်အစုအဖွဲ့တို့၏ ဖောက်ပြန်မှုပြယုဂ်တွေကို တွေ့ရ မည်။ ဒါကလည်း သူ့အလုပ် သူလုပ်နေခြင်းမျှသာ။ ထိုဓာတ်တို့၏ သဘာဝကား အာကာသထဲတွင် အရှိတရားအဖြစ် တည်ရှိနေသကဲ့သို့ ခန္ဓာရ ထားသော သံသရာသားကောင် (ကမ္ဘာမြေကြီး၏ဧည့်သည် ပုဂ္ဂိုလ်) တို့၏ ခန္ဓာအတွင်း၌လည်း သဘာဝတရားအဖြစ် ကိန်းဝပ်နေသည်။တစ်နည်းအားဖြင့် ခန္ဓာပိုင်ရှင် ဧည့်သည်ပုဂ္ဂိုလ်တို့သည်လည်း ဓာတ်ကြီး လေးပါးဦး ဆောင်၍ ဖွဲ့စည်းထားသော သဘာဝအစုအဖွဲ့မျှသာ ...။


သို့ဆိုလျှင် ဘယ်က ဘယ်လိုလုပ်၍ ငါ တွေ ရောက်လာရပါသနည်း။ မရှိကို အရှိလုပ်၍ အိမ်ရှင်ကမ္ဘာမြေကြီးကို ကျူးကျူး ကျော်ကျော် စော်စော်ကားကားလုပ်ကာ အဘယ့်ကြောင့် အစိတ်စိတ်ပိုင်းလုပ်နေကြပါသနည်း။ ဒါ ငါ့နေရာ၊ ဒါ ငါ့နယ် နိမိတ်၊ ဒါ ငါ့ရဲ့တံတိုင်းအကာအရံ၊ ဒါ ငါ့ရဲ့မြေ။ အိမ်ရှင်ကမ္ဘာမြေကြီးကား ဧည့်သည်စည်းနားမလည်သော ဧည့်သည် ပုဂ္ဂိုလ်တို့ကို မော့ကြည့် သက်ပြင်းချရုံမှတစ်ပါး ဘာမျှမတတ်နိုင်တော့ပြီ။


မရှိကို အရှိဟု ထင်မှားကာ ထိုအထင်မှားကိုပင် မျက်ကန်းတွေဖြစ်သဖြင့် မရှိ ငါ ကို အရှိ ငါ လုပ်ကာ အရာရာ၌ စွဲလမ်းတပ်မက် တွယ်တာ မက်မောလိုချင်ခြင်းတည်းဟူသော တဏှာ။ ဟော-မူလနှစ်ဖြာ အ၀ိဇ္ဇာ တဏှာ တို့ကား သံသရာသားကောင်တို့၏ ထာဝရမိတ်ဆွေအဖြစ် နေရာယူလျက်သံသရာစက်ဝိုင်းကို လည်ပတ် စေလေပြီ။ မိတ်ဆွေအဖြစ် အယောင်ဆောင် ချဉ်းကပ်လာသော တဏှာနှင့် အ၀ိဇ္ဇာကို နေရာပေးမိသောအခါ သံသရာသားကောင် တို့သည်ကား မြေကြီးပေါ် ရောက်လာလိုက် မြေကြီးထဲပြန်ရောက်သွားလိုက်နှင့် လုံးလည်ချာလည်ဖြစ်နေတော့သည်။ မြေကြီးပေါ် ရောက်လာသည့်အခိုက် ကိုယ်ရပ်တည် နေထိုင်အသက်ရှင်သန်ရာ ကမ္ဘာမြေကြီးအပေါ် ကောင်းကျိုးပြုသူ အရေအတွက်ကား တစ်နေ့တခြား နည်းပါးလာသည်။

တစ်နည်းအားဖြင့် ဧည့်သည်ခန်း အတွင်း၌ လာရောက်ထိုင်နားစဉ် ဧည့်သည်ဝတ္တရားကို မသိ။ ဧည့်သည်စည်းကမ်းကို နားမလည်၊ အိမ်ရှင်ခွင့်မပေးဘဲ အိမ်ထဲအတင်းဝင်သည်။ မီးဖိုချောင်ထဲ ၀င်ချင်ဝင်သည်။ ထမင်းနှိုက်စားချင်စားသည်။ အိမ်ထဲက ပစ္စည်းတွေကို အိမ်ရှင်ခွင့် ပြုချက်မရဘဲကိုင်သည်။ ကြိုက်လျှင်ယူသည်။ မကြိုက်လျှင် ဖျက်ဆီးသည်။ တစ်အိမ်လုံး မွမွခြေပစ်သည်။ တစ်အိမ်လုံး ကြေမွပျက်စီးသွားသောအခါ အိမ်ထဲမှ ပြန်ထွက်သွားသည်။ အိမ်ရှင်ကား ဘာမျှမပြောနိုင်ဘဲ ကျန်ရစ်ခဲ့သည်။ သည်လိုဧည့်သည်မျိုးတွေများ လာသောအခါ အိမ်ရှင်ကမ္ဘာမြေကြီးသည် ချိုင့်ခွက် အပေါက်ရာဗရပွနှင့် ထုံးဂေါ်လီ လေးတစ်လုံးလို ဖြစ်သွားတော့သည်။ သည်လိုပုံစံနှင့် ဆိုလျှင် ပွင့်ရန်ကျန်ရှိနေသေးသော အရိမေတ္တေယျဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်ပြီးပါက ဘုရားငါးဆူ ပွင့်ထွန်းပေါ် ပေါက်ခဲ့ဖူးသည်ဟူသော ဤဘဒ္ဒကမ္ဘာကြီးသည် စကြ၀ဠာကြီးအတွင်းမှ အပြီးတိုင် ပျောက်ကွယ်သွားမည့် အလားအလာမှာ သေချာနေတော့သည်။ သဗ္ဗညုတဘုရားရှင်တို့၏ နှုတ်ထွက်စကား ဟောတရားများ ဖြစ်သဖြင့်လည်း မည်သည့်အခါမျှ ယွင်းမှားတိမ်းချော်ခြင်း မရှိနိုင်ပေ။

ကျွန်တော်တို့ ကျူးလွန်ခဲ့သမျှ ပြစ်မှုတို့ကို ပြန်ကြည့်ကြဦးစို့။ကျွန်တော်တို့ ကိုယ်ခန္ဓာ အသီးသီးမှထွက်သော အညစ်အကြေးမှန်သမျှကို ဤမြေကြီးပေါ်မှာ စွန့်ပစ်သည်။ ကမ္ဘာမြေကြီးကား ဘာမျှမပြော။ တံတွေး၊ နှပ်၊ မစင်၊ ဆီး၊ နောက်ဆုံး အလောင်းကောင်၊ အပုပ် ကောင်စသည်ဖြင့် စွန့်ပစ်သမျှအားလုံးကို ကမ္ဘာမြေကြီးက လက်ခံခဲ့သည်သာ။ လူသားအချင်းချင်း သေကြေပျက်စီးစေနိုင်မည့် ရေမြုပ်ဗုံး၊အဏုမြူဗုံး စသည်တို့ကို လူနေနည်းပါးရာ ဒေသများ၌ စမ်းသပ်ဖောက်ခွဲကြသည်။ ကမ္ဘာမြေကြီးကား ဘာမျှမပြော။ သူ့အိမ်၊ ကိုယ့်အိမ်၊ သူ့ခြံ၊ ကိုယ့်ခြံမှသည် သူ့အုပ်စု၊ သူ့အဖွဲ့အစည်းဖြင့် ကမ္ဘာမြေကြီးကို ကိုယ်ပိုင်ပစ္စည်းသဖွယ် အသုံးချ၍ အချင်းများရန်ဖြစ် စကားများနေ သမျှတို့ကိုလည်း ကမ္ဘာမြေကြီးကား ဘာမျှမပြော။


ကမ္ဘာမြေကြီးဘက်မှ အိမ်ရှင်ဝတ္တရားကျေပွန်သလောက် ကျွန်တော်တို့ကား ကမ္ဘာမြေကြီးပေါ်၌ မထီမဲ့မြင်ပြုနိုင်လွန်း လှသည်။ ကျွန်တော်တို့သည် ဧည့်သည်ဝတ္တရားကို ကျူးလွန်ဖောက်ဖျက် အိမ်ရှင်ကမ္ဘာမြေကြီးအပေါ် ရက်စက်နိုင်လွန်း လှသည်။ ကျွန်တော်တို့သည် ဧည့်သည်အချင်းချင်း ဧည့်သည်ခန်း အတွင်း ခေတ္တခဏ ရောက်လာခိုက် အရှက် အကြောက်ကင်းမဲ့စွာ ရန်ဖြစ်နေသည်နှင့် တူလှသည်။ သူများအိမ်ထဲအားမနာ လျှာမကျိုး ထိုးထိုးထောင်ထောင် ပြုမူသူ တွေနှင့် တူလှသည်။ ဧည့်သည်ဟူသည့် အဓိပ္ပါယ်ကိုက ခေတ္တခဏသာ လာရောက်နားနေခွင့်ရသည်ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ ဤသည်ကို နားမလည်။ ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားရဆိုသော သဘာဝစည်းကမ်းကို ကျွန်တော်တို့ မလိုက်နာ။ ဧည့်သည်အချင်းချင်းကိုလည်း သူလည်း ဧည့်သည်၊ ကိုယ်လည်း ဧည့်သည်ပါလားဟု မမြင်။ အိမ်ရှင်ကို အားနာရမှန်း၊ အိမ်ရှင်အပေါ် အလိုက်သိတတ်ဖို့လိုမှန်း ကျွန်တော်တို့ မဆင်ခြင်၊ ဧည့်သည် ခန်းအတွင်း၌ ဧည့်သည်အချင်းချင်း ဖြစ်နေသောရန်ပွဲသည် အိမ်ရှင်ကို မည်မျှအထိ ဂုဏ်သိက္ခာကျဆင်းစေသည်ကိုလည်း ထည့်မတွက်။

ကျွန်တော်တို့သည် ဧည့်သည်ခန်းအတွင်း၌ ဧည့်သည်ကောင်း တစ်ယောက်လို နေတတ်ထိုင်တတ်ဖို့ အများကြီး ကြိုးစားအားထုတ်ရဦးမည်။သဘာဝတရားကြီးထဲမှ သင်ယူစရာရှိသည်များကို အများကြီးသင်ယူရ ဦးမည်။ မိတ်ဆွေ ယောင်ဆောင်၍ အနားကပ် နှိပ်စက်နေသော အ၀ိဇ္ဇာနှင့် တဏှာကို အမြစ်ပြုတ်အောင် ဉာဏ်စွမ်းဖြင့် ဖယ်ရှား ဆွဲနုတ်ရဦးမည်။ လုပ်စရာတွေ အများကြီးရှိနေသည်။ ယူတတ်လျှင် တာဝန်တွေချည်း ဖြစ်သည်။ ကိုယ့်ကိုယ်ကို တာဝန်ယူ တတ်ဖို့ လိုသလို အိမ်ရှင်ကမ္ဘာ မြေကြီး လှပသာယာဖို့ အများကြီးတာဝန်ယူ စွမ်းဆောင်ရဦးမည်။ ကမ္ဘာမြေကြီးအတွက် တာဝန်ယူခြင်း၊ ဧည့်သည်အချင်းချင်း ကိုယ်ချင်းစာ နားလည်ခြင်းဖြင့် ကမ္ဘာမြေကြီးကို ကျေးဇူးပြန်ဆပ်ရဦးမည်။

တစ်ချိန်က ရယူလိုခြင်းတည်းဟူသော တစ်ဖက်သတ်သဘောထားများဖြင့် ကမ္ဘာမြေကြီး အပေါ်၌ အကြွေးတင်ခဲ့သော ကျွန်တော်တို့သည် ကမ္ဘာမြေကြီး ငြိမ်းချမ်းသာယာ ရေးအတွက် ကျွန်တော်တို့၏ ပြုစုစောင့်ရှောက်ထိန်းသိမ်း ဆောင်ရွက်ကူညီလိုသော ပေးဆပ်ခြင်း စိတ်အသစ်များဖြင့် ပြန်၍ကျေးဇူးဆပ်ရပေဦးမည်။ သဗ္ဗညုတဗုဒ္ဓမြတ်စွာဘုရားတို့၏ သဘာဝဓမ္မ အဆုံးအမ များအားခန္ဓာဉာဏ်ရောက် လေ့လာမှတ်သား၊ သင်ကြားနာယူ၊ ဆည်းပူးအားထုတ်ခဲ့ခြင်း အကြောင်းကြောင့်ပင်လျှင် ကျွန်တော့်တွင် ကြီးစွာသောအကျိုး ကျေးဇူးရခဲ့ပေပြီ။

၎င်းမှာသည်ဘ၀၊ သည်ခန္ဓာဖြင့် သည်တစ်ခေါက် ဧည့်သည် ခန်းအတွင်းသို့ လူသားတစ်ဦး အဖြစ် ရောက်ခဲ့ရသည့် ကျွန်တော်သည် အိမ်ရှင်ဖြစ်သူ ကမ္ဘာမြေကြီးအတွက်လာခြင်း ကောင်းသောဧည့်သည် တစ်ဦးအဖြစ် ကြိုးစားနေထိုင်လိုစိတ်များ ဖြစ်ပေါ်လာ ခြင်းတည်းဟူသော အကျိုးတရားများ ရရှိလာခဲ့ခြင်း ဖြစ်ပါတော့သည်။


၁၄-၁-၂၀၀၂

(ဆရာမြသန်းစံ၏ ဧည့်သည်ခန်းရောက် ဧည့်သည်တစ်ဦးဆိုသည်ကို ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါသည်။)

Wednesday, January 26, 2011

အတွေးအခေါ်နှင့် အတွေ့အကြုံ

တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းတူဖို့လည်းမလွယ်၊ တူတယ်ဆိုတာမျိုးကလည်း အလွန်ရှားပါတယ်။ စိတ်ချင်းတူဖို့ ဆိုတာက ပိုပြီးတော့မလွယ်ဘူး။ မဖြစ်နိုင်ကြပါဘူး။ လူတူမရှားနာမည့်တူမရှား ဆိုတာကလည်း ခေတ်အ ဆက်ဆက်ကို ပြောတာပါပဲ။ အားလုံးမတူနိုင်ပါဘူး။ နာမည်ဆိုရင်လည်း အခေါ်အဝေါ်အသုံးအနှုန်းသာ တူရင်တူမယ်။ စိတ်ချင်းတော့ ဘယ်လိုမှမတူနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တူဖို့နေနေသာသာ ကိုယ်တစ်ယောက်တည်းကိုပဲ တစ်စိတ်နဲ့တစ်စိတ်မတူပါပဲ။ တစ်ရက်နဲ့တစ်ရက် မတူပါဘူး။ တစ်ချိန်နဲ့ တစ်ချိန်မတူပါဘူး။ အမြဲပြောင်းလဲနေတာပါပဲ။စိတ်ကတော့ ခုတစ်မျိုး ခုတစ်မျိုး ပြောင်းနေတာပါပဲ။ လူပြောင်းတာက မသိသာပေမယ့် ပြောင်းလဲတာကတော့ အမှန်ပါပဲ။
စိတ်ပြောင်းတာကတော့ မကောင်းတာကနေ ကောင်းတာကို ပြောင်းနိုင်တယ်။ ကောင်းတာကနေ မကောင်းတာကို ပြောင်း နိုင်တယ်။ မကောင်းတာတွေလည်း ဆက်ကာဆက်ကာ ပြောင်းနေနိုင်တယ်။ ကောင်းတာတွေချည်းပဲလည်း ဆက်ကာ ဆက်ကာ ပြောင်းနေနိုင်တာပဲ။ ဒါ သဘာဝဓမ္မ သဘောတရားအမှန်ပါပဲ။ တစ်ချို့ ဒီပြောင်းလဲမှုသဘောတရားကို သဘော မပေါက်ကြဘူး။ နားမလည်ကြဘူး။ မသိကြဘူး။ တစ်ချို့ကတော့ ဒီပြောင်းလဲမှု သဘောတရားကို သိရှိနားလည်သဘော ပေါက်ကြတယ်။ ဒါပေမယ့် ပေလယျကန် မသိကျိုးကျွန်ပြုနေကြတယ်။ ကောင်းနေတဲ့ စိတ်ဓာတ်ကို ကောင်းသထက် ကောင်းအောင်၊ ဒါမှမဟုတ် မကောင်းတဲ့ဘက်ကို မြားဦးလှည့်မသွားအောင် အသိရှိရှိ သတိရှိရှိနဲ့ ကြိုးစားနေကြတဲ့ တချို့ တချို့တွေလည်း ရှိနေကြပါသေးတယ်။

အခုလိုပြောပေးရတာက ဒီပြောင်းလဲမှုသဘောတရား ရှိတယ်ဆိုတာကို မသိတဲ့သူတွေသိဖို့၊ လက်ခံလာဖို့၊ မသိကျိုးကျွန် ပြုနေသူတွေကို သတိပေးဖို့၊ သိရှိနားလည် သဘောပေါက်ပြီးသူတွေကို ဆက်လက်ကြိုးစားအားပေးချင်လို့လို့ ထင်ကြပါ လိမ့်မယ်။ မဟုတ်ပါဘူး။ သူသိသလို ကိုယ်မသိတာတွေလည်း ရှိနေသလို၊ ကိုယ်သိသလို သူမသိတာတွေလည်း ရှိနေလေ တော့ ကိုယ်သိသလောက်၊ သိနိုင်သလောက်ကိုယ်သိပြီး၊ သူကလည်း သူသိသလောက်၊ သူသိနိုင်သလောက် သူလည်းသိ မှာပါပဲ။ ဒါကလည်း သဘာဝပါ။ အရွယ် ချင်းမတူရင် အသိချင်းမတူဘူးလေ။ အရွယ်မတူတော့ ပတ်ဝန်းကျင်လည်း မတူ ဘူး။ အသိတရားဆိုတာ အသက်အရွယ်နဲ့လည်းဆိုင်တယ်၊ ပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ်။ တစ်ခြားအကြောင်းအရာတွေ အများကြီးနဲ့လည်း ဆိုင်ပါတယ်။ ဒီသဘောကိုတော့ မိဘတွေဘက်က အများကြီးနားလည်းစေချင်ပါတယ်။

မိဘတွေဆိုတာ သားသမီးတွေကို ကိုယ့်လိုဖြစ်စေချင်တယ်။ ကိုယ်အဆင်ပြေနေရင်ပေါ့လေ။ ဒါမှမဟုတ် ကိုယ့်ထက်သာ စေချင်တယ်။ ဒါကမိဘတိုင်းရဲ့စေတနာလို့ ပြောရမှာပေါ့။ဒါပေမယ့် တစ်ချို့မိဘတွေက အရွယ်ချင်းမတူ၊ အရွယ်မရောက် သေးတာကိုမေ့ပြီး၊ မွေးကင်းစနီတာရဲလေးကို လမ်းထလျှောက်စေချင်နေတတ်တယ်။လမ်းလျှောက်တတ်ခါစကလေးကို အထုပ်ထမ်းခိုင်းချင်နေကြတယ်။ အရွယ်ကိုထည်ပြီး စဉ်းစားနေမှုတွေ အားနည်းနေသေးလို့ပါပဲ။ မိဘတွေရဲ့အားနည်းချက် တွေကြောင့် မိဘရဲ့စေတနာ၊ မိဘရဲ့မေတ္တာကို နားမလည်တတ်သေးတဲ့ သားသမီးတွေအတွက်ကတော့ မိဘစကားကို လက်မခံနိုင်တဲ့ အဆင့်ကိုရောက်ကုန်တာပေါ့။ မိဘစကား၊ မိဘရဲ့ညွှန်ပြချက်၊ မိဘရဲ့အပြုအမှုတွေကို အရွဲ့တိုက်ချင်တာ တွေ ပေါက်ဖွားလာကြာတော့တာပေါ့။

ဒါတွေကို မိဘတွေကကြိုတင်သိထားရင် အလွဲစေတနာ၊ အချိန်မတန်သေးတဲ့ မေတ္တာမျိုးတွေ မဖြစ်နိုင်တော့သလို၊ အရွဲ့တိုက်တဲ့ သားသမီးဆိုတာမျိုးလည်း ဘယ်တော့မှ မပေါ်ပေါက်လာနိုင်ပါဘူး။ သားသမီးတွေကလည်း ကိုယ့်ရဲ့နား လည်မှုရှိသလောက် အသိဉာဏ်နဲ့ မိဘတွေရဲ့ လွဲနေတဲ့စေတနာကို အချိန်မတန်သေးပေမဲ့ ပေါ်ထွက်လာမြဲဖြစ်တဲ့ မေတ္တာ ဓာတ်တွေကို နားလည်မှုပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

အသက်( ၂၀ ) အရွယ်ရောက်ခဲ့ရင် မြေမှုန့်တွေထဲမှာ အိုးပုတ်ချိုးရုပ်တွေနဲ့ မကစားတော့တာဟာ အရွယ်ပြောင်းလာလို့ အသိပြောင်းလာတဲ့ နိယာမသဘောတရားပါပဲ။ အသက်(၄၀) (၅၀) အရွယ်ရောက်ရင် အသက်(၂၀) အရွယ်ကလို မပြော တော့တာ မလုပ်တော့တာ၊ မတွေးတော့တာတွေဟာလည်း အရွယ်ပြောင်းလို့ အသိပြောင်းလာတဲ့သဘောတွေပါပဲ။ ဒါပေမယ့် တစ်ချို့ဆိုရင် အသက်(၈၀) သာရှိနေပြီ လူငယ်လေးတွေလိုပဲနေချင်ပြီး၊ ကလေးစိတ်မကုန်သေးတာတွေ့ရတော့ အသိဉာဏ်မရင့်ကျက်သေး၊ မဖွံ့ဖြိုးသေးတဲ့ အားနည်းချက်ကို စိတ်မကောင်းဖြစ်မိတာပေါ့။ ဒါလည်း သူ့အသိနဲ့ သူပေါ့လေ။

တစ်ချို့ဆိုရင် လူအရွယ်ငယ်သေးပေမယ့် အသိဉာဏ်အရွယ်မငယ်တော့ဘဲ ရင့်ကျက်နေတာတွေကို တွေ့တတ်သေး တယ်။ ရှားပါးပစ္စည်းလို့ပဲပြောရမလား။ တန်ဖိုးအလွန်ကြီးမားပါတယ်။ အဲ့ဒိလိုသားသမီးတွေရဲ့ မိဘမျိုးဖြစ်ရတာ ဘယ် လောက်များစိတ်ချမ်းသာလိုက်မလဲ၊ ဆွေမျိုးအသိုင်းအ၀ိုင်းပရိတ်သတ် ဘယ်လောက်များ ၀မ်းသာလိုက်မလဲ။ ဟုတ်တယ် လေ ... အဲ့ဒိရှားပါးပစ္စည်းသဖွယ် သားတွေသမီးတွေ ဖြစ်လာဖို့ကိုလည်း ရွယ်ပြောင်းလဲလိုက်တဲ့ လူအရွယ်ထက် စိတ် ကောင်းပြောင်းလာနိုင်ဖို့၊ အသိဉာဏ်အရွယ်ရင့်သန်စေဖို့၊ စိတ်ပြောင်းရမယ်ဆိုတဲ့အသိကရှိဖို့က အရေးကြီးတာကိုး။ ဒီအ ရွယ်ရောက်မှ ဒီအသိရတယ်ဆိုတာထက်၊ ဒီအရွယ်မရောက်ခင်ကတည်းများ အဲ့ဒိအသိမျိုးတွေ ရှိထားရင် ဘယ်လောက် ကောင်းလိုက်မလဲ။

အမြင်လည်းရှင်း၊ စိတ်လည်းရှင်း၊ နှလုံးသွင်းမှန်ပါစေ။

ဓမ္မဒူတ အရှင်ဆေကိန္ဒ

ဓမ္မဒါန စိရံတိဋ္ဌတုသဒ္ဓမ္မော သဒ္ဓမ္မော- မွေးသေလွတ်သော သူတော်ကောင်းတရားသည်၊ စိရံ-ကြာမြင့်စွာသောကာလပတ် လုံး၊ တိဋ္ဌတု- တည်ပါစေသတည်း။

Tuesday, January 25, 2011

ကိုးကွယ်ခြင်းနှင့် အားကိုးခြင်းကိစ္စ


ကိုးကွယ်ခြင်းနှင့် အားကိုးခြင်းကိစ္စ
မေး။ ။ စာရေးသူ သိလိုသော ပြဿနာမှာ-
(က) မိမိကိုယ်သာ ကိုးကွယ်ရာ
(ခ) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ ကိုးရာဟူသောစကားနှစ်ရပ် ဖြစ်ပါသည်။
အထက်ပါစကားနှစ်ရပ်၌ (က)အရ `အားကိုး´၊ (ခ) အရ `ကိုးကွယ်´ ဟူ၍ သုံးနှုန်းမှသာ သင့်တော်ဖွယ်ရာ ရှိမည်ထင်ပါသည်။ ငယ်စဉ်အခါက ကွယ်လွန်သူ အဆိုတော်ကြီးတစ်ဦး၏ `မိမိကိုယ်သာ ကိုးကွယ်ရာ´ ဟူသော သီချင်းစာသားလည်း နားယဉ်ခဲ့ပြီး ဖြစ်ပါသည်။ ဆရာတော်ကြီး တစ်ပါး၏ `အတ္တဒီပါ အတ္တသရဏာ= မိမိကိုယ်ကို ဆီမီးတိုင်ကဲ့သို့ ထွန်းညှိပါ၊ မိမိကိုယ်ကို ကိုးကွယ်ပါ´ဟူသော စာသားလည်း မှတ်သားရဖူးပြီး ဖြစ်ပါသည်။ အခြားအခြားသော ဘာသာရေး စာမျက်နှာတို့၌ `ကိုးကွယ်ခြင်း၊ အားကိုးခြင်း၊ အားထားခြင်း၊ လဲလျောင်းခြင်း၊ အသိအမှတ်ပြုခြင်း´ ဟူသော စကားလုံးများမှာ အဓိပ္ပါယ်ရေားထွေးမှု ရှိနိုင်ပါသည်။
သို့ပါ၍ နှောင်းလူများ ရှင်းလင်းစွာ နားလည်ကြစေရန် အလို့ငှါ အားကိုးခြင်းနှင့် ကိုးကွယ်ခြင်းတို့၏ သဒ္ဒါအနက်ကိုလည်းကောင်း၊ အဓိပ္ပါယ်အနက်ကိုလည်းကောင်း၊ မည်သို့ လက်တွေ့ကျင့်သုံးအပ် သည်ကိုလည်းကောင်း ကွဲပြားသိသာစွာ ဖြေကြားပေးကြပါရန် ပညာရှင်များအား တောင်းပန်အပ်ပါသည်။
သုတဂဝေသီတစ်ဦး
မြိုင်ကလေး။ ဘားအံမြို့။

ဖြေ။ ။ မိမိကိုယ်သာကိုးကွယ်ရာ-ဟူသော စကားရပ်၏ မူရင်းပါဠိမှာ အများသိကြသည့်အတိုင်း `အတ္တာ ဟိ အတ္တနော နာထော´ ဟု ဖြစ်၏။ ထိုပါဠိသည် ဓမ္မပဒပါဠိတော်တွင် နှစ်နေရာပါ၏။
အဋ္ဌကထာတွင် `နာထောတိ ပတိဋ္ဌာ´ဟု ဖွင့်ပါ၏။ ထိုအဖွင့်အလို နာထော=ထောက်တည်ရာတည်း-ဟု အနက်မြန်မာ ပြန်ရမည်ဖြစ်ပါသည်။ နောက်တနေရာတွင် `နာထောတိ အ၀ဿယော ပတိဋ္ဌာ´ ဟု ဖွင့်ပြန်၏။ ယင်းအလိုအရ မှီရာတည်ရာ- ဟု ပြန်ဆိုရမည်ဖြစ်၏။ ယင်းပါဠိတော်မြန်မာပြန်တွင် --
အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ။
(ဓမ္မပဒ၊ ဂါထာ-160)
မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း-ဟု ဘာသာပြန်ထား၏။
ဂါထာနံပါတ် (380) တွင်ကား (ကိုးစားရာအစား) ကိုးကွယ်ရာဟု ဘာသာပြန်ထားသည်ကို တွေ့ရပြန်၏။
`အရှင်ဂေါတမ၊ အကျွန်ုပ်သည် အရှင်ဂေါတမကို ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်း ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော်ကိုလည်း ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ အရှင်ဂေါတမသည် အကျွန်ုပ်ကို `ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာ´ဟု မှတ်တော်မူပါ။ (ဒီ၊ မြန်၊ 1။150) (အလားတူနေရာ မြောက်မြားစွာတို့၌ လည်း ဤနည်းအတိုင်းချည်းသာ)
`ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အရံတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။
ဤတော၊ တောင်၊ အရံ အထိကရ သစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်။ မြတ်သော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။
အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်း မှန် သမုဒယသစ္စာ၊ ဆင်းရဲလွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအမှန် (အင်္ဂါရှစ်ပါးရှိသော မြတ်သော) မဂ္ဂသစ္စာ ဟူသော အရိယသစ္စာ လေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။
ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ မြတ်သော ကိုးကွယ် ဆည်းကပ်ခြင်း မည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။ (ဓမ္မပဒ၊ ဂါထာ၊ 188 မှ 192)
အထက်ပါ ပါဠိတော်မြန်မာပြန်တို့တွင် ပါရှိသော ကိုးကွယ်ရာ ဟူသော စကားရပ်တို့သည် သရဏံ - ဟူသော ပုဒ်၏ ဘာသာပြန်များ ဖြစ်၏။
အခြားသော `နာထော´ ဟူသောပုဒ် ၊ သရဏံ- ဟူသော ပုဒ်များ ပါရှိသော ပါဠိတော်များအား ဆရာများ မည်ကဲ့သို့ ဘာသာပြန်ထားသည်ကို ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော် မြန်မာပြန်များမှ ရှာဖွေပြပါဦးမည်။
ပတိဋ္ဌာ ၀ုယှတေ သြဃေ ၊
မြတ်စွာဘုရား ၊ အရှင်ဘုရားသည် သြဃလေးဖြာ၌ မျောပါကုန်သော သတ္တ၀ါတို့၏ ထောက်တည်ရာ ဖြစ်တော်မူပါပေ၏။
တွဥှိ နာထော အဗန္ဓုနံ။
အရှင်ဘုရားသည်သာလျှင် အဆွေမရှိသော သတ္တ၀ါတို့၏ အားကိုးရာ ဖြစ်တော်မူပါပေ၏။
ဘယဋ္ဋိတာနံ သရဏံ၊
ဘေးဖြင့် နှိပ်စက်ခံရသော သတ္တ၀ါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏။
မုတ္တိတ္ထီနံ ပရာယဏံ ၊
လွတ်မြောက်ရေးကို အလိုရှိကုန်သော သတ္တ၀ါတို့၏ လဲလျောင်းရာ ဖြစ်တော်မူပါပေ၏။
(သဗ္ဗကိတ္တိကတ္ထေရအပါဒါန်၊ ဂါထာ-314)
အနာထာနံ ဘ၀ံ နာထော၊
အရှင်ဘုရားသည် ကိုးကွယ်ရာမဲ့သူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏။
ဘီတာနံ အဘယပ္ပဒေါ=ဘေးမှကြောက်နေသူတို့အား ဘေးမဲ့ကို ပေးတော်မူပါ၏။
ဝိဿာမဘူမိ သန္တာနံ = ပင်ပန်းသူတို့၏ အပန်းဖြေရာ ဖြစ်တော် မူပါပေ၏။
သရဏံ သရဏေသိနံ = ကိုးကွယ်ရာကို ရှာဖွေသူတို့၏ ကိုး ကွယ်ရာ ဖြစ်တော်မူပါ၏။
( ၀ဂီင်္ီသတ္ထေရအပဒါန်၊ ဂါထာ-111)
တုဝံ နာထော မဟာဝီရ = ကြီးသောလုံလရှိတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် (ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာပါတည်း။
သရဏံ ဟောဟိ စက္ခုမ = ပညာစက္ခုရှိတော်မူသော မြတ်စွာဘု ရား၊ ( ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာ ဖြစ်တော်မူပါ။ ( ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာ ဖြစ်တော်မူပါ။ ( ဗုဒ္ဓ၀ံသ၊ပဒုမုတ္တရဗုဒ္ဓ၀င်၊ ဂါထာ-16)
အထက်ပါ မြန်မာပြန်များကို လေ့လာကြည့်လျှင် ´နာထော`နှင့်
´သရဏံ`ဟူသော ပုဒ်နှစ်ပုဒ်လုံးကို ကိုးကွယ်ရာဟုသာ ပညာရှင်တို့ ဘာသာပြန်ထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ဘာသာဋီကာ ဆရာတော်ကမူ= အတ္ထ သရဏာ= မိမိဟူသော အားကိုးရာ ရှိကုန်သည်၊ (မိမိကိုသာ အားကိုးကုန်သည်) အနညသရ ဏာ-မိမိမှတစ်ပါး အခြားသူဟူသော အားကိုးရာ မရှိကုန်သည်၊ (မိမိမှ တစ်ပါး အခြားသူကို အားမကိုးကုန်သည်)စသည်ဖြင့် သရဏ ပုဒ်ကို အများပြန်သလို ကိုးကွယ်ရာဟု မပြန်ဆိုဘဲ အားကိုးရာဟုပြန်ဆိုတော် မူ၏။ ဤသို့လျှင် နာထပုဒ်ကိုရော သရဏပုဒ်ကိုပါ အားကိုးရာဟုလည်း ကောင်း၊ ကိုးကွယ်ရာဟု လည်းကောင်း၊ ပညာရှင်များ လက်သင့်သလို ပြန်ဆိုရေးသားကြသည်ကို ထောက်၍ အားကိုးရာနှင့် ကိုးကွယ်ရာဟူ သော စကားနှစ်ရပ်မှာ အနက်အဓိပ္ပယ်အားဖြင့် များစွာမခြားနားဟူ၍ ပင် မှတ်ရမည်ဖြစ်၏။
လယ်တီဆရာတော် ဖွင့်ဆိုတော်မူအပ်သော ကိုးကွယ်ခြင်း အဓိပ္ပါယ်ကို မဂ္ဂင်္ဂဒီပနီမှ ထုတ်ပြပါဦးမည်။
`သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ` ဟူသောပါဌ်၌ ကိုးကွယ်မှု့ဆို သည်ကား အားကိုးအားထားပြုမှု့၊ ဒုက္ခဘေးတို့မှ ကွယ်ကာပုန်းအောင်း ရာပြုမှု့ကို ဆိုလိုသည်။ လောက၌ အသက်ရှည်ခြင်းကို အလိုရှိကြကုန် သော လူတို့သည် ထမင်းရေစာကို အားကိုးအားထား ပြုကြရကုန်၏။ ထမင်းရေစာသည် လူတို့ ငတ်မွတ်ခြင်းဘေးကို ကွယ်ကာနိုင်၏။ ငတ် မွတ်ခြင်းဘေးကို မတွေ့လိုသောလူတို့သည် ထမင်းရေစာကို လက်ရှိပြု ကြရကုန်၏။ ထမင်းရေစာ ပြည့်စုံစွာရှိသောသူတို့၌ ငတ်မွတ်ခြင်းဘေး မလာနိုင်။ ထို့ကြောင့် သတ္တ၀ါတို့သည် ငတ်မွတ်ခြင်းဘေးအတွက် ထမင်းရေစာကို ကိုးကွယ်ကြရကုန်၏။ ထို့အတူ အနာရောဂါအတွက် ဆေးဝါးကို ကိုးကွယ်ကြရကုန်၏။ ဆေးဆရာကို ကိုးကွယ်ကြရကုန်၏။ ရန်သူအတွက် လက်နက်ကို ကိုးကွယ်ကြရကုန်၏။ ဤနည်းအတူ လောက၌ ကိုးကွယ်ရာ ခပ်သိမ်းတို့ကို အကုန်မျှော်လေ။
ကိုးကွယ်မှု့ဆိုသည်ကား ရှိခိုးပူဇော်မှု့ကိုသာ ဆိုသည်မဟုတ်၊ အားကိုးအားထားပြုမှု့၊ ကွယ်ရာကာရာပြုမှု့ အလုံးစုံသည် ကိုးကွယ် မှုချည်းပင်တည်း။ ဘုရား တရား သံဃာ ဆရာသမားစသော မိမိထက် မြတ်သော သူတို့ကိုမူကား ရှိခိုးပူဇော်၍ပင် ကိုးကွယ်ကြရကုန်၏။ ယခု ဘ၀၌ ပစ္စည်းမရှိခဲ့လျှင် ခဏချင်း ဒုက္ခရောက်တတ်၏။ ထိုဒုက္ခမှ ကြောက်ကြကုန်သဖြင့် ပစ္စည်းတို့ကို ရစေနိုင်သော လုပ်မှု့ ဆောင်မှု့ အသိ အလိမ္မာ ဥာဏ်ပညာဟူသော ကံကို အားကိုးကြရကုန်၏။ ဒါန သီလ စသော ကုသိုလ်ကံမျိုး မရှိခဲ့လျှင် နောက်ဘ၀၌ အပါယ်သို့ကျ၍ ဒုက္ခကြီးစွာရောက်တတ်၏။ ထိုဒုက္ခမှ ကြောက်ကြသဖြင့် နောက်ဘ၀၌ လူအဖြစ် နတ်အဖြစ်ကို ပေးနိုင်သော ဒါန၊သီလအစရှိသောကုသိုလ်ကံ ကို အားထုတ်ကြရကုန်၏။
လုပ်မှု့ ဆောင်မှု့ အသိ အလိမ္မာ ဥာဏ်ပညာဟူသော ပစ္စုပ္ပန်ကံမှု့ သည် ပစ္စပ္ပန်ဒုက္ခမှ ကယ်တင်နိုင်၏။ ဒါန-သီလ အစရှိသော ကုသိုလ် ကံမှု့သည် နောက်ဘ၀၌ အပါယ်ကျခြင်းဒုက္ခမှ ကယ်တင်နိုင်၏။ ယခု ဘ၀ဒုက္ခအတွက် ပစ္စပ္ပန်ကံအမှု့ကို အားကိုးကြရကုန်၏။ အားထုတ်၍ လုပ်ဆောင်ကြရကုန်၏။ ထို့ကြောင့် `သဗ္ဗေ သတ္တာကမ္မပ္ပဋိဿရဏာ`
ဟု ဟောတော်မူသည်။
ဤမျှဆိုလျှင် ကိုးကွယ်ဟူသော စကားလုံး၏ သဘောအဓိပ္ပယ် ပေါ်လွင်လောက်ပြီ ထင်ပါသည်။ မေးခွန်းရှင် ဖော်ပြထားသော `အားကိုးခြင်း၊ အားထားခြင်း၊ လဲလျောင်းခြင်း၊ အသိအမှတ်ပြုခြင်း` ဟူသော စကာလုံးများ (အနက် အဓိပ္ပယ်များ) သည် ကိုးကွယ်ခြင်း ဟူသော စကားလုံးတွင် အားလုံးအကြုံးဝင်သည်ဟု မှတ်သားသင့် ပါသည်။ ကိုးကွယ်ခြင်းဟူသော စကားလုံးကို သုံးစွဲရာ၌ ပန်း၊ ရေချမ်း စသည်တို့ဖြင့် ရှိခိုးပူဇော်ခြင်းမျိုးကိုသာ ထင်မြင်သည်ဟု ဆိုလျှင်လည်း `မိမိကိုယ်သာ အားကိုးရာ`ဟူသောနေရာမျိုး၌ ကိုးကွယ်ရာဟု မသုံး ဘဲ အားကိုးရာဟုသာ သုံးစွဲသင့်သည် မှန်ပါသည်။
ဆက်လက်၍ မည်သို့လက်တွေ့ကျင့်သုံးအပ်သည်ဟူသော အပိုင်းကို အနည်းငယ် သုံးသပ်လိုပါသည်။ ဘုရားရှင်သည် ကိုယ်အား ကိုယ်ကိုးဖို့ ဟောတော်မူရာ၌ `ရဟန်းတို့၊ သင်တို့သည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍၊ မိမိမှတစ်ပါး ကိုးကွယ်ရာ ရှိကုန်သည်ဖြစ်၍နေကုန်လော့`ဟူ၍လောက်သာ ဟောတော်မူလျှင် အဓိပ္ပယ်မရှင်းလှပါ။ ဆက်လက်၍ `တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍၊ တရားမှတစ်ပါး အခြားကိုးကွယ်ရာမရှိကုန် သည်ဖြစ်၍ နေကုန်လော့`ဟု ဆက်၍ ဟောတော်မူလိုက်သောအခါ အဓိပ္ပါယ်ရှင်းလင်းသွားပါသည်။
ကိုယ့်အားကိုယ်ကိုးဟူရာ၌ ကိုယ့်တရားကို ကိုယ်အားကိုးဖို့၊မိမိ သန္တာန်၌ တရားရှိအောင် ကျင့်ဆောင်ဖို့ ဟောတော်မူလိုရင်းဖြစ်ပါ သည်။ မိမိသန္တာန်၌ တရားရှိအောင် မည်ကဲ့သို့ ကျင့်ဆောင်ရမည်နည်း ဟူမူ သတိပဋ္ဌာန်တရား ပွားများအားထုတ်ရန် ဆက်လက်၍ ဟောတော်မူပါ သည်။ (ဒီနိကာယ်၊ ပါထိက ၀ဂ်ပါဠိတော်၊ စက္က၀တ္တိသုတ်)
ဆက်လက်၍ ပါဠိစကားလုံးများကို အဓိပ္ပယ်ကောက်ယူမှု့ မမှားယွင်းစေရန် ရှင်းလင်းချက်ထုတ်ပါဦးမည်။ အတ္တဒီပါ၌ ဒီပ အရ ဤနေရာတွင် ဆီမီးတိုင်ကို မယူရပါ။
အတ္တဒီပါတိ မဟာသမုဒ္ဒဂတဒီပံ ၀ိယ အတ္တာနံ ဒီပံ ပတိဋ္ဌံ ကတွာ ၀ိဟရထ။( ဒီ၊ဋ္ဌ ၊2 ၊ 138) (အတ္တဒီပါတိ= အတ္တဒီပါဟူသည်ကား၊ မဟာသမုဒ္ဒဂတဒီပံ ၀ိယ= မဟာသမုဒ္ဒရာ၌ဖြစ်သော ကျွန်းကဲ့သို့၊ အတ္တာနံ=မိမိကို၊ ဒီပံ=ကျွန်းကို၊ပတိဋ္ဌံ =တည်ရာကို၊ ကတွာ=ပြု၍၊ ၀ိရဟထ=နေကုန်လော့။)ဟူသော မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ အဖွင့်အရလည်းကောင်း၊ အတ္တဒီပါတိ အတ္တာနံ ဒီပံ တာဏံ လေဏံ ဂတိ ပရာယဏံ ပတိဋ္ဌံ ကတွာ ၀ိဟရထာတိ အတ္ထော။ အတ္တသရဏာ တိ ဣဒံ တေဿဝေ၀၀စနံ။ (ဒီ၊ ဋ္ဌ၊ 3၊ 29) (အတ္တဒီပါတိ=ကား အတ္တာနံ=မိမိကို၊ ဒီပံ=မှီရာကျွန်းကို၊ တာဏံ=စောင့်ရှောက်တတ်သော အရာကို၊ လေဏံ=ပုန်းအောင်းရာကို၊ ဂတိ= ဖြစ်ရာကို၊ ပရာယဏံ= လဲလျောင်းရာကို၊ ပတိဋ္ဌံ= တည်ရာကို၊ကတွာ=ပြု၍၊ ၀ိဟရထ=နေကြ ကုန်လော့၊ ဣတိ အယံ=ဤသည်ကား၊ အတ္ထော=အတ္တဒီပါဟူသော ပုဒ်၌ အနက်အဓိပ္ပါယ်တည်း။) ဟူသော စက္က၀တ္တိသုတ် အဋ္ဌကထာ အဖွင့် အရလည်းကောင်း မုချအားဖြင့် ကျွန်းကိုရ၍ ဥပစာအားဖြင့် တည်ရာကို ရပါသည်။ ပကတိကျွန်းကို ရေအယဉ် မလွှမ်းမိုးနိုင်သ ကဲ့သို့ မိမိကို ကာမောဃ စသော ရေအယဉ် မလွှမ်းမိုးအောင်၊ တစ်နည်းအားဖြင့် သံသရာတည်းဟူသော ရေအယဉ် မလွှမ်းမိုး အောင် ကျင့်ဆောင်ပါဟု ဆိုလိုပါ၏။`အတ္တာ`ဟူသည် ပြောရိုးစဉ် အားဖြင့် `မိမိ`ဟု ဆိုအပ်သော ခန္ဓာကိုယ်ကြီးတစ်ခုလုံးတည်း။ ဤနေရာ၌ ထိုခန္ဓာကိုယ်ကြီးကို မဆိုလိုပါ။ ပရမတ္ထတရားကိုယ်အား ဖြင့် မိမိ၏ ကိုယ်တွင်း၌ဖြစ်သော `တရား`ကို အတ္တာဟု ဆိုလိုသည်။ ဤသို့လျှင် ပြီးစေအပ် ဖြစ်စေအပ်သော ထိုတရားသည် အသင်တို့၏ သမုဒ္ဒရာအလယ်၌ မှီရာကျွန်းသဖွယ် ဖြစ်လိမ့်မည်ဟူလို။ ထို့ကြောင့် ဓမ္မဒီပါ စသည်ကို ဆက်၍မိန့်ဆိုတော်မူသည်။
ဘာသာဋီကာ ဆရာတော်၏ အမှာကိုရှုပါဦး။
`မိမိကိုယ်ကို အားကိုးရာဖြစ်အောင် တရားတည်းဟူသော အားကိုးရာရှိအောင် ရဟန်းသည် `ကာယာနုပဿနာ ဘာဝနာကို ပွားများ၍သော်လည်း နေရ၏၊ ဝေဒနာနုပဿနာဘာဝနာ၊ စိတ္တာနု ပဿနာဘာဝနာ၊ ဓမ္မာနုပဿနာဘာဝနာကို ပွားများ၍သော်လည်း နေရ၏။ ဤသို့ပွားများ၍နေလိုလျှင် လိုချင်မှု့ `အဘိဇ္ဈာ`ကိုလည်း ကောင်း စိတ်ဆင်းရဲမှု့ `ဒေါမနဿ´ကိုလည်းကောင်း ပယ်ဖျောက် နိုင်၏။ ထိုသို့ပယ်ဖျောက်နိုင်လျှင် မိမိကိုယ်ကို မှီရာကျွန်းသဖွယ် ဖြစ်အောင်၊ တရားတည်းဟူသော အားကိုးရာရှိ အောင် နေရာ ရောက်သည်ဟု မိန့်တော်မူလိုသည်။`
No man is an Island, entire of it self ;
Every man is a piece of the Continent, a part of the main;

အထက်ပါစကားရပ်ပါ Island ဟူသော စကားလုံးအရ ထောက်တည်ရာ ဟူသော အဓိပ္ပါယ်ကို မယူဘဲ တသီးတခြားဟူသော အဓိပ္ပါယ်ကို ယူထားသဖြင့် `မိမိကိုယ်ကိုကျွန်းသဖွယ်ဖြစ်အောင်ကျင့်`
ဟူသော စကားနှင့် မည်သူမျှ ကျွန်းမဟုတ်ဘူး`ဟူသော စကားနှစ် ရပ်တို့ ဆန့်ကျင်ဘက်မဟုတ်ပါ။
မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏။ မကောင်း မှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင် စင်ကြယ်၏။ စင်ကြယ်သော ကုသိုလ် နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာဖြစ်၏။ သူတစ် ယောက်သည် အခြားသူတစ်ယောက်ကို ( ကိလေသာ အညစ်အကြေး မှ စင်ကြယ်အောင်) မသုတ်သင်နိုင်။ ( ဓမ္မပဒ၊ ဂါထာ-165)
အာနန္ဒာ- ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သော အခါ၌လည်းကောင်း၊ သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခို အားကိုး ကြလျက် အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော် ကို မှီခိုအားကိုးကာနေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါး ကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့် မည်ဟု (မိန့်တော်မူ၏)။(ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်နှင့် စက္က ၀တ္တိသုတ်။ မဟာဝဂ္ဂသံယုတ်၊ ဂိလာနသုတ်။စုန္ဒသုတ်။ ဥက္ကစေလ သုတ်)
သံသရာမှ ထွက်မြောက်အောင် မည်သူမျှ မည်သူကို မကယ်နိုင် ပါ။ ကယ်နိုင်ပါသည်ဟု ဆိုလျှင်လည်း လူပျင်းများ လူအ-များကို လိမ် ညာ လှည့်စားကာ မြှူဆွယ်ခြင်းသာဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အထက်ပါ ဒေသနာနှစ်ခုကို မှတ်သားဆင်ခြင်ကာ မိမိကိုယ်ကို အား ကိုးရာဖြစ်အောင် ကိုယ်စီကိုယ်င ကျင့်ဆောင်ကြိုးစားနိုင်ကြပါစေ။

အရှင်ကောဝိဒ(ယော)

http://myatpanyagon.blogspot.com/ မှကူးထားသည်။

Monday, January 24, 2011

ကမ္ဘာပညာရှင်များ ၏ ဗုဒ္ဓဘာသာအပေါ်အမြင်

-အရှုံးမရှိသောဒဿန

ဗုဒ္ဓဘာသာနှင့်ဗေဒင်၊ နက္ခတ်


ဗုဒ္ဓဘာသာနှင့်ဗေဒင်၊ နက္ခတ်

Sunday, January 23, 2011

ဗုဒ္ဓဘာသာဝင်တို့၏ အဓိက ကျင့်စဉ်။ (မဇ္ဈိမပဋိပဒါ)



ဗုဒ္ဓဘာသာဝင်တို့၏ အဓိက ကျင့်စဉ်။ (မဇ္ဈိမပဋိပဒါ)

ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။ ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။
ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။
အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။ အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ အလယ်အလတ် မျှတဖို့ အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။
မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ (အလယ်အလတ်လမ်းစဉ်)
ဘုရားရှင်ဟောကြားထားသည့် အလယ်အလတ်လမ်းစဉ်မှာ -
- သမ္မာဝါစာ - သမ္မာကမ္မန္တ - သမ္မာအာဇီဝ - သမ္မာဝါယာမ - သမ္မာသတိ - သမ္မာသမာဓိ - သမ္မာသင်္ကပ္ပ
- သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။
ထိုရှစ်ပါးကို အကျဉ်းချုပ်က သီလ၊ သမာဓိ၊ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။ ဘုရားရှင်သည် အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို ကြည့်၍ ဟောကြားခဲ့၏။ အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က မည်မျှ ကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။
သမ္မာဝါစာ
သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ-

(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။

(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။

(၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။

(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။
သမ္မာကမ္မန္တ
သမ္မာကမ္မန္တ (ကောင်းမွန် မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ-

(၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။

(၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။

(၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များနှင့် လိင်ဆက်ဆံမှု မပြု။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုဘဲ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။
သမ္မာအာဇီဝ
သမ္မာအာဇီဝ (ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ -
အဆိပ်၊ လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍ စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့် အသက်မွေးခြင်း ဖြစ်သည်။ အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည် အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။
ထိုလမ်းစဉ်သုံးပါးကို လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့် လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည် ဖြစ်သည်။ ထိုအကျင့်သီလနှင့် ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။
သမ္မာဝါယာမ
သမ္မာဝါယာမ (မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ-
(၁) မကောင်းသည့်အမှုများ (သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။
(၂) ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန် သင်ခန်းစာယူရုံမျှလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန် အားထုတ်ခြင်း။
(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင် ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ကို ရိုသေလေးစားမှု၊ သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှုပြုသည်ကို ဝမ်းသာအတုယူမှု၊ တရားပေစာ နာကြား ဖတ်ရှု၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို ပြုလုပ်ရန် ကြိုးစားခြင်း။
(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန် ကြိုးစားခြင်း တို့ ဖြစ်သည်။
သမ္မာသတိ
သမ္မာသတိ (မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ -
မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏ ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ် ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။
သမ္မာသမာဓိ
သမ္မာသမာဓိ (မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ-
သမထ ဝိပဿနာတရားကို ရှုမှတ် အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။ ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့် ပတ်သက်သည့် ကြံစည်မှု၊ သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည် ကြည်လင်နေသည်။
စိတ်ကြည်လင်ရာမှ အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။
စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့် သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည် အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။ အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့် ဆက်စပ်နေသည်။ သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။ မိမိ၏ နေ့စဉ်ဘဝတွင် မိမိဘာလုပ်နေသည်ကို သိနေရမည်။
မိမိသူတပါး နှစ်ဦးသားတို့အတွက် ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။ မိမိ၏ အပြောအဆို အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။ ဤသို့ ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့ အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။ လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့် မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။ မိမိပြောဆို ပြုလုပ်သည့် ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။
ထို့ပြင် ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။ ဤနေရာတွင် မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို စွဲလမ်း လုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင် ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။
သမ္မာသင်္ကပ္ပ
သမ္မာသင်္ကပ္ပ (မှန်သော ကြံစည်မှု) ဆိုသည်မှာ -
ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။ ထို့အပြင် ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏ စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့ ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။
သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ (မှန်သော အမြင်) ဆိုသည်မှာ -
ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့် အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။ ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး လွတ်မြောက်ပါတော့သည်။ နေ့စဉ်ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍ မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာ ရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။ အရာရာတွင် ကိုယ်ချင်းစာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့် ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက် အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။
ထို့ကြောင့် အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ အဓိကကျင့်စဉ်)ကို မိမိတို့ ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန် ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှုကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။
အရှင်ပညာသီဟ {လောကချမ်းသာစာဆောင်}

Friday, January 21, 2011

ပြည့်တန်ဆာမနှင့် ၀ိပဿနာ


ဝိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင်တစ်ယောက်ပါ။ သူရဲ့ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမ တစ်ယောက်ဖြစ်တဲ့ အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့အလုပ်ကို ဆပ်လုပ်ရပါတယ်။ ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း ”၀ိမလာ ၀ိမလာ” ဆိုပြီး ရေပန်းစားနေပါတယ်။ ၀ိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေတော့ မသွားနိုင်ပါဘူး။ ၀ိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့အလှ သူရဲ့အောင်မြင်ကျော်ကြားမှုအပေါ် သိပ်ပြီး ဂုဏ်ယူပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာပါတယ်။ ကြွလာရင်း ၀ိမလာရဲ့ အိမ်ရှေ့ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ၀ိမလာက အိမ်ထဲကနေ အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ်။ ၀ိမလာက အရှင်မဟာမောဂ္ဂလာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ရင်ခုန်သွားပါသတဲ့။ ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။

တစ်စုံတစ်ယောက်ကိုချစ်မိရင် အဲဒီသူဆီက အချစ်ကိုလည်း ပြန်လိုချင်တာ ဓမ္မတာပါ။ ၀ိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီက အချစ်ကိုရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ သူရဲ့ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ အ၀တ်တွေထဲက ကောင်းပေ့ဆိုတဲ့ အ၀တ်တစ်စုံကို ထုတ်ဝတ်လိုက်ပါတယ်။ တန်ဖိုးအကြီးဆုံး လက်ကောက်တို့၊ ဆွဲကြိုးတို့ကိုလည်း ၀တ်ဆင် လိုက်ပါတယ်။ အကောင်းဆုံး နံ့သာဆီတွေကိုလည်း လိမ်းလိုက်ပါတယ်။ အရင်ပြင်နေကျနေ့တွေထက် ပိုပြင်လိုက်ပါတယ်။ ပြီးတော့ ကိုယ်လုံးပေါ် မှန်ရှေ့ကို ရပ်လိုက်ပါတယ်။ မှန်ထဲကြည့်ပြီး သူရဲ့အလှနဲ့ သူရဲ့ပြင်ဆင်ခြယ်သထားမှုအပေါ်လည်း စိတ်ချသွားပါတယ်။

စိတ်တိုင်းကျပြင်ပြီးပြီိဆိုမှ အဖော်သီးခြားမခေါ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန်ရှိရာကျောငိးကု တစ်ယောက်တည်းပဲ ထွက်ခဲ့ပါတယ်။ အရှင်မဟာ မောဂ္ဂလာန်ဆီရောက်တော့ ရှိခိုးဦးချလိုက်ပါတယ်။ အရှင်မဟာမောဂ္ဂလာန်ကို အနီးကပ်တွေ့လိုက်ရတော့ ရင်က ပိုပြီးခုန်သွားပြန်ပါတယ်။

ပြီးတော့ အရှင်မဟာမောဂ္ဂလာန်ကို သံယောဇဉ်ရှိတဲ့အကြောင်း နှုတ်ကဖွင့်ပြောလို့မ၇တဲ့အတွက် အမူအယာလေးနဲ့ ပြပါတယ်။ အရှင်မဟာ မောဂ္ဂလန်ကတော့ ၀ိမလာရဲ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒီတော့ အရှင်မဟာမောဂ္ဂလာန်က အလှကိုမှီပြီး အလှနဲ့ဆွယ်နေတဲ့ ၀ိမလာကို အလှရဲ့ဆန်ကျင့်ဘက်ဖြစ်တဲ့ အသုဘတရားကို ဟောပါတယ်။ ” နှမ ၀ိမလာ သင်ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ် တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ အပုပ်နံ့တွေနဲ့လည်း နံစော်နေတယ်။ သူတစ်ပါးရဲ့ ခန္ဓာကိုယ်ဟာလည်း ဒီအတိုင်းပဲ။ သင့်နှမဟာ စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခန္ဓာကိုယ် အချင်းချင်း တပ်မက်နေတယ်”

အရှင်မဟာမောဂ္ဂလာန်က ၀ိမလာရဲ့နှလုံးသားထဲအထိ ရောက်သွားအောင် ၀ိမလာသဘောပေါက်သွားအောင် အသုဘတရားကို အကျယ်ဟောပြပါတယ်။ အရှင်မဟာမောဂ္ဂလာန်က ဂါထာတွေအများကြီးနဲ့ဟောပြတာပါ။ ဒီမှာတော့ တစ်ပုဒ်ပဲ ရေးပြလိုက်ပါတယ်။

အတိတ်အတိတ်ဘ၀တွေက ပါရမီပါလာခဲ့သူလည်းဖြစ်၊ ဟောနေတဲ့သူကလည်း အရှင်မဟာမောဂ္ဂလာန်ဖြစ်ဆိုတော့ ချက်ချင်း အသိမှန်ကို ရသွားပါတယ်။ တရားထူးတော့ မရသေးပါဘူး။ ဒါကြောင့် ၀ိမလာက ” အရှင်ဘုရား တပည့်တော်မကို ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်တဲ့ ဥပါသိကာမအဖြစ် အသိအမှတ်ပြုပါဘုရား” လို့ လျှောက်လိုက်ပါတယ်။

ဝိမလာဟာ အိမ်ရောက်တော့ အရှင်မဟာမောဂ္ဂလာန် ဟောခဲ့တဲ့တရား၊ ဟောလိုက်တဲ့တရားက ခေါင်းထဲက မထွက်တော့ပါဘူး။ ဒါကြောင့် နဖူးပေါ် လက်တင်ပြီး စဉ်းစားပါတယ်။ ” လူ့ဘ၀ကို ရရှိဖို့ရာလည်း သိပ်ပြီးခဲယဉ်းတယ်၊ အသက်ရှင်နေဖို့လည်း ခဲယဉ်းတယ်၊ တရားတော်ကို နားကြားခွင့် ရဖို့လည်း ခဲယဉ်းတယ်၊ မြတ်စွာဘုရား သာသနာနဲ့ တွေ့ကြုံဖို့လည်း ခဲယဉ်းတယ်။ ငါဟာ ရခဲတဲ့ခဲယဉ်းတဲံ တရားလေးပါးကို ရနေတယ်။ ရခဲခြင်းတရားလေးပါးကို ရနေခိုက်မှာ အရှင်မဟာမောဂ္ဂလာန် မျှော်လင့်တဲ့ ရစေချင်တဲ့ အရဟတ္တဖိုလ်ကို ရအောင်ရှာမှပဲ”

ဝိမလာဟာ အဲဒီလိုစဉ်းစားပြီး သူရဲ့လုပ်နေကျ ပြည့်တန်ဆာအလုပ်ကို ရပ်ပစ်လိုက်ပါတယ်။ သူ့ဆီလာနေကျ ပုဂ္ဂိုလ်တွေကတော့ တောက်တခေါက်ခေါက်နဲ့ပေါ့။ ၀ိမလာကတော့ ဂရုမစိုက်ပါဘူး။ ပြီးတော့ ” ငါ ဒီအတိုင်း ထိုင်နေလို့တော့ အရဟတ္တဖိုလ်က သူ့အလိုလို ငါ့ဆီ ရောက်လာမှာမဟုတ်ဘူး။ တရားအားထုတ်မှပဲ။ တရားအားထုတ်တဲ့နေရာမှာလည်း ငါ့မှာ လောကီအတွက် ဘာမှငဲ့စရာမရှိတော့ ဘိက္ခူနီဝတ်ပြီး တရားအားထုတ်တာက အကောင်းဆုံးပဲ” ဆိုပြီး ဘိက္ခုနီမ ၀တ်လိုက်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာသွားပြီး တရားအားထုတ်လိုက်တာ အရဟတ္တဖိုလ် ရသွားပါတော့တယ်။ ဒီတော့ တကယ့်ကိလေသာအညစ်အကြေး ကင်းစင်သူ ၀ိမလာ ဖြစ်သွားတော့တာပါ။

ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီကို သွားတုန်းက ရာဂစိတ်နဲ့ သွားခဲ့တာပါ။ သာမန်အားဖြင့်တွေးရင် ရာဂစိတ် တဏှာစိတ်ကလည်းပြင်းထန်၊ လုပ်တဲ့အလုပ်ကလည်း ပြည့်တန်ဆာအလုပ်ဆိုတော့ ဘယ်လိုမှ တရားထူး တရားမြတ်ရနိုင်စရာ အကြောင်းမရှီပါဘူး။

ဒါပေမယ့် လူဟာ ပစ္စုပ္ပန်တည့်တည့်မှာ ကိုယ်ဖြစ်နေတဲ့ စိတ်နဲ့ ရုပ်ကို တည့်တည့် ဥာဏ်နဲ့ စိုက်ကြည့်လိုက်နိုင်ဖို့ပါပဲ။ ဥာဏ်နဲ့တည့်တည့် စိုက်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် လက်ရှိရပ်တည်နေတဲ့ ရပ်တည်ချက်ရဲ့ အမှန်အမှားကို သိခွင့်ရသွားတတ်ပါတယ်။ လူဟာ ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းသိသွားဖို့ပဲ အရေးကြီးပါတယ်။ ပုထုဇဉ်ပီပီ ဘယ်သူမှ အပြစ်မကင်းကြပါဘူး။ အပြစ်ဆိုလို့ ဆရာနန္ဒာသိန်းဇံရဲ့ ” မနက်ဖြန်ကို ဖြတ်သန်းနေသော စိတ်ကူးများ” စာအုပ်ထဲက ပုံဝတ္တုလေးတစ်ပုဒ်ကို သွားသတိရပါတယ်။ အဲဒီပုံဝတ္တုလေးထဲကို ခပ်ကျဉ်းကျဉ်းလောက် ပြန်ပြောပြရအောင်ပါ။

တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအ၀င် လူတစ်စုဟာ ဂျီးဇက် ( Jesus Christ) ဆီကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်။ အဲဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတာပါ။ ဂျီးဇက်ဆီကိုရောက်တဲ့အခါကျတော့ အဲဒီဘာသာရေးပုဂ္ဂိုလ်တွေက ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်အပြစ်ပေးရမယ်လို့ မောရှေ(MOSES) က အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ” လို့ ဂျီးဇက်ကို ၀ိုင်းမေးကြပါတယ်။

ဂျီးဇက်ဟာ သူတို့ကို မော့မကြည်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာစာရေးနေပါတယ်တဲ့။ ဂျီးဇက်ဆီက အဖြေစကားကို မရမချင်း ဒီလူတွေက မေးနေကြပါတယ်။ ဒီတော့ ဂျီးဇက်က သူတို့ကို မော့ကြည့်ပြီးတော့ ”သင်တို့အထဲက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်ဆိုတဲ့သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက်လို့” ပြောလိုက်ပါတယ်။ ဂျီးဇက်စကားကြားလိုက်တော့ ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲံ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက်လိုက်ပြီး ထွက်သွားကြလိုက်တာ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူးတဲ့။

သူတို့အားလုံးပြန်သွားမှ ဂျီးဇက်က ပြည့်တန်ဆာမကို နောက်ထပ်အပြစ်တွေ မကောင်းမှုတွေ မလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာ သွားဖို့ ခွင့်ပြုလိုက်ပါတယ်။

သူတစ်ပါးအပြစ်အကြောင်း စဉ်းစားမိတိုင်း ဆရာနန္ဒာသိန်းဇံပြောပြတဲ့ ပုံဝတ္တုလေးကို သတိရမြဲပါ။ ဒီပုံဝတ္တုလေးက ဂျာနယ်မှာပါလာကတည်းက စွဲခဲ့တဲ့ပုံဝတ္တုလေးပါ။

ဟိုတလောလေးကပဲ သတင်းတစ်ခုရောက်လာပါတယ်။

”မ၀ိမလာတို့လို အမျိုးသမီးတွေကို အမှတ်-၁၈၊ နတ်မောက်လမ်းသွယ်(၁) ဗဟန်းမှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုပြင်စောင့်ရှောက်ပေးထားတယ်တဲ့။ ဆွမ်းဒါနပြုမယ်ဆိုရင်လည်း တစ်နေ့တာလုံးမှ လေးသောင်းပဲကျပါတယ်တဲ့။ ကိုယ်နိုင်ရာ အရုဏ်ပဲဖြစ်ဖြစ် ၊ နေ့လယ်ဆွမ်းပဲဖြစ်ဖြစ် ခွဲကျွေးရင်လည်း ရပါတယ်တဲ့။

သူတို့လေးတွေဟာ တကယ့်ပထမအရွယ်လေးတွေပါ။ ဒီပထမအရွယ်လေးတွေမှာ ဘ၀လမ်းကြောင်းမှားနေတာဟာ သိတဲ့လူတိုင်းမှာတာဝန် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံသရာမှာ ဆွေမျိုးမတော်ခဲ့သူဆိုတာ ရှိကိုမရှိပါဘူး။ အမေပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ နောက်ဆုံးဇနီးမယားပဲဖြစ်ဖြစ် တော်ခဲ့ကြမှာပါ။ ယောဆရာတော်ဘုရား မကြာခဏဟောသလို ဘ၀တွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာပါ။ အားလုံးဟာ ဆွေမျိုးတွေချည်းပါပဲ။ သံသရာတစ်ကွေ့မှာ ဆွေမျိုးတော်ခဲ့ရင် သူတို့ရဲ့ကျေးဇူးလေးတွေ ရှိခဲ့မှာပါ။ အဲဒီကျေးဇူးလေးတွေကို အာရုံပြုပြီး ကိုယ်က သူတို့ကို ကူညီလို့ရတဲ့ အနေအထားနဲ့ ကူညီပေးဖို့ပါ။

တကယ်တော့ သူတို့ဟာ ဖြစ်ချင်လို့ဖြစ်သွားရတာမဟုတ်ပါဘူး။ နောက်ကွယ်မှာ အကြောင်းအမျိုးမျိုးရှိနေကြမှာပါ။ ပြီးတော့ လူတွေရဲ့ အကြင်နာကိုမရတော့ စိတ်ဓါတ်ရေးရာအရလည်း သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူဘဲ ဖြစ်နေတတ်ပါတယ်။ ဒီတော့ တစ်ဖက်သားကို ကြည့်တဲ့အခါ မယုံတဲ့စိတ်၊ သံသယဖြစ်တဲ့စိတ်၊ နာကြည်းတဲ့စိတ်၊ အလိုမကျတဲ့စိတ်တွေကလည်း လွှမ်းမိုးနေမှာပါ။

စိတ်ကြောင့်ဖြစ်ရတဲ့ ဒဏ်ရာကို စိိတ်ကို အခြေခံပြီး ရှုရတဲ့ ၀ိပဿနာနဲ့ ကုလိုက်တာဟာ အထိရောက်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါက တရားသဘော ဓမ္မရှုထောင့်ကပြောတာပါ။ ဌာနက ပြုစုစောင့်ရှောက်နည်းတွေနဲ့လည်း ပြုစုစောင့်ရှောက်ပေါ့လေ။ တစ်ဖက်က ၀ိပဿနာလေးပါ တွဲသွားနိုင်ရင် အကောင်းပါပဲ။

သတင်းကြားကတည်းက စိတ်ထဲမှာ တေးထားလိုက်တာပေါ့လေ။ ဆွမ်းလည်းကျွေးရင်းပေါ့လေ။ ပြီးတော့ တရားလည်း ဟောချင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၀ိပဿနာတရား အဓိကထား ဟောခဲ့ချင်ပါတယ်။ ထိုင်မှတ် မှတ်တဲ့အခါ ဘယ်လိုမှတ်ရတယ်။ စင်္ကြန်ကြွတဲ့အခါ ဘယ်လို ကြွရတယ်၊ အိပ်ရာထတဲ့အခါ ၊ မျက်နှာသစ်တဲ့အခါ၊ ထမင်းစားတဲ့အခါ၊ အောက်ထစ်ဆုံး ကျင်ကြီးကျင်ငယ် စွန်တဲ့အခါ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုမှတ်ရတယ်ဆိုတာ ဟောပြပေးခဲ့ချင်တာပါ။

ဒီလိုအနေအထားရောက်နေတဲ့သူတင် မဟုတ်ပါဘူး။ ဘယ်လိုအနေအထားပဲရောက်နေရောက်နေ စိတ်ဓါတ်ရေးရာအရ ပြုပြင်ယူရတဲ့အခါ ပိပဿနာနဲ့ ပြုပြင်ယူတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ။ ၀ိပဿနာအားထုတ်ရင်းနဲ့ ဥာဏ်စဉ်လေးတွေ ၀င်ဝင်လာပါ့လိမ့်မယ်။ အားထုတ်ခါစမှာတော့ ချက်ချင်းဝင်လာဦးမှာ မဟုတ်ဘူး။ ရက်ကလေးရလာတာနဲ့ ၀င်လာမှာပါ။ ရုပ်နဲ့ နာမ် ခွဲခြားပြီး သိသွားတာ၊ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိသွားတာ၊ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို မြင်လာတာ စသည်ဖြင့်ပေါ့။ ဥာဏ်စဉ်တွေဝင်လာတာနဲ့ ကိုယ့်လုပ်နေတဲ့အလုပ် မှားသလား မှန်သလားဆိုတာပါ သိသွားမှာပါ။ ပါရမီပါခဲ့ရင် ၀ိမလာတို့လို တရားထူး တရားမြတ်တွေတောင် ရသွားနိုင်ပါတယ်။ ပြီးတော့ ငယ်တုန်းက တရားအားထုတ်ရတာ အကောင်းဆုံးပါပဲ။ အသက်ကြီးလာရင် ရုပ်ကလဲ အို၊ နာမ်ကလဲ အိုလာပြီး တရားအားထုတ်ရတာ မကောင်းတော့ပါဘူး။

ဘာပဲပြောပြော ကိုယ်က လူ့ဘ၀ကို ပီပီပြင်ပြင်ရထားတယ်။ ပြီးတော့ ရခဲခြင်းလေးပါးကို ရထားတယ်။ ဒီတော့ ၀ိပဿနာတရားကို အားထုတ်လိုက်ရင် ဘ၀ရဲ့အမှန်တရားကို အလင်းတစ်ခုအနေနဲ့ သိခွင့်ရလိုက်ကြမှာပါ။

ဒီဆောင်းပါးကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးတွေနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ။

၁။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ဖြစ်ခဲလှစွာ၊ လူဆိုတာ၊ ဖြစ်ကာနေကြပြီ။

၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ရှင်ခဲလှစွာ ၊ သက်ဆိုတာ၊ ရှင်ကာနေကြပြီ။

၃။ တရားတော်ဟာ၊ နာဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

နာရခဲစွာ၊ တရားဟာ၊ တွေ့ကာနေကြပြီ။

၎။ သာသနာဟာ၊ တွေ့ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

တွေ့ခဲလှစွာ၊ သာသနာ၊ တွေ့ကာနေကြပြီ။

အကြောင်းလေးဖြာ၊ ဆုံဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ဆုံးခဲလှစွာ၊ ကြောင်းလေးဖြာ၊ ဆုံကာနေကြပြီ။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး

ထေရီအဠကာ၊

ဝိမလာထေရီဝတ္တု