Sunday, June 30, 2013

ပဲ့ပြားပင်လား … မဏ္ဍိုင်လား


ပဲ့ပြားပင်လား … မဏ္ဍိုင်လား

20.6.2013နေ့ ညနေပိုင်းက ၊ ဒီတစ်ခေါက် အမေရိကန်ခရီးစဉ်မှာ မိမိပင်မတည်းခိုစခန်းချနေတဲ့ ဆန်ဖရန်စစ်စကိုဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒကျောင်းမှာမေတ္တာနန္ဒဓမ္မ၀ိဟာရရဲ့ စနေ၊ တနင်္ဂနွေ ညနေနိကာယ် သင်တန်းနဲ့ အဘိဓမ္မာသင်တန်းသူလေးတစ်ဦးက “အင်တာနက်မှာ တိုင်းမဂ္ဂဇင်းက မျက်နှာဖုံးမှာ  အရှင်ဝီရသူပုံနဲ့ “ဗုဒ္ဓဘာသာအစွန်းရောက်ပုဂ္ဂိုလ်ဆိုတဲ့ စာလုံးကြီးနဲ့ ဖော်ပြထားတဲ့ အကြောင်း” အရေးတကြီး ဖုန်းဆက်လာပါတယ်။

          သူကဖုန်းထဲမှာ “အခုတော့ အလုပ်ချိန်ဖြစ်နေလို့ ညနေအလုပ်ကအပြန်မှာ ကျောင်းဝင်လာပြီး အပြည့်အစုံပြောပါမယ်”ဆိုပြီးဖုန်းချသွားပါတယ်။ ညနေရောက်တော့ ကျောင်းကိုရောက်လာပြီး ဂျာနယ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများကိုအပြည့်အစုံပြောပြပါတယ်။ ပြီးတော့ ဒီကိစ္စကိုဒီမှာရှိတဲ့ ဗုဒ္ဓဘာသာ အားလုံးကမခံမရပ်နိုင် ဖြစ်နေကြပါပြီ။ အထူးသဖြင့်တော့ သူတို့လိုလူငယ်ထုအများစုကဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းချက်ကိုတခြားကမ္ဘာပြန့်အောင် ထင်ရှားတဲ့ ဂျာနယ်တစ်စောင်မှာ ပြန်ရေးချင်တယ်။ ဘုန်းဘုန်း တို့က မြန်မာလိုရေးပေးပါ။ သူတို့က ကျွမ်းကျင်တဲ့ အင်္ဂလိပ်ဂျာနယ်လစ်တစ်ဦးကို ဘာသာပြန်ခိုင်းပြီး မဂ္ဂဇင်းမှာ ထည့်ကြမယ်” ဆိုတဲ့ အကြောင်းကို စိတ်အားထက်သန်စွာ ပြောပါတယ်။

          ပြီးတော့မှ “ဒီကိစ္စနဲ့ပတ်သက်ပြီးဘုန်းဘုန်းတို့တော့ ဘယ်လိုခံစားရသလဲမသိဘူး … သမီးတို့တော့ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး၊ ပြန်ရှင်းရမှာပဲ”တဲ့။ သူစိတ်အားထက်ထက်သန်သန်နဲ့ တက်တက်ကြွကြွ ပြေနေတုန်းမှာပဲ … အခြားသင်တန်းသူတစ်ဦးကလဲကျောင်းကိုရောက်လာပြီးအလားတူပြောပြနေပါတယ်။ သူကလည်းအလားတူပဲ၊ နောက်ဆုံးမှာ “ဘုန်းဘုန်းတို့ ဘယ်လိုသဘောရသလဲ”ဆိုတဲ့ မေးခွန်းနဲ့ နိဂုံးချုပ်ပါ တယ်။
          မိမိကစဉ်းစားနားထောင်နေတာကိုပဲ သူတို့ကအားမလိုအားမရဖြစ်တဲ့ ဖြစ်တဲ့ ပုံစံနဲ့  “အခုတပည့်တော် သင်ကြားနေတဲ့ ဗြဟ္မဇာလသုတ်နိဒါန်းမှာ မြတ်စွာဘုရားကရဟန်းတော်တွေကိုညွှန်ကြားထားတာရှိတယ် မဟုတ်လား၊ ရတနာသုံးပါးနဲ့ပတ်သက်လို့ တစ်ဘက်သားကမဟုတ်မမှန် ကဲ့ရဲ့ပြစ်တင်လာရင် မဟုတ်တာကို မဟုတ်တဲ့အကြောင်းဖြေရှင်းပြရမယ်”လို့ ပါတယ်လေ။ အဲဒါ အခုကိစ္စမှာလည်းဘုန်းဘုန်းတို့အနေနဲ့ တာဝန် ရှိတယ် မဟုတ်လား”ဆိုပြီးလောဆော်နေပြန်ပါတယ်။

          မိမိက “နေကြစမ်းပါဦးဟဲ့ …. နင်တို့ မေးခွန်းတွေချည်းအထပ်ထပ် ပြောနေကြတော့ ငါလည်း ဘယ်ကစပြီးဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး၊ ကဲ .. ဖြည်းဖြည်း ပြန်စဉ်းစားရအောင်”။

          ပထမဆုံး “ဒီဖြစ်ရပ်ကို ကြားသိရတဲ့အတွက် ဘယ်လိုခံစားရသလဲ .. ဟုတ်လား”။ တို့ မြန်မာ စကားမှာအလွန်ညံ့လွန်းတဲ့ လူတစ်ယောက်အပေါ် မှတ်ချက်ချတဲ့အခါ “ထိပ်ချမှ ဓားပြမှန်းသိတယ်”လို့ ဆိုတယ် မဟုတ်လား။ အခုကိစ္စက ဗုဒ္ဓဘာသာဝင်တွေရဲ့ တကယ့်ဦးထိပ်ရွက်ပန်ဆင် ယုံကြည် ကိုးကွယ်ရာဖြစ်တဲ့ .. ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်လို့ စကားပုံဆိုရိုးဥပမာတစ်ခုမဟုတ်တော့ဘူး။ ဒါဟာတကယ်ကို “ထိပ်ချတာအစစ်”ပဲ။ ထိပ်ချမှ သိတတ်သူကိုတောင် ညံ့လွန်းတယ် လို့ မှတ်ချက် ချထားမှတော့ ထိပ်ချလို့တောင် မသိတတ်ဘူးဆိုရင် ဘာပြောစရာရှိတော့မလဲ … လူ့အဆင့်အတန်းကို မ၀င်တော့သူ ဖြစ်သွားမှာပေါ့ ဟဲ့” ဘယ်မနာဘဲရှိမလဲ။

          ဒီသတင်းကို ကြားရတာကိုတော့ နာပါတယ်။ ဒါပေမယ့် အခုသမီးတို့လိုလူငယ်များကတောင် နိုးနိုးကြား ကြားတက်တက်ကြွကြွဖြစ်လာတာကိုတော့ ၀မ်းသာတယ်ဟေ့။ ဘာပဲဖြစ်ဖြစ် တို့ ဗုဒ္ဓဘာသာတွေ ထိပ်ချလာရင် တော့ ဓားပြမှန်းသိလာပြီ …. ဆိုတာထင်ထင်ရှားရှားတွေ့ရလို့ပဲ။ ဒါဟာဘာသာ ရေးမိုင်း ဗုံးထောင်မှုကြီးတစ်ခုတော့ အမှန်ပဲ။ ဒါပေမယ့် ထိခိုက်နစ်နာမှုတော့ မရှိနိုင်ပါဘူး၊ အိပ်ငိုက်နေတဲ့ ဗုဒ္ဓ ဘာသာဝင်တွေကို နိုးကြားလာစေရုံလောက်လို့ပဲဆိုရမှာပါ။ 

အားလုံး ခြုံကြည့်လိုက်ရင်တော့ ဒီတိုင်းမဂ္ဂဇင်းရဲ့ လုပ်ရပ်ကဆိုးရွားပေမယ့် တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် နိုးကြားလာစေတဲ့ အကျိုးတစ်ခုပေါ်လာလို့ ရလဒ်ကတော့ မဆိုးဘူးပဲဆိုရမှာပဲ .. ဆိုတော့ ကလေးမ နှစ်ယောက်လုံးက တယ်ဘ၀င်မကျချင်တဲ့ ပုံစံနဲ့ “ဘာလဲဘုန်းဘုန်းကဒါကိုအကောင်းမြင်တာလား၊ ဘုန်းဘုန်းကြည့်ရတာမတုန်မလှုပ်နဲ့ ဘာမှ သိပ်အရေးမကြီးသလိုပဲ”ဆိုပြီးချက်ချင်းခွန်းတုံ့ပြန်ပါတယ်။

          ရောခက်ပါ့ကော၊ ဒီလောက်မကောင်းတဲ့ လုပ်ရပ်ကြီးကိုငါကအကောင်းမြင်နိုင်ပါ့မလားဟဲ့။ ဒါပေမယ့် ဒီလိုစဉ်းစားကြည့်တာပေါ့၊ မကောင်းတဲ့ သတင်းတစ်ခုမှာအစွပ်စွဲခံရသူရဲ့ ဖြစ်ရပ်အမှန်ကမကောင်းတာလား၊ သူတို့ရဲ့ အထင်အမြင်ကမကောင်းတာလားဆိုတာခွဲခြားသုံးသပ်ကြည့်ရမယ်လေ။ ခုကိစ္စကကိုယ့်ဘက်က ဖြစ်ရပ် မကောင်းတာ၊ မှားတာမဟုတ်ဘူး၊ သူတို့ဘက်ကအထင်အမြင် မှားတာနဲ့ လုပ်ရပ်ကမကောင်းတာလေ။

          အဲဒီတော့ သမီးတို့ကအခုဦးနေမိန္ဒဆီမှာ အဘိဓမ္မာလည်းသင်နေကြတယ် မဟုတ်လား။ အဘိဓမ္မာ သဘောအရတုန်လှုပ်ပူပန်ရတယ်ဆိုတာကိုဘယ်လိုခေါ်မလဲဆိုတော့ “ အရေးထဲမှ သမီးတို့ကိုမေးခွန်းပြန်ထုတ် မနေပါနဲ့၊ ဘုန်းဘုန်းကပဲပြောပြပါ၊ သမီးတို့ကတော့ မခံမရပ်နိုင်ဖြစ်နေတာပဲသိတယ်”တဲ့။

          အေး … အဲဒီလိုတုန်လှုပ်ပူပန်နေတဲ့ သဘောကိုအဘိဓမ္မာမှာ“ကုက္ကုစ္စ”လို့ ခေါ်တယ်လေ။ “ကုက္ကုစ္စ” ဆိုတာကမကောင်းတာ၊ မမှန်တာတစ်ခုခုကို ကျူးလွန်ပြစ်မှားမိလို့ပဲ ဖြစ်ဖြစ်၊ ကောင်းမွန်မှန်ကန်တဲ့ ကိစ္စတစ်ခုခုကိုမပြုလုပ်မိလို့ (တာဝန်မဲ့မိလို့) ပဲဖြစ်ဖြစ်၊ စိတ်ထဲမှာနောင်တပူပန်နေရတဲ့ သဘောမဟုတ်လား။

          အခုကိစ္စကစဉ်းစားကြည့်လေ .. ဦးဝီရသူ အနေနဲ့ မကောင်းတဲ့ လုပ်ရပ်ကို ပြုလုပ် ကျူးလွန် မိတာလည်းမဟုတ်ဘူး။ ကောင်းမွန်မှန်ကန်တဲ့လုပ်ရပ်(တာဝန်)တစ်ခုကိုမပြုလိုက်မိဘဲ တာဝန်မဲ့တာလည်း မဟုတ်ဘူး။ သူတာဝန်ရှိတဲ့ ကိစ္စကို တာဝန်သိသိနဲ့ တာဝန်ကျေခဲ့တာ မဟုတ်လား။ ဒီတော့ ကိုယ့် ဘက်ကဘာမှ တုန်လှုပ်ပူပန် စရာမလိုဘူးလေ။ ဖြစ်ခြင်းဖြစ်ရင် ဒီကိစ္စကိုမှားမှားယွင်းယွင်း ကျူးလွန်ခဲ့တဲ့ တိုင်း မဂ္ဂဇင်းကသာတုန်လှုပ်ပူပန်ရမှာပေါ့။ ဘုန်းဘုန်းပြောလိုတာကဒီလုပ်ရပ်ရဲ့ အကျိုးဆက်တစ်ခုအနေနဲ့ ဗုဒ္ဓ ဘာသာ ၀င်တွေ နိုးကြားသွားတဲ့ ကိစ္စကိုတော့ ကောင်းတဲ့ အကျိုးဆက်တစ်ခုအဖြစ် မြင်တဲ့သဘောပြော ချင်တာပါ” ဆိုတော့ –

          “ဘာပဲဖြစ်ဖြစ်၊ ဒီတိုင်းမဂ္ဂဇင်းဆိုတာကကမ္ဘာသိပြန့်နှံ့ ထင်ရှားတာဆိုတော့ ဒါကိုဖတ်ရတဲ့ ကမ္ဘာ့အမြင်မှာဗုဒ္ဓဘာသာရဟန်းတော်တွေအပေါ် အထင်အမြင်သေးစရာ ဖြစ်မနေဘူးလား”တဲ့။

          အထင်အမြင်ဆိုတာအမှန်မြင်တာမှ မဟုတ်ဘဲလေ။ ကမ္ဘာကြီးမှာထင်ချင်သလိုထင်ပြီး မြင်ချင်သလို မြင် နေကြသူတွေချည်း ရှိတာမဟုတ်လောက်ပါဘူး။ အမှန်ကို မြင်နိုင်စွမ်းရှိသူတွေတွေလည်း အများကြီး ရှိကြမှာပါ။ အဲဒီလိုအမှန်အတိုင်းသိမြင်သုံးသပ်နိုင်စွမ်းရှိကြမယ်ဆိုရင်တော့ ကမ္ဘာမှာဘာသာရေး အစွန်းရောက် ဆိုတာက ကိုယ်နဲ့ယုံကြည်တဲ့ ဘာသာချင်း မတူကြသူတွေအားလုံးအပေါ် ရန်သူလိုသဘော ထားပြီး သတ်ဖြတ် ချေမှုန်းပစ်ဖို့ လက်နက်တွေ ကိုင်ဆောင်၊ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ပြုလုပ်နေကြ သူတွေ ကိုသာ ခေါ်ဆို သတ်မှတ်ကြတာပါ။

          ဗုဒ္ဓဘာသာဝင်၊ အထူးသဖြင့် ဗုဒ္ဓတပည့်သားအရင်းဖြစ်တဲ့ ရဟန်းတော်တွေဆိုတာ “လူရဲ့ အသက်ကိုသတ်ဖြတ်ခြင်းဟာရဟန်းအဖြစ်နဲ့ မထိုက်တန်တဲ့ “ပါရာဇိက”ခေါ်တဲ့ အကြီးဆုံးပြစ်မှုကြီးအဖြစ် ဘုရားရှင်ကလည်းပညတ်ခဲ့သလိုရဟန်းတော်အားလုံးကလည်းဦးထိပ်ရွက်ပန်ဆင် လိုက်နာနေကြရတာပါ။ သူတစ်ပါးအသက်ကိုသတ်ဖြတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ တုတ်ဓားလက်နက်ကိုတောင် မကိုင်ဆောင်ရဘူး။ ဒီလုပ်ရပ်မျိုးဟာရှက်စရာဖြစ်တယ်”လို့ကို ခံယူထားကြတယ်ဆိုတာအခုသမီးတို့ သင်ယူနေတဲ့ ဗြဟ္မဇာလ သုတ်မှာ လည်းပါတယ်လေ “နိဟိတ ဒဏ္ဍော၊ နိဟိတ သတ္ထော၊ လဇ္ဇီ”ဆိုတာပေါ့။

          ပြီးတော့ “ဒယာပန္နော သဗ္ဗဘူတာနုကမ္ပီ = သတ္တ၀ါအားလုံးအပေါ်မှာ မေတ္တာကရုဏာ ရှေ့ထားပြီးအကျိုးစီးပွားကိုသာဆောင်ရမယ်”ဆိုတဲ့ ဘုရားရှင် အမိန့်တော်အတိုင်းသာ လိုက်နာကျင့်သုံး နေကြတာပါ။ ဒါကြောင့်လည်း မြန်မာပြည်သူ ပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေကြတဲ့အခါမှာ ဘယ် ဘာသာဝင် ဘယ်တိုင်းရင်းသားအတွက်လို့ အကန့်အသတ်မထားဘဲ၊ နိုင်ငံတွင်းနေသူအားလုံးအတွက် သက်စွန့်ကျိုးပန်းထောင်တန်းကျခံတဲ့အထိ ကြိုးစားခဲ့ကြတာအားလုံးအသိပဲ။

          အခု အရှင်ဝီရသူဆိုတာ အဲဒီလို တာဝန်ကျေပွန်မှုတွေကြောင့် ထောင်ထဲမှာဆင်းရဲဒုက္ခအမျိုးမျိုးခံစားခဲ့ ရတဲ့ ပုဂ္ဂိုလ်ဆိုတာကမ္ဘာသိ ဖြစ်လောက်ပါပြီ။ အဲဒီတော့ အထင်နဲ့ အမှားမြင်တတ်ကြသူတွေ မဟုတ်ဘဲအဖြစ်မှန်ကိုအမှန်အတိုင်း မြင်တတ်သူတွေအတွက် ရှင်ဝီရသူအပေါ်မှာရော၊ တခြားဗုဒ္ဓဘာသ၀င် ရဟန်းတော်တွေ အပေါ်မှာရော၊ အထင်အမြင်သေးစရားမဖြစ်နိုင်ပါဘူး။ အမှန်မမြင်ဘဲအထင်နဲ့ ရမ်းပြီး အမြင်မှားနေတဲ့ မဂ္ဂဇင်းတွေ၊ သတင်းမီဒီယာတွေအပေါ်မှာသာအထင်သေးစရာ ဖြစ်မှာပါ။ လို့ရှင်းပြပြီး စဉ်းစား သလိုစကားကိုခေတ္တရပ်ထားလိုက်တော့။ ဒါကိုလည်းသိပ်ကျေနပ်အားရပုံမပေါ်တဲ့သဘောနဲ့ ကလေးမ နှစ်ဦးလုံးက “ဒါဖြင့် ဒီတိုင်းမဂ္ဂဇင်းမှာပါနေတဲ့ ကိစ္စကိုဘယ်လိုလုပ်မလဲ”ဆိုပြီးစကားဆက်ပါတယ်။

          အေး … အခုဟာက “နှုတ်တရာစာတစလုံး”ဆိုသလိုပေါ့ကွယ်။ တိုင်းမဂ္ဂဇင်းကစာနဲ့ရေးလိုက်တော့ အခိုင်အမာလိုဖြစ်ပြီးပိုထင်ရှားသွားတာပေါ့။ တကယ်တော့ ဒီတိုင်းမဂ္ဂဇင်းချည်းမဟုတ်ပါဘူး။ ကမ္ဘာသိ အဖြစ်ထင်ရှားတဲ့၊ အသံလွှင့်မီဒီယာကြီးအချို့ကလည်း ..ဟိုမိတ္ထီလာကိစ္စမှာပဲကြည့်ပါလား၊ ရဟန်းတော် တစ်ပါးရက်ရက်စက်စက် အသတ်ခံရတဲ့ကိစ္စကိုဓာတ်ပုံမပြောနဲ့ သတင်းစကားအဖြစ်တောင် ထည့် မပြောဘဲ။ တခြားဘာသာဝင်တွေကို ဗုဒ္ဓဘာသာလို့ အမည်ခံထား ကြသူအချို့က တိုက်ခိုက်ဖျက်ဆီး နေပုံတွေကိုပဲ ဓာတ်ပုံအဖြစ်နဲ့ရော၊ သတင်းစကားတွေနဲ့ရောအထပ်ထပ် ဖော်ပြကြ၊ အော်နေကြတာမဟုတ်လား။

          ဒီအထဲမှာအဆိုးဆုံးကမိတ္ထီလာမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြချိန်မှာ ကူညီဖြန်ဖြေနေကြတဲ့ ရဟန်းတော်တွေပုံကိုတောင် ၀ိုင်းဝန်းတိုက်ခိုက်နေကြပုံအဖြစ်နဲ့ မှားမှားယွင်းယွင်းဖော်ပြကြတယ်လေ။ ဒုက္ခသည်စခန်းတွေအထိကမ္ဘာသိထင်ရှားတဲ့ ဆရာတော်ကြီးများကိုယ်တိုင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေကြတာကိုတော့ ဗြောင်ကြောင်ပြီးမျက်ကွယ်ပြုထားကြတယ် မဟုတ်လား။ ဒီကိစ္စတွေကအခုဆို မြန်မာပြည်တွင်းမှာ တခြားဘာသာဝင်တွေကတောင် သဘောပေါက်နေကြပါပြီ။

          ဒါပေမယ့် ဒီနိုင်ငံမှာတော့ အခုတိုင်းမဂ္ဂဇင်းမျက်နှာဖုံးသတင်းအထိပေါ့လေ၊ သတင်းမိဒီယာတွေဟာ အမှန်ကိုမျက်ကွယ်ပြုနေကြတုန်းပဲရှိသေးတယ်။ အဲဒီသတင်းဌာနတွေ၊ မြန်မာနိုင်ငံမှာတော့ “စတုတ္ထမဏ္ဍိုင်”လို့ ခေါ်တယ်။ ဒီမှာတော့ မဏ္ဍိုင်နံပါတ် ဘယ်လောက်ခေါ်သလဲမသိဘူး။

          အဲ – “မဏ္ဍိုင်ဆိုတာမယိမ်းမယိုင် တည့်မတ်ခိုင်မာတယ်” လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် ဒီက မဂ္ဂဇင်းနဲ့ ရုပ်သံလွှင့်ဌာနအချို့ရဲ့ လုပ်ရပ်တွေက “မဏ္ဍိုင်”ဆိုတဲ့ ဂုဏ်သိက္ခာရှိပုံမရကြပါဘူး။ ငွေကြေးလေ ယူရာယိမ်းနေတဲ့ “ပဲ့ပြားပင်”ပုံစံမျိုးပဲပေါက်နေကြတာတွေ့နေရပါတယ်။

          ဒါမျိုးတွေကတို့ မြန်မာပြည်ကသတင်းဂျာနယ် အချို့မှာလည်းသတိထားမိတယ်။ မိတ္ထီလာ ကိစ္စအခြေခံတဲ့ နောက်ဆက်တွဲ ကိစ္စတွေအားလုံးမှာရဟန်းတော်တစ်ပါးအသတ်ခံရတာကိုရော၊ ရဟန်းတော် တွေကဒုက္ခသည်တွေကိုကယ်ဆယ်ရေးအတွက် အားချွန်ကြိုးပန်နေကြတာတွေကို ရောမျက်ကွယ်ပြုပြီး ဗုဒ္ဓ ဘာသာရဟန်းတော်များအပေါ် ထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းတွေကိုသာမသိမသာရော၊ သိသိ သာ သာရောရေးနေကြတယ်။ ဒီအထဲမှာမဆီမဆိုင် ၉၆၉ တို့၊ ၀ီရသူတို့ပါ ဆွဲထည့်ကြတာတွေလည်းရှိတယ်။

          အမှန်ကတော့ ၉၆၉ ဆိုတာဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တို့ရဲ့ အရေအတွက်သင်္ကေတပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော် ဘုရားရှင် လက်ထက်ကတည်းကရှိနေတဲ့ သင်္ကေတဆိုတာ အခုအထိပိဋကတ်တော်တွေမှာထင်ရှားရှိပါတယ်။ ၉၆၉ သင်္ကေတကို အသုံးပြု သူတို့ရဲ့ ရည်ရွယ်ချက်က ကိုယ့်အမျိုးဘာသာ၊ သာသနာ ခိုင်မာရေးအတွက် တနင်္ဂနွေဗုဒ္ဓသင်တန်းတွေ။ နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖြစ်ပေါ်ရေးအတွက် အဓိကလှုပ်ရှားဆောင်ရွက်နေကြတဲ့ ဘုရားသားတော် တွေသာ ဖြစ်တယ်ဆိုတာသူတို့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်ကိုအနီးကပ်လေ့လာ ကြည့်ရင် သိနိုင်ပါ တယ်။

          ဒီကိစ္စနဲ့ပတ်သက်လို့ ၉၆၉ အဖွဲ့ရဲ့ အကျိုးတော်ဆောင်ရဟန်းတော်တစ်ပါးကဂျာနယ်တစ်စောင်ရဲ့ အင်တာဗျူးမှာရှင်းပြထားတဲ့ စကားကအတော် စာနာစရာကောင်းပါတယ်။ သူကတော့ ရယ်ရယ်မောမောပဲ ပြောတာပါ “ဦးဇင်းတို့ကအိမ်ကွင်းမှာ ခံစစ်ကစားနေရတာပါဗျာ၊ တိုက်စစ်မဆင်ရပါဘူး၊ ကိုယ့်ဘက်ကဂိုးသွင်းရ တယ်လို့ မရှိပါဘူး၊ သူများသွင်းဂိုးတွေကိုမနဲကာကွယ်နေရတာပါ”တဲ့။

ဒါတွေကို မဏ္ဍိုင်ပီသတဲ့ စာနယ်ဇင်းတွေ၊ သတင်းမီဒီယာတွေ သိကြပါတယ်။ အဲ … ငွေကြေးလေယူရာယိမ်းနေ ကြတဲ့ ပဲ့ပြားပင်တွေဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ။


ကဲ .. နောက်မှ စကားဆက်ကြရအောင်၊ အခုညဥ့်နက်လှပေါ့။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ ဇွန် ၂၅၊ ၂၀၁၃

Saturday, June 29, 2013

ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သည်


ကုလားပညာတတ်တစ်ချို့ရဲ့ ၀ါဒဖြန့်မှုကြောင့် အခုဆိုရင်ကျနော်တို့နိုင်ငံဟာ မိခင်ဘာသာ/ ဗုဒ္ဓဘာသာသည် အစောဆုံးရောက်ရှိတဲ့ဘာသာလား ဆိုတာပါ အငြင်းပွားရမယ့်အဖြစ်ကို ရောက်လာခဲ့ပါပြီ .. သူတို့ပြောတာက အနော်ရထာမင်းမြတ်ကအုတ်မြစ်ချခဲ့လို့သာ ဗုဒ္ဓဘာသာ အနေနဲ့ မြန်မာနိုင်ငံကိုရောက်ရှိတဲ့ ပုံစံပါ ...ဒါ မှားသလားဆိုရင် မှားတယ်လဲခေါ်လို့ ရပါတယ် မှန်တယ်လို့လဲခေါ်လို့ရပါတယ်..ဒါကို လက်လှမ်း မှိသလောက် အကျဉ်းရုံးပြီး လေ့လာကြည့်ရအောင်ပါ ...အနော်ရထာအကြောင်းမပြောခင် အနော်ရထာဆီကိုရောက်အောင် သွားရပါမယ် ... ဒီလိုပါအနော်ရထာမတိုင်ခင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းရှိခဲ့တဲ့ မင်းတွေကို လေ့လာကြည့်ရင် ..


မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာတော်သက္ကရာဇ် အနှစ်(၆၀) ရှိတဲ့အခါမှာ တကောင်းမင်းကြီးရဲ့သားတော်မဟာသမ္ဘ၀မင်းသည် သရေခတ္တရာပြည်တည်ရာ အရပ်ဖြင့် နီးသော သကျအင်းမှာ ပျူအပေါင်းကိုအုပ်စိုး၍ မင်းပြုသည်။ နန်းသက် (၆နှစ်)။၎င်းနောက် စူလသမ္ဘ၀မင်း ၃၅နှစ်။ သာသနာတော်သက္ကရာဇ် (၁၀၁)ခုနှစ်သို့ရောက်သောအခါ ဒွတ္တပေါင်မင်းသည်တန်ခူးလဆန်း (၁၀)ရက်၊ တနင်္ဂနွေနေ့တွင် သရေခတ္တရာမြို့ကိုတည်၍ မင်းပြုသည်။ နန်းသက်ကား နှစ်ပေါင်း(၇၀)။ ထို့နောက် ၎င်းသား ဒတ္တရန်မင်း (၂၂)နှစ်။၎င်းသား ရန်ဘောင်မင်း အနှစ်(၅၀)။ ၎င်းသား ရန်မန်မင်း အနှစ်(၅၀)။ 

၎င်းသားရက္ခမန်မင်း (၃၁)နှစ်။ ၎င်းသား ခန်လောင်းမင်း (၃၈)နှစ်။ ၎င်းညီ လက္ခိုင်မင်း (၃၄)နှစ်။ ၎င်းနောက် သီရိခန်မင်း (၂၈)နှစ်။ ၎င်းသား သီရိရာဇ်မင်း (၉)နှစ်။သာသနာသက္ကရာဇ် ၄၃၃-တွင် သီရိရာဇ်မင်း၏သားမက် ငတပါး မင်းပြု၏နန်းသက် (၅၁)နှစ်။ ထို့နောက် သားတော် ပါပိရန်မင်း (၆၆)နှစ်၊ ၎င်းသားရန်မုက္ခမင်း (၁၅)နှစ်။ ၎င်းသား ရန်သိင်္ခမင်း (၃)နှစ်။ ၎င်းသား ရန်မုဉ္ဖလိမင်း (၁၅)နှစ်။ ၎င်းညီ ဘေရိန္ဒမင်း (၁၁)နှစ်။ ၎င်းသား မုဉ္ဖလမင်း (၅)နှစ်။ ၎င်းညီပဏ္ဏမင်း (၃)နှစ်။ ၎င်းနောက် သာခမင်း (၃)နှစ်။ သာသိမင်း (၃)နှစ်။ ကန္ဒုမင်း(၁)နှစ်။ ကံတတ်မင်း (၃)နှစ်။ ဘိဇ္ဖမင်း (၄)နှစ်။ သုမုန္ဒြီမင်း (၇)နှစ်။ အတိတျာမင်း(၃)နှစ်။ သုပညာနာဂရဆိန္ဒမင်း (၁၁)နှစ်။ 

သာသနာတော်နှစ် ၆၃၈-ခုတွင် သရေခတ္တရာပြည် ပျက်စီးသည်။ သရေခတ္တရာမြို့ပျက်စီးရာတွင် ပျူ ၊ ကမ်းယံ ၊ ဗမာ ဟု (၃)စုကွဲ၍ တစ်စုကို ကျပင်းသူကြီးက ယူသည်။တစ်စုကို သက်တို့က ယူလေသည်။ တစ်စုကိုကား သုပညာနာဂရဆိန္ဒမင်း၏ တူတော်သမုဒ္ဒရာဇ်မင်း ယူ၍ တောင်ညိုတွင် (၃)နှစ်။ ပန်းတောင်းမြို့တွင် (၆)နှစ်။ မင်းတုန်းမြို့တွင်(၃)နှစ် နေပြီးမှ ညောင်ဦးနဂါးဘို စသော ရွာ ၁၉-ရွာကို ခြုံပြီးလျှင် ယုန်လွှတ်ကျွန်း၌ အရိမဒ္ဒနာပေါက္ကာရာမ ဟု သမုတ်၍ ၄၅-နှစ် မင်းပြု၏။ ၎င်းနောက် ရသေ့ကြောင်မင်း(၁၅)နှစ်။ ပျူမင်းထီး (၇၅)နှစ်။ ထီးမင်းယဉ် (၅၇)နှစ်။ ယဉ်မင်းပိုက် (၂၅)နှစ်။ ပိုက်သေလဉ်မင်း အနှစ်(၂၀)။ 

သသနာတော် ၈၈၈-နှစ် သက္ကရာဇ် ၂၂၆-ခုနှစ် တွင် သေဉ်လည်ကြောင်မင်း ဖြစ်၏။ထိုအခါ တည်ရင်း ၁၉-ရွာကို ဖျက်၍ လောကနန္ဒရာအရပ်၌ သိရိပစ္စယာ မည်သောမြို့ကို တည်ထောင်၍ နေ၏။ ရတနာမိုး ၃-ကြိမ် ရွာ၏။ မင်းမဟာဂီရိနတ်မောင်နှမရောက်၍ ပုပ္ပါးတောင်တွင် ထားလေ၏။ မင်းစိည်းစိမ် (၄၄)နှစ်။ ထို့နောက် ကြောင်ဒူရစ်မင်း (၂၅)နှစ်။ သည်ထန်မင်း (၂၆)နှစ်။ မုက္ခမာန်မင်း (၃)လ။ သူရဲမင်း (၅၅)နှစ်။ သာရမွန်မင်း (၁၇)နှစ်။ သီရိပစ္စရာမြို့တွင် မင်း ၆-ဆက် ၊ မြို့သက် ၁၆၇-နှစ်။

သာသနာတော် ၁၀၅၅-ခုနှစ် ၊ သက္ကရာဇ် ၄၄၃-တွင် သိုက်တိုင် မင်းးပြု၏။ ဤမင်းသည် သီရိပစ္စယာမြို့မှပြောင်း၍ သမထီးအရပ်၌ တမ္ပ၀တီမြို့ကိုတည်ထောင်၏။မင်းစည်းစိမ် (၇)နှစ်။ ထို့နောက် သေလဉ်ကြောင်မင်း (၁၅)နှစ်။ သေလဉ်ပိုက်မင်း (၁၅)နှစ်။ခဲလောင်းမင်း (၁၀)နှစ်။ ခဲလတ်မင်း (၁၂)နှစ်။ ထွန်တိုက်မင်း (၁၃)နှစ်။ ထွန်ပစ်မင်း (၁၆)နှစ်။ထွန်ခြစ်မင်း (၁၅)နှစ်။ ထို့နောက် ပုပ္ပါးစောရဟန်းမင်း (၂၅)နှစ်။ တမ္ပ၀တီမြို့၌ မင်း ၉-ဆက်။ မြို့သက် (၁၂၉) နှစ်တည်း။ ထိုကာလ သာသနာတော် ၁၁၈၄-နှစ် ၊ ဖြိုးကြွင်းသက္ကရာဇ် ၅၆၂-နှစ်ရှိသည်ဖြစ်၍ အထက်ကိန်းမရောက်ပဲ ဖြိုခဲ့သော ၁၄၈-သက္ကရာဇ်တစ်ရပ် ၊ ၆၂၂-သက္ကရာဇ်တစ်ရပ် ၊၅၆၀-သက္ကရာဇ်တစ်ရပ်၊ ဤသုံးရပ်ကို စပ်၍စီမံသော် အလမ္ဗိကကိန်းကျ၍ အစွန်း ၂-ခုထားလျက်၅၆၀-သော သက္ကရာဇ်ကို ခဆပဉ္ဇကိန်းပြု၍ ဖြိုသည်။

၎င်းနောက် သာသနာတော် ၁၁၈၂-ခုနှစ်။ ဖြိုကြွင်းသက္ကရာဇ် ၂-ခုတွင် ရွှေအုန်းသီးမင်းဖြစ်၏။ နန်းသက် (၁၁)နှစ်။ ၎င်းနောက် ပိဿုံမင်း (၈)နှစ်။ ပိတ်တောင်မင်း အနှစ်(၅၀)။ မင်းခွေး (၆)နှစ်။ မြင်းကျွေးမင်း (၁၀)နှစ်။ သိင်္ခမင်း (၈)နှစ်။ သိန်းခွန်မင်း (၁၀)နှစ်။ ရွှေလောင်းမင်း (၉)နှစ်။ ထွန်တွင်းမင်း (၉)နှစ်။ ရွှေမှောက်မင်း (၂၃)နှစ်။ ထွန်လွတ်မင်း (၁၇)နှစ်။ စောခင်နစ်မင်း (၂၇)နှစ်။ ခဲလူးမင်း (၁၂)နှစ်။

သာသနာတော် ၁၃၈၄-ခုနှစ် ၊ ဖြိုကြွင်းသက္ကရာဇ် ၂၀၂-ခုနှစ်တွင် ပျဉ်ပြားမင်းဖြစ်၏။ ထိုမင်းသည် တမ္ပ၀တီမြို့၌ ၃-နှစ်မျှနေခဲ့ပြီး သက္ကရာဇ် ၂၀၅-ခုနှစ်တွင် ယခုပုဂံပြည်ကိုတည်၍ မင်းပြု၏။ နန်းသက် (၉)နှစ်။ ထို့နောက် တန္နက်မင်း (၁၈)နှစ်။ စလေငခွေး(၂၅)နှစ်။ သိန်းခိုမင်း (၁၆)နှစ်။ တောင်သူကြီး (၃၃)နှစ်။ ကြောင်ဖြူမင်း (၂၁)နှစ်။ကြည်စိုးမင်း (၆)နှစ်။ စုက္ကတေးမင်း (၂၅)နှစ်။ 

ထို့နောက် အနော်ရထာမင်းပြု၏။ အနော်ရထာမင်းလက်ထပ်တွင် ရာမညတိုင်း မွန် ၃ရပ်ကို အောင်မြင်၍ ပိဋကတ်သုံးပုံနှင့်တကွ ရဟန်းသံဃာတို့ကို ဆောင်ယူ၍အရိမန္ဒာမည်သော ပုဂံပြည်ကြီး၌ သာသနာတော်မြတ်ကို တည်စေသည်။ နန်းသက် (၃၃)နှစ် ဟုကျမ်းကြီး ကျမ်းငယ်အသွယ်သွယ်မှာ ညွှန်ပြထားပါတယ်။ 

အနော်ရထာမင်းစော စတင်နန်းတက်တဲ့အချိန် ပုဂံရဲ့နယ်နိမိတ်ကို လေ့လာကြည့်ရင် လက်ရှိအချိန်အရ (မန္တလေး ၊ မိတ္ထီလာ ၊ မြင်းခြံ ၊ ကျောက်ဆည် ၊ ရမည်းသင်း ၊ မကွေး ၊ စစ်ကိုင်း ၊ကသာ ၊ ပခုက္ကူ ၊ မင်းဘူး) တစ်ဝိုက်လောက်ပဲရှိပါတယ် ... အနော်ရထာမင်းမြတ်နန်းတက် တဲ့အချိန်မှာ ပုဂံပြည်မှာ ကြီးစိုးနေတဲ့အယူက နတ်နဂါးနဲ့ အရည်းကြီးအယူဝါဒပါ .. 

ဓါးခုတ်၊ ဖန်ခုန်၊ မီးလှုံ၊ ယစ်ပူဇော်ခြင်းနဲ့ အမျိုးကောင်းသမီးတွေနစ်နာစေတဲ့“ပန်းဦးဆက်ခြင်း”ဆိုတဲ့ အယူဝါဒဆိုးတွေကို မနှစ်သက်တဲ့ အနော်ရထာမင်းမြတ်ဟာပုဂံပြည် ၊ သမထီးအရပ်မှာကြီးစိုးနေတဲ့ အရည်းကြီး ၃ကျိတ်နဲ့ နောက်ပါ ၆သောင်းကျော်ကို နှိမ်နင်းဖို့ စိတ်နှလုံးမသာမယာ ဖြစ်နေတဲ့အချိန်မှာ သထုံကနေ ကြွချီလာတဲ့ မွန်ရဟန်းတော် “ရှင်အရဟံ”နဲ့ တွေ့ကြုံပြီး ဗုဒ္ဓဘုရားရဲ့ စစ်မှန်တဲ့အယူဝါဒ၊ ငြိမ်းချမ်းတဲ့တရားတော်တွေကို နာကြားရပြီးတဲ့နောက် မိစ္ဆာဒိဋ္ဌိ အရည်းကြီးတွေကို နှိမ်နင်းပြီးဗုဒ္ဓဘာသာကို စတင်ပြန့်ပွားအောင် စီစဉ်ဆောင်ရွတ်ခဲ့သည် ..

အနော်ရထာမင်းမြတ်ဟာ သထုံကိုချီတက်တိုက်ခိုက်ရာမှ ရရှိလာတဲ့ ရဟန်းသံဃာများနဲ့ မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ ပိဋိကတ်သုံးပုံကို ပုဂံသို့ပင့်ဆောင်ခဲ့သည်။ ထို့နောက် ပိဋိကတ်တော်များကို မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုကာ ပုဂံတွင် ပိဋိကတ်တိုက်တော်ကို တည်ထားခဲ့သည်။ 

ဒါလူတိုင်းသိတဲ့ အနော်ရထာမင်းမြတ်ရဲ့ ဗုဒ္ဓဘာသာအုတ်မြစ်ချတဲ့သမိုင်း ဖြစ်ပါတယ်။အဲ့ဒီ သမိုင်းကိုလေ့လာကြည့်ရင် မွန်လူမျိုးတွေရဲ့ သထုံပြည်သည် ဗုဒ္ဓသာသနာကိုအနော်ရထာမင်း မတိုင်ခင်ကတည်းက တည်ထားကိုးကွယ် နေကြတာဖြစ်တယ်ဆိုတာသိနိုင်ပါတယ် .. ပြီးတော့ သထုံသည် မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ တည်ရှိနေတာလဲဖြစ်ပါတယ် ...။

 ဒါကြောင့် အနော်ရထာ မင်းမြတ်က မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကိုတည်ခဲ့တယ်ဆိုတာကို ကျနော်က မှန်တယ်လို့လဲယူဆသလို မှားတယ်လို့လဲ ငြင်းပါတယ် ..အနော်ရထာသည် သာသနာတော်ကိုပြန့်ပွားအောင်ဆောင်ရွတ်ခဲ့ တယ်လို့မြင်ပါတယ်မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ ဗုဒ္ဓသာသနာသည် အနော်ရထာမတိုင်ခင် ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ်လေ့လာကြည့်မယ်ဆိုရင် အထင်ရှားဆုံးသော သက်သေတွေ အများကြီး ရှိနေပါတယ်။ ..ဥပမာ- ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ သမိုင်းကို လေ့လာကြည့်ရင် သိနိုင်ပါတယ်

ရွှေတိဂုံစေတီတော်ကြီးဟာ ဘုရားရှင်လက်ထပ်က မွန်တို့ရဲ့ဌာနေဖြစ်တဲ့ ဥက္ကလာပမင်းကြီးရဲ့ နိုင်ငံတော်ထဲမှာပါတဲ့ အသိဉ္စနမြို့ထဲက သူဌေးသားနှစ်ယောက်ဖြစ်တဲ့ တပုဿ နဲ့ ဘလ္လိက ညီနောင် နှစ်ဦး ဘုရားရှင်ပွင့်တော်မူရာ မဇ္ဈိမဒေသကို ကုန်စည်ကူးသန်းရင်းနဲ့ ဘုရားရှင်သီတင်း သုံးတော်မူရာ လင်လွန်းပင်အောက်မှာ မြတ်စွာဘုရားရှင်ကို မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့်  ပူဇော်လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ ကုန်သည်ညီနောင် နှစ်ဦး ဟာလည်း ဘုရားရှင်လက်ထပ်မှာ ပထမဦးဆုံး ဆွမ်းကပ်ခွင့်ရသူ နဲ့ပထမဦးဆုံး “သရဏဂုံ” တည်ခဲ့သူတွေလည်းဖြစ်ပါတယ်။

တပုဿ နဲ့ ဘလ္လိကညီနောင်နှစ်ဦးဟာ မြတ်စွာဘုရားရှင်ကိုယ်စား ကိုယ်ပွားပူဇော်စရာ အဖြစ် အသနားခံ တောင်းပန်တဲ့အခါ မြတ်စွာဘုရားပေးသနားခဲ့တဲ့ ဆံတော်(၈)ဆူနဲ့အတူ ဥက္ကလာပ မင်းကြီးလက်ထပ်မှာပဲ 
၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်

၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်

၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏  ရေသနုပ် သင်္ကန်းတော်မြတ် စတဲ့ မွေတော်ဓါတ်တော်များနဲ့ အတူတည်ထားခဲ့တဲ့ စေတီတော်မြတ် ဖြစ်ပါတယ်။ ကမ္ဘာ့အစောဆုံး စေတီတော်ကြီးဖြစ်သလို ကမ္ဘာ့အံ့ဖွယ်တစ်ပါးလဲဖြစ်ပါတယ်။

မွန်လူမျိုးတို့လက်ထပ်မှာ မွန်ဘာသာနဲ့ ကျော်လဂုင် လို့ခေါ်ဆိုပြီး ဒဂုံတိုင်းဖြစ်တဲ့ သိင်္ဂုတ္တရ  ကုန်းတော်မှာ တည်ထား ကိုးကွယ်ခဲ့တာပါ ... တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီး လက်ထပ်မှာမှ မွန်တို့ကိုတိုက်ခိုက်အောင်မြင်ပြီး ဒဂုံကို ရန်အပေါင်း ကုန်စင်တဲ့အထိမ်းအမှတ်နဲ့ ရန်ကုန်လို့ခေါ်ထွင်စေခဲ့ရာက ကျော်လဂုင်စေတီတော်မြတ်ကြီးဟာလည်း ကျိုက်ဒဂုံအဖြစ်သော်လည်းကောင်း ကာလရွေ့လျားလာတဲ့အခါ ရွှေတိဂုံစေတီတော်မြတ်ကြီးအဖြစ် ကမ္ဘာ့အလယ်မှာ ၀င့်ထည်စွာတည်ရှိခဲ့တာပါ ...
---------------------------------------------------------------------------
ကျနော်တို့ရဲ့ မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘသာအထွန်းကားဆုံးနိုင်ငံတစ်ခု ဖြစ်သလို ဘုရားရှင်လက်ထပ်မှသည် ယနေ့တိုင်အောင် သာသနာတော်ကို ပြန့်ပွားအောင် ဆောင်ရွတ်နိုင်တဲ့ တိုင်းပြည်လဲဖြစ်ပါတယ် ..

ဒါပေမယ့် ဒီနေ့မျက်မှောက်ခေတ်မှာ ဘာသာရေးဆိုတာ ဘာမှန်းတောင်မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ဒေါ်စုကြည်ပြောသမျှ ကုလားဘက်က ကာကွယ်ပြီး မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက ဘာသာပေါင်းစုံ စုစည်းနေထိုင်ခဲ့တာကြောင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ကြေငြာရင်ပဲ အရေးအခင်းဖြစ်ပြီး တိုင်းပြည်
ပျက်မလိုပြောနေတဲ့ Eleven Media CEO ဦးသန်းထွဋ်အောင်တို့လို ကောင်မျိုးတွေကြောင့် လူငယ်အများစုဟာ အထင်အမြင်လွဲမှားနိုင်စရာတွေဖြစ်လာပါတယ်။

ဘာသာပေါင်းစုံ စုစည်းနေထိုင်ကြတယ်ဆိုတာ ကျနော်အနေနဲ့မငြင်းပါဘူး ကျနော်တို့နိုင်ငံဟာ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှာ နှစ်ပေါင်းတစ်ရာကျော် ကြာအောင် ကျွန်ဘ၀နဲ့နေလာခဲ့စဉ်မှာ ဗုဒ္ဓဘာသာဟာ အတော်ပဲမှေးမှိန်ခဲ့ရတာပါ။

ယနေ့မြင်နေရတဲ့ မွတ်စလင်ဗလီကြီးတွေဟာလည်း အင်္ဂလိပ်နယ်ချဲ့လက်ထပ်မှာ  ကုလားတွေက အခွင့်အရေး ယူတည်ဆောက်ခဲ့တာ အများကြီးပါပဲ ..ဆူးလေစေတီကြီးရဲ့ဘေးမှာရှိနေတဲ့ ဗလီကြီးဟာဆိုရင် တကယ်တော့ ဆူးလေစေတီတော်ရဲ့ ၀တ်္တက မြေထဲမှာပါခဲ့တာပါ ..လမ်းဖောက်စဉ် လမ်းနဲ့မလွတ်တဲ့အတွက်ကြောင့် ဆူးလေစေတီတော် ကိုဖြိုဖျက်ဖို့ ကြိုးစားခဲ့ကြပြီး အဲ့ဒီအချိန်က ၀ိတိုရိယဘုရင်မကြီးက ဖျက်စီးဖို့ခွင့်မပြုတာကြောင့်
ဘေးပတ်ပတ်လည်က ကုန်းတော်တွေကိုတူး မြေညှိပြီး ရောင်းစားခဲ့လို့ ဒီဗလီကြိးတွေ ပေါ်လာခဲ့တာပါ ...

သမိုင်းအစဉ်အဆက်ပြန်ကြည့်ရင် ဘယ်သူတွေကယုတ်မာတယ်ဆိုတာ၊ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘယ်လောက်တောင်ခံစားခဲ့ရတယ်ဆိုတာ သိနိုင်ပါတယ် .. 


ဒါကြောင့်သမိုင်းကိုပါလိမ်ပြီး မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံဆိုတာတွေ၊ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ဘာသာမဟုတ်ဘူးလို့ပြောဆိုနေတာတွေဟာ ဗုဒ္ဓဘာသာဝင်အကုန် လုံးကို အဆုံးစွန်ဆုံး စော်ကား ပုတ်ခတ်ခြင်းသက်ရောက်ကြောင်း သတိပေးလိုက်ရပါတယ် ...

From:Ko John



Friday, June 28, 2013

လူမှုရေးနှင့် ပညာရေး ပလက်ဖောင်း

\
လူမှုရေးနှင့် ပညာရေး ပလက်ဖောင်း


နေ့စဉ်ဘဝကို ဖြတ်သန်းနေကြသော လူသားတို့၏ ပလက်ဖောင်းတွင် အတက်မျိုးစုံ တက်သိနားလည်ကြသည့် ပညာရှင် လူငယ်များစွာ ရှိနေကြမည်မှာ အမှန်ပင် ဖြစ်ပါတယ်။ သို့သော် စာရေးသူ အနေဖြင့် လူမှုရေးနှင့် ပညာရေး ကဏ္ဍတစ်ခုကို ဆွေးနွေး တင်ပြပေးချင်ပါတယ်။

ယနေ့ကမ္ဘာကြီးမှာ တိုးတက်နေသည့် အရာရာတိုင်းသည် (Social and Education) လူမှုရေးနှင့် ပညာရေးတွေကတဆင့် (Development) တိုးတက်လာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ နေကြာစေ့ အခွန်ခွါသလောက် မလွယ်ကူတဲ့ ပညာရေးနှင့် လူမှုရေးဝန်းကျင်မှာ တင်ပြစရာတွေ အများကြီး ဖြစ်နေပါတယ်။ စာရေးသူအနေနဲ့ဖြင့် ကိုယ် သိသလောက် အကြောင်းအရာလေးတွေ ဆွဲထုတ်ပြီး တင်ပြလိုက်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်သစ် (New Generation) လူငယ်တွေ တစ်ခေတ်ပြီး တစ်ခေတ် သက္ကရာဇ်တွေ ကုန်ဆုံးသွားပေမဲ့ တုန့်ပြန်မရှိ ပါးစပ်ပိတ် နားထောင်ရတဲ့ ပညာရေးနှင့် ပွင့်လင်းမှု မရှိတဲ့ လူမှုရေး ဝန်းကျင်ထဲ ကျင်လည်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရသည်မှာ အားလုံးက အသိပင်ဖြစ်ပါတယ်။

အဲဒီလို နေခဲ့ရတဲ့ ပတ်ဝန်းကျင် အတိုင်းတာကို ကြည့်မယ်ဆိုလျှင် လူငယ်တွေအနေနဲ့ ပညာရေး အခွင့်လမ်းတွေ နည်းလွန်းနေခဲ့ရပါတယ်။ သူတို့အားလုံး လွတ်လပ်သော ပညာသင်ကြားခြင်းတွေ ဆုံးရှုံးသလို ဖြစ်နေခဲ့ကြပါတယ်။

ယနေ့ တိုးတက်လာသည့် နိုင်ငံ တစ်နိုင်ငံရဲ့ အသက်သွေးကြောသည် လူမှုရေးနှင့် ပညာရေး ပေါင်းစည်းထားခြင်း ဖြစ်ပါတယ်။  မစ္စတာလီရဲ့ စင်္ကာပူလို နိုင်ငံကို ကြည့်လျှင် ပို၍ သိသာသလို တောင်ကိုရီးယားလို နိုင်ငံမျိုးက ဒီနေ့ မြန်မာ့ တီဗွီတွေပေါ်မှာ ခေတ်စားနေတဲ့ (Social Films or movies) တွေကို ကြည့်လျှင် သိသာ ထင်ရှားပါတယ်။ သူတို့နိုင်ငံတွေမှာ အခြေခံ ဖောင်းဒေးရှင်း(န်) က နိုင်ငံ တစ်နိုင်ငံရဲ့ လူမျိုးပေါင်းစုံ ညီညွတ်ရေး အုတ်မြစ်ဖြစ်တဲ့ လူမှုရေးနှင့် ကျယ်ပြန့်သော ပညာရေးတွေပင်ဖြစ်ပါတယ်။

ပထမဦးဆုံး လူမှုရေးဆိုတာကတော့ (Social means concerning or belonging to the way of life and welfare of people in community) အဖွဲ့အစည်းဆိုင်သော အသိုင်းဝိုင်းအတွင်းက ဘ၀နေနည်း ထိုင်နည်း တရာမျှတခြင်းတွေ (Daily Social Problems) နေ့စဉ် လူမှုရေး ပြဿနာတွေ (Concerning the system by which such a community is organized) လူတွေ စုဝေးဖွဲ့စည်ထားသည့် စနစ်နှင့်သက်ပတ်မှုတွေ (Social Class) လူမှုအဆင့်အတန်းတွေ (living in communities) အဖွဲ့အစည်းဖြင့် နေထိုင်မှုတွေ (A Social club) လူမှုရေး အသင်းတွေနှင့် ဘယ်လို အသိုင်းဝိုင်းနှင့် တွေ့ဆုံနေပါစေ အံဝင် ခွင်ကျ ဆက်ဆံနိုင်တာကို လူမှုရေးလို့ ခေါ်ပါတယ်။ လူသားအားလုံးတို့သည် (Human beings are social beings) လူမှုရေး အသိုင်းဝိုင်းထဲက လူတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ အားလုံးကလည်း (That is, each one of us lives in a condition of interdependence within society.) လူမှုရေးဆိုင်ရာ အသိုင်းဝိုင်းအတွင်းက အခြေအနေတစ်ခု အနေနဲ့ မဖြစ်မနေ နေကြပါရတယ်။

ဥပမာ တစ်ခု အနေနဲ့ ပြောရလျှင် အမေရိကန် သမ္မတကြီး လင်ကွန်းပြောခဲ့သည့် စကားလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ "ရုံးခန်းထဲက လေညှင်းခံ ပန်ကာ အောက်မှာ ချည်း ထိုင်မနေနဲ့၊ အပြင်ထွက်ပြီး လူတွေကြားမှာ အမှန်တရားကို ရှာပါ။ လူတွေ အကြောင်း သိအောင် ကြီုးစားပါ။ အဲဒါမှ မိမိဌာနနှင့် နိုင်ငံအတွင်း ဘာတွေဖြစ်နေသလဲဆိုတဲ့ အကြောင်းကို အမှန်အတိုင်း သိနိုင်ပါတယ်။ ဒါဟာ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်။"

လူမှုရေး နယ်ပယ်မှာ ကိုယ်က ခေါင်းဆောင်ဖြစ်လာလျင် ကိုယ် ထိုင်နေသည့် ရုံးခန်းအတွင်းမှာ ဇိမ့်ခံမနေသင့်ပါ။ ခေါင်းဆောင် တစ်ယောက်ဖြစ်လာသည့်အတိုင်း ကိုယ့် ဝန်းကျင်နှင့် ပြင်ပလောက လူတွေကြားမှာ အမှန်တရားကို ရှာဖွေပြီးမှ ဆုံးဖြတ်ချက်ပေးပါ။ လိုအပ်နေသည့် လူတွေ အကြောင်း သိအောင် ကြိုးစားပေးပါ။ အဲဒီက ရလာသည့် အဖြေဟာ မိမိဌာနနှင့် နိုင်ငံအတွင်း ဘာတွေဖြစ်နေသလဲဆိုတဲ့ အကြောင်းအရာကို အမှန်အတိုင်း သိလာမည် ဖြစ်တယ်။ ထိုအရာတွေသည် ရွေးချယ်မှု မှန်ကန်သော အကောင်းဆုံး နည်းလမ်းကောင်း ဖြစ်ပါတယ်။ ဒါတွေဟာ လူမှုရေးနှင့် ပညာရေးတွေမှာ မရှိမဖြစ် လိုအပ်လာသည့် အချက်အလက်တွေပင် ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ လူမှုရေးနှင့် ပညာရေးတို့ လမ်းကြောင်းပေါ်တက်လာလို့ ကိုယ်ပိုင် အသိပညာ အတက်ပညာ၏ အလင်းရောင် တောက်ပလာသည့် အခါ လူမှုရေး အသိုင်းဝိုင်းထဲ မဖြစ်မနေ ဝင်ရောက်ပါတယ်။ ကိုယ့် မာန်မာနတွေကို တတ်နိုင်လျှင် အနိမ့်ဆုံး သုည လျော့ချပြီး လူမှုရေး နယ်ပယ်မှာ ပညာရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ပါမှ တိုးတက်လာမည် ဖြစ်ပါတယ်။

ဒါပေမဲ့ ပညာ မာန်မာန အသိုင်းဝိုင်း မာန်မာန စည်းစိမ် မာန်မာန စသည်တွေကို ကိုယ် သင်ခဲ့ဖူးသည့် လူ့ယဉ်ကျေးတွေ၏ အိပ်ယာထက်မှာ သင်္ဂြိုဟ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်က လူမှုရေးနှင့် ပညာရေး နယ်ပယ်မှာ ခေါင်းဆောင်ဖြစ်လာလျှင်လည်း လူတစ်ယောက်ကို အမိန့်ပေး စေခိုင်းနေခြင်းထက် သူ့ရဲ့ ထင်မြင်ချက်ကို ယူပြီး လုပ်ဆောင်လျှင် ပိုမိုထိရောက်သော တိုးတက်မှု တစ်ခုပင် ဖြစ်ပါတယ်။

ဒါတွေကို နှိုင်းယှဉ် သုံးသပ်ကြည့်လိုက်တော့ လူမှုရေး ဝန်းကျင်မှာ ပညာနှင့်ပတ်သက်၍ မြတ်စွာဗုဒ္ဓသည် အောက်ပါ မှတ်သားဘွယ်ရာ စကားရပ်များကို မိန့်ကြားတော်မူခဲ့ပါတယ်။

ပညာသမာ အာဘာ နတ္ထိ (သံ၊၁၊၆၊ပါ)

လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိ။

ပညာ နရာနံ ရတနံ (သံ၊၁၊၃၃၊ပါ)

ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

စတ္တာရောမေ ဘိက္ခဝေ သြဘာသာ။ ကတမေ စတ္တာရော၊ စန္ဒောဘာသော သူရိယောဘာသော အဂ္ဂေါဘာသော ပညောဘာသော။ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော သြဘာသာ။ ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ စတုန္နံ သြဘာသာနံ ယဒိဒံ ပညောဘာသော။ (အံ၊၁၊၄၅၇။)

ပရိသတ်လေးပါး အို ချစ်သားတို့... အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ --- လ အလင်းရောင်၊ နေအလင်းရောင်၊ မီးအလင်းရောင်၊ ပညာအလင်းရောင်တို့တည်း။ ပရိသတ်လေးပါး အို ချစ်သားတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ ချစ်သားတို့ ...ဤအလင်းရောင် လေးမျိုးတို့တွင် ပညာအလင်းရောင်သည် အမြတ်ဆုံး ဖြစ်ပေ၏။ (အံ၊၁၊၄၅၇။)

လူသားအားလုံး၏ မရှိမဖြစ် လိုအပ်သည် ပညာဆိုတာ ဘယ်လောက် အရေးကြီးသလဲဆိုတာကို မြတ်ဗုဒ္ဓက ဟောဖော်ညွန်ပြ တိတိကျကျ ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ လူမှုရေးဆိုင်ရာတွေကို တက်သိ နားလည်နိုင်သော ပညာရေး ဖြစ်မည့် (By firmly stating that philosophical exploration of Engaged knowledge) အခြေခံ ခိုင်မာသည့် အသိဥာဏ်က တွေးခေါ် ပေါက်ဖွားပေးနိုင်မှသာလျှင် ဖြစ်ပါတယ်။

အရင်တုန်းက မျိုးဆက် တစ်ခု (One Generation) ခေတ် စနစ်အစွဲတွေ ရှိခဲ့ကြတယ်။ အခုခေတ် လူငယ်တွေမှာတော့ ဘယ်အရာက လက်တွေ့ကျလဲဆိုတာ စဉ်းစားလာကြတယ်။ တဖြေးဖြေးReading informative books, General Knowledge, Creative Thinking, Skill, Power of work, Workability, Technology Creative and I.T Creative power နည်းပညာတီထွင် ဖန်တီးမှုတွေ လုပ်နိုင်ဖို့တွေ အရေးကြီးလာကြတယ်။ ပညာရေးမှာလဲ တစ်ခုတည်းကို တတ်မြောက်ထားရုံနဲ့ မလုံလောက်တော့ဘဲ ပညာစုံကို အသက်မသေမချင်း သင်ကြားသွားမှသာ လုံလောက်မှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေအတွက် ပြောင်းချင်တဲ့ ဆန္ဒ ပြောင်းလဲရန် အင်အား ပြောင်းလဲရန် နည်းစနစ် မဟာဗျူဟာတို့ လိုအပ်လာပါတယ်။ လိုအပ်သည့်အတိုင်းလည်း နည်းမှန် လမ်းမှန်ဖြင့် ပညာရေးတွေကို လုပ်ဆောင်နိုင်ဖို့ အရေးကြီးလာပါတယ်။

ဘာကြောင့်လည်းဆိုတော့ လူမှုဝန်းကျင် အသိုင်းဝိုင်းမှာ ပညာရေးမြင့်မှ လူမျိုးမြင့်မည်။ လူမျိုးတင့်မှ ကိုယ့် တိုင်းပြည် တိုးတက်မည်မှာ အမှန်ပင် ဖြစ်ပါတယ်။ ပညာရေးသည် တိုင်းပြည်နှင့် လူမျိုးတို့၏ အသက်သွေးကြောပင် ဖြစ်ပေသည်။ ပညာရေး ထွန်းကားမှ တိုင်းပြည် သာယာဝပြော ထွန်းကားမည်။ ပညာရေးသည် မျိုးဆက်သစ် လူငယ်တို့ ပိုင်ဆိုင်သော ရတနာမျိုးစုံ စီခြယ်ထားသော ခမ်းနားထည်ဝါသော အလှနှင့် တူညီပါတယ်။ တန်ဘိုးကြီးလှသော ခေတ်အဆက်ဆက်က စာပေ ပညာရပ်ဆိုင်ရာ အားလုံးကို မျိုးဆက်သစ် လူငယ်တွေက လက်ဆင့် သယ်ဆောင် ထိန်းသိမ်းကြမည်မှာလည်း မြေကြီးနှင့် လက် ရိုက်ခတ်၍ မလွဲ ဧကန်ပင် ဖြစ်ပါတယ်။

ထို့အပြင် ကျွန်တော်တို့ အခွင့်လမ်းတွေ မဆုံးရှုံးစေချင်သလို ခေတ်ကာလ ပွင့်လင်းလာသည့် အလျောက် တိုးတက် စည်ပင်အောင် ပညာရေးကို မျက်ကွယ် မပြုနိုင်တော့ပါ။ကျွန်တော်တို့၏ လူမှုရေးနှင့် ပညာရေး ပေါင်းကူး တံတား တည်ဆောက်ရမည်မှာ အမှန်တကယ်ပင် ဖြစ်ပါတယ်။

ဒါတွေဟာလည်း လူသားတို့ ဖြတ်သန်းနေသော နေစဉ်ဘဝထဲတွင် ပညာသည် အမှောင်နှင့် အလင်း အမှားနှင့် အမှန် လောကဓံဟူသမျှ ကြီးသည့် အမှု ငယ်အောင်၊ ငယ်သည့် အမှု ပပျောက်အောင် ရှင်းလင်း သိသာအောင် ဖော်ပြပေးနိုင်သော ဘဝအလင်းရောင် ဖြစ်ပါတယ်။

သုတ္တန္တပိဋကတ် စာပေကျမ်းဂန်လာ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်အတိုင်း ပြောရမည်ဆိုလျှင် အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပညာ လောကသ္မိံ ပဇ္ဇောတော (သံ၊၁၊၄၁၊ပါ)

ပညာသည် လောကကြီးအတွက် အကောင်းဆုံး အလင်းရောင်။

ထေရဝါဒ ဗုဒ္ဓဘာသနိုင်ငံ ဖြစ်သည်အလျောက် တိုင်းပြည် နိုင်ငံ၊ ဘာသာ သာသနာ တိုးတက်စည်ပင်အောင် ပညာရေးသည် မရှိမဖြစ် လိုအပ်သော မီးရှူးတန်ဆောင်ကို အချိန်တိုင်း စက္ကန့်တိုင်း အရှိန်ဟုန် မြင့်တင်၍ ထွန်းညှိနိုင်ရမည်သာ ဖြစ်တယ်။ ဗုဒ္ဓဘာသာ နိုင်ငံ တိုင်းပြည်တွေမှာ ပညာရေး အလင်းရောင်နှင့် တိုးတက် စည်ပင် သာယာဝပြောလာမည်မှာ မလွဲ ဧကန်ပင် ဖြစ်ပါတယ်။

နိဂုံးချုပ်အနေအားဖြင့် လူသားအားလုံးတို့၏ လျှောက်လှမ်းကြသော ပလက်ဖောင်းပေါ်က ဘဝစာသင်ကျောင်းမှာ လူမှုရေးနှင့် ပညာရေးတွေကို စတင်သင်ယူလာခဲ့ကြပါတယ်။ အဲဒီလို သင်ယူလာခဲ့ခြင်းသည် လူမှုဝန်းကျင်နှင့် တိုင်းပြည် သာယာစည်ပင်သော ငြိမ်းချမ်းရေး အသွင်ဆောင်သော မှန်ကန်သော မေတ္တာနှင့် တိုးတက်လမ်းစဉ်ကို လျှောက်လှမ်းနေကြခြင်း ဖြစ်ပါတယ်။

ဤကဲသို့ လျှောက်လှမ်းခြင်းသည် မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်အတိုင်း ပြောရလျှင် "ဇနေတိ သဒိသံ ပါကံ" အားလုံးအတွက် တူမျှသော အကျိုးကျေးဇူးဖြစ်၍ ကိုယ့် ပြည် ကိုယ့် တိုင်းပြည် အချိန်တိုတိုနှင့် တိုးတက်လာမည်ပင် ဖြစ်ပါတယ်။

လူမှုရေးနှင့် ပညာရေးတို့မှ တဆင့် စီးပွားရေး၊ နိုင်ငံအရေး၊ စသည် တိုးတက်ရေး မှန်သမျှကို ဖော်ဆောင်နေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ လူမှုရေးနှင့် ပညာရေးတို့ဖြင့် အခြေခံ အုတ်မြစ်တွေကို ခိုင်မာစွာ တည်ဆောင်ပြီး နှစ်ဆဲ့တစ် ရာစု၏ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော ပြည်သစ်ဆီသို့ သွေးသစ်လောင်းသော ညီညွတ်သော ခွန်အားတွေဖြင့် လျှောက်လှမ်းကြပါစို့....။

ဘဝနှင့်ဆန္ဒ တစ်ထပ်တည်းကျ၍ အများအကျိုး သယ်ပိုးနိုင်ကြပါစေ....

တက္ကသိုလ်မြတ်မင်း


Wednesday, June 26, 2013

သစ်မြစ်လူသား သားသုံးသား

သစ်မြစ်ဆိုတာ လူတိုင်းသိကြတဲ့အတိုင်း သစ်ပင်ကြီးက အကိုင်းအခက်တွေ ဝေဆာလေလေ သစ်မြစ် တွေက ရေကြည်စုပ်ပြီး မြုပ်သည်ထက်မြုပ်လေလေပါပဲ။ ဒီလိုပါပဲ မြန်မာနိုင်ငံတော်မှာ မျိုးချစ်သားသုံးသားဆို တာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ သားကောင်းရတနာများဖြစ်တဲ့
 (၁)စာသင်သား (သံဃာတော်များ)။ 
 (၂)ကျောင်း သား။ 
(၃)စစ်သားဆိုတဲ့ သားသုံးသားတို့ပဲဖြစ်ပါတယ်။ 
ဒီသားသုံးသားက မြန်မာနိုင်ငံရဲ့ သမိုင်းအဆက်ဆက်မှာ အရေးကြုံရင် သက်လုံကောင်းခဲ့ကြတယ်။ အသက်ပေါင်းများစွာကို ပေးဆပ်ခဲ့ကြတယ်။ သမိုင်းအဆက်ဆက် အနစ်နာခံဘက်ကချည်း နေခဲ့ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။

(၁) စာသင်သားတွေကို လှမ်းကြည့်လိုက်။ ငပိရည်ဆွမ်း ထမင်းကြမ်းကို လွေးရင်းနဲ့ အရေးကြုံလာရင် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်လှုပ်ရှားခဲ့ကြတယ်။ စာရေးသူတို့ ရေနံချောင်းမြို့ ရွှေတောင်တိုက်ပါဠိ တက္ကသိုလ်ကြီးမှာ စာသင်သားဘဝမှာ နေထိုင်ခဲ့စဉ်တုန်းက ရွှေတောင်တိုက်ဆိုတာ ဆေးရုံကြီးနဲ့ ကပ်လျှက်ဆို တော့ ဆေးရုံမှာ သွေးလိုတိုင်းလိုတိုင်း လူနာရှင်တွေက ရွှေတောင်တိုက်ထဲကိုပဲ ပြေးလာပြီး အကူအညီတောင်း ကြတာ။

 တခါတလေဆိုရင် ညဥ့်နက်သန်းခေါင် သွေးလိုလို့ လာခေါ်ရင်လည်း လိုက်သွားပြီး လှူခဲ့ရတာချည်းပဲ။ ဘယ်သူ့အပေါ်က ဘယ်လိုမျှော်လင့်ချက်မျိုးမှကို မရှိခဲ့တာ။ တခါတလေ သွေးလိုလို့ လာပြီးအကူအညီတောင်း တဲ့လူနာရှင်တွေက ခဏခဏလာ၊ ကိုယ်ကလည်း သွေးထပ်လှူနိုင်မည့် လေးလကမပြည့်သေးဘူး။ မပြည့်သေး ပေမဲ့လည်း ရက်စွဲကို ညာပြီးတော့တောင် လှူခဲ့ရဘူးပါတယ်။ ကျောင်းက သံဃာစာရင်းတွေမှာကိုပဲ သွေးအမျိုး အစား တစ်ခါတည်း ရေးမှတ်ထားလိုက်ရတယ်။ ဆေးရုံကြီးက ဘာသွေးလိုလို့တဲ့လို့ ဆိုလိုက်တာနဲ့ အဲဒီသွေး အမျိုးအစားထဲက မလှူရသေးတဲ့ သံဃာက ကျန်းမာရေးကောင်းရင် သွားလှူလိုက်ရတာပါပဲ။

ရပ်ကွက်ထဲမှာ မီးလောင်လို့တဲ့ဆိုရင်လည်း ဒီစာသင်သားတွေကပဲ ရှေ့ကနေဦးဆောင်ပြီး မီးငြှိမ်းသတ် တာတွေ၊ ပစ္စည်းတွေကို မီးလွတ်ရာကို ရွှေ့ပြောင်းပေးရတာတွေ၊ မေးဘေးဒုက္ခသည်တွေ နေရေးထိုင်ရေးကိစ္စ တွေကို ဆောင်ရွက်ပေးခဲ့ကြတာပါ။ ရပ်ထဲရွာထဲမှာ မိုက်ပေ့ဆိုးပေ့ဆိုတဲ့ ကောင်တွေ သောင်းကျန်းနေပြီဆိုရင် လည်း သံဃာတော်တွေကပဲ အမိုက်ခံ အမုန်းခံပြီး ဝင်ထိန်းသိမ်းပေးခဲ့ကြတာပါပဲ။

ကိုယ်ကမွေးထားတဲ့ ကိုယ့်သားသမီးလည်းမဟုတ်ဘူး၊ ကိုယ့်အမေကမွေးတဲ့ ကိုယ့်ညီမလည်းမဟုတ် ဘူး၊ ကိုယ့်အမျိုးလည်းမဟုတ်ဘူး၊ ကိုယ့်ကြင်သူသက်ထား ဇနီးမယားလည်းမဟုတ်ဘူး၊ ဒါပေမဲ့ မြန်မာအမျိုး သမီးလေးတစ်ယောက်က လူမျိုးခြား ဘာသာခြားနဲ့ လက်တွဲသွားနေတာ အကြည်ဆိုက်နေတာကို မြင်တိုင်း မြင်တိုင်း အသည်းဆတ်ဆတ်ခါ နာတတ်တာလည်း သံဃာတော်တွေပါပဲ။ ရုတ်တရက် ဆူဝေတက်ကြွလာတဲ့ ဒေါသယမ်းအိုးကြီးကို မပေါက်ကွဲအောင် သူတော်ကောင်းတရားနဲ့ အနိုင်နိုင်ထိန်းချုပ်ပြီး ကိုယ့်အမျိုးမျိုး ကိုယ့် ဘာသာ ကိုယ့်သာသနာကို စောင့်ရှောက်ဖို့ လက်တွေ့သာဓကတွေနဲ့ နည်းလမ်းပေးခဲ့ကြတာတွေကလည်း သံဃာတော်တွေပါပဲ။

သံဃာတော်တွေရဲ့ နှလုံးသားထဲမှာ မြန်မာအမျိုးသမီးမှန်ရင် ကိုယ့်ညီမတွေလိုပဲ သဘောထားပြီး မြန်မာအမျိုးသမီးတစ်ယောက် ပဲ့ပါသွားတိုင်း နှလုံးသားတစ်စ ပဲ့ကြွေသွားသလို ခံစားကြရတာ ချည်းပဲဆိုတာ ဟုတ်/မဟုတ် သမိုင်းဖြစ်စဉ်တွေကို မေးကြည့်လိုက်ပါ။ သံဃာတော်တွေဟာ (လူတွေလို) ပုဂ္ဂလိကဆန်ဆန် ချစ်စရာခင်စရာ တစ်ယောက်တစ်လေမှ မရှိတဲ့အခါကြတော့ မြန်မာတစ်မျိုးသားလုံးကိုပဲ တန်းတူညီမျှ ချစ်ခင်ကြင်နာတတ်ကြတယ်။ အဲဒီလို ချစ်ခင်ကြင်နာတတ်တဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်လို့ တဲ့ဟေ့လို့ ဆိုလိုက်တာနဲ့ သူများ ဓားခုတ်ရာကို လက်ဝင်လျိုပြီး ကြားထဲက ငထွား ခါးနာခဲ့ရတဲ့အဖြစ်မျိုးတွေ သမိုင်းမှာ အထင်အရှား ရှိခဲ့ကြပါတယ်။

နိုင်ငံရေး သမိုင်းမျက်နှာစာကို ကြည့်လိုက်ဦးမလား။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဦးဆောင်ပါဝင်ခဲ့ ကြတာတွေကလည်း ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့လို သံဃာတော်တွေပါပဲ။ အရေးကြုံလာရင် အသက်ကို ပဓာနမထားပဲ လူဝတ်လဲပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ဘူးပါတယ်။ ၈၈ အရေး အခင်းတစ်ခုလုံးမှာ အတုံးအရုံး သေဆုံးခဲ့ကြတဲ့အထဲမှာ သံဃာတော်တွေ အများကြီးပါခဲ့ပါတယ်။ အရေးအခင်း ကာလအတွင်း မင်းမဲ့တိုင်းပြည်လို ဖြစ်နေတဲ့ စပ်ကူးမတ်ကူး ကာလတွေမှာလည်း သံဃာတော်တွေကပဲ ဦးဆောင်ပြီး ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ရွာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတယ်။

ဓာတ်ဆီဈေးတွေတက်လို့တဲ့၊ ကုန်ဈေးနှုံးတွေ တက်လို့တဲ့ အရှင်ဘုရားတို့ ပြည်သူတွေမှာ ဒီလောက် ဆင်းရဲကြပ်တည်းနေကြတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေကြတော့မှာလားဘုရား၊ အရှင်ဘုရားတို့က ရှေ့က ဦးဆောင်ပါ၊ အရှင်ဘုရားတို့က ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်လိုက်ရင် လူတွေလည်း နောက်ကပါလာ မှာပါ စသဖြင့်စသဖြင့်ပေါ့၊ ဟိုလူတွေကပြောကြ ဒီလူတွေက ပြောကြနဲ့ အဲဒီလိုပြောကြတဲ့အခါ တိုင်းပြည်အရေး ငါတို့အရေး၊ ပြည်သူ့အရေး ငါ့အရေးပဲဆိုပြီး ရှေ့တန်းကနေ သံဃာတော်တွေက မားမားမတ်မတ် ဦးဆောင် ချီတက်ခဲ့ကြလို့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု(အရေးအခင်း)ဆိုတာ ပေါ်လာခဲ့တယ်။ ဘယ်သူမှ အဲဒီလို ကမ္ဘာ တစ်ဝှမ်းလုံးက တုံလှုပ်ခြောက်ခြားသွားအောင် လုပ်မပြနိုင်ခဲ့တာကို သံဃာတော်တွေက ညီညီညွတ်ညွတ်နဲ့ လုပ်ပြနိုင်ခဲ့ကြတယ်။

 အဲဒီတုန်းကများဆိုရင် တစ်ချို့ အဖွားတွေ အဒေါ်တွေက မျက်ရည်တောက်တောက်ကျပြီး ဝမ်းသာဝမ်းနည်းစိတ်တွေနဲ့ ဦးခိုက်ကန်တော့ကြရှာတယ်။ လူတွေမလုပ်နိုင်တာကို သံဃာတော်တွေ လုပ်ပြနိုင် ခံတယ်။ လူတွေမလုပ်ရဲတာကို သံဃာတော်တွေ လုပ်ရဲခဲ့ကြတယ်။ လူတွေ မစတေးရဲတာကို သံဃာတော်တွေ စတေးပြခဲ့ကြတယ်။ အဲဒီတုန်းကများဆိုရင် အစိုးရက သံဃာတော်တွေကို အညှိုးအတေးကြီးကြီးနဲ့ သံဃာများ တဲ့ ကျောင်းတိုက်တွေကို ညဥ့်နက်သန်းခေါင် ဝင်ဝင်စီးပြီး ဖမ်းခေါ်သွားတာတွေ၊ လက်စတုန်း ကိစ္စပြတ်အလုပ် ခံရတာတွေလည်း သံဃာတော်တွေပါပဲ။

နိုင်ငံကျော်တဲ့ နိုင်ငံရေးသမားဆိုရင်တော့ လက်စတုန်း ဘယ်လုပ်ရဲပါ့မလဲ။ အညတရ ကျေးရွာလေးက  မထင်မရှားမိသားစုကနေပေါက်ဖွားလာရပြီး သေးသေးသိမ်သိမ် သံဃာတော်လေးတွေမှာတော့ မှေးမှေးမှိန်မှိန် ပျောက်ကွယ်ခဲ့ကြရတယ်ဆိုတာလည်း လူတိုင်းအသိပါပဲ။ လူတွေမှာ ကုန်ဈေးနှုံးကြီးလို့ ဆင်းရဲကြပ်တည်းလို့ ဆိုပြီး လူတွေမလုပ်ရဲတာကို သံဃာတော်တွေက ရှေ့ကနေ ဦးဆောင်တောင်လှန်ခဲ့ကြပေမဲ့ ဘယ်သံဃာတော် ကတော့ ဘယ်ပါတီက ဘယ်လိုရာထူးမျိုးဆိုတဲ့ အာဏာခွဲဝေရေးမှာကော ပါခဲ့ဘူးလို့လဲ။ ဘယ်လိုအခွင့်ထူးကို မှ ပိုင်ဆိုင်ချင်ပါတယ်ဆိုတဲ့ အခွင့်အရေးမျိုးကော တောင်းဆိုခဲ့ဘူးသလား။ ဘာမျှော်လင့်ချက်မှကို မထားခဲ့တာ ပါ။ ပြည်သူ့အတွက် ပြည်သူ့အတွက်ချည်းပဲ အရာအားလုံးကို ပေးဆပ်ခဲ့ကြတာချည်းပါပဲ။

အခုကြည့်လေ ၉၆၉-ဆိုတာပေါ်လာပြန်ပြီ။ ၉၆၉ အတွက် လှုပ်ရှားနေကြတဲ့ သံဃာတော်တွေကို အကြမ်းဖက်အဖွဲ့အဖြစ်မြင်လာအောင်၊ အစိုးရ လက်ကိုင်ဒုတ်အဖြစ် မြင်လာအောင် လူမျိုးခြား စက်သေနတ် မီဒီယာတွေက အရေးကောင်းကောင်းနဲ့ ကမ္ဘာသိအောင် ရေးသားဖြန့်ဝေခဲ့ကြတယ်။ ၉၆၉ လှုပ်ရှားမှုဆိုတာ ကိုယ့်တိုင်းပြည်ကိုချစ်ဖို့၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကိုချစ်ဖို့၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကိုယ့်အသက်ကိုတောင် စတေးပြီး တိုင်းပြည်အရေးအတွက် အဓိကထားလှုပ် ရှားခဲ့ကြတာပါ။

ဒါကိုမြန်မာနိုင်ငံ တချို့နေရာတွေမှာ အကြမ်းဖက်မှုတွေဖြစ်တိုင်း ၉၆၉ ကိုချည်းလက်ညှိုးထိုးပြီး အပြစ်ပုံချခဲ့ကြတယ်။ ပြဿနာရင်းမြစ်က ဘယ်သူက စတာလဲ။ ပြဿနာကြီးထွားလာအောင် ဘယ်သူတွေက လုပ်နေတာလဲဆိုတာ အသေအချာ မကြည့်ဘဲ၊ လူမျိုးခြား စက်သေနတ်မီဒီယာတွေရဲ့ ပါးစပ်ဖြားမှာပဲ အသိ ဉာဏ် မျက်ကန်း အရမ်းယုံခဲ့ကြတယ်။ အဲဒီလို အသိဉာဏ် နည်းကြတဲ့သူတွေဟာ စောလူးမင်းလို လူစားမျိုး တွေပါပဲ။ ကိုယ့်အတွက် လုပ်နေတာလား အများအတွက် လုပ်နေတာလားဆိုတာ မစဉ်းစားတတ်ကြဘူး။

သံဃာတော်တွေက ကိုယ့်အသက်ကို စတေးပြီး ပြည်သူတွေအတွက်ပဲ လုပ်နေကြတာဆိုတာ သဘော မပေါက်ကြတဲ့အတွက် မျိုးချစ်စိတ်ဓာတ်ရှိကြဖို့ တရားလေးအစပျိုးလိုက်တာနဲ့ ဒီကိုယ်တော်က အစိုးရလက်ကိုင် ဒုတ်၊ အကြမ်းဖက်မှုတွေ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာပဲလို့ အထင်တော်လွဲကြပြန်ရော။ ကိုယ့်တိုင်း ပြည် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်ကလေးရှိတာတောင် အရှိကိုအရှိအတိုင်း မပြောရဲတဲ့ အဖြစ်။ ပြောလိုက်မိတာနဲ့ ဦးဇင်းကတော့ နိုင်ငံရေးတရားတွေ ဟောနေပြန်ပါပြီ၊ ဦးဇင်းက ဟောရဲပေမဲ့ တပည့်တော်တို့မှာက သားတွေ သမီးတွေ သံယောဇဉ်တွေနဲ့ ဦးဇင်းတို့လို တစ်ကိုယ်ရေ တစ်ကာယမဟုတ်တော့ မနာရဲဘူး-ဆိုတာမျိုးလည်း ကြုံခဲ့ရဘူးပါရဲ့။ နိုင်ငံရေးမှန်းမသိ၊ ဘာသာရေးမှန်းမသိကြသူတွေကလည်း တစ်ပုံတစ်ခေါင်း။ နှမ်းတစ်စေ့နဲ့ ဆီ မဖြစ်ပါဘူး၊ သူ့ထိုက်သူ့ကံ သွားစမ်းပါစေ-ဆိုတဲ့ လူမျိုးတွေကလည်း ဒုနဲ့ဒေး။

စကားပုံထဲမှာ ဘုန်းကြီးအမှု ရွာပတ်ဆိုတာရှိခဲ့ပေမဲ့ တကယ့်တကယ်ကြတော့ ရွာထဲကအမှုမှန်သမျှ ဘုန်းကြီးတွေကပဲ လိုက်ရှင်းပေးရတွေလည်း အများကြီးပါ။ ဆွမ်းခံဝင်ရတဲ့ ကိုယ်တော်လေးတွေမှာ လူတွေရဲ့ အခက်အခက် အကျပ်အတည်းတွေ၊ လူမှုဒုက္ခပြဿနာတွေကို တွေ့ရမြင်ရကြားနေကြရတယ်။ အဲဒီလို တွေ့မြင် ကြားနာနေကြရတဲ့ အခါကျတော့ လူတွေမှာ တစ်ခုခု အရေးကြုံလာတိုင်း သံဃာတော်လေးတွေက ပါလေ သူကြီးလုပ်နေကြရတယ်။ ဆရာတော်ကြီးတွေကတော့ ဆုံးမတာပေါ့၊ မြင်းက မြင်းနေရာမှာ မနေပဲ ခွေးနေရာ မှာ သွားနေတော့ ဒုတ်နဲ့အရိုက်ခံရတာပေါ့-တဲ့။ ဘုန်းကြီးက ကိုယ့်အလုပ်မဟုတ်တာကို သွားလုပ်တော့ ဒီလိုပဲ အရိုက်ခံရတာပေါ့လို့ ဆိုလိုချင်တာပါ။ ဆရာတော်ကြီးတွေကတော့ ပြောအားရှိတာပေါ့။

လူ့လောကအသိုင်း အဝိုင်းနဲ့ အနီးကပ်ဆက်ဆံရတာမှ မဟုတ်တာ။ လူတွေရဲ့ အခက်အခက် အကျပ်အတည်းတွေ၊ လူမှုဒုက္ခ ပြဿနာ တွေကို နေ့စဉ်နေ့စဉ် တွေ့မြင်ကြားနာနေရတာက စာသင်သားသံဃာတော်တွေမို့လား။ ဒီတော့ အရေးရယ် အကြောင်းရယ် ဖြစ်လာပြီဆိုရင် စာသင်သားလေးတွေကပဲ မနေနိုင် မထိုင်နိုင် ရှေ့ကနေ ဓားစာခံ ဖြစ်ကြရတယ်။ တစ်ချို့လူတွေကလည်း စာသင်သားသံဃာတော်တွေကို “အရှင်ဘုရားတို့က နောက်ပိုင်းက ဘာသံယောဇဉ်မှ ရှိတာမဟုတ်ဘူး။ လုပ်စရာရှိတာ ရဲရဲဝံ့ဝံ့လုပ်ပါ”ဆိုပြီး လူတွေ မလုပ်နိုင်တာ၊ မလုပ်ရဲတာ မှန် သမျှ စာသင်သားတွေကို မြှောက်ပင့်ပေးတတ်ကြတယ်။

 မြှောက်ပင့်ပေးပေး မမြှောက်ဘဲနဲ့ ပင့်ပေးပေး အမျိုး ဘာသာ သာသနာကို ထိပါးစော်ကားလာရင် ဘယ်သံဃာတော်ကမှ လက်ပိုက်ကြည့်မနေတတ်ဘူး။ လူတွေဆို တာက ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်းလေး မထိပါးရင် အသာနေတတ်ကြတယ်။ သံဃာတော်တွေဆိုတာ က တစ်တိုင်းပြည်လုံးက ပစ္စည်းလေးပါးကို ဘုန်းပေးသုံးဆောင်နေကြရတာဆိုတော့ မြန်မာပြည်သူတစ်ရပ်လုံး ဟာ ကိုယ့်ကျေးဇူးရှင်တွေ၊ ကိုယ့်မိသားစုတွေလို သဘောထားတတ်ကြတယ်။ မြို့ထဲရွာထဲမှာ လူမျိုးခြား ဘာသာခြားအုပ်စုတစ်စုက မြန်မာတွေကို ဝိုင်းအနိုင်ကျင့်စော်ကားနေတာမြင်ရင် လူတွေကတော့ ကိုယ်နဲ့မဆိုင် ရင် သက်သေလိုက်နေရမှာစိုးတာနဲ့ကို ဝေးဝေးကနေ ကွင်းရှောင်သွားတတ်ကြပေမဲ့ သံဃာတော်တွေကတော့ မနေသာဘူး။ မြန်မာတွေ စော်ကားနေတဲ့ အုပ်စုကို ပြန်ဆော်ထည့်လိုက်ကြတာချည်းပဲ။

ဒီလို ဖြစ်စဉ် သာဓကတွေက အများဆိုမှ အများကြီးပဲ။ ဆရာတော်လေး ဦးဝီရသူဆိုရင် မြန်မာတွေရဲ့ လူမျိုးရေး ပဋိပက္ခမှန်သမျှကို ဒိုင်ခံဖြေရှင်းပေးနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကိုယ့်အသက်ကို ပဓာန မထားပဲ သူလို စွန့်စားရဲတဲ့သူမျိုး ဘယ်မှာမှကို ရှာလိုမတွေ့ခဲ့ဘူး။ ဘယ်သူ့သမီးကို ဘယ်လူမျိုးခြားက မတရား စော်ကားလို့တဲ့၊ ကားတင်ပြေးလို့တဲ့၊ မယားအဖြစ် သိမ်းပိုက်ပြီး သူတို့ဘာသာ မကူးပြောင်းလို့ အမျိုးမျိုး နှိပ်စက် လို့တဲ့ စသည်ဖြင့် စသည်ဖြင့် လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လာရင် ရဲတွေကလည်း ငွေကို အထုပ် လိုက်ပုံပေးထားလိုက်ရင် လက်ပိုက်ကြည့်နေကြတာ။

 အဲဒီအခါကျတော့ ဒီဆရာတော်လေးတွေကပဲ ဦးဆောင် ပြီး ပြဿနာပေါင်းစုံကို ဦးဆောင်ဖြေရှင်းပေးခဲ့ကြတာချည်းပဲ။ ဦးဝီရသူတို့ ဖြေရှင်းပေးခဲ့ရတဲ့ လူမျိုးရေး ပဋိပက္ခ ပြဿနာ ဖိုင်တွဲကြီးတွေက သူ့အခန်းထဲမှာ အထပ်လိုက် အထပ်လိုက် တိတိကျကျ မှတ်တမ်းတင်ထားတယ်။ ဒါကို ဘာသာခြား လူမျိုးခြားတွေက ဒီကိုယ်တော်လေးကို မတရား နာမည်ပျက်အောင် လုပ်နေကြတယ်။ ဒီ ကိုယ်တော်လေး လုပ်တဲ့အလုပ်မှန်သမျှကို အစိုးရက တားဆီးနှောက်ရှက်အောင်၊ ဒီကိုယ်တော်လေး လုပ်သမျှ ကို ပြည်သူတွေက နောက်ကနေ မလိုက်ရဲအောင်၊ ဒီကိုယ်တော်လေး လုပ်နေတာမှန်သမျှကို အကြမ်းဖက်လှုပ် ရှားမှုလို့ မြင်လာအောင် မီဒီယာတွေကို ငွေပုံပေးပြီး နာမည်ဖျက်နေကြတယ်။ ဒီတော့ လူတွေရဲ့စိတ်ထဲမှာ သူ တို့အတွက်၊ သူတို့ သားသမီးတွေရဲ့ နောင်ရေးအတွက် အသက်စွန့်လုပ်နေရတာကို နားမလည်ကြဘူး။ ဒီကိုယ် တော်လေးကြောင့်ပဲ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ အထင်အမြင်လွဲနေကြတယ်။

ဟိုပါတီ ဒီပါတီက လူတွေကလည်း အစိုးရက သူတို့ကို မလှုပ်ရဲအောင် အမြစ်ပြတ်ခြေမှုန်း နှိပ်ကွပ်နေ စဉ်တုန်းကတော့ သံဃာတော်တွေကို ဦးစီးခေါင်းဆောင်အနေနဲ့ ရှေ့တန်းတင်ပေးခဲ့ကြတယ်။ သံဃာတော်တွေ ရှေ့တန်းကနေ ဦးဆောင်တော်လှန်ခဲ့ကြလို့ ပွင့်လင်းမြင်သာတဲ့ခေတ်ကိုလည်း ရောက်လာရော သံဃာတော် တွေက ကိုယ့်နေရာကိုယ် ကိုယ့်ဝိနည်းစည်းကမ်းအတိုင်း နေပါတော့လား။ လူတွေကြားထဲမှာ နေရာတကာ ဟိုနေရာပါချင် ဒီနေရာပါချင်နဲ့ ပါချင်လို့ချည်း နေကြတာပဲ-ဆိုပြီး ဝိုင်းပြီးလက်ညှိုးထိုးကြပြန်ရော။ သံဃာတော် တွေက နဂိုကထဲက ဘယ်လို အခွင့်အရေးမျိုးကိုမှ လိုချင်တပ်မက်တာမဟုတ်ဘူး။ ပြည်သူတွေ ဆင်းရဲတွင်းထဲ မှာ အတိဒုက္ခရောက်လွန်းလို့သာ ကြားထဲက အမိုက်ခံပြီး ဝင်ပါနေရတာ။

နာဂစ်မုန်တိုင်းကာလတုန်းက အဖြစ်ဆိုးကြီးတွေကို ပြန်ကြည့်လိုက်ပါဦး။ အဲဒီအချိန်တုန်းက ဧရာဝတီ တိုင်းဘက်တွေမှာဆို လူတွေသိန်းနဲ့ချီပြီး သေဆုံးခဲ့ကြတယ်။ အစာရေစာ ငတ်ပြတ်ပြီး အသက်ရှင် ကျန်ရစ်နေ ကြတဲ့သူတွေကို ဘာသာခြား လူမျိုးခြားတွေက အစာရေစာတွေ နေရာတွေပေးပြီး သူတို့ဘာသာထဲ ဝင်ဖို့စည်း ရုံးပြီး ပွဲလန့်တုန်း ဖျာခင်းခဲ့ကြတယ်။ ဒါကိုတဲ့ သီတဂူဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်၊ ရွှေညဝါဆရာ တော်စတဲ့ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်တွေက ဦးဆောင်ပြီး အနယ်နယ် အရပ်ရပ်က စေတနာရှင်တွေက ဝိုင်းဝန်းပံ့ပိုးလှူဒါန်းခဲ့ကြလို့ ဖျာခင်းဘေးမှ ကင်းဝေးခဲ့ကြရတယ်။ ရန်ကုန်မြို့မှာရှိတဲ့ သစ်ပင်တိုင်းလိုလို အပိုင်း ပိုင်းပြတ်ပြီး အမှိုက်ပုံကြီးလိုဖြစ်ခဲ့ကြတဲ့အခါမှာလည်း သံဃာတော်တွေရဲ့အင်အားနဲ့ တစ်ဖက်တစ်လမ်းက ကူညီရှင်းလင်းပေးခဲ့ကြတယ်။

နိုင်ငံတကာကိုရောက်နေကြတဲ့ သံဃာတော်တွေကိုကြည့်လိုက်ဦးမလား။ ချမ်းသာကြွယ်ဝ အဆင်ပြေ ကြတဲ့ သူတွေက ပစ္စည်းလေးပါး အထောက်အပံ့လှူဒါန်းကြလို့ အဆင်ပြေပြေ အေးအေးလူလူ သီတင်းသုံးနိုင် ပေမဲ့ ဒုက္ခရောက်လာတဲ့သူတွေကိုလည်း အမြဲတမ်းအကူအညီပေးလေ့ရှိကြပါတယ်။ အခုတစ်လော မလေးရှား မှာ ဒုက္ခရောက်နေကြတဲ့သူတွေကို ကက်ပုန်းကျောင်းဆရာတော်က အစစအရာရာ ကူညီဆောင်ရွက်ပေးနေ တယ်ဆိုတဲ့ သတင်းတွေ ကြားရသိရပါလိမ့်မယ်။

အခုတလော အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးဆိုပြီး သံဃာတော်တွေ စတင်လှုပ်ရှားနေကြပြန်ပြီ။ ဒါကို လည်း တစ်ချို့က အမျိုးမျိုး ဝေဖန်ပုတ်ခတ်နေကြလေရဲ့။ လူ့အခွင့်အရေးတို့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းတို့ ဆိုတဲ့ အထောက်အထားတွေနဲ့ ခိုင်ခိုင်လုံလုံ သက်သေပြပြီး ကက်ကက်လန် ရန်တွေ့နေကြပြန်ပြီကော။ ကိုယ် တိုင်က အမျိုးကို မစောင့်ရှောက်ခဲ့လို့ လမ်းမှားကို ရောက်ခဲ့ကြရင်တောင် သူများတွေက အမျိုးစောင့်တရား၊ လောကပါလတရား အမှန်တရားကို ဖော်ထုတ်တဲ့နေရာမှာ စောဒကတက်ပြီး မကန့်ကွက်သင့်ဘူးလို့ထင်ပါ တယ်။ လူတိုင်းသိတဲ့ ဥပမာကို ပြောပြမယ်။ ကိုယ်လက်အင်္ဂါ မစုံဘဲ မွေးလာတဲ့ မိဘတိုင်းကို မေးကြည့်လိုက် သူတို့ သားသမီးလေးတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ မွေးလာမည့် ကိုယ့်သားသမီးလေးတွေကို ကိုယ်လိုပဲ ကိုယ်လက်အင်္ဂါ မစုံဘဲနဲ့ မွေးလာစေချင်သလား၊ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ လူတော်လူကောင်း လေးတွေ မွေးလာစေချင်သလား-ဆိုတာကို။

ကိုယ်ကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားကိုရောက်ခဲ့ရင် သူများတွေကိုလည်း ငါလိုပဲ သူတို့ လမ်းမှားရောက်ပါစေ-လို့ နည်းမှားလမ်းမှားတွေကိုပဲ ဆက်ပေးကြမှာလား။ နည်းမှန်လမ်းမှန်ရောက် အောင် ကူညီကြမှာလား။ ဒါကို အလေးအနက် စဉ်းစားကြစေချင်တယ်။ နိုင်ငံတကာကို လှမ်းမျှော်ကြည့်လိုက် ဘယ်နိုင်ငံမဆို ကိုယ့်အမျိုးကို မပျက်စီးရအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်စောင့်ရှောက်ကြတာချည်းပဲ။ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အသက် ကိုယ့်မိသားစုအသက်ကို ပုံအောပြီး စတေးခဲ့ကြတာချည်း ပါပဲ။

ကိုယ့်အမျိုးကို မပျက်စီးအောင် ကာကွယ်စောင့်ရှောက်တယ်ဆိုတာ မြန်မာတစ်နိုင်ငံထဲ မဟုတ်ဘူးဆိုတာ ကိုရော သိကြပါရဲ့လား။ ဒီမိုကရေစီနိုင်ငံတွေကလည်း ဒီမိုကရေစီဘောင်ထဲကနေ ဒီမိုကရေစီ စည်းကမ်းနဲ့ အညီ ကိုယ့်အမျိုးမပျက်စီးရအောင် ကာကွယ်စောင့်ရှောက်ကြတာချည်းပဲ။ အခု သံဃာတော်တွေ လှုပ်ရှားနေ တဲ့ အမျိုးစောင့် ဥပဒေပေါ်ပေါက်ရေးဆိုတာကလည်း ကိုယ့်မြန်မာအမျိုးသမီးငယ်တွေ ဘာသာခြား လူမျိုးခြား လက်ထဲ ပါပါသွားရာကနေ တဖြည်းဖြည်းနဲ့ မျိုးတုန်းပျောက်ကွယ်မည့် အခြေအနေမျိုး မရောက်အောင် အကာ အကွယ်ယူတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဘယ်သူ့ကိုမှ ချုပ်ချယ်တာလည်း မဟုတ်ဘူး၊ နစ်နာအောင်လုပ်တာလည်း မဟုတ်ဘူး။ သူတို့တွေ အခုလို လုပ်နေကြတာ သူတို့ဘာမှမဆိုင်ပဲ ငါတို့အတွက် အမုန်းခံပြီး လုပ်နေကြတာပါ လားဆိုတာကို နားလည်သင့်တယ်။

ကိုယ့်နိုင်ငံမှာက နိုင်ငံလေးကသာ ကျဉ်းပေမဲ့ လူမျိုးတွေကလည်း ပေါင်းစုံ၊ ဘာသာစကားတွေက လည်း များမှများ၊ အတွေးအခေါ်တွေကလည်း နက်နက်နဲနဲ မရှိကြတော့ တိုင်းပြည်အတွက် လိုအပ်ချက် ဥပဒေ မူကြမ်းတစ်ခုတင်မယ်လို့ လုပ်လိုက်တာနဲ့ ဟိုကထကန့်ကွက်၊ ဒီကထကန့်ကွက်နဲ့ အလုပ်တစ်ခု ပြီးမြောက် တယ်ရယ်လို့ကို မရှိဘူး။ တစ်ချို့ ဒီမိုကရေစီနိုင်ငံတွေမှာက လူချမ်းသာတွေက နိုင်ငံရေးသမားတွေကို ငွေပေး ဝယ်ပြီး လက်သပ်မွေးထားကြတယ်။ သူတို့ စီးပွားရေး ထိခိုက်မည့် ဥပဒေမျိုး၊ သူတို့ မလိုချင်တဲ့ ဥပဒေမျိုး လွှတ်တော်မှာ တင်သွင်းတော့မယ်ဆိုရင် သူတို့လက်သပ်မွေးထားတဲ့ လွှတ်တော်အမတ်တွေကို ငွေပုံပေးပြီး ဥပဒေမူကြမ်းပျက်စီးအောင် ကန့်ကွက်ခိုင်းကြတယ်။ ငွေများတရားနိုင်တဲ့ခေတ်က ဘယ်တော့မှ ကုန်မယ် မ ထင်ဘူး။

ဒီတော့ သံဃာ့အင်အား သံဃာ့စွမ်းအားနဲ့ တိုင်းပြည်ကို ကာကွယ်နိုင်ဖို့ အမျိုးစောင့် ဥပဒေ ရေးဆွဲနိုင် ရေး သံဃာတော်တွေက အမုန်းခံပြီး လုပ်ဆောင်နေကြပြန်ပြီ။ ဆားဆိုတာ ပင်ကိုယ်သဘာဝက ငန်တဲ့သဘော ရှိပေမဲ့ အနာရှိတဲ့ လက်ကိုသွားပွတ်ရင်တော့ အရမ်းစပ်မှာပဲ။ သုဝဏ္ဏဘူမိဆိုတဲ့ အရပ်ဒေသကို ရှင်သောဏနဲ့ ရှင်ဥတ္တရတို့ သာသနာပြု ကြွစဉ်တုန်းကလည်း ဒီလိုပါပဲ။ အဲဒီအရပ်ကလူတွေက သံဃာတော်တွေကို သူတို့ကို သတ်ဖြတ် စားသောက်နေတဲ့ ဘီလူးသဘက်တွေနဲ့ အထင်မှားပြီး ခဲနဲ့ပေါက်ပြီး နှင်ထုတ်ခဲ့ကြတယ်။ သူတို့ကို တကယ် ဖမ်းယူစားသောက်နေတဲ့ ဘီလူးအစစ်တွေကို လက်တွေ့ပြပြီး နှင်ထုတ်ပေးလိုက်မှ သံဃာတော်တွေ အပေါ်မှာ အမြင်ကြည်လင်လာခဲ့ကြတယ်။

အဲဒီလို မြန်မာ့သမိုင်းခေတ်အဆက်ဆက်မှာ အဖက်ဖက်က ပါဝင်ကူညီကြတဲ့ သံဃာတော်တွေဟာ တကယ်တော့ သစ်မြစ်တွေပါပဲ။ ပင်စည်ကြီးက ဘယ်လောက်လှလှ၊ အခက်အလက်၊ အဖူး၊ အပွင့်၊ အသီးတွေ ဘယ်လောက်ပဲ ဝေဆာပွင့်ဖူးနေပါစေ၊ သစ်မြစ်ကတော့ ဟိုးအောက်မြေကြီးထဲမှာပါပဲ။ သစ်ပင်ကြီးမြင့်မားပြီး ခမ်းနားတင့်တယ်လေလေ သစ်မြစ်တွေက ဟိုးအောက်မြေလွှာကို ရောက်လေလေပါပဲ။ တိုင်းပြည်ကြီးဘယ် လောက်ကောင်းစားပြီး ဘယ်လောက်ခမ်းနားထယ်ဝါနေနေ သံဃာတော်များအဖို့ကတော့ အာရုဏ်တစ်နပ်၊ နေ့ တစ်နပ်နဲ့ ချပ်ဝတ်လွှာ(သင်္ကန်း)တစ်စုံပါပဲ။ ဘာအခွင့်ထူးမှမရလို့ဆိုပြီး ငြိုငြင်နေမည့် သံဃာလည်းမရှိပါဘူး။ အရေး ကြုံလာတိုင်း သက်လုံတွေ ကောင်းခဲ့ကြတာချည်းပဲ။

● ကျောင်းသား
ကျောင်းသားဆိုတာ လွတ်လပ်ရေးသမိုင်းအဆက်ဆက်မှာ တိုင်းပြည်အတွက် ဘယ်လိုအနစ်နာခံခဲ့ကြ တယ်၊ ကိုလိုနီနယ်ချဲ့တွေကို ဘယ်လိုတော်လှန်ခဲ့ကြတယ်ဆိုတာ သမိုင်းကိုလေ့လာဘူးသူတိုင်း သိကြပါတယ်။ ဗိုလ်အောင်ကျော်တို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်နုတို့ စတဲ့ကျောင်းသားတွေဟာ တိုင်းပြည်အတွက် လူမျိုး အတွက် ကိုယ့်အသက်ကိုစတေးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ မဟုတ်မခံ လူငယ်စိတ်နဲ့ တိုင်းပြည်မှာ အရေးကြုံ လာတိုင်း ရှေ့တန်းကနေ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့ကြတယ်။

မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ကြသူတွေထဲမှာ ကျောင်းသားတွေ အများကြီးပါတယ်။ ကျောင်းသားဆိုတာ အဆင့်မြင့် ခေတ်ပညာတွေကို သင်ယူတတ်မြောက်ထားကြတော့ အသိအလိမ္မာ ဉာဏ်ပညာ ကြီးမားကြတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အရေးတွေမှာ သူများတွေထွက် ပိုပြီး အမြင်ကျယ်ကြတယ်။ လူငယ်တွေဖြစ်တဲ့အတွက် အရာရာတိုင်းမှာ စွန့်လွှတ်အနစ်နာခံ တတ်တဲ့စိတ်၊ ရဲဝံ့စွန့်စားတတ်တဲ့ စိတ်တွေရှိကြတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ်ကို စတင်တော်လှန်ခဲ့ကြသူ တွေကော၊ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရတဲ့အထိ ဆက်တိုက်ကြိုးစားဆောင်ရွက်ခဲ့ကြသူတွေကော ကျောင်း သား တွေချည်းပါပဲ။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားဆောင်ရွက်ခဲ့ကြပေမဲ့ ဘယ်လိုနေရာမျိုး ကိုမှ မယူဘဲ တိမ်မြုပ်ပျောက်ကွယ်သွားကြတဲ့ ကျောင်းသားတွေလည်း အများကြီးပါပဲ။

တိုင်းပြည်အတွက် အမျိုးဘာသာ သာသနာအတွက် အသက်ပေးခဲ့ကြတဲ့ ကျောင်းသားတွေ၊ စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့ ကျောင်းသားတွေဟာလည်း တကယ်တော့ သစ်မြစ်တွေလိုပါပဲ။ တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ သစ်ပင်ကြီးက ထီးထီးမားမား ရှင်သန်ဝေဆာနေပေမဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြတဲ့ ကျောင်းသားတွေကတော့ သစ်မြစ်တွေလို ဟိုးမြေဆီလွှာရဲ့ အောက်ဆုံးမှာ မြုပ်သည်ထက်မြုပ်သွားခဲ့ကြတဲ့ သာဓကတွေကလည်း အများကြီးရှိခဲ့ကြဘူးပါတယ်။

● စစ်သား
စစ်သားဆိုတာကလည်း ပြည်သူ့ရင်သွေး ပြည်သူကမွေးတဲ့ ပြည်သူ့သားကောင်းရတနာတွေပါပဲ။ စစ် သားတွေ တိုင်းပြည်အတွက် ဘယ်လို စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြတယ်ဆိုတဲ့အကြောင်းတွေ ရေးမိ တာနဲ့ အစိုးရ လက်ကိုင်ဒုတ်လို့ ပြောကြတော့မယ်။ ဒါပေမဲ့ အမှန်တရားကိုတော့ အမှန်တရားအတိုင်း ရေးရမှာ ပဲ။ ပြည်သူတွေ လေးစားမြတ်နိုးကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦးတို့ဆို ရင်လည်း စစ်သားတွေပါပဲ။ စာသင်သားသံဃာတော်ပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် ကောင်းတဲ့သူက ကောင်းကိုကောင်းတယ်။ မကောင်းတဲ့လူကတော့ မကောင်းကို မကောင်းပါဘူး။

မြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝကနေ လွတ်မြောက်အောင် အသက်ပေါင်းများစွာ စတေးပြီ စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့သူတွေဟာ စစ်သားတွေဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ရှေ့တန်းမှာ ဆင်း ဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နဲ့ တိုင်းပြည်ကို ကာကွယ်ရင်းနဲ့ အသက်ပေးသွားကြတဲ့ စစ်သားတွေကလည်း ရေ တွက်လို့ မရအောင် များလွန်းလှပါတယ်။ ဘဝပေးအခြေအနေအရ အထက်ကပေးတဲ့ အမိန့်အတိုင်း ကိုင်တွယ် ဖြေရှင်းရတဲ့အခါ ပြည်သူနဲ့ စစ်သားတွေဟာ သဟဇာတ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့ စိတ်ကတော့ ကိုယ်စီကိုယ်စီ ရှိနေတတ်ကြပါတယ်။

တိုင်းပြည်မှာ ရေဘေးတွေ၊ မီးဘေးတွေ၊ သူခိုးဓားပြဘေးတွေ ကြုံတဲ့အခါတိုင်း ကယ်ဆယ်ရေးလုပ်ငန်း တွေမှာ စစ်သားတွေက အင်နဲ့အားနဲ့ ရှေ့တန်းကနေ ပါဝင်ကူညီကယ်တင်ခဲ့ကြပါတယ်။ ဘယ်နေရာမှာတော့ ငလျင်လှုပ်လို့တဲ့၊ ဘယ်နေရာမှာတော့ ရေတွေကြီးလို့တဲ့၊ ဘယ်နေရာမှာတော့ မီးတွေလောင်လို့တဲ့ စသည်ဖြင့် စသည်ဖြင့် အရေးတွေ ကြုံလာတိုင်း ကြုံလာတိုင်း စစ်သားတွေကပဲ ပြည်သူတွေကို ကူညီကယ်တင်ခဲ့ကြတာ ပါ။ တိုင်းပြည်နဲ့လူမျိုးအတွက် ကြိုးစားဆောင်ရွက်ရင်းနဲ့ အသက်တွေကို စတေးသွားကြတဲ့အခါမှာ ဘယ်သူမှ မသိလိုက်ရ မကြားလိုက်ရပါပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ကြတဲ့ တိုင်းပြည်ကိုချစ်တဲ့ စစ်သားတွေဟာလည်း ရေတွက်လို့ မရအောင် များလွန်းလှပါတယ်။ အဲဒီစစ်သားတွေဟာလည်း သစ်မြစ်တွေလိုပါပဲ။ သူတို့ချစ်ခင်မြတ် နိုးလှတဲ့ တိုင်းပြည်ကြီးမှာ အကိုင်းအခက် အသီးအပွင့်တွေ ဝေဆာစိမ်းလန်းနေပေမဲ့ သူတို့တွေကတော့ ဟိုး မြေအောက်မှာ ရေကြည်ကိုရှာသောက်လျှက် သစ်ပင်ကြီးတစ်ခုလုံးအတွက် အင်သစ်အားသစ်တွေ ထောက်ပံ့ နေရစ်ကြလေရဲ့။

တိုင်းပြည်နဲ့လူမျိုးအတွက် တက်ညီလက်ညီအလုပ်လုပ်ကြတဲ့အခါ သူကတော့ တိုင်းပြည်အတွက် စွန့် လွှတ်စွန့်စား အနစ်နာခံထားပါတယ်၊ ငါကတော့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား အနစ်နာခံထားပါတယ်-လို့ အချင်းချင်း ငြင်းခုံအနိုင်လုနေစရာမလိုဘူး။ ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင်ရေးသားကြတာချည်းပဲ။ ကိုယ်က စာသင်သားပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူမျိုးအတွက် တကယ်ကို စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့သူတွေကို ပြည်သူတွေရဲ့ နှလုံးသားမှာ မှတ်တမ်းကိုယ်စီတင်ထားကြပါလိမ့်မယ်။ ပြည်သူ့နှလုံးသားမှာ အမှန်တရားနဲ့အညီ မှတ်တမ်းတင်မခံရပေမဲ့ ကိုယ်အသက်ပေးပြီး စတေး မြှုပ်နှံထားခဲ့ရတဲ့ မဟာပထဝီမြေကြီးက သက်သေတည်ပါလိမ့်မယ်။

တိုင်းပြည်နဲ့လူမျိုးအတွက် တကယ့်ကို စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြပြီးတော့ အာဇာနည်-လို့ ပြည်သူတွေက လေးစားဂုဏ်ယူခြင်းကို မခံရသူတွေရှိကြသလို တိုင်းပြည်နဲ့လူမျိုးအတွက် တကယ့်ကို စွန့်လွှတ် စွန့်စား အနစ်နာခံထားကြသူတွေမဟုတ်ပဲ ပြည်သူတွေက အထင်မှားအမြင်မှား အချောင် လေးစားဂုဏ်ယူခြင်း ခံရသူ အယောင်ဆောင် အာဇာနည်တွေလည်း အများကြီးရှိပါတယ်။

တကယ်တမ်း တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေါင်းများစွာ၊ သွေးပေါင်းများစွာ၊ ချွေးပေါင်းများစွာ စွန့်လွှတ်အနစ်နာခံပြီး ချစ်ခင်မြတ်နိုးခဲ့ကြသော အညတရ စာသင်သားများ၊ မထင်မရှား ကျောင်းသားများ၊ မထင်မရှား စစ်သားများကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အရင်တုန်းကလည်း စွန့်လွှတ်စွန့်စား အနစ်နာခံ သွားခဲ့ကြတယ်။ အခုလည်း စွန့်လွှတ်စွန့်စား အနစ်နာနေကြတုန်းပဲ။ နောင်လည်း စွန့်လွှတ်စွန့်စား အနစ်နာခံ သွားကြဦးမယ်ဆိုတာ သမိုင်းအဆက်ဆက်က သက်သေထူနေမှာဖြစ်ပါကြောင်း။

မထင်မရှား တကယ့်မျိုးချစ်အာဇာနည်များကို လေးစားဂုဏ်ပြုလျှက် …
အရှင်ဇဝန (ကုန်းဇောင်း)

Tuesday, June 25, 2013

အင်အားပြည့်ဝ နှလုံးလှစေကြောင်း သြ၀ါဒကထာ


အင်အားပြည့်ဝ နှလုံးလှစေကြောင်း သြ၀ါဒကထာ

အရာရာတိုင်းမှာ အားလိုသည်၊ ထိုအားကို ခွန်အား စွမ်းအား အင်အား စသည် ဖြင့် သုံးနှုံးလေ့ရှိသည် ။
သွားလာရာ၌လည်း ခွန်အားလိုသည်၊ လုပ်ဆောင်ရာ၌လည်း ခွန်အားလို သည်၊ နေထိုင်ရာ၌လည်း ခွန်အားလိုသည်၊ မည်သည့် အရာမဆို ခွန်အားလို သည်။ ခွန်အားရှိလျှင် ခွန်အား ပြည့်ဝလျှင် သက်ဆိုင်ရာ ကိစ္စတိုင်းမှာ ပိုမို အောင်မြင်မည်၊ ခရီးရောက်မည် ၊ ပြီးမြောက် မည် ။

မီးများ မီးနိုင် ၊ ရေများ ရေနိုင် စသည် အဆိုများလည်း အင်အားကြီးမှု၏ အနိုင်ရမှုကို ရည်ညွှန်းသည် ။ မီးကို ရေနှင့် ငြိမ်းသတ်ရမည် ဆိုသော်လည်း ရေထက် မီးက အင်အားကြီးမားနေလျှင် ရေခန်းခြောက်သွားအောင် ရေ ပျောက်သွားအောင် မီးက အနိုင်ယူသွားမည် ။
မီးထက် ရေက အင်းအားကြီးမားနေလျှင်လည်း မီးငြိမ်းသွားအောင်၊ မီးသေ သွားအောင်၊ မီးပျောက်သွားအောင် ရေက လွှမ်းမိုး အနိုင်ယူ သွားမည်။ သက်ရှိသက်မဲ့ မည်သည့်အရာမဆို အင်အားကြီးမားသောအရာက သာလွန် သွားမည် ၊ လွှမ်းမိုးသွားမည် ၊ အောင်နိုင်သွားမည် ။

ယင်းအင်အားတို့ ကို အမျိုးအစားခွဲလျှင် -
၁ ။ အားဆေး ၊ စက်ဆီ စသော ရုပ်အင်အား ၊
၂။ ယုံကြည်မှု ၊ ဇွဲ လုံ့ လ စသော နာမ်အင်အား ဟု နှစ်မျိုး ခွဲခြားသတ်မှတ်နိုင် သည် ။
ယခု တင်ပြလိုသည်မှာ နာမ်အင်အားဖြစ်သည် ။

နာမ်အင်အားတို့တွင်လည်း ကောင်းသော နာမ်အင်အားတို့ကိုသာ တင်ပြပါ မည် ။ ယင်းအင်အားများအနက် -
၁။ ပထမဆုံး ယုံကြည်မှု အင်အားလိုပါသည် ။
မိမိ၏ လုပ်ငန်းနှင့် လုပ်ငန်း၏ အကျိုးသက်ရောက်မှုအပေါ်၌ လည်းကောင်း ၊ ဆရာသမား စသည်အပေါ်၌လည်းကောင်း ယုံကြည်မှုအင်အား မပြည့်ဝလျှင် ယင်းပုဂ္ဂိုလ်သည် အားကိုးလောက်သော တပည့် မဖြစ်နိုင်ပါ၊ ယုံကြည်မှု အင် အား ပြည့်ဝမှ အားကိုးလောက်သူ ဖြစ်မည် ။

၂။ တစ်ဖန် ဒုတိယအနေဖြင့် ဇွဲလုံ့လရှိမှု အင်အား လိုပါသည်။
ဇွဲလုံ့လ စွမ်းအားရှိသူသည် မည်သည့်အရာမဆို မဖြစ်မနေ၊ မရောက်မနေ၊ မပေါက်မနေ ကြိုးစာလုပ်ကိုင်သူဖြစ်သဖြင့် အားကိုးလောက်သူဖြစ်မည်မှာ မလွဲပေ ။

၃။ တစ်ဖန် တတိယ အင်အား အဖြစ် သတိအင်အား လိုအပ်ပါသည်။ သတိသည် ပိုသည်မရှိ အမြဲတမ်းလိုနေမည်သာဖြစ်သည်။ လောကီရေး၊ လောကုတ္တရာရေး၊ မည်သည့်အရေးမဆို ကောင်းသော အရေးမှန်သမျှ သတိ မပါလျှင် မပြီးပေ။ ကြိုးစားထားမှုမှန်သမျှ သတိ လွတ်လျှင် ဆုံးရှုံးသွားမည် သာဖြစ်သည်။ သတိအင်အား ပြည့်ဝနေသမျှ အားကိုးလောက်သူ အမှန်ဖြစ် ပေမည် ။

၎။ တစ်ဖန် စတုတ္ထအင်အားအဖြစ် တည်ကြည်မှု သမာဓိအင်အားလိုအပ်ပါ သည်။
မြဲမြံတည်တံ့သော အင်အားပြည့်ဝမှ လောကဓံတရားနှင့် တွေ့ ကြုံသောအခါ ကျောက်စာတိုင်ပမာ တုန်လှုပ် ယိမ်းယိုင်မှုမရှိ ကြံ့ကြံ့ ခံနိုင်မည် ။ အားကိုး လောက်သူဖြစ်မည် ။

၅။ တစ်ဖန် ပဉ္စမအင်အားအဖြစ် ကျွမ်းကျင်မှုအင်အားလိုအပ်သည်။ ကျွမ်းကျင်မှုဟူသည် ပညာကို ဆိုလိုသည်။ ကျွမ်းကျင်မှု ပညာအင်အား အပြည့်အ၀မှ အမှားအမှန်၊ လုပ်သင့် မလုပ်သင့် ခွဲခြမ်းနိုင်မည်။ ဝေဖန်နိုင် မည် ၊သိမြင်နိုင်မည် ၊ ချင့် ချိန်နိုင်မည် ၊ ပညာနှင့် တူသော အရောင်အလင်း မရှိ မြတ်စွာဘုရား မိန့် ကြားခဲ့ သည် ။

၆ / ၇ ။ တစ်ဖန် ဆဋ္ဌ သတ္တမ အင်အားအဖြစ် မကောင်းမှု ပြုလုပ်ရန် ရှက်မှု ၊ ကြောက်မှု ဟိရီ သြတ္တပ္ပ အင်အား လိုအပ်ပါသည် ။
ဟိရီ သြတ္တပ္ပအင်အား ပြည့်ဝနေသမျှ သူတော်ကောင်းဖြစ်နေမည်သာ ဖြစ် သည်။ လူကောင်း သူကောင်းဖြစ်ရန် ဟိရီ သြတ္တပ္ပ အင်အား အလွန်လိုအပ် သည်။ ဟိရီ သြတ္တပ္ပအင်အား ကင်းသူသည် မည်သည့် မကောင်းမှုလုပ်ငန်း မဆို ပြုလုပ်ဝံ့သူဖြစ်သွားမည်။ ဟိရီ သြတ္တပ္ပကင်းသူများသည် လူဆိုး ခေါင်း ဆောင် လူမိုက် ခေါင်းဆောင်များ ဖြစ်သွားတတ်သည်။ ထို့ကြောင့် လူတော် လူကောင်းဖြစ်ရန် ဟိရီ သြတ္တပ္ပ အင်အား လိုအပ်ပါသည် ။

ဆိုအပ်ပြီးခဲ့ သောအင်အား ၇-မျိုးကို ကောင်းမှုလုပ်ငန်း ဗိုလ် ၇-မျိုး အဖြစ် ကျမ်းဂန်များ၌ ဟောကြားလေ့ရှိပါသည် ။ ထို ၇-မျိုးကို ထိုသို့ အကျဉ်း ဆောင်ပုဒ်ဖြင့်  မှတ်သားပါလေ ။
သဒ္ဓါ , ၀ီရိ ၊ သတိ, သမာ ၊ ပညာ တစ်လီ၊ ဟိရီ သြတ္တပ်၊ ခုနစ်ရပ်၊ ကောင်းမြတ် အင်အား၊ လက်ကိုင်ထား။

ယခု စာကို ဖတ်ရှုသူအပေါင်းတို့  ...
သင်တို့သည် အများ အားကိုလောက်သည့် အာဇာနည် ပုဂ္ဂိုလ်ထူးများ ဖြစ်နိုင် အောင် ဗိုလ်များအဖြစ် ကျမ်းဂန်တို့၌လာသော အင်အားများ ပြည့်ဝ နှလုံးလှ အောင် လေ့ကျင့်ကြပါ၊ ဖြည့်တင်းကြပါ၊ လက်ကိုင်ထားကြပါဟု သြ၀ါဒစကား မိန့် ကြားအပ်ပါသတည်း ။

ဆရာတော် ဦးတိလောကာဘိဝံသ
(ရန်ကုန် သမိဒ္ဓေါဒယ သမဂ္ဂဒါယီအသင်းကြီး ၅-နှစ်ပြည့်  အမှတ်တရစာစောင်၊ တန်ဆောင်မုန်းလပြည့် ကျော် ၂-ရက် ၊ ၁၃၆၉-ခု ( ၂၆ ၊ ၁၁ ၊ ၂၀၀၇ ) ၊ တနင်္လာနေ့ )

Monday, June 24, 2013

မှန်မှန်ကန်ကန် ရောင့်ရဲတတ်ကြပါမှ

 မှန်မှန်ကန်ကန် ရောင့်ရဲတတ်ကြပါမှ

အသက် ၇၀-ဝန်းကျင်ရှိ ကျွန်တော့် မိတ်ဆွေ တစ်ယောက်သည် ကျွန်တော့်အိမ်သို့ ရောက်လာပါသည်။ သူသည် ကျောင်းသားဘဝက စ၍ နိုင်ငံရေးနှင့် နိုင်ငံရေး စာပေကိုသာ ထက်သန်သူ ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စပ်လျဉ်း၍ကား လေ့လာမှု အလွန် အားနည်းပါသည်။ မိဘများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၍သာ မိရိုးဖလာ ဗုဒ္ဒဘာသာဝင် အမည် ခံခဲ့သူ ဖြစ်ပါသည်။
          ထွေရာလေးပါး ပြောဆို ကြရာတွင် မြန်မာ နိုင်ငံ တိုးတက်သင့် သလောက် မတိုးတက်သည်မှာ ဗုဒ္ဓဘာသာ အယူဝါဒ ကြောင့်များလားဟု ဝေဖန်ပါသည်။ အဘယ်ကြောင့် ဤသို့ ပြောရသနည်းဟု မေးကြည့်ရာ “ရောင့်ရဲရမည်”ဆိုသည့် အယူအဆ ကြီးက ဟန့် တားရာ ရောက်နေသလားဟု ထင်မြင်မိကြောင်း ပြောပြပါသည်။ ကျွန်တော်က “ရောင့်ရဲခြင်း”၏ အဓိပ္ပာယ်ကို မှန်မှန် ကန်ကန် နားမလည်ကြဘဲ ဖြစ်နေကြကြောင်း၊ ၃၈-ဖြာ မင်္ဂလာ တရားတော်၏ နံပါတ် ၂၀-မြောက်မှာ ပါသော“သန္တုဋ္ဌိစ ကတညု တာ”ဆိုသော “ရသမျှနှင့် မျှတရောင့်ရဲ လွယ်နိုင်ရမည်”ဆိုသည်ကို ကျကျနန ရှင်းပြလိုက်သည့် အခါမှ သူ မှားသွားကြောင်း ဝန်ခံသွားပါသည်။
          ကျွန်တော် ရှင်းပြလိုက်သည်မှာ ဤသို့ ဖြစ်ပါသည်။“ရောင့်ရဲလွယ်ရမည်”ဆိုသည်မှာ မိမိ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများ မတိုးချဲ့ ရဘူးဟု ဆိုလိုခြင်း မဟုတ်။ မိမိ လေ့လာ ဆည်းပူးနေသော ပညာရေးကို အဆင့်မြင့် ဆက်လက် မလေ့လာ ရဘူးဟု ဆိုလိုခြင်း မဟုတ်။ သင့်တင့်ရုံပဲ ကြိုးစား လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ပြောပြ လိုက်ပါသည်။           အမှန်မှာ အချို့ လူများသည် သူ့ အိုး သူ့ ဆန် တန်ရုံ မလုပ်တတ်၍ ငွေတစ်ပဲနှင့် ရွှေလှည်းစီးချင်နေသူတွေ ကိုယ့်အထွာ နှင့်ကိုယ် လှမ်းကြဖို့ ဝင်ငွေ ထွက်ငွေ မျှတအောင် သုံးတတ်ကြဖို့ အထိ နားလည်ကြဖို့ လိုအပ်ကြောင်း ပြောပြပါသည်။
“အထူးသဖြင့် အိမ်မှာ “အချို”ချက်ထားလျှင်“အချဉ်”စားချင်နေတာ၊ အချဉ် ချက်ထားလျှင် အချို စားချင်နေတာ၊ ကြက်သားဟင်း ချက်ထား ပြန်လျှင် ကြက်ကြော်မှ စားချင်တယ်လို့ ဆိုနေတာ၊ အစပ် မပါလို့ ဆိုပြီး ပြဿနာ ရှာတာတွေဟာ မရောင့်ရဲနိုင်တဲ့ သဘောတွေ ပါပဲ။”

          ယင်းကိစ္စနှင့် ပတ်သက်၍ တစ်ခါက အညာသား တစ်ယောက်သည် ထမင်းပွဲမှာ ငရုတ်သီးအစပ် မပါ၍ ဆိုပြီး ငရုတ်သီး ရှာရန် ထမင်းပွဲက ထသွားလိုက်သည်မှာ အောက်ပြည် အောက်ရွာ အထိ ရောက်သွားကြောင်း၊ အိမ်ထောင်ကျသွားသည့် အဖြစ်မျိုး အထိ ရှိခဲ့ဖူးကြောင်း ပြောပြ လိုက်ပါသည်။
          ထို့ ပြင် ကျွန်တော့် ကိုယ်တွေ့ ကိုလည်း ပြောပြလိုက်ပါသည်။ ကျွန်တော့်မှာ“ဂျစ်ဂျစ်”ဆိုသော ညီတစ်ယောက်နှင့်“မော်စီ ဆိုသော ညီတစ်ယောက် ရှိကြောင်း၊ ဂျစ်ဂျစ် ဆိုသော ညီက “အညာမုန့်ပျားသလက်” စားချင်သည်ဆို၍ သူ့ မိန်းမက သွားဝယ် ပေးကြောင်း၊ အညာ မုန့် ပျားသလက်၏ ထုံးစံမှာ အသားထူကာ အလယ်မှာ အနည်းငယ် မို့ မောက်လျက် ရှိရာ ခပ်ပြားပြားမှသာ စားချင်သည် ဆို၍ ထပ်မံ၍ ခပ်ပြားပြား လုပ်ပေးရကြောင်း၊ သို့ သော် မုန့် ပျားသလက် ဖင်က ကြွပ်နေမှဟု ဆိုပြန်၍ သူ့ မိန်းမ ကိုယ်တိုင် လုပ်ပေးရကြောင်း၊ တစ်ခါ မော်စီဆိုသော ညီကျပြန်တော့ အသားဟင်းချက်လျှင် ဆီပြန်မှ၊ အတုံး ကြီးကြီးလည်း မစား ချင်ဘူး၊ အနေတော် အတုံးအရွယ်မှသာ စားချင်သည် ဆို၍ အမေ့မှာ စိတ်ရှည်ရှည်ဖြင့် ကျွေးခဲ့ရကြောင်း၊ ထမင်းစားလျှင် ဘာပါမှ ညာပါမှ ဆိုသည်နှင့် ပတ်သက်၍ နိပါတ်တော်မှာ ပါသော နိကြေဓသမင်မင်း ဇာတ်တော်ကို သတိရမိကြောင်း ပြောပြ လိုက်ပါသည်။
          သမင်သားကိုမှ မက်မောလှသော၊ သမင်သား မပါလျှင် ပွဲတော်မတည်သော ဗြဟ္မဒတ်မင်းကြောင့် သမင်များ သေကြေရသည့်အပြင် လူတို့၏ လုပ်ခင်းကိုင်းခင်းများပါ ပျက်စီးရသောကြောင့် သမင်အားလုံး ဥယျာဉ်တွင်း သွင်းပြီး တစ်နေ့ လျှင် တစ်ကောင်ကျစီ လည်စင်းပြီး အသတ်ခံကြရသည်။ တစ်နေ့ သော် ကိုယ်ဝန်ရှိနေသည့် သမင်မမှာ ရင်သွေးအတွက် ကြေကွဲရသော ကြောင့် အလောင်းတော် သမင်မင်းထံ အသနားခံသည်။ ထိုအခါ အလောင်းတော်က သမင်မ၏ ကိုယ်စား စဉ်တီတုံးတွင် လည်စင်းပြီး ပေးခဲ့သည်။ ထိုအခါတွင်မှ ဗြဟ္မဒတ်မင်းက အလောင်းတော်၏ ပရဟိတစိတ်ကို ကြည်ညိုလှသဖြင့် သမင်အားလုံး ဘေးမဲ့ ချမ်းသာ ပေးခဲ့သည်။
           အမှန်မှာ“ရောင့်ရဲလွယ်နိုင်ရမည်”ဆိုသည်မှာ ရောင့်ရဲတင်းတိမ်မှု အလွန်အားနည်းကြသူများ ဆင်ခြင်တုံတရား ထားနိုင်ကြဖို့ ဖြစ်ပါသည်။ ရောင့်ရဲလွယ်သည့် နေရာတွင် စံပြုလောက်သော ဆရာတော် တစ်ပါးရှိခဲ့ဘူးပါသည်။ မတ္တရာ ဆရာတော်သည် မည်သည့်ဟင်း၊ ထမင်းနှင့်ဆွမ်းကပ်သည် ဖြစ်စေ၊ အစဉ်အမြဲ အကောင်းဘက်ကသာ ပြောလေ့ ရှိပါသည်။ အကယ်၍ ဟင်းက ငန် နေလျှင် အစာကြေတာပေါ့ဟု ပြောတတ်၍ ဟင်းက ပေါ့နေလျှင် ရေငတ်ပြေတာပေါ့ဟု ပြောတတ်ပါသည်။
          အကယ်၍ ထမင်းက ပျော့နေလျှင် အစာကြေတာပေါ့ဟု ပြောတတ်၍ ထမင်းက မာနေလျှင် ခပ်တောင့်တောင့်လေး စားရတာပေါ့ဟု ပြောပါသည်။ ဆရာတော်သည် ကောင်းသောဘက်မှ တွေးလေ့ရှိပြီး၊ ရှိတာနှင့် ကျေနပ်သော သဘော ရှိပါသည်။ မရောင့်ရဲ နိုင်သူများ အဖို့ ကိုယ်လည်း ဒုက္ခရောက်၊ ပတ်ဝန်းကျင်လည်း ဒုက္ခရောက်ကြ ရပါသည်။
          ထို့ ပြင် ရောင့်ရဲခြင်းတွင် လေးစားလောက်သော အဘိုးကြီး တစ်ယောက်နှင့်လည်း ကြုံတွေ့ ခဲ့ဖူးပါသည်။ တောင်ဥက္က လာတွင်          ဗေဒင်ဟောသော အဘိုးကြီး တစ်ယောက် ရှိပါသည်။ သူ့ ကိုယ်ပိုင် နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး ပေါ်တွင် တစ်ဦးတည်း အေးအေးချမ်းချမ်း နေထိုင်ပါသည်။ သူ စောင့်ရှောက်ထားသော လင်မယား နှစ်ယောက်က အောက်ထပ်မှာ နေပါသည်။ ယင်း လင်မယားက ထမင်း-ဟင်း ချက်ပြုတ် ကျွေးပါသည်။ အဘိုးကြီးသည် ထို လင်မယား ချက်ကျွေးသည်ကိုသာ စားပါသည်။ အဘိုး ကြီးက “ဘာစားချင်သည်၊ ဘာချက်ကျွေးပါ”ဟု မည်သည့် အခါမျှ မပြောပါ။
 အကယ်၍ ကျန်းမာရေးနှင့် မသင့်သည့် ဟင်း ပါလာပါ က ထိုဟင်းကို မစားဘဲ သူ့ တွင် အသင့်ဆောင်ထားသော နှမ်းဆီကို ဆမ်းကာ ဆားဖြူး၍သာ စားပါသည်။ ယင်းသို့ ရောင့်ရဲလွယ်သည့်အတွက် ကိုယ်လည်း ဒုက္ခ မများသည့် အပြင် သူတစ်ပါးလည်း ဒုက္ခ မများရတော့ပါ။           သို့ သော် ထပ်မံ ဖြည့်စွက် တင်ပြရပါလျှင် ရောင့်ရဲခြင်း ဆိုသည်ကို ငါးပိချက်နှင့်ပင် အမြဲ စားနေရမည်။ ငါးပိချက်နှင့်ပင် တင်းတိမ် နေရမည်။ အသားဟင်း စားနိုင်အောင် မကြိုးစားရဘူးဟု တလွဲ အဓိပ္ပာယ် အကောက်မမှား ကြရန် အထူး လိုအပ်ပါ သည်။ 
“မိန်းကလေးပဲ…ရေးတတ်ဖတ်တတ်လျှင်၊ ၄-တန်းလောက် အောင်လျှင် တော်ရောပေါ့၊ အဆင့်မြင့် ပညာသင်စရာ မလိုပါ ဘူး ”(ရောင့်ရဲခြင်း ဆန်ဆန်)သဘောထား လွဲမှား နေသည်တို့ကိုလည်း  တွေ့ ရတတ်ပါသည်။    ဗုဒ္ဓဘာသာသည် ဘဝကြီးမား တိုးတက်ရေး အတွက် ၃၈-ဖြာ မင်္ဂလာ တရားတော်ပါ “ရောင့်ရဲခြင်း”ဆိုသည်ကို မှန်မှန် ကန်ကန် နားလည်ကြပါမှ အကျိုးထင် အရာရောက်ကြမည် ဖြစ်ပါသည်။           အနှစ်ချုပ် ရပါက ဗုဒ္ဓတရားတော်၏ အဆီ အနှစ်ကို သေသေချာချာ သိရှိပြီး ၃၈-ဖြာ မင်္ဂလာတရားတော်ပါ “ ရောင့်ရဲ ခြင်း”ဆိုသည်ကို မှန်မှန်ကန်ကန် နားလည်ကြပါမှ အကျိုးထင်အရာရောက်ကြမည် ဖြစ်ပါသည်။
စိုးဝင်း(ချောက်)
မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ

Sunday, June 23, 2013

လူသုံးမျိုး




                                                                            လူသုံးမျိုး

လူဆိုတာ အသိဥာဏ်ကို အကြောင်းပြုပြီး သုံးမျိုးရှိပါတယ်။
(၁) ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံး မရှိတဲ့အတွက် ကုသိုလ်မရ ၀မ်းမ၀တဲ့ လူ
(၂) ပစ္စည်းရှာနိုင်တဲ့ ပညာသာရှိပြီး တရားရှာတတ်တဲ့ ပညာမရှိတဲ့အတွက်ကြောင့် ကုသို်လ်မရ ၀မ်းသာဝတဲ့ လူ။
(၃) ပညာနှစ်မျိုးလုံးရှိတဲ့အတွက်ကြောင့် နှစ်မျိုးလုံးရအောင် ရှာနိုင်တဲ့အတွက် ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ

ဘုရားလက်ထက်က ဗာရာဏသီမြို့မှာ မဟာဓန သူဌေးဇနီးမောင်နှံ နှစ်ယောက်ရှိပါတယ်။ နှစ်ဖက်သော မိဘထံက ကုဋေ (၁၆၀)တောင် အမွေရထားတယ်။ ပစ္စည်းကြွယ်ဝလွန်းတော့ မြန်မာလို ကိုကြွယ်ပေါနဲ့ မကြွယ်ဌေးလို့ ခေါ်ရမှာပေါ့။ အတိတ်ကံက ပေးလိုက်တဲ့ အမွေကလဲ အံ့သြစရာပဲ။ လူ့ဘောင်မှာ ဥာဏ်ဝီရိယမှန်မှန် ထိန်းသိမ်းကြိုးစားနိုင်ရင် မြို့ရဲ့ မျက်နှာဖုံး ပထမတန်းစား သူဌေးဖြစ်နိုင်လောက်ပါသတဲ့။ တကယ်လို့ အချိန်မီ ဥာဏ်ဝီရိယစိုက်ပြီး တရားအလုပ် အားထုတ်နိုင်ရင် ကိုကြွယ်ပေါက ရဟန္တာဖြစ်နိုင်သတဲ့။ မကြွယ်ဋ္ဌေးက အနာဂါမ်ဖြစ်နိုင်သတဲ့။ တောက်မယ့်မီးခဲ ရဲရဲတွေလို့ ဆိုရမှာပေါ့။

ဒါပေမယ့် အထင်မကြီးလိုက်ပါနဲ့။ ရှိတိုင်းချမ်းသာတာ မဟုတ်ဘူး။ တောက်မဲ့မီးခဲဟာ အချိန်မီ မှုတ်မပေးရင် မီးငြိမ်းသွားတတ်သလို ပြာကျသွားတတ် သလိုပဲ လူဟာလဲ ကံအမွေ ပစ္စည်းအမွေတွေ ရထားပေမယ့် ဥာဏ်ဝီရိယနဲ့ အချိန်မီ မှုတ်မပေးနိုင်ရင် မီးငြိမ်းပြာကျပြီး အလကားလူ ဖြစ်သွားတတ်ပါတယ်။ သူတို့ မိဘတွေက ကိုယ့်သားသမီးကို အချစ်လွဲပြီး မခွဲနိုင်လို့ ပညာအမွေမပေးခဲ့ကြဘူး။ သူတို့နှစ်ယောက် ငယ်ငယ်က ပညာ မသင်ခဲ့ကြရဘူး။ ပစ္စည်းကို ထိန်းနိုင်တဲ့ ပညာလဲမရှိ ဘ၀ကိုထိန်းနိုင်တဲ့ အသိလဲ ကင်းနေကြတော့ အကန်းဇနီးမောင်နှံလို့ ဆိုစရာ ဖြစ်တာပေါ့။

သူတို့မိဘတွေ မရှိကြတဲ့အခါ သူတို့ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က အားလုံးသိကြတော့ အရက်သမားတွေ လူလိမ် လူညာတွေရဲ့ လှည့်ဖြားလိမ်ညာမှုကြောင့် ပစ္စည်း ကုဋေ(၁၆၀)ရော အိမ်ကြီး နှစ်လုံးရော အားလုံးကုန်ဆုံးသွားပါတယ်။ နောက်ဆုံးတော့ တစ်ယောက်လျှင်ခွက်တစ်လုံးစီ ကိုင်ပီး တောင်းစားရတဲ့ သူတောင်းစား ဇနီးမောင်နှံ ဖြစ်သွားပါတယ်။ ကုသိုလ်မရ ၀မ်းမ၀တဲ့ ဗလာ သုညဘ၀နဲ့ ပူလောင်စွာ နိဂုံးချုပ်ကြရရှာတယ်။ ပထမတန်းစား သူဋ္ဌေးဖြစ်ဖို့ အနာဂါမ် ရဟန္တာဖြစ်ဖို့ မပြောနဲ့ လူနဲ့တူအောင် တောင် နေမသွားရဘူး။ အမွေတွေ နှမြောစရာ ကောင်းလိုက်တာ၊ ပညာမရှိ တရားမသိရင် ဘ၀ဟာ သိပ်နစ်နာလွန်းပါတယ်။

ဒါကြောင့် မိဘများဟာ ကိုယ့်သားသမီး တကယ်ချစ်တဲ့ တယ်ဆိုရင်၊ ပစ္စည်းအမွေပေးရုံနဲ့ မပြီးသေးဘူး ပစ္စည်းနဲ့ ဘ၀ ကို ထိန်သိမ်း အသုံးချနိုင်မယ့် အတတ်ပညာနဲ့ တရားအသိအမွေပါ ပေးနိုင်မှ မိဘ ၀တ္တရားကျေမှာဖြစ်ပါတယ်။

ပညာဆိုတာ ကောင်းမှုစွမ်းအား ထုတ်လုပ်တဲ့ အခါ လိုအပ်တဲ့ အဆင့်ရောက်အောင် လမ်းညွန်ပေးတယ်။ မလိုအပ်ပဲ အပိုဖြုန်းတီးမှုမျိုးကိုလည်း တားဆီးပေးတယ်။ ပညာအလင်းရောင် ရှိသူဟာ ဘ၀အမြင်ကို ရှင်းနေအောင် ရှုမြင်သုံးသတ်တတ်ပါတယ်။့ ဒါကြောင့် ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံးရှိပြီး ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ အဖြစ် နေထိုင်ကြပါစို့လို့ တိုက်တွန်းရင်းး ညခင်း မှတ်သားထားရသမျှ မျှဝေလိုက်ပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Saturday, June 22, 2013

ကံအမှောင်နဲ့ ဥာဏ်အရောင်


ကံအမှောင်နဲ့ ဥာဏ်အရောင်

တခါတုန်းက သာဝတ္ထိပြည်ကြီးနဲ့ မနီးမဝေးလှတဲ့ ရွာလေးတစ်ရွာမှာ လယ်သမားမိသားတစု ရှိပါသတဲ့၊ သားမိသားဖ သုံးယောက်ရယ်၊ လယ်ရှင်မရဲ့ မောင်ရယ်၊ အားလုံး လေးယောက်ပေါ့ကွယ်။

သူတို့ဟာ လယ်ယာလုပ်ကိုင်စားသူတွေပီပီ တနေ့မှာတော့ “မိုးမသောက်ခင်က ခလောက်ကယ် ဂျောင်ဂျင်” ဆိုသလို နံနက်စောစောကတည်းက ယောက်ျားသားသုံးဦးဟာ လယ်ယာကွက်ဆီကို လာကြပါသတဲ့။

အဲဒီနေ့မှာဘဲ သာဝတ္ထိပြည့်ရှင် ကောသလ ဘုရင်ကြီးရဲ့ နန်းတော်မှာ ရေထုတ်ပေါက်ကနေဝင်ပြီး ရတနာတွေ အခိုးခံရပါရောတဲ့၊ ဒီတော့ ဘုရင့်ရဲမက်တော်တွေဟာ သူခိုးတွေကို လိုက်လံရှာဖွေ ဖမ်းဆီးကြရင်း သူတို့လယ်ထွန်နေရာ တောစပ်ကို ရောက်လာကြကာ တောထဲကို ဝင်ရောက်သွားတယ်ထင်ရတဲ့ သူခိုးတွေကို မမိတော့ ရဲမက်တွေဟာ ဘုရင်ကြီးငြိုငြင်မှာ စိုးပြီး တရားခံပြဖို့ အဲဒီလယ်သမား သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြပါလေရော။

“ဟင် … ရဲမက်တွေကလည်း နွယ်နီတို့ ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ရဲတွေနဲ့ တူတယ်နော် ဘုန်းဘုန်း”

“နွယ်နီကလည်း နင်ပြောတဲ့ ရုပ်ရှင်တွေ ဘုန်းဘုန်းက ဘယ်ကြည့်ဖူးမှာလဲဟ”

“ကိုကောင်းတို့ နွယ်နီတို့ကလဲ လေကိုရှည်တယ်၊ ယမင်းတို့ နားထောင်ရတာ ဇိမ်ပျက်တယ်၊ ဘုန်းဘုန်း ဆက်သာပြော”

“အေး … အေး ပြောမှာပေါ့ကွယ်၊ အဲဒီလို ဖမ်းဆီး ခေါ်ဆောင်သွားပြီး မကြာခင်မှာပဲ လယ်ရှင်မဟာ ထမင်းပို့ဖို့ လိုက်လာပါသတဲ့၊ လင်သားနဲ့ သားရယ်၊ မောင်ရယ်တို့ ဆာရှာရော့မယ်ဆိုတဲ့ အတွေးနဲ့ သုတ်သုတ် လှမ်းလာပါသတဲ့၊ ဒါပေမယ့် သူ့ခမျာ လယ်တောလဲ ရောက်ရော မောစရာ ကြုံရပါလေရော၊ ခါတိုင်းဆို တေးတဟိုဟိုနဲ့ ထွန်ယက်နေတတ်တဲ့ သူ့လင်၊ သူ့မောင်နဲ့ သူ့သားငယ်တို့ကို အရိပ် အယောင်တောင် မတွေ့ရဘူးတဲ့၊ နွားတွေနဲ့ ထွန်တုံးတွေသာ လယ်ကွက် ထဲမှာ ဒီအတိုင်းတွေ့ရတော့ လင်ရေ … သားရေ … မောင်ရေ … တကြော်ကြော် အော်ခေါ်ရှာသတဲ့၊ တောရဲ့ ပဲ့တင်သံသာ ကြားရပြီး ပြန်ထူးသူ မရှိဘူးပေါ့ကွယ်၊ သူ့ခမျာ ပူပင်စိတ်နဲ့ အော်ရင်းခေါ်ရင်း၊ ပြေးရင်းမေးရင်းနဲ့ ဆောက်တည်မရ ဖြစ်နေရှာသတဲ့၊ နောက်တော့မှ လူတစ်ဦးရဲ့ သတင်းပေးမှုကြောင့် နံနက်ဝေလီဝေလင်းကပင် ဘုရင့်ရဲမက်တော်တွေ ဖမ်းဆီးသွားတဲ့ အကြောင်း သိရလိုက်ရသတဲ့။

ဒါနဲ့ … တခါတည်း ဘုရင့်နန်းတော်ဆီ ဒုန်းစိုင်းတော့တာပေါ့ကွယ်၊ သူဘုရင့် နန်းရင်ပြင်ကို ရောက်တဲ့အခါမှာတော့ ဘုရင်ကြီးဟာ မင်း မိဖုရား မင်းညီ မင်းသား မှူးမတ်ရံရွေတော်တွေနဲ့ ညီလာခံ ကျင်းပ နေချိန်ဖြစ်ပါ သတဲ့။

ရောက်တာနဲ့ လယ်သူမဟာ “အို .. အရှင် မင်းကြီး အဝတ်ပေးပါ၊ အဝတ်ပေးပါနဲ့ အော်ဟစ် တောင်းလိုက်ပါရောတဲ့၊ သူ့အသံကို ဘုရင်ကြီးကြားတော့ ရှေ့တော်မှောက်သွင်းစေသတဲ့၊ ဟေ့ တောသူမ၊ ဘာကြောင့် အဝတ်တောင်းရတာလဲ၊ သင့်မှာ ဝတ်ဆင်စရာ မရှိလေရော့သလားလို့ မေးတဲ့အခါ လယ်သူမက “အရှင်မင်းကြီး ကျွန်မတောင်းတာက ပကတိ အဝတ်အထည်ကို မဆိုလိုပါ၊ အဝတ်အထည်သည် အရှက်တရားကို လုံခြုံစေသကဲ့သို့ ကျွန်တော်မ၏ဘဝကို လုံခြုံစေသော အဝတ်နှင့်တူသည့် ယောက်ျားသနာ အားကိုးရာကို တောင်းခြင်းဖြစ်ပါသည်” လို့ လျှောက်တင်လိုက်သတဲ့။ သင့်မှာ မရှိလို့လား စသည်ဖြင့် စစ်မေးတဲ့အခါ  သူ့ခင်ပွန်းနှင့် သား၊ မောင်တို့ကို ရဲမက်တွေဖမ်းသွားကြောင်း လျှောက်လိုက်တော့ ဘုရင်ကြီးဟာ ဖြစ်ပုံအကြောင်းစုံကို သိသွားပါရော။

မစစ်မမေးရသေးပဲ လွှတ်ပေးလို့မဖြစ်၊ သို့သော် သင့်ကိုစောင့်ရှောက်ရန် တဦးဦးကိုတော့ လွှတ်ပေးမည်၊ သင့်ကြိုက်ရာကို ရွေးချယ်တောင်းယူပေတော့လို့ ဘုရင်ကြီးက ခွင့်ပေးလိုက်တဲ့ခါ၊ လယ်သူမခမျာ ခုမှ ပိုလို့အခက် ပွေရပါသတဲ့၊ သားရယ် … လင်ရယ် … မောင်ရယ်၊ ဘယ်သူ့ကို တောင်းရမှန်းမသိဘဲ မိန်းမောတွေဝေ နေရှာသတဲ့။

“ဟုတ်တယ်နော်၊ ဘယ်သူ့ကို ရွေးရမယ် မသိဘူး”

“ဘယ်သူ့ကို ရွေးလဲဟင် ဘုန်းဘုန်း”

“အဲ ပဟေဠိ အဖြေညှိကြတာပေါ့ကွယ်၊ ကဲ … ဒီနေရာမှာ လယ်သူမ နေရာမှာ သားတို့ သမီးတို့ ရှိနေရင်ကော ဘယ်သူ့ကို ရွေးမလဲ၊ အဲဒါလေးအရင် စဉ်းစားဖြေကြပါဦး”

သူတို့လေးတွေ မျက်လုံးလေးတွေ တောက်တောက်နှင့် စဉ်းစားနေကြဟန်ပင်၊ စဉ်းစားတွေးခေါ်ခြင်း အလေ့ဟာ ပျိုးထောင်ပေးသင့်တဲ့ ဓလေ့ကောင်းပေဘဲ၊ အဖြေမှန်ခြင်း၊ မမှန်ခြင်းက ဒုတိယ၊ စဉ်းစားပြီး ဖြေဆိုရဲဖို့က ပထမလို့ သူတို့လေးတွေကို သင်ကြားပေးရမည်၊ အချိန်စဉ်းငယ်ကြာမှ …

“ကဲ … ရကြပြီလား၊ ဘယ်သူ့ကို တောင်းကြမလဲ”

“သားသိတယ် ဘုန်းဘုန်း၊ ငယ်ငယ်က ဘုန်းဘုန်း ပြောဖူးတယ်လေ”

“အေး … ကိုကောင်းတို့အကြီးတွေက သိပြီးသားဆိုခဏနေဦး .. ကဲ .. ခင်မေထွန်းတို့ ယမင်းတို့ မိန်းကလေးတွေက အရင်ဖြေ ဘယ်သူ့ကို တောင်းမလဲ”

“သားကို … သားကို … တောင်းမယ် ဘုန်းဘုန်း”

“ဟုတ်ပြီး … ကဲ … ကိုညီညီတို့ ကိုစည်သူထွေးတို့ ကကော”

“လင်ကို တောင်းမယ်”

“အောင်မယ် … လင်ကိုတောင်းမယ်ဆိုပါလား” ဝိုင်းရယ်လိုက်ကြသည်။

“ကဲ … လုပ်စမ်းပါဦး၊ ဒေါ်နီလာထွန်းကြီး လယ်သူမသာဆို ဘယ်သူ့ကို တောင်းမလဲ”

“သမီး စဉ်းစားလိုက်ဦးမယ် ဘုန်းဘုန်း”

“စဉ်းစားပါဗျာ … စဉ်းစားပါ”

“သမီးသာဆို မောင်ကို တောင်းမယ် ဘုန်းဘုန်း”

“အဲ … ဟုတ်ပြီ … ဘာကြောင့် … မောင်ကို တောင်းမှာလဲ သမီးရဲ့”

“သမီးလား … သူတို့တောင်းတာတွေနဲ့ မတူအောင် တောင်းလိုက်တာလေ”

ကိုယ်တိုင် သဘောကျသွားသလို ကျန်သူတွေကပါ ဝိုင်းရယ်ကြပြန်သည်။

“ကဲ … ဘယ်သူတောင်းတာမှန်တယ်ဆိုတာ အဖြေညှိရအောင် … ဒီလိုနဲ့ လယ်သူမခမျာ သားကိုကြည့်လိုက်၊ လင်ကိုကြည့်လိုက်၊ မောင်ကိုကြည့်လိုက်နဲ့ အတော်ကြာအောင် ဗျာများနေရှာသတဲ့၊ ဘုရင်ကြီးက ထပ်မံအမိန့်ရှိမှ သူ့သား၊ လင်၊ မောင် သုံးဦးသားကို တလှည့်စီကြည့်ရင်း နောက်ဆုံး မောင်ကို တောင်းလိုက်ပါသတဲ့၊”

“ဟား … ဒါဆို လာလာတောင်းတာ မှန်တယ်နော် ဘုန်းဘုန်း”

“အေး … အေး မနီလာတောင်းတာ မှန်ပါတယ်ကွယ်၊ ဒါပေမယ့် အကြောင်းပြတော့ မတူဘူးကွယ့်၊ သူအကြောင်းပြတာက  ဒီလို … သူရဲ့တောင်းဆိုမှုကို ကြားလိုက်ရတော့ အားလုံး အံ့ဩကြပါသတဲ့၊ ဘုရင်ကြီးကလည်း    ဟဲ့ … သူငယ်မ သူများဆို လင်ကိုသော်လည်းကောင်း၊ ဝမ်းနဲ့လွယ်တဲ့ သားကိုသော်လည်းကောင်း တောင်းကြပေမယ် … သင်က ဘာကြောင့် မောင်ကိုတောင်းရသတုန်းလို့ မေးတော့ “မှန်လှပါ … ကျွန်တော်မ အရွယ်ရှိပါသေးသည်၊ လုပ်ခွင်လမ်းကြား၌ လင်ကို အစား ထပ်မံရနိုင်ပါသည်၊ ထိုအခါ သားကိုလည်း ဝမ်းနဲ့ လွယ်နိုင်ပါသည်၊ မောင်ကတော့ ကျွန်မိ ကျွန်ဖ တို့သည် ကွယ်လွန်နှင့်ကြပါပြီမို့ အစားမပေး နိုင်တော့ပါ” လို့ လျှောက်လိုက်တော့ ဘုရင်ကြီးဟာ ခေါင်းတဆတ်ဆတ် ညိတ်ပြီး “အိမ်း … မိလက္ခု တောသူမ၊ ဉာဏ်ကြီးပေတယ်၊ ငါ့တိုင်းပြည်တွင် ဒီလိုသူငယ်မလေးများ ဘယ်အကြောင်းနှင့်မျှ မဆင်းရဲစေကြလင့်၊ ကဲ … သူငယ်မ သင့်ရဲ့ ဉာဏ်အရောင်နဲ့ ယောက်ျားသားတို့ရဲ့ ကံအမှောင်ကို လင်းစေခဲ့ပြီလို့သာ မှတ်လေရော့” လို့ဆိုကာ မောင်ကိုသာမက သားနဲ့လင်ကိုပါ လွှတ်ပေးတဲ့အပြင် မျိုးရိက္ခာများကိုပင် ချီးမြှင့် လိုက်ပါသေးသတဲ့။

ဇာတ်ကို နိဂုံးသတ်လိုက်ရင်း ဘာမေးခွန်းများ တက်လာဦးမလဲဟု သူတို့ကို ကြည့်ရသေးသည်၊ ဘာမျှ မမေးကြတော့၊ ပြုံးကြည်စွာဖြင့် ပြန်ရန်ပြင်နေကြပြီမို့

“ဒါကြောင့် … သားတို့ သမီးတို့ တတွေလည်း စဉ်းစားတွေးခေါ်ခြင်း ဥာဏ်အရောင်နဲ့ ကြုံတတ်တဲ့၊ ကံအမှောင်ကို လင်းစေနိုင်ကြပါစေကွယ်” ။

နတ်စည်
ဇွန် ၁၈၊ ၂၀၁၃

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူပသည်။