Saturday, May 26, 2012

အထူးသတင်း

ထေရ၀ါဒ တက္ကသိုလ် ပါဠိပါမောက္ခ မိုးကုတ်ရိပ်သာဌာနချုပ် နာယက

ကျိုက်ကလော့ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသ
(ပထမကျော်၊ သ၊ စ၊ အ ဓမ္မာစရိယ)
တရားပွဲ

- ၂၆.၅.၂၀၁၂ (စနေနေ့) ည - ၇ နာရီ
- ၂၇.၅.၂၀၁၂ (တနင်္ဂနွေနေ့) နေ့လည် - ၁ နာရီ
- ၂၇.၅.၂၀၁၂ (တနင်္ဂနွေနေ့) ည - ၇ နာရီ


တိုက်ရိုက်ထုတ်လွှင့်မှု
> တရားပွဲ စတင်ပါက UStream သို့ LiveStream တွင် Play နှိပ်ပြီး တိုက်ရိုက် နာယူနိုင်ပါသည်။


ကျိုက်ကလော့ဆရာတော် ထေရုပ္ပတ္တိအကျဉ်း

ဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ(သ၊စ၊အ )ဓမ္မာစရိယ ဆရာတော်ဘုရားသည် ဧရာဝတီတိုင်း ဇလွန်မြို့ မြစ်ဝရွာခမည်း တော်ဦးသာဟန် +မယ်တော် ဒေါ်မြ တို့မှ ကောဇာ သက္ကရာဇ် 1311 တန်ဆောင်မုန်းလ္ဆန်း၅-ရက်25,10,1949အင်္ဂါနေ့တွက်ဖွားမြင်ခဲ့ပါသည်။

ဆရာတော် ငယ်စဉ်ကပညာသင်ကြားခဲ့သောကျောင်းများမှာ ဟင်္သာတမြို့မိုးကောင်းစာသင်တိုက်၊ ပြည်မြို့ဇောတိကာရုံပရိယတ္တိစာသင်တိုက် ၊ ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်၊  မန္တလေးမြို့ အနောက်ဝိသုဒ္ဓါရုံစာသင်တိုက် တို့တွင် ပညာ သင်ကြားခဲ့ပါသည်။

အောင်မြင်ပြီးမြောက်ခဲ့သောအတန်းများမှာ သကျသီဟ ဓမ္မာစရိယ စေတီယင်္ဂဏ ဓမ္မာစရိယ အစိုးရဓမ္မာစရိယ ပထမကျော် အဖြစ်အောင်မြင်ခဲ့ပါသည်။  သီရိလင်္ကာနိုင်ငံမှ M.A  အိန္ဒိယနိုင်ငံမှ  Ph.D  ဒေါက်တာဘွဲ့ရရှိခဲ့ပါသည်။ နိုင်ငံတော်မှ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘွဲ့ကိုလည်းအပူဇော်ခံရရှိခဲ့ပါသည်။

ယခုအခါတွင် ကျိုက်ကလော့ကျောင်းတိုက်ကြီး၏ ဦးစီပဓာန နာယက အဖြစ်လည်းကောင်းမိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ ချုပ်ကြီး ၏ နာယကဆရာတော်အဖြစ်လည်းကောင်း၊ကမ္မဋ္ဌာနာစရိယဆရာတော်အဖြစ်လည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနုာပြုတက္ကသိုလ်ဒုတိယပါမောက္ခချုပ်အဖြစ်လည်း ကောင်း၊မိုးကုတ်ဆရာတော်ဘုရားကြီးနည်းဖြင့်တရားဟောတရားပြခြင်းပြည်တွင်းပြည်ပ စာသင်သားများအားစာပေပိုချခြင်းများကို ဆောင်ရွက်လျှက်ရှိပါသည်။