Saturday, August 28, 2010

ဘုရားရှင်တိုင်း၏ သြ၀ါဒပါတိမောက်



သဗ္ဗပါပဿ အကရဏံ၊


ကုသလဿုပ သမ္ပဒါ၊


သစိတ္တပရယောဒိပနံ၊


ဧတံ ဗုဒ္ဓါန သာသနံ။


(ဓမ္မပဒ၊ ၁၈၃-၁၈၅)


Sabbapapassa akaranam,

Kusalassa upasampada,

Sacittapariyodapanam,

Etam buddhana sasanam.


မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊

ဖြူအောင် စိတ်ကိုထား။

ဘုရားတိုင်းသာ၊ မိန့်မြွတ်မှာ၊

သုံးဖြာ ဤတရား။


Not to do bad, To do good,

To purify one's mind.

This is the teaching of the Buddhas.

(183-185 ~Dhammapada )




一切惡莫作,一切善應行,

自調淨其意,是則諸佛教。


了參法師譯於佛曆2496年(民國四十二1953 AD)-取自

《南傳法句經》


不造一切惡,實行一切善,

及清淨自心,是諸佛所教。


敬法法師譯於佛曆2542(1999 AD)-取自

《法句經 Dhammapada正覺學會1999.06出版


不作一切罪惡,行一切善事,

清淨自己的心意,這是佛陀的教誡。


淨海法師譯於佛曆2517(1974 AD)-取自

《真理的語言(法句經)》(正聞出版社


不作一切惡,應當行諸善,

自淨之己意,此為諸佛教。


悟醒法師譯於佛曆2538年(民國八十四年1995 AD)-取自

《漢譯南傳大藏經小部經典一--法句經》((高雄)元亨寺妙林出版社


諸惡莫作,眾善奉行,

自淨其意,是諸佛教。


北傳法句經(卷下) 述佛品第二十二(二十有一章) 第十一章(偈頌)

Friday, August 27, 2010

Ratana Sutta ရတနသုတ် By Imee Ooi



ရတနသုတ်တော်

ရတနသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း

မြတ်စွာဘုရား ပွင့်တော်မူတဲ့ အခါတုန်းက အိန္ဒိယနိုင်ငံက ဝေသာလီပြည်ကြီးဆိုတာဟာ ရှင်ဘုရင် ပေါင်း (၇၇ဝ၇) ပါး၊ အိမ်ရှေ့ဥပရာဇာမင်းသားပေါင်း၊ စစ်သေနာပတိပေါင်း၊ ဘဏ္ဍာစိုးပေါင်း၊ နန်းတော် ပြဿဒ်ပေါင်း၊ ဥယျာဉ်ပေါင်း၊ ရေကန်ပေါင်း ၇၇ဝ၇ ခုစီ ညီတူညာတူရှိနေကြပြီး လူနေကလည်း ထူထပ် အစာ ရေစာကလည်းပေါများ, တာဝတိံသာ နတ်ပြည်ကြီး လောက်ကိုပဲ အထူးစည်ကားသိုက်မြိုက် သာယာလှပ နေပါတော့သတဲ့။

အဲဒီ ဝေသာလီတိုင်းပြည်ကြီးဟာ တစ်နှစ်မှာ တော့ မိုးခေါင်ရေရှားတဲ့အတွက် ကောက်ပဲသီးနှံတွေ မထွက်ဘဲ အစာရေစာ ပြတ်လပ်တဲ့ ”အငတ်ဘေး” ကြီး ဆိုက်ရောက်ပါတော့တယ်။ လူတွေဟာ ငတ်လာတော့ အသေအပျောက် ပိုများလာတယ်၊ အဲဒီ လူသေတွေကို တွေ့ကရာမှာ ဖြစ်သလို စွန့်ပစ်ခဲ့ကြလေတော့ အဲဒီ လူသေအနံ့ဆိုးတွေကြောင့် ဘီလူးတွေ, သရဲတွေ, နတ် မိစ္ဆာတွေကပါ မြို့ထဲဝင်လာပြီး လူတွေကို ပူးကပ် ဒုက္ခပေးလာကြပြန်တော့ လူတွေပိုသေကြရပြန်တယ်၊ အဲဒါအပြင် ”ကူးစက်ရောဂါဘေးကြီး” တစ်ခုပါ ဝင်ရောက်လာလေတော့ လူတွေပိုပြီး သေကြေကြရ တော့တာပေါ့။
အစာငတ်တဲ့ဘေး ဘီလူး သရဲ တစ္ဆေ နတ် မိစ္ဆာဘေး ကူးစက်ရောဂါဘေးကြီးရယ်လို့ ဘေးကြီး ၃ ပါး ကပ်ကြီး ၃ မျိုး ဆိုက်ရောက်နေကြရှာတဲ့ ဝေသာလီပြည်က လိစ္ဆဝီမင်းတွေဟာ ရာဇဂြိုလ်မြို့မှာ သီတင်းသုံးတော်မူနေတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးနဲ့ နောက်လိုက်နောက်ပါ သံဃာတော်ပေါင်း အပါး ၅ဝဝ ကို ပင့်ဆောင်ကြရတော့တာပေါ့။
မြတ်စွာဘုရားနဲ့ သံဃာတော် အရှင်မြတ်တွေ ဂင်္ဂါမြစ်ကမ်းကနေ ဝေသာလီပြည်ဘက် တက်ရောက် မိပြီဆိုတာနဲ့ တစ်ပြိုင်နက် အရပ် ၄ မျက်နှာကနေ မိုးတွေ အကြီးအကျယ် ရွာသွန်းပြီး လူသေအပုပ် ကောင်တွေလည်း ဂင်္ဂါမြစ်ထဲကို မျောပါသွားကြသလို တချို့ ဘီလူး၊ သရဲ၊ တစ္ဆေ၊ နတ်မိစ္ဆာတွေလည်း ထွက်ပြေးကြရတော့တာပါပဲ။
မြတ်စွာဘုရားရှင်ဟာ ဝေသာလီပြည်ရဲ့ တံခါးဝ မှာ ရပ်တော်မူပြီး အရှင်အာနန္ဒာမထေရ်ကို လိစ္ဆဝီမင်း တွေနဲ့အတူ ဝေသာလီပြည်ကြီးရဲ့ တံတိုင်း ၃ ထပ် ကြားမှာ ပရိတ်အရံအတားတွေပြုလုပ်ဖို့ စီမံညွှန်ကြားပြီး ရတနသုတ္တန်ကို သင်ပေးတော်မူခဲ့ပါတယ်။ အဲဒီနောက် အရှင်အာနန္ဒာအပြင် မြတ်စွာဘုရား ကိုယ်တော်တိုင်ပါ ဒီရတနသုတ်တော်ကို ၇ ရက် ၇ လီ ဟောကြားတော် မူခဲ့ပါတယ်။ သိကြားမင်းကလည်း တာဝတိံသာကနေ ဆင်းလာပြီး ဘုရား တရား သံဃာ့ ဂုဏ်ရည်ပြ ”ယာနီဓ ဘူတာနိ” စတဲ့ ၃ ဂါထာကို ရွတ်ဆိုလိုက်တဲ့ အဆုံးမှာ တော့ ဝေသာလီပြည်ကြီးဟာ အငတ်ဘေး၊ ဘီလူး သရဲဘေး၊ ကူးစက် ရောဂါဘေးတွေကင်းပြီး သာယာ ဝပြော အစာပေါကာ ကြီးပွားချမ်းသာလာခဲ့ရပါတော့တယ်။
ဘေးကြီး ၃ ပါးလည်းပျောက် နတ် လူတွေ ၅၈၄,ဝဝဝ ကိုလည်း မဂ်ဖိုလ်နိဗ္ဗာန် ရစေ ရောက်စေ လောက်အောင် အလွန်တန်ခိုးထက်မြက်တဲ့ ရတနသုတ်ပရိတ်ဒေသနာ တော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ ဖတ်ကြ နာကြ ကြည်ညို ပူဇော်ကြပါစို့ သူတော်ကောင်းတို့။

¸

ဘုရားဂုဏ် အာရုံပြုနည်း

(၁) ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသပါရမိယော။
ဒသဥပပါရမိယော ဒသပရမတ္ထပါရမိယော တိ။
သမတိံ သ ပါရမိယော ပဉ္စ မဟာပရိစ္စာဂေ
လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ
တိေဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ
ဇာတိံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ
မာရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓံ
ဓမ္မစက္ကပ္ပဝတ္တနံ နဝ လောကုတ္တရဓမ္မေတိ
သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ
ဝေသာလိယာ တီသု ပါကာရန္တရေသု
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော
အာယသ္မာ အာနန္ဒတ္ထေရောဝိယ
ကာရုညစိတံ္တ ဥပဋ္ဌပေတွာ

(၁) အို သူတော်ကောင်းတို့ ဒီပင်္ကရာဘုရားမြတ်ထံ ဘုရားဆုပန်သည်မှစ၍ မြတ်စွာဘုရား၏ ပါရမီဆယ်ပါး ဥပပါရမီဆယ်ပါး၊ ပရမတ္ထပါရမီဆယ်ပါးဟူသော အမျှအညီ ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ သတ္တဝါများအတွက် ကျင့်မှု၊ ဆွေမျိုးများအတွက်ကျင့်မှု၊ ဘုရားဖြစ်ရေးအတွက် ကျင့်မှုဟူသော အကျင့်သုံးပါး၊ ဘုရားဖြစ်မည့် နောက်ဆုံး ဘဝ၌ ပဋိသန္ဓေနေခြင်း၊ ဖွားမြင်ခြင်း၊ တောထွက်ခြင်း၊ ဒုက္ကရစရိယာကျင့်ခြင်း၊ ဗောဓိပင်ခြေ ပလ္လင်ဘွေ၌ မာရ် ငါးပါးအောင်မြင်ခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း သိခြင်း၊ ဓမ္မစင်္ကြာတရားဟောခြင်း၊ ကိုးပါးသော လောကုတ္တရာတရားဟူသော ဤဗုဒ္ဓဂုဏ်အလုံးစုံတို့ကို ဆင်ခြင်တော်မူပြီးလျှင် ဝေသာလီပြည် တံတိုင်းသုံးထပ် အကြားတို့၌ ညဥ့်သုံးယာမ်ပတ်လုံး ပရိတ်အရံအတားကို ပြုတော်မူသော အရှင်အာနန္ဒာမထေရ်ကဲ့သို့ ကရုဏာ စိတ်ကို ဖြစ်စေကြကုန်၍

ရတနသုတ်တော်အမွှန်း


(၂) ကောဋီသတ သဟေဿသု၊ စက္ကဝါဋ္ဌေသု ဒေဝတာ။
ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။

(၃) ရောဂါ မနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပ မန္တရဓာပေသိ၊ ပရိတံ္တ တံ ဘဏာမ ဟေ။

(၂-၃) အကြင်ရတနသုတ်ပရိတ်တော်၏ အရှိန်အဝါ အာဏာကို စကြဝဠာကုဋေတစ်သိန်းရှိ နတ်ဗြဟ္မာများ ခံယူကြကုန်၏၊ အကြင်ရတနသုတ်ပရိတ်တော်သည် ဝေသာလီပြည်၌ ရောဂါထူးခြား ဘီလူးများနှင့် အစာရှားပါး ခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးသုံးမျိုးကိုလည်း လျင်မြန်စွာ ကွယ်ပျောက်စေခဲ့ဘူးပြီး ထိုရတနသုတ် ပရိတ်တော်ကို ငါတို့ရွတ်ကြကုန်စို့။

(၄) ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

(၄) ဤအရပ်၌ စည်းဝေးရောက်လာကြသော မြေ၌ဖြစ် သောနတ်များ၊ ကောင်းကင်၌ဖြစ်သော နတ်များအားလုံး တို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြကုန်လော့၊ ထို့ပြင် ငါဘုရား တရားတော်ကို ရိုသေစွာ နာယူကြ ကုန်လော့။

(၅) တသ္မာ ဟိ ဘူတာ နိ သာမေထ သဗ္ဗေ။
မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ။
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

(၅) နတ်အများတို့ ငါဘုရားတရားနာရန် တိုက်တွန်း ခဲ့သည်ဖြစ်၍ သင်တို့နားစိုက်ကြကုန်လော့၊ သင်တို့အားလုံး လူသားများအပေါ်မှာ မေတ္တာထားကြလော့၊ လူတို့သည် နေ့ရောညဥ့်ပါ ပူဇော်ဖွယ်ရာကို ပို့ဆောင်ပူဇော်ကြသော ကြောင့် ထိုလူအများကို သင်တို့မမေ့ကြပဲ စောင့်ရှောက် ကြလေ။

မှတ်ချက်။ ။ ဤနှစ်ဂါထာသည် မြတ်စွာဘုရား၏ အမိန့်အာဏာတော်ဖြစ်၏။

ဘုရားရတနာ

(၆) ယံကိဥ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၆) လူ့ပြည်၊ နဂါး၊ ဂဠုန်စသောပြည်၊ နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိသမျှ ကောင်းမြတ်သောရတနာတို့တွင် မြတ်စွာဘုရားနှင့်တူသော ရတနာကား မရှိနိုင်သည်သာ၊ ဘုရားမြတ်၌ ရတနာ၏အဖြစ် နှစ်သက်ဖွယ်ဂုဏ်ရည်ကား ထူးခြားကောင်းမြတ်လှပါပေသည်၊ ဤသစ္စာစကား ကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

တရားရတနာ

(၇) ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၇) အရိယမဂ်သမာဓိ ရှိတော်မူသော သာကီနွယ် ဖွား ဘုရားရှင်သည် ကိလေသာကုန်ရာ ရာဂအတွယ် ပျောက်ပြယ်ရာ သေခြင်းကင်းရာ ကောင်းမြတ်လှစွာသော အကြင် နိဗ္ဗာန်တရားတော်ကို သိမြင်ရပိုင်တော်မူခဲ့သည်၊ ထိုနိဗ္ဗာန်တရားနှင့် ဂုဏ်ရည်တူညီသော တရားဟူ၍ တစုံတရာ မရှိတော့ပေ၊ နိဗ္ဗာန်တရားတော်၌ ဤရတနာဟု သိနိုင်ကြောင်း ဂုဏ်တော်အပေါင်းသည်လည်း ထူးမြတ်လှ ပေသည်၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာ ကြပါစေ။

(၈) ယံ ဗုဒ္ဓ သေဋ္ဌော ပရိဝဏ္ဏယိ သုစိံ
သမာဓိ မာနန္တရိကညမာဟု။
သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၈) ဗုဒ္ဓရှင်တော်မြတ်သည် ကိလေသာကင်း အလွန် သန့်ရှင်းဖြူစင်သော အရိယမဂ်သမာဓိကို အနည်း နည်းထုတ်ဖော် ချီးကျူးတော်မူခဲ့၏။ ယင်းအရိယ မဂ်သမာဓိကိုပင် မိမိအခြားမဲ့၌ အကျိုးပေးတတ်သည့် အာနန္တရိက သမာဓိဟူ၍လည်း ဘုရားရှင်များ မိန့်ကြား တော်မူခဲ့သည်၊ ထိုအရိယမဂ် သမာဓိနှင့်တူညီသော သမာဓိကားမရှိပေ၊ အရိယမဂ်တရားတော်၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ် လှပေသည်၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

သံဃာရတနာ

(၉) ယေပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေသု ဒိêာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၉) ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်း အပ်သော အရိယာပုဂ္ဂိုလ်များကား ရှစ်ပါးဖြစ်ရာ (ထိုအရိယာများကား)အစုံအားဖြင့် လေးစုံဖြစ်သည်၊ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ထိုအရိယာ တို့ကား အလှူကောင်း အလှူမှန်ကို ခံတော်မူထိုက်သော ပုဂ္ဂိုလ်များပင်တည်း၊ ထိုအရိယာတို့၌ လှူအပ်သမျှ အလှူဒါနတို့ကား အကျိုးကြီးမားလှပေသည်၊ အရိယာ သံဃာတော်၌ ရတနာ၏အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည် သည်လည်း ထူးမြတ်လှပါပေသည်၊ ဤသစ္စာစကား ကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁ဝ) ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊
လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁ဝ) မြဲမြဲတည်တံ့သော သမာဓိဖြင့် လွန်စွာအားထုတ် ကြကုန်၍ ဂေါတမမြတ်စွာ သာသနာတော်၌ ကိလေသာ တို့မှ လွတ်ထွက်ကြသော ရဟန္တာအရှင်မြတ်တို့သည် နိဗ္ဗာနဓာတ်သို့ အာရုံယူလျှက် သက်ရောက်ကြပြီးသော် ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကျရပဲ အလွယ်တကူ ရရှိ၍ ဖလသမာပတ် အငြိမ်းဓာတ်အရသာခံစားကြလျက် အရဟတ္တဖိုလ် ဝင်စားတော်မူကြ၏၊ ရဟန္တာသံဃာတော်၌ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ်ဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေ၏၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၁) ယထိန္ဒ ခီလော ပထဝိဿိတော သိယာ၊
စတုဗ္ဘိဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ဝဒါမိ၊
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၁) မြေကြီးထဲ၌ ဝင်မှီတည်နေသော တံခါးတိုင်ကြီး သည် အရပ်လေးမျက်နှာမှ လေပြင်းမုန်တိုင်းများ လှုပ်ရှား စေခြင်းငှာ မတတ်နိုင်သကဲ့သို့ မဂ်ဉာဏ်ဖြင့် အရိယသစ္စာ တို့ကို သိမြင်သော သောတာပန်ပုဂ္ဂိုလ်မြတ်ကို ထိုတံခါး တိုင်ကြီးနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော် မူသည်၊ သောတာပန်သံဃာ၌ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေ၏၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၂) ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊
ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၂) နက်နဲသော ဉာဏ်တော်ရှင် သဗ္ဗညုမြတ်စွာ ဘုရား အကောင်းဆုံး ဟောကြားတော်မူအပ်သော အရိယ သစ္စာတို့ကို မဂ်ဉာဏ်ရရှိ ထင်ရှားသိတော်မူကြသော သတ္တက္ခတ္တု ပရမ သောတာပန်ပုဂ္ဂိုလ်တို့သည် စည်းစိမ် ယစ်၍ အလွန်အကဲ မေ့လျော့ကြစေကာမူ ရှစ်ကြိမ် မြောက်ဘဝကို ယူရိုးမရှိတော့ပေ၊ သောတပန်သံဃာ၏ ရတနာဟု သိနိုင်ဖွယ် ဤဂုဏ်တော်သည်လည်း ထူးမြတ် လှပါပေသည် ၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၃) သဟာဝဿ ဒဿနသမ္ပဒါယ
တယဿုဓမ္မာ ဇဟိတာ ဘဝန္တိ။
သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။

(၁၄) စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊
ဆစ္စာဘိဌာနာနိ အဘဗ္ဗကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၃-၁၄) သောတာပန် ပုဂ္ဂိုလ်မြတ်သည် သောတာပတ္တိ မဂ်ဉာဏ် ပြည့်စုံသည်နှင့်တပြိုက်နက် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတ တရားသုံးပါးနှင့် အချို့ကိလေသာ များကို ပယ်ရှားအပ်ပြီးဖြစ်သည်၊ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးဘုံတို့မှလည်း လွတ်မြောက် ရပေပြီ၊ အဘိဌာနခေါ် ရုန့်ရင်းသောအကြောင်းစု အမှုအပြစ်တို့ကိုလည်းပြုခြင်းငှာ မထိုက်တော့ပေ၊ သောတာပန် သံဃာ၌ ရတနာ၏အဖြစ် ဤနှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေသည်၊ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၅) ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊
ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊
အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၅) သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ မကောင်းသောပြစ်မှုကို ကျူးလွန်မိစေကာမူ ထိုသောတာပန်မှာ ထိုပြုမိသောပြစ်မှု ကိုကွယ်ကာ ဖုံးဝှက်သူမဖြစ်နိုင်ပေ၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန် မြင်ပြီးသော အရိယာသောတာပန်၏ မိမိပြုသောပြစ်မှုကို မဖုံးကွယ်ထိုက်သူဖြစ်ကြောင်းကို ရှင်တော်ဘုရားဟော ကြားတော်မူအပ်၏၊ သောတာပန်သံဃာ၌ ဤရတနာဟု သိနိုင်ကြောင်း ဂုဏ်ရည်သည်လည်း ထူးမြတ်လှပါ ပေသည်၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာ ကြပါစေ။

(၁၆) ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊
ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မဝရံ အဒေသယိ၊
နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(၁၆) နွေလများတွင် နွေဦးအစဖြစ်သော တန်ခူးလ၌ ကောင်းစွာပွင့်သည့် ခက်ဖျားစုံရှိသော တောအုပ်သည် အသရေရှိလှသကဲ့သို့ အနက်သဒ္ဒါ ဝေဆာစုံပေါ ထိုတော အုပ်ကြီးနှင့်တူသော နိဗ္ဗာန်ရောက်ကြောင်း တရားတော် မြတ် ပိဋကတ်ကို နိဗ္ဗာနဓာတ် အမြတ်ဆုံး အကျိုးစီးပွား အလို့ငှာ ရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည်၊ မြတ်စွာဘုရား၌ ရတနာဟု သိကြောင်းဖြစ်သော ဤဂုဏ်တော်သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၇) ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊
အနုတ္တရော ဓမ္မဝရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၇) နတ်လူအများ လိုလားတောင့်တအပ်သော ပုဂ္ဂိုလ် မြတ် ဖြစ်တော်မူသော အမြတ်ဆုံးနိဗ္ဗာန်ကို သိတော်မူ၍ အမြတ်တရားကို ပေးသနားတော်မူတတ်သော ရှေးဟောင်း ကျင့်စဉ်လမ်းမြတ်ကို ယူဆောင်တော်မူတတ်၊ အမြတ်ဆုံး ဘုရားမြတ်သည် တရားတော်မြတ်အရပ်ရပ်ကို ဟောကြား တော်မူလေသည်။ မြတ်စွာဘုရား၌ရတနာဟု သိနိုင်ကြောင်း ဤဂုဏ်တော်အပေါင်းသည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၈) ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊
ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။
တေ ခီဏဗီဇာ အဝိရုဠှိဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္မိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၈) ရဟန္တာအရှင်မြတ်တို့အား ရှေးအတိတ်ကံဟောင်း များလည်း ကုန်ခဲ့ပြီ ၊ကံအသစ်လည်း ဖြစ်ပေါ်ခြင်းမရှိ တော့ပေ၊ နောင်ဖြစ်ရမည့်ဘဝသစ်၌ တွယ်တာသော စိတ်လည်း ကင်းတော်မူကြ၏၊ ထိုရဟန္တာအရှင်မြတ်တို့ သည် ပဋိသန္ဓေမျိုးစေ့လည်းကုန်ခဲ့ပြီ၊ ဘဝသစ်ဆက်ဖြစ် စည်ကားရေးဝယ် တွယ်တာသော ဆန္ဒလည်းမရှိကြ ၊ ထိုရဟန္တာပညာရှင်တို့သည် ဤဆီမီးငြိမ်းသွားသကဲ့သို့ ဝဋ်ဇာတ်သိမ်း၍ ချုပ်ငြိမ်းတော်မူကြသည်။ ရဟန္တာ သံဃာတော်၌ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ် ရည်သည်လည်း ထူးမြတ်လှပါပေသည်၊ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၉) ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

(၂ဝ) ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

(၂၁) ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။

(၁၉-၂ဝ-၂၁) မြေ၌ဖြစ်သောနတ်များ၊ ကောင်းကင်၌ ဖြစ်သောနတ်များ ဤအရပ်၌ စည်းဝေးလျှက်ရှိကြ၏၊ ထိုနတ်ပေါင်းများစွာတို့သည် နတ်လူအများ လေးစားပူ ဇော်အပ်သော တထာဂတဘွဲ့ မည်ရသော မြတ်စွာဘုရား
ကို ရှိခိုးကြပါကုန်၏၊ သတ္တဝါတွေ ချမ်းသာကြပါစေ။ (နောက်နှစ်ဂါထာ၌ ဓမ္မံ၊သံဃံ သာကွဲသည်၊ အထူးမရှိ)

ရတနသုတ္တံ နိဋ္ဌိတံ
ရတနသုတ်တော် ပြီး၏။

If you want to read to Ratana Sutta The Discourse On Jewels.(Pali and English)

Press ..Here...

Ratana Sutta(pdf)


三宝经(Ratana Sutta)


([宝经]-[小诵经]-[小部]-[南传大藏经])译者不详,法增比丘1999年润饰及2005年註釋)


天空或地上,众生[2]来聚集,愿众生安乐,汝等应谛听,如来[3]所说法,(千万劫难遇)。

天地诸神祗,汝等应谛听,人民日与夜,献奉诸供品[4],应慈爱彼等,精进施佑护。

於此处他界,或於诸天上[5] ,无论何种宝[6],难与如来等,唯於佛陀[7]中,具足如斯宝,由此真谛故,愿一切安乐。

释迦[8]之圣者,亲证般涅槃[9],解脱於贪欲,无生[10]最尊上,别无有他法,可与其比伦,实尔达摩[11]中,具足如斯宝,由此真谛故,愿一切安乐。

佛陀所赞叹,修定念相继,净念无间断[12],(可证殊胜果),实尔达摩中,具足如斯宝,由此真谛故,愿一切安乐。

四双八辈[13]者,贤者所称赞,佛陀之弟子,施彼得大果[14],唯诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

乔达摩[15]教中,离贪比丘众,坚心勤修持,进趋不死城,享受涅槃乐,於诸僧伽[16]中,具足如斯宝,由此真谛故,愿一切安乐。

如石柱[17]立地,不为四风撼,佛子见圣谛,真信亦如是,唯诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

了解圣谛人,极崇八正道[18],世尊之教法,具最上智慧,彼诸难调服,亦不受八生[19],於诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

慧眼证道者,远离於三法[20],谓身见怀疑,戒取诸邪仪,解脱四恶趣[21],不作六逆罪[22],於诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

由诸身口意,彼所作恶业,悉皆不覆藏,智慧见道者,若造新恶业,实为难思议,於诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

犹如丛林顶,初夏花盛开[23],佛陀微妙法,指引涅槃路,教证臻至善,唯於佛陀中,具足如斯宝,由此真谛故,愿一切安乐。

无比至善者,真知[24]善施舍,圆满戒定慧[25],广演四真谛[26],唯於佛陀中[27],具足如斯宝,由此真谛故,愿一切安乐。

不顧於过去[28],不欣於将来[29],永断於生死,贪欲不再生,命尽如油灯,油耗而寂灭[30],於诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

(佛说此经己,尔时萨迦天王等闻法欢喜,顶礼三宝,愿一切众生,信受奉行,得大安乐,即於佛前,以偈而赞三宝曰)[31]:

天空或地上,来集此神祗,我等应敬礼,圆满佛陀尊,人天所崇敬,愿一切安乐。

天空或地上,来集此神祗,我等应敬礼,圆满达摩尊,人天所崇敬,愿一切安乐。

天空或地上,来集此神祗,我等应敬礼,圆满僧伽尊,人天所崇敬,愿一切安乐。

註:( )括号内之文句原文沒有。


註释:

1.[三宝经]也叫[宝经]。关於此经的來源,各註释书所說的是因为吠舍离(Vesali)城先發生饥荒,而後鬼怪和虫災为患,造成許多人死亡。居 民惶恐不安,在不知所措時,有人提议邀請佛陀從王舍城來此解难,離車国(Licchavi)的皇族立即派人去王舍城邀請佛陀, 佛陀接受了邀請,与众多比丘到時, 吠舍离城即下了一場大雨,把饥荒饿死的死屍都沖走了,空气也清新了,佛陀於是开示此经,並命阿难陀在吠舍离城四處誦唸此经,並以佛缽遍灑誦经水,鬼怪受不 了,都逃离吠舍离城。此城居民才恢復安宁。

2.众生包括三界裡欲界的六道众生;色界及无色界的十六种众生。這些众生包括一切的胎、卵、湿、化的四生。

3.如來,Tathagata, ‘如’指如实知一切相,如实断煩恼,如实說正覺法;‘來’是成就解脫。乘如实道而成就正等正觉。

4.人們都在日夜祭祀天神,为了祭奉甚至造了众多杀业。他們不論順境或逆境,都在向各种神明祷告,祈求平安吉祥,但幾乎沒人会想,這些天神也是貪瞋 痴跟人一樣嚴重的眾生,他們一樣会死,佛未涅槃前,有善根的众天神尚且向佛求教,因為他們知道佛的偉大,是大智大觉者。天神死时会有五衰耗之相:头上花 萎,衣裳垢穢,身体臭穢,腋下汗出,不乐本座(众天女厌离)。

5.天上是指從四天王天(Catumaharaia)以上至色究竟天(Akanittha)的二十四层天。其中有欲界六天:即四天王天,仞利天,夜 摩天,兜率天,化乐天,他化乐天;色界十八天:即梵身天,梵輔天,大梵天,少光天,無量光天,光音天,少淨天,無量淨天,遍淨天,少福天,福生天,廣果 天,和五阿那含天 (無煩天,無熱天,善現天,善見天,色究竟天)及無想天。

6.宝是Ratana的義譯,Ra 指吸引,ta指引导,渡過。意為依三宝而得渡過輪迴之生死苦海。

7.佛陀是自己觉悟生死輪迴之真相並擺脫輪迴之苦和渡過輪迴苦海的大圣者,他能宣示四圣諦及教导八圣道修行法的无上正等正无者,他也是值得受人類及 天神供养的应供者,他已調服及断除所有大小微細的煩恼,故此他无有任何世間的系縛。因此他有十個名号;如來,应供,正等觉,明行足,善逝,世间解,無上士 調御丈夫,天人师,佛,世尊。

8.释迦是指释迦族,圣者是指释迦牟尼佛(Sakyamuni Buddha),牟尼意為寂靜,即释迦族的寂靜者。

9.涅槃,Nibbana的音译,意為寂滅,指一切煩恼的熄灭,包括求生的欲望。请看下面的详细解释。

10.无生,阿罗汉,辟支佛與佛皆證无生,不再在三界裡受生。生是指四生:胎生、卵生、湿生、及化生。往生去西方極乐世界仍未脫离輪迴。

11.‘达摩’是指‘法’,巴利文Dhamma。泛指佛觉悟之法;有三法印、四圣諦、八正道、十二緣起法等。

12.‘净念无间断’是指定的境界,心中无有想念,只有正念。

13.四双八輩即是:向須陀洹道及須陀洹果,向斯陀含道及斯陀含果,向阿那含道及阿那含果,向阿罗汉道及阿罗汉果。请看下面的详细解释。

14.布施是六度或六波罗蜜之一(布施、忍辱、持戒、精進、禅定、智慧),也是十度之一(布施、忍辱、持戒、精進、出离、真实、決意、慈、捨、智 慧),大果是指阿罗汉果。布施也是六隨念之一(念佛、念法、念僧、念戒、念施、念天),本经所涉及的就是六随念,它們是修行人們生於天界的主要原因,並能 趣向涅槃。

15.喬达摩是Gotama是释迦牟尼佛的俗姓,佛俗姓名为悉达多喬达摩Siddhartha Gotama。

16.僧伽,巴利文Sangha,指四双八輩修行者,這可能包括出家的五众;即比丘、比丘尼、沙弥、沙弥尼、及式叉摩那(Sikkhamana);和在家的五戒优婆塞(Upasaka)、优婆夷(Upasika);及八戒白衣男、白衣女。

17.‘石柱’是仞利天(三十三天)的天王帝释的主要柱子一般高而堅固。註释書所說的是豎立於城內或城外的高大八角木柱或磚柱,柱基極深,不易動搖,用以保佑城市。

18.四圣諦裡道諦的八正道:即正見,正思惟,正語,正行,正命,正精進,正念,及正定。

19.证初果(Sotapana,須陀洹果)的圣者,只會回來人天道受生七次就涅槃,所以說不受八生。

20.這三法是十結(Samyojanas) 的前三結;即是怀疑、戒禁取、和身见。

21.四恶趣是地獄、饿鬼、畜生、及阿修罗(Asura)。

22.六逆罪是殺父、殺母、殺阿罗汉、出佛身血、破和合僧团、邪信。

23.這是比喻佛法如森林裡丛林頂盛開的花。

24.佛陀是真正知道諸法实相的无上正等正觉者。

25.戒定慧学,即是三学; 戒学、定学、及慧学。

26.四真諦,即四圣諦;苦諦、集諦、滅諦、及道諦。

27.黄谨良所译的[小部]译作“如是法宝,是最上宝。”

28.執著於過去有一個我的心已經熄灭。

29.執著於未來有一個我的心不再生起。

30.觉者的心犹如一盞油尽燈灭的枯灯,再也点燃不起來。所有履行八正道者都会证涅槃。佛陀說完此句,手指著一盞供給某某天神的油灯,那油灯即刻熄灭。

31.佛陀宣說完此经,仞利天王帝释(Sakka, 萨迦天王)就法喜充滿,因此就說了这最後三偈,讚頌佛宝,法宝,及僧宝。註释书說明佛陀命阿难陀在吠舍离城一連七天宣說此经。


法增比丘注於馬來西亚吡叻州高烏镇祥云山崇圣寺寮房,

佛曆二五四九年九月十八日。


RATANA SUTTA 寶石經


yānidha bhūtāni samāgatāni

bhummāni vā yāni vā antalikkhe
sabbe va bh
ūtā sumanā bhavantu

athopi sakkacca suantu bhāsita

天空或地上, 來集此神衹;

唯願諸神衹, 保眾生安樂;

願汝等諳聽,此處所念誦;

如來所說法, 千萬劫難遇。

tasm
ā hi bhūtā nisāmetha sabbe

metta karotha mānusiyā pajāya

divā ca ratto ca haranti ye bali

tasmā hi ne rakkhatha appamattā

故諸神衹眾, 應當善諦聽,

人民日與夜, 獻奉諸供養

應慈愛彼等, 精進施佑護

ya
kinci vitta idha vā hura vā

saggesu vā ya ratana paīta

na no sama atthi tathāgatena

idampi buddhe ratana paīta

etena saccena suvatthi hotu.

于此世他世, 或天上珍寶 無一堪任此,

于諸佛陀中 具足如斯寶,

由此真實語, 願一切安樂

khaya
virāga amata paīta

yadajjhagā sakyamunī samāhito
na tena dhammena samatthi kinci

idampi dhamme ratana paīta
etena saccena suvatthi hotu

淨妙聖釋子, 尋覓不死門
殊勝解脫味, 無一物堪此
實爾達摩中, 具足如斯寶
由此真實語, 願一切安樂

ya
buddhaseṭṭho parivaṇṇayī suci

samādhi ānantarika??amāhu
sam
ādhinā tena samo na vijjati

idampi dhamme ratana paīta
etena saccena suvatthi hotu

為佛陀贊許, 妙行三昧定
無一物堪此, 禪定聖功力
實爾達摩中, 具足如斯寶
由此真實語, 願一切安樂

ye puggal
ā aṭṭha sata pasatthā

cattāri etāni yugāni honti

te dakkhieyyā sugatassa sāvakā

etesu dinnāni mahapphalāni

Idampi saghe ratana paīta

etena saccena suvatthi hotu

受稱譽施供, 四雙八輩者
善逝聖弟子, 無上福田僧
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂


7. ye suppayutt
ā manasā dahena

nikkāmino gotamasāsanamhi
te pattipatt
ā amata vigayha

laddhā mudhā nibbuti bhu?jamānā
idampi sa
ghe ratana paīta

etena saccena suvatthi hotu

喬達摩教中, 離貪比丘眾
手戒捉金錢, 衣鉢隨身用
進不滅生死, 享受涅盤樂
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

8. yathindakhilo pa
havi sito siyā

catubbhi vātehi asampakampiyo
tath
ūpama sappurisa vadāmi

yo ariyasaccāni avecca passati
Idampi sa
ghe ratana paīta

etena saccena suvatthi hotu

如城墙石柱, 堅固立地上
不為八風動, 佛子見聖地
真信亦如是, 彼是最善人
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

9. ye ariyasacc
āni vibhāvayanti

gambhirapa??ena sudesitāni
ki?c
āpi te honti bhusappamattā

na te bhava aṭṭhamam ādiyanti
idampi sa
ghe ratana paīta

etena saccena suvatthi hotu

了解聖諦者, 極重八正道
最善所教授, 慈悲智慧強
不受第八生, 定證阿羅漢
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

10. sah
āvassa dassanasampadāya

tayassu dhammā jahitā bhavanti
sakk
āyadiṭṭhi vicikicchita?ca

sīlabbata vā pi yadatthi ki?ci

具足正視者, 遠離四種法
謂身見疑惑, 及邪信戒取

11. catuhap
āyehi ca vippamutto

chaccābhihānāni abhabbo kātu
idampi sa
ghe ratana paīta

etena saccena suvatthi hotu

解脫四惡趣, 不作六逆罪
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

12. kinc
āpi so kamma karoti pāpaka

kāyena vācā uda cetasā vā
abhabbo so tassa pa
icchādāya

abhabbatā diṭṭhapadassa vuttā
idampi sa
ghe ratana paīta

etena saccena suvatthi hotu

由諸身口意, 彼所作惡業
悉皆不覆藏, 智慧見道者
更不造新罪, 對眾常懺悔
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

13. vanappagumbe yath
ā phūssitagge

gimhāa māse pahamasmi gimhe

tathūpama dhammavara adesayī

nibbānagāmi parama hitāya

idampi buddhe ratana paīta

etena saccena suvatthi hotu

猶如初夏時, 叢林花枝盛
佛陀所宣說, 指引涅槃路
為諸無上樂, 于諸佛陀中,
具足如斯寶, 由此真實語,
願一切安樂

14.varo varann
ū varado varāharo

anuttaro dhammavara adesayi
idampi buddhe ratana
paīta

etena saccena suvatthi hotu

布施最善者, 創立八正道
宣說最上法, 比丘戒第一
于諸佛陀中, 具足如斯寶,
由此真實語, 願一切安樂

15. kh
īa purāa nava natthi sambhava
virattacitt
ā āyatike bhavasmi
te kh
īabijā avirūhichandā

nibbanti dhirā yathāya padīpo
idampi sa
ghe ratana paīta

etena saccena suvatthi hotu

彼人消逝去, 不复再重生
彼心己脫出, 受生緣已斷
滅除貪欲心, 猶如燈之熄
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

16. y
ānidha bhūtāni samāgatāni

bhummāni vā yāni vā antalikkhe
tath
āgata devamanussapūjitam

buddha namassāma suvatthi hotu

天空或地上, 來集此神衹;
我等應皈依, 圓滿佛陀尊;
人天所供養, 願一切安樂

17. y
ānidha bhūtāni samāgatāni

bhummāni vā yāni vā antalikkhe
tath
āgata devamanussapūjitam

dhamma namassāma suvatthi hotu

天空或地上, 來集此神衹;
我等應皈依, 圓滿達摩尊;
人天所供養, 願一切安樂

18. y
ānidha bhūtāni samāgatāni

bhummāni vā yāni vā antalikkhe
tath
āgata devamanussapūjitam

sagha namassāma suvatthi hotu

天空或地上, 來集此神衹;
我等應皈依, 圓滿僧伽尊;
人天所供養, 願一切安樂

Etena sacca vajjena - dukkha vupa samentu me(te) ­

By these true words may all suffering cease. ­

以此真言,愿一切苦熄灭.

Etena sacca vajjena - bhaya vupa samentu me(te) ­

By these true words may all fears cease.

­以此真言,愿一切恐怖熄灭.

Etena sacca vajjena - roga vupa samentu me(te) ­

By these true words may all diseases cease. ­

以此真言,愿一切病难熄灭.



Thursday, August 19, 2010

“အာရောဂျ ပရမာ လာဘာ” “ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်”

“အာရောဂျ ပရမာ လာဘာ” “ကျန်းမာခြင်းသည် အမြတ်ဆုံး"

ယဉ်ကျေးမှုပညာအရပ်ရပ်ရှိကြသည့်အနက် အချုပ်အားဖြင့်ခွဲဝေသော် လောကုတ္တရာယဉ်ကျေးမှု (၀ိဇ္ဇာပညာ)နှင့် လောကီယဉ်ကျေးမှု (သိပ္ပံပညာ) ဟူ၍ (၂)မျိုးရှိကြကုန်၏။ လောကီယဉ်ကျေးမှုသည်ကား လူနေမှုအဆင့်အတန်း အသိဉာဏ် မြင့်မား ကျယ်ပြန့်လျှင် ကျယ်ပြန့်သလောက် ဖွံ့ဖြိုးတိုးတက်မြဲဖြစ်ရာ တိုင်းပြည်နှင့် လူမျိုးအတွက် ထိုသို့များမြောင်လှသော

ယဉ်ကျေးမှုပညာအရပ်ရပ်မှ ကျန်းမာရေးအသိပညာ (သို့မဟုတ်) ဆေးပညာသည် မပါလျှင်မပြီး၊ မရှိလျှင်
မဖြစ်သည့် ပညာရပ်မျိုး ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် “အာရောဂျ ပရမာ လာဘာ” ကျန်းမာခြင်းသည်
အမြင့်မြတ်ဆုံးသော လာဘ်ဖြစ်၍ အပြန်အားဖြင့် ရောဂါရမှုသည် အကြီးမားဆုံးးသော ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ကြောင်း သဘောပေါက်သင့်၏။

ထို့ကြောင့် မည်သည့် တိုင်းပြည်နှင့် မည်သည့်လူမျိုးမဆို ကြီးပွါးတိုးတက်မှုကို အပြည့်အ၀ဆောင်ရွက်လိုသူတိုင်း အခြေခံဖြစ်သော ကျန်းမာရေးကို အဓိကထား၍ ဆောင်ရွက်ရမည်သာဖြစ်၏။ လူသားဟူ၍ ဖြစ်လာလျှင်ဇရာ အိုခြင်း၊ ဗျာဓိ နာခြင်း၊ မရဏ သေခြင်း ဟူသော ထိုဒုက္ခ (၃)မျိုးကို မုချဧကန် ရင်ဆိုင်တွေ့ရမည်သာ ဖြစ်ပါ၏။ မည်သူ တစ်ဦးတစ်ယောက်မျှ မတွေ့မကြုံရဘဲ ကျော်လွှားလွန်မြောက်နိုင်မည် မဟုတ်ပေ။

လူ့ဘ၀၏ အစသည် ဇာတိ (မွေးဖွါးခြင်း) ဖြစ်၍ လူ့ဘ၀၏ အဆုံးသည် မရဏ (သေခြင်း) ဖြစ်၏။ ထိုအစနှင့် အဆုံး (၂)ခုကြားတွင် ဇရာ အိုခြင်းနှင့် ဗျာဓိ နာခြင်းဟူသော ဆိုးကျိုး(၂)မျိုးတို့သည် အလယ်ဖြစ်ကုန်၏။ ကျန်းမာရေးအသိ ဆေးပညာဟူသည် တိုက်ရိုက်အနေဖြင့် ဇရာနှင့် ဗျာဓိကို ကာကွယ်ပေးသော ပညာရပ်မျိုးဖြစ်၏။ ဇာတိနှင့် မရဏကို သွယ်ဝိုက်သောနည်းအားဖြင့် ကာကွယ်ပေးသော ပညာရပ်မျိုး ဖြစ်၏။

မမွေးဖွါးမီ ပဋိသန္ဓေမပျက်စီးစေရန် ကာကွယ်ရာ၌လည်မးကောင်း၊ သေရာ၌ပင် ပင်းပန်းဆင်းရဲစွာ မသေကြရဘဲ၊ သသတိရှိစွာ တရားနှလုံးသွင်းလျက် သက်သာစေရန် ဆောင်ရွက်မှုကိုလည်းကောင်း၊ ထောက်ဆသော် လူသားတိုင်း တွေ့ကြုံကြရမည့် ပဋိသန္ဓေ၊ အို၊ နာ၊ သေရေး ဒုက္ခကြီး(၄)ရပ်ကို ကာကွယ်နိုင်သော ပညာသည် ကျန်းမာရေးအသိဉာဏ် ဆေးပညာသာဖြစ်ကြောင်း သဘောပေါက်နားလည်၍ လူတိုင်းကိုယ်စီ ကျန်းမာစေရန် ကြိုးစားအားထုတ်ရမည်သာ ဖြစ်ပါသည်။


ကျန်းမာကြောင်း၊ ရောဂါရကြောင်း (၄)ချက်။ ။

ကမ္မံ စိတ္တံ ဥတု အာဟာရောစေတိ စတာရိ ရူပသမုဋ္ဌာနာနိနာမ။

အဘိဓမ္မာကျမ်းများတွင် ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားကို ပြဆိုရာ၌ ကံ၊ စိတ်၊ ဥတု၊ အာဟာရ (၄)ပါးရှိကြောင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ပါ၊ ၁၀၂) ဆိုလိုရင်းမှာ လူတို့၏ ခန္ဓာကိုယ်မှာ ကျန်းမာစေသော အကြောင်းတရား၊ ရောဂါရစေသော အကြောင်းတရားသည်လည်း ဤ(၄)ပါးပင် ဖြစ်ကြောင်း သဘောပေါက် နားလည်ရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အကြောင်းတရား(၄)ပါးရှိသော်လည်း ဤနေရာ၌ (၄)ပါးလုံးကို အကျယ်ဖွင့်ဆို မပြသာပြီ။

ဤဆောင်းပါး၌ အဓိက ရေးလိုရင်း အကြောင်းမှာ အာဟာရ ဟူသော အစားအစာနှင့် ပတ်သတ်သော အပိုင်းကိုသာ ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။ “တန်ဆေး လွန်ဘေး” ဟူသော အစားအစာနှင့် ပတ်သက်၍ သတိပေးထားသော စကားပုံနှင့်အညီ အစားအစာ ဟူသည် နည်းမှန် လမ်းမှန် စားတတ်သူအတွက် ဓါတ်စာတ်မျိုးဖြစ်၍ ဆေးသောက်သကဲ့သို့ ကျန်းမာနိုင်၊ ရောဂါကင်းနိုင်၊ အသက်ရှည်နိုင်ပါသည်။ နည်းမှန် လမ်းမှန် မစားတတ်သူအတွက် စားလိုက်သော အစားအစာသည် အာဟာရ မဖြစ်ဘဲ၊ “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဟူသော စကားပုံလို မတည့်သော အစားအစားကို စားမိ၍ ဘေးဖြစ်ကာရောဂါရနိုင်၊ အသက်တိုနိုင်ပါသည်။ အချို့သူတို့သည် မတည့်မှန်းသိလျက်နှင့် စားချင်ကြ၏။ စားပြီး ဆေးသောလိုက်လျှင် ကိစ္စမရှိလောက်ပါဘူးဟု ယူဆကာ စားနေကြ၏။ တည့်သောအရာများတွင်မူ မကြိုက်သော အရသာဆိုလျှင် ဆေးပင်ဖြစ်စေဦးတော့ မသောက်ချင်ကြပေ။ ထို့ကြောင့် တည့်တာကို မစားချင်ဘဲ၊ မတည့်တာကိုမှ စားချင်သူတို့အတွက် ဘုရားဟော ကျန်းမာရေးနည်းလမ်း အချို့ကို ဆွေးနွေးတင်ပြသွားပါမည်။


ဘုရားနည်း၊ လေးငါးလုပ်လျှော့စားပါ။ ။

ဝေဿန္တရာဇာတ်တော်လာ ဇူဇကာ ပုဏ္ဏားသည် အစားလွန်၍ စားပိုးနင့်ပြီး သေဆုံးခဲ့ကြောင်း အများသူငါ ကြားဘူးကြ၏။ သိရှိပြီး ဖြစ်ကြ၏။ သို့သော် ယနေ့ခေတ်တွင် ဇူဇကာ ပုဏ္ဏားလို ပွဲချင်းပြီး မသေဘဲ၊ အစားအစာကြောင့် ရောဂါရပြီး၊ တဖြည်းဖြည်းချင်း သေကြရသူများကိုယ်မူ လူတိုင်း မသိကြချေ။ အစားမတတ်၍ သေကြရသူများကို စာရင်းပြုစုမည်ဆိုသော် နည်းမည် မဟုတ်ပေ။

လူသည် ရမ္မက်၏ကျေးကျွန်အဖြစ်မှ မတော်လှန်နိုင်သေးရကား မြတ်မြတ်ကလေးစားရသောအခါ ရသတဏှာကို မထိန်းနိုင်ဘဲ၊ မဆံ့မပြဲ စားတတ်ကြ၏။ အထူးသဖြင့် ကောင်းကောင်းနှင့် အလကား စားရသောအခါမျိုး၌ ပို၍စားမိတတ်ကြ၏။

ကျမ်းဂန်လာ ဥပမာအတိုင်းဆိုသော် အချို့သည် အဘယ်မျှအထိ စားတတ်ကြသနည်းဆိုသော် ပါးစပ်ဝကနေပြီး ကျီးနှိုက်၍ ရလောက်အောင် အထိပင် စားတတ်ကြ၏။ အချို့မှာအစားလွန်၍ မအီမသာ ဖြစ်သောကြောင့် ခြေမမှ ရေလောင်းချပေးရ၏။
အချို့မှာမူ ချက်ချင်း ရေချိုးပေးလိုက်ရ၏။ အချို့မှာ ပရိဿတ်ထဲက မြန်မြန်ထပြန်သွားရ၏။ အချို့မှာ ပြန်၍ အန်ထွက်သည် အထိပင် စားတတ်ကြပါသည်။ (၀ိသုဒ္ဓိမဂ်၊ ထာ။)

ဤသို့ ပါးစပ်က အစားပိုလေတိုင်း ၀မ်းမီး ပါစက တေဇော၏ ချက်အားပြုတ်အားမှာလည်း ပို၍ အလုပ်များရ၏။ မနိုင်မနင်းဖြစ်ရ၏။ နို့ဆီဗူး(၄)လုံးခန့် ချက်နိုင်သော မီးဖိုတွင် (၈)လုံးလောက် ချက်သောအခါ ထမင်း ကောင်းစွာ မနပ်နိုင်သကဲ့သို့ အစားအစာကို များများပို၍ စားသောအခါ ၀မ်းမီး ပါစက တေဇောက ကောင်းစွာ မချေချက်နိုင်ဘဲ၊ အစာမကြေနိုင် ဖြစ်လာရ၏။ “ပါးစပ်အလို စအိုမခံနိုင်” ဖြစ်လာရ၏။ ဤသို့ အလွန်အကျွံ စားပါများလာသောအခါ ၀မ်းမီး နုံ့လာ၊ ညံ့လာတတ်၏။ ထိုမှဆက်၍ ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာတတ်ပါသည်။

သို့ဖြစ်၍ အစားအစာနှင့် ပတ်သတ်ပြီး အန္တရာယ်မရှိ၊ ချက်ချင်း အစာကြေစေနိုင်ရန်အတွက်

“စတ္တာရော ပဉ္စအာလောပေ အဘုတွာ ဥဒကံ ပိဝေ။”

“ထမင်းစားသည့်အခါ လေးငါးလုတ်လျှော့စားပါ။ ထိုသို့လျှော့စားထားသော လေးငါးလုတ်စာကို ရေသောက်လိုက်ပါ။” ဟု မြတ်စွာဘုရားက တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့အား ညွှန်ကြားတော်မူခဲ့ပါသည်။ ဗိုက်ပြည့်လွန်းသည့်အတွက် မအီမသာ ဖြစ်ခြင်း၊ ထိုင်၍လည်း အဆင်မပြေ၊ သွား၍လည်း အဆင်မပြေ ခြင်း၊ ကြာလာသောအခါ ကျန်းမာရေးကို ထိခိုက်တတ်ပါသည်။ (၀ိသုဒ္ဓိမဂ်၊ ပါ၊ ပ၊ ၃၂။ ဒီဃ၊ ၂၊ ဋ္ဌ၊ ၃၇၀။ အဘိ၊ ၁၊ဋ္ဌ၊ ၄၃၂။ ပါ၊ ၂၆၂။ မဟာနိ၊ ဋ္ဌ၊ ၃၀၂)


စရဏတရား(၁၅)ပါးနှင့် အစားအစာ စားရာ၌ ဆင်ခြင်မှု။ ။

အစားအစာကို သင့်တင့်ရုံ စားတတ်မှုသည် လွယ်ကူလှသည့် အကျင့်ကား မဟုတ်ပါချေ။ မြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါးတွင် တတိယဂုဏ်တော်ဖြစ်သော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်၌ပါဝင်သည့် ၀ိဇ္ဇာ(၃)ပါး၊ စရဏ(၁၅)ပါးတွင် အစားအစာကို စားရာ၌ အတိုင်းအရှည်ကို သိခြင်းသည်လည်း “ကျင့်စဉ် စရဏ” တစ်ခုအဖြစ် ပါဝင်နေသည်ကို ထူးထူးခြားခြား တွေ့ရသည်။ (၀ိ၊ ၁၊ ဋ္ဌ၊ ၉၂။)

ကျန်းမာခြင်းအကျိုးကို လက်တွေ့အရယူလိုသူသည် အစားအစာ စားသောက်သည့်ကိစ္စကို ပေါ့ပေါ့တန်တန် မထင်မှတ်သင့်ပေ။ အစားအစာ ပိုမိုစားမိခြင်းကြောင့် ကျန်းမာရေး မပျက်စေရန်၊ ရောဂါမရစေရန် သတိထားသင့်ပါ၏။ မိမိဝမ်းဗိုက် အတိုင်းအရှည်ကို သိပြီး အစားအစာကို မျှမျှတတ စားခြင်းဖြင့် ကျန်းမာခြင်းအကျိုးကို အရယူရန် အစဉ်လုံ့လစိုက်သင့်ပေသည်။ ထမင်းစားပွဲသို့ ထိုင်တိုင်း စားပိုးနင့်၍ ဒုက္ခရောက်ရသော ဇူဇကာပုဏ္ဏားနှင့် အစာအာဟာရ မှီဝဲရာ၌ အတိုင်းအဆကို သိသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို သတိရပြီးစားလျှင် ကျန်းမာရေးအတွက် အကျိုးးရှိနိုင်မည် ဖြစ်ပါသည်။


အစားကြီးသော ကောသလနှင့် မြတ်ဗုဒ္ဓ၏ ပိန်ဆေး။ ။

ဖြူ, မည်း, ဆူ, ကြုံ, နိမ့်, မြင့် ဟူသော အပြစ်(၆)ပါးတွင် အ၀လွန်ခြင်း (ဆူဖြိုးလွန်ခြင်း)မှာလည်း အပြစ်တစ်ခုပင် ဖြစ်သည်။ ခန္ဓာကိုယ် ၀လွန်း(ဆူဖြိုးလွန်း)သော ပုဂ္ဂိုလ်များသည် အသွားအလာခက်၊ အစားအသောက်ခက်၊ အနေအထိုင်ခက်၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတတ်၏။ အ၀လွန်ခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဖြစ်တတ်၏။ ရောဂါမရလျှင်သော်မှ ၀လွန်းသော ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ရသောကြောင့် ဒူးနာရောဂါကား မလွဲမသွေ ရရှိပေလိမ့်မည်သာ။ ထို့ကြောင့် ၀လွန်းသော သူတို့သည် ဆေးအမျိုးမျိုးတို့ကို ၀ယ်ယူစားသုံးနေကြရခြင်းဖြစ်ပါ၏။ ၀သူများကို အပြစ်ဆိုခြင်း မဟုတ်ပေ။ အများစု ဖြစ်တတ်သော သဘာဝကို ဆိုခြင်း ဖြစ်ပါ၏။ ပိန်သူကို ၀စေရန် လွယ်ကူသလောက် ၀သူကို ပိန်စေရန်ကား မလွယ်ကူလှချေ။

ယနေ့ခေတ် TV သတင်းစာများကို ကြည့်လျှင် ၀အောင်ပြုလုပ်နည်း (သို့မဟုတ်) ၀ဆေး ကြော်ငြါခြင်းကို မတွေ့ရဘဲ၊ ပိန်ဆေး၊ ပိန်စေသောနည်းလမ်း၊ ၀ိတ်ချသော ကိရိယာ စသည်တို့ကိုသာ ကြော်ငြါ၍ ရောင်းချနေခြင်းကို ကြည့်လျှင် ယနေ့ခေတ်တွင် ပိန်သူထက် ၀သူက များနေကြောင်း သိသာလှပေသည်။ အကြောင်းမှာ ယနေ့ခေတ်လူတို့သည် အရာရာအတွက် ယခင်ကလို အင်အားစိုက်၍ မလုပ်ရခြင်း၊ ထမင်းပေါင်းအိုး၊ အ၀တ်လျှော်စက် စသည်ဖြင့် စက်ကိရိယာ အကူအညီဖြင့် သက်တောင့်သက်သာ ဖြစ်လွန်းလာခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လတ်လှုပ်ရှားမှု နည်းပါးလာခြင်း၊ နေ့စဉ် စားသောက်နေသော အစားအစာတို့တွင် အဆီဓါတ်များ လွန်ကဲစွာ ပါဝင်နေခြင်းတို့ကြောင့်လည်းဖြစ်ပါ၏။

ထို့ပြင် သတင်းတစ်ပုဒ် ဖတ် ဖတ်လိုက်ရ၏။ အမေရိကန်နိုင်ငံရှိ အချို့သောတက္ကသိုလ်များတွင် တက္ကသိုလ်ဝင်ခွင့် စည်းကမ်းများ၌ ၀လွန်းသောသူများ (သတ်မှတ်ထားသော ပေါင်ချိန်ထက် ပိုသောသူများ) ကို အဆိုပါ တက္ကသိုလ်များသို့ တက်ရောက် ပညာသင်ခွင့် မပြုကြောင်းပင် ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ယနေ့ခေတ်လူငယ်များတွင် ၀သောသူများ အဆမတန် များပြားလာ ခြင်းကြောင့် အနာဂတ်ကာလတွင် ထိုစံချိန်ကို လျှော့ချနိုင်ရန်ရည်ရွယ်ကာ တက္ကသိုလ်ဝင်ခွင့် စည်းကမ်းချက်များတွင် ထည့်သွင်း ထားခြင်းဖြစ်ကြောင်း သိရပါသည်။

အစားကြီးသော ကောသလမင်း။ ။

ဗုဒ္ဓဘာသာ သာသနာတော် သမိုင်းတွင် အစားကြီးသောမင်း (အစားအကြီးဆုံးမင်း) ရှာကြည့်ပါလျှင် ပေဿနဒီ ကောသလမင်းကို တွေ့ရပါမည်။ ထိုမင်းကြီးသည် တစ်ခါတစ်ခါစားလျှင် ဆန်တစ်စိတ်နှင့် ဆိတ်တစ်ကောင်ချက်ကို ကုန်အောင် စားနိုင်သည်ဟု ဆို၏။ အစားကြူးလွန်း၍ သူ၏ ၀မ်းဗိုက်ကြီးမှာလည်း အခြားသူများထက် ပို၍ မို့မောက်နေပေသည်။ ယင်းသို့ ၀မ်းဗိုက်စူနေ၍ ပွဲတော်ဆက်သသောအခါ ရှေ့တည့်တည့်မှ ဆက်သ၍ မရဘဲ၊ နံဘေးဘက်မှ ဆက်သရသောကြောင့် သူ့ကို “ပေဿနဒီ” ဟု ခေါ်ဝေါ်ကြသည်။ တစ်နည်းအားဖြင့် လှိုင်းတံပိုးထသောမြစ်နှင့် တူသော ဗိုက်ခေါက်ရှိသောမင်း၊ (၀ါ) ဗိုက်ခေါက်ထူမင်းဟု ကျမ်းဆရာတို့က ဖွင့်ပြကြ၏။ သူ၏ခန္ဓာကိုယ်ပေါ်သို့ ရေလောင်းချသောအခါ သူ၏ဗိုက်ခေါက်မှာ အရစ်အရစ်ထနေသောကြောင့် ရေသည် ချက်ချင်း အောက်သို့ မဆင်းနိုင်ဘဲ၊ ဗိုက်ခေါက်တစ်လျှောက် မြစ်ကဲ့သို့ လှည့်ပတ် စီးဆင်းသွားသောကြောင့် “ပေဿနဒီ” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ ဤသည်မှာ“ပေဿနဒီ” ဟု “ဿ” ကြီး အက္ခရာဖြင့် ရှိသည်ကို ရှင်းလင်းချက် ဖြစ်ပါသည်။ “ပသေနဒီ” ဟု “သ” ငယ် အက္ခရာဖြင့် ရှိခြင်းမှာ ရှေးရှု ရင်ဆိုင် ပြိုင်လာသူ ရန်သူအပေါင်းကို
အောင်နိုင်သောမင်းဟု အဓိပ္ပါယ်ရပါသည်။ ဤအမည်မှာ ပသေနဒီ ကောသလမင်း၏ သူရသတ္တိကို စွဲ၍ ရရှိသောအမည် ဖြစ်ပါသည်။


ဝလွန်းတော့ အထိုင်ခက်။ ။

တစ်နေ့သောအခါ ကောသလမင်းကြီးသည် ထမင်းစားပြီးစအချိန်တွင် ဘုရားရှင်ကို ဖူးမျှော်ရန် ဇေတ၀န်ကျောင်းတော်သို့ သွားလေ၏။ ခန္ဓာကိုယ်ကလည်း ၀လွန်း၊ ဆန်တစ်စိတ်ချက် ထမင်းကလည်း စားပြီးစအခါဖြစ်နေ၍ ကောသလမင်းကြီးမှာ ဘုရားရှင်၏ ရှေ့တော်မှောက်တွင် မလှုပ်သာ မလှည့်သာဘဲ၊ နေမထိ ထိုင်မသာ၊ ကသိကအောက် ဖြစ်နေရရှာလေသည်။ သူ၏၀မ်းဗိုက်ကြီးမှာ အစာများ ပြည့်နှက်နေ၍ အသက်ကိုပင် မှန်မှန်မရှူနိုင်၊ နှာခေါင်းမှလည်း တရှူးရှူး တရှဲရှဲ အသံထွက်၍ နေပြန်လေသည်။ အခါတိုင်း၌ တရားနာလျှင် အိပ်ငိုက်၍ နေလေ့ရှိရာ၊ ယခုအခါ၌မူ ပရိသတ်ကလည်း အနည်းငယ်မျှသာရှိ၍ ဘုရားရှင်အား မရိုသေရာကျမည် စိုးသောကြောင့် မအိပ်ငိုက်စေရန် သူ့ခမျာ အတော်ပင် ကြီုးစား၍ နေရရှာလေသည်။

ဝမ်းဗိုက်တွင်းမှ စားထားသော အစာရှိန်ယစ်မှုကြောင့် သူ၏ခန္ဓာကိုယ်မှ ချွေးများ ယိုစီးကာ ထွက်လာသောကြာင့် ၀တ်ဆင်ထားသော အ၀တ်တန်ဆာများကိုပင် စိုရွှဲကုန်လေသည်။ ချွေးထွက်လွန်းအားကြီး၍ မင်းကြီးအား ဘေးတစ်ဘက်တစ်ချက်မှ လူများက ၀ိုင်း၍ ယပ်ခပ်ပေးကြရသည်။ ထိုသို့သော မြင်ကွင်းမှာ ဘုရားရှင်၏ရှေ့မှောက်တွင်ဖြစ်၍ ကြည့်ရ အဆင်မပြေသော မြင်ကွင်းတစ်ခုပင် ဖြစ်ပါသည်။ ယင်းကဲသို့ ချွေးကလည်းထွက်၊ အသက်ရှူသံကလည်းပြင်းထန်၊ အနေရ အထိုင်ရလည်း ခက်ရှာသော ကောသလမင်းကြီး၏ အဖြစ်ကို တွေ့မြင်ရသောအခါ ဘုရားရှင်က ကောသလမင်းကြီးနှင့် သင့်လျော်သောတရားကို ဟောတော် မူခဲ့လေသည်။

ဘုရားရှင်ပေးသော ပိန်ဆေး။ ။

မနုဇဿ သဒါ သတမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနေ။

တနုကဿ ဘ၀န္တိ ဝေဒနာ၊ သဏိတံ ဇိရတိ အာယုပ်လယံ။

“ကောသလမင်းကြီး၊ အစာအာဟရ စားသောာက်သောအခါ အမြဲတမ်း သတိတရား လက်ကိုင်ထားပြီး။ မိမိဝမ်းတွင်းရှိ ပါစက ၀မ်းမီး ချက်နိုင်အောင်၊ အစားအစာကို အတိုင်းအဆနှင့် စားသင့်၏။ အစားအစာဆိုသည်မှာ မိမိမ်းနှင့် တန်ရုံ စားလျှင် ဆေးသဖွယ်ဖြစ်၍ အလွန်အမင်းစားလျှင် ဘေးအန္တရာယ် ဖြစ်တတ်၏။ မိမိဝမ်းမီး အတိုင်းအဆကို သိ၍ စားသောက်တတ်သူမှာ ရောဂါဝေဒနာ ကင်းရှင်းပြီး၊ ကျန်းမာရေးလည်းရ၊ ရုပ်ရည်လည်း တော်တော်နှင့် အရွယ်မကျဘဲ၊ အသက်ကိုလည်း ရှည်စေတတ်ပါသည်။

ထို့ကြောင့် ဒကာတော် မင်းကြီးသည်လည်း ကျန်းမာရေး ကောင်း၍ မအိုလွယ်ဘဲ၊ အသက်ရှည်ရှည် နေလိုပါလျှင် အစားအစာကို အတိုင်းအဆနှင့် စားသင့်ပါသည်။”

ကောသလမင်းကြီးသည် မြတ်စွာဘုရား မိန့်ကြားချက်ကို ကြားနာရသောအခါ မိမိအတွက် များစွာအကျိုးရှိသောကြောင့် နောက်တော်မှ ပါလာသော သုဒဿနလုလင်အား အောက်ပါအတိုင်း မှာကြားစေခိုင်းခဲ့သည်။

“အမောင်လုလင် သည်ဂါထာကို မြတ်စွာဘုရားထံမှ ရအောင် သင်ယူခဲ့ပါ။ သင်ယူပြီးနောက် ငါပွဲတော်တည် ထမင်းစားတိုင်း စားတိုင်း သတိပေးသည့်အနေဖြင့် အမြဲတမ်း ရွတ်ဆိုပေးပါ။ သင့်အား နေ့စဉ်နေ့တိုင်း ဆုတော်ငွေတစ်ထောင် ပေးမည်” ဟု မှာကြားပြီး၊ မြတ်စွာဘုရားကို ဦးချကန်တော့ကာ နန်းတော်သို့ ပြန်သွားလေသည်။ သုဒဿနလုလင်သည် မင်းကြီး၏ မှာကြားချက်အတိုင်း ဘုရားရှင်ထံမှ ထိုဂါထာကို နှုတ်ရ သင်ယူခဲ့သည်။

ဘုရားရှင်သည် သုဒဿနလုလင်အား သင်ကြားပေးပြီးနောက် ဂါထာဆိုရမည့် အချိန်အခါနှင့် ဂါထာဆိုပုံဆိုနည်းကိုလည်းကောင်း၊ အစားလျော့ပုံ နည်းစနစ်ကိုလည်းကောင်း အောက်ပါအတိုင်း ညွှန်ပြတော်မူလိုက်သည်။

“အမောင်လုလင် သင်သည် ဤဂါထာကို ကချေသည်ကဲ့သို့ ရောက်ရာနေရာမှာ ပေါက်ကရ မဆိုလေနှင့်။ ကောသလမင်းကြီး စားတော်ခေါ်ချိန်ရောက်မှသာ ဤဂါထာကို ရွတ်ဆိုပါ။ ဆိုရာတွင်လည်း မင်းကြီး ပွဲတော်တည်စမှာ မဆိုလေနှင့်ဦး။ နောက်ဆုံး ထမင်းလုတ် ရောက်မှသာ ရွတ်ဆိုပါ။ မင်းကြီးသည် သင့်အသံကို ကြားလျှင် ကျန်ထမင်းကို ဆက်မစားဘဲ၊ မင်းကြီး ပွဲတော်တည်ခြင်းကိစ္စ ရပ်သွားပါလိမ့်မည်။ ထိုလက်ကျန် ထမင်းကို သင်သေသေချာချာ မှတ်သားထားပါ။ နောက်ရက်များ တွင်လည်း သည်အတိုင်းရွတ်ဆိုပေးပါ။ ထပ်ပြီး လျှော့သွားပါလိမ့်မည်။

ဤကဲ့သို့ တစ်နေ့လျှင် တစ်လုတ်စာ တစ်လုတ်စာမှန်မှန် လျှော့လာလျှင် သာမန်လူတို့ စားသောက်သည့် အချိုးအစားသို့ ရောက်လာပါလိမ့်မည်။ ဤဂါထာကို နံနက်စာ ပွဲတော်တည်စဉ်မှာ မရွတ်ဆိုပါနှင့်။ ညစာ ပွဲတော်တည်စဉ် အချိန်မှာသာ ရွတ်ဆိုပါလေ”။ ဟု အသေအချာ မှာကြားသင်ကြားပေးလိုက်သည်။

နန်းတော်သို့ ရောက်သောအခါ သုဒဿနလုလင်သည် ဘုရင်ကြီး ပွဲတော်တည်တိုင်း အဆိုပါ ဂါထာကို ဘုရားရှင် သင်ပေးသည့်အတိုင်း နေ့စဉ် နေ့တိုင်း ရွတ်ဆိုပေးလေသည်။ ဘုရင်ကြီးသည်လည်း ဤဂါထာကို ကြားရသောအခါ ဘုရားရှင်၏ တရားသံကို အမှတ်ရပြီး၊ စားလတ်စ ထမင်းကို ဆက်လက် မစားတော့ဘဲ၊ ရွှေခွက်ထဲမှာပင် ပြန၍ ချထားကာ ထမင်းစားခြင်းကို အဆုံးသတ်လိုက်လေသည်။ သုဒဿန လုလင်အားလည်း နေ့စဉ် အသပြာငွေ တစ်ထောင် ဆုချလေသည်။

ဘုရားရှင်ပေးသောနည်းသည် အစားလျော့ရာတွင် တစ်ခါတည်းနှင့် အပြတ်လျော့ပစ်ခြင်းမျိုး မဟုတ်ဘဲ၊ တစ်နေ့မှ တစ်လုတ်စာသာ လျော့စားသောကြောင့် ကောသလမင်းကြီးအတွက် အခက်အခဲ သိပ်မရှိပေ။ အစားကြီးသူတို့အတွက် ဘုရားရှင်ပေးသော နည်းလမ်းဖြစ်၍ အတုယူသင့်ပါ၏။ ကောသလမင်းကြီးသည် ထိုကဲ့သို့ တစ်လုတ်စာ တစ်လုတ်စာ နေ့စဉ်လျော့လာခဲ့ရာဆန်တစ်စိတ်ချက် စားသည်မှ ဆန်တစ်စလယ်ချက်( နို့ဆီဗူးနှစ်လုံးချက်) စားသူ အဖြစ်သို့ ရောက်လာခဲ့တော့သည်။

သုဒဿန လုလင်သည်လည်း နေ့စဉ်နေ့တိုင်း ဘုရားရှင်ထံသို့ ကောသလမင်းကြီး၏ အခြေအနေကို လျှောက်ထားရန် သွားရသည်။ တစ်နေ့သောအခါ ဘုရားရှင်က “အမောင်လုလင် မင်းကြီးသည် အဘယ်မျှလောက်စားလျှင် ၀မ်းဝသော အခြေအနေသို့ ဆိုက်ရောက်ပြီနည်း။” ဟု မေးတော်မူရာ “ မင်းကြီးသည် တစ်စလယ်ချက်မျှ စားလျှင် တင်းတိမ်နိုင်သော အခြေအနေသို့ ဆိုက်ရောက်နေပါပြီဘုရား”။ ဟု သုဒဿန လုလင်က ပြန်လည်လျှောက်ထားခဲ့လေသည်။

ထိုအခါ ဘုရားရှင်က “တစ်စလယ်ချက် စားသည် ဆိုသည်မှာ ယောက်ျားများအဖို့ သင့်တော်လောက်ပေပြီ။ ယနေ့မှစ၍ ဤဂါထာကို မရွက်ဆိုနှင့်တော့။” ဟု မိန့်တော်မူလေသည်။ ထိုနေ့မှစ၍ သုဒဿန လုလင်သည်လည်း ဘုရားရှင်၏ ဂါထာကို မရွတ်ဆိုတော့ချေ။

ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ပေးသော နည်းအတိုင်း တစ်နေ့လျှင် တစ်သလယ်ချက်မျှသာ စားသောက်လာခဲ့ရာ သူ၏ခန္ဓာကိုယ်ကြီးမှာလည်း အလေးချိန် လျှော့ကျသွားခဲ့ရာ ယခင်ကကဲ့သို့ မအီမသာ မဖြစ်တော့ဘဲ၊ သွားလာရာ၌လည်း ပေါ့ပါးလွယ်ကူ၊ နေထိုင်ရာ၌လည်း ချမ်းသာရာရပြီး၊ တရားနာရာတွင်လည်း မအိပ်ငိုက်တော့ဘဲ ကောင်းမွန်စွာ နာယူ မှတ်သားနိုင်၍ အလွန်စိတ်ရွှင်လန်းမှုကို ရခဲ့လေသည်။


“သားချစ်ယူမှတ်၊ ဤလူ့ဇာတ်၌

လျောက်ပတ်ကျင့်ငြါး၊ လျောက်ပတ်စားနှင့်

ဆေးဝါး စာကြေ၊ သွားထွေကာလ

ဗြဟ္မစာရီ၊ ဤငါးလီမူ
လောကီလူပေါင်း၊ သက်ရှည်ကြောင်းတည်း။ ။”


ကောသလမင်းကြီး၏ ဥဒါန်းစကား။ ။

ကောသလမင်းကြီးသည် ညတစ်ညတွင် လင်းထိန်ကြည်လင် သာယာသော လရောင်ကို မော့ကြည့်၍ “မိမိ ယခုကဲ့သို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလာရခြင်းမှာ ဘုရားရှင်၏ ကျေးဇူးတော်ကြောင်းပင် ဖြစ်သည်” ဟု တွေးတောနေပြီးလျှင် အတိုင်းအဆမသိအောင် များပြားလှသော ဘုရားရှင်၏ ကျေးဇူးတော်တို့ကို အောက်မေ့သတိရကာ……..

“သြော်…ဘုရားရှင်သည်ကား ငါ၏ခန္ဓာကိုယ်အား သက်တောင့်သက်သာ ဖြစ်စေတတ်သော မျက်မှောက် အကျိုးကိုလည်း ညွှန်ပြတော်မူခဲ့ပြီ။ အစာကြောင့် ဖြစ်ပေါ်လာသော အိပ်ချင်ခြင်း၊ ငိုက်မျဉ်းခြင်း၊ သမ်းဝေခြင်း ထိနမိဒ္ဓ တရားဆိုးတို့မှလည်း
ကင်းဝေးစေခဲ့ပါပြီ။

သုဂတိဘ၀သို့ ရောက်စေတတ်သော အစားအစာ၌ အတိုင်းအရှည်ကို သိတတ်ခြင်း၊ သီလဟူသော တမလွန်အကျိုးကိုလည်း ညွှန်ပြတော်မူခဲ့ပါပြီ။ ဘုရားရှင်၏ ကျေးဇူးတော်တို့ကား အတိုင်းအဆမရှိ ကြီးမားပါဘိတကား” ဟု မြတ်စွာဘုရားရှိရာ ဇေတ၀န်ကျောင်းတော်သို့ အာရုံပြုကာ လက်အုပ်ချီမိုး ရှိခိုးပြီး၊ ရွှင်လန်းဝမ်းမြောက်စွာ ဥဒါန်းစကား ကျူးရင့်ခဲ့လေသည်။

သုခ ချမ်းသာခြင်း(၃)မျိုး။ ။

နောက်တစ်နေ့တွင် ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ရှိရာ ဇေတ၀န်ကျောင်းတော်သို့ သွားရောက်၍ သူ၏ခံစားချက်ဖြစ်သော သုခ(၃)မျိုးကို ၀မ်းသာအားရ လျှောက်ထားခဲ့လေသည်။

“၁။ မြတ်စွာဘုရား၊ တပည့်တော်သည် အရှင်ဘုရားထံမှ လမ်းညွှန်မှုကို မရမီ အလွန်လေးလံသော ဤခန္ဓာကိုယ်ကြီးကို သယ်ပိုးနေရ၍ အမြဲတစေ စိတ်ဆင်းရဲမှု ဖြစ်နေခဲ့ရပါသည်။ ယခုအခါတွင်ူ ယခင်ကနှင့်မတူဘဲ၊ လေကဲ့သို့ လျင်မြန်သော သားကောင်ကိုပင် ဖမ်းယူနိုင်သည့်အခြေသို့ ဆိုက်ရောက်နေပြီဖြစ်၍ ချမ်းသာသုခ ရရှိခဲ့ပါပြီဘုရား။

ရှေးယခင်က တူတော် အဇာတသတ်နှင့် မကြာခဏ စစ်ဖြစ်ပွါးရာ ရှုံးချည်တစ်ခါ နိုင်ချည်တစ်လှည့်ဖြစ်၍ တပည့်တော်အဖို့ စိတ်ညစ်ခဲ့ရပါသည်။ ယခုမူ သမီးတော် ၀ဇိရကုမာရီနှင့် တူတော် အဇာတသတ်ကို လက်ဆက်ပေးလိုက်၍ ထိုရန်မှ ငြိမ်းအေးသွားသောကြောင့်လည်း စိတ်ချမ်းသာမှု ဖြစ်ရပါသည်ဘုရား။ ဤသည်မှာ တပည့်တော် ခံစားရသော ပထမ ၀မ်းသာမှု သုခပင် ဖြစ်ပါသည်ဘုရား။

၂။ ဒုတိယ ခံစားရသော သုခမှာ ဘုရင်အဆက်ဆက် သုံးစွဲခဲ့သော နန်းစဉ် ပတ္တမြားကြီး ပျောက်ဆုံးသွား၍ စိတ်ညစ်ခဲ့ရပါသည်။ ယခုမူ ထိုန်နးစဉ် ပတ္တမြားကြီးကို မမျှော်လင့်ဘဲ ပြန်လည်တွေ့ရှိသောကြောင့် ချမ်းသာ သုခဖြစ်ရပါသည်ဘုရား။

၃။ တတိယ ခံစားရသောသုခမှာ ၀ါသဘခတ္တိယာ သာကီဝင် မင်းသမီးနှင့် လက်ဆက်ခွင့်ရပြီး မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်စပ်ခွင့် ရသောကြောင့် ချမ်းသာသုခ ဖြစ်ရပါသည်ဘုရား။


အမြတ်ဆုံး ချမ်းသာ။ ။

ပေဿနဒီ ကောသလမင်းကြီးက သူခံစားရသော ချမ်းသာသုခ (၃)မျိုးကို ၀မ်းသာအားရ လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က အားလုံးအတွက် အမြတ်ဆုံးချမ်းသာကို အောက်ပါအတိုင်း ဟေယကြားတော်မူခဲ့ပါသည်။

အာရောဂျ ပရမာ လာဘာ၊ သန္တုဋ္ဌီ ပရမံ ဓနံ။
ဝဿာသ ပရမံ ဉာတိ၊ နိဗ္ဗာန ပရမံ သုခံ။

- ရောဂါကင်း၍ ကျန်းမခြင်းသည် အမြတ်ဆုံးသော လာဘ်မည်၏။

- ရှိသမျှ ရသမျှဖြင့် တင်းတိမ်ရောင်ရဲခြင်းသည် အမြတ်ဆုံးသော ဥစ္စာမည်၏။

- ရင်းနှီး ချစ်ခင် ကျွမ်းဝင်ခြင်းသည် အမြတ်ဆုံးသော ဆွေမျိုးမည်၏။

- ဒုက္ခအပေါင်းတို့၏ချုပ်ရာ နိဗ္ဗာန်သည် အမြတ်ဆုံးသော ချမ်းသာမည်၏။

(ဓမ္မပဒ၊ ဋ္ဌ၊ ဒု၊ ၁၇၁။ ၃၁၅။ ပဏ်၊၂၊ ပါ၊ ၁၇၆။ ဋ္ဌ၊၁၅၂။ သဂါထာသံ ၊ပါ၊ ဂ၂။ ဋ္ဌ၁၄၀။)

အထက်ပါ ဘုရားဟောစကားကို မကြားဘူးသူ ဖြစ်လျှင်သော်မှ “လဘ်တကာတို့တွင် အနာရောဂါကင်းခြင်းသည် အမြတ်ဆုံးဖြစ်၏။ချမ်းသာတကာတို့တွင် နိဗ္ဗာန်ချမ်းသာသည် အသာဆုံးဖြစ်၏”

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဤစကားရပ်ကိုကား ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဘူးကြ၏။ ထိုစကားရပ်၏ အဓိပ္ပါယ်အတိုင်း မိမိတို့၏ ခန္ဓာကိုယ်၌ အနာရောဂါ မရှိခြင်းကို အမြတ်ဆုံးဟု မှတ်ယူကြ၏။ အနာရောဂါမရှိ၍ ကိုယ် စိတ်(၂)ပါလုံး ချမ်းသာခြင်းကို အသာဆုံးသော ချမ်းသာဟု ယူဆခဲ့ကြ၏။ အကယ်၍ မိမိခန္ဓာကိုယ်မှာ ရောဂါတစ်စုံတစ်ရာ ရရှိခဲ့လျှင် ပစ္စည်းဥစ္စာ မည်မျှ ချမ်းသာသူဖြစ်ပါစေ၊ အချွေအရံ ပရိဿတ် မည်မျှ ပေါများသူဖြစ်ပါစေ၊ ပညာဘွဲ့ဒီဂရီ မည်မျှ တတ်မြောက်သြူဖစ်ပါစေ၊ တန်းခိုးသြဇာ အာဏာ မည်မျှ ကြီးမားသူဖြစ်ပါစေ ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းကို ရရှိခံစားရမည် မဟုတ်ပါလေ။

အနာရောဂါ ကင်းရှင်း၍ ကျန်းမာသောအခါမှသာလျှင် ကိုယ် စိတ်ချမ်းသာမှုကို လက်တွေ့ ခံစားရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမြတ်ဆုံးသော လာဘ်ကို ရယူလိုသူတိုင်း၊ ကိုယ် စိတ်(၂)ပါးလုံး ချမ်းသာလိုသူတိုင်းသည် ပဋိသန္ဓေ အို နာ သေဘေးကို ကာကွယ်နိုင်သော ကျန်းမာရေးအသိဆေးပညာဗဟုသုတတို့ဖြင့် မိမိတစ်ကိုယ်ရေ ကျန်းမာမှုမှသည် မိမိဆွေမျိုး မိမိရပ်ရွာ မိမိမြို့ မိမိနိုင်ငံတိုင်အောင် အဆင့်ဆင့်တိုးကာတိုးကာ ကျန်းမာချမ်းသာအောင် ကြိုးစားအားထုတ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါသည်။ ။


တက္ကသိုလ် မောင်ကိုရင်