Friday, April 22, 2016

Monday, April 18, 2016

捐獻佛塔,戒堂,寺院的偉大功德

捐獻佛塔,戒堂,寺院的偉大功德

四項偉大功德:
捐獻籌建寺院好處是,身體強壯、外型好看、富裕、眼明。
最後成為證悟涅槃的助緣,記載於三藏。

天人問佛,
佛曰:
一、想要身體強壯就要佈施『食』。
二、想要外型好看就要佈施『衣』。
三、想要富裕就要佈施『傘、鞋等交通工具』。
四、想要眼明就要佈施『光』。
捐獻建寺院一次能得到以上四項功德。另一個問題雖然天人沒問佛陀,但佛陀回答『佈道的人、捐贈佛經的人、聽聞佛法的人是佈施及接收智慧也是證悟涅槃的助緣。』

永生好果報的六項佈施:
一、果/花園
二、種植樹木
三、飲用水
四、鋪路建橋
五、水塔
六、捐寺院
以上六種佈施功德,人們往生後會通往天堂的道路。

天人問佛: 那一種人早晚持續做善事,死後通往天堂的道路?
佛曰:
一、為眾生捐贈或種植果樹、花、花園…的人
二、種植或捐贈能庇蔭的大樹的人
三、為眾生捐贈或蓋飲水設備的人
四、捐助鋪路建橋的人
五、為眾生捐贈水塔、水池的人
六、捐贈寺院的人
佛陀教誨,以上六種人因每天在冥想所做過的好事,死後通往天堂的道路。能得到的果報如此偉大,因此邀請大家一起來種福田,從佈施做起成為證悟涅槃的助緣。

邀大家填佈施波羅密

華緬三寶寺在中壢市開寺以來一直以租屋弘法己屆滿七年。現在己能夠購買土地,座落於桃園市平鎮區貿中街51號(雲南市場附近)。預計將土地上的舊房子拆除後重新興建五層緬式寺院。在第五層設置戒堂(舉行成年出家儀式的大殿)。在頂層設置約4M高的『滿願佛塔』。

為華緬三寶寺能夠早日興建新寺院、佛塔及戒堂,為佛友能與佛法更接近,為其他宗教信仰的人對佛教有所進一步了解,從中壢市到全台灣能夠弘揚佛法,邀請大家一起參與佈施。邀請大家一起來種福田為來世儲存填滿『佈施波羅密』。

在新的一年願大家平安、健康、心想事成、充滿喜氣。願大家功德持續。願以此功德,滅盡諸煩惱;願以此功德,成為涅槃緣;願以此功德,分享諸眾生;願一切眾生,同享此功德。

三寶寺(華緬南傳佛教會) 敬邀

ဘုရား၊ သိမ်၊ ကျောင်းလှူခြင်း၏ အကျိုးကြီးမြတ်ပုံ

 ဘုရား၊ သိမ်၊ ကျောင်းလှူခြင်း၏ အကျိုးကြီးမြတ်ပုံ
လေးမျိုးသောအလှူ
သဒ္ဓါကဲချွန်၊ ကျောင်းလှူမွန်ကား
အားခွန်ဗလ၊ အဆင်းလှနှင့်
သုခချမ်းသာ၊ မျက်စိပါလျှင်
လေးဖြာလှူမျိုး၊ မော်ကွန်းထိုးသည်
အကျိုးနိဗ္ဗာန်တိုင်အောင်တည်း။ ။


နတ်သားမေး၍ ဘုရားဖြေ
၁။ ‘အား’ကို ပေးလိုလျှင် ‘ထမင်းစသော အာဟာရ’ကို ပေးလှူရမည်။
၂။ ‘အဆင်းလှ’ကို ပေးလိုလျှင် ‘အ၀တ်အထည’်ကို ပေးလှူရမည်။
၃။ ‘သုခ ချမ်းသာ’ကို ပေးလိုလျှင် ‘ထီး၊ ဘိနပ်စသော ယာဉ်’ကို ပေးလှူရမည်။
၎။ ‘မျက်စိ’ကို ပေးလိုလျှင် ‘ဆီမီးစသော အလင်းရောင်’ကို ပေးလှူရမည်။
၅။ ‘လေးမျိုးလုံးကို ’ စုပေါင်း၍ ပေးလိုလျှင် ‘ကျောင်း’ကို ပေးလှူရမည်။
ကျောင်းလှူခြင်းသည် အင်အား၊ အဆင်း၊ ချမ်းသာခြင်းနှင့် မျက်စိ (၄)မျိုးလုံးကို လှူသည်မည်ပါ၏။
နတ်သားမမေးသော်လည်း မြတ်ဗုဒ္ဓ ဖြေလိုက်သော အဖြေတစ်ခုကား တရားကို ဟောပြောပြသသူ၊ တရားစာအုပ်များကို ဓမ္မဒါနလှူသူ၊ တရားနာသူတို့သည် နိဗ္ဗာန်ကို ပေးလှူသည်မည်ပါ၏။ (ကိ`ံဒဒသုတ်၊ သဂါထာ၊ သံ၊ ပါ၊၂၉။ ဋ္ဌ၊ ၇၈။)

ကုသိုလ် အမြဲတိုးပွါးသော အလှူ(၆)မျိုး
 ဘယ်ပုဂ္ဂိုလ်မျိုး၊ ကုသိုလ်တိုး၊ နောင်ကျိုး နတ်ပြည် ရောက်ရသနည်း။
 သီးပွင့် ဥယျာဉ်၊ ရိပ်ခိုပင်နှင့်၊ ရေချမ်းစင်အိုး၊ တံတားထိုးလော့၊ သောက်ချိုး တွင်း ကန်၊ ကျောင်းဆောက်ဟန်တည့်၊ ခြောက်တန် ပုဂ္ဂိုလ်၊ ပွါးကုသိုလ်၊ ထိုထိုနတ်ပြည် ရောက်ရသည်။ (၀နရောပသုတ်၊ သဂါထာ၊ သံ၊ ပါ၊ ၃၀။ ဋ္ဌ၊ ၈၃။)

နတ်သား….
အဘယ်ပုဂ္ဂိုလ်မျိုးသည် နေ့ညမပြတ် ကုသိုလ်တိုးပွါးနေ၍ သေလွန်သောအခါ နတ်ပြည်သို့ ရောက်ရသနည်း။?
 မြတ်စွာဘုရား……
၁။သစ်သီးပင် ပန်းပင် ဥယျာဉ် အာရာမ် စိုက်ပျိုး လှူဒါန်းသူ၊
၂။အရိပ်ခိုစရာ သစ်ပင်ကြီးမျိုး စိုက်ပျိုး လှူဒါန်းသူ၊
၃။သောက်ရေချမ်းစဉ် တည်ဆောက် လှူဒါန်းသူ၊
၎။လမ်းပြင် လမ်းဖောက် တံတား ဆောက်လုပ် လှူဒါန်းသူ၊
၅။သောက်ရေ၊ ချိုးရေ၊ သုံးဆောင်ရေအတွက် ရေတွင်းရေကန် တူးဖော် လှူဒါန်းသူ၊
၆။ ဘုရားကျောင်း ဗိမာန် ဆောက်လုပ် လှူဒါန်းသူ၊
ဤအလှူရှင်ပုဂ္ဂိုလ် (၆)မျိုးတို့သည် နေ့ညမပြတ် အမြဲတမ်း ကုသိုလ်တိုးပွါးနေ၍ သေလွန်သောအခါ နတ်ပြည်သို့ ရောက်ရသည်။
ဤသို့ဘုရားရှင်တော်မြတ် ဟောတော်မူခဲ့သောကြောင့် ဤမျှအကျိုးကြီးမားသော သာသနာပြု ကုသိုလ်ထူးကို လူတိုင်းကိုယ်စီ အရယူ၍ သာသနာပြုနိုင်ကြပါစေ ဟု နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။

“ဘုရားဒကာ ဘုရားဒကာမ ၊ကျောင်းဒကာ ကျောင်းဒကာမ၊ သိမ်ဒကာ သိမ်ဒကာမအဖြစ် ခံယူကြရန်
တိုက်တွန်းလွှာ

ကျုံးလိမြို့၊ ရတနာဝါသ ဘုရားကျောင်းကို တည်ထောင် ဖွင့်လှစ်လာခဲ့သည်မှာ ယခုဆိုလျှင် (၇)နှစ်ပြည့်ခဲ့လေပြီ။ ရတနာဝါသ ဘုရားကျောင်းကို စတင် ထူထောာင်သည်မှစ၍ ယခုတိုင်အောင် အိမ်ခန်း ငှါးရမ်း၍သာ သာသနာပြုခဲ့ရပါသည်။ ယခုဆိုလျှင် ကျောင်းသစ်အတွက် သင့်တော်သော မြေနေရာ桃園市平鎮區貿中街51號(ယူနန်ဈေးအနီး)ကို ဝယ်ယူနိုင်ခဲ့ပါပြီ။ ထိုဝယ်ယူသော မြေနေရာတွင် အိမ်အဟောင်းတစ်လုံး ပါရှိ၏။ ထိုအိမ်ဟောင်းကို ဖျက်ကာ ကျောင်းအသစ်ကို မြန်မာမှုပုံစံဖြင့် ဆောက်လုပ်ပါမည်။ (၅)ထပ် အဆောက်အဦး ဖြစ်ပြီး၊ (၅)ထပ်မြောက်တွင် သိမ်သမုတ်ပါမည်။ အပေါ်ဆုံး ခေါင်မိုးထပ်တွင် (၉)တောင်ပြည့်ဘုရား ဣစ္ဆာသယ ဆုတောင်းပြည့် စေတီတော်ကို တည်ထား ကိုးကွယ်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရတနာဝါသ ဘုရားကျောင်းသစ် ဖြစ်မြောက်စေရန်၊ ဗုဒ္ဓဘာသာဝင်များ ဘာသာ သာသနာနှင့် မကင်းဝေးစေရန်၊ ဗုဒ္ဓဘာသာ မဟုတ်သူများ ဗုဒ္ဓဘာသာကို စိတ်ပါဝင်စား သက်ဝင်ယုံကြည်လာစေရန်၊ ကျုံးလိမြို့ဝန်းကျင်မှသည် ထိုင်ဝမ်တစ်နိုင်ငံလုံးတွင် ဗုဒ္ဓဘာသာ သာသနာ ထွန်းကားပြန့်ပွါးပြီး၊ ထာဝရ တည်တံ့စေရန်အတွက် မိမိတို့ တတ်နိုင်သမျှ နည်းများမဆို ပါဝင်လှူဒါန်းပြီး အနုဂါမိကရွှေအိုး မြုပ်နှံ၍ ဘုရားဒကာ ဘုရားဒကာမ၊ သိမ်ဒကာ သိမ်ဒကာမ၊ ကျောင်းဒကာ ကျောင်းဒကာမများအဖြစ် ခံယူနိုင်ကြစေရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

နှစ်သစ်မှာ ဘေးအပေါင်း ရန်အပေါင်း အန္တရာယ်အပေါင်းမှ ကင်းဝေး၍ မင်္ဂလာအပေါင်းတို့ဖြင့် ပြည့်စုံကြပါစေ။ ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ ဆထက်တိုးကာ လှူနိုင် တန်းနိုင် သာသနာပြုနိုင်ကြပါစေ။


နာယကဆရာတော်များနှင့် ရတနာဝါသဥပဋ္ဌာကအဖွဲ့

Tuesday, April 5, 2016

佛法與佛法學堂


佛法與佛法學堂
根源
佛學教育是佛法永續流傳於世,不可或缺的根源。為什麼呢?佛教僧侶們傳授佛陀教條的地方是從偏遠地區的鄉村開始。現代鄉村地方的寺院已經沒有學生和 出家人(比丘/沙彌)了。有些村莊或許會有但是少數。如果沒有寺院存在,這些村莊地方就沒有長期出家的出家人。假如沒有出家人就不會再有僧侶們。如果沒有 僧侶們,佛陀的教導就無法流傳下去了。到了那時候佛教就會從世界上消失。因此,要讓佛法教育永世流傳必需在這些佛法根源地“鄉村”開設『佛法學堂』是目前 非常重要的首要任務工作。

時代的變遷
民主主義悄悄流傳到母國『緬甸』。在民主體制的背後跟隨著外國商人的湧入,接著這些外商帶入與母國不同的風俗、傳統文化及信仰。接著會有不同宗教團 體的傳教士等等的滲透。在這個時候對自己宗教不完全了解或不愛惜自己傳統文化的人就會成為這些宗教團體的標靶。這些信徒就很容易被外來宗教不需要特地說服 就成為異教徒。這對緬甸佛國的宗教造成威脅。

重要職責的人
因此,要如何保護自己的宗教?那些人有責任來保護呢?
有三種人士:
  1. 宗教領導人“僧侶、法師們”
  2. 應供僧侶法師們的“國家領導人及人民”
  3. 未來的主人翁“小孩”

經典開示
讓我們來看看『第一次結集(註1)』前 摩詞迦葉 尊者(Ashin Mahakassapa)所開示的經典語錄。

摩詞迦葉 尊者:『比丘們,我們必需在歪法尚未滲透萌芽前、正法尚未消失前。有違反戒律的法尚未萌芽前、佛陀所教導的戒律尚未消失前。不守戒律的人們尚未有力量前、遵守戒律的人們尚有力量前,為佛陀所留下的正法及戒律我們共同來結集。』

就如同尊者開示,在母國也需要像 摩詞迦葉尊者一樣該為佛教做點事。這裡所說的並不是結集而是該為新生代的孩子教導佛陀所留下來的正法及戒律。事實上現在也已經開始在進行了。

位於曼德勒(瓦城),集斌稈村,東達鎮所開設的Golden Land Dhamma School也包含在內。像Golden Land Dhamma School一樣所有村都出現佛法學堂的話,未來的世代也一樣會是像『結集』。這不正就是新世代年輕人心中已經烙印了『佛法』? 也就是新世代年輕人心中已經建築了『佛』?為有這樣才能保護外來風俗、傳統文化及信仰的入侵。

佛法帶入家庭
因此,借由摩詞迦葉 尊者的開示想建議,在母國,其他宗教信仰尚未有力量前,佛陀教導的正法尚有力前,我們應該為未來新生代小孩宣揚學習正確佛法,幫助開設佛法學堂盡一份力量。

佛友們,為佛法永垂不朽,各盡所能來隨喜功德支持開設『佛法學堂Dhamma School』。也鼓勵自己的小孩多參與各類佛學教育的活動來增長智慧。這將會是佛陀所教導的『正法』永續留存於世的最佳方法。也就是佛法教育從『家』開始。

註1
第一次結集: 公元前約387年,佛陀滅後二個月,摩詞迦葉 尊者 號召『第一次結集』,僧團在佛滅當年三個月的雨安居期間,將佛陀所說的『法』與『律』予以結集,並傳誦於後世,確立了佛教傳承於後世的重要基礎。『結集』 是以僧眾集體『會誦』的方式,將『法』與『律』的內容及文句予以確定下來,並傳於後世。

ဘုရားသာသနာနှင့် ဓမ္မစကူး


ရေသောက်မြစ်။ ။
ဓမ္မစကူးခေါ် ဘာသာရေး တရားသန်တန်းသည် ဗုဒ္ဓဘာသာ သာသနာအတွက် မရှိမဖြစ် ရေသောက်မြစ်တစ်ခု ဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို လက်ဆင့်ကမ်းကာ သယ်ဆောင်လာကြသော ရဟန်းတော်တို့ စတင်ရာ အရပ်ဒေသသည် ကျေးလတ်တောရွာများ ဖြစ်ကြ၏။ ယခုခေတ်အခါတွင် ကျေးလတ်တောရွာများတွင် ဘုန်းတော်ကြီး ကျောင်းများဝယ် ကျောင်းသား ကိုရင်များ မရှိကြတော့။ တချို့ရွာတွင် ရှိကားရှိပါ၏။ အနည်းစု မျှသာတည်း။ ဘုန်းကြီးကျောင်း မရှိတော့လျှင် အမြဲဝတ်မည့် ကိုရင်သာမဏေဟူသည် မရှိနိုင်တော့၊ ကိုရင် သာမဏေတို့ မရှိတော့လျှင် ရဟန်းသံဃာတို့လည်း ရှိလာတော့မည် မဟုတ်ချေ။ ရဟန်းသံဃာတော်တို့ မရှိတော့လျှင် ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို လက်ဆင့်ကမ်းကာ သယ်ဆောင်မည့်သူ မရှိတော့။ ထိုသို့သော အချိန်ရောက်လျှင် ဗုဒ္ဓဘာသာ သာသနာတော်သည် ဧကန်မုချ ပျောက်ကွယ်သွားပေတော့မည်။ သို့ဖြစ်၍ သာသနာ၏ ရေသောက်မြစ်ဖြစ်သော ကျေးလတ်ဒေသ ကလေးသူငယ် လူရွယ်များကို ဘာသာရေး အသိပညာပေးသော ဓမ္မစကူး သင်တန်းသည် သာသနာတော်၏ ရေသောက်မြစ်သဖွယ် အရေးကြီးဆုံး ပဓါနအလုပ် ဖြစ်ပါသည်။


ခေတ်စနစ်အရ လိုအပ်ချက်။ ။
အမိမြန်မာနိုင်ငံအတွင်းသို့ ဒီမိုကရေစီဆိုသော ရေစီးကြောင်းတစ်ခု စီဝင်နေလေပြီ။ ဒီမိုကရေစီ၏ နောက်တွင် ပြည်ပမှ(Merchant) ခေါ်သော ကုန်သည်များ ဝင်ရောက်လာပေတော့မည်။ သူတို့နှင့် အတူ အမိမြေနှင့် မတူခြားနားသော ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များ ပါလာ တော့မည်။ တစ်ပါတည်းဆိုသလို (Missionary)ဆိုသော သာသနာပြုအဖွဲ့များလည်း ဝင်ရောက် လာပေဦးမည်။ ထိုအချိန်တွင် မိမိဘာသာကို ထဲထဲဝင်ဝင်မသိသူများ၊ မိမိရိုးရာ ယဉ်ကျေးမှုကို မချစ်မြတ်နိုး တတ်ကြသူများမှာ သူတို့၏ပစ်မှတ်ဖြစ်တော့မည်။ အလွယ်တကူပင် သူတို့မဲဆွယ် ခေါ်ဆောင်ရာ ဘာသာခြားနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါကြလိမ့်မည်။

အဓိက တဝန်ရှိသူများ။ ။
သို့ဖြစ်၍ အမျိုးဘာသာ သာသနာကိုမည်သို့မည်ပုံ ကာကွယ် စောင့်ရှောက်ကြမည်နည်း…။ မည်သည့် ပုဂ္ဂိုလ်တို့မှာ တာဝန်ရှိပါသနည်း..။ အဓိက တာဝန်ရှိသူ သုံးဦးရှိပါ၏။
၁။ သာသနာပြုခေါင်းဆောင် ရဟန်းတော်များ။
၂။ သာသနာတော်အား ပစ္စည်းဝတ္ထုတို့ဖြင့် လှူဒါန်းထောက်ပံ့နေသော မင်းနှင့်ပြည်သူများ။
၃။ အနာဂတ် မျိုးဆက်သစ်ဖြစ်သော ကလေးသူငယ်များပင်ဖြစ်ပါသည်။


 ဂန္ထဝင်သြဝါဒ။ ။
ပထမသင်္ဂါယနာတင်ပွဲမတိုင်မီ အရှင်မဟာကဿပ မဟာထေရ်မြတ်မိန့်ဆိုခဲ့သော ဂန္ထဝင်သြဝါဒကို ကြည့်ကြပါစို့။
မယံ အာဝုသော ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယမ။ ပုရေ အဓမ္မော ဒိဗ္ဗတိ ၊ ပဋိဗာဟိယျတိ။ ပုရေ အဝိနယော ဒိဗ္ဗတိ၊ ဝိနယော ပဋိဗာဟိယျတိ။ ပုရေ အဓမ္မဝါဒိနော ဗလဝန္တော ဟောန္တိ ဓမ္မဝါဒိနော ဒုဗ္ဗလာ ဟောန္တိ။ ပုရေ အဝိနယဝါဒိနော ဗလဝန္တော ဟောန္တိ ဝိနယဝါဒိနော ဒုဗ္ဗလာ ဟောန္တိ။

“ငါ့ရှင်တို့…ငါတို့သည် မသူတော်တရား မထွန်းကားမီ၊ သူတော်ကောင်းတရား မကွယ်ပမီ၊ ဝိနည်း မဟုတ်သောတရား မထွန်းကားမီ၊ ဝိနည်းတရား မကွယ်ပမီ၊ အဓမ္မဝါဒီတို့ အားမရှိမီ၊ ဓမ္မဝါဒီပုဂ္ဂိုလ်တို့ အားမနည်းမီ၊ အဝိနယဝါဒီတို့ အားမရှိမီ၊ ဝိနယဝါဒီပုဂ္ဂိုလ်တို့ အားမနည်းမီ၊ ဓမ္မနှင့် ဝိနယကို သင်္ဂါယနာ (စုပေါင်းရွက်ဆို) တင်ကြကုန်စို့”…..ဟူသောသြဝါဒပင် ဖြစ်ပါသည်။

ဤသြဝါဒနည်းအတူ အမိမြေ၌လည်း အရှင်မဟာကဿပ၏ သြဝါဒတော်ကဲ့သို့ လုပ်သင့်ပေသည်။ သင်္ဂါယနာတင်ရန် မဟုတ်ပါ။ အရှင်မဟာကဿပမထေရ်မြတ်၏ သြဝါဒ နည်းတူ မျိုးဆက်သစ် လူငယ်လူရွယ်တို့အား ဓမ္မစကူးသင်ကြားရေးပင် ဖြစ်ပါ၏။ ယခုလည်း လုပ်ဆောင်နေကြပါသည်။

ထိုအထဲတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇီပင်ကန်ရွာ၊ ရွှေကန်မြေ ဓမ္မစကူးကျောင်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေကန်မြေ ဓမ္မစကူးကျောင်းကဲ့သို့ ကျေးလတ် တောရွာတိုင်းတွင် ဓမ္မစကူးသင်တန်းများ ပေါ်ပေါက်လာစေရန် ကြိုးစား အားထုတ်ကြမည်ဆိုပါက မျိုးဆက်သစ်လူငယ်တို့နှင့် သင်္ဂါယနာတင်သကဲ့သို့ပင် ဖြစ်သည်မဟုတ်ပါလား။ မျိုးဆက်သစ် လူငယ်တို့ရင်ထဲဝယ် ဘာသာတံဆိပ် ခပ်နှိပ်ပေးခြင်းပင် မဟုတ်ပါလော။  နှောင်းခေတ် လူငယ်တို့၏ နှလုံးသားထဲဝယ် ဘုရားတည်ပေးခြင်းပင် မဟုတ်ပါလား။ သို့မှသာလျှင် အခြားသောယဉ်ကျေးမှု၊ ဘသာသာခြား ဓလေ့ထုံးစံတို့၏ အန္တရာယ်မှ ကာကွယ်ရာ ရောက်ပေလိမ့်မည်။


အိမ်တွင်း သာသနာပြုကြစို့။ ။
ထို့ကြောင့် အရှင်မဟာကဿပမထေရ်၏ သြဝါဒကို နမူနာယူပြီး အကြံပြုချင်မိသည်။ အမိမြေ၌ ဘာသာခြား အယူဝါဒများ အားမကောင်းမီ၊ ဘာသာခြားတို့ အားမရှိမီ၊ ဗုဒ္ဓဘာသာ သာသနာ အင်အား မယုတ်လော့မီ၊ စစ်မှန်သော ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်များကို မျိုးဆက်သစ် လူငယ် မောင်မယ်တို့လက်ထဲသို့ ၊နှလုံးသားထဲသို့ အချိန်မီ ထည့်ပေးနိုင်ရန် ဓမ္မစကူးသင်တန်းကျောင်းများ အမြန်ဆုံးပေါ်ထွက်အောင် ဝိုင်းဝန်းကြိုးပမ်းသင့်ကြသည်ဟူ၍ ဖြစ်ပါ၏။

အို…ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ဗုဒ္ဓဘာသာ သာသနာအတွက် မရှိမဖြစ် ရေသောက်မြစ်တစ်ခု ဖြစ်သော ဓမ္မစကူးခေါ် ဘာသာရေး တရားသန်တန်းများကို တတ်အားသမျှ အားပေးကြ ပါကုန်လော့။ ဘာသာ သာသနာမျက်လုံးကို ဖွင့်ပေးမည့်နေရာ ဓမ္မစကူးခေါ် ဘာသာရေး တရားသန်တန်းများသို့ မိမိတို့၏ သား သမီး တူသား မောင်မယ် ကလေးငယ်များကို တတ်ရောက်ရန် တိုက်တွန်းဆော်သြ နှိုးဆော်ပေးကြပါကုန်လော့။ ဤသည်ပင်လျှင် မိမိတို့သည် ဗုဒ္ဓဘာသာ သာသနာတော်ကြီး မပျောက်ကွယ်ရန်၊ အရှည်တည်တံ့ ခိုင်မြဲရန်၊ တိုးတတ် ပြန့်ပွါးရန် တစ်ပိုင်တစ်နိုင် သာသနာပြုခြင်း ဖြစ်ပါသည်။ အိမ်တွင်း သာသနာ ပြုခြင်းပင် ဖြစ်ပါသည်။

အရှင်ဥက္ကံသ
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)