Thursday, May 31, 2012

"အမေ" လို့ ထပ်ခေါ်ပါရစေ 今夜,我想再喊一聲娘

 

"အမေ" လို့ ထပ်ခေါ်ပါရစေ  今夜,我想再喊一聲娘


မိုးဖွဲဖွဲအောက်က လူခြေတိတ်တဲ့ ညအမှောင်လမ်းမထက်မှာ ကျွန်တော်တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ ရွက်ကြွေတွေက ကျွန်တော့်နောက် ထပ်ကြပ်မကွာလိုက်နေတယ်။ ဝိုးတဝါးအလင်းရောင်က ကျွန်တော်အရိပ်ကို ပိုရှည်အောင် ဆွဲဆန့်ထားလိုက်တယ်။ ရင်ထဲက လေးလံတဲ့ခံစားချက်တွေ တော်ရုံနဲ့ လွင့်ပြယ်မသွားခဲ့ဘူး။

ဒါဟာ အထီးကျန်ဆန်ပြီး သနားစရာကောင်းတဲ့ ညတစ်ညဖြစ်တယ်။ အမေ့အရိပ်က ပေါ်လိုက်၊ ပျောက်လိုက်.. ကျွန်တော်ကို ခံစားစေလိုက်၊ လွင့်မျှောစေလိုက်၊ အိပ်မက်မက်စေလိုက်နဲ့.. ပြောင်းလဲနေတဲ့ အချိန်နောက်လိုက်ပြီး ကိစ္စတချို့ကို တဖြေးဖြေး မေ့သွားမယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် အမေဆုံးတာ (၉)နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ အမေ့အသံ၊ အမေ့အပြုံးကို ကျွန်တော်ထင်ထင်ရှားရှား မှတ်မိနေခဲ့သေးတယ်။ ဦးနှောက်ထဲ၊ ရိုးတွင်းချဉ်ဆီထဲ တိုးဝင်ခဲ့တဲ့ခံစားချက်က လွယ်လွယ်မေ့လို့မရခဲ့ဘူး။ ဆောင်းဦးလေက ဖုန်တွေကို သယ်ဆောင်သွားတယ်။ ဆောင်းဦးမိုးတွေ ရင်ကိုစိုစွတ်စေခဲ့တယ်။ တကယ်တော့ အမေက ကျွန်တော်ရင်ထဲမှာ ဒီနေ့ထိ အသက်ရှင်နေဆဲဖြစ်တယ်။

အမှောင်တွေထဲ ရင်ဆိုင်တိုးဝင်ရင်း အမေ့ဘဝရဲ့လိုအင်တွေကို ကျွန်တော်တွေ့လာတယ်။ မှိန်ဖျော့ဖျော့ မီးရောင်တွေကြားမှာ အမေ့ဘဝစာမျက်နှာကို တွေ့မြင်လာတယ်။ အမေနဲ့အတူနေခဲ့ရတဲ့ နှစ်တွေကို ပြန်ပြောင်းအောက်မေ့မိတိုင်း အဲဒီအောက်မေ့ခြင်းတွေက ကျွန်တော်ရင်ထဲ အခန်းဆက်အဖြစ်နဲ့ ကျန်ရစ်ခဲ့တတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်တကယ်! တကယ်ပဲ လက်အုပ်ချီ ဒူးထောက်ချပြီး အဝေးတစ်နေရာဘက်ဆီ "အမေ....... ကျွန်တော်ရဲ့အမေ" လို့ အော်ဟစ်လိုက်ချင်တယ်။

ကျွန်တော်ကို အမေခွဲသွားတာ (၉)နှစ်တင်းတင်းရှိခဲ့ပါပြီ။ ဒီနှစ်တွေအတွင်းမှာ အမေနဲ့ပတ်သက်တာလေး ရေးမယ်လို့ စိတ်ကူးမိတိုင်း ရင်ခွင်တစ်ခုလုံး ရှုပ်ထွေးခဲ့မိတယ်။ ချရေးဖို့ ခက်ခဲခဲ့တယ်။ ဆင်းရဲဒုက္ခတွေအတွက် အမေမွေးဖွားခဲ့တယ်၊ ကျွန်တော်တို့ကို ကယ်တင်ဖို့ အမေမွေးဖွားခဲ့တယ်လို့ သာမန်အကြောင်းတွေ ရေးချနိုင်ပေမယ့် စာရွက်နဲ့ဘောလ်ပင်ထိတာနဲ့ ဘာအကြောင်းအရာမှ ကျွန်တော်ရေးမထွက်ခဲ့ပြန်ဘူး။ အမေ့အကြောင်း စဉ်းစားမိတိုင်း ကျွန်တော့်ခံစားချက်တွေ ပြုပြင်ရခက်ခဲ့တယ်။

"ဘဝအကြောင်းမပြောနဲ့၊ ဘာဆင်းရဲဒုက္ခအကြောင်းလည်း မဟနဲ့၊ ဒီမိသားစု၊ ဒီအိမ်အတွက် အသက်ရှင်နေရတာကိုပဲ ငါပျော်တယ်။ ကောင်းကင်နဲ့မြေကြီးကို အံတုမယ့်အစား ကိုယ်ကိုယ်တိုင်နဲ့ပဲ အံတုမယ်။ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးမှရတာ"

ဒါက အမေမကြာခဏပြောတတ်တဲ့ အမေ့ရဲ့ဘဝဒဿနတွေဖြစ်တယ်။ အမေကြောင့် အမေ့ဒဿနတွေ ကျွန်တော့်အပေါ် သက်ရောက်ခဲ့တယ်။

အမေရဲ့ငယ်စဉ်ဘဝကမှာ ဘာပုံပြင်မှ ရှိခဲ့ပုံမပေါ်ဘူး။ အဘွားရဲ့ရင်ခွင်ထက်မှာပဲ အမေကြီးပြင်းခဲ့တယ်။ အမေ့ကိုမွေးပြီးလပိုင်းမှာ အမေရဲ့အဖေ အသတ်ခံလိုက်ရတယ်။ စကားတစ်ခွန်းတောင် ချန်မထားနိုင်ခဲ့ဘူး။ ကလေးနှစ်ယောက်နဲ့ အဘွားကျန်ရစ်ခဲ့တယ်။ နပ်မှန်အောင် ထမင်းဝဝလင်လင် မစားခဲ့ရဘူး။ အမေ(၁၆)နှစ်မပြည့်ခင်မှာ အမေ့အစ်မကို အိမ်ထောင်ချပြီး အမေကိုအဖေနဲ့ ပေးစားဖို့စီစဉ်ခဲ့တယ်။

အိမ်ကိုရောက်နေတဲ့ အမေ့အစ်မ အဒေါ်က ကျွန်တော်တို့ကို အမေနဲ့အတူ ကြီးပြင်းခဲ့တဲ့အကြောင်းတွေ မျက်ရည်စက်လက်နဲ့ ပြောပြနေခဲ့တယ်။ အဲဒီညက အဒေါ်ပြောစကားကို ပြောင်းဖူးခြွေရင်း အမေနားထောင်နေခဲ့တယ်။ အဒေါ်ရဲ့နှာရည်ရှုံ့သံကြားတော့ အမေခေါင်းထောင်ကြည့်တယ်။ ဖရိုဖရဲဆံပင်တွေကို သပ်တင်ပြီး အမေသက်ပြင်းချတယ်။ ပြီးတော့ အဘိုးထားရစ်ခဲ့တဲ့ ဆေးလိပ်ဖက်တွေနဲ့ ဆေးလိပ်လိပ်ပြီး ပါးစပ်ပေါ်တေ့လိုက်တယ်။ ဆေးလိပ်မီးညှိပြီး ကျွန်တော်တို့မောင်နှမကို တစ်ချက်ကြည့်ပြီး ဖွာလိုက်တယ်။ ပြီးတော့ခေါင်းငုံ့ပြီး ပြောင်းဖူးတွေ ဆက်ခြွေနေလိုက်တယ်။ ဆေးလိပ်မီးခိုးတွေက ဆောင်းဦးရဲ့မြူလို အမေ့ကိုလွှမ်းခြုံထားကြတယ်။

အဒေါ်က အမေ့ကိုတစ်ချက်ကြည့်ပြီး လက်ဖမိုးနဲ့ မျက်ရည်တွေသုတ်လိုက်တယ်။ အစာကိုမျှော်နေတဲ့ ငှက်ကလေးတွေလို တန်းစီထိုင်နေတဲ့ ကျွန်တော်တို့မောင်နှမတွေကို ကြည့်ပြီး စကားဆက်ပြန်တယ်။

"နင်တို့အဖေက စာအရမ်းဖတ်တယ်။ နင်တို့ အမေကိုယူပြီး သူအပြင်အလုပ်ထွက်လုပ်တယ်။ တစ်နှစ်မှ တစ်ခါလောက်ပဲ အိမ်ပြန်တယ်။ အိမ်မှာကျန်ခဲ့တဲ့ လူကြီးသုံးယောက်နဲ့ ကလေးလေးယောက်ရဲ့ ဝေယျာဝစ္စတွေ နင့်အမေပဲ ဒိုင်ခံလုပ်ရတယ်။ တစ်ရက်မှနားရတယ်လို့ မရှိခဲ့ဘူး။ နင်တို့တွေ လိမ္မာကြနော်၊ နင့်အမေစကား နားထောင်ကြ၊ စာကြိုးစားကြ၊ နင့်အမေကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့"

အဒေါ့်စကားဆုံးတာနဲ့ အိမ်ပြင်ဘက်မှာ ဆော့ကစားနေတဲ့ (၅)နှစ်အရွယ် ညီမလေးငိုသံကို ကြားလိုက်ရတယ်။ အဒေါ်ထရပ်ဖို့ ပြင်တော့ အမေက "သားကြီး .. နင့်ညီမကိုသွားကြည့် သေးပေါက်ချတာလား မသိဘူး။ သားငယ် အမေ့ဘေးလာပြီး ပြောင်းဖူးခြွေရင်း နင့်အဒေါ်ပြောတာကို နားထောင်၊ သားထွေး လျှောက်မဆော့နဲ့ အပြင်မှာသွားဆော့ချည်။ အစ်မ .. အဲဒီစိတ်ညစ်ဝမ်းနည်းစရာတွေကို ဆက်မပြောနဲ့တော့... ဘဝကဖြတ်သန်းရဦးမယ်"

အဒေါ်မျက်နှာ ညှိုးကျသွားပြီး အမေ့လိုဆေးလိပ်လိပ်ပြီး မီးညှိလိုက်တယ်။ စကားဆက်မပြောတော့ဘဲ အမေ့အနားလာပြီး အမေ့ကို ပြောင်းဖူးခြွေကူနေခဲ့တယ်။ ညီမလေးကို အစ်ကိုပွေ့ချီခေါ်သွားခဲ့တယ်။

တကယ်တော့ အဒေါ်က ကျွန်တော်တို့ကို ဒီစကားတွေ ပြောပြနေစရာမလိုခဲ့ဘူး။ သူက တစ်ဘက်လှည့်နဲ့ အမေ့ကို နှစ်သိမ့်အားပေးနေတာဖြစ်တယ်။ အဒေါ်ပြောတဲ့အဖြစ်တွေက ကျွန်တော်တို့ရင်ထဲ၊ မှတ်ဥာဏ်ထဲ တံဆိပ်ခတ်ရိုက်နှိပ်ထားပြီဖြစ်လို့ ဘာစကားလုံးနဲ့မှ ဖော်ထုတ်ပြစရာမလိုခဲ့ဘူး။ ဘဝရဲ့ဆင်းရဲဒုက္ခတွေက အမေ့ကို အစတည်းက ပွတ်တိုက်ရိုက်နှက်သွားခဲ့တယ်။

အဖေ့အကြောင်း အဒေါ်ဆက်မပြောတော့ဘူး။ အမေရဲ့ပျော့ပျောင်းတဲ့ နှလုံးသားတွေ ထပ်ထိခိုက်မှာစိုးလို့ သူဆက်မပြောရဲခဲ့ဘူး။ အဲဒီနေ့က အဖေဆုံးပြီး (၅)ရက်မြောက်တဲ့နေ့ဖြစ်တယ်။

ကလေးက(၄)ယောက် အကြီးဆုံးသားက(၁၅)နှစ်၊ အငယ်ဆုံးသမီးက(၅)နှစ် နောက်ပြီးအသက် (၈ဝ)လူအိုတစ်ဦး.. အဖေမရှိတဲ့ကောင်းကင်က တစ်ကမ္ဘာလုံးကို ဆုံးရှုံးရသလိုပဲ! အမေတစ်ယောက်တည်း ဒီဝန်ထုပ်တွေကို ဘယ်လိုထမ်းရမလဲ?

အဲဒီတုန်းက အမေဟာ စကားနည်းပြီး တည်ငြိမ်ခဲ့တယ်။ တည်ငြိမ်လွန်းလို့ ကြောက်ဖို့တောင်ကောင်းခဲ့တယ်။ ဒါပေမယ့် တည်ငြိမ်တဲ့သူစိတ်ထဲမှာ မခံမရပ်နိုင်တဲ့ ဆင်းရဲမှုနဲ့ လွမ်းဆွေးမှုတွေရှိကြောင်း လူတိုင်းသိခဲ့တယ်။ ခပ်ပြုံးပြုံးမျက်နှာထားရဲ့ နောက်ကွယ်မှာ ခါးသီးခြင်းတွေရောပါနေခဲ့တယ်။
ညအချိန် ညီမလေးက အဒေါ်ရင်ခွင်ထဲ အိပ်ပျော်နေတယ်။ အမေက အရင်ညတွေလိုပဲ စောင်းနေတဲ့ ခုံစွန်းမှာထိုင်ပြီး အပ်နဲ့တစ်ပင်ချင်း ကျွန်တော်တို့ရဲ့ အင်္ကျီတွေကို ဖာထေးနေတယ်။ ကြီးတဲ့အင်္ကျီကိုငယ်အောင်၊ ငယ်တဲ့အင်္ကျီကို စွပ်ကျယ်ဖြစ်အောင် ပြင်ဆင်ချုပ်နေခဲ့တယ်။ ဒါက ကျွန်တော်တို့ညီအစ်ကိုရဲ့ အင်္ကျီဝတ်နည်းတွေဖြစ်တယ်။ လုံးဝပြင်ဆင်ဖာထေးလို့ မရတော့တဲ့အထိ အင်္ကျီတစ်ထည်ကို ကျွန်တော်တို့ ဝတ်ဆင်ခဲ့ရတယ်ဆိုပေမယ့် အင်္ကျီတွေက သန့်ရှင်းသပ်ရပ်နေတယ်။

အဘွားက တံခါးကြားကနေချောင်းကြည့်ပြီး မျက်ရည်အဝဲသားနဲ့ ကိုယ့်အခန်းထဲပြန်ဝင်သွားတယ်။ သားတစ်ယောက် သေဆုံးရတဲ့ဝေဒနာက အဘွားကို အလူးအလဲခံစားစေခဲ့တယ်။ အမေ့ရဲ့ခံစားချက်က အဘွားထက်ပိုမှန်း အဘွားသိတယ်။ အိမ်ထောင်ဦးစီးမရှိတဲ့အိမ်မှာ အမေက ခေါင်မိုးထုပ်ဖြစ်ခဲ့တယ်။ ဒီချွေးမသာတစ်ခုခုဖြစ်ခဲ့ရင် ကျန်ခဲ့တဲ့ကလေးတွေ ဘယ်လိုလုပ်မလဲ? ဒီချွေးမက သူနဲ့ဆယ်နှစ်ကျော် အတူရုန်းကန်ခဲ့သူ၊ ဒီချွေးမကိုသားထက် သူပိုရင်းနှီးခဲ့တယ်။ ဒုက္ခအခက်အခဲတွေကို အတူရင်ဆိုင်ခဲ့ရလို့ သမီးရင်းနဲ့တောင် မခြားခဲ့တော့ပါဘူး။

ဘဝရဲ့ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေက ပါးလျားတဲ့အမေခန္ဓာပေါ် ရက်ရက်စက်စက် ဖိတင်ခဲ့ပေမယ့် အမေ လဲပြိုမသွားခဲ့ဘူး။ သေးငယ်တဲ့ သူ့ပခုံး၊ ခိုင်မာယုံကြည်တဲ့ စိတ်ဓာတ်နဲ့ မိသားစုတာဝန်ကို အမေထမ်းပိုးခဲ့တယ်။ ပြိုလုဆဲအိမ်ကို ပခုံးပြောင်း တာဝန်ယူခဲ့တယ်။

ဆောင်းဦးကာလမှာ အဖေ့မျက်နှာနဲ့ မိတ်ဆွေတချို့ဆီ ပိုက်ဆံချေးပြီး အိမ်တစ်လုံး အမေဆောက်ခဲ့တယ်။ လူအိုတစ်ယောက်နဲ့ ကလေးတွေအတွက် လုံခြုံတဲ့နေရာတစ်ခုကို ပေးခဲ့တယ်။

နှင်းတွေကျတဲ့ နေ့လယ်ခင်းတစ်ခုမှာ အမေက တုန်တုန်ချိချိအဘွားကို အိမ်ရှေ့တွဲခေါ်ခဲ့တယ်။ အစ်ကို၊ ကျွန်တော်နဲ့ညီငယ်က အမေ့နောက်မှာ ကပ်လိုက်ခဲ့တယ်။ အိမ်သစ်တက်တဲ့ ဗျောက်အိုးဖောက်သံကြားတော့ အမေက အဘွားလက်ကိုကိုင်ပြီး ပြုံးတယ်။ နှင်းမှုန်တွေ အမေကိုယ်ပေါ်၊ ဆံဖြူပေါ် တဖွဲဖွဲကျပြီး အပျော်တွေအမေ့ရင်ထဲ စီးဆင်းပျော်ဝင်နေသလို အရည်ပျော်ကုန်တယ်။ ညီမငယ်က ချိုချဉ်တွေယူလာပြီး အခွံမခွါဘဲ အမေ့ပါးစပ်ထဲ အတင်းထိုးထည့်ပေးနေတယ်။ ချိုချဉ်ကို တစ်ငုံငုံပြီး ညီမငယ်ရဲ့ ပါးစပ်ထဲ အမေပြန်ထွေးထည့်ပေးလိုက်တော့ ခုန်ဆွခုန်ဆွနဲ့ ညီမလေးထခုန်တယ်။

အဘွားက ပူနွေးနေတဲ့ဆန်ပြုတ်ကို လက်နှစ်ဖက်နဲ့ အသာအယာမယူပြီး ဆန်ပြုတ်ပေါ်ကပြာမှုန်တွေကို အသာမှုတ်ထုတ်ပြီး အမေ့ကို ကမ်းပေးတယ်။ ပြီးတော့အမိန့်သံနဲ့ "ကလေးအမေ.. ဒီဆန်ပြုတ်ကို သောက်လိုက်ပါ။ ဒါအမေတို့အတွက် မင်္ဂလာပဲ" လို့ ပြောတယ်။

လူအများရှေ့မှာဆန်ပြုတ်ကို အမေတစ်ငုံသောက်ပြီး လက်နှစ်ဖက်နဲ့ အဘွားကိုပြန်ကမ်းပေးပြီး ပြောတယ်။

"အမေ... အမေခံခဲ့ရတဲ့ ဆင်းရဲဒုက္ခက ကျွန်မထက်များတယ်။ အမေပဲသောက်လိုက်ပါ။ အမေကျန်းမာနေရင်ရပြီ"

အမေ့စိတ်ကိုသိတဲ့ အဘွားက စိတ်မသက်မသာနဲ့ ဆန်ပြုတ်ကိုယူပြီး အစ်ကိုကိုပေးပြန်တယ်။ အစ်ကိုက အဘွားနဲ့အမေကို ခေါင်းခါပြပြီး ကျွန်တော်ကိုကမ်းပေးပြန်တယ်။ ကျွန်တော်က ဘုမသိဘမသိနဲ့ ညီအငယ်ဆုံးကို ကမ်းပေးလိုက်တယ်။ ညီငယ်က ဆန်ပြုတ်ကို ငေါင်တောင်တောင်နဲ့ ထိုင်ကြည့်နေခဲ့တယ်။

နှင်းတွေ သိပ်သိပ်သည်းသည်း ကျလာခဲ့ပြီး ဝန်းကျင်တစ်ခွင်လုံးကို အဖြူရောင်နဲ့ ဖုံးအုပ်ထားလိုက်တယ်။ ကျွန်တော်တို့အဖြစ်ကိုကြည့်ပြီး လူတွေဆီက ရှိုက်သံတချို့ကို ကျွန်တော်ကြားလိုက်မိတယ်။

အချိန်ရာသီက စိတ်နှလုံးကောင်းသူတွေကို ခါးသီးခြင်းတွေ သုတ်လိမ်းပေးခဲ့တယ်။ ချစ်ခင်နှစ်သက်သူတွေကို ခံစားမှုတွေ ပိုစေခဲ့တယ်။ ကောင်းမြတ်မှန်ကန်ခြင်းက ဘဝရဲ့ဂုဏ်တော်တေးကဗျာဖြစ်တယ်။ အဲဒီတေးကဗျာက ကျွန်တော်ရဲ့အမေဖြစ်တယ်။ ဆင်းရဲဒုက္ခကြားမှာ နှလုံးသားနဲ့ အမေသီချင်းဆိုခဲ့တယ်။ အဲဒီသီချင်းက ဘဝသီချင်းဖြစ်တယ်။ အကောင်းမြင်တဲ့စိတ်ဓာတ်နဲ့ အမေကြံ့ကြံ့ခံသီဆိုခဲ့တယ်။

ရေနဲ့ကင်းကွာလို့မရတဲ့ ငါးတွေလို အမေ့ကို နှစ်အတော်ကြာ ကျွန်တော်တို့ မှီခိုရှင်သန်ခဲ့တယ်။ မနက်မိုးမလင်းခင် အမေက ကျွန်တော်တို့ကျောင်းသွားဖို့အတွက် မနက်စာအဆင်သင့်လုပ်ပြီး ခြံထဲသွားနှင့်ပြီ။ ညနေမှာ ပင်ပန်းနွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ လက်ထဲကပေါက်ပြားတွေကို ပစ်ချပြီး ညစာထမင်းချက်ဖို့ အမေမီးမွေးတယ်။ အိမ်တစ်အိမ်လုံး မီးခိုတွေမွှန်ထူနေပေမယ့် အမေ့ရယ်သံကို ကြည်ကြည်လင်လင်ကြားရတယ်။ အမေက ကုလားအုတ်တစ်ကောင်လို မိသားစုကြားမှာ ဝန်တွေထမ်းပြီး မပြတ်လည်ပတ်နေတယ်။ သူ့ဆီက သက်ပြင်းချသံနဲ့ အပြစ်တင်သံတွေ ဘယ်တော့မှမကြားခဲ့ရဘူး။

အထက်တန်းကို ကျွန်တော်တခြားမြို့မှာတက်ရတော့ အမေကတစ်ပတ်စာ ဟင်းတွေလုပ်ပေးတတ်တယ်။ ချောင်းထဲက ငါးတွေဖမ်း ဟင်းလုပ်ပြီး ပုလင်းထဲထည့်ပေးတတ်တယ်။ အမေ့လက်ရာတွေ ချိုမြိန်လွန်းခဲ့တယ်။ အမေဘဝရဲ့ဆင်းရဲဒုက္ခတွေက ကျွန်တော်တွေးထင်တာထက်ပိုခဲ့ကြောင်း ကျောင်းပိတ်ရက်မဟုတ်တဲ့ နေ့လယ်ခင်းတစ်ခုမှာ ကျွန်တော်သိခဲ့ရတယ်။

အဲဒီနေ့က စပါးရိတ်သိမ်းပြီးစ နေ့လယ်ခင်းတစ်ခုမှာ စာအုပ်ယူဖို့ ကျွန်တော်အိမ်ပြန်ရောက်လာခဲ့တယ်။ ထမင်းတစ်လုတ်အတွက် ပင်ပန်းဆင်းရဲနေတဲ့ အမေနဲ့အဘွားကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်။

"ကလေးအမေ.. သမီးဒီအစာတွေ ဆက်စားနေလို့ မဖြစ်တော့ဘူးနော်။ နေ့တိုင်းပင်ပန်းပြီး ဒီအစာတွေက သမီးအတွက် အာဟာရမဖြစ်နိုင်ဘူး" အမေ့ထမင်းပန်းကန်ကို ဆွဲပြီး အဘွားကရင်နင့်နင့်ပြောတယ်။

"ရတယ်အမေ.. ဒီတစ်ခေါက်စပါးတွေရောင်းပြီးရင် ကျွန်မတို့အကြွေးတွေ သိပ်မကျန်တော့ဘူး။ ဒါတွေကို ကျွန်မကြိုက်တယ်လေ။ အမေနဲ့ကလေးတွေ စိတ်ချမ်းသာနေရင် ရပါပြီ"

"သမီးစားရင် အမေလည်းစားမယ်" အဘွားကပြောပြောဆိုဆို အိုးထဲကအစာတွေကို တစ်ပန်းကန်ခပ်ပြီး အမေနဲ့အတူ ထိုင်စားနေခဲ့တယ်။

"အမေ......." အမေက အဘွားကိုကြည့်ပြီး ဆို့ဆို့နင်နင်ဆိုတယ်။

"ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ။ သမီးခန္ဓာကို သမီးဂရုစိုက်ရမယ်။ ဒီအိမ်မှာ သမီးမရှိလို့မဖြစ်ဘူး။ သားသမီးတွေကြီးလာမှ........." သွားမရှိတော့တဲ့အဘွား စကားလည်း ပီပီမပြောနိုင်ခဲ့တော့ဘူး။

"အင်း.. အမေ... နေ့သစ်တွေက သမီးတို့ကိုစောင့်နေပါတယ်"

ပြတင်းပေါက်က ရပ်ကြည့်နေတဲ့ကျွန်တော် ကိုယ့်ကိုယ်မထိန်းနိုင်ခဲ့တော့ဘူး။ အမေ့ကို ပြေးပြီး ပွေ့ဖက်လိုက်မိတယ်။

ဘဝလမ်းခရီးက ရှည်လျားပြီး ကြမ်းတမ်းခဲ့တယ်။ ဒီလိုလမ်းမှာ အမေက ကျွန်တော့်လက်ကိုတွဲပြီး ရှေ့သို့ရဲရဲတိုးခဲ့တယ်။ ကိုယ်ပိုင်လမ်းတစ်ခု လျှောက်လှမ်းခဲ့တဲ့အထိ အမေက ကျွန်တော်တို့မောင်နှမအပါးမှာ ရှိနေခဲ့တယ်။

နှစ်တွေ ကုန်လွန်သွားတာနဲ့အမျှ သားသမီးတွေက အမေ့မြင်ကွင်းထဲကနေ တဖြေးဖြေး ခွဲထွက်သွားခဲ့ကြတယ်။ အစ်ကို အိမ်ထောင်ကျတယ်။ ကျွန်တော်က အမေနဲ့အဝေးဆုံးနေရာမှာ ရောက်နေခဲ့တယ်။ အမေ့ခါးတွေလည်း ကုန်းနေပြီ၊ ဆံပင်တွေလည်း တစ်ခေါင်းလုံးဖြူနေခဲ့ပြီ။ သူ နားနားနေနေ နေရမယ့်အချိန်ရောက်တော့ ဘယ်သူမှ တွေးထင်မထားတဲ့ ရောဂါတစ်ခုအမေရခဲ့တယ်။ အဲဒီအချိန်က အမေနဲ့ကျွန်တော်ခွဲပြီး နှစ်နှစ်အကြာမှာဖြစ်တယ်။

ကိုယ်ရောဂါရမှန်း အကောင်းစိတ်နဲ့နေတတ်တဲ့ အမေ ဘယ်လိုသိခဲ့မှန်း ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော်အလုပ်တွေ စိတ်ချလက်ချလုပ်နိုင်အောင် အစ်ကိုနဲ့ သူ့ကျန်းမာရေးကို ကွယ်ဝှက်ထားစေပြီး ခွဲစိတ်ခန်းထဲဝင်ခဲ့မှန်းလည်း ကျွန်တော်မသိခဲ့ဘူး။ ဆင်းရဲဒုက္ခတွေကို ခါးစီးခံခဲ့တဲ့အမေ ဘဝကိုအံတုဖို့ အင်အားရှိခဲ့သလိုမျိုး ခွဲစိတ်ပြီး (၈)ရက်အကြာမှာ နေအိမ်ကို ပြုံးပြုံးရွှင်ရွှင်ပြန်ခဲ့တယ်။ အမေဟာ သူ့ရောဂါနဲ့ ဆရာဝန်ဆီ တိတ်တဆိတ်ကုခဲ့ကြောင်း၊ ငွေကုန်ကြေးကျများမှာစိုးလို့ ဆေးရုံမတက်ချင်ခဲ့ကြောင်း၊ အမေ့ကြောင်း သားသမီးတွေ ဒုက္ခရောက်မှာကို မလိုလားခဲ့ကြောင်း နှစ်အတော်ကြာမှ အစ်ကိုနဲ့ကျွန်တော် သိခဲ့ရတယ်။

ကျွန်တော်အိမ်ပြန်ရောက်ပြီး အမေ့ကုတင်ရှေ့ဒူးထောက်ချမိတော့ အမေက သစ်ကိုင်းခြောက်လို ပိန်လှီနေတဲ့ သူ့လက်နဲ့ ကျွန်တော့်ဆံပင်ကို သပ်တင်ပေးနေခဲ့တယ်။ ကျွန်တော့်မျက်ရည်တွေ အတားအဆီးမရှိခဲ့ဘူး။ သားတစ်ယောက်ဖြစ်ပြီး၊ ကိုယ်လိုအပ်တာပဲသိခဲ့တယ်။ နာကျင်ရမှန်း အမေ့ရဲ့သွေးတွေ ကျွန်တော့်ကိုယ်ထဲ စီးဆင်းနေမှန်း ကျွန်တော်မသိခဲ့ဘူး။ အမေ့အပေါ် ကျွန်တော်တင်ကျန်တဲ့အကြွေးတွေ များလွန်းခဲ့တယ်။ များလွန်းလို့ ဒီတစ်သက်ပေးဆပ်ဖို့တောင် မလုံလောက်ခဲ့ဘူး။

အမေသေဆုံးတဲ့မနက်မှာ ကျွန်တော်အိပ်မက်တစ်ခုမက်တယ်။ ဝိုးတဝါးညအလင်းရောင်အောက်မှာ ကျွန်တော့်လက်ကိုကိုင်ပြီး ကုလားထိုင်ပေါ် အမေထိုင်နေတယ်။ ကျွန်တော်မျက်လုံးက အမေညွှန်ပြတဲ့ ဓူဝံကြယ်ဘက် လိုက်ကြည့်နေခဲ့တယ်။ လိပ်ပြာတွေက ကျွန်တော်တို့နံဘေးမှာ ဝဲပျံပြီး အမေနဲ့ကျွန်တော်ကို အနောက်ဘက်ဆီ မသယ်ခဲ့ပြီး တဖြေးဖြေးပျောက်ကွယ်သွားခဲ့တယ်။ ကျွန်တော်နိုးလာတဲ့အချိန် ကျွန်တော်ညာမျက်ခွံ ခပ်လေးလေးတစ်ချက်လှုပ်သွားတယ်။ အစ်ကို့ဆီကဖုန်းလာတော့ ကျွန်တော့်ကို အမေတွေ့ချင်တယ်.. အမြန်ပြန်ခဲ့ဖို့ ငိုသံနဲ့ပြောခဲ့တယ်။

ဆောင်းဦးမိုးက ကျွန်တော့်မျက်ဝန်းကို စွတ်စိုစေခဲ့တယ်။ ဆောင်းလေက ကျွန်တော်မျှော်လင့်ချက်ကို ပျက်သုန်းစေခဲ့တယ်။ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ကျွန်တော်အိမ်ပြန်ရောက်ချိန် အမေက မျက်စိမှိတ်ပြီး ငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့ပြီ။ အမေမဆုံးခင် ကျွန်တော့်ငယ်နာမည်ကို နှစ်ခွန်းလောက် ခေါ်လိုက်တယ်လို့ အစ်ကိုကပြောတယ်။

အမေ့ကိုသင်္ဂြိုဟ်ချိန် ကျွန်တော်မငိုခဲ့ဘူး။ အမေ့နာမည် ထွင်းထားတဲ့မှတ်တိုင် ထောင်မတ်တဲ့အချိန် မွေးရပ်မြေကမြေကြီးပေါ် ကျွန်တော်ဒူးအစုံထောက်ချပြီး မလှုပ်မယှက်နေနေခဲ့တယ်။ မြေကြီးပေါ် မှောက်ချပြီး အမေ့ခေါ်သံကို နားထောင်နေခဲ့တယ်။

ကျွန်တော်ကြားခဲ့တယ်။ တကယ်တော့ အစကတည်းက အမေ့ပြောသံကို ကျွန်တော်ကြားခဲ့ရတယ်။ အဲဒီအသံကို အခုထက်ထိ ကျွန်တော်မှတ်မိနေသေးတယ်။

"သား... ကိုယ်ကိုထောင်မတ်ပြီး လူတစ်လုံးသူတစ်လုံးဖြစ်အောင် လုပ်ပါ။ အဝေးကနေ သားကို အမေစောင့်ရှောက်နေမယ်"

နှစ်တွေကြာခဲ့ပါပြီ။ အမေခင်းတဲ့လမ်းမှာ ကျွန်တော်လျှောက်နေခဲ့တာ နှစ်အတော်ကြာနေခဲ့ပြီ။ ကောင်းကင်ဘုံက အမေလည်း စိတ်ချနိုင်လောက်ပြီ။

အမေဆုံးပြီး (၉)နှစ်... ဒီညမှာ ဆောင်းဦးမိုးတွေက တဖွဲဖွဲရွာနေခဲ့တယ်။ ရင်ထဲက ခံစားချက်တွေက တစ်ထပ်ပြီးတစ်ထပ်စုစည်းပြီး အိပ်မောကျနေတဲ့ ကျွန်တော်စိတ်ကိုလှုပ်နှိုးခဲ့တယ်။ "အမေ...." လို့ နက်နက်နဲနဲတစ်ခွန်းခေါ်ပြီး (၉)နှစ်ကြာ ကွယ်လွန်သွားတဲ့အမေကို ကျွန်တော် လွမ်းဆွတ်သတိရနေခဲ့မိတယ်။

မူရင်း-- http://www.duwenzhang.com (今夜,我想再喊一声娘)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

 今夜,我想再喊一聲娘
獨步枯涼的夜街,淋著稀疏的淫雨,落葉固執地飄零在身後,如昏暗的燈光拖長了我的影子,沉重的思緒久久不能散去。
這是一個可憐又落寞的夜晚。母親的影子若有若無地跟著我,隨我沉思,隨我飄浮,隨我入夢。總認為時間的推移會讓一些事情淡忘,但是,在母親去世9年後的今天,她的音容笑貌倒越發清晰,入腦入髓的情感是不可能忘懷的,秋風吹走的是塵埃,秋雨滋潤的是心田,原來,母親一直活在我的心裡。
面對漫布的黑暗,似乎面對母親對生命的渴望;凝望搖曳的燈光,似在默讀她生活的篇章。想起與她相處的年年歲歲,我禁不住浮想聯翩,心潮澎湃。此時,我真想,真想!手捧蒼天,雙膝跪地,對著遠方真真切切地喊一聲“娘,我的親娘。”
母親離我而去整整9年頭了。這些年來,一直想寫點有關母親的文字,卻發現是散亂又困難的。很多辛酸生活的點滴中,她好像是苦難的化身,又好像是菩薩再世,哪一件事都可以寫,又都是那樣的簡單。可每每下筆,有關她的情感一古腦地竄出來,想整理一個頭緒都難。“別跟我談命,也別談什麼苦難,為家、為孩子活著是我的樂趣,與天鬥,與地鬥,不如跟自己鬥,生活靠自己去創造。”這是母親很早以前的話,也是生活的哲理,受她的影響,我也養成了類似她的個性。
應該說,母親的童年沒有故事,是在姥姥的懷抱中長大的。她剛剛出生幾個月,在抗聯當營長的姥爺夜襲鬼子據點,胸口中了鬼子的槍,倒在了秋雨中,連句話也沒有留下。姥姥帶著兩個孩子東躲西藏過日子,都頓飽飯都吃不上,早早地累跨了身體,等到把大姨嫁出去,給不滿16歲的母親訂了婚,就撒手找姥爺去了。
從外地歸家的大姨坐在我們面前,含著眼淚說著與母親的過去時,正是深秋時分的傍晚,母親正麻利地邊聽著大姨說話邊搓著玉米棒。大姨吸鼻子的聲音讓母親抬頭看了一眼,攏了攏前額散亂的頭髮,嘆一口氣,又熟悉地抓起桌子上爺爺留下的旱菸葉,卷個紙筒送到嘴裡,點上吸一口,掃一眼我們兄妹幾個,低頭又搓起了玉米,濃濃的煙,把她深深地包圍,如同深秋的霧,鎖住了夜空。
大姨看了母親一眼,擦了擦眼睛,看了看像小鳥等待餵食排在一起的兄弟三人,帶著長者的口氣繼續說著,你們爸爸是個書呆子,你娘進了家門,他就在外地工作,一年才回家一回,家裡的三個老人四個孩子地裡的活都是你娘一個人忙裡忙外,沒有享過一天的福,真讓她受罪了,你們兄弟幾個一定得聽話,好好學習,不能惹你娘生氣。
大姨說著話,在屋裡玩耍才五歲的妹妹哇地哭了起來,大姨剛要起身,母親發話了:“老大,你快去看看妹妹是不是尿褲了。老二,你坐到我身邊來,邊幹活邊聽大姨說話,老三,你別搗亂,到外面玩會去吧。”母親看看大姨苦澀地笑了笑說:“姐姐,那些傷心事就別提了,日子總得過不是?!”
大姨沉著臉,照母親的樣子捲了紙菸點上,沒有再說話,墩下身子幫母親搓起了玉米,妹妹被哥哥抱到外面去了。
其實,這些話大姨沒有必要跟我們說,她是採取另一種方式安慰母親。
這些烙在我們記憶中的碎片是不需要用語言表達的,生活的多災多難早已把母親的心磨平,她的命運一直與苦難相連。
大姨沒有再說爸爸的事,也不敢說了,因為母親脆弱的心再也無法承受,這一天是爸爸剛剛去世後的第五天。
四個孩子,三男一女,大的十五歲,小的五歲,還有一個近80歲的​​老人,沒有了男人的天空,等於失去了整個世界,又讓一個女人如何承受?
那時的母親沉默寡言,出奇的平靜,平靜的有點讓人害怕,其實,每個人都知道,她那顆看似平靜的心裡,藏著難以忍受的苦楚與掛牽;一臉看似平淡的笑容裡,記錄著無奈的蒼桑與辛酸。
是夜,妹妹依偎在大姨的懷裡睡著了,母親則像千百個夜晚一樣,半個屁股倚在炕沿斜靠著桌子角,一針一線縫補我們穿過的衣裳。大的改成小的,小的改成背心,一直是我們兄弟穿衣的傳統,儘管打了不少的補丁,但是我們兄妹的衣服從裡到外都是乾乾淨淨。奶奶挪動著小腳悄悄從門縫裡瞧了瞧,抹抹昏濁的淚水回到自己的房間。白髮人送黑髮人,失子之痛已令老人痛不欲生,可是在奶奶的心中,母親的痛苦遠遠勝過自己。爸爸走後,兒媳就是家中的頂樑柱,如果兒媳真有個三長兩短,自己好說,剩下的孩子還有什麼指望可言?在她的心中,與她相依為命十幾年的兒媳,不但勝過了閨女,比兒子也要親幾分呀!在苦難中凝聚的親情,早已超越了骨血之情,也超越了生命的本身。
生活的重擔無情地壓在了身體單薄的母親身上,可生性剛強的她並沒有被壓跨,她用她瘦小的肩膀,自強不息的信念支撐著這個家,支撐著這個快要支離破碎的家。
初冬時分,借爸爸人情的餘溫,東挪西湊借錢,曲膝彎腰求人,八間新房蓋起來了,終於有了老人居住的天地,也給了兒子們一個生活的空間。
房子上樑的那個飄著雪花的中午,母親把顫顫悠悠的奶奶扶到了房子前面,哥哥、我和弟弟站在母親的身後,劈裡啪啦的鞭炮在房樑上響起,母親拉著奶奶的手笑了。一朵朵的雪花飄飄揚揚地落在母親的身上,落在新添的白髮上,緩緩化了,如春雨般融進了母親的心裡。調皮的小妹抓起房頂上扔下的喜糖,皮也沒有剝開就迫不及待地給母親塞進了嘴裡,母親揚起頭有滋有味地嚐了嚐味道,又低下頭吐到了小妹的嘴裡,樂得小妹又蹦又跳。
奶奶哆嗦著雙手,端起敬灶神的八寶粥,吹了吹粥上的紙灰,送到母親面前,用命令的口氣說:“孩子他娘,你喝了吧,這是咱家的香火呀!”
母親在鄉親們的注視下,淺淺地喝了一口,又雙手捧給奶奶說:“娘,您受的苦比我還多,您就喝了吧,只要您身體好好地。”
奶奶知道母親的脾氣,無奈地接過來,把頭扭過去擦了擦眼,遞給了哥哥,哥哥望著奶奶和母親搖搖頭遞給我,我又不知所措地遞給弟弟,弟弟端著粥呆呆地愣在院中央。
雪花飄得更密了,遮住了整個大地,周圍傳出了稀疏的哭聲,前來幫忙的鄉親們也被感動了。
歲月給善良的人們塗抹了苦澀,也給真愛的人們增添了感動,真善美是生命真誠的讚歌,而這讚歌的源,就是我的母親。在苦難中掙扎的她用心唱出的歌,是生命之歌,是契而不捨的樂觀精神。
很長的一段時間,我們都依賴母親活著,就像河裡的魚離不開水一樣。早上,天還沒有放亮,她就準備好了我們上學的早飯,早早地下地去了。晚上,滿身疲憊的她扔下手中的工具,又點火做飯,柴火的煙瀰漫了整個家,而笑聲漸漸明朗。母親像個陀螺,在我們親人之間不停地運轉,再沒有聽到過她的嘆息與怨言。
我上高中住校,媽媽一次給我帶一周的飯,一次蒸一鍋攙了白面的窩窩頭,全放到口袋裡讓我拿走,到小河溝裡撈幾條小魚與鹹菜一起燉好,給我裝到瓶子裡,味道出奇的鮮美,把同班同學的饞虫都勾了起來。可在一個不是周末的中午,我才知道母親的日子比我想像得更加艱苦異常。
麥收後的一個中午,我回家拿課本,正碰上母親與奶奶爭奪飯碗的一幕。
“孩子他娘,你不能吃這些東西了,天天干活太累,身體受不了。”奶奶抓著母親吃飯的碗,口氣中透著關愛。
“娘,你就別管了,賣了這次公糧,我們家的債就差不多還清了,我喜歡吃這種味,別讓您和孩子受委曲就行。”母親趁奶奶不注意,奪下碗蹲在地上吃起來。
“你吃我也吃。”奶奶賭氣地抓起另一個碗從鍋裡盛出了一碗榆錢兒菜,坐在門檻上也吃了起來。
“娘……”母親欲言又止。
“再苦也不能把身子累壞,這個家沒有你不行,孩子長大了,不用愁了……”奶奶的牙都沒有了,說話也咬不清。
“……嗯,娘,好日子在等著我們呢。”
站在窗外的我,再也控制不住自己,與母親緊緊抱在一起。
生活的路漫長而艱難,在這條路上,母親一直拉著我們的手,不屈地前行,直至走出了一條屬於我們兄弟自己的路。
幾年過去了,她的孩子們逐漸走出了她的視線,哥哥結婚了,我走得離她最遠。母親的腰板彎了,頭髮幾乎全白,應該說,她享清福的時候到了,可是,天有不測風雲,在我離開家鄉不到兩年,她意外地得了不治之症。
我不知道天性樂觀的母親是如何知道自己得了病,也不知道為了讓我好好工作如何讓哥哥隱瞞自己的病情毅然走向了手術台。從苦難撐過來的母親有著超乎尋常的生命力,手術後第八天就談笑風生回家了。其實,多年後,我跟哥哥才知道,母親私下里曾求過醫生,她不想住院,不想花太多的錢,更不想讓兒子們跟著自己受累,這又是何等的高尚呀!當我從部隊載譽歸來,跪在母親的床前任她那枯瘦如柴的手撫摸我的頭髮時,眼淚涮涮地流個不停。作為兒子,作為一個只知道索取不知道心痛與體恤母親的兒子,我欠她的太多了,這輩子想補也補不上了。
母親去世的那天早上,我做了一個夢。一個星光燦爛的夜晚,母親坐在椅子上,牽著我的手,我的眼睛尋著她指的方向辨別北斗星,一隻只蝴蝶環繞在身邊,抬起我和母親向北飛行,漸漸消失。醒來的時候,我的右眼皮重重地跳了一下,哥哥的電話來了。他哭著說,娘想見你,快點回來吧。
秋雨打濕了我的眼睛,秋風吹走了我的希望,等我心急如焚趕到家中時,母親已安靜地閉上眼睛,哥哥說,母親走的時候,輕輕地喊了兩聲你的小名。
送別母親的時候,我沒有哭。當紙錢燃盡,墓碑立起時,我雙膝跪在鄉村泥濘的土地上,久久沒有動,趴在地上聽著母親的呼喊聲。
我聽到了,其實,我早就听到了,現在還仍然記得。她說,兒呀,挺起腰板做人吧,母親在遠方會保佑你的。
這麼多年,我一直沿著母親鋪就的路走著,義無反顧,以慰她的在天之靈。
今夜,秋雨紛紛,內心深處的思念情結一層層一束束積聚,把我從沉睡中喚醒,讓我用心靈,用生命呼喚著她,踏踏實實響響亮亮地喊了一聲娘,借此紀念逝去9年的母親,也平靜自己浮躁的心。


喬樵(紅袖)
(文/喬樵)
 

Wednesday, May 30, 2012

ပြုံးခွင့်ပြုပါ လူကြီးမင်း

 ပြုံးခွင့်ပြုပါ လူကြီးမင်း
 
ငွေရောင်တိုယိုတာကိုရိုလာကားလေးသည် လစ်ဘာတီလမ်းတလျောက် အရှေ့မြောက်သို့ ဦးတည်ပြေးလျှက်ရှိသည်။ မောင်းနှင်သူက ဒေါက်တာအရှင်သြသဓ။ သူ့နံဘေးတွင်မူ ဝေဇယန္တာဆရာတော် ဦးဣန္ဒာစာရ။ “အိပ်ရေးဝရဲ့လား’’ ဟု ဒေါက်တာ သြသဓ လှည့်မေးချိန်မှာ တော့ ကိုယ်က ခါးပတ်ကိုပတ်နေချိန်လေ။
 
ကိုယ်တို့တတွေဦးတည်ရာကား ဒလဲဝဲယားစတိတ်ဆီ။ Traffic နှင့် မတိုးရန် လုံ့လထားကာ ထွက်လာကြသည့်တိုင် လမ်းပေါ်မှာကားတွေက ဥဒဟို ပြေးနှင့်နေကြပြီ။ GPS ခေါ် လမ်းညွှန်ကိရိယာ၏ ဘယ်ချိုးညာကွေ့ဆိုသည့် လမ်းညွှန်မှုကိုနာခံရင်း တနာရီခန့်မောင်းအပြီးမှာတော့ ဦးတည်ရာ Newark ကို ချဉ်းနင်းဝင်ရောက်ပြီ။

မြို့နှင့်မလိုက်အောင် ထည်လှသည့် တက္ကသိုလ်အဆောက်အဦးကြီးနားအဖြတ်မှာတော့ “ဒီစတိတ်က Tax မရှိဘူး။ အော်ရီဂွန်လိုပဲ’’ ဆရာ တော် ဦးဣန္ဒာစာရကမိန့်တော့ ဒီတိုင်းပြည်မှာ ဘယ်ပစ္စည်းဝယ်ဝယ် ရောင်းဝယ်ခွန်ဆောင်ရတာကို အမှတ်ရသည်။ 

သည်စတိတ်နှစ်ခုသာ အခွန်လွတ်သည်တဲ့။ စတိတ်ငါးဆယ်လုံး သူ့စတိတ် သူ့ဥပဒေနှင့် စီမံခန့်ခွဲကြပြီး ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်ကြပုံကဖြင့် အတုလိုက်ဖွယ် ပင်။
လမ်းဆုံလေးတစ်ခုကိုကွေ့အပြီးမှာတော့ အိမ်ပုံစံ၊ ပင်လုံးကျွတ်ပွင့်နေသော ပင်ပြတ်လေးများ၊ မြက်ခင်းစိမ်းကအစ မနီးယိုးစွဲမို့ အိမ်နံပါတ်ကို သေချာကြည့်ရှုကာ ကားရပ်လိုက်သည့်တိုင် ဝေခွဲမရ။ အရှင်နှစ်ပါးတို့ စူးစမ်းနေစဉ်မှာပင် တဖက်တိုက်မှ ထောင်ထောင်မောင်းမောင်း အ မျိုးသားကြီးတစ်ဦး ထွက်ကြိုလာသည်။ ထိုအခါမှ အိမ်မှားရပ်မိကြောင်းသဘောပေါက်ကာ ရယ်မောမိလိုက်ကြသည်။

မဟော်ဂနီရောင် ဂျပန်မေပယ်ပင်ပုလေးနားမှာ ကားကိုရပ်လိုက်တော့ တိုက်ထဲမှ ပိန်ပိန်ပါးပါးအမျိုးသမီးကြီးတစ်ယောက်ထွက်လာကာ ခရီးဦးကြိုဆိုပြန်သည်။ ဦးထင်လတ်နှင့် ဒေါ်မြဟန်တဲ့။ လှိုက်လှဲပျူငှာစွာနေရာပေးရင်း ဂါရ၀ပြုအပြီးမှာတော့ ဟင်းလျာစီမံခြင်းကို လက် စသတ်ရန် ဒေါ်မြဟန်က မီးဖိုးခန်းသို့ ၀င်သွားသည်။ ချက်ရင်းပြုတ်ရင်းက သူ့ဘ၀အပိုင်းအစတချို့ကို ပြောပြသည်။ ဂျပန်ခေတ်တွင် ဖခင် ကို ဂျပန်များဖမ်းသွားရာ ဒီနေ့အထိ မတွေ့ရတော့ကြောင်း၊ သူအပါအ၀င် မိသားစုအားလုံးကို လာခေါ်ကာ ရက် (၁၀၀) တိတိ ထောင်ထဲမှာ နေခဲ့ရကြောင်း၊ မိခင်ကြီး၏ ကျန်းမာရေး လူမှုရေး၊ စီးပွားရေးတို့ကို ဦးဆောင်ပုံနှင့် မဟာစည်ဆရာတော်ဘုရားကြီးကို ဆည်းကပ်နိုင်အောင် ဘာသာရေး ဦးဆောင်ပေးမှုအကြောင်းများ။

ပို၍စိတ်ဝင်စားဖွယ်ကား ခင်ပွန်းသည်က ကင်မရာမင်းလုပ်၍ ဇနီးသည်က အင်္ဂလိပ်လို နောက်ခံပြောပေးကာ သူတို့မောင်နှံ မှတ်တမ်းပြုခဲ့ သော မြန်မာ့သမိုင်းနွယ်သည့် Document လေးပင်၊ ထိုစီဒီလေးကိုကြည့်ရှုကြရင်း ကိုယ့်စိတ်တွေဟာ တောတောင်ထူထပ်သည့် အမိမြေရဲ့ နယ်စပ်တွေဆီ လွင့်ပြန့်သွားတော့သည်။ သူတို့မောင်နှံ၏ တာဝန်ကျေသော အဇ္ဈတ္တအလှလေးကိုလည်း ဖြတ်ခနဲတွေ့လိုက်ရသည်။ (၁၁) နာရီခန့်မှာတော့ ဆွမ်းဆက်ကပ်ကြသည်။ 

ဆရာကြီးရွှေဥဒေါင်း၏ ကျွန်ုပ်မမေ့နိုင်သော ထမင်းတနပ်ကဲ့သို့ပင်။ ကိုယ်တို့အတွက်လည်း မ မေ့နိုင်သည့် ဆွမ်းတနပ်၊ ကြက်ဟင်းခါးသီးကျော်၊ ငါးခြောက်အိုးကြီးနှပ်၊ ခရမ်းချဉ်သီးငပိချက်၊ သခွားသီးတို့၊ အမဲနှပ်၊ စွန်တန်ဟင်းချို၊ ၀က် သားနှင့် မရမ်းပြား၊ ငါးရံ့ခြောက်ဖုတ်၊ ဟင်းလျာတို့ကား ကိုယ်တို့သုံးပါးကို ခေါင်းမဖော်စေတော့၊။

“ဟင်းချက်ရော ဟင်းစပ်ရော တော်တော်ကောင်းတာပဲ” ဆိုသည့် ဒေါက်တာသြသဓ၏မှတ်ချက်ကို နောင်တော်ကြီး အရှင်ဣန္ဒာစာရက သုံးကြိမ်မြောက်ဆွမ်းထပ်ထည့်ခြင်းဖြင့် ထောက်ခံပြလိုက်သည်။ တကယ့် စားမြိန်ဆွမ်းပင်။
“တပည့်တော်မတို့ ကုသိုလ်ထူးတာပဲဘုရား။ ခုလိုဆွမ်းကပ်ခွင့်ရတာ အရင်ကလဲ ဆရာတော်ကြီးတွေ မပြတ်ဘူးဘုရား”
“ဟုတ်တယ်၊ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကတည်းက မစိုးရိမ်ဆရာတော်နဲ့ ဦးဇင်းရောက်ခဲ့ဘူးတယ်လေ” ဒေါက်တာသြသဓ၏စကား အဆုံးမှာ “ဒကာကြီးတို့အိမ်က ချမ်းမြေ့ဆရာတော်တို့ မစိုးရိမ်ဆရာတော်တို့ နယူးယောက်ကြွတိုင်း တထောက်နားရာ ကွန်းထောက် ဆောင်လေ” ဟု ဦးဣန္ဒာစာရက ဖြည့်စွက်လိုက်သည်။ 

သားသမီးတွေ သိုက်မြုံခွဲချေပြီမို့ မောင်နှံနှစ်ဦးသာနေသည့် သပ်ယပ်ခမ်းနားသော သည်အိမ်ကြီးသည် ဆရာတော်ကြီးများ၏ သီလရောင်၊ သင်္ကန်းရောင်တို့ဖြင့် အသရေတိုးခဲ့ယောင်ပင်၊ သဒ္ဓါဗလ၀ဆိုသည့်စကားလုံးလေး ကို ကိုယ်စဉ်းစားနေမိသည်။
အချိုပွဲကပ်တော့လည်း ရေခဲမုန့်၊ ရာသီကလည်းအေး ဗိုက်ကလည်းလေး၍ ကိုယ်တို့သုံးပါးလုံး ငြင်းလိုက်ကြသည်။ သို့သော် “ဒီအိုက်စ်က ရင်က နှစ်တစ်ရာကျော်ပြီဘုရာ့။ နို့ကိုလည်း သူတို့မွေးတဲ့နွားခြံက သုံးတာ၊ ဒီမှာသိပ်နာမည်ကြီးတာ” ဦးထင်လတ်၏စကားကြောင့် စိတ်ဝင် စားသွားကြသည်။ နည်းနည်းမြည်းကြည့်ဦးမှဆိုသည့်စိတ်ကူးသည် ရေခဲမုန့်ကုန်သွားမှပင် ရပ်တော့သည်။ ကြေငြာသင့်သော အရာပါပေ။

တအောင့်တနား နားနေပြီးတော့ ကမ္ဘာ့အကြီးဆုံးသောဥယျာဉ်ကို လိုက်ပို့သည်။ စတိတ်ခြင်းကပ်လျက်ရှိသော ပင်ဆယ်လ်ဗေနီးယား ပြည်နယ်၊ Kennett Square သို့ ကားကို ကျွမ်းကျင်စွာမောင်းနှင်ရင်း တနေရာအရောက်မှာတော့ ဦးထင်လတ်က လက်ညှိုးညွှန်ကာ
“တပည့်တော်ပြောတဲ့ ရေခဲမုန့်ဆိုင်က ဟိုဟာလေ၊ နောက်ဖက်ကဟာက နွားခြံပေါ့’’
Weekend မဟုတ်ပဲ ကားများတန်းစီနေသည်ကိုကြည့်ရင်း တကယ့်အောင်မြင်တဲ့လုပ်ငန်းလေးပေပဲ။ မိဘလက်ငုတ်ကို နှစ်ရာကျော်အောင် ဆက်လက်ထိမ်းသိမ်းနိုင်တာကိုက ဂုဏ်ပြုစရာ၊ ကိုယ်တို့ဆီမှာဆို …. အင်း ….။

တနေရာတွင်လည်း “ဟိုအဆောက်အဦးတွေက စားမှိုစိုက်ပျိုး ထုတ်လုပ်တဲ့ နေရာတွေပေါ့” များစွာသောအဆောက်အဦးတွေကို ကားပေါ် မှပင် လှမ်းငေးလိုက်ကြရသည်။
နာရီဝက်လောက် အကြာမှာတော့ Longwood garden ဆိုသည့် ဥယျာဉ်ကြီးဆီ ရောက်ကြပြီ။ ကားကို ပေါ့ပါးစွာမောင်းနှင်သကဲ့သို့ ကား ပေါ်မှ သွက်လက်စွာဆင်းလျက် ရှေ့ဆောင်သွားနေသူ ဦးထင်လတ်ကို အသက် (၈၀) အရွယ်ဆိုတာ မြင်သူတိုင်း ယုံအံ့မထင်။ ဥတုအာ ဟာရစသည် ဥပနိဿယပစ္စည်း ကျေးဇူးပြုပုံကွာ၍ထင့်။ သည်က (၈၀) အရွယ်က ကိုယ့်ဇာတိက (၅၀) ကျော်ရွယ် အကိုတွေ ဦးလေးတွေ ထက်ပင် သန်စွမ်းနေတော့သည်။

သူ့လိုပင် ပန်းအလှကို လာရောက်ကြည့်ရှုသူတွေကလည်း များသောအားဖြင့် စတုတ္ထအရွယ်အမျိုးသမီးကြီးများပင်။ ဇရာကို ပွင့်သစ်တို့ဖြင့် ခေတ္တမေ့ဖျောက်ကြလေသလားမသိ။ အားလပ်ရက်များတွင်တော့ အရွယ်စုံ ပျားပန်းခတ် စည်ကားနေမည်မှာဧကန်။
စကတည်းက ယဉ်ဆိုသလို အ၀င်ဝမှာပင် Tulip ပန်းရောင်စုံတွေက ကြိုလင့်နေပြီ။ ပြီး… ဗီဇအလျှောက် ရှင်သန်ခွင့်မရအောင် စီမံခံထား ရသည့် သစ်ပင်ပျိုလေးတချို့ကလည်း နံရံကိုကပ်ကာ လက်နှစ်ဘက်ဆန့်ကားထားသည့် ယောက်ျားတို့လိုရပ်လျက်။
အတွင်းကိုဝင်လိုက်တော့ ယာဘက်တွင် သီယေတာနှင့် ၀ဲဘက်မူ လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ ဥယျာဉ်၏အကြောင်းကို မိတ်ဆက် ပေးသော ရုပ်ရှင်ကို သီယေတာတွင် ခေတ္တ၀င်ကြည့်လိုက်ကြသည်။ ပြကွက်များကတော့ ရှုမောဖွယ်ပင်။ 

သို့နှင့် တကယ့်ပြကွက်များကို ၀င်ကြည့်ရှုရန် လက်မှတ်ဝယ်ကြရာ တစောင် (၁၈) ဒေါ်လာတဲ့။ ပန်းတွေကိုငေးယုံမျှနှင့် သည်မျှသောတန်ဘိုးကို စွန့်သင့်ပါ့မလားဟု တွန့် ဆုတ်လိုက်မိသည်။
ဒါမျိုးတွေ သည်နိုင်ငံရဲ့စတိတ်တိုင်းလိုလိုမှာ ရှိကြတာပဲ။ တနေ့ကပဲ ၀ါရှင်တန်ဒီစီမှာဝင်ကြည့်ခဲ့ကြသေးတာကို အမှတ်ရသည်။ အဲဒီမှာဆို ကိုယ်တို့မြေက ပန်းမာလာတွေနှင့် သဘာဝပေါက်ရောက်ပင်တွေကိုပင် တွေ့ခဲ့သေး။ မြန်မာဟုစာချိတ်ဆွဲထားသည့်ပန်းအိုးလေးတခု ဆို လျှင် ကိုယ်တို့မြင်ပင် မမြင်ဖူး။ 

တနေရာမှာတော့ အထက်အညာ အလောင်းတော်ကဿပ သစ်တောဧရိယာက ပေါက်ရောက်ပင်တွေကို ပြသထားသည်မှာစုံစွ။ ကိုယ်တို့တတွေက ရှိမှန်းမသိမီမှာပင် သူတို့က ထိန်းသိမ်းပြသထားနှင့်ပါပေါ့လားဟု မချင့်မရဲ ဖြစ်မိလိုက်သေး။
ကိုယ့်နေရာ ၀က်စ်ကွန်စင်က မီလ်ဝါးကီးမြို့မှာလည်း ချွန်ချွန်ခုံးခုံး ဒုံးကြီးသုံးခုအတွင်းမှာလည်း မြန်မာအပါအ၀င် ကမ္ဘာအရပ်ရပ်က အပင် တွေပြသထားသည်မှာ စုံမှစုံ၊ ခွေးတောက်ပင်၊ ကင်ပွန်းပင်တို့ပင် တွေ့လိုက်သေး။ ကိုလိုရာဒိုစတိတ်ရောက်စဉ်ကလည်း နည်းတူပင်။ ခု လည်း သိပ်ထူးမည်မထင်ဟု တွေးနေမိသည်။ တဦးလျှင် (၁၈) ဒေါ်လာ။ လေးယောက်ဆိုတော့ ….။

သို့သော် ထိုတွန့်ဆုတ်မှုသည် သိပ်မခံလိုက်။ တစတစနှင့် ပျောက်ပျယ်သွားလိုက်ပုံမှာ ….။
ဂိတ်အဆောက်အဦးမှထွက်၍ ဥယျာဉ်တွင်းခြေချလိုက်သည်နှင့် ရွက်သစ်ထိုးစ တောကိုလှမ်းမြင်ရသည်။ လောင်းဝုဒ် (Long wood) ဆို သည့်အတိုင်း ထင်းရှူးနွယ်ဝင် ကြီးမားဖြောင့်တန်းသည့် သစ်ပင်ကြီးများကို လှမ်းတွေ့ရသည်။ ထိုတောဆီအသွား နှင်းဆီနွယ်ပင်များကို ကကြီးသဏ္ဍာန် အခုံးအခုံးပြုကာဝန်းရံလျှက် ထိုင်ခုံလေးများနှင့် နားနေရာလေးကလည်း နားချင့်စဖွယ်။ ရှေ့ဆက်လိုက်တော့ နီညိုဝါဖြူ ခရမ်း ပန်းရောင် ကျုးလစ်ပန်းခင်းများက လမ်းနံဘေးဝဲယာ၊ အရောင်အသွေးကစုံသလို အမျိုးအစားကလည်းလေးမျိုးလောက်ထိ သတိ ထားလိုက်မိရဲ့။ တမေ့တမော ကိုယ်ငေးနေတုန်း “ဒါက ဒီရာသီမို့ ကျုးလစ်ပန်းတွေ တွေ့ရတာ။ တခါတလေ ဂန္ဓမာပန်းတွေ၊ နှင်းဆီရောင်စုံတွေ သူ့ရာသီအလိုက် ချိန်းသွားတာ။ လေးလတကြိမ်လေ” ဦးထင်လတ်စကားကြောင့် အံ့သြစိတ်ဝင်စပြုပြီ။

တမျှော်တခေါ် မြက်ခင်းကမ္ဗလာနှင့် ငွေရောင်ရေပန်းဥယျာဉ်နားကို ရောက်တော့လည်း သဘာဝရေကန်လေးက ရေတွေကို လိုအပ်သလိုပုံ သွင်းထားလိုက်ပုံက ရေပန်းတွေ နိမ့်လိုက်မြင့်လိုက်၊ ထိုင်လိုက် ထလိုက်နှင့် ဟန်ချက်ညီပင်။ “လပ်စ်ဗေးဂတ်စ်မှာဆို ရေပန်းတွေက တီးလုံးနဲ့လှုပ်ရှားတာ ကနေသလိုပဲ” ဟု နောင်တော်ကြီး ဦးဣန္ဒာစာရကပြော၏။ “အော် … ဒီကလူတွေ ပန်းကိုသာလှပစေတာမဟုတ်ဘူး။ မြက်ကိုလည်း ပန်းဖြစ်၊ သစ်ပင်ကိုလည်း ပန်းဖြစ်၊ ရေကိုလည်း ပန်းဖြစ်အောင် လုပ်နိုင်ကြပါလား” ဟု တွေးလိုက်မိသည်။

ဒေါက်တာသြသဓနှင့် ဦးထင်လတ်တို့ကတော့ ကင်မရာတွေနှင့် ရိုက်လို့မဆုံး။ ဖလင်မလို၊ ဒစ်ဂျစ်တယ်မို့ တော်ပေတော့သည်။ သူ့တို့ကို ကြည့်ရင်း Portland က ညီ အရှင်သီရိန်ကို အမှတ်ရလိုက်သေး၊
“ခုနက ရုပ်ရှင်ထဲမှာမြင်ခဲ့တဲ့သစ်ပင်တွေကြားက အိမ်ကတော့ ဟိုဟာလေ။ အဲဒီကို မသွားတော့ဘူး။ ပန်းဥယျာဉ်ဆီသွားကြစို့” ဟု ဦးထင် လတ်ဆိုကာမှ အော် …. ပန်းဥယျာဉ်ထဲ မရောက်သေးဘဲကိုး။
ထိုစဉ်ကွဲပြားနေသည့် ကိုယ်တို့အသွင်အပြင်ကြောင့် စူးစမ်းမိတ်ဖွဲ့လာသော အမေရိကန်မBကီးနှစ်ဦးက မြန်မာလူမျိုးဟုသိသွားကာ အတူ ဓာတ်ပုံရိုက်ခွင့်တောင်းလာ၍ ခွင့်ပြုကြရသေး။ ခုလိုတောင်းဆိုမှုတွေ နေရာတော်တော်များများ ကြုံရတာပဲလေ။ ၀ါရှင်တန်ဒီစီ အိမ်ဖြူတော် ကို သွားတုန်းကဆို …။

ပင်ကြီးအုပ်ကအထွက်မှာတော့ အိမ်ကြီးတဆောင်ကို တွေ့ရသည်။ “ဒါ ဒီဥယျာဉ်ကြီးကိုလှူသွားတဲ့ ပိုင်ရှင်ကြီးရဲ့အိမ်လေ” ဦးထင်လတ်က ညွှန်ပြရင်း ၀င်ကြည့်ခွင့်ရှိကြောင်းသိရတော့ ခြေမနှေးခဲ့။ အများနှင့်အတူ ၀င်ကြည့်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်ကပင် ခေတ်မီ သောလူနေမှုက ထင်ဟပ်ဆဲ။ လစ်ဗင်းရုဏ်း (Living room) ဖြစ်ဟန်ရှိသောအခန်းတွင် မစ္စတာ Pierre du Pont ၏ဘ၀ အထ္ထုပ္ပတ္တိကို တီဗွီဖြင့် ပြသလျက်ရှိသည်။ ခန့်ငြားသော ဥပဓိရုပ်ပိုင်ရှင် မစ္စတာ Pierre du Pont သည် ဒိုင်းနမိုက်လုပ်ငန်းဖြင့် ချမ်းသာလာသူတဲ့။ ကျောင်းများ တက္ကသိုလ်များကို လှူ ဒါန်းရုံမက နောက်ဆုံးမှာ သူ့စံအိမ်နှင့်တကွ သည်ခြံကြီးကို ဖောင်ဒေးရှင်းဖွဲ့ကာ အများကြည့်ရှုနားနေရာအဖြစ် လှူခဲ့သည်တဲ့။ အော် … ဒိုင်းနမိုက်ကနေ ပန်းပွင့်စေခဲ့သူပါလား။

မြင့်မြတ်သော နှလုံးသွင်းကို သာဓုခေါ်ရင်း အိမ်ကြီး၏ ခန်းပေါက်စေ့ တက်သုတ်ရိုက်လိုက်ကြည့်ရှုပြီး အချိန်လုကာ ပန်းပြတိုက်ကြီးဆီဘက် ဆက်ခဲ့ကြသည်။ ကြီးကျယ်ခန်းနားသော အဆောက်အဦးနှင့် တင့်ဘက်စွာ လူ့ခါးလောက်ရှိသည့်ပန်းအိုးကြီးလေးလုံးက ပင်လုံးဝေနေ သောပန်းပင်လေးများဖြင့် 
 ပြတိုက်တံခါးဝမှ ကြိုလင့်နေသည်။ သည်မျှနှင့်ပင် (၁၈) ဒေါ်လာမက တန်ခဲ့ပြီဟု ဘ၀င်ကျလာသည်။ ပြီး ဖြူ နီ ညို ပြာ ၀ါ စိမ်း ခရမ်း လိမ္မော် ရောင် စဉ် ခုနစ်သွယ်မက အသွေးအရောင်က စုံလှသလို အခက်၊ အနွယ်၊ အဆုပ်၊ အခိုင်၊ ပန်းစိုင်၊ ပန်းဆွဲ ပန်းလဲ ပန်းထောင်အသွင်တွေကလည်း စုံလှပါဘိခြင်း။

အမျိုးမသိအမည် မကြားဖူးသောပန်းတို့ အပင်တို့ကိုငေးရင်း အံ့သြခြင်းကိုသာ ရသအဖြစ်ခံစားနေရတော့သည်။ သစ်ခွပန်းတို့စံရာ အခန်း ကိုရောက်တော့ ရှုမောဖွယ်ကောင်းလှသည်မှာ နေရာမှပင်မခွာချင်။ “လှလိုက်တာနော်” “သိပ်လှတာပဲ” “ဟာလှလိုက်တာ” ဆိုသည့် အာ မေဋိတ်တွေကိုသာ ကိုယ်တို့သုံးပါး အလှည့်ကျရွတ်ဆိုပြီးရင်း ရွတ်ဆိုနေမိကြသည်။ ကင်မရာမင်း ဒေါက်တာသြသဓကလည်း ဒစ်ဂျစ်တယ် ထွင်သူတွေကို ကျေးဇူးတင်ပြီးရင်း ကျေးဇူးတင်နေသည်။ ရှုမ၀၊ ငေးမ၀၊ မှတ်တမ်းတင်လို့မ၀။

အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိက၊ သြစတေလျ …ကမ္ဘာအရပ်ရပ်က ပန်းမာလ်တွေ စုဆောင်း စိုက်ပျိုးပြသထားမှု၊ စိတ်ကူးစိတ်သန်းနှင့် စွမ်းနိုင်ကြပုံကိုကား သြချရပေမည်။ “အပင်ကပွင့်လျှင် ပန်း၊ အနွယ်ကပွင့်လျှင် မာလ်” ဟု ငယ်ငယ်ကမှတ်သားခဲ့ကြသည့် သုတလေးပင် မေ့ချင်ချင် ဖြစ်လောက်အောင် စုံလှသည်။

ဒါတောင် “တော်ဝင်သည့်သဇင်” မရှိဘူးဟု စိတ်ကြီးဝင်အံ့လုပ်ဆဲ။ 
 ရန်ကုန်ဟုစာတမ်းဆွဲထားသောအပင်လေးကို တွေ့လိုက်ရတော့ ဘ၀င် မမြင့်နိုင်။ ဘာပင်လေးပါလိမ့်ဟု ပဟေဠိနှင့်သာ ခွာခဲ့ရ။ မိုးဦးကျ၊ ရန်ကုန်မြို့ပတ်ရထားလမ်းဘေးနေရာ တချို့မှာ ပန်းရောင်ပွင့်လေးတွေနှင့် ဖုံးနေသည့်ခြုံနွယ်များကို မြင်ယောင်မိသည်။ ခုတ်ထွင်မှုများကြောင့် ချုံအဖြစ်နှင့် မျိုးပြုန်းရော့မည်ထင့်။ ဒီအပင်လေးကတော့ ကံကောင်းပေ တာပဲ။

တတ်လည်း တတ်နိုင်ကြပါပေစွ။ စွမ်းလည်း စွမ်းနိုင်ကြပါပေစွ။ အပူပိုင်း၊ အအေးပိုင်း၊ သမပိုင်း၊ ပေါက်ရောက်ရာ ရာသီဥတုအလိုက် အပူ အအေးကို ဖန်တီးပေးထားသည်မှာ ပြတိုက်ကြမ်းခင်းပိုက်လိုင်းများမှ လိုသလို ထုတ်လွှတ်ပေးနေသည်။ ပန်းများအလိုက် ခင်းကျင်းပြသရာ အခန်းဖွဲ့စည်းထားပုံကလည်း စနစ်ကျပါဘိတောင်း။
သည်ကလူတွေဟာ အာဂလူတွေပဲ။ သဘာဝကို ထိန်းလည်းထိန်းသိမ်းကြသလို ခိုင်းလည်း ခိုင်းစားတတ်ကြတဲ့သူတွေပဲဟု ရေရွတ်မိသည်။

“ဒါ အစိုးရနဲ့ဆိုင်လား”
“ဖောင်ဒေးရှင်း ရှိတယ်လေ။ ၀န်ထမ်းသုံးရာလောက်ရှိတယ်။ သူတို့က ထိန်းသိမ်းပြုပြင်တယ်။ ဒါတင်မကဘူး သစ်ပင်ပန်းမာလ်နဲ့ ပတ်သက် တဲ့ သင်တန်းတွေလည်း ဒီမှာပေးတယ်”
ဒေါက်တာသြသဓနှင့် ဦးထင်လတ်တို့၏ အမေးအဖြေကိုကြားရတော့ ကြည့်စမ်း ဒေါင့်စုံလိုက်ပါဘိ။ ဒါကြောင့်လည်း ဒီလူတွေ ကမ္ဘာကို ရှေ့ဆောင်နိုင်တာ။

ကိုယ်တို့ငယ်ငယ်က တကူးတကသွားလည်ကြသည့် မန္တလေးကျုံးနံဘေးက မန်းသီတာဥယျာဉ်နှင့် မေမြို့က ရုက္ခဗေဒဥယျာဉ်လေးကော ကျန်းမာရေးကောင်းမှကောင်းရှာကြရဲ့လားဟု အတွေးရောက်မိသည်။ ရန်ကုန်က စက္ကူပန်းတွေကိုသာ ပန်းအဖြစ် ပန်တတ်ရှာသည့် ဗန္ဓုလ ပန်းခြံတို့၊ သခင်မြပန်းခြံတို့ကော စက္ကူပန်းလေးမှ ဝေေ၀ပန်နိုင်ကြသေးရဲ့လား။ အင်း ….. ။

သစ်ပင်လေးတွေကို အဆောက်အဦးသဏ္ဍာန်၊ သားငှက်အသွင်ဖြတ်ညှပ်ထားသည့်ဥယျာဉ်လေးကို နောက်ဆုံးဖြတ်သန်းကာ ထွက်ခဲ့ကြ သည်။ ဧကသုံးရာကျော်ကျယ်ဝန်းသည့် သည်ဥယျာဉ်ကြီးကို နှစ်နာရီခန့်မျှနှင့် လှည့်လည်ကြည့်ရှုသူတွေမို့၊ အဗ္ဘုတရသမှတပါး အေးအေးလူလူကြည့်ရှုခံစားနေသူတွေလို အလှရသကို မရခဲ့ဘူးဆိုတာကိုတော့ ၀န်ခံရပေမည်။ နောင်လာဦးမည်ဆိုသည့် မတိုင်ပင်ဘဲ တူညီနေ သော ရည်ရွယ်ချက်ကိုယ်စီနှင့် ထွက်ခဲ့ကြရသည့်တိုင် အတွေးကမဆုံးချင်။ “ခိဍပဒေါသိတ” နတ်တွေပန်းခူးရင်း နတ်သက်ကြွေတယ် ဆို တာ ဒီလိုဥယျာဉ်ကြီးလား မသိ။

နောက်ပြီး ငယ်ငယ်ကသင်ခဲ့ဖူးသည့် “မြကန်” ကဗျာလေးထဲက အပိုဒ်လေးကို “ပန်းမျိုးဖုံဖုံ၊ ပွင့်မျိုးစုံသည်၊ ဘုံဝတိံက နန္ဒာဝန်လော၊ တူစွ ဟုတွာ” ဟု ပြောင်းကာရွတ်လိုက်မိရာ “တာဝတိံသာက နန္ဒ၀န်ဥယျာဉ်ဆိုတာ ဒါမျိုးဖြစ်မယ်” ဟု ချလိုက်သော နောင်တော်ကြီး ဦးဣန္ဒာစာ ရ၏မှတ်ချက်ကို လွယ်ကူစွာသဘောတူလိုက်မိသည်။ သည်အတွက် “အထင်ကြီးလွယ်ရန်ကော” ဟု တစုံတဦးက ဆိုလာအံ့။ ထိုသူကိုယ် တိုင် ရောက်ဖူးမည့်နေ့ရက်ကို ငံ့ရင်း နားလည်စွာပြုံးနေလိုက်ရုံသာ။

အပြန်ခရီးတွင်တော့ “ကျေးဇူးတင်ပါတယ် ရှင်” “ကျေးဇူးတင်ပါတယ် ရှင်” ဆိုသည့်သီချင်းသံလေးက ကားကက်ဆက်မှ လွှင့်ပျံလာသည်။ တချိန်က လေလှိုင်းမှာ မကြာခဏကြားရလေ့ရှိသည့် အဆိုတော် တက္ကသိုလ်သန်းသန်းလွင်၏ မင်္ဂလာတေးလေး။

သည်သီချင်းလေးက သည်ခရီးကိုပို့ဆောင်ပေးသော ဦးထင်လတ် + ဒေါ်မြဟန်တို့မောင်နှံကို ကိုယ်တို့ကိုယ်စား ပြောနေသယောင်ပင်။

ကံထွန်းသစ်
မေ ၅၊ ၂၀၁၂

Tuesday, May 29, 2012

အားလုံးနှင့်အတူ ငိုဖူးချင်တယ်

  အားလုံးနှင့်အတူ ငိုဖူးချင်တယ်

စာရေးသူအနေဖြင့် ယခုတင်ပြမည့် စာသားလေးက စိတ်ကောင်းရှိကြသူများနှင့်မရှိသူများ၏
စိတ်နေစိတ်ထားလေးတွေကို သိရှိသလောက်ကလေးပဲ လေ့လာဖော်ထုတ်သွားမှာပါနော်။
ဒီလိုလေ့လာတဲ့နေရာမှာလည်း ဘုရားဟော ဓမ္မအမြင်နှင့်လောကီတရားသဘော အမြင်တို့ပေါင်းစပ်လေ့လာသွားပါ့မယ်နော်။

"လေ့လာတယ်" ဆိုတာ ' လေ'့ မှ 'လာ' ပါတယ်။ မလေ့ရင် မလာပါဘူး။့ ' လေ့' ဆိုတာ ပြုလုပ်တာ ၊ အားထုတ်တာ ၊ သင်ယူတာ ။ 'လာ'ဆိုတာ အကျိုးကျေးဇူး ခံစားရတာပါ။

Layelar is combination of two words, laye and lar , meaning studying and getting benefit respectively.

အကျိုးကျေးဇူးခံစားတဲ့နေရာမှာလည်း ကောင်းသောအကျိုးစားခံစားမှု၊ မကောင်းသောအကျိုးခံစားမှု ဆိုပြီးနှစ်မျိုးခွဲခြားသိထားရမှာပါ။ ကောင်းသောအကျိုးကို ခံစားလိုသော စာပေခင်သူ မိတ်ဆွေတို့အနေနဲ့ ပညာရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘ၀ငြိမ်းချမ်းဘို့ဖြစ်စေ မိမိဘ၀လမ်းကြောင်း တိုးတက်အောင်မြင်ဘို့တွက် ဘုရားဒေသနာ အင်္ဂုတ္ထိုရ်လာ သုံးမျိုးကိုသိရှိရမယ်နော်။ သိရှိရုံလေ့လာမှုကို မဖြစ်စေချင်၊ တကယ်သိသွားရင် တကယ်ကျင့်သုံးပေးမှ ဘုရားဟောတရားက နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပေမဲ့ တကယ်တန်ဘိုးရှိတယ်ဆိုတာ သိကြမှာပါ။ စာပေခင်သူ မိတ်ဆွေတို့ အထက်တန်းကျကျနေချင်တယ်ဆိုရင် ..........

၁။ ကိုယ့်ထက် သီလ ၊သမာဓိ ၊ ပညာ၊ ဂုဏ်အားဖြင့် ယုတ်နိမ့်သူကို ပေါင်းဖော်လျှင် မိမိဘ၀ မတိုးတက်မအောင်မြင်ခြင်း၊
၂။ ကိုယ်နှင့် သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်အားဖြင့် တန်းတူရှိသူကို ပေါင်းဖော်လျှင် မိမိဘ၀ မတိုးတက်မအောင်မြင်ပေမဲ့
ယုတ်နိမ့်မသွားဘဲ တန်းတူ အလယ်အလတ်ဖြစ်ခြင်း။
၃။ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်အားဖြင့် သာသော သူများကိုပေါင်းဖော်လျှင် မိမိဘ၀ မြန်မြန်ဆန်ဆန် တိုးတက်အောင်မြင်နိုင်ခြင်း။

စာပေခင်သူ မိတ်ဆွေတို့ စဉ်းစားနော်၊ ပညာပဲသင်သင်၊ စီးပွားရေးပဲ လုပ်လုပ် ၊ ဘ၀ငြိမ်းချမ်းဘို့ လောကုတ္တရာတရားပဲ ဆည်းပူဆည်းပူ ဒီသုံးမျိုးထဲက စာပေခင်သူ မိတ်ဆွေတို့ဘ၀ အထက်တန်းကျဘို့ နံပါတ်(၃) ကို ကျင့်သုံးပေးနိုင်ရင် အထက်တန်းကျပြီး အထက်တန်းကျတဲ့ အမျိုးသားကောင်း၊ အမျိုးသမီးကောင်းလေးတွေ မုချဖြစ်မယ်ဆိုတာ စာရေးသူဖောက်သည်ချလိုက်တယ်နော်။

ဘုရားဟောဒေသနာ သိင်္ဂါလောဝါဒ သုတ်မှာလည်း မှတ်သားစရာကောင်းလို့ ဖော်ပြပါအုံးမယ်နော်။
ဒီသုတ်မှာလည်း စာပေခင်သူ မိတ်ဆွေတို့ဘ၀အမြင့်ရောက်အောင် ပေါင်းသင်းဆက်ဆံပြီး လမ်းသွားတတ်ဘို့ (၄) မျိုးကိုညွှန်ပြထားတာပါ။

၁။ ဒုက္ခရောက်နေသောအခါ ကိုယ်ဖိ၊ရင်ဖိ ကူညီတတ်သော သူငယ်ချင်း၊
၂။ ချမ်းသာလာသည်ဖြစ်စေ ၊ ဆင်းရဲသွားသည်ဖြစ်စေ ဘယ်ခါမဆို မျှဝေခံစားတတ်သောသူငယ်ချင်း။
၃။ မှန်ကန်သော နည်းလမ်းတွေကိုသာ ညွှန်ပြလျှက် ပေါင်းသင်းဆက်ဆံပေါင်းသင်းသော သူငယ်ချင်း။
၎။ ကိုယ့်ရဲ့ မိတ်ဆွေအပေါ် တကယ်စိတ်ရင်းမှန်နဲ့ ကြင်နာမှုအပြည့်နဲ့ စောင့်ရှောက်တတ်သော သူငယ်ချင်း။

1 The friend who is a happer,
2 The friend who is the same in happy and unhappy times.
3 The friend who shows the way that's right,
4 The friend who is full of sympathy.

ဒီသုတ်မှာပဲ ဘုရားရှင်က စာပေခင်သူ မိတ်ဆွေတွေ အားလုံးကို မိတ်ဆွေယောင် ဆောင်ပြီး မိမိဘ၀ကို နိမ့်ကျအောင် ၊
ဒုက္ခရောက်သွားအောင် ပြုလုပ်တတ်သော သူငယ်ချင်း (၄) မျိုးကိုလည်း ညွှန်ပြထားပါသေးတယ်နော်။
၁။ လိုတာကိုသာ ကြည့်ပြီး ရှာပေါင်းသော မိတ်ဆွေ၊
၂။ အကျိုးမရှိသော စကားတွေကိုသာ ပြောပြီး ပေါင်းဖော်ပေါင်းဖက် ပြုလုပ်ပြီးနေသော မိတ်ဆွေ၊
၃။ မြှောက်ပင့်၊ မျက်နှာချိုသွေးပြီး ပေါင်းဖော်ပေါင်းဖက် ပြုလုပ်ပြီးနေသော မိတ်ဆွေ၊
၎။ အကျိုးရှိသော အလုပ်ကို ဘာမျှမလုပ်ပဲ အချိန်တွေ အလကားဖြုန်းတီးပြီး ပေါင်းဖော်ပေါင်းဖက်ပြုလုပ်ပြီးနေသောမိတ်ဆွေ၊

1 The friend who seeks what he can get ,
2 The friend who talks but empty words ,
3 The friend who merely flatters us,
4 And the friend who is fellow-wastrel.
စာပေခင်သူ မိတ်ဆွေတို့အနေဖြင့် မိမိအရပ်ဒေသမှာဖြစ်ဖြစ် ၊ သူတစ်ပါးတိုင်းပြည်မှာဖြစ်ဖြစ် ပညာသင်သွားသည်ဖြစ်စေ၊ စီးပွားရေးနဲ့သွားတာပဲဖြစ်စေ အပေါင်းသင်းအမျိုးမျိုးကို တွေ့ကြ စုံကြတဲ့ခါ အပေါင်းသင်းလုပ်တော့မယ်ဆိုရင် ဒါလေးတွေကို လက်ကိုင်ထားလျက် ခွဲခြားပြီး ပေါင်းသင်းတတ်စေချင်တယ်နော်။ ကိုယ်ကိုတိုင်ကလည်း ဘ၀ကို အထက်တန်းကျချင်တယ် ၊
တိုးတက်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် အပေါင်းသင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်အောင်ပေါင်းသည့်အခါ......

(သူတစ်ပါးချမ်းသာစေလိုသော စိတ်ကိုသာရအောင်မွေးပါ မိမိတကယ်ချမ်းသာပါလိမ့်မည်) ဟူသော
မော်လမြိုင်မြို့နယ်၊ ကောလှရွာကျောင်းဆရာတော်၏ သြ၀ါဒလေးမှာလဲ တစ်သက်စာ မှတ်သားဘို့ကောင်းလှပါသည်။

စာပေခင်သူ မိတ်ဆွေတွေအားလုံးအတွက် မည်သည့်နေရာဌာနမှာနေနေ၊ မည်သည့်ရေကို  သောက်သောက် တစ်ဦးတစ်ယောက်နှင့်တွေ့ကြစုံကြသည့်ခါ လူတစ်ယောက်ကို အထင်သေးပြီး ဆက်ဆံမိလို့ မိမိမှာ ဘ၀နိမ့်ကျသွားသူ၊ လူ့အောက်တန်းစား စိတ်ဓာတ် ရှိသောသူ ဖြစ်သွားလို့ နောင်တရသွားတဲ့ပုံပြင်လေးလည်း တွဲပြီး ဖောက်သည်ချလိုက်ပါတယ်နော်။

တစ်ခါက ဆိုင်တစ်ဆိုင်ရှေ့တွင် "ခွေးရောင်းရန် ရှိသည်" ဟူသော ဆိုင်းပုဒ်တစ်ခုကို ချိတ်ဆွဲထားသည်။ ကလေးငယ် တစ်ဦးက ဆိုင်ထဲသို့ ၀င်ပြီး ဆိုင်ပိုင်ရှင်အား မေးလေသည်။

"ခွေးတစ်ကောင် ဘယ်လောက်လဲ ခင်ဗျာ" "တစ်ကောင်ကို ဒေါ်လာ ၅၀ ကနေ စရောင်းပါတယ်"

ကောင်လေးမှာ ဘောင်းဘီအိတ်ထဲ လက်နိုက်ပြီး..."ကျွန်တော်မှာ ၃၇ဒေါ်လာပဲရှိတယ်...  ခွေးတွေကို ကျွန်တော် ကြည့်လို့ရမလား" ဟု ခွင့်တောင်းလေသည်။

ဆိုင်ပိုင်ရှင်က ရီပြီး လေတစ်ချက် ချွန်လိုက်သည်နှင့် ခွေးမကြီးတစ်ကောင်က ခွေးကလေး ငါးကောင်ကို ဦးဆောင်ပြီး ထွက်လာသည်။ ခွေးငယ်လေးများအနက် တစ်ကောင်မှာ နောက်ကောက် ကျန်နေခဲ့သည်။ ကလေးငယ်မှာ ထိုနောက်ကောက်ကျန်နေသော ခွေးကို သတိထားမိလိုက်သည်။ ထို့နောက် ဆိုင်ပိုင်ရှင်အား " အဲဒီခွေးက ဘာဖြစ်တာလဲ" ဟုမေးလိုက်သည်။

ပိုင်ရှင်က "ဒီတစ်ကောင်က မွေးကတည်းက မသန်ဘူး။ တင်ပါးဆုံ မဖွံ့ဖြိုးဘူးလို့ ဆရာဝန်ကပြောတယ်။ တစ်သက်လုံး ဒီလိုပဲ ဖြစ်သွားတော့မှာတဲ့"

"ဒီတစ်ကောင်ကို ဘယ်လောက်နဲ့ ရောင်းမလဲ" ကလေးငယ်မှာ ၀မ်းသာအားရ မေးလိုက်သည်။

"ဒီမသန်တဲ့ တစ်ကောင်ဆိုရင် မရောင်းဘူး... လိုချင်ရင် အလကားပေးလိုက်မယ်"

ကလေးငယ်မှာ စိတ်မကောင်းစွာဖြင့် ပိုင်ရှင်၏မျက်နှာကို ကြည့်ပြီး.... "ကျွန်တော် အလကား မယူချင်ဘူး...တစ်ခြားခွေးတွေလိုပဲ သူလည်း သူ့တန်ဖိုးနဲ့ သူရှိမှာပါ။ ၃၇ ဒေါ်လာကို ကျွန်တော် အရင်ပေးခဲ့မယ်။ တစ်လကို 50cent ဆီ ကျေတဲ့အထိ ကျွန်တော်လာဆပ်မယ်"

"ဒီခွေးကို ပိုက်ဆံပေးပြီး ၀ယ်စရာ မလိုဘူး လူလေး...ဒီကောင်က တစ်ခြား အကောင်တွေလို မပြေးတတ်ဘူး.. မဆော့တတ်ဘူး"

ကလေးငယ်မှာ ဘာမှပြန်မပြောဘဲ ခါးကိုညွှတ်ပြီး ဘယ်ဖက်ခြေထောက်ကို လှန်ပြလိုက်သည်။
 ခြေထောက်မှာ တွန့်လိမ်နေပြီး သံချောင်းဖြင့် တောင့်ခံထားသည်။ ကလေးငယ်မှာ ပိုင်ရှင်ဖက်လှည့်ပြီး

"ကျွန်တော်လည်း သာမန်ကလေးတွေလို မပြေးနိုင်ဘူး၊ မလှုပ်နိုင်ဘူး။ ဒါကြောင့် ဒီခွေးလေးဟာ ကူညီ စောင့်ရှောက်ရမဲ့ လူ လိုကြောင်းကို ကျွန်တော်သိလိုက်တယ်"

ပိုင်ရှင်မှာ ၀မ်းနည်းသွားမိသည်။ "ဒီခွေးကလေးတွေ အားလုံး လူလေးလို ပိုင်ရှင်မျိုးနဲ့ ကြုံရပါစေလို့
ဆုတောင်း လိုက်ပါတယ်" ဒီပုံပြင်လေးမှာ စိတ်ဝင်စားစရာ ၊ ဘ၀ သင်္ခန်းစာ ယူစရာကောင်းတယ်နော်။
ဒါကြောင့် မိမိက စာပေခင်သူ မိတ်ဆွေတွေအားလုံးကို လှပတဲ့ စိတ်နဲ့ ကိုယ်ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ခံစားတတ်မယ်။ စစ်မှန်ဖြူစင်တဲ့ စိတ်နဲ့ လူတိုင်းကို ဆက်ဆံတတ်မယ်။
တာဝန်သိတတ်တဲ့ စိတ်နဲ့ အလုပ်တွေကို ပြီးအောင်လုပ်မယ်။ မ၀င့်ဝါတဲ့ စိတ်နဲ့ ကိုယ့်အမှားကို စစ်ဆေးတတ်မယ်။ ပျော်ရွှင်တဲ့ စိတ်နဲ့ သူတစ်ပါးကို အပျော်တွေ မျှဝေတတ်မယ်။
တက်ကြွတဲ့ စိတ်နဲ့ အကူအညီလိုတဲ့ လူတွေကို ကူညီတတ်မယ် ဆိုရင် .................
စာပေကိုခင်တဲ့ မိတ်ဆွေတို့ ဘ၀လေးတွေဟာ ပျော်စရာကောင်းပြီး အထက်တန်းကျသည့် အမျိုးကောင်းသား ၊ အမျိုးကောင်းသမီးလေးတွေဖြစ်ပြီး မိမိဘ၀တိုးတက်နိုင်မည်မှာ မုချ၊
ထို့ကြောင့် လူတိုင်းအပေါ် မကောင်းသည့်စိတ်ဖြင့် ကြည့်ကြခြင်းမှ ကင်းဝေးပြီး ကောင်းသည့်စိတ်ထားလေးတွေနဲ့ ကြည့်မြင်တတ်၊ ပြုလုပ်တတ်၊ ဘ၀လမ်းခရီးကို လျောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း......................
မှန်ကန်တဲ့ ဓမ္မပန်းကို ထာဝရ ဆင်မြန်းနိုင်ကြပါစေ........................ 
တက္ကသိုလ်စာသင်သား.........

Monday, May 28, 2012

တရားသဖြင့် နေထိုင်သူ


တရားသဖြင့် နေထိုင်သူ

ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်Dhamma_barisayadaw

ကိုလိုချင်တာ သူများကို အကုန်လုံးပေးပါ။

ကိုယ်ပေးတဲ့အတိုင်း ကိုယ်ပြန်ရလိမ့်မယ်။(တောရဆရာတော်ကြီး)

ဆရာတော်ကြီးရဲ့ ဘွဲ့တော်နဲ့ နေရပ်ကိုတော့ ဆရာတော်ကြီး မိန့်ကြားလိုက်တဲ့" ကယ် ပေါက် " ဆုံးမစကားကြောင့် မဖော်ပြလိုက်ရတာပါ။(ကယ်ပေါက်ကို သီးခြားရေးပါဦးမယ်)

အထက်မြန်မာပြည်က မြို့တစ်မြို့မှာ မိမိနဲ့ ဆရာတူတပည့်လည်းဟုတ်၊ ငယ်စဉ်က စာသင်ပေး ခဲ့ရဖူးတဲ့ တပည့်လည်း ဟုတ်တဲ့ ဆရာတော်လေးတစ်ပါးက စာချဘွဲ့ ရလို့ဆိုပြီး ပြုလုပ်တဲ့ ဂုဏ်ပြုပွဲ တစ်ခုမှာ သက်တော် ၉၄ နှစ်ရှိပြီဆိုတဲ့ ဆရာတော်ကြီးတစ်ပါးကိုလည်း ဖူးမြင်လိုက်ရတာ စိတ်ထဲမှာ အေးချမ်းမှု တစ်ခုကို ခံစားလိုက်ရသလို အတော်လေး ကြည်ညိုစိတ် ဖြစ်ပေါ်လာပါတယ်။

မိမိတည်းခိုတဲ့ တပည့်ဓမ္မကထိကလေး ကျောင်းပြန်ရောက်လို့ ဆရာတော်ကြီး အကြောင်း ပြောပြတော့ ကျောင်းထိုင် ဓမ္မကထိကလေးနဲ့ သူ့နောင်တော်တို့က သူတို့လည်း အလား တူစိတ်မျိုး ဖြစ်ပေါ် ကြည်ညိုတဲ့အတွက် မကြာမကြာ သွားရောက်ပြီး ဝေယျာဝစ္စပြုပေးလေ့ရှိ ကြောင်းနဲ့ ဆရာတော်ကြိးနဲ့ တွေ့ကြုံကြဖူးတဲ့ တခြားဆရာတော် သံဃာတော်များနဲ့ ဒကာ ဒကာမတို့ကလည်း အလားတူ မှတ်ချက်ချ ကြကြောင်း ပြောပြပါတယ်။

ဒီခရီးမှာ နောက်ထပ် သာမဏေကျော် ဘွဲ့ရဆတဲ့တပည့် သာမဏေတစ်ပါးရဲ့ ဂုဏ်ပြုပွဲက ငါးရက်လောက်ခြားပြီး စောင့်နေရဦးမှာဖြစ်လို့ အတော်လေး အချိန်ရတဲ့အတွက် နောက်နေ့ညနေ ပိုင်းမှာ ဆရာတော်ကြီး အသုံးတည့်ပုံရတဲ့ အိုဗာတင်းဘူးနဲ့ ဆေးမျိုးစု့တို့ကို ကပ္ပိယနဲ့ စီစဉ်ခိုင်းပြီး ဓမ္မကထိက ညီနောင်နဲ့အတူ ဆရာတော်ကြီး သီတင်းသုံးနေထိုင်တဲ့ တောရကျောင်းတိုက်ကို သွားကြပါတယ်။

ဆရာတော်ကြီးက သက်တော်နဲ့ မမျှလောက်အောင်ကို သွားလာလှုပ်ရှားနိုင်တုန်းပါပဲ။ မျက်စိတို့ နားတို့၊ သွားတို့ကလည်း သုံးလို့ရနေဆဲ ဖြစ်ပါတယ်။ အတူပါလာတဲ့ တပည့်များက အကျိုး အကြောင်းလျှောက်ထား မိတ်ဆက်ပေးပြီးတော့ အားလုံး ကန်တော့ကြပါတယ်။ ကန်တော့ပြီးတဲ့အခါ သြ၀ါဒစကားလေး ချီးမြှင့်ပေးဖို့ လျှောက်ထားတော့ "ဘာမှ အထွေအထူး သြ၀ါဒ ပေးစရာရယ်လို့ မရှိပါဘူး။ ရဟန်းဆိုရင် ရဟန်းနဲ့တူအောင်နေ၊ လူဆိုရင် လူနဲ့ တူအောင်နေ၊ ဒါပဲ အရေးကြီးဆုံးမို့လား။ အဲဒီလို နေကြရုံပေါ့လို့" မိန့်ကြားပြီး တခြား စပ်မိစပ်ရာ မေးမြန်းပြောဆို နေပါတယ်။

ဆရာတော်ကြီးက မျက်နှာတော် ကြည်လင်အေးဆေးသလို အသံကလည်း အေးအေး၊ စကား လည်း အေးအေးပါပဲ၊ တော်တော်လေး စကားစပ်မိပြီးလို့ တရင်းတနှီးလို ဖြစ်လာတဲ့အခါ မိမိက…

"ဆရာတော်ဘုရား၊ တပည့်တော် ဆရာတော်ကြီးကို ဖူးမြင်လိုက်ရတဲ့ အချိန်မှာပဲ ဆရာရင်း တစ်ပါးလိုကို တွေ့လိုက်ရသလို ကြည်နူးစိတ်၊ ကြည်ညိုစိတ် ဖြစ်လာပါတယ်ဘုရား၊ တည်းခိုတဲ့ကျောင်း ပြန်ရောက်တော့ ဟောဒီ တပည့်များနဲ့ စကားစပ်မိတဲ့အခါ ဆရာတော်ကြီးနဲ့ ဖူးတွေ့ဖူးကြတဲ့ တခြားဆရာတော်၊ သံဃာတော်တွေနဲ့ ဒကာ ဒကာမတွေကလည်း တပည့်တော်ပြော သလိုပဲ ပြောကြတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်တို့ နည်းယူ လိုက်နာရအောင် ဆရာတော် အမြဲ နှလုံးသွင်းတဲ့တရားနဲ့ ဆရာတော် ကျင့်သုံးနေတဲ့ စရဏ လေးများကို တပည့်တော်တို့ သိခွင့်ပြု ပေးပါဘုရား"လို့ လျှောက်ထားတော့ ဆရာတော်ကြီးက ခဏလောက် စဉ်းစားနေပါတယ်။

ပြီးတော့မှ စောစောကပြောတဲ့ တပည့်မျေားဘက်ကို မျက်နှာတစ်ချက် လှည့်ပြီး "သူတို့ကတော့ ဓမ္မကထိကတွေဆိုတော့ ဒီလိုပဲ တစ်ဖက်သား စိတ်ချမ်းသာအောင် ပြောကြ တာပါပဲ။ အေးပေါ့လေ- ဘုန်းကြီးက တရားနည်းလမ်းကို လျှို့ဝှက်ထားတယ်လို့ ထင်နေဦးမယ်။ မောင်ပဉ္စင်း သိချင်သပဆိုရင်လည်း ကိုယ်နှလုံးသွင်း ကျင့်သုံးနေတာလေးတော့ ပြောပြနိုင် ပါတယ်။

အထွေအထူးတော့ မဟုတ်လှပါဘူ။ ဘုန်းကြီးတို့ ဆရာသမား ဆုံးမခဲ့တဲ့ စကားသုံးခွန်းရှိ တယ်။ အဲဒီအတိုင်း တတ်နိုင်သမျှ လိုက်နာကျင့်သုံးနေတာပါပဲ။ ဘုန်းကြီးတို့ စာသင်တိုက် သွားခါနီးတော့ ဆရာသမားက ဘာမှာသလဲဆိုတော့….

"ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနဲ့။

ကိုယ်လိုချင်တာ သူများကို အကုန်လုံးပေးပါ။

ကိုယ်ပေးထားတဲ့အတိုင်း ကိုယ်ပြန်ရလိမ့်မယ်´တဲ့။

သတ္တ၀ါဆိုတာ လူတွေမဆိုထားနဲ့ တိရစ္ဆာန်တောင် ဆဲရေးတိုင်းထွာတဲ့စကား၊ ကြမ်းတမ်း တဲ့စကားကို မကြိုက်လို့ မြတ်စွာဘုရားရှင် ဟေားထားတာလည်း ရှိတယ်လေ။(နန္ဒ၀ိသာလဇာတ်)အကျိုးမဲ့အောင် လိမ်ညာတာတို့၊ အချင်းချင်းစိတ်ဝမ်းကွဲအောင် ကုန်းတိုက်တာတို့ လည်း အတူတူပဲပေါ့။ ကိုယ်မကြိုက် တာတွေ သူများကို လုံးဝ မပေးမိအောင် စောင့်စည်းပြီးတော့ နေရမှာပေါ့။

ဘယ်သူမဆို ကိုယ်ရောက်တဲ့နေရာမှာ မျက်နှာကြည်သာတာ၊ ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြို ဆိုတာကို တွေ့ရရင် ၀မ်းသာကျေနပ်ကြတာပဲမို့လား။ ကိုယ့်ဆီရောက်လာတဲ့ ဧည့်သည်ကိုလည်း ကိုယ်က အဲဒါမျိုး ပေးရမှာပေါ့။ ဒီနေရာမှာ စကားစပ်မိလို့ သတိပေးရအုံးမယ်။ ခရီးဝေးက ရောက်လာတဲ့ ဧည့်သည်မျိုးကျတော့ နှုတ်ဆက်ပြောဆိုတာလောက်ပဲလုပ်၊ စကားကြောတွေ သိပ်ပြီးရှည်မနေနဲ့ဦး။ ခရီးရောက် မဆိုက်မှာ အရင်ဆုံး လိုအပ်တာက ရေသောက်စရာတို့၊ အပေါ့အလေးသွားစရာတို့၊ ခြေဆန့် လက်ဆန့် နားနေချင်တာတို့ကလည်း လူတိုင်း လိုချင်တဲ့ အရာပဲ။ အဲဒါတွေကို အရင်ပေးရ တယ်။

စကားအရာနဲ့ ပတ်သက်လို့ မြတ်စွာဘုရားကို ဆန့်ကျင်ဘက် ပုဏားတွေကတောင် ချီးကျူး ရတဲ့ အချက်တွေ ရှိတယ်လေ။ အဲဒါတွေကလည်း အတုယူစရာတွေပေါ့။

ဧဟိသွာဂတ၀ါဒီ= ကောင်းသောလာခြင်းပါလို့ ပြောဆိုလေ့ရှိတယ်။

သခိလော ချိုသာ ဧကြည် ပြောဆိုတတ်တယ်။

သမ္မောဒကော နွမ်းသူကို လန်း၊ ပန်းသူကို ပြေစေလောက်အောင် ခရီးကြိုစကား ပြော ဆိုတတ်တယ်။

အဗ္ဘာကုဋိကော= မျက်စောင်းမထိုး၊ မကျိုးမျက်မှောက်၊ ဖြောင့်ဖြောင့် ချစ်ကြည် ကြည့်ရှု့ လေ့ရှိတယ်။

ဥတ္တာနမုခေါ= ပြောဆိုဆက်ဆံရ လွယ်ကူတယ်။

ဗုဗ္ဗဘာသီ= ပြောဆိုသင့်တဲ့ စကားကိုဘုရားရှင်ကပဲ စပြီးပြောတယ်လို့ ဆိုသမို့လား။

ဒီ-၁-ပါ-၁၀၉၊ဌ-၂၅၆)

ဒီ နောက်ဆုံးအချက်က အရေးကြီးတယ်နော်။ အဇာတသတ်မင်းကြီး ဘုရားရှင်ထံ ပထမဆုံး ရောက်လာတုန်းက သူ့အပြစ်သူ လိပ်ပြာမလုံလို့ စကားမပြောဝံ့ဘူးလေ။ ဘုရားရှင် ကစပြီး နှုတ်ခွန်း ဆက်လိုက်တော့မှ မေးရဲ လျှောက်ရဲဖြစ်ပြီး ရဟန်းပြုခြင်းရဲ့ မျက်မှောက်အကျိုး တွေကို လျှောက်ထားလို့ သာမညဖလသုတ်ကြီး ဖြစ်ပေါ်လာတာမို့လား။ အဲဒါတွေကို ကိုယ်က သူများကို အကုန်ပေးရ မယ်တဲ့။

ကာယကံနဲ့ ပတ်သက်ရင်လည်း ဒီအတိုင်းပဲပေါ့။ မြတ်စွာဘုရား ဟောတော်မူတဲ့ `အတ္တာနံ ဥပမံကတွာ၊ နဟေနယ် နဃာတေယ်´ဆိုတဲ့အတိုင်း အရှင်မဟာရဋ္ဌသာရကတောင် လင်္ကာလေး စပ်ထားတာ ရှိတယ်လေ။ "ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသတ်ကို ချစ်ပါလေ" ဆိုသလို ပြုလုပ်ရမှာပေါ့။

မနောကံနဲ့ ပတ်သက်လို့လည်း ကိုယ်ချင်းစာစိတ် ထားရတာပါပဲ။ ဘယ်သူမဆို အစာ ၀ချင် တယ်၊ အနာ ကင်းချင်းတယ်၊ ဘေးအန္တရယ် ကင်းရှင်းချင်ကြတယ်မို့လား။ အဲဒီတော့" သတ္တ၀ါအား လုံး စာဝ၊နာကင်း၊ ဘယာရှင်းကြပါစေ"ဆိုတဲ့ မေတ္တာစိတ် အမြဲပွားပေးပေါ့။ ဒါကတော့ ကိုယ့်ဆရာသမား ဆုံးမခဲ့တာကို ကိုယ်သဘောပေါက်သလောက် အဓိပ္ပာယ် ကောက်ယူတာ ပေါ့။ အဲဒီအတိုင်း တတ်နိုင်သလောက် လိုက်နာကျင့်သုံးတာပါပဲ။

အဲ…. စောစောက ဟိုကောင်လေးတွေပြောသလို တွေ့ကြမြင်ကြသူတွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ် လာကြတယ်ဆိုတာဟာ ဟုတ်တယ် ဆိုရင်ပေါ့လေ( သူ့မြေး တပည့်နှစ်ပါးဘက်ကို မယုံကြည်သလို နဲ့ ပြုံးပြီး ကြည့်လိုက်သေးတယ်) အဲဒါလည်း ကိုယ်ပေးထားတဲ့အတိုင်း ကိုယ် ပြန်ရတယ်လို့ပဲ ဆိုရမှာပေါ့။ အဲဒါပါပဲ။ ဘာမှ အထွေအထူး မဟုတ်ပါဘူး"လို့ မိန့်ကြား တော်မူပါတယ်။

ဒါတွေဟာ ဆရာတော်ကြီး အနေနဲ့ အထွေအထူး မဟုတ်ဘူး ဆိုပေမယ့် မိမိတို့အတွက် တော့ မထူးဘဲနဲ့ ထွေနေကြတုန်းပါ။

ကိုယ် လုံးဝမလိုချင်ပေမယ့် သူများကိုကျတော့ အလျှံပယ် ပေးမိကြတာတွေ။

ကိုယ့်အတွက်တော့ အလျှံအပယ်ရချင်ပေမယ့် သူများကိုတော့ လုံးဝ မပေးမိတာတွေ။ တွေးကြည့်လိုက်ရင်တော့ ကိုယ်ပေးထားတဲ့အတိုင်း ကိုယ်ပြန်ရလာမယ့် အလှည့်မှာ" ကောက်ရိုးပုံကြီးကို တစ်နေကုန် ဖြဲရှာမှ ဆန်တစ်စေ့ပဲ အနိုင်နိုင်ရတယ်" ဆိုတာမျိုးတောင် ဟုတ်မှ ဟုတ်ပါ့မလား။

တောရဆရာတော်ကြီးနည်းတူပဲ၊ တခြား ဆရာတော်တစ်ပါးကလည်း မိန့်ကြားဖူးပါတယ်။

"ကိုယ်တွေ့ကြုံ ခံစားရတဲ့အခါ `ဒါကတော့ သက်သက် မတရားတာပဲ၊ ကျေကို မကျေနပ်ဘူး´ ဆိုတာမျိုးကို သူများ လုံးဝ မပေးမိအောင်နေပါ။ အဲဒါကို မတရားမှုကင်းပြီး အသက်ရှင်နေထိုင်သူ ဖြစ်မယ်။

ကိုယ်တွေ့ကြုံခံစားရတဲ့အခါ`ဒါမျိုးတော့ တရားတယ်၊ မျှတတယ်၊ ၀မ်းသာကျေနပ်စရာ ကောင်းတယ်´ဆိုတာမျိုး သူများကို ပေးနိုင်သလောက်ပေးပါ။ ဒါဆိုရင် လောကမှာ တရားသဖြင့် အသက်ရှင်နေထိုင်သူဖြစ်ပြီ´တဲ့။

မြတ်ဗုဒ္ဓအလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံအခွင့်အရေး နှစ်ခုစီ ရှိကြ ပါတယ်။

"ပြုလုပ်ပိုင်ခွင့်" နဲ့ "ခံစားခွင့်" (ကံနဲ့ ကံ၏ အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံး ချသူဟု ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ခံစားချိန်ရောက်မှ ငြင်းပယ်ခွင့် မရှိဘူး။ ပြုလုပ် ခွင့်ကို ကောင်းကောင်း မွန်မွန် အသုံးချသူဟာ ခံစားခွင့် ကောင်းကောင်းမွန်မွန် ရရှိမယ်။ တောင့်တ နေစရာ မလိုဘူး။ ဒါဟာ ကမ္မဿကတလမ်းစဉ် မှန်ပဲ ဖြစ်ပါတယ်။

သတိထား အသိပွားနိုင်ကြပါစေ။

တရားသဖြင့် သက်ရှင်နေထိုင်သူများ ဖြစ်စေသော်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Sunday, May 27, 2012

အရည်ပျော်သွားသော နာရီ စက္ကန့်လက်တံများ အကြောင်း


အရည်ပျော်သွားသော နာရီ စက္ကန့်လက်တံများ အကြောင်း

ဘ၀မှာ အရေးကြီးဆုံးက ဘာလဲလို့မေးလာရင် သင်ဘယ်လိုဖြေမလဲ မိတ်ဆွေ၊ ကျွန်ုပ်အလိုအရတော့ ဘ၀မှာအရေးကြီးဆုံးကတော့ ဘ၀ပါပဲလို့ ဖြေချင်ပါတယ်၊ မိတ်ဆွေသဘောတူချင်မှ တူမယ်ပေါ့လေ၊ ဟုတ်ပါတယ်- လွတ်လပ်စွာသဘော ကွဲလွဲခွင့်ရှိတာ အမှန်ပါ၊ ကိုယ်က ဒါကိုသဘောကျလို့ သူ့ကိုလည်း ဒီဟာကိုပဲ သဘောကျပါလို့ပြောလို့မှမရတာ။

မိတ်ဆွေတို့ ကြားဘူးကြမယ်ထင်ပါတယ်၊ အချိန်သည်ငွေ အချိန်သည်ရွှေ ဆိုတဲ့စကားတစ်ခု။

ကျွန်ုပ်ကတော့ အချိန်ကို ဒီထက်ပိုပြောလိုက်ချင်ပါတယ်၊ အချိန်သည် အသက်၊ အချိန်သည် ဘ၀………..

 အချိန်သည် အသက်၊ အသက်သည် ဘ၀၊ ဘ၀သည် လောကမှာ အရေးအကြီးဆုံး၊ အချိန်နှင့်ဘ၀သည် တစ်ထပ်တည်း တန်ဘိုးရှိသည်၊ ဘ၀ သို့မဟုတ် အသက်သည် လောကမှာ အရေးကြီးဆုံး လို့ဆိုလိုတာကို  လက်ခံလျှင်ဖြင့် လောကမှာ အရေးကြီးဆုံး နောက်ထပ်တစ်ခုဟာ အချိန်ပါပဲ။

အသက်ရှိနေသေးတယ်ဆိုရင် ဘ၀ရှိနေသေးပါတယ်၊ ဘ၀ရှိနေသေးတယ်ဆိုရင် အချိန်လည်း ရှိနေပါသေးတယ်၊ အသက်ပျောက်ပြီဆိုရင်တော့ ဘ၀လည်း အဆုံးသပ်သွားတာပေါ့၊ အချိန်တစ်ခု အဆုံးသပ်သွားတာပေါ့၊ တစ်ခုလေ၊ ဘ၀အားလုံး အဆုံးသပ်တာတော့ ဘယ်ဟုတ်ပ၊ ဘ၀က သံသရာရှိနေသေးသမျှ ရှိနေရအုံးမှာကိုးနော။

ကျွန်ုပ်ကတော့ အသက်ဆိုတာကို ဒီလိုဖွင့်ဆိုချင်တယ်- အသက်= ဘ၀= အချိန်၊ အဲဒီလိုလေးပေါ့၊ သဘောကျမှလက်ခံပါ၊ မတူရင်လည်း ငြင်းလိုက်ကြပေါ့ နော။

 [Live is of quail life. The Life is of quail Time.]

 ခု အဲ အရေးကြီးဆုံး တန်ဘိုးအမြင့်ဆုံးဆိုတဲ့ အချိန်တွေကို ခင်ဗျားရော ကျွန်ုပ်ရော အရေဖျော်ပစ်နေကြတယ်၊ အချိန်တွေ အရည်ပျော်ကုန်ပီ၊ အရည်ပျော်ကုန်ပီ အချိန်တွေ၊ ဘယ်လို များဖျော်ပစ်ခဲ့ကြလိမ့်ဲ။

 ခင်ဗျား စဉ်းစားဘူးလား၊ သတိထားမိရဲ့လား၊ ခင်ဗျားအချိန်တွေကို လက်ဖက်ရည်ခွက်ထဲမှာ ကော်ဖီပန်းကန်ထဲမှာ ဘယ်လောက်များများ ခင်ဗျားရင်ဘက်ထဲက အန်ထွက်လာတဲ့ အရည်မရ အဖတ်မရတဲ့ လေတွေနဲ့အတူ ဖျော်သောက် ပစ်ခဲ့ပြီးပြီလဲ။

 ညနေခင်းရဲ့အလှတရားတွေကိုရော မူးရစ်စေတတ်တဲ့ အရက်သေစာတွေနဲ့ ဘယ်လောက်များများ အရုပ်ဆိုး အကျည်းတန်စေအောင် ဘောလုံး စကားတွေကို အမြည်းလုပ်ပီး ဘယ်လောက်များများ မူးရစ်တွေဝေစေခဲ့ပြီးပြီလဲ၊ အရည်ဖျော်ပြီးခဲ့ပြီလဲ။

 တန်ဘိုးများလှတဲ့ နေမင်းသခင်ပေးဆပ်ထားတဲ့ နေ့လည်ခင်းရဲ့အချိန်တွေကို ရော ဘာအလုပ်မှမပါဘဲ တစ်စုံတရာ အကျိုးမပါဘဲ ဘယ်လောက်များများ ဖြုန်းတီးဖြစ်ခဲ့ပြီးပြီလဲ။

 ပူသေးလို့၊ အေးလွန်းလို့၊ စောသေးလို့၊ နောက်ကျသွားလို့၊ ဗိုက်ဝလွန်နေလို့၊ ဗိုက်ဆာနေသေးလို့ဆိုပြီးတော့ ဘာမှမလုပ်ဘဲ ဘယ်လောက် အချိန်တွှေ ကုန်လွန်စေ ခဲ့ပါသေးသလဲ…………။

 တကယ်တော့ အချိန်ရှိနေသေးတဲ့အခါမှာ ဘ၀ဟာ လှနေသေးတာပါ၊ အသက် မပါတော့တဲ့ ဘ၀မှာတော့ အချိန်ကုန်သွားပီမို့ နေ၀င် မိုးချုပ်ညလို မှောင်မိုက်သွား တတ်တာကိုရော ဘယ်လောက်များများ သတိထားမိခဲ့ပါ သေးတုန်း။

 အသက်မရှိတော့ရင် ဘ၀မရှိတော့ဘူး၊ ဘ၀မရှိတော့ရင် အချိန်ကုန်သွားပီ၊ အချိန်ကုန်သွားမှဖြင့် ဘာများလုပ်လို့ ရတော့မှာမို့ ခုလိုအချိန်တွေကို အရေဖျော်ပစ်နေကြ ပါလိမ့်၊ ဘယ်က အားကိုးများရှိထားလို့ အဲဒီတန်ဘိုးတွေကို တန်ဘိုးမဲ့စေနေကြပါလိမ့်နော်။

 ကြားဘူးမိပါရဲ့- နီတိစကားတစ်ခု-

(က) ပထမအရွယ်မှာ ပညာရှာ

(ခ) ဒုတိယအရွယ်မှာ ဥစ္စာရှာ

(ဂ) တတိယအရွယ်မှာ ဘာဝနာရှာတဲ့

 နီတိဆရာကတော့ နီတိစကားပဲဆိုပေမှာပေါ့၊ နီတိဆရာဆိုတာကလည်း လောကအကြောင်းလောက်ပဲ သိတတ်တာကလား၊ လောကရဲ့ ဟိုဘက်အလွန် လောကုတ္တရာဆိုတာကိုတော့ ဘယ်သိနိုင်ပ။

 လောကရဲ့အလွန် ဟိုမှာဘက် လောကုတ္တရာကိုတော့ ဘုရားရှင်သာလျှင် အကုန်အစင်သိနိုင်တာမဟုတ်ပါလေလား၊ အကုန်သိတတ်တဲ့ ဘုရားစကား မဟုတ်လေတော့ တစ်သမတ်တည်း ယူထားရင်ဖြင့် အချိန်ဆိုတာနဲ့ တွက်ကြည့်ရင် အလွဲကြီးသာလွဲတော့မပေါ့။

 သူက ဘ၀ကို အကြမ်းလေးတွက်ပြထားတာ၊ အနုမစိပ်ပါဘူး၊ ဘုရားကတော့ အနုစိတ်ပီး ဘ၀ကို အကောင်ထည်ပေါ်တည်ဆောက်ပေးထားခဲ့တယ်၊ အချိန်ကို ကိုယ်မပိုင်သေးသမျှ အချိန်တွေဟာ သတ္တ၀ါတွေကို မနက် နေ့ ည အခါမလပ် ၀ါးမျိုနေတယ်တဲ့၊ ဘယ်အရာတွေကများ အချိန်ကို ၀ါးမျိုနေပါလိမ့်။

 အိုခြင်းတရားကလည်း အချိန်ကို နာရီ စက္ကန့် လက်တံတွေနဲ့အမျှ ၀ါးမျိုနေတယ်၊ နာခြင်းတရားကလည်း အချိန်ကို နာရီ စက္ကန့် လက်တံတွေနဲ့အမျှ ၀ါးမျိုနေတယ်၊ သေချင်းတရားကလည်း အချိန်ကို နာရီ စက္ကန့် လက်တံတွေနဲ့အမျှ ၀ါးမျိုနေတယ်တဲ့။

 မအိုချင်သေးပါဘူးဆိုပြီး နားနေလို့ရကြပါရဲ့လား။

မနာချင်သေးပါဘူးဆိုပြီးရော အစောင့်ခိုင်းထားလို့ ရပါ့မလား။

မသေချင်သေးပါဘူးဆိုပြီးရော ငြင်းပစ်လိုက်လို့ ရကြပါရဲ့လား။

 ခက်လိုက်တာ၊ ဒါနဲ့များ အချိန်ကို ကိုယ်ပိုင်ဆိုင်တဲ့ အခိုင်းအစေတစ်ယောက်လို ကန့်သတ် ထားကြတာများ အဲ့ကိုသြကုန်ရောဆိုသလိုပါပဲ။

 ကြည့် ဘုရားစကား-

၁။ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာကို ဒို့ကြိုမသိ

၂။ ဘယ်အနာနဲ့ ဘယ်ရောဂါနဲ့ သေမယ်ဆိုတာကို ဒို့ကြိုမသိ

၃။ ဘယ်အချိန် ဘယ်နာရီ ဘယ်စက္ကန့်မှာ သေမယ်ဆိုတာကို ဒို့ကြိုမသိ

၎။ ဘယ်အရပ် ဘယ်ဒေသ ဘယ်သင်္ချိုင်း သေမယ်ဆိုတာကို ဒို့ကြိုမသိ

၅။ သေပီးရင် ဘယ်အရပ် ဘယ်ဒေသ ဘယ်နေရာကို ရောက်ကြမယ်ဆိုတာကို ဒို့ကြိုမသိ တဲ့…

 ကဲ ဒီလိုဆို ဘာလို့များ အချိန်ကို အသက်ကို ဘ၀ကို သုံးပိုင်းပိုင်းပြီးနေရာပေး သတ်မှတ်ထားကြပါလိမ့်။

 သေချာတွေးကြည့်ရင် ဘ၀ဟာ ကြောက်စရာ ငြီးငွေ့ဘွယ်ရာ မလိုချင် မတောင့်စရာပါပဲ။

 ဒါပေမယ့် အသုံးချတတ်ရင်လည်း ဘ၀က ပျော်စရာ နေပျော်မွေ့ကြီး ဖြစ်ပြန်ရော။

 အတိတ်ကိုမတွေးနဲ့တဲ့ သင်္ကန်းစာယူပီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာ ဆောင်ပီး အလုပ်လုပ်တဲ့၊ အနာဂတ်ကိုလည်း မျှော်တွေးမနေ့နဲ့တဲ့၊ မရောက် လာသေးဘူး၊ လုပ်စရာရှိတာ ခုလုပ်တဲ့။

 ဟော ဆက်ပြီး မြတ်ဘုရားက မှတ်သားလိုက်နာဘွယ်ရာ ဟောထားပြန်ရော- ပစ္စုပ္ပန်ဆိုတာ ကြည့်မှန်တစ်ချပ်လိုပဲတဲ့၊ ခုရောက်နေတဲ့ နေရာကိုကြည့် အတိတ်က ဘာတွေလုပ်ခဲ့တယ်ဆိုတာကို မြင်နိုင်တယ်တဲ့၊ ထပ်ကြည့်တဲ့ ခု ငါဘာတွေလုပ်သလဲ၊ အဲဒါဟာ အနာဂတ်အတွက်တဲ့။

 ရှေးကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်တဲ့ ဒါလည်း ဘုရားစကား။

တရားရှာတဲ့အလုပ် ဘာဝနာပွားတဲ့အလုပ်ကို တတိယအရွယ်မှာ လုပ်ရမယ်တဲ့၊ နီတိဆရာစကားပါ၊ အဲဒီအလုပ်က တကယ်လွယ်လို့လား၊ အသက်ရွယ်ကြီး၊ အိုမင်းမစွမ်းဖြစ်၊ ခါးကိုင်း နားထိုင်း၊ ဆံဖြူ၊ သွားကြွေ၊ ပါးရေ နားရေ တွန့်၊ အဲဒီခါများမှပဲ တရားရှာမယ်တဲ့၊ ဟုတ်ကြပါရဲ့လား။

 အဲဒီအလုပ်သာ အဲသလောက် လွယ်လွယ်ဖြစ်ခဲ့ရင် လောကမှာ အပူသည်တွေ ဒုက္ခနွံတွင်းက သူတွေရှိတော့မယ်မဟုတ်၊ အားလုံး ဒုက္ခဇာတ်သိမ်း ချုပ်ငြိမ်း နိဗ္ဗာန် ၀င်စံကုန်ကြပြီးပြီပေါ့၊ ဘာမှလုပ်စရာလိုတော့။

 သေမင်းနဲ့များ အချိန်းအချက်လုပ်နိုင်တဲ့သူ ဘယ်သူများ ရှိနေပါလိမ့်၊ ငါမအား သေး၊ ဒီနေ့ မသေနိုင်ဘူး၊ မနက်ဖန်မှလာခေါ်၊ မနက်ဖန် လုပ်စရာ တွေရှိသေးတယ်၊ သဘက်ခါမှလာခဲ့၊ နောက်နှစ်မှာ ငါကထိန်အလှူ လှူမယ် စိတ်ကူးတယ်၊ ဟိုး နောက်နှစ်မှ လာခေါ်ပါ၊ စသဖြင့် ဒီနေ့မနက်ဖြန် သေမင်းကို အချိန်းချက်လုပ်၊ အမိန့်ပေးနိုင်တဲ့သူ ဒီလောက ဘယ်သူများရှိနိုင်ပ။

 ဟေ့ ငါမအိုချင်ဘူးကွ၊ တော်ပြီ ဒီအသက် ၂၅ နှစ်အရွယ်၊ ဒီမှာပဲရပ်ထား၊ ဒီလိုလေးပဲ ငါနေချင်တယ်၊ အိုချင်းတရား မင်းငါ့အနား မကပ်နဲ့၊ ငါနဲ့ ဝေးဝေး နေ၊ မင်း ဘယ်တော့မှ ငါ့ဆီမလာခဲ့နဲ့ အဲလိုရော ပြောနိုင်စွမ်းသူ ဘယ်သူရှိပ။

 ဟေ့ ငါကတော့ မနာချင်ဘူးကွ၊ နာတာနဲ့ ငါနဲ့မတည့်ဘူး၊ နာရင် အများကြီး ငါက နာတတ်တာ၊ ဘယ်ရောဂါမှ ငါမလိုချင်ဘူး၊ အကြောက်ဆုံးက ကင်ဆာဟေ့၊ သွေးတိုးလည်း အလိုမရှိဘူး၊ ဆီးချိုဆို ငါကအလွန်မုန်းတယ်၊ ဘယ်အနာရောဂါ မှ ငါ့ဆီမလာခဲ့နဲ့၊ ပြောလို့ရပါရဲ့လား၊ ရေနစ်မသေချင်ဘူးကွ၊ ငါက မွန်းတတ်တယ်၊ ကားတိုက်မသေချင်ဘူးကွ၊ ငါက အလှမက်တယ်၊ ခွေးရူးကိုက်မသေချင်ဘူးကွ၊ ငါက ရူးမှာကို အလွန်ကြောက်တဲ့သူ၊ လေဖြတ်မသေချင်ဘူးကွ၊ နေရခက်လွန်းလို့၊ ဘယ်ဟာမှ ကိုယ်တကယ် မပိုင်ပါဘူးနော်။

 ငါက တောမှာ မသေချင်ဘူးကွ၊ ပျင်းတယ်၊ မြို့ မှာပဲသေမယ်၊ ငါက တောမှာပဲ သေချင်တာကွ၊ မြို့မှာ ရှုပ်ရှုပ်ရှက်ရှက် မကြိုက်ဘူး၊ ဟေ့ လမ်းမှာတော့ မသေချင်ပါဘူးကွာ၊ ကိုယ့်အိမ်ကိုယ့်ရပ် ကိုယ့်ဒေသမှာပဲ နားအေးပါးအေး သေပါရစေ၊ သူများရွာတွေမှာ သူများအရပ်တွေမှာ မျက်နှာငယ်ငယ်နဲ့ မသေချင်ပါဘူး၊ ကိုယ့်ဒေသ ကိုယ့်အရပ်မှာပဲ ကိုယ့်ရွာလေးမှာပဲ ဆွေမျိုး မိတ်ဆွေ စုံစုံလင်လင်နဲ့ လှလှလေး သေပါရစေတဲ့၊ အဲလိုရော တောင့်တလို့ ရပါ့မလား။

 တကယ် မပိုင်ပါဘူး၊ အပိုင်မလုပ်ချင်ပါနဲ့လို့များပြောရင်  ပြောတဲ့သူကိုများ အမုန်းပွားကြမလားမသိ၊ ဘ၀အသိကို ဘ၀လေး ရှိနေတုန်း သိနေစေချင်လိုက်တာ…

 ဟော သေသွားပြီ၊ ဘ၀တစ်ခုကုန်သွားပြီ၊ အချိန်တစ်ခု အဆုံးသတ်သွားပြီ၊ နောက်တစ်ချိန်၊ နောက်ဘ၀ ဘယ်နားများ နားပ၊ ဘယ်နားများ ဖြစ်ပ၊ ဘယ်လိုပုံဟန်နဲ့များ နေရပါ့၊ ခွေးလား၊ လူလား၊ နွားလား၊ ကြက်လား၊ ငှက်လား၊ ပြိတ္တာလား၊ သရဲလား၊ နတ်လား၊ ဗြဟ္မာလား၊ လားလားလား ပေါ့…

 အခုဘာဖြစ်နေလဲ၊ အဲဒါက အတိတ်က အကျိုး၊ နောက် ဘာဖြစ်မလဲ၊ အဲဒါဟာ ခုရဲ့ ပုံရိပ်။ ရှေးကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်း ပါလိမ့်မယ်တဲ့…

 အချိန်ကို ဘယ်လိုသုံးခဲ့ကြပါလိမ့်၊ အရည်ပျော်နေခဲ့လား၊ အရည်ဖျော်ခဲ့လေ သလား၊ ဘ၀ကို တန်ဘိုးထားသလား၊ အသက်ကို တန်ဘိုးထားသလား၊ ဘ၀နဲ့အသက်ကို တန်ဘိုးထားတယ်ဆိုရင် အချိန်ကို အကျိုးရှိရှိ အသုံးချစေချင်ပါသည်၊ အဲဒီအချိန်ဆိုတဲ့ နာရီ စက္ကန့် လက်တံတွေကို အရည်မပျော်သွားအောင်၊ အရည်မဖျော်မိအောင် ကြိုးစားကြစေချင်ပါသည်။

ဘုရားက တရားကို ဒီလိုအချိန်မှာ အားထုတ်ကြတဲ့-

၁။ ငယ်ရွယ် ပျိုမျစ် နုနယ်တဲ့အချိန်

၂။ အနာရောဂါကင်းတဲ့အချိန်

၃။ အစာရေစာ ပေါများတဲ့အချိန်

၎။ တိုင်းပြည်အေးချမ်းချိန်

၅။ သံဃာတော်များ အငြင်းမပွား၊ အချင်းမများဘဲ ညီညွတ်တဲ့အချိန်တဲ့ အဲဒီအချိန်မှာ တရားအလုပ် အားထုတ်လုပ်ကိုင်ကြတဲ့

 တရား အားမထုတ်သင့်တဲ့အချိန်ကတော့ ပြောင်းပြန်ပါပဲ-

၁။ အိုးမင်းမစွမ်းချိန်

၂။ အနာရောဂါများပြား ထူပြောတဲ့အချိန်

၃။ အစာရေစာရှားပါးပြီး ငတ်မွတ်ခေါင်းပါးတဲ့အချိန်

၎။ တိုင်းပြည်မအေးချမ်းတဲ့အချိန်

၅။ သံဃာတော်များ မညီညွတ်ဘဲ အသင်းကွဲနေတဲ့အချိန်ပါတဲ့…

 ဒီတော့ အချိန်သည် အသက်၊ အချိန်သည် ဘ၀၊ အသက်နဲ့ ဘ၀ပြတ်ချိန်သည် အချိန်ကုန်ပြီး နေ၀င်မိုးချုပ် မှောင်မိုက်သွားလေပြီ…..

အရှင်သာဓိန

ခေတ္တ(ဘုံဘေ)

Saturday, May 26, 2012

အထူးသတင်း

ထေရ၀ါဒ တက္ကသိုလ် ပါဠိပါမောက္ခ မိုးကုတ်ရိပ်သာဌာနချုပ် နာယက

ကျိုက်ကလော့ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသ
(ပထမကျော်၊ သ၊ စ၊ အ ဓမ္မာစရိယ)
တရားပွဲ

- ၂၆.၅.၂၀၁၂ (စနေနေ့) ည - ၇ နာရီ
- ၂၇.၅.၂၀၁၂ (တနင်္ဂနွေနေ့) နေ့လည် - ၁ နာရီ
- ၂၇.၅.၂၀၁၂ (တနင်္ဂနွေနေ့) ည - ၇ နာရီ


တိုက်ရိုက်ထုတ်လွှင့်မှု
> တရားပွဲ စတင်ပါက UStream သို့ LiveStream တွင် Play နှိပ်ပြီး တိုက်ရိုက် နာယူနိုင်ပါသည်။


ကျိုက်ကလော့ဆရာတော် ထေရုပ္ပတ္တိအကျဉ်း

ဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ(သ၊စ၊အ )ဓမ္မာစရိယ ဆရာတော်ဘုရားသည် ဧရာဝတီတိုင်း ဇလွန်မြို့ မြစ်ဝရွာခမည်း တော်ဦးသာဟန် +မယ်တော် ဒေါ်မြ တို့မှ ကောဇာ သက္ကရာဇ် 1311 တန်ဆောင်မုန်းလ္ဆန်း၅-ရက်25,10,1949အင်္ဂါနေ့တွက်ဖွားမြင်ခဲ့ပါသည်။

ဆရာတော် ငယ်စဉ်ကပညာသင်ကြားခဲ့သောကျောင်းများမှာ ဟင်္သာတမြို့မိုးကောင်းစာသင်တိုက်၊ ပြည်မြို့ဇောတိကာရုံပရိယတ္တိစာသင်တိုက် ၊ ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်၊  မန္တလေးမြို့ အနောက်ဝိသုဒ္ဓါရုံစာသင်တိုက် တို့တွင် ပညာ သင်ကြားခဲ့ပါသည်။

အောင်မြင်ပြီးမြောက်ခဲ့သောအတန်းများမှာ သကျသီဟ ဓမ္မာစရိယ စေတီယင်္ဂဏ ဓမ္မာစရိယ အစိုးရဓမ္မာစရိယ ပထမကျော် အဖြစ်အောင်မြင်ခဲ့ပါသည်။  သီရိလင်္ကာနိုင်ငံမှ M.A  အိန္ဒိယနိုင်ငံမှ  Ph.D  ဒေါက်တာဘွဲ့ရရှိခဲ့ပါသည်။ နိုင်ငံတော်မှ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘွဲ့ကိုလည်းအပူဇော်ခံရရှိခဲ့ပါသည်။

ယခုအခါတွင် ကျိုက်ကလော့ကျောင်းတိုက်ကြီး၏ ဦးစီပဓာန နာယက အဖြစ်လည်းကောင်းမိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ ချုပ်ကြီး ၏ နာယကဆရာတော်အဖြစ်လည်းကောင်း၊ကမ္မဋ္ဌာနာစရိယဆရာတော်အဖြစ်လည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနုာပြုတက္ကသိုလ်ဒုတိယပါမောက္ခချုပ်အဖြစ်လည်း ကောင်း၊မိုးကုတ်ဆရာတော်ဘုရားကြီးနည်းဖြင့်တရားဟောတရားပြခြင်းပြည်တွင်းပြည်ပ စာသင်သားများအားစာပေပိုချခြင်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

တစ်ခုတည်းရဲ့ နှစ်ဖက် မျက်နှာစာ

 တစ်ခုတည်းရဲ့ နှစ်ဖက် မျက်နှာစာ

အခုတလော သတင်းတွေမှာ တရုတ်တွေရဲ့ “ဘယ်သူသေသေ ငတေမာ ပြီးရော” ဇာတ်လမ်းတွေ မကြာခဏ ကြားနေ မိပါ တယ်။ မြစ်ဆုံ ဆည် ကိစ္စက စလို့ – ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စ အပါအဝင် တိဗက် အရေးအခင်း များ အထိ – မြင်နေ ရတယ်။ တိုးတက် လာတဲ့ သိပ္ပံ အမြင်တွေ မှာ တရုတ်ပြည်ဟာ Crisis ဖြစ်ပါတယ်။ သူတို့ လူမျိုးကို အသည်း အသန် ကာကွယ် ဖို့ အခြား လူမျိုး ကို ဂရုမစိုက်ဘူး ဆိုတဲ့ အကြောင်း အထင်သာဆုံး နဲ့ အမြင်သာဆုံး ရှိတယ်။ ဝင်ရောက် ချယ်လှယ် သမျှ ပေါ်ပေါ်ထင်ထင် မြင်ရတယ်။ သတ်ဖြတ် ဖို့ လက်မတွံ့တဲ့ စိတ် အပြည့်အဝ ရှိတယ်။ ကလိမ်ကျ သွေးစုတ် ဖို့ စိတ်ရော မာန်ပါ ရှိနေပါတယ်။ ကျနော် ပြောတာ လွန်များ လွန်နေသလား။

စင်စစ် ဒါဟာ သူတို့ လူမျိုး မှ မဟုတ်ဘူး။ အခြား လူမျိုးတွေမှာလည်း ရှိပါတယ်။ တရုတ်ပြည်ဟာ သိသိသာသာ ပေါ်လွင် နေတာ သက်သက်။ စင်စစ် ကျနော် ဒီလူမျိုးရေး အကြောင်း နိုင်ငံရေး အကြောင်း တွေ ပြောဖို့ မဟုတ်ဘူး ရယ်။ သူတို့ ဘာလို့ ဒီလို စိတ်ရော မာန်ပါ ရုပ်ပျက် ဆင်းပျက် ဖြစ်နေကြရပါသလဲ။

အဓိက အကြောင်းရင်းကို စိစစ်ရင် သူရို့ မျိုးနွယ် ပျက်ဆီးမှာ၊ သူရို့မျိုးနွယ် မတည်တံ့မှာ၊ သူတို့ စည်းစိမ် ပျက်ယွင်း မှာ ကြောက်ရွံ့ လို့ ပဲ ဖြစ်ပါ တယ်။ အဲ့ဒီ ကြောက်ရွံ့စိတ်ကပဲ သူတို့အတွက် ကိုယ်ကျင့်တရား အမြင် ပျောက်ဆုံး သွားစေပါတယ်။ ယုတ္တိဗေဒ အတွေးစဉ် ကို ကမောက်ကမ ဖြစ်အောင် လုပ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများပြည်သူ တို့ အမြင် ပုံဆိုး ပန်းဆိုး ဖြစ်နေ ပါလိမ့် မယ်။ အလားတူ ကျနော်တို့ နိုင်ငံ အတွင်းမှာ ဖြစ်ကြတဲ့ ပြည်တွင်း ပဋိပက္ခပေါင်းစုံနဲ့ နိုင်ငံရေး ပါတီ အချင်းချင်း မကျေလည်မှု အငြင်းပွားမှု၊ သတ်ဖြတ် အပြစ်ပုံချမှု တွေ ဟာလည်း အဲ့ဒီ ကြောက်ရွံ့မှု တွေ ကပဲ အရင်းခံ လာတာ ဖြစ်ပါတယ်။

တကယ် စင်စစ် အဲ့ ကြောက်ရွံ့မှု အားလုံးဟာ ပျက်သုဉ်ခြင်း တရား (ဝါ) သေခြင်းတရားကို အကြောက်အကန် ငြင်းဆန် လိုစိတ်မှာ အရင်းခံ နေတယ် မဟုတ်လား။ လူအရှင်လတ်လတ် သေဆုံးမှ “သေတယ်” လို့ ကျနော် မယူဆဘူး။ သေခြင်း တရား ရဲ့ အနက်ဟာ ပျက်စီးခြင်း၊ ပျက်သုဉ်းခြင်း ကိုလည်း ညွှန်းဆိုပါတယ်။ လူကိုယ်တိုင် သေချင်မှ သေသွားလိမ့်မယ်။ ပျက်ဆီး ပျက်သုဉ်း သွားတာ ကိုက သေခြင်း တရား ဖြစ်ပါတယ်။ ကျနော် ဒီသေခြင်းတရား အကြောင်း ပြောချင်လို့ ဒီနိဒါန်းကို အစပျိုးတယ်။

ဒါဆို – သေခြင်းတရား ဆိုတာ ဘာလဲ။ ဒီ မေးခွန်း ကို လူတိုင်း မေးတယ်။ လူတိုင်း အဖြေရှာ ပါတယ်။ အသိရှိတဲ့ လူတိုင်း သေခြင်း တရား အပေါ် ဆင်ခြင်မှု အပြည့် ရှိတယ်။ ကလေးက အစ သိနိုင်တဲ့ အရာက – သေခြင်းတရား ၊ မရဏ ဆိုတာ ရှောင်လွှဲ မရတဲ့ အရာ ဖြစ်တယ်။ သေခြင်းတရား ကိုယ်၌က ခင်ဗျား သန္တာန်မှာ ၊ ကျနော့ သန္တာန်မှာ ပြဋ္ဌာန်းပြီး ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့် ပြဋ္ဌာန်း ပြီး ဖြစ်ရ သလဲ။ သေခြင်း တရား ဟာ ကျနော် တို့ အတွက် ဘာလဲ ။ အဲ့ဒါတွေ ကို ကောင်းကောင်း အဖြေရှာနေ ကြဆဲပဲ။

အဖြေတွေ့ပါပြီ ဆိုသူ ပုဂ္ဂိုလ် အများကလည်း အဖြေကို ထုတ်ချပြသည့်တိုင် ဒီ မေးခွန်း အများက ဒီကနေ့ ထိ ရှိနေဆဲ၊ ဆင်ခြင် နေရ ဆဲ ဖြစ်ပါတယ်။ ဒါကို ဆင်ခြင်ရင်း ကနေ့ အထက်ပါ တရုတ်၊ မြန်မာ၊ အခြား နိုင်ငံတကာ၊ တစ်ကမ္ဘာလုံး အဖွဲ့အစည်း တွေရဲ့ Crisis အရင်း အမြစ် – အဲ့ဒီ သေခြင်းတရား အကြောင်း ကို ကျနော် လက်ဖျစ်တတွက် ဥာဏ်နဲ့ တွေးကြည့် မယ်။
သေခြင်းတရား ဟာ ဘာလို့ ပြဋ္ဌာန်းပြီး ဖြစ်ရသလဲ။ – သဘာဝ ဖြစ်လို့၊ ဓမ္မတာ ဖြစ်လို့ ဆိုတဲ့ အဖြေ က ရိုးရှင်းပါတယ်။ ကျနော့ အနေနဲ့ နောက် တစ်နည်း ဆိုရင် သေခြင်းတရား ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ မူလဌာနေ ဖြစ်ပါတယ်။

မိမိ ကိုယ်ကိုယ် ကြည့်ကြည့်ပါ။ ဘဝ တစ်ခု ဖြစ်တည်မှု အစပြု ရောက်ရှိ လာပြီ ဆိုကတည်းက ကျနော်တို့ သန္တာန်မှာ သေခြင်းတရားက ကပ်ညိ ပါဝင်လာပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။ ယခု ရှင်သန် နေသမျှ အချိန် ဟာ အမည်မသိ ဗလာ သက်သက် နှစ်ခု ကြား ကာလလေး မျှသာ ဖြစ်ပါတယ် ။ ဒါ ကလည်း ဟိုဝါဒ ၊ ဒီဝါဒ မပါ – လူဗြိန်း အတွေးနဲ့လည်း ရှင်းနေပါတယ်။ ဟုတ်တယ်ဟုတ်။ စင်စစ် ဘဝ ဟာ တောင်ပံ တစ်ဖက်ဖျား က တစ်ဖက်ဖျားဆီ ငှက်တစ်ကောင် ပျံသန်း နေရသလိုပဲ။

သေခြင်းတရား ဟာ အားလုံး အပေါ် ဒီလို ပြဋ္ဌာန်းပြီးသား ဖြစ်နေတာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းလုံး အဲ့အတွက် ပြင်ဆင် နေရ၊ လုံးပမ်း နေရတယ်။ သက်တောင့်သက်သာ ဘယ်လို သေဆုံး ရမလဲ – သေခြင်းတရား ကို ဘယ်လို ကြံကြံခံ ရင်ဆိုင်ရ နိုင်မလဲ – စသဖြင့် ဒီမေးခွန်းတွေ အတွက် ခင်ဗျား ရော၊ ကျနော်တို့ ရော တစ်ဘဝ စာလုံး ဖြည့်ဆည်း နေကြ ရတယ်။ ကျနော်တို့ ဘဝ ရှင်သန်နေ သမျှ အချိန် ရှိသမျှ၊ တစ်ခုလုံး ဟာ စင်စစ် “How to die” ဘယ်လို သေဆုံးရမလဲ ဆိုတာကို သင်ယူ နေတာ သာ ဖြစ်တယ် ။ ဟုတ်တယ် မဟုတ်လား။

ဘာသာရေး တွေ၊ အတွေးအခေါ် ပညာ တွေ၊ ဝါဒတွေ နဲ့ ဘယ်လိုပဲ အဖြေရှာ ကြိုးပမ်း ကြပါစေ – လူ့အဖွဲ့အစည်း အတွင်း သေခြင်း တရားနဲ့ ပတ်သက်လို့ အမြင်မှား ဖြစ်နေတာတစ်ခု ရှိနေတယ် ။ အဲ့ဒါကတော့ “သေခြင်းတရား ဟာ ရှင်သန်မှု ဘဝရဲ့ ရန်သူ ဖြစ် တယ်” ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ အယူအဆ ကို မှားယွင်းနေတယ် လို့ မြင်မိကြ ပါသလား ။ ကျနော့် အနေနဲ့ ဒါဟာ အမြင် မှား ဖြစ်တယ် လို့ ဆိုချင်ပါတယ် ။ ဒီ အမြင် အမှား ကြောင့် နောက်ဆက်တွဲ အတွေး အမြင်၊ ကြံရွယ် လုပ်ကိုင်ချက် အားလုံး ဟာလည်း လိုက်လံ မှားယွင်း နေပါလိမ့်မယ်။ ဒီ အမြင်မှား ကြောင့် ငြိမ်းအေးမှု ဓမ္မ အကြောင်း ကို သိမြင်ဖို့ ရာ ခက်ခဲနေဦးမှာပဲ။ ဟုတ်တယ် မဟုတ် လား။

ခင်ဗျား ဆိုပါတော့ – သေခြင်းတရား ဟာ ခင်ဗျား ဘဝရှင်သန်မှုကို ဖျက်ဆီးပစ်တယ် – သေခြင်းတရားဟာ ခင်ဗျား ဘဝ ရှင်သန်မှု ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ မြင်တဲ့ အခါ ခင်ဗျားလည်း သေခြင်းတရားကို ရန်သူ အဖြစ် သတ်မှတ် လိုက်မှာပဲ။ ဒီ သတ်မှတ် ချက် ကြောင့် သေခြင်း တရား ကို ခင်ဗျား ရင်ဆိုင်မယ် – တိုက်ခိုက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် ပါတော့တယ်။

ဒါပေမယ့် ကြည့်ကြည့် ပါ။ သေခြင်း တရားဟာ ကျနော်တို့ နဲ့ မလွဲမသွေ တွေ့ရတဲ့ အရာ၊ ကျနော် တို့ရဲ့ မူလ ဌာနေသာ ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။ ခင်ဗျား တကယ် မနိုင်တဲ့သူ၊ ခင်ဗျား တကယ် ဖြစ်ပျက်ရမယ့် သူ ကို ခင်ဗျား အမြဲ တိုက်ခိုက် ငြင်းဆန်ဖို့ ကြိုးစား နေပါသလား ။ ဘယ်လောက်ပဲ ယှဉ်ပြိုင် တိုက်ခိုက်ပြီး ငြင်းဆန် နေပါစေ – ခင်ဗျား သေမှာက သေမှာပဲ မဟုတ်လား။ ဒါ့ကြောင့် သေခြင်း တရား အပေါ် အကြောက်အကန် ငြင်းဆန် တိုက်ခိုက်မှု ဟာ အချည်းနှီး သာ ဖြစ်နေပါတော့တယ်။ ဘာလို့ ဆို သေခြင်းတရားကို ခင်ဗျား ရှောင်လွဲ လို့ မရ နိုင်ဘူးရယ်။

ခင်ဗျားရဲ့ ပြင်ပမှာ အရာတစ်ခု ရှိမယ် ဆိုပါတော့- ဒါဆိုရင် အဲ့အရာကို ခင်ဗျား ရှောင်လွှဲသွား လို့ ရပါတယ်။ ဒါပေမယ့် သေခြင်းတရား ကတော့ ခင်ဗျား သန္တာန် အတွင်းမှာ ခင်ဗျားနဲ့ ထပ်ကြပ် ရှိနေတယ်။ ခင်ဗျား ဘယ်လို ရှောင်လွှဲ မလဲ။ ကျနော်တို့ မွေးဖွား လာတဲ့ မဆွကတည်းက သူက ကပ်ညိ ပါလာပြီးသား ဖြစ်ပါတယ် ။ ခင်ဗျား စစချင်း ဖြစ်တည် ရှင်သန် လာကာစ အသက်ငွေ့ငွေ့ စရှူချိန်ကတည်းက သေဖို့ အကြောင်း – သေခြင်းတရား ဟာ အရိပ်လို တွဲကပ် ပါရှိပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။

ဒါ့ကြောင့် သေခြင်းတရားလို့ ကျနော် သုံးစွဲ တဲ့အခါ စင်စစ် “ဒီခန္ဓာ ချုပ်ပျက်၊ တကယ် သေဆုံး သွားတဲ့ နေ့ မှ သေတာ ဖြစ် တယ်၊ သေခြင်းတရား ဖြစ်တယ်” လို့ ကျနော် မဆိုလိုဘူး။ ခင်ဗျား ဟိုးအစကတည်းက သေခြင်း တရား နဲ့ အတူတူ ရှိနေပြီးသားပဲ ။ သေခြင်း တရား ဟာ ခင်ဗျား ဘဝ ရဲ့ တစိတ် တစ်ပိုင်း ပဲ ။ တနည်း – ခင်ဗျားရဲ့ အတွင်း အနှစ်သန္တာန် ပဲ ဖြစ်ပါတယ်။ ဟုတ်တယ် ဟုတ်။ ခင်ဗျား ရှင်သန် ကြီးထွား လာ သလို သူလည်း ကြီးထွား လာတယ်။ ခင်ဗျား သွားရာ တကောက်ကောက် အစဉ်တစိုက် လိုက်ပါ လာနေ တယ်။ သူဟာ တစ်နေ့ တစ်ချိန်မှာ အပြည့်အဝ ဖူးပွင့် သွားပါ လိမ့်မယ်။

ဒါ့ကြောင့် တကယ် သေတဲ့ နေ့မှ – သေခြင်းတရား က ရောက်လာတာ မဟုတ်ဘူး လို့ ကျနော် ဆိုပါတယ် ။ တကယ်သေ တဲ့ နေ့ ဟာ သေခြင်း တရား စွင့်ကား ဖူးပွင့်သွားချိန်သာ ဖြစ်တယ်။ သေခြင်း တရားဟာ ခင်ဗျား နဲ့ အတူ ယှဉ်တွဲပြီး ကြီးထွား လာလိုက်တာ – အဲ့ အချိန် အခါ မှာ အထွဋ် အထိပ်ကို ရောက်ရှိ ပါတယ်။ ခင်ဗျား ဌာနေ ခင်ဗျား ပြန်ရောက် သွားတာလို မျိုးပဲ။

ဒါပေမယ့် လူဟာ သေခြင်းတရားကို ငြင်းဆန် တယ်။ ဘဝ ရှင်သန်မှု ရဲ့ ဆန့်ကျင်ဘက် တစ်ခုလို မြင်တယ်။ သေခြင်း တရား ဟာ သူ့အတွက် ရန်သူ သာ ဖြစ်နေ ပါတယ်။ ဒီအကြောင်း ကြောင့် ဘဝ တစ်ခုလုံး မှာ အဲ့ဒါကို တွန်းလှန်ဖို့ အကြောက် အကန် စိတ်အား ပြင်းထန် တယ်။ တွန်းထိုး တိုက်ခိုက်ရင်း တစ်ချက် ကလေးမှ အနားမနေနိုင် ဘူးပဲ။ သေခြင်း တရားဟာ ဘဝရှင်သန်မှု ရဲ့ ရန်သူ ဖြစ်တယ် လို့ မြင်ထားသူ – သူ့ အတွက် ဘယ်လို အေးအေး နားနေ နိုင်မလဲ။ ဘယ်လို မှ မဖြစ်နိုင် ဘူးရယ်။ ဟုတ်တယ် မဟုတ် လား။ မိမိ မလွဲမသွေ တွေ့ကြုံရမယ့် သူ ဟာ ရန်သူ ဖြစ်တယ် လို့ မြင်ထားသူ ဟာ သက်တောင့်သက်သာ ဘယ်လို မှ မနေနိုင်ဘူး မဟုတ် လား။

ခင်ဗျား ရဲ့ ခဏတိုင်းမှာ ခင်ဗျား ရန်သူ က စောင့်နေတယ် ဆိုတဲ့ အခါ ခင်ဗျား ဘယ်လို သက်တောင့်သက်သာ ရှိနေနိုင်မလဲ ။ သူက ခင်ဗျား ဆီ အချိန်မရွေး ရောက်လာမယ် – ခင်ဗျား ကို ခုန်အုပ်ပြီး ဒီလောကကနေ အပြီးအပိုင် ဆွဲခေါ်ယူသွားမယ် – သူ့အရိပ်ကြီး မိုးနေတဲ့ ခင်ဗျား အတွက် တစ်ရံတစ်ဆစ် နားနေဖို့ ဘယ်လိုနည်းနဲ့ ဖြစ်နိုင်မလဲ။ တကယ်စင်စစ် သေခြင်းတရား ကို ရန်သူ အဖြစ် သတ်မှတ် ထားတဲ့ ခင်ဗျား ရဲ့ အတွေးဟာ မိမိကိုယ်ကိုယ် နားနေမှု မပေး နိုင်ဘူးရယ်။

ဒါ့ကြောင့် ခင်ဗျား ဘဝ တစ်လျောက်လုံး တင်းအား တွေရှိ နေရပါ တယ်။ စိတ်ပြင်းအားတွေ ရှိလာတော့ တယ်။ စိတ်ဇော တွေနဲ့ ရှေ့ကို – ရှေ့ပြီးရင် ရှေ့ကို- ဦးတည် နေရတော့ တယ်။
 မိမိ သန္တာန် ကို မိမိဘာသာ ပြန် ဆင်ခြင် ကြည့်ပါ။ သေခြင်းတရား ကို အကြောက်အကန် ငြင်းဆန်ဖို့ လုပ်လေ – ခင်ဗျား သန္တာန် မှာ ဇောချွေးပြန်လာဖို့ ရာခိုင်နှုန်း များလာ လေပဲ။ 

ဘာလို့ ဆို – ဒါကလည်း သဘာဝ ကျပါတယ် – ခင်ဗျား ရင်ဆိုင် ငြင်းဆန် မယ့် သေခြင်း တရား ဟာ ခင်ဗျား ရှောင်လွှဲလို့ မရနိုင်ဘူး ဆိုတာ၊ ခင်ဗျား မသေဘဲ မနေနိုင်ဘူး ဆိုတာ မိမိ ဘာသာ အသိသား ပဲရယ်။ ခင်ဗျား ဘဝရဲ့ နောက်ဆုံး အဆုံးသတ်မှာ – ရန်သူ အဖြစ်သတ်မှတ်ထားသူ ခြေဖဝါးအောက် အရှုံးပေး ရတော့မှာ – ဝပ်ဆင်း သွားရတော့ မှာ ။ ဒါကို သိတဲ့ နောက် – ခင်ဗျား ဘယ်လို ပျော်ရွှင် နိုင်မလဲ။ မိမိ ကြိုးပမ်းပြီး ရှောင်လွှဲကြည့် သမျှ ဘယ်လို မှ မရဘူး ဆိုတာ သိတဲ့ နောက် ခင်ဗျား ဘဝကို ဘယ်လို နေပျော်မလဲ။ ခင်ဗျား အပေါ်ယံ အတွေးနဲ့ – သေခြင်းတရား ကို ရန်သူ အဖြစ်၊ ရှောင်လွှဲဖို့ ဘယ်လောက် အသည်းအသန် ငြင်းဆန်နေပါစေ – ဟိုး အတွင်း သန္တာန်ထဲ ဝင်ကြည့်တဲ့ အခါ – ရှောင်လွှဲမရတဲ့ အကျိန်းသေဆုံး အရာဟာ သူတစ်ခု တည်း။

ခင်ဗျား ဘဝမှာ အခြား အရာတွေ ဘာတွေ ဘယ်လို ရှိရှိ – သေခြင်းတရားလောက် ကျိန်းသေတဲ့ အရာ မရှိဘူး မဟုတ်လား။ ဒါ့ကြောင့် ပြောလေ့ ရှိတဲ့ စကားက -
“In life, everything else is uncertain, only death is certain. There is only one thing and in that certainty you have an enemy.”
ဒီလို ကျိန်းသေ ကြုံဆုံရမယ့် အရာ ဟာ ကိုယ့်ရဲ့ ရန်သူ ဖြစ်နေ တယ် လို့ မြင်တဲ့  အခါ အဲ့ဒီ လူအတွက် ဘယ်မှာ အေးချမ်း နိုင် ပါဦးမလဲ။ မိမိ မနိုင်တဲ့ ရန်သူကို ရွံ့မုန်း ရှောင်လွှဲနေပြီး၊ မကျိန်းသေ တဲ့ အပရိက အရာတွေ ကိုသာ မျှော်လင့်နေ မိတဲ့ စိတ် ခင်ဗျား မှာ ရှိနေတဲ့ အခါ – ခင်ဗျားကိုယ် ခင်ဗျား ငြိမ်းအေး အောင် ဘယ်လို အဖြေ ရှာပေးမလဲ။ ခင်ဗျား ဘယ်လိုနည်းနဲ့ တည်ငြိမ်ပြီး ၊ ကမ္မဋ္ဌာန်း ဘာဝနာ ကို အေးအေး လူလူ ပြုနိုင်လဲ။ ဘယ်လိုမှ မဖြစ်နိုင် ဘူး ပဲ။

ကနေ့ လူ့အဖွဲ့အစည်းမှာ – “To fight to survive” ရှင်သန်ကျန်ရစ်ဖို့ တွန်းထိုး တိုက်ခိုက်နေရမယ် ဆိုတဲ့ အမြင် အမြစ်တွယ်လျက် ရှိနေပါတယ်။ သူတို့ ပြောလေ့ ရှိတာက -
  • “Survival of the Fittest” အစွမ်းနိုင်ဆုံး၊ အသင့်တော်ဆုံး သူသာ ရှင်သန် ကျန်ရစ်တယ်။
  • “Life is a struggle.” ဘဝဆိုတာ တိုက်ပွဲ ဖြစ်တယ်။
စသဖြင့် ဒီစကားတွေ အမြစ်တွယ် နေတယ် မဟုတ်လား။ ဒီစကားတွေ မကြာခဏ သွန်သင်ခံရမှု ကြောင့် ကနေ့ ကမ္ဘာမှာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ပါတီနဲ့ တစ်ပါတီ၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်ဖြတ်၊ ညှင်းပန်း၊ ခေါင်းပုံဖြတ်၊ ကလိန်ကျ၊ တွန်းထိုး ရုန်းကန် စတာတွေသာ အနှံ့အပြား ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ဒါဆို ဘာလို့ ဘဝဟာ တိုက်ပွဲ ဖြစ်ရသလဲ။ အကြောင်း က သေခြင်းတရားကို ဘဝရဲ့ ဆန့်ကျင်ဘက် အရာတစ်ခုလို ယူဆ ထားကြ လို့ပဲ လို့ ကျနော် မြင်ပါတယ်။

အချို့လူတွေ ပြောတာ ရှိတယ်။ “သူတို့ ငြိမ်းချမ်းချင်တယ်။ ငြိမ်းအေး နေချင်တယ်။ မိမိ သန္တာန်မှာ အေးငြိမ်းမှုနဲ့ သူတို့ အိမ်မှာ၊ ဒီကမ္ဘာ မှာ သက်တောင့်သက်သာ နားနေချင်တယ်။ တိတ်ဆိတ် အေးချမ်းတဲ့ ဘဝကို လိုချင်တယ်။” – စသဖြင့် ဒီစကားတွေ ပြောနေသည့် တိုင် သူတို့ မျက်ဝန်း တွင်းမှာ သေခြင်းတရား အပေါ် ကြောက်ရွံ့မှုက အပြင်းအထန် ရှိနေတယ်။ သူတို့ အတွက် သေခြင်းတရား ဟာ ရန်သူ ဖြစ်နေ ပါတယ်။ သူတို့ ဘယ်လို ငြိမ်းအေးရင်း သက်တောင့်သက်သာ ရှိနေနိုင်မလဲ။ သူတို့ အတွေးမှာ – သေခြင်းတရားကို လွယ်လွယ် ကူကူ ဘယ်လို ရင်ဆိုင် တိုက်ခိုက် နိုင်မလဲ။ သေခြင်းတရားကို ဘယ်လို လွယ်လွယ်ကူကူ ရှောင်လွှဲသွားလို့ ရမလဲ။ — အဲ့ဒါကိုသာ သိချင်စိတ် ပြင်းပြ နေပါတယ်။ –

ကြည့်ကြည့်ပါ – သေခြင်းတရား က ကျိန်းသေ ရှိနေတယ် – ခင်ဗျား ဘယ်လို နားနေနိုင်ပါ့မလဲ။ ဘယ်လို တိတ်ဆိတ် အေးချမ်းနေမလဲ။ အိမ်မှာ ဘယ်လို သက်သောင့် သက်သာ ရှိနေမလဲ။ သေခြင်းတရား ဟာ ခင်ဗျား ရန်သူ ဖြစ်နေတဲ့ အခါ ခင်ဗျား အခု ရှင်သန် နေတဲ့ ဘဝကိုယ်တိုင်က နေလို့ မရ ဖြစ်နေပါတယ်။ ခင်ဗျား ရှင်သန် မှု ကိုယ်တိုင်က ခင်ဗျား ရန်သူ ဖြစ်နေတယ်။ အချိန်တိုင်း နေရာ တိုင်း မှာ သေခြင်းတရား ရဲ့ အရိပ်သာ ကြီးစိုး နေရင်း – ခဏတိုင်း မစဲ သူ့ရဲ့ အသံဝါကြီးသာ ပဲ့တင်ထပ်နေတယ်။ အဲ့အခါ ခင်ဗျား အခု ရှင်သန် နေ တဲ့ ဘဝမှာ ခင်ဗျား မငြိမ်းအေး နေနိုင်ဘူး။ တွန်းလှန် တိုက်ခိုက်ဖို့ တာစူ နေပါတော့တယ်။

ဒါပေမယ့် ဘယ်လို ဘဝမျိုး မဆို သေခြင်းတရားဆီ ဦးတည်သွားနေတယ် မဟုတ်လား။ လူချမ်းသာရဲ့ ဘဝ၊ လူဆင်းရဲ ရဲ့ ဘဝ၊ အောင်မြင်သူ ရဲ့ ဘဝ၊ ကျရှုံးသူရဲ့ ဘဝ၊ ပညာရှိရဲ့ ဘဝ၊ ပညာမဲ့ ရဲ့ ဘဝ၊ သူယုတ်မာရဲ့ ဘဝ၊ သူတော်စင်ရဲ့ ဘဝ — စသဖြင့် ဘယ်လို ဘဝ ပုံစံမျိုး ဖြစ်နေ ပါစေ – အဆုံးသတ် မှာ သေခြင်းတရား ဆီသာ ဖြစ်တယ်။

ဒါဆို သေခြင်း တရား ကို အကြောက်အကန် ငြင်းဆန်ပြီး ခင်ဗျား အခု ရှင်သန်နေတဲ့ ဘဝကို ဘယ်လို ချစ်နိုင်မလဲ။ သေခြင်းတရားကို ရှင်သန်မှု ဘဝရဲ့ ဆန့်ကျင်ဘက် တစ်ခု အဖြစ် မြင်ထားမယ့် ခင်ဗျား က ဘဝရှင်သန်မှု ကို ချစ်တယ် လို့ ပြောမယ်။ တနည်း – သေခြင်း တရား ကို ပစ်ပယ်ပြီး ဘဝရှင်သန်မှု ကို ချစ်နေမယ် လို့ ဆန္ဒ ရှိတဲ့ အခါ – ခင်ဗျား ဘဝကို ချစ်တယ် ဆိုတာဟာ ချစ်တာ မဟုတ်ဘူး ရယ်။ သေခြင်းတရားကို ငြင်းဆန်ရင်း လက်ရှိ ရှင်သန်မှုကို တွယ်တာ နေတာ သာ ဖြစ်တယ်။ ဘဝရှင်သန် နေလိုစိတ် သက်သက် သာ ဖြစ်နေတယ်။ ဟုတ်တယ် မဟုတ်လား။

ခင်ဗျား ချစ်ခင်တွယ်တာနေတဲ့ ဘဝ ရှင်သန်မှုကို မြတ်မြတ် နိုးနိုး စေ့ငှ ကြည့်ကြည့်ပါ။ ခင်ဗျား ချစ်တဲ့ ဘဝ ဟာ တစ်နေ့ တစ်ခြား သေခြင်း တရား ဆီသာ ဦးတည်သွားနေတယ်။ ခင်ဗျား ရန်သူ ဆီကိုသာ ဆွဲခေါ်ယူသွားနေတယ် ။ ဒါကို ခင်ဗျား မြင်ရမှာ အမှန်ပဲ မဟုတ်လား ။

အဲ့ဒီ အခါ ခင်ဗျား အခု ရှင်သန်နေတဲ့ ဘဝကိုရော ဘယ်လိုနည်းနဲ့ ချစ်ခင် နေပါဦးမလဲ။ ခင်ဗျား စိတ် ကစဥ့်ကလျား ဖြစ်ရင်း ရုန်းကန် အားထုတ်သမှု စတင် ပါတော့တယ်။ ခင်ဗျား သန္တာန်မှာ စိတ်ဇောတွေသာ ချွေးပြန်အောင် ကျဆင်းလာတော့ တယ်။ ခင်ဗျား ဘဝ ရှင်သန်မှု တစ်ခုလုံး တုန်ခါ လှိုက်မောနေမယ်။ မခံနိုင်တဲ့ အဆုံးမှာ ခင်ဗျား ရူးသွပ်သွားဖို့သာ ရှိပါတယ်။
ဘဝကို ရုန်းကန် ယှဉ်ပြိုင်နေရတဲ့ တိုက်ပွဲ ဖြစ်စဉ် တစ်ခုလို ယူဆမယ် ဆိုရင် အဲ့လို ယူဆတဲ့ လူ့အဖွဲ့အစည်းမှာ -
  • တစ်နေ့တစ်ခြား ရူးသွပ်သူတွေ များပြား လာပါလိမ့်မယ်။
  • တစ်နေ့တစ်ခြား မိမိကိုယ်ကိုယ် အဆုံးစီရင်သူတွေ မြင်တွေ့ရပါလိမ့်မယ်။
  • လုပ်ကြံသတ်ဖြတ်မှုတွေ တစ်မှုပြီး တစ်မှု ပေါက်ဖွား လာပါလိမ့်မယ်။
စင်စစ် သေခြင်းတရားနဲ့ ရှင်သန်နေထိုင်မှု ဘဝဟာ ဖြစ်စဉ် တစ်ခုတည်းရဲ့ မျက်နှာစာ နှစ်ဖက်သာ ဖြစ်ပါတယ်။ ခင်ဗျား သေခြင်း တရား ကို ရန်သူ လို့ သတ်မှတ်တဲ့ အခါ – ခင်ဗျား ရှင်သန်နေတဲ့ ဘဝဟာလည်း ခင်ဗျားရဲ့ ရန်သူ ဖြစ်နေမှာပဲ။ ဒီ စကားဟာ ယုံတမ်း လို ဖြစ်နေ မလား – ယုံတမ်း ဖြစ်နေဟန်သာ ရှိပါတယ်။ တကယ့် အဖြစ် က အဲ့အတိုင်းပဲ ။ သေခြင်းတရားကို ကောင်းကောင်း လက်မခံနိုင်ဘဲ – အခု လက်ရှိ ဘဝကို ခင်ဗျား ကောင်းကောင်း လက်မခံနိုင်ဘူးရယ်။ သူ့ကို ရန်သူ လို ရွံ့မုန်း နေရင် – သူ့ဆီ ခေါ်ဆောင် သွားနေတဲ့ ခင်ဗျား ဘဝ ကိုလည်း ခင်ဗျား ရွံ့မုန်း လာမှာပဲ။

စင်စစ် သေခြင်းတရား ကို မိတ်ဆွေ အဖြစ် စိတ်ရောကိုယ်ပါ တစ်ကြိမ်တစ်ခါလောက် ဖြစ်ဖြစ် လက်ခံ ကြည့်နိုင်ဖို့ လိုပါတယ်။ အဲ့ဒီ အခါ အခု ရှင်သန်နေတဲ့ အဖြစ်ဟာ အပြည့်အဝ နှစ်လို ဖွယ် ဖြစ်ကြောင်း မြင်နိုင်တယ်။ အခု ရှင်သန်နေတဲ့ မိမိ အဖြစ်ကို ပေါ့ပါး လန်းဆန်းမှု အပြည့် ရှိ နေတာ တွေ့ရပါလိမ့်မယ်။ ခင်ဗျား ပတ်ဝန်းကျင် ရှိရှိသမျှ အရင်က အရုပ်ဆိုး အကျည်းတန် သမျှ အရာရာ ဟာ ခင်ဗျား အတွက် လှပနေပါလိမ့်မယ်။ နားနေလိုတဲ့ စိတ်ဆန္ဒ ရှိနေမလား – ဒီဆန္ဒကို အဲ့အခါမှာ အပြည့် အဝ ဖြည့်ဆည်း နိုင်ကြောင်း တွေ့ရ ပါလိမ့်မယ် ။ အနှစ်နှစ် အလလ လိုလားခဲ့တဲ့ ငြိမ်းအေးမှု ကိုလည်း ရရှိလာ သလို – ခင်ဗျား အမြင်အတွေးဟာ အဲ့အချိန် မှာ ကောင်းကောင်း ပွင့်လန်း နေမှာပဲ လို့ ကျနော် ဆိုချင်ပါတယ်။

ဇေယျ