Friday, December 31, 2010

ဘ၀ထဲက ဘာဝနာ



ဘ၀ထဲက ဘာဝနာ

ဗုဒ္ဓဘာသာဝင်တွေရဲ့နေ့စဉ် ကုသိုလ်ကိစ္စတွေဆိုတာ ဒါန(စွန့်လှူခြင်း) သီလ(ကိုယ်နဲ့နှုတ် စောင့်စည်းခြင်း)နဲ့ ဘာဝနာ(ပွားများအားထုတ်ခြင်း)တို့ပဲဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။

ဘုရားရှင် လက်ထက်ကတော့ ရဟန်းတော်တွေဟာ ဗုဒ္ဓထံမှာ ကမ္မဋ္ဌာန်း တောင်းခံပြီး မိမိတို့နဲ့ သပ္ပါယဖြစ်စေမယ့် တော အရပ် တွေမှာသွားပြီး တရားအားထုတ် ကြပါတယ်။ အရည၀ါသီ- တောရမီလို့ ဆိုကြပါတယ်။

အဲဒါကို အတုယူကြကာ ရှေးတုန်းက ဆရာတော်ကြီး များဟာ တောရ ဆောက်တည်ပြီး တရား အားထုတ်ကြတယ်၊ရိုးသားစွာ တရား အားထုတ် ကြုခြင်းပဲ ဖြစ်ကြပါတယ်။ မာယာ သာဌေယျမရှိ၊ အလိုနည်းခြင်း အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံကြတယ်။ ရောင်ရဲခြင်း သန္တုဌီဂုဏ်နဲ့လည်း ပြည့်စုံကြပါတယ်။ (ပစ္စည်းအလိုနည်းခြင်းနဲ့ မိမိတို့ တရားအားထုတ် နေတာကိုပင် လူသိမှာ မလိုလား ခြင်းကို အပ္ပိစ္ဆတာဂုဏ်လို့ ခေါ်ပါတယ်။)

ဘာဝနာကုသိုလ်ကို အားလပ်ရက်ဖြစ်တဲ့ သင်္ကြန်၊ အောက်တိုဘာ ဟောလီးဒေးနဲ့ ဒီဇင်ဘာ လကုန်ရက်တွေမှာ ဗုဒ္ဓဘာသာဝင် လူငယ် လူကြီးအများစု ရိပ်သာဝင်ပြီး ဒုလ္လဘရဟန်းဝတ်နဲ့ တစ်မျိုး၊ သီလရှင်ဝတ်နဲ့တစ်ဖုံ၊ လူဝတ်ကြောင် ယောဂီအဖြစ်နဲ့တ၀ တရားအားထုတ်လာ ကြပါတယ်။

တရားစခန်းခေါ် ရပ်သာများကလည်း တစ်နှစ်ပတ်လုံး၊ တစ်လ၊ နှစ်လ၊ တစ်ပတ်၊ ကိုးရက် စသဖြင့် တရားအားထုတ် ရက်များကို သတ်မှတ်ပြီး အားထုတ်စေကြပါတယ်။

ဝမ်းမြောက်ဖွယ် သာဓုခေါ်ဖွယ်တွေဘဲ ဖြစ်ပါတယ်။ ယခုဆို နယ်ရော၊ မြို့တော်ကြီးတွေ မှာပါ ဘာနာလို့ဆိုတဲ့ ကုသိုလ် ခရီးဟာ အတော်ကို ခရီးတွင်နေပါပြီ။

အမှန်တကယ် ကိုယ်တိုင်လည်း အားထုတ်ပြီး ကမ္မဋ္ဌာန်းတရားကို ကျကျနနပြသပေးကြတဲ့ ဆရာတော်များ၊ ကမ္မဋ္ဌာန်း ဆရာများရဲ့ ကျေးဇူးတော်ကြောင့်၊ အချို့အရပ်တွေဆို အသောက် အစား ခုံမင်ကြတဲ့ ဒကာများပင်လျှင် တရားစခန်းမှ ထွက်တော့ အသောက်အစား ကင်းသွား ကြတာတွေကိုပါ ကြားသိရတော့ တရားထူးတရားမြတ်ကို မသိစေဦးတော့ အတော်ကို အကျိုး ရှိလှပါတယ်။ အိမ်ပြန်ရောက်တော့လည်း နေ့စဉ်အချိန်တစ်ချိန် သတ်မှတ်လို့ အားထုတ်ဖြစ်နေ ကြတာကိုလည်း သိရပါတယ်။ အကျိုးကြီးတယ်လို့ဘဲ ပြောရမှာပါ။

ဒါဟာ တရားတော်ကို ပြသပေးတဲ့ဆရာရဲ့ ကိုယ်တိုင်သိ ဓမ္မစွမ်းအားနဲ့ မေတ္တာပေါင်းစပ်မိပြီး ယောဂီ သူတော်စင် ထိတွေ့ခံစားရလို့ဘဲ ဖြစ်ပါတယ်။

သဘာဝအားလျော်စွာ အရသာကို ပြည့်ပြည့် ၀၀ ခံစားမိရင် ထိုအရသာကို စွဲမက်စေပါ တယ်။ ရိပ်သာထဲမှာ တရားထား ခဲ့သူများကတော့ ဓမ္မအရသာကို ထိထိမိမိ မခံစားခဲ့ရဘူးလို့ပဲ ပြောရတော့မည်။

စာရေးသူတို့ရဲ့ ဗုဒ္ဓဘာသာကို ထေရ၀ါဒလို့ ဆိုရပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ဗုဒ္ဓရဲ့ မျက်မှောက် မရှိတော့တဲ့ နောက်မှာ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ အရှင်ဥပါလိ၊ အရှင် အနုရုဒ္ဓါစတဲ့ မထေရ်မြတ်တွေက ဘုရားရှင်ရဲ့ တရားတော်တွေကို ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်ပေးခဲ့တာမို့ “ထေရ၀ါဒ” လို့ ခေါ်ဆိုရခြင်းပဲ ဖြစ်ပါတယ်။

ထေရ၀ါဒဆိုတာ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေလို့ အသေအချာ မှတ်သားကြရ ပါမယ်။

စာနယ်ဇင်းတွေမှာ ဗေဒင်၊ ယတြာ၊ ဓာတ်ရိုက်၊ ဂါထာ၊ မန္တရား၊ ဘိုးတော်၊ မယ်တော်၊ နတ်စတာတွေကို ကိုးကွယ် ယုံကြည်ခြင်းဟာ ထေရ၀ါဒနဲ့ မညီဘူးဆိုပြီး ပြင်းထန်တဲ့စကားလုံး တွေနဲ့ ထုချေနေကြတာတွေကိုလည်း ဖတ်ရပါရဲ့။

ပိဋကတ်မှာ အမှန်ဆိုတာက ထိုတို့ကို အားကိုးယုံကြည်ခြင်းသည် ကမ္မဿကတာသမ္မာဒိဋ္ဌိ (ကံသာလျှင် ကိုယ်ပိုင် ရှိတယ်ဆိုတဲ့ အသိ) မဟုတ်ဘူး။ မိစ္ဆာဒိဋ္ဌိ(လွဲမှားတဲ့အသိ၊ ဖောက်ပြန်တဲ့ အမြင်)ဟူ၍သာ ဆိုထားခြင်းဖြစ်ပါတယ်။ မယုံရဘူးလို့တော့ တိုက်ရိုက်အဆိုမရှိပါဘူး။ ရဟန်း တော်များကို ဒါတွေနဲ့ ပစ္စည်းလေးပါးအတွက် လုပ်ကိုင် စားသောက် နေရင်တော့ မိစ္ဆာဇီဝ မှားယွင်း အသက်မွေးမှု၊ အနေသန- ရဟန်းတော်များနဲ့ မအပ်စပ်တဲ့ ရှာဖွေမှု၊ ကုလဒူသန- သာသနာ ကို အမှန်ယုံကြည်သူ ဒကာ၊ စကာမတွေရဲ့ သဒ္ဓါတရားဖျက်ဆီးမှု အာပတ် သင့်ပါတယ်။ ကြီးမားတဲ့ အာပတ်တော့ မဟုတ်ပြန်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အရာတွေမှာ ဘယ်အရာမျိုးကိုမဆို ထေရ၀ါဒနဲ့ညီညွတ်ဖို့ အထူးလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓအဆုံးအမတော် ဓမ္မရိပ်ခိုခြင်းဟာ ၀ိမုတ္တိရသ (ဘ၀လွတ်မြောက်မှု ရသကို) ခံစားဖေဖို့ဖြစ်တော့ ထေရ၀ါဒနဲ့ မညီရင် ၀ိမုမ္တိရသနဲ့ ဝေးသွားမှာ သေချာနေလို့ပါပဲ။ ဒါကြောင့် ဘာဝနာပွာများအားထုတ်ခြင်း ကိစ္စမှာလည်း ထေရ၀ါဒလာ ပိဋကတ်တော်တွေနဲ့ ညီညွတ်စေဖို့ကို ပိုပြီးလိုအပ်၍ အထူးအလေးထားပြီး ဟောပြောပေးကြ ရပါမယ်။ မိမိတို့ကိုယ်တိုင်ပင် အားထုတ်နေတဲ့ ဘာဝနာကုသိုလ်ဟာလည်း ထေရ၀ါဒနဲ့အညီ ဖြစ်စေကြရပါမယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံတွေ့ခွင့်ရခြင်းရဲ့ အဓိကဟာ ဘာဝနာကုသိုလ်အားထုတ်ဖို့ ဖြစ်လို့ပါ။ သာသနာပနဲ့ အခြားသာသနာတွေမှာလည်း ကိုယ်ကျင့်သီလနဲ့ ပိုင်ဆိုင်မှု စွန့်လွတ် ခြင်း ဒါနတို့ ရှိနေပါတယ်။

ဘုရားရှင်သည်ပင် ဒုက္ကရစရိယာဖြင့် မမှန်လမ်းကို လျှောက်လှမ်းမိ၍ အကျိုးမပြီး အချည်းနှီး ဖြစ်ခဲ့ရတဲ့ (၆)နှစ်ကို မိမိတို့အတွက် စံနမူနာ ယူကြရမယ့် အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဝနာကိစ္စဟာ ပိုပြီးထေရ၀ါဒ စစ်စစ် ဖြစ်ရန် အရေးကြီး လှပါတယ်။

ရှေးတုန်းက ဆရာတော်ကြီးများ ကမ္မဋ္ဌာန်း ဆရာကြီးများဟာ နှစ်ပေါင်းများစွာ ကိုယ်တိုင် ကိုယ်ကျ အားထုတ်ပြီးပါမှ ဓမ္မရဲ့အေးချမ်းတဲ့ သန္တရသကို လူသားများ ထိတွေ့ခံစားနိုင်ရန် မေတ္တာ၊ ကရုဏာတော်တို့ဖြင့် ဟောပြောပေးကြတာ ဖြစ်ပါတယ်။

ယနေ့ခေတ် နွေရာသီနဲ့ အားလပ်ရက်တွေမှာ မပြတ်လပ်အောင် တရားစခန်းများကို သတင်းစာများမှာ ကြော်ငြာနဲ့ခေါ်ပြီး ဖွင့်နေရကြတာတွေ ရိပ်သာတွေမှာလည်း ကြပ်ညပ် စည်ကားနေတာတွေကို မြင်နေကြရမှာပါ။

များလာတဲ့အခါမှာ သဘာဝအားလျှော်စွာ မလျော်ကန်တဲ့ လွန်ကျူးမငတွေ၊ အကြံအဖန် ရှာကြံမှုတွေ၊ လုပ်စားခြင်းတွေ၊ အတုအယောင်တွေ (စာအလို ၀ီတိက္ကမ)ဖြစ်လာတတ်ပါတယ်။

ကိုယ်တိုင်လည်း အားမထုတ်ဘူး ပိဋကတ်တော်ကိုလည်း တတ်မြောက်ခြင်းမရှိ၊ ဆရာရဲ့ ဥပနိဿယကို အာဂုံကျက်ပြီး၊ ဘာနည်း ညာနည်းဆိုတဲ့ တံဆိပ်ကပ်ပြီး ဂွင်ချက်တဲ့ အလုပ်ပေး တရားဟောပြောခြင်းမျိုးမှာ အမှားအယွင်းတွေ ရောထွေး သွားတတ်ပါတယ်။

ဒါ့အပြင် ထေရ၀ါဒနဲ့အညီ အမှန်အကန်အားထုတ်ထားတဲ့ ယောဂီများကလည်း တရား ပေနေတဲ့ ကမ္မဋ္ဌာန်းဆရာမှာ သေသေချာချာ အားထုတ်ထားခြင်းမရှိတာကို သိနေကြတော့ သာသနာကို အထင်သေး သွားပါတော့တယ်။ ဒီထက်ပိုဆိုးတာကတော့ လောဘ ဒေါသ နည်းအောင်၊ ပါးအောင် အားထုတ်ရတဲ့ ဘာဝနာကိစ္စမှာ လောဘစွန်း၊ ဒေါသစွန်းတွေထင်ပြီး ထွက်နေတတ်ပါတယ်။ (ဥပမာ-အကြောင်းပြ လွန်ကဲစွာ အလှူခံခြင်းမျိုး၊ ဆူငေါက်နေတာမျိုး)

ဒါကြောင့် ဒကာ၊ ဒကာမတွေ အများအပြား အားထုတ်လာကြတဲ့ ဒီလိုအချိန်မျိုးမှာ ပိဋကတ် တတ်တဲ့ ဆရာတော်တွေ တရားပြပေးခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ ပိဋကတ်နဲ့ညီ ညွတ်ပြီး ဗုဒ္ဓအလိုတော်ကျ ထေရ၀ါဒတရား အားထုတ် နည်း စစ်စစ်ဖြစ်မှာ။

တရားပြတဲ့ ကမ္မဋ္ဌာန်းဆရာအချို့က ပြောကြပါတယ်။ စာသိက တခြား၊ ကိုယ်တိုင် အားထုတ် သိက တခြားတဲ့။ ဒါကြောင့် စာနဲ့လာ မပြောနဲ့တဲ့။ သေချာ အားထုတ်ထားရင် ယောဂီရဲ့ ဓမ္မအသိအမြင်ဟာ ပိဋကတ်နဲ့ တစ်ထပ်တည်းဖြစ်နေတာကို ကမ္မဋ္ဌာန်းဆရာ မသိတာ ကြေကွဲစရာပါပဲ။

ဒကာ ဒကမတွေ အများစုက ပိဋကတ်တော်နဲ့ အလှမ်းဝေးကြတော့ ပုထုဇဉ်ပီပီ နှစ်နှစ် ခြိုက်ခြိုက် အသေစွဲကိုင် အားထုတ်နေမယ်ဆိုရင် မျှော်မှန်းတဲ့ ၀ိပဿနာဉာဏ်ကို မရတဲ့အပြင် အစွဲကြောင့်ပင် အပါယ်ဘေးက မလွတ်နိုင်ပဲလည်း ဖြစ်တတ်ပါတယ်။ သတိထားကြရပါမယ်။ တရားအားထုတ်ကြတယ်ဆိုတာ အစွဲဒိဋ္ဌိစင်ဖို့ဖြစ်တာကို မေ့ဖို့မသင့်။

အစွဲမထားကြပါနဲ့ စစ်မှန်တဲ့ တရားအားထုတ်နည်း ဘယ်နည်းနဲ့ပဲ အားထုတ် အားထုတ် တရားသိဖို့ မျှော်မှန်းတဲ့ ၀ိပဿနာ ဉာဏ်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ လိုတာကို ရဖို့က အဓိကဖြစ်တယ်ဆိုတာကို ယောဂီတို့အား ပြောပေးသင့်ပါတယ်။ ကုလမစ္ဆရိယ ဖြစ်မနေသင့်။ အမှန်တရား သိသူတွင် ဓမ္မမစ္ဆရိယမရှိ။ (မိမိကို ကိုးကွယ်သူ ဒကာ၊ ဒကာမ အခြားသူကို ကိုးကွယ်မှာကို စိုးရိမ်မှု ကုလမစ္ဆရိယ)

အပြစ်ပြောခြင်း မဟုတ်ပါ၊ တရားအစွဲနဲ့ မဟုတ်ဘဲ ရိပ်သာစွဲနဲ့ တရားစခန်းဝင်နေကြတဲ့ ယောဂီတွေကို မြင်နေ ကြားနေ သိနေကြတယ် မဟုတ်ပါလား။

“ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်” လို့ဆိုပေမယ့် တရားအားထုတ်ရာမှာတော့ ခင်မှုသံယောဇဉ် အမျှင်တန်းနဲ့ပဲ အစွဲအလမ်းဥပါဒါန် ဖမ်းဆုတ်မှုကို ရှင်ခန်းဖြတ်ဖို့အတွက် အားထုတ်ခြင်း ဆိုတာကို ယောဂီ သူတော်စင်များကလည်း မေ့မထားသင့်ပါဘူး။

ဒါအပြင် အယူစင်ကြယ်မှ အပါယ်မလားမှာ ရိပ်သာကပြန်လာတယ်၊ တရားကို မစွဲဘဲ ရိပ်သာကိုပဲ စွဲနေကြတာဟာ တိမ်းစောင်းတဲ့ လွဲမှားမှုပါ။ သတိထား ရပါလိမ့်မယ်။

“ရိပ်သာမှာ တရားမရှိ၊ ခန္ဓာမှာသာ တရားရှိဆိုတာ” အားထုတ်ဖူးကြတဲ့ ယောဂီတိုင်း သိကြ ပါတယ်။

ဘာလို့လဲဆိုရင် ရိပ်သာဆိုတာက အားထုတ်နည်းတွေ ဟောပြောပေးပြီး၊ အားထုတ်ကြရ တာ ကတော့ မိမိကိုယ်လို့ပြောနေတဲ့ ခန္ဓာဆိုတာ ရုပ် နာမ်ရဲ့ဖြစ်နေ၊ ပျက်နေဟန် သဘာဝ မှန်ကို စည်းချက်မှန် အဖန်ဖန်စေ့ငု သိအောင်မြင်အောင် ရှုသိကြရတာ ဖြစ်လို့ပါပဲ။

ဒါကြောင့် “ဘ၀ထဲက ဘာဝနာ”လို့ ဆိုရတာပေါ့။

ဒါဆို ဘာလို့ တရားစခန်းသွားကြတာလဲပေးရင်-----

လူမှုကိစ္စတွေ ခေတ္တ ခွာရှောင်ပြီး လူနဲ့မြို့၊ ရွာအူသံ မဆူညံပဲ တိတ်ဆိတ်ငြိမ်သက်တဲ့ အရပ်မှာ အေးချမ်းစွာ တရားကို ရှာမှီးချင်လို့ပဲ ဖြစ်ပါတယ်။ ၀ိဝေကသုခ (ငြိမ်းသက်ခြင်းချမ်းသာ)နဲ့ နိက္ခမဓာတ် (အနှောင်အဖွဲ့တို့မှ ထွက်ခွာလာခြင်း)တို့ အကူရရင် အားထုတ်ရတာ ပိုပြီး တရား အသားတက်တတ်ပါတယ်။

တရားအားထုတ်နည်းကို သိထားရင် အိုးမကွာ အိမ်မကွာ တရားအားထုတ်လို့ ရပါတယ်။ ဘုရားလက်ထက် အရိယာ သူတော်ကောင်းတွေ အိုးမကွာ အိမ်မကွာ စီးပွားရှာ မပျက်ဘဲနဲ့ တရားထူးရကြပါတယ်။ ၀ိသာခါကျောင်းအမ(၇)နှစ် သမီးမှာ သောတာပန်အရိယာ ဖြစ်ပါ တယ်။ (၁၆)နှစ်မှာ အိမ်ထောင်ကျတယ်။ သားသမီး(၂၀)မွေးပါတယ်။ လေဥတစ်ယောက်မှ မပါ ပါဘူး။ မြေးမလေးသေတော့ ကျောင်းအမ မျက်ရည်မဆယ်နိုင်ဖြနေလို့ ဘုရားက တရား ပြရပါတယ်။ အနာထပိဏ်သူဌေး စီးပွားပျက်စီးလို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ရပါတယ်။

အများစုက အိုးပစ် အိမ်ကွာမှ၊ တရားအလုပ် လုပ်လို့ရတယ်လို့ ထင်နေကြပါတယ်။ အမှန် တော့ အိုးမကွာ၊ အိမ်မကွာ၊ စီးပွားရှာလျက်နဲ့ တရားရသွားကြသူတွေ၊ အရိယာအဖြစ်နဲ့ဘဲ အိုးအိမ် ဇနီး မယား စီးပွားတွေနဲ့ နေသွားကြသူတွေ ဘုရား လက်ထက်မျာ ရဟန်းတွေထက် များပါတတယ်။

ဒါကြောင့် တရားအားထုတ်ခြင်းတွေမှာ အသိတိမ်နေတတ်တာလေးတွေကစလို့ စင် ကြယ်ပြီး ထေရ၀ါဒနဲ့ညီတဲ့ တရား အားထုတ်နည်းများကိုသာ တစ်ရစ်ခြင်း ယောဂီများ အားထုတ်ဖြစ်ဖို့ ကမ္မဋ္ဌာန်းဆရာများက အလေးထားပြီး ဟောပေးကြရမှာ ဖြစ်ပါတယ်။ တစ်ချို့ ကမ္မဋ္ဌာန်းဆရာများက ပရိယတ်မသိတော့ အာစရိယ ဥပနဿယကိုပဲ အသေဆုပ်ကိုင် ပုံစံခွက်နဲ့ ဟောတတ်ကြပါတယ်။

အလုပ်ပေးဒတရားတော်များ ဟောကြားရာမှာ-

ဗုဒ္ဓဒေသနာတော်များက ဝေနေယျသတ္တ၀ါများစွာတို့ရဲ့ အလိုနဲ့အကြိုက်၊ စရိုက်နဲ့ဉာဏ်လို့ ဆိုတဲ့ အဇ္ဈာသယအလိုက် ဟောထားတာဖြစ်တဲ့အတွက် ကျယ်ဝန်း များပြားလှပါတယ်။

ဆရာသခင် အားထုတ်ခဲ့တဲ့နည်းကလည်း ဆရာရဲ့ ထက်မြက်တဲ့ဉာဏ်နဲ့ ဆရာသိတဲ့ တရား အသိဟာ ဆရာသိသလို တပည့်များက အားထုတ်ဆဲ ကာလမှာ သိပုံအချင်းအရာ တစ်ထပ် တည်း ကျမည်မဟုတ်ပါဘူး။

တမဂ်တစ်ဖိုလ်ဆိုက်ပါမှ သစ္စလေးပါးကို သိတဲ့အသိခြင်း၊ အမြင်ခြင်း တူသွားကြတာ ဖြစ်ပါတယ်။ သစ္စာသိတဲ့ဉာဏ်ကို “ပဋိဝေဓဉာဏ်”လို့ ခေါ်ပါတယ်။ ပညတ်ကို ထွင်းဖောက် ၍ ပရမတ္ထကို သိတဲ့အသိလို့ မှတ်သားပါ။

ဒါကြောင့်-- ဗုဒ္ဓဒေသနာတော်နဲ့ အာစရိယဥပနိဿယကို မှီ၍ မိမိကိုယ်တိုင် ကိုယ်ကျ ပွားများ အားထုတ်နေတဲ့ ကိစ္စတွင် လိုရင်းမျှကိုသာ စာသိ ကိုယ်ပိုင်အားထုတ်သိ နှစ်သိဖြင့် ပေါင်းစပ်ဟောကြားပြေးပြီး ယောဂီများကို အားထုတ်စေသင့်ပါတယ်။

ယောဂီများကလည်း တရားအားထုတ်မယ်ဆိုရင် ပိဋကတ်နဲ့ အလှမ်းကွာသူများဖြစ်ကြလို့ ကမ္မဋ္ဌာန်းဆရာထံမှာ မလွဲမသွေ နည်းခံကြရပါလိမ့်မယ်။

ယထာဘူတဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော။

ထင်ရှားတဲ့အတိုင်း ဖြစ်နေတဲ့အတိုင်း သိနိုင်တဲ့ ၀ိပဿနာဉာဏ်အတွက် ကိုယ်တိုင်ကိုယ်ကျ အားထုတ်ဖူးတဲ့ ကမ္မဋ္ဌာန်းဆရာကို ရှာမှီးထိုက်တယ်လို့ ဗုဒ္ဓက ခိုင်မာစွာ အမှာတော်ထားခဲ့ ပါတယ်။

ဧကစ္စခီဏာသ၀တော ဗဟုသုတော ကမ္မဋ္ဌာနဒါနေ သေယျော။

အချို့ ရဟန္တာပုဂ္ဂိုလ်ထက် ပရိယတ်ကျမ်းဂန် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ဟာ ကမ္မဋ္ဌာန်း(အလုပ်ပေး) တရား ဟောပြရာတွင် သာလွန်၏-တဲ့။ ကဲ ဒါထက် သေချာတာ ဘာရှိ တော့မှာလဲ။

ဤဒေသနာတို့ကို ထောက်ဆပါက ပရိယတ်လည်း ကျွမ်းကျင်၊ ကိုယ်တိုင်လည်း တရား အားထုတ်တဲ့ ကမ္မဋ္ဌာန်း ဆရာရဲ့ထံမှာ နည်းခံ၍ အားထုတ်ခြင်းဟာ အကောင်းဆုံးပါပဲ။

အချိန်မှန်မှန် တရားအားထုတ်လာတဲ့အခါမှာ သိရာရှုစရာများကို ခန္ဓာက ပြလာ တတ်ပါတယ်။ ထိုအခါမှ စာသိ(ပရိယတ်အသိ)ကို သိချင်ပါက ကမ္မဋ္ဌာန်းဆရာကို မေး လျှောက်ရင်ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ အသိရှင်းပါတယ်။ ဘာမျှ အားမထုတ်ရသေးပဲနဲ့ သိနေတဲ့ စာအသိဟာလည်း မလေးနက်လှပါဘူး။ ကိုယ်ပိုင်အားထုတ်သိ မပါသေးလို့ပဲ ဖြစ်ပါတယ်။

တရားနာလို့သိတဲ့ နာသိ၊ စာဖတ်လို့သိတဲ့ စာသိ၊ ကိုယ်တိုင်ကိုယ်ကျ အားထုတ်လို့သိတဲ့ ပွားသိတို့ရဲ့ ထူးခြားလေးနက်မှုဟာ ကိုယ်တိုင်အားထုတ်ပါမှ ကွဲပြားမှာပါ။ တထပ်တည်း မကျနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် တရားတော်ကိုက သန္နဋ္ဌိကဓမ္မမို့လို့ပါ။ (သန္နိဋ္ဌိက- ကိုယ်တိုင်မဖောက်မပြန် အမှန်သိရတဲ့တရား)

တရားလုံးဝ မနာဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ တရားနာခြင်းဖြင်း ကြားနာသိ သုတမယ ဉာဏ်နဲ့ ပွားများအားထုတ်သိ ဘာဝနာမယဉာဏ်ကို အချိုးညီ၊ ပေါင်းစပ်၍ အားထုတ်ကြရမှာ ပါ။ အများကြီးကို ကြားနာရန် မလိုတာကို ပြောလိုရင်းဖြစ်ပါတယ်။

ဗုဒ္ဓဉာဏ်တော်နဲ့ ဆရာတော်ကြီးများရဲ့ ဉာဏ်တော်ကို ယောဂီတိုင်း လိုက်မီဖို့ မဖြစ်နိုင်တဲ့ အတွက် ၀ိပဿနာအရာမှာ လိုအပ်သလောက် ယောဂီများ လိုက်နိုင်သလောက်ကို မသိရင် မဖြစ်နိုင်တဲ့ အရာများကို ဘာဝနာကိစ္စအတွက် အလုပ်ပေးတရားတော်ကို ဟော ကြားပြသ ပေးရပါမယ်။

အနောတတ္ထရေအိုင်က ရေကို ချိုးလို သောက်လို သုံးလိုပါက မိမိထောက်တည်လို့ရတဲ့ ကမ်းစပ်အနီးမှာပင် စိတ်တိုင်းက ကျေနပ်အောင် ရေချိုးလို့ သုံးသောက်လို့ ရပါတယ်။ ရေအိုင်ရဲ့ အတိမ်အနက်၊ အကျယ်အ၀န်း၊ ရေအိုင်ဖြစ်ပေါ်လာပုံ ရာဇ၀င်ကို သိစရာမလိုပါဘူး၊ လိုရင်းက ရေကို စိတ်ရှိတိုင်း အားရပါးရ သုံးစွဲဖို့ပဲ မဟုတ်ပါလား။

အဲသလိုပါဘဲ ယောဂီများ ဘာဝနာအလုပ် အားထုတ်ကြရာမှာ ဘာဝနာဉာဏ် ဖြစ်ဖို့ကို လိုအပ်သလောက် သိရင် ကိစ္စပြီး ပါတယ်။ သမားဂုဏ် ပြနေစရာမလိုပါ။ ယောဂီရဲ့အလိုနဲ့ စရိုက်ကို မခန့်မှန်းနိုင်တဲ့အတွက် ပုံစံခွက်ထဲက အလုပ်ပေးတရား တွေချည်း မဖြစ်စေဘဲ၊ ပိဋကတ်လာ အလုပ်ေးတရားများကိုလည်း ဟောပြပေးရပါမယ်။

ထေရ၀ါဒနဲ့အညီ စစ်မှန်တဲ့ ဘာနာကိစ္စဖြစ်ရန် အလေးထားကြရပါမယ်။ လမ်းမှန်ပါမှ ရည်မှန်းချက်သို့ တိုက်ရိုက် ရောက်ပါတယ်။ ခရီးလည်းတွင်ပါမှ ဖြစ်ပါတယ်။

ပိဋကတ်ကို မတတ်ဘဲနဲ့ တရားထူးတရားမြတ်တွေကို သိမြင်သွားကြတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ စာတတ်သူအရေအတွက်ထက်များပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် အားထုတ်နည်းမှန်လို့ပါ။ ဗုဒ္ဓအလိုကျ ထေရ၀ါဒ စစ်စစ်ဖြစ်လို့ပါ။

တရားအားထုတ်သူကို “ယောဂီ”လို့ခေါ်ပါတယ်။ အားမထုတ်ရင်တော့ “ယောဂီ”အတု၊ အင်ယောဂီလို့ ဆိုရမှာပါ။

အားထုတ်ရင်ဘာအကျိုးရလဲ။

အားထုတ်တဲ့ ဘာဝနာဉာဏ်မှသည် ထင်ရှားတဲ့အတိုင်း(ဟုတ်မှန်စွာ) ခန္ဓာရဲ့လက္ခဏာရေး သုံးပါးကို သိတဲ့ ၀ိပဿနာ ဉာဏ်ဖြစ်ပေါ်ကာ ထိုမှတစ်ဆင့်တက် မဂ်ဥာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ အကျိုးအတွက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရှိအတိုင်း ထင်ထင်ရှားရှား ဖြစ်နေတာကို ထင်ရှားခိုက် သိတဲ့ဉာဏ်ဟာ “ယထာဘူတဉာဏ်”ပါပဲ။

ထိုဉာဏ်ဖြစ်ပေါ်ဖို့ဆိုတာ အလိုလိုဖြစ်လာတာ မဟုတ်ပါဘူး။ စနစ်ကျစွာ အားထုတ်ရင်းနဲ့ အားထုတ်ဖန်များလာတဲ့ အတွက် တစ်ဆင့်ချင်း တစ်ရစ်ချင်း ခန္ဓာမှာရှိနေတဲ့ သဘာဝတရားနဲ့ အသိဉာဏ်ပေါင်းစပ်မိပြီး ပွင့်လင်းနိုးကြားတဲ့ အသိမျိုးဖြစ်ပါတယ်။

ထက်မြက်တဲ့ဉာဏ်ကြီးရှင် ခိပ္ပါဘိညပုဂ္ဂိုလ်များကြတော့လည်း တစ်ထိုင်တည်းနဲ့ ဉာဏ်ပွင့် လင်းတတ်ပါတယ်။ ဒါကြောင့် အားထုတ်ပွားများခိုက်မှာ တစ်ဦးနဲ့တစ်ဦး အသိအမြင် ဖြစ်ပေါ်မှုခြင်း မတူတတ်တာကို သိရပါတယ်။

ဗုဒ္ဓဒေသနာအလိုဆိုတဲ့ ထေရ၀ါဒလာ အားထုတ်နည်းများ၊ အာစရိယ ဥပနိဿယ (ဆရာရှင် အားထုတ်ခဲ့တဲ့နည်း) တွေနဲ့အညီ အားထုတ်ကြရင်တော့ “ထေရ၀ါဒ ယောဂီ”ဖြစ် ပါတယ်။ ဆရာသခင်ရဲ့ အားထုတ်ခဲ့တဲ့နည်းဟာလည်း ဗုဒ္ဓဟောခဲ့တဲ့နည်းတွေမှာ အကျုံးဝင် တယ်ဆိုတာ ယောဂီသိနေရပါမယ်။

ရိပ်သာထဲမှာ တရားကို မထားခဲ့ပဲ၊ အိုးမကွာ အိမ်မကွာ နေ့စဉ်လူနေမှုဘ၀ထဲမှာ တရား အားထုတ်လို့ရပါတယ်ဆိုတာ ကိုသိပြီး “ထေရ၀ါဒယောဂီ”ဖြစ်အောင်လည်း ကြိုးစားကြပါလို့ လည်း တိုက်တွန်းပါတယ်၊ ထေရ၀ါဒလာ တရားအားထုတ် နည်းများကို တဆင့်ချင်း ရေးသား သွားပါမယ်။
အရှင်ပညာသီဟာဘိဝံသ

(ပဉ္စနိကာယ်)

မှတ်ချက်။ မိမိ မန္တလေး ၀ိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းမှာ နေစဉ်က စာချတန်း စာဝါတက်ခဲ့ဘူး၊ ဆရာသမားဖြစ်တဲ့ ဆရာတော် အရှင်ပညာသီဟာဘိဝံသရဲ့ ဆောင်းပါးလေးကို အရမ်းနှစ်သက် သဘောကျလို့ ဓမ္မရိပ်မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုယ်တိုင် သယ်ယူလာပြီး လှူဒါန်းတဲ့ ဓမ္မရိပ်မဂ္ဂဇင်းမှ ပြန်လည် တင်ပြလိုက်ပါသည်။

Bhavana in Life (အရှင်ပညာသီဟာဘိဝံသ)

Thursday, December 30, 2010

မိုးမျှော် ၃၁-ထပ်တိုက် ဥပမာ



မိုးမျှော် ၃၁-ထပ်တိုက် ဥပမာ


The Simile of Skyscraper
by Professor U Pe Maung Tin

ကျွန်ုပ်သည် အမေရိကန်ပြည် ချီကာဂိုတက္ကသိုလ်တွင် ပါဠိနှင့် ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်း သင်ကြားပို့ချရန် ဧည့်ပါမောက္ခအဖြစ် ၁၉၅၇-၅၉ ပညာသင်နှစ် ၂-နှစ်တာမျှ ဆောင်ရွက်ခဲ့ရသည်။

ချီကာဂိုတက္ကသိုလ်သို့ အောက်တိုဘာလ ၁ ရက်နေ့ ရောက်ရှိသွားရာ ကျွန်ုပ်ပို့ချရမည့် ဗုဒ္ဓဘာသာအတန်းတွင် ရန်ကုန်တက္ကသိုလ်မှာကဲ့သို့ ကျောင်းသားသစ်များကို မတွေ့ရဘဲ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသနသမားများသာ ပါဝင်ကြောင်း တွေ့ရှိရသည်။ ထို့ထက် ကျွန်ုပ်အဖို့ အံ့အားသင့်ရသည်မှာ ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသော တက္ကသိုလ်ဆရာ နှစ်ယောက် သုံးယောက် ကျွန်ုပ်၏ အတန်းတွင် ပါဝင်နေခြင်း ဖြစ်၏။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်၍ ကျွန်ုပ်၏ အတန်းတွင်လည်း ဓမ္မစကြာကပင် စတင်ရပေမည်။ ဓမ္မစကြာကို ပို့ချမည်ဆိုသော် ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြရန် လိုပေမည်။

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလမ္ဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ဤပါဠိတော်ကို ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ပို့ချခဲ့ပေါင်း များလှလေပြီ။ အခက်အခဲ မရှိခဲ့။
ထိုစဉ်က ကျွန်ုပ်အတန်းများရှိ ကျောင်းသားအားလုံးလိုလိုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတိုင်း ဗုဒ္ဓတရားကို နားမဝေးကြပေ။
ယခု ချီကာဂိုတက္ကသိုလ်တွင်မူ ဆင်းရဲခြင်း၏ အကြောင်းခံ အမှန်တရားများကို တပင်တပန်း အားထုတ် ရှင်းလင်းပြသည့်တိုင်အောင် ဘဝင်မကျနိုင်ဟန် ရှိနေပုံကို တွေ့ရသည်။
သင်ခန်းစာ နှစ်ချိန် သုံးချိန်မျှ ပို့ချပြီးသည်အထိ ဤအတိုင်းပင် ရှိနေကြသေးကြောင်း သူတို့၏ မျက်နှာများက အထင်းသား ဖော်ပြနေသည်။
ဤအတွက် ကျွန်ုပ်မှာ စိတ်ပျက်ရ၏။
မိရိုးဖလာ အခြေခံချင်း၊ ယဉ်ကျေးမှု အခြေခံချင်း၊ လူမှုပတ်ဝန်းကျင် အခြေခံချင်း မတူညီကြသည့် အချက်ကို ထည့်သွင်းစဉ်းစားလျက် ရန်ကုန်တက္ကသိုလ်တွင် သင်သလို ချီကာဂိုတက္ကသိုလ်တွင် သင်ကြားရန် မသင့်ဟု ကျွန်ုပ် ကြို၍ မြင်ထားပြီး ဖြစ်သဖြင့်လည်း စိတ်ပျက်မိရပြန်၏။
သို့ဖြစ်ရာ ဆင်းရဲခြင်း၏ သဘောတရားများကို အဘယ့်ကြောင့် ကျွန်ုပ်၏ အတန်းသားများ ဘဝင်မကျ ဖြစ်နေကြသည်ကို ကျွန်ုပ် အကြောင်းရှာရတော့မည်။

ကျွန်ုပ် တွေ့ရှိမိသည့် အကြောင်းမှာ ဤသို့ ဖြစ်၏။
သူတို့အဖို့ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း တစုံတရာ ကြုံလာရလျှင် ထိုဆင်းရဲခြင်းတို့ကို ဖယ်ရှားပစ်ခြင်းဖြင့်သာ ချမ်းသာပျော်ရွှင်မှုကို ရနိုင်သည်ဟု စွဲမြဲ ယုံကြည်နေကြသည်။
ပမာအားဖြင့် သံကို စင်အောင် ချွတ်နိုင်က သံမဏိဖြစ်သကဲ့သို့တည်း။

ဤနည်းမှာ သူတို့၏ နိုင်ငံ (အမေရိကန်)ကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများအနက် ရှေ့တန်းသို့ ရောက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေသည့်နည်းပင် ဖြစ်သည်။

ယနေ့ ကမ္ဘာတွင် အရာရာကို ‘သိပ္ပံပညာ’နည်းအမျိုးမျိုးဖြင့် တိုးတက်အောင် ပြုလုပ်ဖန်တီးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်။
ဤသို့ စွဲမြဲ ယုံကြည်နေခြင်းကြောင့် ဗုဒ္ဓဟောကြားသည့် ဒုက္ခသစ္စာကို တကယ်တမ်း နားမလည်နိုင်အောင် ရှိနေကြခြင်းပင် ဖြစ်သည်။
ဗုဒ္ဓ၏ ဒုက္ခသစ္စာကို သူတို့အနေဖြင့် မည်သို့ အဓိပ္ပာယ်ကောက်ယူနိုင်သည်ကို အောက်တွင် နှိုင်းယှဉ်၍ ပြပါမည်။

(၁)
ဇာတိပိဒုက္ခာ

အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

အမေရိကန်နိုင်ငံတွင် ဆေးဘက်ဆိုင်ရာ သိပ္ပံပညာသည် ပဋိသန္ဓေနေခြင်း၊ မွေးဖွားခြင်းတို့ကို လွယ်ကူစေလျက် ရှိ၏။
သဘာဝအတိုင်း မွေးဖွားရန် ခဲယဉ်းနေလျှင် မနာမကျင် ခွဲစိတ်၍ မွေးနိုင်ကြပြီ။
ဤနည်းဖြင့် အခက်အခဲကို ‘ဖယ်ရှား’ပစ်နိုင်ရာ အဘယ်မှာလျှင် ဆင်းရဲခြင်းဟု ဆိုသင့်ပါသနည်း။
ဤသို့ သူတို့ မြင်နေကြဟန် တူသည်။

(၂)
ဇရာပိဒုက္ခာ

အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

သူတို့နိုင်ငံတွင် ‘လူ့ဘဝအစ အသက်ခုနစ်ဆယ်က’ဟု ဆိုရိုး ပြုကြ၏။
မြန်မာနိုင်ငံမှာကဲ့သို့ ‘မြန်မာအို ကျောင်းကြို ကျောင်းကြား’ဟု မယုံကြည်ကြပေ။
သူတို့ဆီက အသက်ခုနစ်ဆယ် လူကြီးများသည် လူငယ်နှင့်မခြား သွားလာလှုပ်ရှားကြ၊ စားကြသောက်ကြ၊ လုပ်ကြကိုင်ကြလျက်ပင် ရှိသည်။
လူငယ်များတွင် အသင်းအဖွဲ့များရှိသလို လူကြီးကလပ်များ ဖွဲ့၍ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသည်။
ထို့ကြောင့် အိုမင်းရင့်ရော်ခြင်းကို ဆင်းရဲသည်ဟု မမှတ်ယူကြပေ။

(၃)
ဗျာဒိပိဒုက္ခာ

နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

အထက်တွင် ဆိုခဲ့သည့်အတိုင်း နာခြင်း၊ ဖျားခြင်းတို့ကို ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးပညာသည် သူတို့နိုင်ငံတွင် အထူးတိုးတက်နေသည် မဟုတ်လော။
ကုသ၍ မရနိုင်သော ရောဂါအချို့ ယနေ့ ရှိနေသေးသော်လည်း တနေ့တွင် ဤရောဂါမျိုးကို ပျောက်အောင် ကုနိုင်သည့် သိပ္ပံနည်းများ တွေ့ရှိလာရမည်ဟု စိတ်ချစွာ မျှော်လင့်ထားကြ၏။
သို့ဖြစ်ရာ နာခြင်းကိုလည်း ဒုက္ခဟု မမြင်ကြတော့ချေ။

(၄)
မရဏမ္ပိဒုက္ခံ

သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

သူတို့အဖို့ ယခုဘဝသည် နောက်ဆုံးဘဝပင် ဖြစ်သည်။
သေခြင်းအခြားမဲ့၌ ကောင်းကင်ဘုံသို့ သွားရဖို့သာ ရှိသည်။
ထိုကဲ့သို့ သေခြင်းကို ကောင်းကင်ဘုံ တံခါးဖွင့်ခြင်း ဖြစ်သည်ဟု ယုံကြည်နေသူများအား သေခြင်းသည် ဆင်းရဲ၏ဟု ရှင်းပြရန် မလွယ်ကူပေ။

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော

မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

သူတို့အဖို့ မချစ်မနှစ်သက်သောသူ တစ်ဦးနှင့် ဆက်လက် နေထိုင်ရန် မလိုပေ။
အမြန်ဆုံး ခွဲခွာကြဖို့သာ ရှိသည်။ မချစ်သူကို အမြန်ဆုံး ကွာ၍ ချစ်သူ တစ်ယောက် အစား အမြန်ဆုံး ရှာ၍သာ ပြဿနာကို ဖြေရှင်းလျက် ရှိကြသည်။
‘သင်္ဘောဆိပ် တစ်ခုရောက်၊ ချစ်သူ တစ်ယောက်ထား’ဆိုသော သင်္ဘောသားကဲ့သို့ သူတို့သည် အချစ်ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားကြသည်။
ဟောလိဝုဒ်မှာဆိုလျှင် လင်မယား ကွာရှင်းပြတ်စဲခြင်းသည် ရိုးလျက် နေချေပြီ။
မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းရခြင်းကို စိတ်ညစ်နေရန် မလိုဟု သူတို့အနေဖြင့် မှတ်ယူကြ၏။

(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

(၇)
ယမ္ပိစ္ဆံ နလမ္ဘတိ ဒုက္ခံ

လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

သူတို့နိုင်ငံတွင် လူနေမှု အဆင့်အတန်း အလွန်မြင့်၏။ လူ ၃-ယောက်လျှင် ကားတစ်စီး ရှိနေကြသည်။ အကြံကောင်းလျှင် ကြိုးစားလျှင် သန်းကြွယ်သူဌေး နေ့ချင်းညချင်း ဖြစ်လာနိုင်သည်။
လိုချင်စရာဟူသမျှကို တစ်နေ့မရ တစ်နေ့ရ,ရမည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် လိုချင် တောင့်တသည်ကို မရသော ဆင်းရဲခြင်းကို ဘဝင်မကျနိုင်ခြင်း ဖြစ်မည်။

အထက်ပါ အကြောင်းများသည် ကျွန်ုပ်၏ ဗုဒ္ဓဘာသာအတန်းမှ အတန်းသားများ အဘယ်ကြောင့် ဆင်းရဲခြင်း၏ သဘောတရားကို လက်ခံနားလည်နိုင်ခြင်း မရှိသည့် အခြေခံ အကြောင်းများပင် ဖြစ်သည်။
သူတို့ နားလည်အောင် ရှင်းပြရန် ကျွန်ုပ် ထင်သလောက် မလွယ်ကူချေ။
အကယ်၍သာ လူ့ဘဝကို သူတို့နိုင်ငံတွင် မြင်တွေ့နေကျ မိုးမျှော်တိုက်ကြီးမျိုးနှင့် ထင်ဟပ်၍ ရှင်းပြနိုင်ပါက ယခု သင်ပြနည်းထက် ပို၍ အောင်မြင်မည်ဟု ကျွန်ုပ် စဉ်းစားမိ၏။
ဤနည်းကို ပထမဆုံး အသုံးပြုရန် မကြာမီ အခွင့်အလမ်းတစ်ခု ပေါ်လာပါသည်။

၁၉၅၈-ခု၊ မတ်လတွင် ဘတ်(က)နဲလ် တက္ကသိုလ်မှ ကျွန်ုပ်အား ဗုဒ္ဓဘာသာအကြောင်း ဟောပြောရန် ဖိတ်ကြားလာသဖြင့် နှစ်ကြိမ် သွားရောက် ဟောပြောရသည်တွင် အဆိုပါ မိုးမျှော်တိုက်ကြီး ဥပမာကို အသုံးပြုခဲ့သည်။ အတ်(က်)နဲလ်တက္ကသိုလ်တွင် ဟောကြားချက် အကျဉ်းချုပ်မှာ ဤသို့ ဖြစ်၏။

‘မိတ်ဆွေတို့ ...
ဒီကနေ့ ကျွန်တော် မိတ်ဆွေတို့ကို ဥပမာတစ်ခုနဲ့ ထင်ဟပ်ပြီးတော့ ဗုဒ္ဓ ဟောကြားတဲ့ ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန်အကြောင်းတရား)ကို ပေါ်လွင်အောင် ရှင်းပြသွားပါမယ်။
ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူများအနေနဲ့ ဒီစကြဝဠာကြီးမှာ ဘုံပေါင်း ၃၁-ဘုံ ရှိပါတယ်။
ကျွန်တော်တို့ လူသားများရှိနေတဲ့ လူ့ဘုံဟာ ၃၁ ဘုံရဲ့ ပဉ္စမဘုံ ဖြစ်တယ်။
လူ့ဘုံရဲ့အောက်မှာ ငရဲသားတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသူရကယ်တွေ ရှိနေတဲ့ အပါယ်လေးဘုံ ရှိတယ်။
လူ့ဘုံရဲ့အထက်မှာတော့ နတ်ပြည် ၆ ဘုံနဲ့ သူ့အထက်မှာ အမြင့်ဆုံး ဗြဟ္မာဘုံ ၂၀ ရှိတယ်။
စုစုပေါင်း ၃၁ ဘုံ။

ဒီ ၃၁ ဘုံသားတွေဟာ ကျရောက်ရာ ဘုံအသီးသီးမှာ သူ့ကာလ အပိုင်းအခြားနဲ့ စံစရာရှိရင် စံ၊ ခံစရာရှိရင် ခံပြီး အဖန်တလဲလဲ ဘဝအမျိုးမျိုးနဲ့ ဘုံအမျိုးမျိုးမှာ အသစ် အသစ် ဖြစ်နေရတဲ့ အစဉ်ကြီးကို သံသရာ လို့ ခေါ်တယ်။

ဒီသံသရာကြီးဟာ ဘယ်လောက် ရှည်လျားသလဲဆိုတော့ ရေးရေး ထင်မြင်လာအောင် သင်တို့ရဲ့ လက်ရှိ ဘဝက နေပြီး ရှေ့ဘဝ ဘဝတွေကို မျှော်ကြည့်စမ်းပါ။
ဘဝ အသစ် အသစ်တွေ ဖြစ်ပြီးရင်း ဖြစ်ရင်းနဲ့ ဆင်းရဲမှု တာရှည်သလောက် သံသရာကြီးဟာလည်း ရှည်လျားနေတာကို မှန်းဆနိုင်ကြလိမ့်မယ်။

မိတ်ဆွေတို့ ထင်လွယ် မြင်လွယ်အောင် ဒီမှာရှိတဲ့ မိုးမျှော်တိုက်ကြီးတစ်ခုနဲ့ ထင်ဟပ်ပြီး ပြပါမယ်။

စောစောက ပြောခဲ့တဲ့ ၃၁ ဘုံကြီးဟာ ၃၁-ထပ် တိုက်ကြီးတစ်တိုက် ဆိုပါတော့။
သည် ၃၁ ထပ်တိုက်ကြီးထဲ ရောက်နေတဲ့သူတွေအတွက် ထွက်စရာ တံခါးပေါက် မရှိပါဘူး။
ဒီတိုက်ကြီးအတွင်းမှာပဲ အထပ်တစ်ခုခုကို သွားလို့ ရပါတယ်။
ဘယ်လိုသွားမလဲ?
ရိုးရိုး မိုးမျှော်တိုက်ကြီးထဲမှာတော့ သက်ဆိုင်ရာ ခလုတ်ကို နှိပ်ပြီး သွားရတယ်။
အောက်ထပ် ဆင်းချင်ရင် အောက်ထပ်ခလုတ်ကို နှိပ်လိုက်။
အထက်ထပ် တက်ချင်ရင် အထက်ထပ်ခလုတ်ကို နှိပ်ရတယ် မဟုတ်လား။

၃၁-ထပ် တိုက်ကြီးနဲ့ တူတဲ့ ၃၁ ဘုံထဲမှာတော့ -
ရိုးရိုးတိုက်ကြီးထဲမှာ ခလုတ်နှိပ်ရတာလို မလွယ်ဘူး။
ကာယကံရှင်ရဲ့ ကောင်းမှုကံ၊ မကောင်းမှုကံဆိုတဲ့ အကျိုးဆက်အတိုင်းသာ ကောင်းတဲ့အထပ်၊ ဆိုးတဲ့အထပ်တွေကို ရောက်ရတယ်။
ကိုယ်ရောက်ချင်တိုင်း ရောက်လို့ မရဘူး။

ကျွန်တော်တို့ အခု ရောက်နေတဲ့ အထပ်ဟာ ဒီ ၃၁ ဘုံဆိုတဲ့ တိုက်ကြီးရဲ့ ပဉ္စမထပ် ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။
သည်အထပ်ကနေပြီး ကျွန်တော်တို့ သေသွားပြီးနောက် အထက်ကိုဖြစ်စေ၊ အောက်ကိုဖြစ်စေ၊ လက်ရှိအထပ်မှာပဲ အသွင်တစ်မျိုးနဲ့ဖြစ်စေ ကူးပြောင်းရဦးမှာပါ။
သည်တခါမှာ ကောင်းတာလုပ်ခဲ့သူအဖို့ ကောင်းတဲ့နေရာကို ရောက်ပြီး၊
ဆိုးတာ လုပ်ခဲ့သူအဖို့ ဆိုးတဲ့နေရာကို ရောက်မှာ ဖြစ်ပါတယ်။
အသွင်တမျိုးနဲ့ သို့မဟုတ် ပို၍ ကောင်းတဲ့အသွင်၊ ယုတ်ညံ့သွားသော အသွင်တခုခုနဲ့ နတ်ဆိုရင်လည်း နတ်ဘုံမှာပဲ ပြန်ရောက်၊ လူဆိုရင်လည်း လူ့ဘုံမှာပဲ ပြန်ရောက်၊ တိရစ္ဆာန်ဆိုရင်လည်း တိရစ္ဆာန် တမျိုးမျိုးပဲ ပြန်ဖြစ် ဆိုတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် သည် ၃၁ ထပ် တိုက်ကြီးထဲကတော့ ထွက်လို့ မရပါဘူး။
သည်အတွင်းမှာပဲ ဟိုနေရာရောက် သည်နေရာရောက် အဖန်တလဲလဲ ရောက်နေရတာပါ။

ကဲ .. သည်လိုဆိုရင် မိတ်ဆွေတို့အနေနဲ့ သည်လို အကျဉ်းထောင်နဲ့ တူတဲ့ ၃၁ ထပ် တိုက်ကြီးထဲက မထွက်ဘဲ ဘယ်လောက်ကြာကြာ နေနိုင်ကြမလဲ?
သည်တိုက်ကြီးထဲမှာ ဘယ်လောက် ပျော်ပျော်ရွှင်ရွှင် နေရ နေရ၊ စားချင်တာ စားရ၊ လုပ်ချင်တာ လုပ်ရဦးတော့
(ငါဟာ သည်တိုက်ကြီးထဲမှာ အကျဉ်းခံနေရပါကလား)လို့ သိလာတာနဲ့တပြိုင်နက် သည်သာယာမှုတွေကို နှစ်သက်နိုင်ပါတော့မလား?
သည်လိုပဲ နေသွားချင်မလား?
နေသွားလို့ ရမလား?
စဉ်းစားကြည့်ကြစမ်းပါ။

သတ္တဝါတိုင်းဟာ ကိုယ်သွားချင်တဲ့နေရာကို သွားနိုင်တဲ့ လွတ်လပ်ခွင့်ကိုသာ ရရှိလိုတယ် မဟုတ်လား။
ဒါကြောင့် မလွတ်လပ်တဲ့ ဘဝမှာ နေရတဲ့ သာယာမှုတွေဟာ တကယ်ဆိုတော့ ဆင်းရဲမှုတွေပါပဲ။
သည်လို သဘောပေါက်ထားရင် သံသရာကြီးမှာ ဘဝအသစ် အသစ်တွေ အဖန်တလဲလဲ ဖြစ်ပေါ်နေသမျှ ကောင်းတဲ့ ဘဝရောက်ရောက်၊ ဆိုးတဲ့ ဘဝ ရောက်ရောက် ဆင်းရဲခြင်းပဲလို့ မြင်လာနိုင်ပါတယ်။

သည်အကြောင်းကို ထွက်ပေါက်မရှိတဲ့ ၃၁ ထပ်တိုက်ကြီး ဥပမာနဲ့ ထင်ဟပ်ကြည့်ကြဖို့ပါပဲ။
ဒါဟာ ဗုဒ္ဓဆိုလိုတဲ့ ဆင်းရဲခြင်း အမှန်တရားပါပဲ။
ဇာတိ၊ ဇရာ၊ ဗျာဒိ၊ မရဏ ဆိုတဲ့ မှတ်သားလို့ရအောင် အမည်တပ်ထားတဲ့ ဝေါဟာရတွေအရ မွေးဖွားရခြင်း၊ ဆင်းရဲ အိုရ နာရ သေရခြင်း ဆင်းရဲဆိုတာတွေကို သာမန်အားဖြင့် နားလည်ထားတာထက် အခု ကျွန်တော် ရှင်းပြခဲ့တဲ့ တရားကိုယ်သဘောကို ရှာကြည့်မှသာ ဆင်းရဲမှု အမှန်တရားကို ရိပ်စားမိကြမှာ ဖြစ်ပါတယ်။
အခု ပြောခဲ့တာတွေဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။

အားလုံး သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒီသစ္စာလေးပါးကို ကျွန်တော် ရှင်းပြပါမယ်။

(၁) ဒုက္ခသစ္စာ

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ

ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ

ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။

(၄) မဂ္ဂသစ္စာ

သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -
ကောင်းစွာ သိမြင်ခြင်း၊
ကောင်းစွာ ကြံစည်ခြင်း၊
ကောင်းစွာ ပြောဆိုခြင်း၊
ကောင်းစွာ ပြုခြင်း၊
ကောင်းစွာ အသက်မွေးခြင်း၊
ကောင်းစွာ အားထုတ်ခြင်း၊
ကောင်းစွာ အောက်မေ့ခြင်း နှင့်
ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။

သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်တယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင် အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကုရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ မိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’

ကျွန်န်ုပ် ပို့ချခဲ့သည့် ဗုဒ္ဓဘာသာအကြောင်း ဟောပြောချက်မှာ အထက်ပါအတိုင်းပင် ဖြစ်သည်။
နောက် ခြောက်လခန့်ရှိသောအခါ ဘဲလွိုက်ကောလိပ်မှ တဖန် ဖိတ်ကြားပြန်ရာ ဤအတိုင်းပင် မိုးမျှော် ၃၁ ထပ်တိုက် ဥပမာကို ဆောင်၍ ဟောပြောခဲ့ပြန်သည်။
ဤအကြိမ်တွင် ဘတ်(က)နဲလ်တက္ကသိုလ်မှာ ဟောစဉ်ကထက် ပို၍ အောင်မြင်၍ ကျွန်ုပ် ဟောပြော အပြီးတွင် ပရိသတ်ထဲမှ ကိုယ်တိုင် ထွက်၍ ချီးကျူးသူများပင် တွေ့ရသည်။
သူတို့ သဘောပေါက်အောင် ဟောပြောနိုင်ခြင်းမှာ ၃၁ ဘုံကို ၃၁ ထပ် မိုးမျှော်တိုက်ကြီး ဥပမာနှင့် ထင်ဟပ်ပြောခြင်းကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာအကြောင်း ဟောပြောသင်ကြား ပို့ချ ဆွေးနွေးရန် အကြောင်းပေါ်တိုင်း ဤဥပမာကိုပင် လက်သုံးပြုပါတော့သည်။
ဟောပြောပွဲတစ်ခု၌မူ ပရိတ်သတ်ထဲမှ ‘ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ် ဆရာကြီး’ ဟုပင် ထပြောသူများ ပေါ်ပေါက်လာသဖြင့် ကျွန်ုပ်အဖို့ ကြည်နူးမိခဲ့ရပါကြောင်း။

စာရေးသူ

[ဤဆောင်းပါး ရေးသားသူ ပါမောက္ခ ဦးဖေမောင်တင်သည် နှစ်ပေါင်း များစွာ စာပေပညာရှင်ကြီးအဖြစ် အစဉ်တစိုက် ကြိုးပမ်း အားထုတ်ခဲ့ပြီး ၁၉၇၃-ခု မတ်လ ၂၂ ရက်နေ့ အသက် ၈၅ နှစ်တွင် ကွယ်လွန်ခဲ့ပေသည်။
ဆရာကြီးသည် အသက် ၂၄ နှစ် အရွယ်က စ၍ ရန်ကုန်ကောလိပ် (နောင်တွင် ရန်ကုန်တက္ကသိုလ်) ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သော ထက်မြက်ခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်ပါသည်။

၁၉၂၀ ခုနှစ်တွင် အောက်(စ်)ဖို့ဒ် တက္ကသိုလ်သို့ တက်ရောက်ခဲ့စဉ် အဋ္ဌသာလိနီ ပါဠိတော် နှစ်တွဲကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားခဲ့သည်။ (The Expositor) ဟု စာအုပ်အမည် ပေးခဲ့သည်။
ဝိသုဒ္ဓိမဂ် ပထမတွဲကို အင်္ဂလိပ်ဘာသာဖြင့် (The Path of Purity)ဟု အမည်ပေးလျက် ထိုအချိန်တွင်ပင် ပြန်ဆို ပြီးစီးခဲ့သည်။
ဝိသုဒ္ဓိမဂ် နှစ်တွဲ ကျန်ရှိနေသည်ကို ၁၉၂၈ ခုနှစ်နှင့် ၁၉၃၁ ခုနှစ်တွင် အသီးသီး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်။ ယင်းစာအုပ်များကို လန်ဒန် ပါဠိအသင်းကြီးမှ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။

ဆရာကြီးသည် မြန်မာစာပေနှင့် မွန်စာပေကို မိမိရရ နှံ့စပ် သိမြင်သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ပါမောက္ခ မစ္စတာလုစ်နှင့် တွဲဖက်၍ သုတေသနစာပေ အများအပြား ပြုစုခဲ့ရာ ၁၉၂၃ ခုနှစ်တွင် ‘မှန်နန်းရာဇဝင်တော်ကြီး’ကိုလည်းကောင်း၊ ၁၉၃၅-၃၆ တွင် ‘မြန်မာနိုင်ငံ ရှေးဟောင်း ကျောက်စာများ’ကိုလည်းကောင်း အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆို ထုတ်ဝေခဲ့သည်။
၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်း ကောင်မရှင် ဗိုလ်မှူးဘရှင်တို့နှင့် စာစောင် အသီးသီးတွင် ဆရာကြီး၏ စာတမ်း အများအပြားကို ဖတ်ရှုခဲ့ကြရပေသည်။
နိုင်ငံတာဝန်မှ အငြိမ်းစားယူပြီးနောက်ပိုင်း ဆရာကြီး ရေးသားခဲ့သည်များအနက် (Buddhist Devotion and Meditation) အမည်ရှိ ကျမ်းတစ်ကျမ်းလည်း ပါဝင်သည်။

ဆရာကြီးသည် ဇရာဒုဗ္ဗလ အရွယ်ပိုင်း၌ ကာလရှည်ကြာစွာ သူ အမှုထမ်းခဲ့သည့် တက္ကသိုလ်အနီးရှိ အိမ်ကလေး တစ်လုံးတွင် ဆရာကြီးကတော်နှင့်အတူ ရောင့်ရဲစွာပင် အေးအေးချမ်းချမ်း နေထိုင်သွားရှာသည်။
ဆရာကြီး ကွယ်လွန်ခြင်းမှာ ဗုဒ္ဓဘာသာ လေ့လာလိုက်စားသည့် ပုဂ္ဂိုလ်ထူးတစ်ဦး ဆုံးရှုံးရခြင်းပင် ဖြစ်သည်။
စိတ်အားတက်ကြွဖွယ်ရာ၊ ကြည်လင်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည့် ဆရာကြီးအား တပည့်အများ၊ မိတ်ဆွေအများကလည်း နှမြောတသကြပေသည်။

အထက်ပါ ဆောင်းပါးမှာ ဆရာကြီး မကွယ်လွန်မီကလေးတွင် ရေးသားသွားသည့် ဆောင်းပါးဖြစ်ရာ သူ၏ ဆောင်းပါးကို သူကိုယ်တိုင် ဖတ်ရှုသွားခွင့် မရရှာတော့ပေ။]

( ရွှေလမ်းငွေလမ်း၊ အမေရိကန်-မြန်မာ ဆက်ဆံမှုမှတ်တမ်း၊ ရန်ကုန်၊ အမေရိကန်ပြန်ကြားရေးဌာန၊ ၁၉၈၀)


စိတ်ကူးချိုချိုအနုပညာမှ ၂၀၀၈-ခုနှစ် မေလတွင် ပထမအကြိမ်ထုတ်ဝေသော မောင်သွေးသစ်နှင့် မောင်ဇေယျာတို့ ပြုစုသည့် ‘ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)’ စာအုပ်၌ ပါဝင်သော ဆရာကြီး၏ ‘The Simile of Skyscraper’ ကို ညိုမြ ဘာသာပြန်သည့် ဆောင်းပါး။
Posted by http://lokachantha.blogspot.com/2009/03/blog-post_12.html

http://lokachantha.blogspot.com/2009/03/blog-post_12.html

Wednesday, December 29, 2010

လူသစ် စိတ်သစ် နှစ်သစ်



အတွေးမှားနေသူသည်
အနှစ်မဲ့ကို အနှစ်ရှိဟုထင်၏။
အနှစ်ရှိကို အနှစ်မဲ့ဟုထင်၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရကို မတွေ့ရှိနိုင်ပေ။
အတွေးမှန်သူသည်
အနှစ်ရှိသည်ကို
အနှစ်ရှိသည်ဟု သိ၏။
အနှစ်မဲ့သည်ကို
အနှစ်မဲ့ဟု သိ၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရ တွေ့ရှိနိုင်လေ၏။
(ဓမ္မပဒ)


နှစ်စဉ် ဇန်န၀ါရီလ ၁ ရက် နေ့သည် ခရစ်နှစ် နှစ်သစ်ကူး ဖြစ်၍ ဧပြီလ ၁၇ ရက်၊ သို့မဟုတ် ၁၈ရက် သည် မြန်မာနှစ်သစ်ကူး ဖြစ်သည်။ သင်္ကြန်အကြတ်နေ့က တစ်ရက်တည်း ဆိုလျှင် ဧပြီလ ၁၇ ရက်သည် ပုံမှန် နှစ်ဆန်းတစ်ရက်နေ့ကျသည်။ တစ် ခါတစ်ရံ သင်္ကြန်အကြတ်က နှစ်ရက်ဖြစ်သွားလျှင် နှစ်ဆန်းတစ်ရက်က ၁၈ ရက်နေ့ ဖြစ်သွားသည်။ မြန်မာနှစ်ကူးသည် အဘယ်ကြောင့် မြန်မာရက်နှင့် မသတ်မှတ်ပါသနည်း။

၁၂ လကို တစ်နှစ်ဟု သတ်မှတ်ထားရာ ၁၂ လ ကုန်တိုင်း ကုန်တိုင်း နှစ်ကူးလျှင် နှစ်သစ်ကူးဟု ခေါ်ကြသည်။ ကျန်ခဲ့သော နှစ်ကို နှစ်ဟောင်း၊ ပြောင်းရမည့် နှစ်ကို နှစ်သစ်၊ ထိုသို့ သတ်မှတ်ကြသည်။ ထို နှစ်သစ်ကူးပွဲတော်ကိုလည်း သူ့လူမျိုး၊ သူ့နိုင်ငံ၊ သူ့ဘာသာ၊ သူ့ဓလေ့အရ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲ၍ နှစ်သစ်ကို ကြိုဆိုကြသည်။ နှစ်တွေက နှစ်ကူးတိုင်းကူးတိုင်း သစ်ခဲ့သည်။ လူကကောလိုက်၍ သစ်ပါရဲ့လား။ စိတ်ကကောလိုက်၍ သစ်ပါရဲ့လား။


နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ လိုရင်းဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည် . . .

လူအများစု အသစ်ကို နှစ်သက်ကြသည်။ အပြင်ထွက်လျှင် အ၀တ်အစား အသစ်တွေ ၀တ်ဆင်၍ ထွက်ကြသည်။ဖိနပ်အသစ်လေးကို ချ၍စီးသည်။ အခြား အသုံးအဆောင် ပစ္စည်းလေးတွေကိုလည်း အသစ်ကိုပဲ သုံးစွဲကြသည်။ငွေကြေးတတ်နိုင်သူများက အိမ်သစ်၊ တိုက်သစ်နှင့် နေကြသည်။ မော်ဒယ်လ်မြင့် ကားအသစ်ကို ၀ယ်စီးကြသည်။ ပစ္စည်းဟူသမျှ အားလုံး အသစ်ကျပ်ချွတ်ကို သုံးစွဲကြသည်။ လူကသာ မသစ်ချင်နေမည်။ စိတ်ကသာ မသစ်ချင်နေမည်။ ပစ္စည်းကို တော့ အသစ်မှသုံးကြသည်။

အသစ်တွေ ဘယ်လိုကောင်းသော်လည်း အဟောင်းကို တလည်လည် ဟူသော ဆိုစကားကလည်း ရှိသေးသည်။ ဆန်ဟောင်းနှင့်ဆန်သစ်၊ ဆန်ဟောင်းက ဈေးပိုသည်။ ရှေးဟောင်းပစ္စည်းတွေ တော်တော် တန်ဖိုးကြီးသည်၊ မကြာမီက ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရသည်၊ အင်္ဂလန်မှာ အိမ်ရှင်းရင်း အမှိုက်ပုံထဲကနေ ထွက်လာသည့် ၁၈ ရာစုလောက်က တရုတ်ပန်းအိုးတစ်လုံး လေလံတင်၍ ရောင်းချရာ ပေါင် ၂၄ သန်း ရသတဲ့။ နားတောင် မလည်နိုင်အောင်ပင်။ ထို ပစ္စည်းက ဘယ်လောက်များ အသုံးကျ၍ ဤမျှတန်ဖိုးရှိနေပါသနည်း။ ရှေးဟောင်းဘုရားဆင်းတုတွေ အလွန်တန်ဖိုးကြီးသည်။ ရှေးဟောင်းပန်းချီကားတွေ အလွန်တန်ဖိုးကြီးသည်။ ထို့ကြောင့် ကြာလေကောင်းလေ၊ ဟောင်းလေသစ်လေ ဟူသော ဆိုရိုးစကား ပေါ်လာလေသလား။

'နိစ္စံ န၀ါဝ သင်္ခါရာ' ဟူသော ဒေသနာပါဠိအရ ဥပါဒ် ဌီ ဘင်ဟူ သော ခဏသုံးပါးနှင့်ကြည့်က အားလုံး ဖြစ်တည်ပျက်၊ ဖြစ်တည်ပျက်မို့ အဟောင်းဟူ၍ဘာတစ်ခုမျှမရှိ၊ အားလုံး အသစ်ချည်းသာတည်း။ ထိုပါဠိကို တောင်မြို့ဆရာတော်က အနက် ပြန်ရာတွင် 'သင်္ခါရာ-ရုပ်နာမ် သင်္ခါရတရားတို့သည်၊ နိစ္စံန၀ါဝ- အမြဲ ဖြစ်လျက် အသစ်စက်စက်တို့ချည်းသာတည်း'ဟု အနက် မြန်မာပြန်ခဲ့သည်။ ဖြစ်တည် ပျက်ပျောက်၊ ဖြစ်တည်ပျက်ပျောက်မို့ ဖြစ်သမျ ရုပ်တွေနာမ်တွေသည် အဟောင်း အဟောင်းဟူ၍ ဘာတစ်ခုမျှ မရှိ။ အားလုံး အသစ်အသစ်တွေချည်းပင် ဖြစ်သည်။ အတွေးအမြင်၌ ဆရာ တစ်ယောက်က 'အတွေးသစ်ဆိုတာ မရှိ' ဟူ၍ ရေးထားရာ ဤဒေသနာ ပါဠိကို သတိပြုဖို့သင့်သည်။

ရက်ကွက်တစ်ခု၌ မျက်နှာစိမ်းတွေ ပြောင်းရွှေ့လာလျှင် လူသစ်တွေဟု ပြောကြသည်။ လုပ်ငန်းခွင် တစ်ခုခုမှာလည်း နောက်မှ နောက်မှ ရောက်လာသူတွေကို လူသစ်တွေဟု ပြောကြသည်။ တချို့ လူသစ်တန်းဟု ခေါ်သည်လည်း ရှိသည်။ တချို့ သိပ်မမြင်ဖူးသော မျက်နှာစိမ်းများကိုလည်း မျက်နှာသစ်ဟု ခေါ်ကြသည်။ နေရာအသစ်ကြောင့် လူသစ် ဖြစ်ရလေသလော၊ အလုပ်အသစ်ကြောင့် လူသစ် ဖြစ်ရလေသလော၊ တချို့ ပြီးခဲ့သော အကောင်းအဆိုး အခြေအနေတွေကို ထားခဲ့ပြီး အလုပ်သစ်တစ်ခု စလုပ်လျှင် ဘ၀သစ် ပြန်စသည်ဟု ဆိုကြသည်။ အမိဝမ်းက ကျွတ်ကျွတ်ချင်း အနေအထားကိုတော့ ဘ၀သစ်ဟု မခေါ်ဝေါ်၊ အမှန်က အမိဝမ်းက ကျွတ်ကျွတ်ချင်း ထိုအခိုက်အတန့်က ဘ၀သစ်စခဲ့သည် မဟုတ်လော။

အဟောင်းအဟောင်းတွေ၌ အကောင်းအကောင်းတွေ ရှိသည် မှန်သော်လည်း အများစုကတော့ အသစ်မှ ကြိုက်ကြသည်ကား အမှန်ပင်။ အသစ် အသစ်မှ ကြိုက်သူတွေ မိမိတို့ ကိုယ်တိုင်ကော ဘာတွေများ သစ်ပါသနည်း။ လူကောသစ်ပါ၏လော။ စိတ်ကောသစ်ပါ၏လော။ နှစ်သစ်တွေ၊ နှစ်သစ်တွေ နှစ်တိုင်း ကျော်ဖြတ်ခဲ့ကြသည်။ လူကား သစ် မသစ် စိတ်ကား သစ် မသစ်၊ ပြန်လည်ဆန်းစစ်ဖြစ် ပါ၏လော။

ကာလာချိန်းတိုင်း၊ ကာလာချိန်းတိုင်း သစ်နေပေလိမ့်မည်။ နှစ်သစ်ချင် သစ်၊ မသစ်ချင်နေ၊ လူသစ်ချင်သစ်၊ မသစ်ချင်နေ စိတ်ကတော့ သစ်နေဖို့ လိုအပ်သည်။ စိတ်သာရှင်စော ဘုရားဟော။ အရာရာ စိတ်သာပဓာနမို့ စိတ်သစ်ဖို့သာ အရေးကြီးသည်။

'အာရမ္မဏံ စိန္တေတီတိ စိတံ္တ' ဟူသော ၀ိဂြိုဟ်အရ အာရုံကို ကြံစည်တတ်၊ တွေးတောတတ်သောကြောင့် 'စိတ်'ဟု ခေါ်ရသည်။ စိတ်ကို အတွေးများနှင့် တည်ဆောက်ထားသည်။ 'လူကြံရင်းသေ၊ ငှက်ပျံရင်းသေ'ဟူသော ဆိုရိုးစကားကို ကြည့် လျင်လည်း လူဟူသည်မှာ အတွေးသမား၊ အကြံသမားတွေသာ ဖြစ်သည်။ တစ်ခုခုတော့ သူကြံနေသည်။ တစ်ခုခုတော့ သူတွေးနေသည်။ ထိုသို့ တွေးရင်းကြံရင်းနှင့်ပဲ လူသည် အသက်ထွက်ရသည်။ ထို့ကြောင့် 'လူကြံရင်း သေ'ဟု ဆိုရိုးစကား ထားခဲ့ကြသည်။

နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ လိုရင်း ဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည်။ စိတ်ဟောင်းချည်းနှင့်သာ တလည်လည် ဆိုလျှင်တော့ ခေတ်ဟောင်းကိုပဲ ပြန်ရောက်ဦးမည်။ လောကဟောင်းကိုပဲ ပြန်ရောက်ဦးမည်။ စိတ်ကိုအတွေးက ပြဋ္ဌာန်းတာဆိုတော့ စိတ်သစ်ဖို့အတွက် အတွေးသစ်ရပါလိမ့်မည်။ အတွေးသစ်မှသာ စိတ်ကလည်း သစ်ပါလိမ့်မည်။

အတွေးကို ပါဠိလို သင်္ကပ္ပဟုလည်း ခေါ်၏။ ၀ိတက်ဟုလည်း သုံး၏။ ၀ိတက်ကိုတော့ အများသိကြပါသည်။ ထိုအတွေးသည် သမ္မာနှင့် မိစ္ဆာ နှစ်မျိုးသာရှိ၏။ အတွေးက သမ္မာ ဖြစ်လျှင် မှန်ကန်၏။ သမ္မာဖြစ်လျှင် သစ်၏။ အတွေးက မိစ္ဆာဖြစ်လျှင် မှားယွင်း၏။ မိစ္ဆာဖြစ်လျှင် ဟောင်းနွမ်း၏။ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက် သုံးမျိုးတို့သည် မိစ္ဆာဝိတက်များ ဖြစ်ကြ၏။ သူတို့နှင့် ဆန့်ကျင်ဘက် နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက် သုံးမျိုးတို့သည် သမ္မာဝိတက်များ ဖြစ်ကြ၏။

သတ္တ၀ါတွေ (မိမိတို့တစ်တွေ) သံသရာတစ်လျှောက်လုံး အဘယ်အတွေးတွေများ တွေးခဲ့ကြပါသနည်း။ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက် တို့သာ အတွေးများခဲ့ကြ၏။ ထို့ကြောင့် ထိုဝိတက် သုံးမျိုးတို့သည် သံသရာအဆက် ဘ၀အဆက် ဆက် တွေးလာခဲ့ကြသဖြင့် ဟောင်းနေ၊ ဆွေးနေ၊ မြည့်နေသော အတွေးဟောင်းများသာ ဖြစ်ကြလေ၏။ ရှေးဟောင်းပစ္စည်းတွေ အဘယ်မျှပင် ဟောင်းနေပါစေ ဤအတွေးဟောင်းများ လောက်တော့ ဟောင်းလိမ့်မည် မဟုတ်ပေ။ ရှေးဟောင်းပစ္စည်းတွေက နှစ်ပရိစ္ဆေဒ ခန့်မှန်းတွက်ချက်၍ ရသေး၏။ ဤအတွေးဟောင်းတွေကနှစ်ပရိစ္ဆေဒ မည်သို့မျှ ခန့်မှန်းတွက်ချက်၍ မရပေ။

ကာမ၀ိတက်ဟူသည် ကာမကို တွေးခြင်း ဖြစ်၏။ ကာမဟူသည် လိုချင်စရာ တပ်မက်စရာ ဆွဲဆောင်မှု အပြင်းစား၊ သက်ရှိသက်မဲ့ အာရုံငါးမျိုးလုံးကို ခေါ်၏။ ရဖို့တွေးခြင်း၊ ယူဖို့တွေးခြင်း၊ သာယာခံစားဖို့တွေးခြင်း၊ ငါ့ဖို့တွေးခြင်း၊ ငါ့မိသားစု၊ ငါ့အသိုင်းအ၀ိုင်း၊ ငါနီးစပ်ရာ၊ ငါ့အုပ်စုအတွက် တွေးခြင်း စသော အတ္တနယ်နိမိတ်အတွင်းမှ တွေးခြင်း ဟူသမျှသည် ကာမ၀ိတက်များပင် ဖြစ်ကြ၏။ ဂုဏ်ရဖို့တွေးခြင်း၊ လာဘ်ရဖို့တွေးခြင်း၊ ထင်ပေါ်ကျော်ကြားဖို့တွေးခြင်း တို့သည်လည်း ကာမ၀ိ တက်များပင် ဖြစ်သည်။ အချီးကျူးခံရဖို့၊ ဂုဏ်ပြုခံရဖို့၊ အပူဇော်ခံရဖို့၊ အပသခံရဖို့၊ အလေးအမြတ်ပြုခံရဖို့၊ ကျော်ကြားအောင်မြင်ဖို့ တွေးခြင်းများသည်လည်း ကာမ၀ိတက်၏ အနွယ်များပင် ဖြစ်ကြ၏။ ကာမ၀ိတက်ဟူသည် နယ်ကျယ်လှ၏။ ကာမဘုံ သား အများစုကလည်း ကာမကိုသာ စိတ်ဝင်စားကြလေတော့ ကာမ၀ိတက်နှင့်ပဲ အချိန်ကုန်ကာ အတွေးဟောင်းထဲမှ ရုန်းမထွက်နိုင်ဘဲ ရှိကြလေ၏။

ဗျာပါဒ၀ိတက်ဟူသည် သတ်ဖြတ်ဖို့၊ ဖျက်ဆီးဖို့၊ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်းကို တွေးတောခြင်း ဖြစ်၏။ ၀ိဟိံသာဝိတက်ဟူသည် ညှဉ်းပန်းနှိပ်စက်ဖို့၊ ဒုက္ခပေးဖို့၊ ချောက်တွန်းဖို့ တွေးတောခြင်း ဖြစ်၏။ ဤ၀ိတက်နှစ်ခုကတော့ အဖြစ် နည်းနိုင်ပါ၏။ အဖြစ်များတာကတော့ ကာမ၀ိတက်သာဖြစ်၏။ ကာမဘုံသားသည် ကာမကိုသာ သူ အဓိက စိတ်ဝင်စား၏။

အတွေးသစ်ဟူသည် နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက်ဟူသော သမ္မာသင်္ကပ္ပ၊ သမ္မာဝိတက် သုံးမျိုးဖြစ်၏။ ကာမ၀ိတက်က လောဘနှင့်တွေးခြင်း ဖြစ်၏။ ရဖို့၊ ယူဖို့၊ ပိုင်ဆိုင်ဖို့သာ တွေး၏။ နေက္ခမ္မ၀ိတက်က အလောဘနှင့် တွေးခြင်း ဖြစ်၏။ စွန့်လွှတ် အနစ်နာခံဖို့၊ ကူညီရိုင်းပင်းဖို့သာ တွေး၏။ ကာမ၀ိတက်က ငါ့ဖို့သာတွေး၏။ နေက္ခမ္မ၀ိတက်က သူဖို့ပါထည့်၍တွေး၏။ ကာမ၀ိတက်က အသာစံဖို့တွေး၏။ နေက္ခမ္မ၀ိတက်က အနာခံဖို့ တွေး၏။ ကာမ၀ိတက်က အတ္တဟိတ ကို တွေး၏။ နေက္ခမ္မ၀ိတက်က ပရဟိတကိုတွေး၏။ အဗျာပါဒ၀ိတက်က မေတ္တာနှင့်ယှဉ်၍ တွေး၏ အ၀ိဟိံသာဝိတက်က ကရုဏာနှင့်ယှဉ်၍ တွေး၏။

ဤနေက္ခမ္မ၊ အဗျာပါဒ၊ အ၀ိဟိံသာဟူသော သမ္မာဝိတက် သုံးမျိုးသည် အမြဲတမ်း တွေးနေနိုင်သည် မဟုတ်၊ တစ်ခါတစ်ခါမှသာ တွေးဖြစ်၏။ ထို့ကြောင့် သူတို့သည် ဟောင်းသွား၊ နွမ်းသွားသည် ဟူ၍ မရှိ။ အမြဲတမ်း သစ်လွင်တောက်ပြောင်နေ၏။ ဥပမာ-အပြင်ထွက်မှ သို့မဟုတ် ပွဲလမ်းရှိမှ ထုတ်၍၀တ်သော ၀တ်ကောင်း စားကောင်းများနှင့် တူ၏။ ကာမ၊ ဗျာပါဒ၊ ၀ိဟိံသာဟူသော မိစ္ဆာဝိတက် သုံးမျိုးကတော့ အိမ်မှာ အမြဲဝတ်နေသော အ၀တ်အစားအဟောင်းများနှင့် တူကြ၏။ စိတ်ဟူသည်မှာ သူချည်း သက်သက် အသစ်လည်းမဟုတ်၊ အဟောင်းလည်း မဟုတ်။ စိတ်ကို အတွေးများကသာ ချယ်လှယ်လေတော့ လောဘဒေါသတို့ မောင်းနှင်ရာနောက်လိုက်ကာ လောဘနှင့်ပေါင်းတွေး၊ ဒေါသနှင့်ပေါင်းတွေးဆိုလျှင်တော့ အတွေးဟောင်းတွေကိုသာ ထပ်ချည်းတလဲလဲ တွေးနေသဖြင့် စိတ်ကလည်း မည်သို့မျှ သစ်၍မလာနိုင်ပေ။ သစ်လွင်တောက်ပ၍ မလာနိုင်ပေ။ စိတ်ဟောင်း၊ စိတ်နွမ်း၊ စိတ်ဆွေးတို့သာ ဖြစ်နေကြပေလိမ့်မည်။

စိတ်သစ်ဖို့ဆိုလျှင် လောဘ၊ ဒေါသတွေနှင့်သာ အမြဲ ပေါင်းသင်းမနေဘဲ တစ်ခါတစ်လေ လောဘနှင့် ခွဲ၊ ဒေါသနှင့်ခွဲကာ အလောဘနှင့်တွဲ၊ အဒေါသနှင့် ပေါင်းပေးရမည်။ ငါ့ဖို့မှ သူ့ဖို့သို့၊ ငါ့အကျိုးစီးပွားမှ သူ့အကျိုးစီးပွားသို့ အတ္တမှ အနတ္တသို့၊ အတ္တမှ ပရသို့ အတ္တဟိတမှ ပရဟိတသို့ အနည်းစုမှ အများစုသို့၊ အကျဉ်းမှအကျယ်သို့၊ အတိုမှအရှည်သို့၊ အပူမှအအေးသို့၊ မငြိမ်းချမ်းရာမှ ငြိမ်းချမ်းရာသို့၊ မကျေမနပ်မှ ကျေကျေနပ်နပ်သို့၊ မစုမစည်းမှ စုစုစည်းစည်းသို့၊ စိတ်အေးအေးထားကာ ခေါင်းအေးအေးထားကာ စဉ်းစား၍၊ ဆင်ခြင်၍၊ မြော်မြင်၍ တွေးပေးမည် ဆိုပါက အတွေးများသစ်၍ စိတ်ပါသစ်ပါလိမ့်မည်။ ထိုအခါ နှစ်သစ်နှင့် လိုက်ဖက်ညီစွာ လူသစ်၊ စိတ်သစ် ဖြစ်လာပါလိမ့်မည်။ လူသစ်၊ စိတ်သစ်နှင့်သာ ခေတ်သစ်ကို ထူထောင်နိုင်ပါလိမ့်မည်။

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Eleven Media Group

Tuesday, December 28, 2010

ဓမ္မပဒ Dhammapada, 法句 ကောက်နှုတ်ချက်များ (၂၄)


၂၃။ နာဂ၀ဂ္ဂ Nagavaggo 象品
၃၂၀။ အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။

၃၂၁။ ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုေဿသု၊ ယောတိဝါကျံ တိတိက္ခတိ။

၃၂၂။ ၀ရမဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓ၀ါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တော တတော ၀ရံ။

၃၂၀။ ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ (မိမိအပေါ်သို့)ကျရောက်လာသောမြားကို မတုန် မလှုပ်ခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးစော်ကားသော စကားကို သည်းခံအံ့၊ လောကီဘုံသား လူအများသည် သီလမရှိသည်သာတည်း။

၃၂၁။ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ လူစုလူဝေးရှိရာ ပွဲသဘင်သို့ဆောင်ကုန်၏၊ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ မင်းသည်စီး၏၊ လွန်ကျူးစော်ကားသောစကားကို သည်းခံနိုင်သောသူသည် ယဉ်ကျေးပြီးဖြစ်၍ လူတို့တွင် အမြတ်ဆုံး ဖြစ်၏။

၃၂၂။ အဿတိုရ်မြင်းတို့သည် လည်းကောင်း၊ အာဇာနည်မြင်းတို့သည် လည်းကောင်း၊ သိန္ဓောမြင်းတို့သည် လည်းကောင်း၊ ကုဉ္ဇရမည်သော ဆင်ပြောင်ကြီးတို့သည် လည်းကောင်း ယဉ်ကျေးကုန်မှသာလျှင် မြတ်ကုန်၏၊ ကိုယ် စိတ်နှစ်ပါးကို ဆုံးမယဉ်ကျေးပြီးသူသည် ထို မြင်း ဆင်တို့ထက် လွန်မြတ်၏။

320. Like an elephant in the battle endures the arrows shot from the bow, I, as the Buddha, will endure the abusive words as the majority of people are of poor virtue (immoral).

321. They take a tamed elephant or horse to the crowd (assembly); the King also mounts a tamed elephant or horse. Among people a tamed one is the best who can endure the abusive words.

322. Noble horses and mules are good if tamed, so also great elephants; but the person who tames himself is even better.

320 Aham nago va savgame,
  capato patitam saram,
  ativakyam titikkhissam,
  dussilo hi bahujjano.

  [Aham(單主格)] [nago(陽單主格)] [va] [savgame戰鬥(陽單處格)],
  [capato(陽單從格)] [patitam落下(陽單業格, pp.)] [saram(陽單業格)],
  [ativakyam辱罵(中單業格)] [titikkhissam忍受(1)],
  [dussilo(ㄋㄢˊ)(陽單主格, a.)] [hi因為] [bahujjano眾人(陽單主格)].

  如象在戰鬥時,[忍受]已從弓落下的箭;我將忍受辱罵,因為眾人[]難戒者。

321 Dantam nayanti samitim,
  dantam raja’bhiruhati,
  danto settho manussesu,
  yo ’tivakyam titikkhati.

[Dantam調伏(單業格, pp.)] [nayanti引導(3)] [samitim集合(陰單業格)],
  dantam [raja(陽單主格)][’bhirūhati登上(3)],
  [danto調伏(陽單主格, pp.)] [settho最勝(陽單主格, a.)] [manussesu(陽複處格)],
  [yo(陽單主格, rp.)] [’tivakyam辱罵(中單業格)] [titikkhati忍受(3)].

  他們引導已被調伏的[動物[1]]集合,王登上已被調伏的[動物];已被調伏者在諸人之中最勝,他忍受辱罵。

322 Varam assatara danta,
  ajaniya ca sindhava,
  kuñjara ca mahanaga,
  attadanto tato varam.

  [Varam最好(adv.)] [assatara(ㄌㄨㄛˊ)(陽複主格)] [danta調伏(陽複主格, pp.)],
  [ajaniya品種優秀(陽複主格, a.)] [ca] [sindhava辛頭馬(陽複主格)],
  [kuñjara(陽複主格)] ca [maha][naga(陽複主格)],
  [atta自我][danto調伏(陽單主格, pp.)] [tato從那邊] [varam最好(adv.)].

  已被調伏的諸騾、及品種優秀的諸辛頭馬[2]、及諸象、諸大象最好;從那邊已被自我調伏者最好。



[1] 動物 指「象」或「馬」。(參見Narada Thera, The Dhammapada Pali Text and Translation with Stories in Brief and Notes, 4th Edition, p.251, Taipei: The Corporate Body of the Buddha Educational Foundation, 1993.)

[2] 諸辛頭馬 DhASindhavati sindhavaratthe jata assa.(「諸辛頭馬」:已被生在辛頭國的諸馬。)

၃၂၃။ န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ။
ယထာတ္တနာ သုဒန္တေန၊ ဒန္တော ဒန္တေန ဂစ္ဆတိ။

၃၂၃။ ဤပြကတေ့သော ဆင်ယာဉ် မြင်းယာဉ်တို့ဖြင့် မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မရောက်နိုင်သည်သာတည်း၊ ၀ိပဿနာအခိုက် စက္ခုစသော ဣနြေ္ဒတို့ကို ဆုံးမသဖြင့်လည်းကောင်း၊ မဂ်အခိုက် မိမိစိတ်ကို ကောင်းစွာဆုံးမသဖြင့်လည်းကောင်း ယဉ်ကျေးပြီးသူသည်သာ မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မုချရောက်နိုင်၏။

323. It is not by these horses and elephants that one may not go to Nibbana. Only when practicing vipassana meditation or while in magga Samadhi one who already tamed by himself can reach Nibbana where untravelled before.

၃၂၄။ ဓနပါလော နာမ ကုဉ္ဇရော၊ ကဋုကဘေဒနော ဒုန္နိဝါရယော။
ဗဒ္ဓေါ ကဗဠံ န ဘုဉ္ဇတိ၊ သုမရတိ နာဂ၀နဿ ကုဉ္ဇရော။

၃၂၄။ ပြင်းထန်စွာ အမုန်ယစ်၍ နှိမ်နင်းရန်ခဲယဉ်းသော ဓနပါလမည်သောဆင်သည် အဖွဲ့အချည် ခံရသဖြင့် အစားအစာကို မစားနိုင်၊ ဆင်သည် မိမိနေရာ ဂန့်ဂေါ်တောကိုသာ အောက်မေ့နေ၏။

324. The bull elephant named Danapala, in time of rut, being taken captive, is hard to control. It does not eat any food when bound; the elephant only remembers his elephant grove.

323 Na hi etehi yanehi,
  gaccheyya agatam disam,
  yathattana sudantena,
  danto dantena gacchati.

  [Na] [hi確實] [etehi這些(中複具格)] [yanehi交通工具(中複具格)],
  [gaccheyya去到(3opt.)] [agatam未去到(陰單業格, pp.)] [disam(陰單業格)],
  [yath][attana自我(陽單具格)] [sudantena善調伏(陽單具格, pp.)],
  [danto調伏(陽單主格, pp.)] [dantena調伏(陽單具格, pp.)] [gacchati去到(3)].

  確實不因這些交通工具,他能去到未去到的方[1];像已被調伏者,因已被自我善調伏,因已被[自我]調伏,去到[未去到的方]

324 Dhanapalako nama kuñjaro,
  katukapabhedano dunnivarayo;
  baddho kabalam na bhuñjati,
  sumarati nagavanassa kuñjaro.

  [Dhana][palako守護者(陽單主格)] [nama名叫(adv.)] [kuñjaro(陽單主格)],
  {[katuka辛辣(a.)][pabhedano徹底使...迸裂](陽單主格, a.)} [dunnivarayo難制止(陽單主格, grd.)];
  [baddho被繫縛(陽單主格, pp.)] [kabalam一口糧食(中單業格)] [na] [bhuñjati受用(3)],
  [sumarati(3)] [naga][vanassa(中單與格)] kuñjaro.

  徹底使辛辣的[體液][2]迸裂、應難被制止的象,名叫財的守護者;已被繫縛的象不受用一口糧食,對象林念。



[1] 未去到的方 指「涅槃的方」([nibbana涅槃][disa](參見DhA)

[2] 辛辣的[體液] 象在發情時期的分泌物。

၃၂၅။ မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ၊ နိဒ္ဒါယိတာ သမ္ပရိဝတ္တသာယီ။
မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊ ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။

၃၂၅။ ထိုင်းမှိုင်းငိုက်မျဉ်းကာအိပ်လျက် အစားကြီးသော ၀က်ကြီးကဲ့သို့ တလူးလူး တလဲလဲ အိပ်လေ့ရှိသည့် ပညာနုံ့သူသည် (အနိစ္စ အစရှိသော လက္ခဏာတို့ကို မဆင်ခြင်နိုင်သောကြောင့်) အဖန်ဖန်တလဲလဲ အမိဝမ်း၌ ပဋိသန္ဓေနေရ၏။

325. When a person is lazy and becomes a great eater who sleeps and rolls like a big hog can't concentrate in mindfulness, gets the rebirth again and again.

၃၂၆။ ဣဒံ ပုရေ စိတ္တမစာရိ စာရိကံ၊ ယေနိစ္ဆကံ ယတ္ထကာမံ ယထာသုခံ။
တဒဇ္ဇဟံ နိဂ္ဂဟေဿာမိ ယောနိသော၊ ဟတ္ထိပ္ပဘိန္နံ ၀ိယ အင်္ကုသဂ္ဂဟော။

၃၂၆။ ဤစိတ်သည် ရှေးအခါက လိုရာအာရုံကို လိုက်စားလျက် အလိုရှိတိုင်း ကောင်းနိုးရာရာ လှည့်လည်ကျက်စား ခဲ့လေပြီ၊ ချွန်းကိုင်သော ဆင်ထိန်းသည် အမုန်ယစ်သောဆင်ကို နှိပ်ဘိ သကဲ့သို့ ငါသည် ယခုထိုစိတ်ကို အသင့်အတင့် နှလုံးသွင်းခြင်းဖြင့် နှိပ်ပေအံ့။

326. My mind was used to be wandering about where it wished, where it wanted, where it pleased; now I will control it by practicing mindfulness, like the holder of the hook controls an elephant in rut.

325 Middhi yada hoti mahagghaso ca,
  niddayita samparivattasayi,
  mahavaraho va nivapaputtho,
  punappunam gabbham upeti mando.

  [Middhi麻木(陽單主格, a.)] [yada...] [hoti變成(3)] [mahagghaso大吃(陽單主格, a.)] [ca],
  [niddayita睡眠者(陽單主格)] [samparivatta輾轉][sayi(陽單主格, a.)],
  [maha][varaho(陽單主格)] [va] [nivapa][puttho扶養(陽單主格, pp.)],
  [punappunam一再(adv.)] [gabbham(陽單業格)] [upeti經歷(3)] [mando遲鈍(陽單主格, a.)].

  當變成麻木及大吃時,睡眠者輾轉臥,如已被餌扶養的大豬;遲鈍者一再經歷胎。

326 Idam pure cittam acari carikam,
  yen’icchakam yatthakamam yathasukham;
  Tad ajj’aham niggahessami yoniso,
  hatthippabhinnam viya avkusaggaho.

  [Idam(中單主格)] [pure在以前(adv.)] [cittam(中單主格)] [acari(3)] [carikam旅行(陰單業格)],
  [yen’所在之處][icchakam欲求(中單主格, a.)] {[yattha在此][kamam](中單主格, a.)} [yatha(prep.)][sukham(中單主格, a.)];
  [Tad(中單業格)] [ajj’今日] [aham(單主格)] [niggahessami使...制止(1)] [yoniso從起源(adv.)],
  [hatthippabhinnam發情的象(單業格)] [viya] [avkusaggaho象伕(陽單主格)].

  所在之處欲求、在此欲、依樂的此心,在以前行旅行;今日我將從起源使它制止,如象伕[使]發情的象[制止]

၃၂၇။ အပ္ပမာဒရတာ ဟောထ၊ သစိတ္တမနုရက္ခထ။
ဒုဂ္ဂါ ဥဒ္ဓရထတ္တာနံ၊ ပင်္ကေ သန္နောဝ ကုဉ္ဇရော။


၃၂၇။ မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့၊ ညွန်၌ ကျွံနစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်နုတ်ကြကုန်လော့။

327. Practice in mindfulness and take the pleasure. Guard well your mind. Lift yourself up out of the mental defilements – as would an elephant draws himself out of a muddy swamp.

၃၂၈။ သစေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံစရံ သာဓုဝိဟာရိဓီရံ။
အဘိဘုယ် သဗၺာနိ ပရိႆယာနိ၊ စေရယ် တေနတ္တမနော သတီမာ။

၃၂၉။ နော စေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံစရံ သာဓုဝိဟာရိဓီရံ။
ရာဇာဝ ရဋ္ဌံ ၀ိဇိတံ ပဟာယ၊ ဧကော စရေ မာတင်္ဂရညေ၀ နာဂေါ။

၃၃၀။ ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊ အပ္ပေါဿုက္ကော မာတင်္ဂရညေ၀ နာဂေါ။


၃၂၈။ ပညာရင့်၍ ကောင်းစွာနေထိုင်လေ့ရှိသော တည်ကြည်သော အတူကျင့်ဖော် ပညာရှိ အဆွေခင်ပွန်းကို အကယ်၍ရခဲ့မူ ထိုအဆွေခင်ပွန်းနှင့် အတူတကွ ဘေးရန်အားလုံးတို့ကို နှိပ်နင်းလျက် ၀မ်းမြောက်ဝမ်းသာ သတိရှိစွာ ကျင့်ရာ၏။

၃၂၉။ ပညာရင့်၍ ကောင်းစွာနေထိုင်လေ့ရှိသော တည်ကြည်သော အတူကျင့်ဖော်ပညာရှိ အဆွေခင်ပွန်းကို အကယ်၍မရခဲ့မူ၊ မင်းသည် နိုင်ပြီးသောတိုင်းပြည်ကိုစွန့်၍ ထွက်သကဲ့သို့ လည်းကောင်း၊ မာတင်္ဂဆင်မင်းသည် တော၌တစ်ကောင်တည်း လှည့်လည်သကဲ့သို့ လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။

၃၃၀။ တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏၊ လူမိုက်၌ အဆွေခင်ပွန်း အဖြစ်မျိုးသည် မရှိ၊ မာတင်္ဂဆင်မင်းသည် တော၌တစ်ကောင်တည်း ကြောင့်ကြမဲ့ လှည့်လည်သကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုရာ။

328. If you find a wise man in your life who is intelligent, upright and steadfast, you may walk through your life with that person joyfully and mindfully overcoming all dangers.

329. If it is hard to find a wise man in your life who is upright and steadfast to walk with, travel alone like a King abandoning a conquered land or like the Matanga elephant roaming in the forest.

330. It is better in life to go alone rather than to have a bad person as a companion. Let go alone without attachments, commit no sins like the Matanga elephant alone in the forest.

327 Appamadarata hotha,
  sacittam anurakkhatha,
  dugga uddharath’ attanam,
  pavke sanno va kuñjaro.

  [Appamada不放逸][rata喜樂(陽複主格, pp.)] [hotha變成(2imp.)],
  [sa自己的][cittam(中單業格)] [anurakkhatha隨護(2imp.)],
  [dugga惡路(陽單從格)] [uddharath’移出(2imp.)] [attanam自我(陽單業格)],
  [pavke(陽單處格)] [sanno沈陷(陽單主格, pp.)] [va] [kuñjaro(陽單主格)].

  請你們變成已喜樂不放逸,請你們隨護自己的心,請你們從惡路移出自我,如在泥之中已沈陷的象。

328~330

328 Sace labhetha nipakam sahayam,
  saddhim caram sadhuviharidhiram,
  abhibhuyya sabbani parissayani,
  careyya ten’ attamano satima.

  [Sace] [labhetha(3opt.為自言)] [nipakam明智(陽單業格, a.)] [sahayam同伴(陽單業格)],
  [saddhim在一起(adv.)] [caram(陽單主格, ppr.)] [sadhu妥善][vihari(a.)][dhiram賢明(陽單業格, a.)],
  [abhibhuyya(ger.)] [sabbani一切(中複業格, a.)] [parissayani危難(中複業格)],
  [careyya(3opt.)] [ten’(陽單具格)] [attamano滿意(陽單主格, a.)] [satima具念(陽單主格, a.)]. (cf. M iii154)

  在一起正在行者,若能得明智、妥善住及賢明的同伴,勝一切的諸危難後,滿意的具念者應與他行。

329 No ce labhetha nipakam sahayam,
  saddhim caram sadhuviharidhiram,

  raja va rattham vijitam pahaya,
  eko care matavgaraññe va nago.


  [No] [ce] [labhetha(3opt.為自言)] [nipakam明智(陽單業格, a.)] [sahayam同伴(陽單業格)],
  [saddhim在一起(adv.)] [caram(陽單主格, ppr.)] [sadhu妥善][vihari(a.)][dhiram賢明(陽單業格, a.)],

  [raja(陽單主格)] [va] [rattham(中單業格)] [vijitam擴大勝過(中單業格, pp.)] [pahaya徹底捨棄(ger.)],
  [eko單獨(陽單主格, a.)] [care(3opt.)] [matavg][araññe疏遠處(中單處格)] [va] [nago(陽單主格)]. (cp. Dh328) (cf. M iii154)

  在一起正在行者,若不能得明智、妥善住及賢明的同伴,如王徹底捨棄已被擴大勝過的國後,如單獨的象會在象的疏遠處行。

330 Ekassa caritam seyyo,

  natthi bale sahayata,
  eko care na ca papani kayira,
  appossukko matavgaraññe va nago.


  [Ekassa單獨(陽單屬格, a.)] [caritam(中單主格)] [seyyo比較好(中單主格, a.)],

  [natthi不存在(3)] [bale無知者(陽單處格)] [sahayata同伴的狀態(陰單主格)],
  [eko單獨(陽單主格, a.)] [care(3opt.)] [na] [ca並且] [papani(中複業格)] [kayira(3opt.)],
  [appossukko不需憂慮(陽單主格, a.)] [matavg][araññe疏遠處(中單處格)] [va] [nago(陽單主格)]. (cp. Dh329) (cf. M iii154)

  單獨者的行比較好,同伴的狀態在無知者之中不存在,單獨者應行並且不應作諸惡,如不需憂慮的象在象的疏遠處。

၃၃၁။ အတ္ထမှိ ဇာတမှိ သုခါ သဟာယာ၊ တုဋ္ဌီ သုခါ ယာ ဣတရီတရေန။
ပုညံ သုခံ ဇီဝိတသင်္ခယမှိ၊ သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။

၃၃၂။ သုခါ မတ္တေယျတာ လောကေ၊ အထော ပေတ္တယျတာ သုခါ။
သုခါ သာမညတာ လောကေ၊ အထော ဗြဟ္မညတာ သုခါ။

၃၃၃။ သုခံ ယာဝ ဇရာ သီလံ၊ သုခါ သဒ္ဓါ ပတိဋ္ဌိတာ။
သုခေါ ပညာယ ပဋိလာဘော၊ ပါပါနံ အကရဏံ သုခံ။


၃၃၁။ အဆွေခင်ပွန်း ရှိခြင်းသည် အရေးကိစ္စ ပေါ်ပေါက်လာသောအခါ ချမ်းသာ၏၊ ရရသမျှသော ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာ၏၊ ကုသိုလ်ကောင်းမှု ရှိခြင်းသည် အသက်ကုန်ခါနီး၌ ချမ်းသာ၏၊ ဆင်းရဲအလုံးစုံကို ပယ်ခြင်းသည် ချမ်းသာ၏။

၃၃၂။ လောက၌ အမိကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ ထို့ပြင် အဖကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ လောက၌ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ ထို့ပြင် မကောင်းမှုမှ အပပြုပြီးသူ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏။

၃၃၃။ သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏၊ သဒ္ဓါတရား တည်တံ့ခိုင်မြဲခြင်းသည် ချမ်းသာ၏၊ ပညာကိုရခြင်းသည် ချမ်းသာ၏၊ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏။

331. It is delightful having friends when an occasion arises; it is delightful having contentment with whatever being earned, it is delightful having virtue and a wholesome deed in the hour of death, and it is delightful having relinquished all misery (dukkhas) behind.

332. It is good in the world taking care of mother, also good taking care of father, a blessing too, is taking care of monks and bhikkhus, and moreover it is good taking care of Buddha and Arahants who already abandoned sins.

333. It is pleasant having virtue that lasts to old age, it is also pleasant having faith and generosity well-founded, also pleasant having attainment of wisdom, and is pleasant having refrained from doing all sins.

331 Atthamhi jatamhi sukha sahaya,
  tutthi sukha ya itaritarena,
  puññam sukham jivitasavkhayamhi,
  sabbassa dukkhassa sukham pahanam.

  [Atthamhi需要(陽單處格)] [jatamhi(陽單處格, pp.)] [sukha(陽複主格, a.)] [sahaya同伴(陽複主格)],
  [tutthi滿足(陰單主格,出現在偈)] [sukha(陰單主格,a.)] [ya凡是(陰單主格, rp.)] [itaritarena在各方面(adv.)],
  [puññam(中單主格)] [sukham(中單主格, a.)] [jivita壽命][savkhayamhi一起滅盡(陽單處格)],
  [sabbassa一切(中單屬格, a.)] [dukkhassa(中單屬格)] [sukham(中單主格)] [pahanam徹底捨棄(中單主格)]. (cf. M iii154)

  諸同伴在已被生的需要時[]樂,凡是在各方面滿足[]樂,福在壽命的一起滅盡時[]樂,一切苦的徹底捨棄[]樂。

332 Sukha matteyyata loke,
  atho petteyyata sukha;
  sukha samaññata loke,
  atho brahmaññata sukha.

  [Sukha(陰單主格, a.)] [matteyyata孝敬母的狀態(陰單主格)] [loke世間(陽單處格)],
  [atho然後] [petteyyata孝敬父的狀態(陰單主格)] sukha;
  sukha [samaññata沙門本色的狀態(陰單主格)] loke,
  [atho然後] [brahmaññata婆羅門本色的狀態(陰單主格)] sukha.

  在世間,孝敬母的狀態[]樂,然後孝敬父的狀態[]樂;在世間,沙門本色的狀態[]樂,然後婆羅門本色的狀態[]樂。

333 Sukham yava jara silam,
  sukha saddha patitthita,
  sukho paññaya patilabho
  papanam akaranam sukham
.

  [Sukham(中單主格, a.)] [yava直到] [jara老化(陰單主格)] [silam(中單主格)],
  [sukha(陰單主格, a.)] [saddha(陰單主格)] [patitthita住立(陰單主格, pp.)],
  [sukho(陽單主格, a.)] [paññaya(陰單與格)] [patilabho得到(陽單主格)]
  [papanam(中複與格)] [akaranam不作(中單主格)] sukham.

  戒直到老化[]樂,已被住立的信[]樂,得到慧[]樂,不作諸惡是樂。