Thursday, June 30, 2011

ဖခင်စိတ်နှင့် မိခင်စိတ်...

ဖခင်စိတ်နှင့် မိခင်စိတ်...
မိဘတိုင်းသည် စိတ်ဓာတ်ကိုယ်စီဖြင့် သားသမီးများကို ပြုစုစောင့်ရှောက်နေကြပေသည်။ သို့ရာတွင် ဖခင်တို့၏ စိတ်ဓာတ်နှင့် မိခင်တို့၏ စိတ်ဓာတ်တို့သည် ဆောင်ရွက်ပုံချင်း အနည်းငယ်စီ ကွဲပြားခြားနားမှု ရှိနေတတ်ပေသည်။
ဖခင်တို့၏ စိတ်ဓာတ်သည် မိမိတို့၏ သားသမီးများကို ကျရောက်လာမည့် ဘေးအန္တရာယ် ရန်စွယ် အပေါင်းမှ လွတ်ငြိမ်းချမ်းသာစေရေး၊ ဘေးကင်းလုံခြုံစေရေး အတွက် အသက်ကိုပင် စွန့်ကာ အကာအကွယ် အပြည့်အ၀ ပေးလေသည်။ သားသမီးတို့၏ အရေးကိစ္စများတွင်လည်း ရှေ့တန်းမှနေ၍ မားမားမတ်မတ် ရပ်တည်ကာ အစစ အရာရာ စီမံ ဆောင်ရွက် ပေးတတ်ကြသည်။
ဖခင်တို့သည် မိသားစု စီးပွားရေးအတွက် အသက်နှင့် ရင်းနှီးကာ စီးပွားရှာရသည် အလုပ်များလည်း ရှိပေသည်။ သားသမီးများအတွက် ဘ၀တိုးတက်ရေး၊ စားဝတ်နေရေး လိုအပ်ချက်မှန်သမျှ စွမ်းဆောင်ပေးတတ်သည်မှာ ဖခင်တို့၏ စိတ်ဓာတ်သည် အထင်အရှားပင် ဖြစ်သည်။
မိခင်တို့၏ စိတ်ဓာတ်သည်လည်း မိမိတို့၏ သားသမီးများ အနာရောဂါ ကင်းရှင်းရေး၊ ကျွေးမွေးစီမံရေး၊ အ၀တ်အစားများအတွက် စီမံဆောင်ရွက်ပေးရေး စသည်စသည် များစွာတို့ကို မေတ္တာတရားဖြင့် စောင့်ရှောက်ပေးသည်။
မမွေးဖွားမီ သန္ဓေတည်စဉ် ကာလမှာပင် မမြင်ရသေးသော သားသမီးများကိုပင်လျှင် နေ့စဉ်မေတ္တာပို့လျှက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ မိခင်သည် မွေးဖွားစဉ်တွင်လည်း မိမိ၏အသက်ကိုပင် သားသမီးအတွက် ပေးစွန့်ထားကာ မွေးဖွားကြရပေသည်။ မိခင်တို့၏ မြင့်မြတ်သော စိတ်ဓာတ်သည်လည်း ငြင်း၍မရနိုင်ပေ။
မိဘတို့၏ သားသမီးများအပေါ် ထားရှိသော မေတ္တာတရားသည် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် များပြားလွန်းပေသည်။
ထိုနည်းတူစွာပင် …
သာသနာ့နယ်ပယ်ကို ကြည့်မည်ဆိုလျှင် ဖခင်စိတ်ထားများသည် သာသနာ့ အာဇာနည် ရဟန်းတော်များထံတွင် ကိန်းအောင်းနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ရဟန်းတော်များသည် မိမိတို့၏ ဒကာ၊ ဒကာမများထံသို့ ကျရောက်လာမည့် ဘေးအန္တရယ်ကိုလည်း တားဆီးပေးတတ်ကြပေသည်။ ဘေးအန္တရယ် ဆိုသည်မှာ အပါယ်လေးပါးကို ဆိုလိုခြင်းသာ ဖြစ်သည်။
ဒကာ၊ ဒကာမများ အပါယ်လေးပါးသို့ မကျရောက်ရလေအောင် တရားဓမ္မများဖြင့် တားဆီးကာကွယ် ပေးနေကြသည်မှာ ရဟန်းတော်များပင် ဖြစ်သည်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ပြည့်စုံအောင် ကျင့်ကြံအားထုတ်ရင်း ဒကာ၊ ဒကာမများ၏ ကောင်းမှုကုသိုလ် အကျိုးစီးပွားများကိုလည်း ဆောင်ကြဉ်းပေးတတ် ကြပေသည်။
အသွေး၊ အသား၊ ကိုယ်လက်အင်္ဂါများကို စွန့်လွှတ် လှူဒါန်းနေကြသော ပုဂ္ဂိုလ်များတွင်လည်း ရဟန်းတော်များသည် စံပြပုဂ္ဂိုလ်များ စာရင်းတွင် ထိပ်ဆုံးနေရာ၌ ပါဝင်နေပါသည်။
မြန်မာနိုင်ငံရှိ ဆေးရုံများတွင် သွေးသွင်းရန် လိုအပ်နေသော လူနာရှင်များအတွက် လိုအပ်နေသော သွေးကို စာသင်တိုက်များရှိ ရဟန်းတော်များသည် အလွယ်တကူ လှူဒါန်းလေ့ရှိသည်။ ထိုမျှမကသေး အသည်း၊ ကျောက်ကပ် စသည့်ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကိုလည်း ရဟန်းတော်များက လှူဒါန်းနေကြသည်မှာ ဘုရားအလောင်းတော်တို့၏ စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေသည့် အလား အလွန် ကြည်ညိုလေးစားဖွယ် ကောင်းလှပေသည်။
ရဟန်းတော်များ၏ ဤကဲ့သို့သော အသက်ပေးဆောင်ရွက်မှုများသည် ဖခင်တစ်ဦး၏ မေတ္တာနှင့် မခြား မြင့်မြတ်သည့် စိတ်ဓာတ်များကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်နေပါသည်။
မိခင်စိတ်နှင့် နှိုင်းယှဉ်ရမည့် ပုဂ္ဂိုလ်များကို ညွှန်ပြပါ ဟု ဆိုလာလျှင် သာသနာတော်ကို လှူဒါန်း ထောက်ပံနေကြသော ဒကာ၊ ဒကာမများကိုသာ ညွှန်ပြရပါလိမ့်မည်။
ဗုဒ္ဓသာသနာတော်တွင် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လှူဒါန်းနေကြသော ဒကာ၊ ဒကာမများသည် မိခင်စိတ်များရှိကြသော ပုဂ္ဂိုလ်များဟု ရည်ညွှန်းချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ဒကာ၊ ဒကာမများသည် မိခင်စိတ်များနှင့် ထပ်တူ ပြုနိုင်ပါသောကြောင့်တည်း။
မိခင်တို့၏ စိတ်သည် မိမိ၏ သားသမီးများကို ကျွေးချင်မွေးချင်စိတ် ရှိကြသည်။ သားသမီးများ ဆာလောင်ငိုကြွေးနေသည်ကို မိခင်တို့သည် မရှုစိမ့်နိုင်အား။ သားသမီးများ မျက်နှာငယ် ညိုးနွမ်းနေမည်ကိုလည်း မလိုလား။ ထို့အတူ ဒကာ၊ ဒကာမများသည်လည်း ရဟန်းသံဃာများကို ပစ္စည်းလေးပါးများဖြင့် ကျွေးမွေး စောင့်ရှောက်ကြသည်။ ရဟန်းတော်များ၏ ကျန်းမာရေးက အစ ပြည့်စုံအောင် ဆောင်ရွက်ပေးကြသည်။
အမှန်အားဖြင့် ရဟန်းများ၏ ဘ၀များသည် မိဘ ညီအစ်ကို မောင်နှမများ ရှိသော်လည်း သာသနာတော်၏ အလုပ်တာဝန်များကို ထမ်းဆောင်နေကြရသောကြောင့် မိမိတို့၏ ဆွေမျိုးသားချင်းများနှင့် အတူတကွ မနေကြရ။ ထို့အတွက်ကြောင့် ရဟန်းတော်များ၏ ဆွေတော်မျိုးတော်များကို ပြပါ ဟု ဆိုလျှင် မိမိတို့အား ကျွေးမွေး စောင့်ရှောက်နေကြသော ဒကာ၊ ဒကာမများကိုပင် ညွှန်ပြရပေလိမ့်မည်။
တိုင်းတစ်ပါးသား တစ်ဦး မေးဖူးသည့် မေးခွန်းလေး တစ်ခုသည်
အရှင်ဘုရားတို့မှာ ဇနီးမယားနဲ့ သားသမီး ကိုယ်ပိုင်မိသားစုလည်း မရှိဘူး။ တစ်ကိုယ်တည်း အထီးကျန်နေတယ် လို့ ပြောလို့ မရနိုင်ဘူးလား
မေးခွန်းကို မှားသည်ဟု မဆိုနိုင်သော်လည်း အမှန်ကိုတော့ အဖြေပေးလိုက်မိသည်။
ဟုတ်ပါတယ်။ ဒကာကြီးပြောတဲ့ ကိုယ်ပိုင် မိသားစုတော့ မရှိပါဘူး။ ဒါပေမဲ့ ဘုန်းကြီးတို့ကို ထောက်ပံ့နေတဲ့ ဒကာ၊ ဒကာမတွေဟာ ဘုန်းကြီးတို့ရဲ့ ဆွေမျိုးမိသားစုတွေပါပဲ
ရဟန်းဆိုသည်မှာ ဒကာ၊ ဒကာမများ၏ ဖြူစင်စွာ လှူဒါန်းကြသော ပစ္စည်းလေးပါးကို မျှတစွာ သုံးဆောင်နေရသည်ပင်။
အမိသည် သားသမီးများ အစားအစာကျွေးမွေးရာတွင် ဖြူစင်သော စေတနာ မေတ္တာအပြည့်ဖြင့် ကြည်နူးစွာ ကျွေးမွေးပြီး သားသမီးများ အစာစားနေသည်ကို ကြည့်နေရသည်ကိုပင်လျှင် ကြည်နူးနေတတ်သည်။ ဒကာ၊ ဒကာမများသည်လည်း ရဟန်းတော်များကို ဆွမ်းဆက်ကပ်ရာတွင် ဆွမ်းဘုဉ်းပေးနေသည့် ရဟန်းတော်များကို ကြည့်ပြီး ကြည်နူးမှုဖြင့် ပီတိ ဖြစ်နေတတ်ကြသည်။ မိမိတို့၏ အိမ်ရှေ့ ဆွမ်းခံကြွလာသော ရဟန်းတော်များကို ဆွမ်းလောင်းလိုက်ပြီး ခြေလှမ်းမှန်မှန် ကြွချီသွားသော ရဟန်းများကို ဖူးမျှော်ရင်း ကြည်ညို သဒ္ဓါတရားများ ပွားနေတတ်သည်။
ဤစိတ်ဓာတ်များသည် မိခင်တို့၏ စိတ်ဓာတ်များပင် မဟုတ်ပါလော။
သာသနာတော်ကို တည်ဆောက်ထားသည်မှာ ရဟန်းတော်များမှလည်း ဖခင်စိတ်ဖြင့်လည်းကောင်း၊ ဒကာ၊ ဒကာမများမှလည်း မိခင်စိတ်များဖြင့် လည်းကောင်း အသီးသီး စိတ်ဓာတ်ကိုယ်စီဖြင့် မွန်မြတ်သော စေတနာ မေတ္တာဓာတ်များဖြင့်သာ ဖွဲ့စည်းထားသည်။ သို့ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာဘုရား တည်ထောင်ထားသော သာသနာတော်သည် နှစ်ပေါင်း ၂၅၅၀ ကျော် သက်တမ်းကို ကြံ့ကြံ့ခံ လျှောက်လှမ်းနိုင်နေခြင်း ဖြစ်သည်။
ဖခင်စိတ်တို့၏ စွမ်းအားများဖြင့်လည်းကောင်း၊ မိခင်စိတ်တို့၏ စွမ်းအားများဖြင့်လည်းကောင်း စိတ်ဓာတ်ကိုယ်စီဖြင့် အားမာန်ပြုသွားမည် ဆိုလျှင် ဤကမ္ဘာကြီးတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်ပြီး ဆက်လက် တည်တံ့နေဦးမည်မှာ သက်သေပြစရာ လိုအံ့မည်မထင်တော့ပေ…..
Posted by nyanadipa

စက္ကန့်တိုင်း ဖြည့်ကျင့်နေရမည့် ပါရမီ



စက္ကန့်တိုင်း ဖြည့်ကျင့်နေရမည့် ပါရမီ

ပါရမီဆိုသည်မှာ အဘယ်နည်း။ ဆရာတော်အရှင်ဆန္ဒာဓိက တရားတော်မှ ဆရာတော် ဟောကြားသည့်အတိုင်း ပါရမီအဓိပ္ပါယ်ကို ဖွင့်ဆိုပြရပါလျှင်- `ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ် သူအဖြစ် ပို့ဆောင်ဖန်တီးနိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ တစ်ဖက် ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊ ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့တရား´ဟူ၍ ဖြစ်ပါသည်။

မြင့်မြတ်သူတွေကတော့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက၊ ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ လိုချင်တပ်မက် စွဲလန်းခြင်းဟူသော တဏှာမရှိတော့ခြင်း၊ သေခြင်းတည်းဟူသော အဆင်းရဲဆုံးဒုက္ခမှ ရုန်းထွက်နိုင်သည့် ၀ိဇ္ဇာဉာဏ်ကို ပိုင်ဆိုင်သွားခြင်းကြောင့် မြင့်မြတ်သူစင်စစ် ဖြစ်သွားတော့၏။ ထိုသို့ မြင့်မြတ်သူတွေက သတ္တ၀ါတို့ ဆင်းရဲ ကြောင်းကို မတွေးတော မကြံစည်တော့ခြင်း၊ ချမ်းသာပွါးကြောင်းကိုသာ ရည်သန်သောစိတ်ဖြင့် ပြုမူပြောဆိုနေထိုင် သွားတော့၏။ လိုချင်တပ်မက်ခြင်း တဏှာမရှိတော့သောကြောင့် မြင့်မြတ်သူတို့ပြုလုပ်သော ကောင်းမှုတရားတို့သည် မိမိအတွက် သံသရာကောင်းကျိုး ဖြစ်စေရန်မဟုတ်ဘဲ သတ္တ၀ါအများ ချမ်းသာပွါးကြောင်း အတွက်သာ ပြုမူနေထိုင်တော့သည်ဖြစ်၍ မြင့်မြတ်သောအလုပ်ဟူ၍ နားလည်မိပါသည်။

ဘုရားရှင်မှတစ်ပါး အခြားသော မြင့်မြတ်သူတို့အနေဖြင့် သတ္တ၀ါတို့ချမ်းသာပွါးကြောင်းကို ရည်သန်သောစိတ်ဖြင့် လုပ်သော်လည်း ဘုရားရှင်ကဲ့သို့ အကုန်အစင်သိမြင်တော်မူသည့် သဗ္ဗညုတဉာဏ် မရှိသဖြင့် သတ္တ၀ါတို့၏ ဣနြေ္ဒ အနုအရင့်နှင့် အလေ့အကျက်များသော ပါရမီကို မသိနိုင်၍ ပါရမီရင့်ကျက်ပြီးသူကိုပင် စရိုက်နှင့် ကမ္မဋ္ဌာန်း ညီညွတ်အောင် မပေးနိုင်ခြင်း၊ ဈာန်ဝင်စားနေသည့်အခါ၌သာ တင့်တယ်တောက်ပခြင်း၊ ၀ါသနာနှင့် စရိုက်ကို ဘုရားရှင်ကဲ့သို့ အကြွင်းမကျန် ပယ်သတ်တော် မမူနိုင်ခြင်း အစရှိသည့် ဆိုင်ရာ ပုဂ္ဂိုလ်အလိုက် အားနည်းချက်များ ရှိကြပေသည်။ ဘုရားရှင်မဟုတ်သည် ဖြစ်ခြင်းကြောင့် အကုန်အစင် ဖြောင့်မတ်မှန်ကန်စွာ မသိနိုင်၊ မဆင်ခြင်နိုင်ခြင်းဖြစ်၏။

ရဟန္တာမှန်လျှင် သူတစ်ပါးစိတ်အကြံကို သိနိုင်ခြင်းမျိုး မဟုတ်ပါပေ။ သူတစ်ပါးစိတ်အကြံကို မသိနိုင်သော ရဟန္တာပုဂ္ဂိုလ် များလည်း ရှိကြ၏။ သူတစ်ပါးစိတ်အကြံကို သိခြင်း၊ အသွင် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊ နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်နှင့် မပြည့်စုံခြင်း စသဖြင့် အရည်အချင်းအမျိုးမျိုးတို့ ပုဂ္ဂိုလ်တစ်ဦး နှင့်တစ်ဦး မတူညီဘဲ ကွဲပြားနေကြခြင်းမှာ ဖြည့်ကျင့်ခဲ့ကြသည့် ပါရမီချင်း မတူညီ၍ဖြစ်၏။

အလောင်းတော်ကြီးများဖြစ်ကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကလောင်းများသည် ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ကြပြီးနောက် ပါရမီ ပြည့်သည့်အခါ ကိုယ်လုပ်ခဲ့သည့် အလုပ်တန်ဘိုး ပြန်၍ ကိုယ်အကျိုး ခံစားကြရခြင်းပင်ဖြစ်၏။ ဘုရားရှင်လက်ထက် တစ်နေ့သ၌ ဘုရားရှင်က အဂ္ဂသာဝက လက်ယာရံနှင့် လက်ဝဲရံအဖြစ် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးတို့ကို ပေးအပ်လိုက်ရာ အခြားသော ရဟန်းတော်များ အနေ ဖြင့် ပဉ္စ၀ဂ္ဂီငါးဦးထဲမှ အရှင်မြတ်တွေကို ပေးသင့်ကြောင်း တွေးထင်ကြကုန်၏။ ထိုအခါ ဘုရားရှင်က ကိုယ်ဖြည့်ထားသည့် ပါရမီတွေအတိုင်း ကိုယ်ရရှိ ကြတာဖြစ်ကြောင်း ဟောကြားရပေသည်။ ပါရမီနောက်ကြောင်းတို့ကိုလည်း ပြန်လည် ဟောကြား၍ မိမိအလိုရှိရာဆုအတိုင်း ဖြည့်ကျင့်ခဲ့ကြပြီးနောက် ပြည့်သည့်အတိုင်း ဧတဒက်ဘွဲ့ များပေးအပ်သည်ကို ရှင်းပြတော်မူပေသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ တွေဝေမိုက်မဲ ခြင်းတည်းဟူသော အဂတိလေးပါး ကင်းစင်တော်မူသော ဘုရားရှင်အနေဖြင့် မည်သူမည်ဝါ ဟူ၍ ဘက်လိုက်ပေးခြင်းမျိုးမဟုတ်ပေ။

ထို့ကြောင့် ပါရမီဆိုတာ ကိုယ်လုပ်သည့်လုပ်အားဖြစ်ပြီး လုပ်အားခကိုလည်း ကိုယ်သာလျှင် ပိုင်ဆိုင်ခွင့်ရှိသကဲ့သို့ မြင့်မြတ် သူဖြစ်ကြောင်းအလုပ်ကို နားလည်နိုင်ပါသည်။ မြင့်မြတ်သွား တာက လုပ်အားခ၊ မြင့်မြတ်အောင် ပြုမူကျင့်ကြံနေထိုင်ခဲ့တာ က လုပ်အားပင်ဖြစ်သည်။ မိမိ အလိုရှိရာ ရည်မှန်းချက်အတိုင်း ကြိုးစားအားထုတ်ကြရခြင်းဖြစ်၏။ လိုချင်ယုံ သက်သက် ဖြင့်ကား မရနိုင်ပေ။ လိုချင်သည့်အတိုင်းလည်း ကြိုးစားအားထုတ်ရမည့် ပါရမီ အလုပ်တို့ကို ဘ၀များစွာ ဉာဏ်၊ ၀ီရိယ အရင်းတည်၍ ကြိုးစားအားထုတ်ကြရပါမည်။

နိဗ္ဗာန်ရောက်ကြောင်း ဖြည့်ကျင့်ရမည့်ပါရမီအလုပ်တို့မှာ (၁၀)ပါးရှိကြ၏။

(၁) ဒါနပါရမီ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။

(၂) သီလပါရမီ = ကိုယ်နှုတ်တို့၌ အပြစ်မဖြစ်ရအောင် ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တို့ကို လုံခြုံစွာ ထိန်းသိမ်းစောင့် ရှောက်ခြင်း။

(၃) နေက္ခမ္မပါရမီ = ကိလေသာတို့ဖြင့် မွေ့လျော်ခြင်းကို စွန့်ခွါပြီး ကိလေသာမဖြစ်အောင် ကျင့်ကြံအားထုတ်ခြင်း (ကိလေသာတောမှ ထွက်ခြင်း)။

(၄) ပညာပါရမီ = အပြစ်ကင်းသော အသိပညာ၊ အတတ်ပညာတို့ကို လေ့လာဆည်းပူးခြင်း၊ သင်ကြားပို့ချပေးခြင်း။

(၅) ၀ီရိယပါရမီ = အပြစ်ကင်းသောအလုပ်၊ အများချမ်းသာရေးအလုပ်တို့ကို မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။

(၆) ခန္တီပါရမီ = အချမ်းအပူဒဏ်၊ ဆင်းရဲပင်ပန်းဒဏ်နှင့် သူတစ်ပါးတို့က ထိပါးနှိပ်စက်လာ သည်ကို သည်းခံခြင်း။

(၇) သစ္စာပါရမီ = မှန်ကန်ရိုးဖြောင့်စွာ နေထိုင်ကျင့်သုံးပြောဆိုခြင်း။

(၈) အဓိဋ္ဌာန်ပါရမီ = ကောင်းမြတ်သောအလုပ်တို့ကို မည်သည့်အနှောက်အယှက်တို့နှင့် တွေ့တွေ့ နောက်မဆုတ်ဘဲ စိတ်ဓာတ်ခိုင်မာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း။

(၉) မေတ္တာပါရမီ = သတ္တ၀ါအားလုံးအပေါ်၌ အကျိုးလိုလားသောစိတ်ရှိခြင်း။

(၁၀) ဥပေက္ခာပါရမီ = အကောင်းအဆိုး လောကဓံအမျိုးမျိုးနှင့်တွေ့သော်လည်း တပ်မက် ခြင်း၊ စိတ်ဆိုးခြင်းမဖြစ်ဘဲ တည်ငြိမ်လေးနက်စွာ နှလုံးသွင်းဆင်ခြင်ခြင်း။ ဟူ၍ (၁၀)ပါးရှိလေ သည်။

ဗောဓိသတ္တ အလောင်းတော်ကြီးများသည် ထို(၁၀)ပါးတို့တွင် တစ်ပါးတစ်ပါး၌ ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီဟု သုံးမျိုးစီရှိရာ ပေါင်းလျှင် အပါးသုံးဆယ် ဖြည့်ကျင့်တော် မူလေသည်။ ဥပမာ- ဒါနပါရမီ၌

* - ရွှေငွေစသော ပြင်ပ ဗဟိဒ္ဓပစ္စည်းများကို လှူဒါန်းလျှင် ဒါနပါရမီ။

* - လက်၊ ခြေ၊ မျက်စိစသော အင်္ဂါအစိတ်အပိုင်းတို့ကို လှူဒါန်းလျှင် ဒါနဥပပါရမီ။

* - အသက်ကို ပေးလှူလျှင် ဒါနပရမတ္ထပါရမီ။

ဟု သုံးမျိုးရှိသည်။ ဤသို့ဖြင့် ပါရမီ (၁၀)ပါး အပြားသုံးဆယ်အားဖြင့် ဖြည့်ကျင့်တော်မူကြခြင်း ဖြစ်ပါသည်။

သမ္မာသမ္ဗောဓိသတ္တ(ဘုရားအလောင်း)များသည် အချို့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (ပညာဓိက ဘုရားအလောင်း)၊ အချို့ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သဒ္ဓါဓိကဘုရားအလောင်း)၊ အချို့ ဆယ့်ခြောက်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း (၀ီရိယဓိကဘုရားအလောင်း) တိုင်တိုင် ပါရမီဖြည့်ကြရသည်။ ပစ္စေကဗောဓိသတ္တ(ပစ္စေကဗုဒ္ဓအလောင်း) တို့သည် နှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့သော အဂ္ဂသာဝကအလောင်းတို့သည် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အရှင်မဟာကဿပ စသည်တို့ကဲ့သို့သော မဟာသာဝကအလောင်းတို့သည် ကမ္ဘာ တစ်သိန်းတိုင်တိုင် ပါရမီ ဖြည့်ကျင့်ကြရပေသည်။

ပကတိသာဝကများမှာမူ အချိန်ကန့်သတ်ချက်မရှိကြပေ။ ကမ္ဘာပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ ပါရမီ ဖြည့်ကျင့် ကြရပေသည်။ တစ်ဘ၀၊ နှစ်ဘ၀ ပါရမီဖြည့်ကျင့်ရုံဖြင့်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို မရနိုင်သေးပေ။ တစ်ဘ၀၊ နှစ်ဘ၀မျှ ပါရမီဖြည့်ကျင့်ရုံဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဆိုသောစကားသည် ကျေးဇူးရှင်လယ်တီဆရာတော် ဘုရားကြီး အဆိုအတိုင်း ဖော်ပြရလျှင် `အဖိုးအဆုံးအစမရှိသော စကြာမင်း၏ ပတ္တမြားရတနာကို ဖွဲတစ်ဆုပ် ခန့်ဖြင့်သာ ၀ယ်ယူခြင်းနှင့် တူရာသည်။´ဟု ဆိုရပေမည်။

`နိဗ္ဗာန်ရောက်ဖို့ ပါရမီဆိုတာ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့် ရတာပါလား၊ ဒီတစ်ဘ၀ လောက် ဘုရားသာသနာနဲ့ ကြုံတွေ့ရုံမျှဖြင့် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်တန်ရာ´ အစရှိသဖြင့် စိတ်ပျက်အားလျှော့သွားရန် မသင့်ပေ။ မိမိ ဖြည့်ကျင့်ခဲ့သည့် ပါရမီကုသိုလ်ထူး များ မည်မျှဖြည့်ကျင့်ခဲ့ကြောင်းကို မသိနိုင်သဖြင့် ယခုလို သာသနာတော်ကြီး နှင့်တွေ့တုန်း နိဗ္ဗာန်ရောက်ရန် ပါရမီကုသိုလ်အလုပ်တို့ကို နေ့စဉ်ကြိုးကုတ် အားထုတ်သွားရမည်ဖြစ်သည်။ ဥပမာ ဆိုရသော် မိမိက အရင်ဘ၀များစွာ၌ ပါရမီတရားတို့ကို ပြည့်လုနီးပါး ဆည်းပူးခဲ့ပါလျှင် ယခုဆက်လက်ဖြည့်နေပါက စရိုက်နှင့်ကမ္မဋ္ဌာန်း သင့်လျော်သွားချိန်တွင် ချက်ချင်းပြည့်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်၏။

`မိုးရွာတုန်းရေခံ´ဆိုသည့်အတိုင်း ယခုကဲ့သို့ ဘုရားရှင်၏သာသနာတော်ကြီးနှင့် တွေ့ကြုံနေခိုက်တွင် တရားမိုးများ ရွာသွန်းနေတုန်း၊ ရေခံဆိုသည့် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်မှန်များ အားထုတ်ကြရန် အရေးကြီးပေသည်။ အားလုံး၌ မိုးဥတုကာလအတွင်း မိုးရေခံရန် အုတ်ကန်ကြီး တစ်ခုစီရှိကြ၏။ ထိုအုတ်ကန်ကြီးအတွင်း ရေများပြည့်ရန်အတွက် ကိုယ်တိုင် ဖြည့်ကြရမည်ဖြစ်သည်။ တစ်ခြားတစ်ယောက်က ဖြည့်ပေးလို့မရပါ။ သို့သော် တစ်ခြားသူများက `ဟေ့…မိုးတွေ ရွာနေတယ်၊ မိုးရွာတုန်း ရေခံကြ´ အစရှိသည်ဖြင့် တိုက်တွန်းနှိုးဆော်မှုကို တော့ အချင်းချင်း ကူညီပေးနိုင်ကြပေသည်။

ရွာနေသည့်မိုးကလည်း အားလုံးအတွက် ညီမျှစွာပင်။ မည်သူကိုဖြင့်ပို၍၊ မည်သူ့ကိုဖြင့်လျော့၍ ဘက်မလိုက်။ ရေခံတဲ့သူ ရနိုင်ရန်အတွက် ရွာနေခြင်းဖြစ်သည်။ ကိုယ်စီရှိကြသော အုတ်ကန် ကြီးတွင် ပြည့်သူတွေလည်း ရှိကြသည်။ မပြည့်သေး၍ ဆက်လက်ခံနေသူများလည်း ရှိကြသည်။ မခံဘဲ မှောက်ထားသူများလည်း ရှိ၏။ နောက်မိုးကျမှ ခံတော့မယ်ဆိုပြီး လက်ရှိမိုးရေကို မခံသေးဘဲ နေနေကြသူတွေများလည်း ရှိကြသည်။

မိုးဥတုသည်ကား သမ္မာသမ္ဗုဒ္ဓ ပွင့်ထွန်းပေါ်ပေါက်နေသည့် ဘုရားသာသနာတော်ကြီးနှင့်တူ၏။ အုတ်ကန်ကိုယ်စီ ရှိကြသူတွေကတော့ သံသရာခရီးသွား ဝေနေယျသတ္တ၀ါများဖြစ်ကြ၏။ မိုးရေခံလို့ ပြည့်သွားကြသူတွေကတော့ အရဟတ္တ မဂ်ဖိုလ်သို့တိုင် ကျင့်ကြံအားထုတ်ပြီး သူများကို ဆိုလိုပါသည်။ မိုးရေ မပြည့်သေး၍ ဆက်လက်ခံနေသူများကတော့ သတိ၊ ဉာဏ်၊ ၀ီရိယတို့ဖြင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှန်တရားများ ဖြည့်ကျင့်နေကြဆဲ (ပါရမီဖြည့်ကျင့် နေကြဆဲ) ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြသည်။ မိုးရေမခံဘဲ နေနေကြသူတွေကတော့ သတိမေ့လျော့ ပေါ့ဆဆနှင့် အပျော်အပါးနောက် လိုက်နေကြသူတွေ၊ ဒုစရိုက်အမျိုးမျိုးကို ဂုဏ်ယူစွာ ပြုကျင့်နေကြသူတွေ၊ သေဘို့ရန် မေ့နေကြသူတွေ၊ အလောင်းကစား၊ အရက်သေစာ၊ မိန်းမ၊ မသမ္မာသောငွေရှာခြင်းတို့ဖြင့် အချိန်ဖြုန်းနေကြသူတွေ(ပါရမီဖြည့်ကျင့်ရန် မေ့လျော့နေကြသူတွေ) ပင်ဖြစ်သည်။ ယခုရွာသည့်မိုးကို သေသေချာချာမခံသေးဘဲ နောက်ထပ်ရွာမည့် မိုးကျမှ အစွမ်းရှိသမျှ အားအင်အပြည့်နဲ့ မိုးရေခံတော့မည်ဟူ၍ စောင့်နေသူများကတော့ မသေချာ မရေရာသည့်အရေး မျှော်တွေးလို့ ငေးမောနေသူများနှင့် တူလှပေသည်။

ဘုရားသာသနာတော်ကြီးသည် သမုဒ္ဒရာရေတစ်ပွက်ခန့်အချိန်မျှသာ ကြာပါသည်။ သာသနာပကာလများကတော့ ကမ္ဘာ ဘယ်နှစ်အသင်္ချေအနန္တ ကြားညောင်းလှ၏။ ဘုရားပွင့်ထွန်း ပေါ်ပေါက်သည့် ကမ္ဘာ၌ တစ်ဆူနှင့်တစ်ဆူအကြားကာလ သည်ပင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာရှိ၏။ ဘုရားပွင့်သည့် ကမ္ဘာပေါ်ပြီးပြန်လျှင်လည်း ဘုရား မပွင့်သော သုညကမ္ဘာများက များစွာဆက်တိုက်ဖြစ်၏။ ထိုသုညကမ္ဘာအတွင်း၌ နိဗ္ဗာန်ရောက်ရန် အမြန်အားထုတ်နိုင် သည့် မဂ္ဂင်တရား ဟောကြားနိုင်သည့် ဘုရားရှင်မပွင့်ထွန်းသဖြင့် ကိုယ်တိုင် သစ္စာသိမြင်နိုင်သော ပစ္စေကဘုရားငယ်မှတစ်ပါး မည်သူမျှ မကျင့်ကြံ၊ မပွါးများ၊ အားမထုတ် နိုင်ကြပေ။

ဘုရားရှင်သာသနာတော်နှင့် တွေ့ကြုံခိုက် ပါရမီဖြည့်ကျင့်ခြင်းသည် နိဗ္ဗာန်ရောက်ရန် နီးသော အကြောင်းဖြင့် ကျင့်နိုင်၏။ အကြောင်းမူ မဂ္ဂင်ရှစ်ပါး မြတ်တရားကို သိရှိခွင့်ရသော ကြောင့်ဖြစ်၏။ ဒါနပြုကလည်း မဂ္ဂင်တရားနှင့်၊ သီလဆောက်တည်ကလည်း မဂ္ဂင်တရားနှင့် ပါရမီ(၁၀)ပါးလုံးကို မဂ္ဂင်တရားနှင့် တွဲပြီး ကျင့်ကြံနိုင်သောကြောင့် မိုးဥတုအတွင်း ရေဖြည့်ရာ ၌ လွယ်လင့်တကူ အမြန်ပြည့်နိုင်သကဲ့သို့ဖြစ်ပါသည်။ မိုးကုန်မှ ရေရှာရာ၌ လွန်စွာပင်ပန်းခံနိုင် သောအလောင်းတော်ကြီးများကဲ့သို့ ဇွဲလုံ့လ၀ီရိယတရား ပြင်းပြင်းထန်ထန် အားထုတ်နိုင်သူများသာလျှင် ပြင်းထန်သော သဒ္ဓါတရားရှိသောကြောင့် တစိုက်မတ်မတ်၊ စဉ်ဆက်မပြတ် အားထုတ်နိုင်ကြ၏။ သို့ကြောင့်လည်း ကာလသတ်မှတ်ချက် အတိအကျဖြင့် ပန်းတိုင်သို့ ရောက်နိုင်ကြခြင်းဖြစ်ပေမည်။

ပကတိသာဝကဖြည့်ကျင့်သူများကတော့ ပါရမီ ဖြည့်ကျင့်ရန် ကာလ အတိအကျ မရှိကြပေ။ အတိအကျရှိတာမဟုတ်ဟု သိသဖြင့် `ဖြည့်မနေဲ့၊ အချိန်တန်တော့ နိဗ္ဗာန်ရောက်လိမ့်´ဟူ၍ အယူမှားမသွားစေနှင့်။ စဉ်ဆက်မပြတ် အားထုတ် ခဲ့ခြင်းမျိုးမဟုတ်ဘဲ သတိတရားဖြစ်က ဖြည့်ကျင့်လိုက်၊ မေ့လျော့က မဖြည့်ကျင့်မိဘဲ လမ်းလွဲသွားလိုက်ဖြင့် ရှိနေတတ် သောကြောင့် အချိန်ကာလ အတိအကျမရှိခြင်း ဖြစ်နိုင်ပါသည်။ ဘုရားရှင်လက်ထက်က ပကတိသာဝကတို့ကို ဖော်ပြရလျှင် အရှင်ဗေလဋ္ဌသီသမှာ ကမ္ဘာတစ်သိန်းတိုင်တိုင်လည်းကောင်း၊ ဓမ္မရုစိမထေရ် ဆိုလျှင် ကြားကာလ၌ ပဉ္စာနန္တရိယကံကျူးလွန်မိသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင်လည်းကောင်း ပါရမီ ဖြည့်ကျင့်ခဲ့ကြရပေ သည်။

ပါရမီဖြည့်ကျင့်ရန်အတွက် ဉာဏ်နှင့် ၀ီရိယတို့ စဉ်ဆက်မပြတ်ရှိနေကြရန်လိုအပ်ပါသည်။ ဉာဏ်ဖြင့် မဆင်ခြင်ပဲ အမှားလမ်းလည်း မလိုက်မိစေနှင့်၊ ၀ီရိယမထုတ်ဘဲ အပျင်းထူ၍လည်း မနေသင့်။ ဖြည့်နေသူတို့အတွက် ပြည့်ဘို့ရန် ရောက်လာမှာက မလွဲဧကန်ပင်။ သတိဉာဏ်ကပျော့ ၀ီရိယတွေကလျော့နေရင်သာ ပါရမီပြည့်ရန်ဆဲ နိဗ္ဗာန်ဝင်ရန်လွဲနေ မည်သာဖြစ်၏။

သင်ခန်းစာယူနိုင်ရန် သာဓကတို့ကို ထုတ်ပြလိုပါသည်။ ဘုရားရှင်လက်ထက်က ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးသား နှင့် ထိုမျှပင်ချမ်းသာသော သူဌေးသမီးတို့ကို မိဘများက ထိမ်းမြားလက်ဆက် ပေါင်းဖက်ပေးခဲ့ကြသည်။ ထိုသူနှစ်ဦးတို့ သည် ရှေးဘ၀များစွာက ပါရမီ ကုသိုလ်တရားတို့ ဆည်းပူးခဲ့ကြသူများ ဖြစ်ကြပေသည်။ ထို့ကြောင့် ယခုတဖန်လည်း ဘုရားရှင်သာသနာနှင့် ကြုံတွေ့နေခိုက် ပထမအရွယ်မှာ ပါရမီကုသိုလ်အားထုတ်ကြပါလျှင် ယောက်ျားက ရဟန္တာ၊ မိန်းမက အနာဂါမ်ဖြစ်နိုင်မည့် ပါရမီတို့ ပါခဲ့ကြ၏။ ဒုတိယအရွယ်မှာ အားထုတ်ကြပါလျှင် ယောက်ျားက အနာဂါမ်၊ မိန်းမက သကဒါဂါမ်၊ တတိယအရွယ်မှာ အားထုတ်ကြပါက ယောက်ျားက သကဒါဂါမ်၊ မိန်းမက သောတာပန်တည်ကြမည်ဖြစ်သော် လည်း စတုတ္ထအရွယ်သို့တိုင် ရောက်ခဲ့ချိန်မှာတော့ တောင်မွေးတောင် အနိုင်နိုင်ဆွဲကာ ခွက်လက်ဆွဲ တောင်းစားရသည့် အခြေအနေသို့ ရောက်သွားသောကြောင့် ဉာဏ်ကလည်း မရှိတော့၊ ၀ီရိယကလည်း ခွန်အားတွေ မပြည့်ဝတော့သည့် အတွက် ပါရမီပြည့်အောင် မဖြည့်ဆည်းနိုင်ကြဘဲ မြင့်မြတ်သည့်အဖြစ်ကို လက်လွှတ်ဆုံးရှုံးရရှာလေသည်။

ဘုရားရှင်လက်ထက် ပုဏ္ဏားတစ်ဦးမှာလည်း အနည်းငယ်သောအချိန်ကာလမျှ ဉာဏ်၊ ၀ီရိယ စိုက်ထုတ်လိုက်ပါလျှင် သောတာပန်တည်နိုင်သည့် ပါရမီတွေ ရှိခဲ့ပါသော်လည်း မဖြည့်ဆည်း လိုက်မိသောကြောင့် ပါရမီပြည့်ဘို့ အလှမ်းဝေသွား ရရှာခဲ့ပြန်သည်။ အကြောင်းမှာ- ထိုပုဏ္ဏား သည် ဘုရားရှင်ဟောကြားလိုသည့် တရားတော်ကို အကျယ်တ၀င့်နာကြားမှ သောတာပန်တည်နိုင်မည့် ပါရမီရှိသော်လည်း မကျဉ်းမကျယ်မျှသာ နာကြားပြီး အိမ်မှုကိစ္စနောက်ဆန် တင်းကာ ပြန်သွား သည့်အတွက်ကြောင့် မြင့်မြတ်သူဖြစ်ဖို့အရေး ဝေးသွားရရှာလေသည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရာ၌ ဉာဏ်နှင့် ၀ီရိယတို့ စဉ်ဆက်မပြတ် ရှိနေရန် အရေးကြီးကြောင်း နားလည်မိပါသည်။

နိဗ္ဗာန်ရောက်ရန် ပါရမီဖြည့်ကျင့်ရာ၌ စက္ကန့်ပိုင်းမျှ လိုနေသည် ဖြစ်လင့်ကစား ထိုကာလမျှသော အချိန်သည် လွန်စွာ အရေးကြီးလှ၏။ ထိုအချိန်၌ အားလျှော့မိပါလျှင် နိဗ္ဗာန်နှင့် ဝေးသွား နိုင်ပေသည်။ ပါရမီပြည့်ရန်လိုနေသည့် ကြားကာလ အတွင်း၌ မအိပ်မစား မည်မျှပင် အားထုတ်သော်လည်း မရနိုင်ဘဲ ရှိနေတတ်သည်။ ပါရမီ၏သဘောမှာ မည်မျှနက်နဲ ကျယ်ဝန်း လိုက်ပါသနည်း။

ပုဂ္ဂိုလ်တစ်ဦး၏ ပါရမီရင့်ကျက်ချိန်တန်ပြီ၊ ပါရမီရက်ကျက်ချိန် မတန်သေးသည်ကို ဘုရားရှင်သာလျှင် သိတော်မူလေ သည်။ ဘုရားရှင်လက်ထက်က ဒါရုစိပုရိဗိုက်ကြီးသည် ဘုရားရှင်အား တွေ့လိုဇောဖြင့် တစ်ညတာခရီးကို မနားတမ်း လာခဲ့ရာ နံနက်မိုးသောက် အလင်းရောက်ချိန်တွင် ဘုရားရှင်ရှိရာကျောင်းသို့ရောက်၏။ ထိုအချိန်တွင် ဘုရားရှင်က နောက်ပါရဟန်းတော်များနှင့်အတူ ဆွမ်းခံကြွနေသောကြောင့် ဒါရုစိပုရိဗိုက်ကြီးက ဘုရားရှင်ဆွမ်းခံသွားရာနောက်သို့ လိုက်လေ၏။ ဘုရားရှင်ကို တွေ့သောအခါတွင်-

ပုရိဗိုက်။ ။`မြတ်စွာဘုရား၊ တပည့်တော်အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဟောကြားတော်မူပါဘုရား။´

ဘုရားရှင်။ ။`ချစ်သား၊ တရားဟောချိန် မတန်သေးပေ၊ ဆိုင်းငံ့ဦး။´

ထိုသို့ သုံးကြိမ်တိုင်အောင် တရားတောင်းရာ ဘုရားရှင်ကလည်း သုံးကြိမ်တိုင်တိုင်ပင် ဆိုင်းငံ့ ခိုင်းလေသည်။ နောက်ဆုံး၌ ပုရိဗိုက်ကြီးက- `အရှင်ဘုရား၊ တပည့်တော်လည်း ဘယ်အချိန်သေရမည် မသိပါ၊ အရှင်ဘုရားကလည်း ဘယ်အချိန် ပရိနိဗ္ဗာန်စံဝင်မည် မသိနိုင်ပါ။ တပည့်တော်အား သနားငဲ့ညှာတော်မူပြီး တရားဟောကြားပေးတော်မူပါဘုရား´ ဟူ၍ လျှောက်သောအခါတွင် ဗုဒ္ဓမြတ်စွာသည် ပုရိဗိုက်ကြီး၏ ပါရမီရင့်ကျက်ချိန်တန်သည်ကို သိတော်မူသဖြင့် လေးပါဒမျှ သာရှိသော တရားတော်ကို ဟောကြားလိုက်ရာ တရားအဆုံးမှာပင် ဒါရုစိပုရိဗိုက်ကြီး ရဟန္တာဖြစ်တော်မူလေသည်။

ထိုဝတ္ထု၌ သတ္တ၀ါအပေါင်းတို့ကို မဟာကရုဏာထားတော်မူသော မြတ်စွာဘုရားအနေဖြင့် တရားတောင်းနေသူကို ချက်ချင်းတရားမဟောဘဲ ဆိုင်းငံ့ခိုင်းနေခြင်းသည် တရားမဟောချင်၍ မဟုတ်ပေ။ ၎င်း၏ ပါရမီရင့်ကျက်ချိန်ကို စောင့်နေ သည်ဖြစ်ခြင်းကြောင့် ဟောချိန်မတန်သေးဟူ၍ ပါရမီမရင့်ကျက်သေးမှီ ကြားကာလအတွင်း တားနေခြင်းမျှသာ ဖြစ်ပေသည်။ ပါရမီ ရင့်ကျက်ချိန်လည်းရောက်ရော ၎င်း၏ ဖြည့်ကျင့်ခဲ့သည့် ပါရမီကုသိုလ်အလေ့နှင့် ကိုက်ညီသော တရားကို အံဝင်ခွင်ကျဖြစ်အောင် ဟောကြားတော်မူလိုက်သဖြင့် ခဏအတွင်းပင် ဒါရုစိပုရိဗိုက်ကြီး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူရခြင်းဖြစ်ပေသည်။

မဟာသာဝကကြီးဖြစ်သည့် အရှင်အာနန္ဒာမထေရ်မြတ်သည်လည်း ဘုရားရှင်နှင့် အချိန်တိုင်း အနီးကပ်နေရ၊ ဘုရားရှင် ဟောထားသမျှသော တရားတော်တိုင်းကို ပြန်လည်နာကြားရ၊ နှုတ်၌ပင် တစ်လုံးမကျန် အာဂုံဆောင်နိုင်ရငြားသော်လည်း အရဟတ္တဖိုလ်သို့ မဆိုက်ရောက်နိုင်ဘဲ သောတာပန်အဖြစ်နှင့်သာ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးသည့်နောက် သုံးလတိုင်ပင် နေခဲ့ရလေသည်။ ဇွဲနပဲကြီးစွာ အားထုတ်သော်လည်း မရခဲ့။ ပထမအကြိမ် သံဃာယနာတင်မည့် တစ်ရက်အလိုကျမှသာ ရဟန္တာဖြစ်တော်မူလေသည်။

ထို့ကြောင့် ပါရမီဖြည့်ကျင့်ရာ၌ ဖြည့်ကျင့်နေရမည့်အလုပ်က ကိုယ့်အလုပ်၊ ပြည့်သွားမှာက ဓမ္မအလုပ်ဟူ၍ ခွဲခြားစွာ သိထားသင့်ပေသည်။ သာဝကဉာဏ်အရာမှာ ပါရမီလိုသည်၊ သာဝက ဉာဏ်အရာမှာ ပါရမီမလိုဘူးဟူ၍ ငြင်းခုန်ပြီးလည်း မနေနှင့်။ သတ္တ၀ါတိုင်းအတွက် နိဗ္ဗာန်ရောက်ရန် ပါရမီကုသိုလ်အားမထုတ်ဘဲ ရောက်ရိုးထုံးစံမရှိဟူ၍သာ တစ်ထစ်ချမှတ် ယူ၊ ဖြည့်ကျင့်သူတို့သာလျှင် အလိုရှိရာရောက်နိုင်ပါမည်။ ဥပမာ- မသွားဘဲထိုင်နေလျှင် ခရီးမတွင် သကဲ့သို့ဖြစ်ချေသည်။ စက္ကန့်တိုင်းသွားနေက စက္ကန့်တိုင်း ခရီးတွင်နေမည်။ ယခုလို ဘုရားသာသနာအတွင်း ဖြည့်ကျင့်ခွင့်ရသည့် ပါရမီကုသိုလ် ထူးများမှာ အချိန်တိုင်း စိန်စီထား သောစက္ကန်းများဟူ၍ တန်ဘိုးထားရမည့် အချိန်တို့ပင် ဖြစ်ပေသည်။

သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။ စက္ကန့်တိုင်း ပါရမီကုသိုလ် တရားများ ဖြည့်ကျင့်ဆည်းပူး အားထုတ်နိုင်ကြပါစေ။


by ထွန်းထွန်းလှိုင်@mmtheravada.org

Wednesday, June 29, 2011

အနေတတ်အောင် နေကြစို့

လူဆိုတာ ကုသိုလ်အရှိန်ကြောင့် လူ့ဘ၀ကို ရောက်လာတော့ ကုသိုလ်အရှိန်နဲ့ နေပြီး, ကုသိုလ်အဟုန်နဲ့ပဲ ရှေ့ဆက်သွားနိုင်အောင် ကြိုးစားရမှာပါ။ လာတုန်ကလည်း ကုသိုလ်နဲ့, နေတော့လည်း ကုသိုလ်နဲ့, ပြန်တော့လည်း ကုသိုလ်အထုတ်နဲ့ပဲ ပြန်နိုင်အောင် ကြိုးစားရမှာပါ။ ဒါကြောင့် လူ့ဘ၀ရဲ့ အဓိကတာဝန်က ကုသိုလ်တရား နေ့စဉ်/ နေစဉ် တိုးပွားရေး တစ်ခုတည်းပါ။ ကိုယ်တိုင်လည်း နေ့စဉ်/နေစဉ် ကုသိုလ်ရရှိတိုးပွားအောင် ရတဲ့နည်းနဲ့ ကြိုးစားနေရပါမယ်။
ပတ်ဝန်းကျင်လက်လှမ်းမှီသလောက်ကိုလည်း ကုသိုလ်ရရှိတိုးပွားအောင် ကူညီပေးနေရပါမယ်။ သူ့ကြောင့်လည်း ကိုယ့်မှာ ကုသိုလ်ရရမယ်၊ ကိုယ့်ကြောင့်လည်း သူ့မှာ ကုသိုလ် ရရမယ်။ ဒါမှ လူ့တာဝန်ကျေတဲ့ လူလို့ခေါ်နိုင်မှာပါ။
လူဆိုတာ ဘယ်တာဝန်တွေ ဘယ်လောက်ပဲ ကျေကျေ ကုသိုလ်တာဝန်မကျေရင်တော့ စိတ်အေးရမှာ မဟုတ်ပါပေ။ အဲဒီလို တာဝန်မကျေကြရင်တော့ “ပဋာစာရီအမျိုးသမီး - ရဟန္တာမကြီး မဖြစ်ခင် အဖြစ်မျိုးနှင့်သာ နေ့စဉ် ဖြတ်ကျော်နေရပါလိမ့်မယ်။ သားကြောင့် ပူပန်ရ, ငိုကြွေးရ၊ ဆွေမျိုးကြောင့် ပူပန်, ငိုကြွေးရနဲ့။
ကုသိုလ်တာဝန်ကျေမှပဲ တကယ်စိတ်အေးရမှာပါ။ တာဝန်ကျေအောင် ထမ်းဆောင်နိုင်ဖို့ အသိဉာဏ် အရည်အချင်းရအောင် တရားစာများကို ဖတ်ရှု, နာယူ သင်ကြားလေ့လာရပါမယ်။ သိအောင်လုပ်မယ်, ကြိုးစားမယ်ဆိုတဲ့ အသိတရား အမြဲတမ်းထားရှိရပါမယ်။ နောက်... ရထားတဲ့ အသိဉာဏ်ကို လက်တွေ့ လုပ်ငန်းခွင်ထဲမှာ အံဝင်ခွင်ကျ ထည့်သွင်း အသုံးချတတ်ရပါမယ်။
“လူဆိုတာ ကုသိုလ်တာဝန် ထမ်းဆောင်ရမယ်”လို့ ပြောတာက တစ်ဖက်က အကုသိုလ် ရှိနေလို့ ဖြစ်ပါတယ်။ ပြီးတော့ ဆင်းရဲစရာတွေကလည်း များစွာ ရှိနေလို့ ဖြစ်ပါတယ်။ ချုံငုံပြောရရင် တစ်ဖက်က အပူနှင့်ဆင်းရဲ ရှိနေလို့ ဖြစ်ပါတယ်။ တစ်ဖက်က အကုသိုလ်နှင့် ဆင်းရဲရှိနေတာကို တကယ် သိရှိနားလည်ဖို့, အကုသိုလ်ကို ဖြတ်ကျော် အနိုင်ယူဖို့, ဆင်းရဲ့ကို လွှမ်းမိုးနိုင်ဖို့, ကိုယ့်အရှိန်ထဲက ကုသိုလ်ကို နည်းမှန်လမ်းမှန်ဆွဲယူတတ်ဖို့ ကျွမ်းကျင်တဲ့ တရားအသိဉာဏ်က အထူးလိုအပ်ပါတယ်။
လောကဥပမာနဲ့ဆိုရင်... တိပိဋကဓရယောဆရာတော်ဘုရားကြီး မကြာမကြာ မိန့်ကြားလေးရှိတဲ့... လောကဘောလုံးပွဲလိုပါဘဲ။ လောကဘောလုံးပွဲတစ်ပွဲဟာ တစ်သင်းတည်းနဲ့ ပွဲမဖြစ်ပါဘူး။ နှစ်သင်းရှိမှ ပွဲဖြစ်ပါတယ်။ နှစ်သင်း စလုံးရဲ့ တာဝန်က တစ်ဖက်အသင်းကို အနိုင်ယူဖို့ပါပဲ။ အနိုင်ယူနည်းကို ပွဲမကစားခင်ကတည်းက လေ့လာသင်ယူ ကျင့်ထားရပါတယ်။
အဲဒါမျိုးလိုပါပဲ... တစ်ဖက်မှာရှိနေတဲ့ အကုသိုလ်ကို အနိုင်ယူနိုင်မှ လူ့တာဝန်ကျေမယ်၊ မိမိ...လာကန်ရတဲ့ မိမိဘ၀ဘောလုံးပွဲလည်း အနိုင်ပိုင်းကာ ပြန်နိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အကုသိုလ်ကနိုင်သွားပြီး အရှုံး အငိုနဲ့ ပြန်ရပါလိမ့်မယ်။
မိမိတို့နေ့စဉ် စားဝတ်နေရေး ကျမ်းမာရေးတာဝန်ထမ်းဆောင်တဲ့အခါ ရုပ်ရဲ့ တာဝန်မျှသာ မကပဲ နာမ်နှင့်ဆိုင်ရာ (ခံစားမှု-ဝေဒနာက္ခန္ဓာ, မှတ်သားမှု-သညာက္ခန္ဓာ, ပြုပြင်ရမှု- သင်္ခါရက္ခန္ဓာ, သိမှုသဘော-၀ိညာဏက္ခန္ဓာ) ခန္ဓာ -၄-ပါးရဲ့ တာဝန်ကိုပါ ကျေပြွန်အောင် ထမ်းဆောင်တတ်ရပါမယ်။ ရုပ်အစာ ဖြစ်တဲ့ ဖီး, လိမ်းစသည့် ပြုပြင်မှုသာ မဟုတ်ပဲ နာမ်အစာဖြစ်တဲ့ ဘုရားပန်းလှူခြင်းစတဲ့ ဒါန, မိမိနိုင်သလောက် စောင့်ထိန်းခြင်း သီလ, စိတ်တည်ငြိမ်အောင် မွေးမြူခြင်း သမာဓိ, မေတ္တာပွားများခြင်း မေတ္တာဘာဝနာ, ထွက်လေ၀င်လေးစသည် မှတ်သားမှု ၀ိပဿနာ ကောင်းမှုများ ပြုလုပ်ကာ နာမ်အစာ ကျွေးဖို့လည်း မမေ့သင့်ပါဘူး။ နာမ်အစာကျွေးတဲ့အခါ ရုပ်အစာကျွေးရင်းနဲ့လည်း ကျွေးလို့ရပါတယ်၊ ဥပမာ--- မိမိတို့မှန်ကြည့်တဲ့အခါ... ခေါင်းဖီးတဲ့အခါ... မိမိခန္ဓာကိုယ် တဖြည်းဖြည်း ပျိုမလာပဲ တိုးလို့သာ အိုတဲ့သဘောသို့ ပြောင်းလဲလာပုံလိုမျိုး။ အချိန်ပေးနိုင်သူများအတွက်တော့ သီးသန့်အချိန်ယူပြီးလည်း နာမ်အစာကျွေးလို့ ရပါတယ်။ ဥပမာ.. တရားထိုင်ခြင်းစသည်လိုမျိုးပါ။ တကယ်တော့ ဗုဒ္ဓမြတ်စွာရဲ့ တရားတွေက အချိန်မတောင်းပါဘူး။ သတိ, အသိဉာဏ်ပဲတောင်းတာပါ။ သတိဉာဏ်ရှိနေရင် ဘာပဲလုပ်လုပ် အားအင်ပြည့်ဝတဲ့ စိတ်အစာ ကျွေးနေတဲ့ အချိန်တွေချည်းပါပဲ။
ဆိုလိုတာက ရုပ်အ၀တ်ဝတ်ပေးရင်... နာမ် သီလအ၀တ်, သမာဓိအ၀တ်, အသိပညာအ၀တ်လည်း ၀တ်ပေးရပါမယ်။ ရုပ်ကိုနေရာ ပေးရင် ဘုရားအာရုံ, တရားအာရုံ, သံဃာအာရုံစတဲ့ ကုသိုလ်အာရုံဖြစ်သော သတိပဋ္ဌာန် အာရုံလို့ဆိုတဲ့ နာမ်နေရာလည်း ပေးနိုင်မှ မိမိတို့တစ်တွေ လူ့တာဝန် တကယ်ကျေပွန်တဲ့ လူဖြစ်ပါမယ်။
ယနေ့ခေတ် တစ်ချို့လူ, တစ်ချို့နိုင်ငံက လူတွေ စိတ် (နာမ်)ပူလောင်လာတဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတာတွေဟာ ရုပ်နေရာသာ ပေးကြပြီး စိတ်နေရာ မပေးလို့၊ မရှိလို့ဖြစ်ပါတယ်။ ရုပ်နေရာရှိပေမယ့် စိတ် (နာမ်) နေရာမရှိရင် ဘ၀ဟာ ဘာမှ လုံခြုံမှု၊ အေးချမ်းမှု ရှိမှာ မဟုတ်ပါဘူး။ အမြဲတမ်းပူလောင်နေရမှာ ဖြစ်ပါတယ်။
ရုပ်ကျန်းမာရေးအတွက် ရုပ်ဆေးမှီဝဲပြုပြင် ပေးရသလို စိတ် (နာမ်)ကျန်းမာရေးအတွက် တရားဆေးမှီဝဲ ပြုပြင်ပေးဖို့ မမေ့သင့်ပါဘူး။ တကယ်တော့ ခန္ဓာ-၅-ပါးလုံးရဲ့ တာဝန်ကို ပြည့်စုံအောင် ထမ်းဆောင်ပေးနိုင်မှ ကုသိုလ်တာဝန်ပါ ထမ်းဆောင်ရာရောက်လို့ လူ့ဘ၀ လူ့တာဝန်ကျေတဲ့ လူလို့ ခေါ်နိုင်မှာ ဖြစ်ပါတယ်။
ခန္ဓာ -၅-ပါးလုံး တာဝန်ကျေမှ အကောင်းအဆိုး ဘာနှင့်တွေ့တွေ့ တရားအသိနဲ့ ညှိကာ ငြိမ်းချမ်းစွာ နေတတ်မယ်။ အမေးအမျိုးမျိုးကိုလည်း အမှန်အတိုင်း ဖြေတတ်ပါမယ်။ ဆိုလိုတာက ဘ၀အခက်အခဲ အမေးပြဿနာများကို ဆိုလိုတာပါ။ အဲဒီအရှုပ်အထွေး အမျိုးမျိုးကို တရားနဲ့ညှိပြီး ငြိမ်းချမ်းစွာ ပြေလည် ငြိမ်းအေးအောင် ဖြေရှင်းနိုင်မယ်, အနေတတ်မယ်ဆိုရင် မိမိတို့ ရလာတဲ့ ဘ၀ဟာ အရှုံးမရှိပဲ အနိုင်နဲ့ နေရတဲ့ ဘ၀ဖြစ်မယ်။ အနေလည်းတတ် ဘ၀ပြဿာနာများကို တရားသဘောနဲ့လည်း အဖြေတတ်မယ်ဆိုရင် အသေတတ်ဖို့လည်း သေချာပြီးသားပါ။ အဲဒါဆို လူ့တာဝန်ကျေလို့ လူဖြစ်ကျိုလည်း နပ်ပါပြီ။
ဒါကြောင့် ခက်ခဲစွာရလာတဲ့ (မနုဿတ္တဒုလ္လဘ) လူ့ဘ၀ နေ့စဉ်/ နေစဉ်မှာ အနေတတ်အောင် နေနိုင်ကြပါစေလို့ ဆုမွန်ချွေရင်း.....
ဝိမုတ္တိ
------------------------
အမှာ။ ။တိပိဋကဓရ ယောဆရာတော်ဘုရားကြီး၏ တရားတော်များကို အခြေခံကာ တင်ပြခြင်း ဖြစ်ပါတယ်။

မဟာလူသား


မဟာလူသား


ထိုနေ့က …

ကောင်းကင်ယံမှာ တိမ်တွေကင်းစင်နေတာမဟုတ်ပေမယ့် နေအလင်းရောင်ကောင်းစွာရ နေတော့ ခြေထောက်တွေက ပန်းခြံဆီကို လျှောက်လှမ်းဖို့ ဦးတည်နေပါတော့တယ်။ မနီးမဝေးပန်းခြံ ဆိုပေမယ့် ဘူတာ ၅ ခုလောက်တော့ စီးလိုက်ရ တာပါပဲ။ ဘူတာကအထွက် မဆိုင်းမတွ မိုးကခပ်သည်းည်းလေ ရွာချလိုက်ပါတော့တယ်။ အဆောင်ကထွက်တုန်းကတော့ နေရောင်ကိုဖြာလို့။ ခုတော့လည်း မိုးတွေကို ရွာလို့ ပါလားလို့ အတွေးတွေက ၀င်လာပြန်ပါတယ်။ ကံ ဆိုးသူတို့ သွားလေရာ မိုးလိုက်လို့ရွာဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်လို့ တစ်ယောက်ကဆိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုး ရွာပါစေလို့ပဲ ဆုတောင်းနေမိပါတော့တယ်။

ရေတွေ ကြာတွေအကြောင်းကို တဖွဲ့တနွဲ့စာမရေးတတ်ပေမယ့် ဘ၀မှာကြုံတွေ့ရသမျှ ရေနဲ့ကင်းကွာခဲ့တယ်လို့ကို မရှိခဲ့ပါဘူး။ ရေတွေက ကျေးဇူးကြီးကြပါတယ်။ အသုံးချတတ် သူအတွက် ရေဟာ တန်ကြေးကြီးသလောက် အသုံးမချတတ်သူ အတွက်တော့ တန်ဖိုးရှိတဲ့အရာလို့တောင် ထင်မည်မဟုတ်ပါဘူး။ အစွမ်းအစရှိတဲ့သူတွေအတွက်တော့ ရေကိုလိုသလို အသုံးချနိုင်လိမ့်မယ်ကွာ… လို့ မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ ဒါနဲ့ပဲ သူက စကားကို ထပ်ဆက်လိုက်ပါသေးတယ်။ အားခေးမီးဒီရဲ့ အကြပ်ရိုက်နေတဲ့ ရွှေခိုးမှုပြဿနာကို အဖြေရှာဖို့ရာအတွက် အကယ်၍ ရေသာမရှိခဲ့ရင် ဘယ်လိုများ သူဖော်ထုတ်မလဲမသိဘူးတဲ့။ ရေလျှံကျရာကနေ အဖြေကိုရှာတွေတဲ့အခါမှာတော့ ပျော်လွန်းလို့ အ၀တ်ဗလာနဲ့ လမ်းတစ်လျှောက် ပတ်ပြေးဘူးတယ်ဆိုပဲ။ ပျော်လွန်းတဲ့အခါ ဒီလိုပဲပတ်ပြေးတတ်ကြသလားလို့ မဆီမဆိုင် တွေးမိလိုက် ပါသေးတယ်။ မဖြစ်နိုင်ပါဘူး။ ဘုရားရှင်အစရှိတဲ့ အရိယာကြီးတွေ ခန္ဓာအိမ်ကို အကြိမ်ကြိမ်တည်ဆောက်တဲ့ တဏှာ လက်သမားကို ရှာဖွေတွေ့ရှိခဲ့တဲ့အချိန်မှာ ဘယ်လောက်များ ပျော်နေလိုက်မလဲ။ သို့သော် ထိုသူတို့အပျော်ကတော့ သံသရာမှာ ပတ်ပြေးဖို့ မဟုတ်တော့ပါဘူး။ ပတ်ပြေးခဲ့သမျှ ရပ်ချလိုက်တဲ့အတွက် ပျော်တာမျိုးပါ။

အဲ့သည့်မတိုင်ခင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသာဘ၀တုန်းက သူ့ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားကြတဲ့ သူတွေအားလုံးက ကိုယ့်အတွက်ပဲ ကြည့်တဲ့သူတွေချည်းပါပဲ။ ကိုယ့်နိုင်ငံသာယာဖို့၊ ကိုယ့်လူမျိုးကောင်းစားဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တွေခင်းလို့ နိုင်ရာစားကြေးလုပ်နေကြသူချည်းပါပဲ။ အလောင်းတော်မင်းသားရဲ့ ဖခင်ကိုယ်တိုင်ကလည်း သားတော်ကို လေးကျွန်းလုံးအစိုးရတဲ့ စကြာမင်းပဲဖြစ်စေချင်တယ်။ ဖြစ်နိုင်ရင် အားလုံးကို ငါပဲ အုပ်ချုပ်ချင်တယ်။ အားလုံး ကိုငါပဲ နိုင်ချင်တယ်၊ ငါ့ကိုပဲ ရိုသေလေးစားကြစေချင်တယ်။ ငါ ပြောတာကိုပဲ နားထောင်စေချင်တယ်။ ငါ ခိုင်းတဲ့အတိုင်း လုပ်စေချင်တယ်။ ဒါတွေနဲ့ပဲ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့တယ်။ ငါ့ဖို့၊ ငါ့အတွက်ဆိုတဲ့ ငါ ဆိုတဲ့ အတ္တတွေ ကြီးစိုးနေတဲ့နေရာကြီးဟာ တစ်ကယ်ပဲ နေသင့်နေထိုက်တဲ့နေရာကြီး ဖြစ်နိုင်ပါ့မလား။

အတ္တတွေ၊ မာနတွေထူပြောပြီး မနေသင့်တဲ့အရပ်ကို မြတ်စွာဘုရားရှင်ကတော့ အနတ္တတရားနဲ့ နေသင့်တဲ့အရပ် ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ မရနိုင်တဲ့ဒေသကို ရနိုင်တဲ့ဒေသဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ်။ စွမ်းနိုင်သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အံ့မခန်းပါပဲ။ ပတိရူပ လို့ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာနေ ခြင်းဆိုတဲ့နေရာမှာ ကိုယ်က သင့်တင့်လျောက်ပတ် တဲ့နေရာမှာ နေထိုင်တာရယ်၊ ကိုယ်က သင့်တင့်လျောက် ပတ်တဲ့နေရာဖြစ်အောင် နေထိုင်တာရယ်ဆိုပြီး ၂ မျိုးလောက်ခွဲကြည့်လို့ရမယ်ထင်ပါတယ်။ တကယ်တော့ မြတ်စွာဘုရားရှင် ကြီးပြင်းခဲ့တဲ့ဝန်းကျင်ဟာ ပတိရူပဒေသလို့ မဆိုနိုင်သေးဘူး။ မြတ်စွာဘုရားရှင်အဖြစ် ပွင့်ထွန်းတော်မူလာတဲ့အခါမှသာလျှင် တကယ့်ကို နေဖို့သင့်လျော် တဲ့ဒေသကြီးဖြစ်ခဲ့ရတာပါ။

ပတိရူပဒေသဆိုတာ နေရာစွမ်းပါ။ အတ္တသမ္မာ ပဏီဓိ စ ဆိုတာက လူစွမ်းတာပါ။ အားလုံးသိကြတဲ့အတိုင်း သီရိဓမ္မာ အသောကမင်းကြီးဆိုရင်လည်း ရှုပ်ထွေလှတဲ့ ဘာသာရေး အခြေအနေကြားထဲကနေ ထေရ၀ါဒသာသနာကို ဆွဲထုတ်နိုင်ခဲ့ တာကလည်း နေရာစွမ်း ကြောင့်မဟုတ်ပဲ လူစွမ်းတဲ့အတွက်ကြောင့်သာ ဆောင်ရွက်နိုင်ခဲ့တာပါ။ အနော်ရထာမင်း တရားတို့လို တိတ္ထိအယူတွေကြားထဲကနေ တို့သာသနာကို ဆွဲထုတ်ပြနိုင်ခဲ့တာဟာ နေရာစွမ်းလို့မဟုတ်ပါဘူး။ လူစွမ်းလို့ပါ။ တကယ်တော့ ကောင်းတဲ့နေရာမှာ နေဖို့ဆိုတာထက် ကိုယ်နေတဲ့နေရာကလေး ကောင်းအောင်ပြုလုပ်နေထိုင်ဖို့က အရေး ကြီးမယ်လို့ထင်ပါတယ်။ ရေကန်အသင့် ကြာအသင့် ဆိုတဲ့နေရာမျိုးကို ရှာဖွေမနေပဲ ကိုယ်နေတဲ့အရပ်ကို ရေကန်တူးပြီး ကြာပေါက်အောင် လုပ်ဆောင်နိုင်တာမျိုးက ပိုပြီးသင့်တော်မယ်လို့ ထင်ပါတယ်။

နေရာကဘယ်လောက်ပင်စွမ်းစေဦးတော့။ မြတ်စွာဘုရားရှင်နဲ့ တစ်မြေတည်း နေ တစ်ရေ တည်းသောက်နေရတာထက် ဘယ်နေရာက စွမ်းဦးမှာလဲ။ ဘယ်နေရာကသာဦးမှာလဲ။ မြတ်စွာဘုရားရှင်နဲ့နေရာတာက နှိုင်းလို့မရအောင် သာလွန်ပါတယ်။ သို့သော် အရှင်ဒေ၀ဒတ် တို့အတွက်တော့ အဲ့ဒိနေရာက မစွမ်းပြန်ပါဘူး။ သူတို့ကိုယ်တိုင် အတ္တသမ္မာ ပဏီဓိ စ ဆိုတဲ့ မိမိကိုယ်ကိုယ်ကောင်းအောင် ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်ပါ။ အဇာတသတ်ဆိုရင် ဖခင်အရိယာရဲ့ အရိပ်မှာ ခိုနားနေရတာ။ နေရာစွမ်းလိုက်ပုံများ။ မိမိကိုယ်ကိုယ် ကောင်းအောင် မထိန်းနိုင်တဲ့အတွက်ကြောင့် မမှားသင့်တဲ့ အမှားကြီးကို ကျူးလွန်းမိခဲ့ရပါတယ်။

ပုဗ္ဗေစ ကတပုညတာ ဆိုတဲ့ ရှေးကကောင်းမှုကုသိုလ်တွေကို ဉာဏ်နဲ့ယှဉ်ပြီးလုပ်တဲ့အခါမှာ နေရာကောင်းကိုလည်း ရနိုင်သလို၊ ဆရာကောင်းကိုလည်းတွေ့နိုင်တယ်။ မိမိကိုယ်ကိုယ် လည်း ကောင်းအောင်ထိန်းနိုင်တယ်လို့ဆိုပါတယ်။ သို့သော် လက်ယာတော်ရံ၊ လက်ဝဲတော်ရံ အစရှိတဲ့ ပစ္ဆိမဘ၀ိကသားလို့ခေါ်တဲ့ ဒီဘ၀မှာ မုချရဟန္တာဖြစ်မယ့်သူတွေအတွက်တော့ လုံလောက်တန်ရာပါတယ်။ သို့သော် ကုဋေရှစ်ဆယ်သူဌေးသားတို့၊ အဇာတသတ်၊ ရှင်ဒေ၀ဒတ် တို့အတွက်တော့ စိတ်မချ ရသေးပါဘူး။ ပင်ကိုယ်က ကုသိုလ်ကံ အဟုန်တွေရှိပါလျက်နှင့် မိမိကိုယ်ကိုယ် ဆောက်တည်နိုင်စွမ်းမရှိတဲ့အခါ ရှေးကောင်းမှု ကံရှိခြင်း၊ သင့်တင့်လျောက်ပတ်တဲ့အရပ်မှာနေခြင်းဆိုတာတွေဟာ နောက်ရောက် သွားခဲ့ရပြန်ပါတယ်။ မိမိ ကိုယ်ကိုယ်ထိန်းသိမ်းမှုဟာ အလွန်တရာ အရေးပါတယ်ဆိုတာ ပိုပြီးထင်ရှားမှာပါ။

ကျွန်တော်တို့အားလုံးအတွက်တော့ မြတ်စွာဘုရားရှင်ဟာ တကယ့်ကို မဟာလူသား တစ်ဦးပါပဲ။ ကောင်းမှုကံတွေ ပြည့်စုံအောင် အကြားအလပ်မရှိ ဖြည့်ဆည်းခဲ့တယ်။ ကိုယ်နေတဲ့နေရာ၊ ကိုယ်ရောက်တဲ့နေရာ၊ ကိုယ်ခေါင်းဆောင်တဲ့ အဖွဲ့၊ တိုင်းပြည် စတာတွေကိုလည်း ပတိရူပဒေသအဖြစ် စွမ်းဆောင်ပေးနိုင်အောင် ကြိုးပမ်းခဲ့တယ်။ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းနိုင်ခဲ့သလို လောကသုံးပါးအတွက် စံပြအဖြစ်နေထိုင် ကျင့်သုံးသွားခဲ့တယ်။ ဘယ်နေရာ ဘယ်ရှုထောင့်က ပဲကြည့်ကြည့် မြတ်စွာဘုရားရှင်မှာ လစ်ကွက်၊ ဟာကွက်ရယ်လို့ကို မရှိပါဘူး။ ဒီလို အမူအကျင့်မျိုးကို အတုယူသင့်၊ နေထိုင်ကျင့်သုံးသင့်ပါတယ်။ ဒါကြောင့် ကောင်းမှုကုသိုလ်တွေလုပ်တဲ့အခါမှာ လစ်ကွက်၊ ဟာကွက်တွေ မဖြစ်စေချင်ပါဘူး။ ဒါနအမှုပဲပြုပြု၊ သီလအမှုပဲပြုပြု၊ သမထ၊ ၀ိပဿနာဘာဝနာ အမှုတွေပဲလုပ်လုပ် အားလုံးစုံအောင် ပြုလုပ်စေချင်ပါတယ်။ အချို့ကလည်း ဒါနအမှုဟာ သံသရာရှည်တယ်ဆိုပြီး မပြုဖြစ်လို့ လစ်ဟာကုန်တာတွေ၊ ဘုရားဆွမ်းတင်၊ ပန်းကပ်ကစပြီး အယူလွဲပြီး ကုသိုလ်စဲ ကုန်တာတွေ မဖြစ်အောင် နေထိုင်ကျင့်သုံးသင့်လှပါတယ်။

အဲ့ဒိနေ့က လမ်းတစ်လျှောက်မှာ မိုးတွေ တဖွဲဖွဲရွာနေတုန်းပါပဲ။ တစ်နေရာမှာ လင်းပြီး၊ တစ်နေရာမှာ ရွာတယ်ဆိုပေမယ့် သူရွာတဲ့အရပ်မှာတော့ ဒီနေရာတော့ မိုးစိုပါစေ၊ ဒီနေရာတော့ မိုးမစိုပါစေနဲ့လို့ မရှိပါဘူး။ လစ်ကွက်၊ ဟာကွက်မရှိအောင်ကို ရွာနေတာပါ။ ဒီလိုပဲ ကောင်းမှုတရားတို့နဲ့ ပြည့်စုံတဲ့ မင်္ဂလာတရား တော်တို့ကို ကျင့်သုံးတဲ့နေရာမှာ အကြွင်းအကျန်မရှိ ဟာကွက်မရှိပဲ မဟာအောင်ကျင့်သုံးနိုင်တဲ့ မဟာလူသားတွေ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်း ဆွေးနွေး လိုက်ရပါတယ်။

အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။

စာရေးသူ - သုခရိပ် ၊ အချိန် - 1:42 AM 0 ၊ ဓမ္မဒါနပြုပါသည်။

by Thukha Yate (သုခရိပ်)

Tuesday, June 28, 2011

နှိုင်းလို့ မရ တုလို့ မနိုင်



နှိုင်းလို့ မရ တုလို့ မနိုင်

စစ်ကိုင်းတောင်ရိုး ဂန္ဓာရုံ ဆရာတော်ကြီးသည် ကျောင်းနားမှာရှိတဲ့ ကျောက်ဂူကြီးထဲတွင် သုံးနှစ် သုံးမိုး တံခါး ပိတ်ပြီး တရားအားထုတ်သည်။ တပည့်တွေက ဆွမ်းချိုင့်ပို့ ပေးပါသည်။ တနေ့ ကျတော့ ဆရာတော်ကြီးက ဆွမ်း မစားတော့။ ဒီတော့ တပည့်တွေက ဆရာတော်ကြီး နေမကောင်းဖြစ်နေတယ် ဆိုတာ သိကြသော်လည်း ဆရာ တော်ကြီးကို ကြောက်ရတော့ ထွက်လာဖို့ ကို မပြောရဲကြ။ အဲဒီ့ အချိန်မှာ လယ်တီဆရာတော်ဘုရားကြီးက စစ်ကိုင်းတောင်ရိုးကို ကြွလာသည်။ ဂန္ဓာရုံဆရာတော် ဆရာတော်ဘုရားကြီးသတင်း ကြားရတဲ့အခါမှာ ကျောက်ဂူတံခါးကို ဖျက်ပြီးဝင်ကာ ဂန္ဓာရုံဆရာတော် ဘုရားကို ပွေ့ ထုတ်သည်။

ထိုအခါ ဂန္ဓာရုံ ဆရာတော် ကြီးက လယ်တီဆရာတော်ကြီးကို.. မလုပ်နဲ့ .. မလုပ်နဲ့  တရားမရမချင်း ဒီဂူထဲက မထွက်ဘူးလို့  ဓိဋ္ဌာန်ထား တာ.. လို့  ပြောလိုက်သည်။ အဲဒီ့အခါ မှာ လယ်တီဆရာတော်ကြီးက ဓိဋ္ဌာန်တာက ဂန္ဓာရုံ၊ ပွေ့ ထုတ်တာက လယ်တီ၊ ဘာဆိုင်လို့ တုန်း လို ပြန်ပြောပြီး အပြင်ကို ထုတ်ခဲ့ပါသည်။ ထို့ နောက် ဆေးကု၍ ကျန်းမာကာမှ ပြန်လည် တရားအားထုတ်ရာ ဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ မှတ်တမ်းအရ ပထမမဂ်၊ ဒုတိယမဂ်၊ တတိယမဂ် ရပြီး အနာဂမ် ဖြစ် ခဲ့သည်။ ထို့ နောက် တနေ့ တွင် လယ်တီဆရာတော် ဘုရားကြီးနှင့် ဂန္ဓာရုံ ဆရာတော်ကြီးတို့  စကားပြောကြရာ

ဂန္ဓာရုံ --- င့ါရှင်… စာထဲမှာ ဗုဒ္ဓနုဿတိပွားလို့  မဂ်ဖိုလ် မရဘူး ပြောတယ်။ တကယ်အားထုတ်လို့ ရတယ်ဆိုရင် အားထုတ်သူမှားလား၊ စာမှားလား။

လယ်တီ ---- စာလည်းမမှားဘူး၊ လူလည်း မမှားဘူး။

ဆရာတော်ကြီးတွေကတော့ ထပ်မံ မရှင်းတော့ပါဘူး။

ဗုဒ္ဓနုဿတိပွားသူသည် ပုံတော်ကို မြင်ယောင်တွေ့ သည်။ တွေ့ တဲ့အခါ ဂုဏ်ကို ပွားသည်။ ဂုဏ်က နက်ရှိုင်း ကျယ်ဝန်းလို့  မဂ်ဖိုလ်မရနိုင်။ ဒီမှာ သမာဓိက ဦးဆောင်နေသည်။ သဒ္ဓါက အဖော်လုပ်၊ ၀ီရိယ က လိုက်သည်။ သမာဓိက ကြည့်တော့ ပုံတော်ကို တွေ့ သည်။ သဒ္ဓါက ကြည့်တော့ ဂုဏ်ကို တွေ့  သည်။ သမာဓိနဲ့  သဒ္ဓါရှေ့ ရောက်နေပြီး ပညာက နောက်မှာ ယက်ကန်ယက်ကန် ပါလာမည်။ ဒီမှာ ပညာကို ရှေ့ ထွက်ကြည့်တဲ့ အခါ မှာတော့ အဆင်းရုပ်ကိုသာ တွေ့ ပါသည်။ ပုံလည်း မတွေ့ တော့၊ ဂုဏ်လည်း မတွေ့ တော့။ ဒီမှာပဲ မဂ်ဖိုလ်ကို ရနိုင်ပါသည်။

သုညတတွေ့ ချင်ရင် ၀ိပဿနာဥာဏ်ကို ရှေ့ တိုးကြည့်စေရပါမည်။ ဘုရားကို ကြည်ညိုသူရတဲ့ အကျိုးဟာ နှိုင်းလို့ မရ၊ တုလို့ မနိုင် ဖြစ်ပါသည်။ နိဗ္ဗာန်ရောက်တဲ့အထိကို ကောင်းကျိုးပေးပါသည်။
ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏"နှိုင်းလို့ မရ.. တုလို့ မနိုင်" တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည်။
တရားတော်ကို ဤနေရာ တွင် နာကြားနိုင်ပါတယ်။

အကုသိုလ်တိုး အလှူမျိုး






အရှင်ဘုရား

တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ ဟူသော စကားရှိပါသည်။ ယခုခေတ် ဘုရားပွဲတို့သည် ကုသိုလ်မရ၊ အပြစ်သာရှိ ပါသည် ဟု ပြောကြရုံမက အလှူလုပ်သော်လည်း အလှူမမည်၊ အကုသိုလ်ဖြစ်သည်ဟု လူအများပြောနေကြသော အလှူမမည်သော အလှူများအကြောင်း စာလာပေလာအတိုင်း သိလိုပါသည်ဘုရား၊ ဗုဒ္ဓဘာသာဝင်များ ဗဟုသုတဖြစ်စေ ရန် ဖြေကြားစေလိုပါသည်။

မောင်စောလှိုင်

လမ်းမတော်၊ရန်ကုန်။

ပဉ္စဒါနာနိ အပုညသမတာန

လောကသ္မိံ မဇ္ဇဒါနံ၊ သမဇ္ဇဒါနံ၊ ဣတ္ထိဒါနံ

ဥသဘဒါနံ၊ စိတ္တကမ္မဒါနန္တိ။

ယခုခေတ်၌ ကုသိုလ်ကောင်းမှုဟု ပြောဆိုသတ်မှတ်၍ လှူဒါန်းနေကြသော်လည်း ကုသိုလ်ကောင်းမှုမဟုတ်၊ အကုသိုလ် အလုပ်သာဖြစ်ကုန်သော အလှူငါးမျိုးတို့ သည် ရှိကုန်၏။

၎င်းတို့မှာ ယစ်မျိုးတို့ကို လှုဒါန်းခြင်း၊

ပွဲလမ်းသဘင် ကချေသည် ပျော်ရွှင်ပွဲတို့ကို ခင်းကျင်း လှူဒါန်းခြင်း၊

မိန်းမပျို အိုတို့ကို ကာမကိစ္စအတွက် ပေးလှူခြင်း၊

နွားမအလယ်၌ နွားငယ်များ ပေါက်ဖွားစေရန် နွားလား၊ နွားထီးတို့ကို လွှတ်ပေးလှူဒါန်းခြင်း၊

မိန်းမရုပ် ယောက်ျားရုပ်တို့ကို မက်မောကြည်နူးစေရန် ရေးဆွဲလှူဒါန်းခြင်း၊ ယခုခေတ်တွင် မိန်းမရုပ် ပြက္ခဒိန်လှလှပပ ကလေးများ ၀ယ်၍ လှူဒါန်းခြင်း၊

ဤငါးပါးသောအလှူတို့သည် အလှူဟုသာခေါ်ရသော်လည်း ကောင်းကျိုးမရ၊ ဒါနမဟူ၊ အလှူဟု မဆိုရကုန်၊ အကုသိုလ်တရားပွားများအံ့သော အကြောင်းသာ ဖြစ်သည်ဟု မြတ်စွာဘုရားက ဟောတော်မူ၏။

အနည်းငယ်ချဲ့ပါဦးမည်

ထိုငါးပါးတို့တွင်

မဇ္ဇဒါန ဟူသော သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို လှူဒါန်းခြင်းဖြစ်၏။ သေရည်သေရက် မူးယစ်ဆေးဝါးသည် လှူဖွယ်ဝတ္ထုပစ္စည်း မဟုတ်ပေ။ မိမိ သောက်စားသုံးဆောင်လျှင်ပင် သူရာမေရယသိက္ခာပုဒ်အရ ငါးပါးသီလ ပျက်ပြက်ပျားကာ ငရဲသို့ ကျရောက်နိုင်ပါသည်။

ငါးပါးသီလတွင် သေရည်သေရက် သောက်စားခြင်းမှာ အပြစ်အကြီးဆုံးပင်ဖြစ်သည်။ အခြားသီလပျက်ပြားမှုမှာ ငရဲကျ၍ ငရဲသက်ကုန်လျှင် ငရဲမှ လွတ်မြောက်နိုင်သော်လည်း သေရည်သေရက် မူးယစ်သောက်စားမှုကား ငရဲမှ လွတ်မြောက်လာသည့်တိုင်အောင် ခွေးရူး၊ နွားရူးစသော အရူးပေါင်းများစွာ၌ ကျင်လည်ကြရပေဦးမည်။

ထိုသို့ အပြစ်ကြီးလှသော သေရည်စသည်ကို မိမိသောက်စား၍ အပြစ်ကြီးရုံသာမက သူတစ်ပါးအားလှူဒါန်း၍လည်း ကုသိုလ်မရ အပြစ်သာရလေတော့သည်။

ထို့ကြောင့် ကိုယ်တိုင်လည်း ရှောင်ကြဉ်ပါ။ သူတစ်ပါးအားလည်း ကုသိုလ်ဖြစ်လိမ့်မည်အထင်နှင့် ၀ယ်၍ မတိုက်ပါနှင့်။

ဣတိ္ထဒါနံ ဟူသည်မှာ မိန်းမအလှူဟူ၏။ ကာမဂုဏ် အတွက် အခြားသူအား မိန်းမလှူဒါန်းမှုမျိုး ဖြစ်သည်။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအလှူဟူ၍ ရှိခဲ့သော်လည်း ဤ ဣတိ္ထဒါနအရ မပါဝင်ချေ။ ဣတိ္ထဒါနကား ကိလေသာကိစ္စမျိုးသာ ဖြစ်သည်။ ဤတွင် နွားလားအုပ်၌ နွားမများ, လွတ်ပေးခြင်းမျိုးလည်း ပါသည်ဟု ဆိုပေသည်။ အကျယ်မရေးတော့ပေ။ ဤတွင် ပါရှိသည့် ဥဿာဒါနနှင့်လည်း အလားတူပေသည်။

စိတ္တကမ္မဒါန ဆိုသည်မှာ မိန်းမရုပ်၊ ယောက်ျားရုပ် လှလှပပများ တစ်ရုပ်စီ သီးခြား လည်းကောင်း၊ ပူးတွဲ၍လည်းကောင်း မြင်ရသူတို့ မက်မောနှစ်သက်စဖွယ် ရေးခြယ်၍ ဖြစ်စေ၊ ဓာတ်ပုံ, စက်ရိုက်ပန်းချီ, ပန်းပု ရုပ်လုံးရုပ်ကြွများပြုလုပ်ထုဆစ်၍ ကျောင်း, ဇရပ်, ဘုရား, တန်ဆောင်းတို့၍ ဆန်းဆန်းကြယ်ကြယ် ချိတ်ဆွဲ၍ အောက်မေ့ဖွယ် လှူဒါန်းမှုမျိုးဖြစ်သည်။

ယခုကာလ ပြက္ခဒိန်လှလှကလေးများ ရုပ်ရှင် မင်းသမီးပုံများ ကို ကျောင်းဘုရားများ၌ လှူဒါန်းခြင်းမျိုး ဖြစ်သည်။ ၎င်းမှာ မြင်ရသူတို့က ကုသိုလ်ဖြစ်မှုထက် ကာမရာဂ ပွားတိုးမှုသာ ဖြစ်စေသဖြင့် ကုသိုလ်ထက် အကုသိုလ်ဖြစ်ပွားမှုက ပိုပေသည်။

ကျောင်း၊ တန်ဆောင်းတို့တွင် ဆန်းကြယ်သော ပန်းနွယ် ပန်းညွန့် ခြူးပန်းခြူးနွယ် ဆန်းဆန်းပြားပြား ထုလုပ်လှူဒါန်းမှု မျိုးကား အပုညဒါနမဖြစ် ကုသိုလ်သာဖြစ်ကြောင်း မှတ်သားရာ၏။ တခြားဒါနများ၌လည်း အလားတူမှတ်ရာ၏။

သမ္မဇဒါန ကချေသဘင်အလှူ ဆိုရာ၌ ပြဿနာရှင်၏ စာတွင်ပါသော တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲတို့တွင် ဘုရားအား အတီးအကတို့ဖြင့် ပူဇော်သည်ထက် ခပ်သိမ်းသောသူတို့အား ကြည့်စေပျော်စေ၊ ရွှင်စေခြင်းငှာတီးစေမှုတ်စေ ကစေခြင်းမျိုးသာဖြစ်၍ ဘုရားအား ကြည်ညိုရှိခိုးမှုထက် အပျော်အပါး ရွှင်အားတရ လောဘ၊ ဒေါသ၊မောဟတို့သာ တိုးတက် ဖြစ်ထွန်းစေ၍ ကုသိုလ်ရမှုထက် အကုသိုလ်တိုးပွားမှုက ပိုတော့သည်။

ဘုရားကျောင်းကန်အတွင်း ပွဲလင်သဘင်ခံခြင်းဖြင့် ဘုရား ကျောင်းကန် ညစ်ညမ်းပေရေခြင်း၊ လာရောက်ပျော်ရွှင်သူတို့အနေဖြင့် ဘုရားမြေ၊ ကျောင်းမြေတို့အတွင်း နှပ်တံတွေး၊ ကျင်ကြီး၊ ကျင်ငယ်တို့ စွန့်ခြင်းတို့ဖြင့် ဘုရားကျောင်းကန်၏သန့်ရှင်းမှုလည်း ပျက်ပြား၊ သွားလာသူတို့လည်း ငရဲများလှသဖြင့် လုံးဝ မသင့်လျော်သည်ကား အမှန်ပင် ဖြစ်ပေသည်။

ထိုသို့ အပျော်အပါး မဟုတ်ဘဲ ဧတ္ထစပူဇနတ္ထာယ ကတဿ နဋသမဇ္ဇဿ အာယတိံ သုခ၀ိပါကော အရဘုရား အစရှိသော ရတနာသုံးပါးအား မိမိတက်သော အတီး၊ အမှုတ် ကခုန်ဖြင့် ဂုဏ်ပြုပူဇော် ကော်ရော် လှူဒါန်းမှုမျိုးကားကုသိုလ် ဖြစ်ပါသည်။

လှူပါရှောင်းလည်း ဖျင်းသောင်းဖတ်သပ်၊

မအပ်စွာလှ၊ ဒါန အလှူ

ဟူသားစေတနာ မမည်ပါတည့်

သေရာထိုးလွှား ငါးပါး ပေါ့ပြက်

ကျိုးမနက်ကို စွန့်ရက်စဲက၊

မရနောင်ဖန်၊ မရှိတန်ဟု၊

မျက်မာန်ရှေးရှေး၊ ပေး၍လည်းကောင်း၊

လှူပါရှောင်းလည်း ကောက်နှောင်းမျိုးပဲ၊ ကြက်ဝက်ကြဲသို့။

ပါရမီ(၁၁၃)

မြတ်သတိဝါဒီမဂ္ဂဇင်း၊

ဖေဖော်ဝါရီလ၊ ၂၀၀၂ ခုနှစ်

Monday, June 27, 2011

ဘယ်ကျောင်းနေမလဲ မောင်ရေခဲ (၂)


ဘယ်ကျောင်းနေမလဲ မောင်ရေခဲ (၂)

ဒီဥပမာ အတိုင်းပဲ တကယ့် လက်ငင်း လက်တွေ့ ဗုဒ္ဓဝါဒကို လေ့လာတဲ့ နေရာမှာလဲ “မြတ်ဗုဒ္ဓ ဘယ်မှာလဲ” ဆိုတဲ့ ပြဿနာထက် မြတ်ဗုဒ္ဓ ဘယ်လို ဟောခဲ့သလဲ။


ဘယ်လို အကျိုးတွေ ဖြစ်ပေါ်နိုင်သလဲ ဆိုတာကိုသာ အလေးအနက် ထားဖို့ အရေးကြီးပါတယ်။ ဒီလောက် ဆိုရင် ပုဂ္ဂလ ဓိဋ္ဌာန်ထက် ဓမ္မဓိဋ္ဌာန်ကသာ အရေးကြီးတယ် ဆိုတာလဲ သဘောပေါက် လောက်ပါပြီ။


နောက်ထပ်ကျန်နေတဲ့ ပြဿနာတစ်ခုက “မြတ်ဗုဒ္ဓက ယုံကြည်ကိုးကွယ်သူတွေကို ဘာများ အာမခံချက်ပေးခဲ့လဲ” ဆိုတဲ့ ပြဿနာပါ။


(၅)

အထက်မှာပြောခဲ့သလိုပဲ ဗုဒ္ဓဝါဒဆိုတာ ကိုးကွယ်ဆည်းကပ်ဆုတောင်းရေးအဓိကဝါဒ မဟုတ်ဘူး၊ လိုက်နာကျင့်သုံးရေး အဓိကဝါဒပါ။ ဗုဒုဒဝ္ဓဝါဒကို လိုက်နာကျင့်သုံး သူတို့အတွက် မြတ်ဗုဒ္ဓက ပေးတဲ့ အာမခံ ကတော့ “လုံးးဝချွတ်ယွင်းချက်မရှိ ကောင်းကျိုးရစေတဲ့ နည်းမှန် လမ်းမှန်ကို ညွှန်ပြပေးမယ်” ဆိုတာပါပဲ။


မြတ်ဗုဒ္ဓရဲ့ အာမခံ အပြည့်ညွှန်ကြားပုံကို မူရင်း အတိုင်း ပြောရမယ်ဆိုရင်တော့ -

“ တှမှေဟိ ကိစံ္စ မာတဗ္ဗံ္ဗံ = ကြိုးစားဖို့က သင်တို့တာဝန်။


အက္ခာတာရော တထာဂတာ = ချွတ်ယွင်းချက် မရှိ လမ်းးညွှန်ပေးဖို့က လမ်းးမှနှ် ရောက်သခင် ဘုရားရှင်တို့ရဲ့ တာဝန်။

ပဋိပန္နာ ပမောက္ခန္တ္တိ = ကြိုးးစားအားထုတ်နိုင်သလောက် ဒုက္ခလွတ်မြောက်မယ်။


ဈာယိနော မာရဗန္ဓနာ = ကြိုးစားမှု လုံ့ံ့လနဲ့ ရှို့မြှိုက် ရင် အလွန်ခိုင်မာတဲ့ မာရ်မ်မင်းးရဲ့ အနှောင်အအဖွဲ့တွေတောင် လောင်မြိုင်ပျက်စီးသွားနိုင်တယ် တယ်” တဲ့။(ဓမ္မပဒ - ၂၇၆)

ဒီထက်ပိုပြီး ရဲရင့် ပြတ်သားတဲ့ အာမခံချက်ကတော့ မြတ်ဗုဒ္ဓဟောညွှန်တဲ့ တရားတော်မှန်သမျှ “ သန္ဒိဋ္ဌိကော=လက်တွေ့ကောင်းကျိုးရစေမယ်၊ ဧဟိပဿိကော = မည်သူမဆို လက်တွေ့ လာရောက် စမ်းသပ်စစ်ဆေးခွင့်ရှိတယ်” ဆိုတဲ့ အချက်တွေပါပဲ။


“ဒီအာမခံချက်တွေဟာ ဘယ်ဘာသာတရားမှာမှ မရှိတဲ့ ရဲရဲတောက် (သီဟနာဒ)စိန်ခေါ်မှု အပြည့်ပါတဲ့ အာမခံချက်တွေ ဖြစ်တယ်ဆိုတာကို ဘာသာဝါဒနဲ့ အဘိဓမ္မာအားလုံးကို ဘက်မလိုက် လေ့လာကြတဲ့ ကမ္ဘာ့ပညာရှင်များက တလေးတစား လက်ခံ အသိအမှတ်ပြုကြပါတယ်” ဆိုတဲ့ အကြောင်း ရှင်းပြတဲ့အခါ မေးမြန်းတဲ့ ဒကာကြီးက…


“ အရှင်ဘုရား အခုမိန့်ရှိသွားတဲ့အထဲက “သန္ဒိဋ္ဌိကော၊ ဧဟိပဿိကော” ဆိုတဲ့ တရားဂုဏ်တော် ၂ ခုကတော့ “ဘာမဆိုလက်တွေ့ကျမှ လက်ခံမယ်” ဆိုတဲ့ ခုခေတ်လူငယ်တွေအတွက် အတော်ရဲရင့် ပြတ်သားတဲ့အာမခံချက်ပဲဘုရား။


ဒီနှစ်ချက်နဲ့ ပတ်သက်လို့ သူတို့သိသာ လက်ခံနိုင်လောက်တဲ့ ဥပမာလေးဖြစ်ဖြစ်၊ သာဓကလေး ဖြစ်ဖြစ် အမိန့်ရှိပေးပါဦး” ဆိုပြီးတော့ ကြားဖြတ်လျှောက်ထားပါတယ်။

“ ဒီအာမခံချက်တွေရဲ့ သာဓကအနေနဲ့ကတော့ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ၄၅ - ဝါပတ်လုံး ဟောတော်မူခဲ့တဲ့ တရားတွေ၊ ကြုံတွေ့ ဖြေရှင်းခဲ့ရတဲ့ ပြဿနာတွေ၊ ဖြစ်ရပ်တွေ အားလုံးဟာ တရားဂုဏ်တော် အားလုံးနဲ့ဆိုင်တဲ့ ယုတ္တိသာဓကတွေချည်းပါပဲ၊ အဲ .. ဒီအမေရိကမှာ ရှိတဲ့ လူငယ်တွေအတွက် သိသာလွယ်ကူတဲ့ သာဓကတစ်ခုကို ပြောမယ် ဆိုရင်တော့ - မြတ်စွာရှင်က ဓမ္မပဒပါဠိတော် (ဂါထာ -၂၂၃)မှာ -

(၆)

အကောဓေန ဇိနေ ကောဓံ = အမျက်ထွက်သူကို အမျက်မထွက်ခြင်းးဖြင့် အနိုင်ယူရမယ်။

အသာဓုံ သာဓုနာ ဇိနေ = သူယုတ်မာကို ကိုယ်ကကောင်းခြင်းဖြင့် အနိုင်ယူရမယ်။

ဇိနေ ကဒရိယံ ဒါနေန = နှမြောတွန်တိုသူကို ပေးကမ်း ကူညီခြင်းဖြင့် အနိုင်ယူရမယ်။


သစ္စေန အလိတဝါဒိနံ = လိမ်ညာလှည့်ဖြားတတ်သူကို သစ္စာစကားဖြင့် အနိုင်ယူရမယ်” ဆိုတဲ့ဟောညွှန်ချက်ရှိပါတယ်။

ဒီဟောညွှန်ချက်တွေကို လက်တွေ့ဘဝထဲမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့ဖြစ်ရပ်တွေနဲ့ပဲ ဖြစ်ဖြစ် တိုက်ဆိုင်လေ့လာကြည့်ပါ၊ “သန္ဒိဋ္ဌိက” ဂုဏ်၊ “ဧဟိပဿိက” ဂုဏ်တို့နဲ့ ဘယ်လောက်ပြည့်စုံတယ်ဆိုတာ သဘောပေါက်နိုင် ပါတယ်။


ဒီ(အမေရိက)က လူငယ်တွေအနေနဲ့ ၁၉၆၂ နှစ်ကုန်ပိုင်းလောက်က ဖြစ်ပျက်ခဲ့တဲ့ ကျူးဘား အရေးအခင်းမှာ ရုရှားနဲ့ အမေရိကန်တို့ ထိပ်တိုက်တွေ့ပြီး အဏုမြူစစ်ပွဲကြီး ဖြစ်ခါနီးဆဲဆဲအထိ ရောက်ခဲ့ရတဲ့ဖြစ်ရပ်တွေအကြောင်း ဖတ်ဖူးကြားဖူး ရှိကြမလားပဲ။ အဲဒီပြဿနာက အမေရိကန်တွေ အနေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ကမ္ဘာ့မျက်နှာစာမှာ သိပ်မျက်နှာပန်းမလှခဲ့တဲ့ ကိစ္စဆိုတော့ ဒီမှာ မေ့မေ့ ပျောက်ပျောက်လို သဘောထားပြီး ဖုံးကွယ်ထား ကြသလားတော့ မသိဘူးပေါ့ဗျာ။


မြန်မာနိုင်ငံသား (အဲဒီတုန်းက သတင်း ဖတ်ကြသူ) များအနေနဲ့တော့ ဒီကိစ္စက ကမ္ဘာကြီး ဖြုံသွားရတဲ့ ကိစ္စဖြစ်တာလည်း တစ်ကြောင်း။


ဒီကိစ္စဖြန်ဖြေရေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးတစ်ယောက်အနေနဲ့ မြန်မာတို့ရဲ့ဦးသန့်ကလည်း ကမ္ဘာကျော် ပညာရှင်ကြီး ဘာထရန် ရပ်ဆဲလ် နဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တာဖြစ်လို့ ကမ္ဘာမှာ မြန်မာတွေ မျက်နှာပန်း ပွင့်ခဲ့ရတဲ့ ကိစ္စကြီးလည်း ဖြစ်နေတာ တစ်ကြောင်း အဲဒီနှစ်မှာ ကြုံရတဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကလည်း ရုရှားနဲ့ အမေရိကန် ဆိုတဲ့ အင်အားကြီး နှစ်နိုင်ငံရယ်၊ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ လူဦးရေအများ ဆုံး နိုင်ငံကြီး နှစ်နိုင်ငံ ရယ်ဆိုတော့ အဲဒီနှစ်နဲ့ အဲဒီအဖြစ် အပျက်တွေက တကယ့်ကိုမှ အမှတ်တရကြီးတွေပဲ မဟုတ်လား။ ဒကာကြီးတို့တော့ မှတ်မိချင် မှတ်မိမယ် ထင်ပါတယ်။


အဲဒီတုန်း အမေရိကန်သမ္မတ ကနေဒီက အရွယ်ကလည်းငယ်ငယ်နဲ့ ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုရဲ့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်နေတာ ဆိုတော့ အတ္တတွေ၊ ဒေါသမာနတွေကလည်း သွေးနားထင် ရောက်ဖြစ်ပြီး စစ်သွေးကြွနေတာလေ။ နေတိုးတို့ ဝါဆောတို့ ဆိုတဲ့ အနောက်အုပ်စု၊ အရှေ့အုပ်စုတို့ကလည်း ဘာရယ်လို့ မဟုတ်ဘူး အာဏာတွေ ပါဝါတွေ ပြချင်၊ ပြိုင်ချင်နေကြ တာဆိုတော့ အဏုမြူစစ်ပွဲကြီး ဖြစ်ခါနီးဆဲဆဲအထိ တာစူလာကြတာ မဟုတ်လား။


အဲဒီကိစ္စမှာ ဘာမဆို အမေရိကန်လုပ်သမျှကို မျက်စိမှိတ် ထောက်ခံလေ့ရှိတဲ့ ဗြိတိန်ကလည်း ဒီအဏုမြူစစ်ပွဲကြီးထဲကို ဝင်မယ်တကဲကဲ ဖြစ်နေ တာပေါ့။ အနောက် အုပ်စု စာနယ်ဇင်းတွေကလည်း “ နောက်မဆုတ်မနဲ့ ချတာ ချ” ဆိုတဲ့ သဘောမျိုးနဲ့ ဆွပေးကြတော့ ဘာပြောကောင်းမလဲ၊ ဘာမှကို ပြောမကောင်း ကြားမကောင်း အဖြစ်ဆိုးကြီးနဲ့ ကြုံခါနီးဆဲဆဲ ရောက်သွားတဲ့ကိစ္စပေါ့။


အဒဲ ကိစ္စမှာ အနုမြူစစ်ပွဲကြီး တားဆီး ဖြန်ဖြေရေး လုပ်နေတဲ့ ဗြတိန်နိုင်ငံသား ပညာရှင်ကြီး ဘာထရန် ရပ်ဆ်လ် က (၂၄.၁၁.၆၂)နေ့စွဲနဲ့ စစ်သွေး ကြွနေတဲ့ ဗြိတိန်နိုင်ငံသားတွေကို သတိပေးတဲ့ ကြောငြာချက်ထဲက -


“သက်တမ်းစေ့နေပြီး သေကြရမှာ မဟုတ်ဘူး၊ သတင်းပတ်အနည်းငယ်အတွင်း သေကြရ လိမ့်မယ်။ တစ်ယောက်ထဲ သေမယ်လို့ မထင်လိုက်ပါနှင့်၊ ကိုယ့်သားမယား၊ ကိုယ့်မိတ်ဆွေ သင်္ဂဟ တွေနဲ့ ဗြိတိန်မှာ နေသမျှ လူတွေအားလုံးအပြင် ကမ္ဘာ့နေရာအနှံ့မှာ အသက်ရှင်နေကြတဲ့ ဘုမသိ ဘမသိ သန်းပေါင်းများစွာ ရှိတဲ့ လူတွေပါ အတူသေသွားကြရမှာ ဖြစ်တယ်။


ကြမ်းတမ်းရိုင်းစိုင်းပြီး စိတ်ရူးပေါက်နေတဲ့ လူသတ်သမားစကားကို နားယောင်ပြီးတော့ “ကိုယ့်တိုင်းပြည်အတွက် အသက်ပေးကာကွယ်ဖို့ ဝတ္တရား ရှိတယ်” လို့ မထင်ပါနဲ့၊ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ကမ္ဘာပေါ် ထားအပ်တဲ့ ဝတ္တရားကလွဲပြီး ဒီ(ဗြိတိန်)နိုင်ငံ ဝန်ကြီးချုပ် (မက္ကမီလန်)နဲ့ အမေရိကန်သမ္မတ(ကနေဒီ)တို့ကို အလုပ်အကြွေး မပြုလုပ်ချင်ပါနဲ့။


နှစ်မြို့စရာ ပျော်ရွှင်စရာ လွတ်လပ်တဲ့ ကမ္ဘာမှာ နေလိုကြတယ်ဆိုရင် သူတို့ စကားနားမထောင်ဘဲ ကိုယ့်ဝတ္တရား ကိုယ်သတိရနေဖို့ ဖြစ်ပါတယ်” ဆိုတဲ့ သတိပေးကြော်ငြာချက်က သွေးနားထင်ကြွပြီး ဘဝကို မေ့နေကြတဲ့ ဗြိတိန်ပြည်သူ တွေကို မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ပြီး လန့်ဖျပ်နိုးသွား စေရုံ သာမက ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ကမ္ဘာ့ပြည်သူအားလုံးကို လှန့်နိုးလိုက်သလို ဖြစ်သွားခဲ့လို့ သတင်း ဖတ်သူ ပေါက်စကလေးတွေ ဖြစ်တဲ့ ဦးဇင်းတို့တောင် တစ်ခါတည်း စွဲငြိသွားခဲ့ရ တာပေါ့။


အဲဒီအရေးခင်းမှာ ဘာထရန် ရပ်ဆဲလ်က အနောက်နိုင်ငံ(အရင်းရှင်း)အုပ်စုမှာ ရှိတဲ့ စေ့စပ်ရေး သမားတွေကိုပြောခဲ့တဲ့ “ နျူကယီးယားစစ်ပွဲဟာ ကွန်မြူနစ်ဝါဒ တစ်ကမ္ဘာလုံးကို လွမ်းမိုးသွားခြင်း ထက် ပိုဆိုးလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်” ဆိုတဲ့ စကားနဲ့ အရှေ့(ကွန်မြူနစ်)အုပ်စု စေ့စပ်ရေး သမား တွေပြောခဲ့တဲ့ “ နျူကယီးယားစစ်ပွဲဟာ အရင်းရှင်စနစ်က တစ်ကမ္ဘာလုံးကို လွမ်းမိုးသွားခြင်းထက် ပိုဆိုးလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ကြောင်း” ဆိုတဲ့ စကားလုံးများဟာလည်း ဘာသာတရားမဲ့ လူကြမ်း ကြီးတွေလို့ သတ်မှတ်ခြင်းခံရတဲ့ ရုရှားကွန်မြူနစ်ခေါင်းဆောင်ကြီး ခရုရှက်ရဲ့ နှလုံးသား ကိုတောင် ထိမှန်သွားတဲ့အတွက် နောက်ဆုံးမှာတော့ အမေရိကန်သမ္မတ ကနေဒီက ညစ်ကျယ်ကျယ် ခေါင်းမာ မာနဲ့ တင်းခံနေတဲ့ ကြားထဲကပဲ ရှရှားခေါင်းဆောင်ကြီး ခရုရှက်က ကျူးဘားကို ဦးတည်ခုတ် မောင်း နေတဲ့ ရုရှားသင်္ဘောစုကို အမေရိကန်ပိတ်ဆို့ရေး သင်္ဘောစုနဲ့ ပဋိပက္ခ မဖြစ်အောင် ရှောင်ကြဉ်ဖို့ အမိန့်ထုတ်ပြီး ကျူဘားမှာရှိတဲ့ ဒုံးပျံများကို ပြန်လည်ရုပ်သိမ်းသွားခဲ့ ခြင်းတို့ကြောင့် အဏုမြူ လက်နက် များနဲ့ ပါဝင်ဆင်နွှဲ မည့် တတိယကမ္ဘာစစ်ကြီးဖြစ်ဖို့ အထိ တာစူနေတဲ့ ပဋိပက္ခကြီးဟာ ပြီးငြိမ်းသွားခဲ့တယ် မဟုတ်လား။


ဒီဖြစ်ရပ်တွေကို ခြုံငုံကြည့်လိုက်ရင် အမေရိကန်သမ္မတကနေဒီနဲ့ အပေါင်းပါများက ဒေါသမာန် တွေတင်းပြီး လူမျိုးပြုတ် စစ်ပွဲကြီးဆင်နွှဲဖို့အထိ မိုက်ရူးရဲခဲ့တဲ့ ပဋိပက္ခမှုကြီးဟာ တစ်ဖက်ကလည်း ဒေါသမာန်မာနတွေနဲ့ ရင်ဆိုင်မယ်ဆိုရင် ဒီနေ့ ကမ္ဘာမြေပုံဟာလည်း သတ္တလောက ဆိတ်သုဉ်းနေတဲ့ သဲကန္တာရ ဩကာသ သင်္ခါရလောကကြီးသက်သက်ပဲ ဖြစ်နေလောက်ပြီပေါ့။ သတ္တဝါတွေရဲ့ ကံ အကြောင်းတရားနဲ့ လူစိတ်မဆိတ်သုဉ်းသေးတဲ့ ရုရှားခေါင်းဆောင် ခရုရှက်က ဒေါသမာန်မာနတွေ ကို ပယ်ချရင်ဆိုင်ခဲ့လို့သာ ခုလိုကမ္ဘာကြီးမှာ သတ္တလောကပါ ပြည့်စုံသာယာနေတာပေါ့။


ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒီတုန်းက စစ်သွေးကြွတွေ ဖြစ်နေကြ သူများကတော့ “သူတို့ ရဲ့အင်အားနဲ့ သတ္တိရှိမှုကြောင့် ခရုရှက်ဟာ စစ်ပွဲကို ရင်မဆိုင်ရဲဘဲ အရှုံးပေးသွားတာ”လို့ ရူးကြောင်မူးကြောင် သတင်းတွေ လွှင့်နေကြတာလည်း မှတ်မိတယ်။


တကယ်တော့ ဒီပဋိပက္ခမှာ ဒေါသမာန်မာနတွေကို ဖယ်ရှားပြီး ရင်ဆိုင်ခဲ့တဲ့ ခရုရှက်နဲ့အတူ သက်ရှိလောကကြီးတစ်ခုလုံးက အောင်နိုင် သွားခြင်း သာ ဖြစ်တယ်ဆိုတာ ဆင်ခြင်တုံတရားရှိသူတိုင်း သိနိုင်ပါတယ်။


ရှင်းရှင်းပြောရရင် ဒီနေ့ အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေ အသက်ရှင်နေရတာဟာ ခရုရှက်ရဲ့ ဒေါသမာန်မာနတွေကို ဖယ်ရှားနိုင် မှုကြောင့်သာ ဖြစ်ပါ တယ်။


ဒီအောင်ပွဲနဲ့ပတ်သက်လို့ ဖြန်ဖြေရေးပညာရှင်ကြီး ဘာထရမ် ရပ်ဆဲလ်က သတင်းစာများကနေ ကြောငြာချက်ထုတ်ပြန်ရာမှာ -

“ အမေရိကန်စစ်ဝါဒကြောင့် ပေါ်ပေါက်လာမည့်ဆဲဆဲ ရောက်လာတဲ့စစ်ပွဲကြီးကို တားဆီးနိုင်တဲ့ သတ္တိနဲ့ တကယ်တမ်း တားဆီးဖို့ ဆုံးဖြတ်ချက်ချလိုက် တဲ့ မစ္စတာ ခရုရှက်ဟာ တစ်ကမ္ဘာလုံးအပေါ် ဧရာမ ကျေးဇူးကြီးပြုလိုက်ပေပြီ။ အင်အားကြီးတစ်နိုင်ငံက လူသိရှင်ကြားသူ့ကို ခြိမ်းခြောက်နေ တဲ့ကြားက ပဲ မှားယွင်းတဲ့ မာနတံခွန်စေပါးချက်တို့ကို လျစ်လျူပြုခဲ့တဲ့ မစ္စတာခရုရှက်ဟာ လူသား အကျိုးကို မျက်ကွယ်ပြုပြီး လက်ရုံးအားကိုးနဲ့ ရယူနိုင်တဲ့ ဂုဏ်ရှိန်ဩဇာကို မက်မောတဲ့ ကလေးဆန် ဆန်ပြုမူ ခြင်းကို ကြံ့ကြံ့ခံ နိုင်ခဲ့ပါပြီ”ဆိုပြီး ထောမနာပြုခဲ့ တာကို ကြည့်လိုက်ရင် ဒေါသမာန်မာနတွေ ကို ဖယ်ရှားပြီ လူသား အားလုံး အပေါ် စာနာစိတ်အပြည့်နဲ့ အနိုင်ယူခဲ့တဲ့ ခရုရှက်ရဲ့အောင်ပွဲဟာ သက်ရှိလောကကြီး တစ်ခုလုံးရဲ့ အောင်ပွဲကြီးပဲ မဟုတ်လား။


ဒါဟာ “အက္ကောဓေန ဇိနေ ကောဓံ” စတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတွက် ပစ္စက္ခမှာပဲ လုံလောက်ထင်ရှားတဲ့ သာဓကကြီးပါပဲ။ ဒါက ကမ္ဘာနဲ့အဝှမ်း အထင်ရှားဆုံးကိစ္စတစ်ခုကိုသာ ပြောတာပါ။


အလားတူထင်ရှားတဲ့ ကမ္ဘာဖြစ်ရပ် သာဓကတွေဟာ ဒီနေ့ကမ္ဘာ့ဝန်းကျင်တစ်ခုလုံးမှာ သတိထားမိသူတိုင်း သိသာထင်ရှားပါတယ် ‘ဆိုတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။


ဒကာကြီးကတော့ သူ့ကိုယ်တိုင်အောင် ဒီဖြစ်ရပ်တွေအပေါ်မှာ ဝေဝေ၀ါးဝါးဖြစ်နေပုံပါပဲ။ ဒါနဲ့ နောက်ဆုံးမှာမိမိက -

ကဲ ..ထားပါတော့၊ ဒါတွေက “သန္ဒိဋ္ဌိက၊ ဧဟိပဿိက”စတဲ့ မြတ်ဗုဒ္ဓရဲ့တရားတွေဂုဏ်တွေဟာ လူကြားကောင်းရုံ ကြွေးကြော်ထားတာတွေ မဟုတ်ဘူး။


တကယ်အစမ်းသပ်ခံနိုင်တယ်၊ တကယ့်ကို လက်ငင်းလက်တွေ့ အကျိုးထင်ရှား တယ်ဆိုတာ ဒကာကြီးသဘောပေါက်အောင် ပြောပြရတာပါ။ ဒကာကြီးရဲ့သားသမီးတို့နဲ့ ပတ်သက်လို့ အခုကြုံ နေရတဲ့ ပြဿနာပြေလည် စေဖို့အတွက်တော့ ဦးဇင်းဥပမာလေးတစ်ခုကို ပြောပေးချင် ပါတယ်။


စာသင်ကျောင်းကြီးနှစ်ကျောင်းရှိတယ်ဆိုပါစို့၊ ပထမတစ်ကျောင်းက "ငါတို့ ကျောင်းမှာ လာနေပါ၊ ငါတို့ကို လေးစားအားကိုးပါ၊ သင့်မှာ ဘယ်လိုချွတ်ယွင်းချက်တွေရှိနေနေ၊ သင်ဘာတွေမှ အထွေ အထူးမကြိုးစားလဲ ကိစ္စမရှိဘူး၊ အချိန်တန်ရင် သင့်ရဲ့ ချွတ်ယွင်းချက်မှန်သမျှကိုလဲ ဖယ်ရှားပေးမယ်၊ ဘွဲ့ဒီဂရီတွေလဲ ရစေမယ်၊ ရာထူးဂုဏ်သိန်စည်းစိမ်ဥစ္စာတွေနဲ့လဲ ပြည့်စုံစေမယ်” လို့ အာမခံကြွေးကြော်ထားတဲ့ ကျောင်းကြီးပေါ့။


နောက်တစ်ကျောင်းကတော့ “ကြိုးစားဖို့က သင်တို့တာဝန်ဖြစ်တယ်၊ ချွတ်ယွင်းချက်မရှိ အပြည့်အဝသင်ကြားပေးဖို့ ငါတို့က လုံးဝတာဝန်ယူတယ်၊ သင်တို့ ကြိုးစားသလောက် မုချအောင်မြင် မှုရမယ်၊ သင်ရဲ့ကြိုးစားမှု၊ သင့်ရဲ့ အစွမ်းအစနဲ့ပဲ အခက်အခဲဟူသမျှ ကျော်လွှားအောင်မြင်စေရမယ်၊ သင့်ရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ လူသားဂုဏ်သိက္ခာအားလုံးကိုငါတို့က တလေးတစားအသိ အမှတ်ပြု တယ်”လို့ အာမခံ ကြွေးကြော်ထားတဲ့ ကျောင်းကြီးပေါ့။

(၇)

ဒကာကြီးရဲ့ သားနဲ့သမီးကို မေးကြည့်ပါ၊ “ ဒီကျောင်းကြီး နှစ်ကျောင်းထဲက ဘယ်ကျောင်းမှာ နေမလဲ” ပေါ့။ အခုခေတ်လူငယ်တွေဟာ အရာရာ ကို နှိုင်းယှဉ်စဉ်းစားတတ်ပါတယ်။


အဲ ..ဒကာကြီးအနေနဲ့ သဘောပေါက်ထားရမှာကတော့ ဗုဒ္ဓဘာသာဆိုတာ ဒုတိယ ကျောင်းကြီးမျိုး ဖြစ်ပါတယ်။


ဗုဒ္ဓမြတ်စွာ အာမခံနိုင်တာကတော့ “ချွတ်ယွင်းချက်မရှိအောင် အပြည့်အဝ သင်ကြားပေး မယ်”ဆိုတဲ့ အချက်ပါပဲ။ အောင်မြင်မှုက မြတ်ဗုဒ္ဓရဲ့ လက်ထဲ မှာ မရှိပါဘူး၊ ကြိုးစားအားထုတ်သူတို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ “အတ္တာဟိ အတ္တနောနာထော = ကိုယ်ကိုယ်တိုင်သာ ကိုယ့်ရဲ့ ကိုးကွယ်ရာ ဖြစ်တယ် ”ဆိုတဲ့ “လူသာ ပဓာန”ဝါဒကို ဟောညွှန်တာဆိုလို့ မြတ်ဗုဒ္ဓတစ်ပါးသာရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒဆိုတာ လူနဲ့ လူ့အခွင့်အရေး၊ လူရဲ့ ကံဥာဏ်ဝီရိယ စွမ်းအားနဲ့ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာတို့ကို အပြည့်အဝ လေးစား အသိအမှတ်ပြုတဲ့ ဝါဒပဲ ဖြစ်ပါတယ်။


ကဲ .. ဒကာကြီး ဒါကို လက်တွေ့ စမ်းကြည့်ချေပါဦး” လို့ တိုက်တွန်းလိုက်ပါတယ်။ ဒကာကြီးလည်း “ပြောစရာတော့ရပြီ” ဆိုတဲ့ သဘောနဲ့ ပေါ့ပေါ့ ပါးပါး ကြည်ကြည်လင်လင်ပဲ ဦးချပြန်သွားပါတယ်။


နောက်စနေနေ့မှာတော့ ဒကာကြီး ခပ်စောစောပဲ ရောက်လာပါတယ်။ မျက်နှာက တစ်ခုခု အဆင်ပြေလာတဲ့ပုံစံနဲ့ပါ။ ရောက်မဆိုက်ဆိုသလိုပဲ “ဆေးချက်ကတော့ တည့်သွားပြီ ဆရာတော် ရေ့၊အဲဒီနေ့ ညစာထမင်းဝိုင်းမှာပဲ အရှင်ဘုရား အမိန့်ရှိလိုက်တဲ့ ကျောင်းကြီးနှစ်ကျောင်း ဥပမာကို ပြော လိုက်တော့ သားကရော သမီးကရောပဲ “ဟာ .. ကိုယ်က ဘာမှ မကြိုးစားပဲနဲ့ အောင်မြင်မှု ရစေမယ်ဆိုတဲ့ ကျောင်းမျိုးကတော့ ဘယ်သွားအားကိုး လို့ ဖြစ်မလဲ၊ ကြိုးစားသူရောမကြိုးစားသူရော အတူတူအောင်မြင်စေမယ်ဆိုရင် သားတို့ ကြိုးစားသမျှတွေက ဘာသွားထူးတော့မှာလဲ" ဆိုပြီး ကျောင်းနှစ် .ေ ကျာင်းကို နှိုင်းယှဉ်ဝေဖန်ကြတော့တာပဲ။ တစ်ချို့အချက်တွေမှာ နည်းနည်း ပြင်းထန် လွန်းလို့ တပည့်တော်တို့ကတောင် ထိန်းပေးရသေးတယ် ဆိုတဲ့အကြောင်း အားပါးတရ ပြောပြ ပါတယ်။


မိမိက - “ဒကာကြီးအခုလို ထိန်းပေးတာ ကောင်းပါတယ်၊ အမှန်ကတော့ ဘာသာဝင်တို့ရဲ့ အရေးအကြီးဆုံးတာဝန်က ကိုယ်ယုံကြည်တဲ့ ဘာသာ တရားကို လေးစားပြီး ကိုယ်လိုက်နာ ကျင့်သုံးရမယ့် “ ရှောင်သင့်တာ ရှောင်၊ ဆောင်သင့်တာဆောင်” ဖို့ပဲ မဟုတ်လား။


“ ဣဒမေဝ သစ္စံ္စံ မောဃမညံ = ငါ့ဝါဒသာ အမှန်၊ အခြားဝါဒတွေဟွဟာ အလကား ဝါဒတွေဖြစ်တယ်”ဆိုတဲ့ စိတ်ထားမျိုးဟာ အဆင့်နိမ့်သူတို့ရဲ့ စိတ်ထားမျိုးဖြစ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓ့ အဆုံးးအမနဲ့ “ န ပရောပရံ နိကုဗ္ဗေထ = တစ်ယောက် တစ်ယောက်က်ကို မလှည့်မဖြား ရိုးးသားစွာ ဆက်ဆံရမယ်။ နာတိမညေထ ကတ္ထစိ နံကိဉ္စ္စိ = ဘယ်ကိစ္စ္စမှာမဆို တစ်ယောက်က တစ်ယောက်ကို နိုင်ထက်စ်စီးးနင်းး မထီမဲ့မြင် မပြုဘဲ လေးစားစွာ ဆက်ဆံရမယ်” ဆိုတဲ့ ဘုရားရှင်ရဲ့ သတိပေး ညွှန်ကြား ချက်များကို အလေးထားတတ်ကြဖို့ လိုပါတယ်ဆိုတဲ့ အကြောင်း သတိပေးလိုက်ပါတယ်။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊ ဤခေတ်ထူး ၌၊ ဆည်းပူးနိုင်မှ၊ တော်ကာကျလိမ့်…


မေတ္တာများဖြင့်

Sunday, June 26, 2011

လူပီသခဲ့ကြသူများ.



လူပီသခဲ့ကြသူများ.


ကုရုတိုင်း၊ ဣန္ဒပတ္တပြည်မှာ ဘုရားလောင်း ဓနဉ္စယ ကောရဗျမင်းကြီး မင်းပြုစဉ် မင်းကြီးအပါအဝင် ပုဂ္ဂိုလ် (၁၁)ဦးဟာ ဂရုဓမ္မဆိုတဲ့ ငါးပါးသီလကို အလွန်စင်ကြယ်စွာ စောင့်ထိန်းကြပါတယ်။ မြို့တံခါး (၄)ခု၊ မြို့လယ်၊ နန်းတော်တံခါး ဆိုတဲ့ (၆)ဌာနတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်ပြီး နေ့စဉ် (၆)သိန်းဖိုး (၆)သိန်းဖိုး လှူဒါန်းပါတယ်။ တိုင်းသူပြည်သားတွေအနေနဲ့ ထွန်ယက် စိုက်ပျိုး စားစရာ မလိုပါဘူး။ အလွန်ပဲ စည်ပင်ဝပြော သာယာပါတယ်။

ကာလိင်္ဂိတိုင်း ဒန္တပူရပြည်မှာ ကာလိင်္ဂိမင်း မင်းပြုပါတယ်။ အဲဒီ့တိုင်းပြည်မှာတော့ မိုးခေါင် ငတ်မွတ် အနာရောဂါ ထူပြောပါတယ်။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေဟာ နန်းတော်ကိုသွားပြီး ဆန္ဒပြကြပါတယ်။ မင်းကြီးအနေနဲ့ အလှူပေး၊ ရှေးအစဉ်အလာအတိုင်း ဆောင်ရွက် လုပ်ကြည့်ပေမယ့် မိုးက ရွာမလာပါဘူး။ အဲဒီ့အခါ ဣန္ဒပတ္တပြည်မှာ သာယာဝပြောတာဟာ အဉ္စနဝဏ္ဏ မင်္ဂလာဆင်တော်ကြောင့် နေမှာပဲဆိုပြီး ဓနဉ္စယ ကောရဗျမင်းကြီးထံမှာ ဆင်တော်ကို အလှူခံကြပါတယ်။ ဆင်တော် ရောက်လာပေမယ့်လည်း မိုးက မရွာပါဘူး။ ဒါနဲ့ ဓနဉ္စယ ကောရဗျမင်းကြီး စောင့်ထိန်းတဲ့ ဂရုဓမ္မသီလကြောင့်လို့ သဘောပေါက်ပြီး အဲဒီ့သီလကို ရွှေပြားထက်မှာ ရေးသားဆောင်ယူခဲ့ဖို့ စေလွှတ်လိုက်ပါတယ်။

(၁) ဓနဉ္စယ ကောရဗျမင်းကြီး (ဘုရားလောင်း)ထံ သီလတောင်းတဲ့အခါ မင်းကြီးက သူရဲ့သီလကို သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။ တန်ဆောင်မုန်းလ ပွဲသဘင်တစ်ခုမှာ တစ်ဘက်ဆည်ကန်ရဲ့ ကန်ဘောင်ပေါ်မှာရပ်ပြီး အရပ်(၄)မျက်နှာကို ပန်းမြားတွေ ပစ်ရစဉ် ကျန်မြား(၃)စင်းကို ပြန်တွေ့ပေမယ့် ရေမှာကျတဲ့မြားကို ရှာမတွေ့ပါဘူးတဲ့။ ငါးစတဲ့ သတ္တ၀ါတွေရဲ့ ကိုယ်ပေါ်မှာများ ကျတာလားဆိုပြီး သံသယဖြစ်မိပါတယ်တဲ့။ ဒီအခါ တမန်တွေက မင်းကြီးမှာ သတ်လိုတဲ့ စေတနာမှ မရှိတာ။ အပြစ်မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးရဲ့ သီလကိုသာ ရေးပေးတော်မူပါလို့ တောင်းပန်ကြလို့ ရွှေပေလွှာပေါ်မှာ 'ပါဏော နဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊ ကာမေသုမိစ္ဆာစာရာ နစရိတဗ္ဗာ၊ မုသာဝါဒါ နဘဏိတဗ္ဗာ၊ မဇ္ဇံ နပါယိတဗ္ဗံ' လို့ ရေးသားပေးလိုက်ပြီး မယ်တော်ရဲ့ သီလက ပိုစင်ကြယ်ပါတယ်ဆိုပြီး မယ်တော့်ထံ ညွှန်လိုက်ပါတယ်။

(၂) မယ်တော် (မဟာမာယာလောင်း)ထံ တောင်းတဲ့အခါ မယ်တော်ကလည်း သူ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ သားတော်မင်းကြီးက အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်နဲ့ အဖိုးတစ်ထောင်ထိုက်တဲ့ ရွှေပန်းတို့ကို မယ်တော်အတွက် ပို့ဆက်လိုက်တုန်းက မိမိမသုံးဆောင်ဘဲ ချွေးမတော်တွေကိုပေးဖို့ အကြံဖြစ်ပါတယ်တဲ့။ ချွေးမအကြီးဖြစ်တဲ့ မိဖုရားကြီးက ပြည့်စုံပါတယ်လေလို့ကြံပြီး အဖိုးတစ်ထောင်ထိုက်သော ရွှေပန်းကိုပဲ ပေးလိုက်ပါတယ်တဲ့။ ချွေးမအငယ်ဖြစ်တဲ့ အိမ်ရှေ့မိဖုရားကိုတော့ အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်ကို ပေးလိုက်ပါတယ်တဲ့။ ပေးပြီးကာမှ အစဉ်အလာအတိုင်း ကြီးမြတ်သူကို ဦးစားမပေးမိလို့၊ ရသင့်ရထိုက်တာကို မရအောင်ပြုမိလို့ မိမိသီလများ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ဆိုပါတယ်။ ဒီအခါ တမန်တွေက ကိုယ့်ပစ္စည်း ကိုယ်ကြိုက်သလို လုပ်နိုင်တာပဲ။ ဒါကိုမှ မကောင်းမှုလို့ သတ်မှတ်ရရင်တော့ တခြားဟာတွေဆို ဘယ်လိုလုပ်မလဲ။ မယ်တော်ရဲ့ သီလကို ပေးသာပေးပါ လို့ တောင်းခံမှတ်ယူကြပါတယ်။ မယ်တော်ကလည်း ချွေးမတော် မိဖုရားကြီးထံ သီလတောင်းဖို့ ထပ်ပြီးစေလွှတ်လိုက်ပြန်ပါတယ်။

(၃) မိဖုရားကြီး (ယသော်ဓရာလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ မင်းကြီးတိုင်းခန်း လှည့်လည်လာတာကို လေသောက်ပြတင်းက ကြည့်ပါတယ်တဲ့။ မင်းကြီးနောက်ပါးက အိမ်ရှေ့မင်းကို မြင်တော့ မင်းကြီး နတ်ရွာစံရင် အိမ်ရှေ့မင်းက သူ့ကို မိဖုရားမြှောက်ရင် ကောင်းမှာပဲလို့ ကြံစည်မိပါတယ်တဲ့။ အဲဒီ့လို မိမိမှာ ကာမပိုင်ရှိပါလျက်နဲ့ တခြားယောက်ျားကို ကိလေသာရဲ့ အစွမ်းနဲ့ ကြည့်မိတဲ့အတွက် သူရဲ့သီလ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ပြောပါတယ်။ တမန်တွေကလည်း စိတ်ဖြစ်ကာမျှနဲ့တော့ သီလမပျက်နိုင်ပါဆိုပြီး မိဖုရားရဲ့ သီလကို တောင်းခံမှတ်ယူကြပါတယ်။ မိဖုရားကလည်း အိမ်ရှေ့မင်းက သီလကို ကောင်းစွာစောင့်ထိန်းပါတယ်လို့ ညွှန်လိုက်ပြန်ပါတယ်။

(၄) အိမ်ရှေ့မင်း (အရှင်အာနန္ဒာလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိကြောင်း ဆိုပြန်ပါတယ်။ မင်းကြီးထံ ညနေချမ်းအခါ အခစားဝင်တဲ့အခါ နန်းတော်မှာပဲ ညအိပ်မယ်ဆိုရင် နှင်တံနဲ့ ကြိုးကို ရထားဦးမှာ ထားပါတယ်တဲ့။ ဒါကိုမြင်ရင် ရထားထိန်းနဲ့ အခြွေအရံတွေ ပြန်သွားကြပြီး မနက်ရောက်မှ လာကြိုကြရပါတယ်တဲ့။ နန်းတော်မှာ ညမအိပ်၊ ခဏသာကြာမယ်ဆိုရင်တော့ နှင်တံနဲ့ ကြိုးကို ရထားအတွင်းမှာပဲ ထားပါတယ်တဲ့။ ဒါဆိုရင် အခြွေအရံတွေက နန်းတော်တံခါးမှာ စောင့်နေကြရပါတယ်တဲ့။ တစ်နေ့မှာတော့ နန်းတော်မှာ ညမအိပ်၊ ပြန်လာမယ် ရည်ရွယ်ပြီး နှင်တံနဲ့ ကြိုးကို ရထားတွင်းမှာ ထားကာ နန်းတော်သို့ ဝင်ပါတယ်တဲ့။ အဲဒီ့ခဏမှာပဲ မိုးကြီးသည်းထန်စွာ ရွာပါတော့တယ်။ မင်းကြီးကလည်း မိုးရွာနေတဲ့အတွက် နန်းတော်မှာပဲ ညအိပ်ခိုင်းပါတယ်။ နောက်နေ့ မိုးလင်းတဲ့အခါ နန်းတော်တံခါးမှာ မိုးရေတွေ စိုရွှဲပြီး တစ်ညလုံး စောင့်နေကြရတဲ့ အခြွေအရံတွေကို တွေ့ရတဲ့အခါ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ ဒါ့ကြောင့် မိမိသီလအပေါ်မှာ သံသယဖြစ်မိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း တမင်ရည်ရွယ်တာမဟုတ်လို့ အပြစ်မဖြစ်နိုင်ကြောင်းပြောပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ တဖန် အိမ်ရှေ့မင်းက ပုရောဟိတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၅) ပုရောဟိတ် (အရှင်မဟာကဿပလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ အခြားမင်းတစ်ပါးက အလွန်နူးညံ့ကောင်းမွန်တဲ့ ရထားတစ်စီးကို မင်းကြီးထံ ဆက်သဖို့ ယူလာတာ လမ်းမှာတွေ့ပါတယ်တဲ့။ မိမိကလည်း အသက်ကြီးနေပြီဖြစ်တဲ့အတွက် မင်းကြီးကများ မိမိကို ပေးစွန့်လိုက်ရင် ကောင်းမှာပဲ။ ဒီလို ရထားကောင်းကောင်းလေးနဲ့ ချမ်းချမ်းသာသာ လှည့်လည်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ ကြံစည်မိပါတယ်တဲ့။ မင်းကြီးထံ ရထားကို ဆက်သကြတဲ့အခါမှာလည်း မင်းကြီးက ပုရောဟိတ်ကြီးကိုပဲ ပေးပါတယ်တဲ့။ ပုရောဟိတ်ကြီးက လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ သူများပစ္စည်းကို လောဘနဲ့ လိုချင်တောင့်တမိတဲ့အတွက် သီလပျက်စီးပြီလို့ သံသယ ရှိလို့ပါတဲ့။ ဒါကြောင့် သူ့သီလကို မပေးချင်ပါလို့ ဆိုပါတယ်။ တမန်များကလည်း လောဘဖြစ်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ ပုရောဟိတ်ကြီးကလည်း မြေတိုင်းအမတ်ထံ တဖန်ညွှန်လိုက်ပြန်ပါတယ်။

(၆) မြေတိုင်းအမတ် (အရှင်မဟာကစ္စည်းလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းက တစ်နေ့မှာ မြေအပိုင်းအခြား ငုတ်ရိုက်တဲ့အခါ ပုစွန်တွင်းပေါ် တည့်တည့်ကျနေပါတယ်တဲ့။ အဲဒီ့တွင်းကိုရှောင်ပြီး ဒီဘက်နှုတ်ခမ်းမှာ ငုတ်ရိုက်ရင် မင်းကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဟိုဘက်နှုတ်ခမ်းမှာ ရိုက်ပြန်ရင်လည်း လယ်သူကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဒါနဲ့ တွင်းအခြေအနေကို အကဲခတ်ကြည့်၊ တွင်းထဲ ပုစွန်မရှိလောက်ဘူးထင်ပြီး တွင်းတည့်တည့်ကို ငုတ်ရိုက်လိုက်ပါတယ်တဲ့။ အဲဒီ့အခါ တွင်းထဲက ပုစွန်သံကို ကြားလိုက်ရပါတယ်တဲ့။ ပုစွန်များ သေသွားသလားလို့ သူ့သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ အဲဒီ့အခါ တမန်တို့ကလည်း စေတနာ မပါတဲ့အတွက် အပြစ်မဖြစ်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ မြေတိုင်းစာရေးကလည်း ရထားထိန်းထံ ညွှန်လိုက်ပြန်ပါတယ်။

(၇) ရထားထိန်း (အရှင်အနုရုဒ္ဓါလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ညနေချမ်းအခါ မင်းကြီး ဥယျာဉ်ကစားပြီးလို့ ရထားစီးပြန်လာနေတုန်း မြို့ကိုမရောက်မီမှာပဲ မိုးသားများ တက်လာတာနဲ့ မင်းကြီး မိုးစိုမှာစိုးလို့ သိန္ဓောမြင်းတွေကို နှင်တံအမှတ် ပေးမိပါတယ်တဲ့။ အဲဒီ့အမှတ်နဲ့ သိန္ဓောမြင်းတွေလည်း လျင်စွာပြေးကြပါတယ်တဲ့။ အဲဒီအချိန်ကစပြီး သိန္ဓောမြင်းတွေဟာ ဥယျာဉ် သွားရင်ပဲဖြစ်ဖြစ်၊ ပြန်လာရင်ပဲဖြစ်ဖြစ် နှင်တံအမှတ်ပေးခဲ့ဖူးတဲ့ အဲဒီ့နေရာရောက်တိုင်း ဘေးရန်ရှိတယ်ထင်ပြီး အမြန်ပြေးကုန်ကြပါတယ်တဲ့။ အလွန်လိမ္မာတဲ့ သိန္ဓောမြင်းတွေကို ပင်ပန်းအောင် လုပ်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်ရပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ပင်ပန်းစေလိုတဲ့ စေတနာမရှိတဲ့အတွက် အပြစ်မရှိနိုင်ပါလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ ရထားထိန်းကလည်း သူဋ္ဌေးကြီးထံ ညွှန်လိုက်ပြန်ပါတယ်။

(၈) သူဋ္ဌေးကြီး (အရှင်သာရိပုတြာလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းကတော့ တစ်နေ့မှာ သလေးစပါးခင်းများကို လှည့်လည်ကြည့်ရှုရင်း သလေးနှံတစ်ဆုပ်ကို ပန်းအဖြစ် ခူးပန်မိပါတယ်တဲ့။ အဲဒီ့နောက်မှ မင်းထံ အခွန်မဆက်ရသေးတဲ့ လယ်ထဲက သလေးနှံကို ယူမိပြီဆိုပြီး မိမိသီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ တမန်တို့ကလည်း ခိုးလိုသောစိတ် မရှိလို့ အပြစ်မရှိနိုင်ပါဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ သူဋ္ဌေးကြီးကလည်း စာရင်းကိုင်အမတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၉) စာရင်းကိုင်အမတ် (အရှင်မောဂ္ဂလာန်လောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကောက်စပါးတွေကို ခြင်တွယ်မှတ်သားနေတုန်း မိုးသည်းထန်စွာ ရွာလာတဲ့အတွက် ခြင်လက်စ ကောက်စပါးကို ခြင်ပြီးတဲ့ ကောက်စပါးပုံထဲ ထည့်မိလား၊ မထည့်မိလား မမှတ်မိတော့ပါဘူးတဲ့။ ထည့်မိရင် မင်းကြီးရဲ့ဥစ္စာကို တိုးပွားစေပြီး သူကြွယ်ရဲ့ဥစ္စာကို ယုတ်လျော့စေရာ ရောက်ပါမယ်တဲ့။ ဒါ့ကြောင့် သူ့ရဲ့ သီလကို သံသယရှိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း သူတစ်ပါး ဥစ္စာကို ခိုးလိုတဲ့စိတ်မှ မရှိဘဲလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ အမတ်ကလည်း တံခါးဗိုလ် (တံခါးစောင့်)ကို ထပ်ညွှန်လိုက်ပြန်ပါတယ်။

(၁ဝ) တံခါးဗိုလ် (အရှင်ပုဏ္ဏလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ သူဆင်းရဲတစ်ယောက်ဟာ နှစ်မငယ်ကို ခေါ်ပြီး တောထဲကို ထင်း၊ ဟင်းရွက်ရှာ သွားပါတယ်တဲ့။ တံခါးဗိုလ်က ညနေချမ်း မြို့တံခါး ပိတ်ခါနီးတိုင်း (၃)ကြိမ် ကြွေးကြော်လေ့ရှိပါတယ်တဲ့။ အဲဒီ့ကြွေးကြော်သံ ကြားတဲ့အတွက် မောင်နှမနှစ်ယောက်လည်း အမြန်ပြန်လာခဲ့ကြပါတယ်။ တံခါးဗိုလ်ဟာ တံခါးပိတ်ခါနီး နောက်ကျမှ ရောက်လာတဲ့အတွက် ကာမဂုဏ် လွန်ကျူးရာမှ ပြန်လာတဲ့အတွက် မောင်နှမကို လင်မယားထင်ပြီး ပြစ်တင်စကား ပြောကြားမိပါတယ်တဲ့။ သူဆင်းရဲက ရှင်းပြမှ မောင်နှမမှန်း သိရပါတယ်တဲ့။ အဲဒီ့လို ပြောဆိုမိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ဒီမျှလောက်နဲ့တော့ သီလမပျက်နိုင်ပါဘူးလို့ဆိုပြီး သီလကို တောင်းခံ မှတ်ယူကြပါတယ်။ တံခါးဗိုလ်ကလည်း ပြည့်တန်ဆာမကို ထပ်ညွှန်ပြန်ပါတယ်။

(၁၁) ပြည့်တန်ဆာမ (ဥပ္ပလဝဏ်ထေရီလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပါတယ်။ အကြောင်းက တစ်နေ့မှာ ပြည့်တန်ဆာမရဲ့ သီလကို စုံစမ်းဖို့ သိကြားမင်းက လုလင်ပျိုယောင်ဆောင်လာ၊ အသပြာတစ်ထောင်ပေးပြီး နတ်ပြည်ကို ပြန်သွားပါတယ်တဲ့။ အဲဒီ့အသပြာကို လက်ခံပြီးဖြစ်လို့ အခြားသူတွေကို လက်မခံပါဘူးတဲ့။ သိကြားမင်းကတော့ ပေါ်မလာပါဘူး။ (၃)နှစ်စောင့်တဲ့အထိ ပေါ်မလာတဲ့အခါ ပြည့်တန်ဆာမမှာလည်း စားဝတ်နေရေး အခက်ကြုံလာတဲ့အတွက် တရားသူကြီးများထံ အဆုံးအဖြတ်သွားခံပါတယ်တဲ့။ တရားသူကြီးများကလည်း (၃)နှစ်ကြာနေပြီဖြစ်လို့ တခြားသူတွေကို လက်ခံနိုင်ပါပြီလို့ ဆုံးဖြတ်ပေးလိုက်ပါသတဲ့။ အဲဒီ့ဆုံးဖြတ်ချက်အရ ယောက်ျားတစ်ယောက်ထံမှ အသပြာ တစ်ထောင်ကို လက်ခံဖို့ လက်ကို ဆန့်လိုက်တဲ့အချိန်မှာပဲ သိကြားမင်းကလည်း လုလင်အသွင်နဲ့ ပေါ်လာပါတယ်တဲ့။ ဒါနဲ့ ပြည့်တန်ဆာမလည်း ဆန့်မိတဲ့လက်ကို ရုပ်သိမ်းပြီး နောက်လူကို ငြင်းပယ်လိုက်ပါတယ်တဲ့။ သိကြားမင်းလည်း သိကြားမင်းရဲ့ အသွင်ကိုပြ၊ ကောင်းကင်ကို ပျံတက်ပြီး ချီးမွမ်းစကား ဆိုပါတယ်တဲ့။ ပြည့်တန်ဆာမရဲ့ အိမ်ကိုလည်း ရတနာ (၇)ပါးနဲ့ ပြည့်စေပြီး မမေ့မလျော့ဖို့ ဆုံးမပြီး ပြန်သွားပါတယ်တဲ့။ ရှေ့လူပေးထားတဲ့ အဖိုးအခ မကြေသေးဘဲ နောက်လူရဲ့ငွေကို ယူဖို့ လက်ဆန့်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယ ရှိမိပါတယ်လို့ ပြည့်တန်ဆာမက ဆိုပါတယ်။ တမန်တို့ကလည်း လက်ဆန့်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။

ဒီလို (၁၁)ဦးသောပုဂ္ဂိုလ်တို့ စောင့်ထိန်းတဲ့ ဂရုဓမ္မသီလ ခေါ် ငါးပါးသီလကို ကာလိင်္ဂမင်းထံ ဆက်သကြပါတယ်။ မင်းကြီးလည်း အတုယူ အားကျပြီး ဂရုဓမ္မသီလကို ကောင်းစွာ စောင့်ထိန်းလိုက်တဲ့အခါ မိုးကောင်းစွာရွာပြီး ဘေး(၃)ပါးလည်း ငြိမ်းသွားပါတယ်။ ဘုရားလောင်း ဓနဉ္စယကောရဗျမင်းလည်း ဒါနစတဲ့ ကုသိုလ်ကောင်းမှုတွေပြုပြီး သေလွန်တဲ့အခါ ပရိသတ်နဲ့တကွ နတ်ပြည်မှာ ဖြစ်ပါတယ်။

ဒီဝတ္ထုကိုကြည့်ရင် ရှေးသူတော်ကောင်းတွေ သီလအပေါ် အလေးထားပုံနဲ့ မိမိတို့ရဲ့ သီလအပေါ် အလေးထားပုံ ဘယ်လောက်တောင် ခြားနားနေသလဲဆိုတာ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပါတယ်။ မိမိတို့က ငါးပါးသီလကိုတောင် အလေးအနက် မဆောက်တည်နိုင်ကြလို့ ဘာအကျိုးမှ သိသိသာသာ မရကြတာပါ။ တစ်ပါးပဲ ထိထိမိမိ စောင့်တဲ့ပုဂ္ဂိုလ်တောင် တစ်ပါးရဲ့အကျိုးကို ထိုက်ထိုက်တန်တန် ခံစားသွားရတာကို ဆရာကြီး ဦးသုခကလည်း "တစ်ပါးသီလ" ဆိုပြီး မီးမောင်းထိုးပြခဲ့ဖူးပါတယ်။ တစ်ပါးမက ငါးပါးလုံး လုံမယ်ဆိုရင်တော့ သိက္ခာရှိတဲ့လူအဖြစ်နဲ့ လိပ်ပြာသန့်သန့် နေနိုင်ပြီပေါ့။ လောကမှာ ကိုယ့်ကို ဂုဏ်တက်စေတဲ့ ပစ္စည်းဆိုရင် မြတ်မြတ်နိုးနိုး တယုတယ သေချာစောင့်ရှောက်သလိုမျိုး မိမိတို့ကို လူပီသ လူဂုဏ်တက်စေတဲ့ ငါးပါးသီလကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ချို့ယွင်းချက်မရှိအောင် စောင့်ရှောက်သင့်ပါတယ်။

လူပီသခဲ့ကြသူများ...
by Dhamma Yanant (Dhamma Yanant)

“ဘယ်ကျောင်းနေမလဲ မောင်ရေခဲ”

“ဘယ်ကျောင်းနေမလဲ မောင်ရေခဲ”

မိမိနဲ့ သိကျွမ်းရင်းနှီးတဲ့ ဒကာ ဒကာမတွေ၊ မိမိနေခဲ့တဲ့ အရပ်က တပည့်တော်ခဲ့ဖူးတဲ့ ဒကာဒကာမ တွေထဲက တချို့တစ်လေဟာ ကမ္ဘာကြီး ကပဲ ပြားသွားလို့လား၊ သူတို့ရဲ့ နား မျက်စေ့တွေကပဲ အကြောင်းကြောင်းကြောင့် ကျယ်ကုန်ကြလို့လားတော့ မသိဘူး ရေခြား မြေခြားဆိုတဲ့ တိုင်းတစ်ပါးကို ရောက်သွားကြတာ ကမ္ဘာအနှံ့လောက်နီးပါး အတော်လေးပြန့်နေကြပြီ။


အင်း ... သူတို့လို လူတွေ ကမ္ဘာအနှံ့ ခြေဆန့်ကြလို့လဲ ကမ္ဘာကြီး ပြားသွားသလားတော့ မပြော တတ်ပါဘူး။ ဒီဖြစ်ရပ်ရဲ့ အကျိုးဆက် အနေနဲ့ သိသာလာတာ တစ်ချက်ကတော့ ကမ္ဘာပြန့် သွားကြ တဲ့ မြန်မာတို့နဲ့အတူ သူတို့ရဲ့ ဦးထိပ်ထက်မှာ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓ သာသနာ အငွေ့အသက် ကလေးတွေပါ ပါသွားကြတဲ့အတွက် မြတ်ဗုဒ္ဓ သာသနာတော်လဲ သူတို့ သွားရာ ကမ္ဘာအနှံ့ဆီ အတော်လေးပြန့်သွားခဲ့ရပါတယ်။


ဒီလိုနဲ့ပဲ ကိုးကွယ်အားထားရာအစစ်ဖြစ်တဲ့ မြတ်ဗုဒ္ဓသာသနာတော်နဲ့ အကင်းကွာမခံနိုင်ကြတဲ့ သူတို့တွေရဲ့ ပင့်လျှောက်ချက်အရ မိမိအပါအဝင်ဆရာတော် သံဃာတော်များလဲ ရေခြား မြေခြား အထိ ရောက်ဖြစ်သွားပါတယ်။


အရင်ကကြားရုံသာ ကြားဖူးတဲ့ နိုင်ငံကြီးတွေကို ကိုယ်တိုင် ရောက်ရှိထိတွေ့လေ့လာခွင့် ရခဲ့တာကို သေချာစဉ်းစားကြည့်ရင်တော့ ဒါဟာ တကယ်ကိုမှ မြတ်ဗုဒ္ဓရဲ့ကျေးဇူးအစစ်ပါပဲ။


လောကဓံ အပူလှိုင်းကြားမှာ ဆောက်တည်ရာ မရသူတို့အတွက် ပုန်းအောင်း မှီခိုရာ အစစ်ဖြစ် တဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မအရိပ်ကြောင့်သာ အခုလို တရားဓမ္မဟောညွှန်ပြသနိုင်ကြတဲ့ ဆရာတော် သံဃာ တော်တွေကို ကမ္ဘာပြန့်ဒကာ ဒကာမတွေက ပင့်လျှောက်ခဲ့ကြတာ မဟုတ်လား။


ပင့်လျှောက်သူတွေရဲ့ အဓိကရည်ရွယ်ချက်က အလည်အပတ်ရောက်စေလိုလို့ သက်သက်မဟုတ်ဘဲ တရားဓမ္မနာယူ မေးမြန်းလိုကြတဲ့ ဆန္ဒရှိကြတဲ့အတိုင်း မိမိတို့ကလဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တော်များ ကို စွမ်းနိုင်သမျှ ဖြန့်ဝေပေးခဲ့ဖြစ်ပါတယ်။


ကမ္ဘာပြန့်မြန်မာတို့နဲ့ အနီးကပ်ထိတွေ့ရတဲ့အခါမှာ သူတို့တွေဟာ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည် ကိုယ့်ဒေသကို မချစ်ရှာလို့ စွန့်ခွာလာကြ သူတွေမဟုတ်ဘူး၊ မဖြစ်သာလို့ ခွဲခွာ နေကြရသူတွေ ဖြစ်တယ်ဆိုတာလဲ သိရှိလာပါတယ်။


အမိမြေနဲ့ ဝေးကွာ နေကြရသူတွေရဲ့ အဓိကချို့တဲ့ချက်ကတော့ မိမိတို့ရဲ့ ကိုးကွယ်ရာ ဘာသာ တရား နဲ့ ပတ်သက်လို့ အမိမြေမှာလို အတုမြင် အတတ် သင်စရာ ကျောင်းကန်ဘုရား သွားလာ ခွင့်တို့၊ တရားဓမ္မနာယူခွင့်တို့ မကြုံကြရတဲ့ ကိစ္စပါပဲ။


ဘယ်အရာ ဘယ်ကိစ္စမဆို “ကြုံကြိုက်ဖို့”ဆိုတာကလဲ ကြုံပါများမှ ကြိုက်ရကောင်းမှန်း သိတတ်ကြ တာဆိုတော့ ရေခြားမြေခြားရောက် မှ လူလားမြောက်ကြရတဲ့ သားစဉ်မြေးဆက်တွေရဲ့ အခြေအနေ က ကိုယ်ဘာသာ တရားနဲ့ ပတ်သက်ပြီး ကြုံလဲကြုံရခဲသလို စွဲစွဲမြဲမြဲ ကြိုက်လဲ မကြိုက် တတ်ကြသေး တဲ့ကိစ္စပါပဲ။


ပြီးတော့ မိဘများ ကိုယ်တိုင်ကလဲ ကိုယ့်မြေ ကိုယ်ဒေသမှာ တုန်းက အကြုံများလို့သာ ကြိုက်ပြီ ကိုးကွယ်ဆည်းကပ်ခဲ့ကြပေ မယ့် ခြေခြေ မြစ်မြစ် လေ့လာ ဆည်းပူးခဲ့ကြတာ မဟုတ်လေတော့ အရာရာကို ခြေခြေမြစ်မြစ်လေ့လာ ဆန်းစစ် မေးမြန်းတတ် တဲ့ ခေတ် လူငယ်တွေရဲ့ စေ့ငု စပ်စုတဲ့ မေးခွန်းမျိုးနဲ့ကြုံရတဲ့အခါ ခေါင်းခဲကြရပါသတဲ့။


ဒီလိုကိစ္စများနဲ့ ပတ်သက်လို့ မေးလာ မြန်းလာတာမျိုး ကြုံရတဲ့အခါမှာတော့ သူတို့ကိစ္စကို ကိုယ့်ကိစ္စလို သဘောထားပြီး စိတ်ရှည်လက်ရှည် ပဲ ဖြေကြားပေးခဲ့ပါတယ်။

အဲဒီလို တွေ့ကြုံ ဖြေကြား ပေးခဲ့ရတဲ့ ပြဿနာများထဲက လော့စ်အိန်ဂျလီမှာ တွေ့ရတဲ့ ပြဿနာတစ်ခု ကတော့ ရေခြား မြေခြားေ ရာက် မိဘများအတွက်သာမက ကိုယ့်မြေကိုယ့်ရေမှာ နေကြတဲ့ မိဘများပါ ကြုံတွေ့နိုင်တဲ့ ပြဿနာမျိုးဖြစ်လို့ အားလုံးသိ ရအောင် ပြန်ပြောပြချင်ပါတယ်။


အဲဒီဒကာက သူတို့မိသားစု အမိမြေနဲ့ ခွဲခွာလာခဲ့ကြတာ ဆယ့်ငါးနှစ်ကျော်သွားပြီ၊ နို့ညှာသားက ခုနှစ်နှစ်သားအရွယ်နို့စို့သမီးက ရင်ခွင်လွတ်အရွယ်မှာ အမိမြေနဲ့ ခွဲခွာခဲ့ကြရတာပါ။ အခုဆို သူတို့ရဲ့သားက တက္ကသိုလ်မှာ ပညာသင်နေပြီ၊


သမီးငယ်ကလဲ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေကြပါသတဲ့။ ငယ်စဉ်ကစပြီး မြန်မာစကားကိုတော့ မိသားစုအချင်း ချင်း ပြောဆိုတဲ့ အလေ့အထ လုပ်ပေးလို့ မြန်မာစကား ပြောတတ်ကြသလို မိရိုးဖလာ ဘုရားကို လက်အုပ်ချီ ဦးချရတာတို့၊ ရဟန်း သံဃာကို အရိုအသေ ပြုရတာ၊ လှူဒါန်းရတာတို့လောက်တော့ အလေ့အကျင့်ရှိခဲ့ပေမယ့် “ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဘယ်လိုလဲ” စတဲ့ ခြေခြေမြစ်မြစ်ကိုတော့ မိဘများကိုယ် တိုင်ကလဲ ဘာမျှ တိတိကျကျ ရေရေရာရာ မသိခဲ့ကြလို့ သားသမီးများကို လဲ ပြောမပြနိုင်ခဲ့ တဲ့အကြောင်း နိဒါန်းရှည်ကြီးကို ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းတစ်ဝက် ညည်းချင်းတစ်ဝက်နဲ့ပြောပြနေပါတယ်။


(၂)

သူ့ရဲ့စကားကြောက ပြောရင်းပြောရင်း အကြောရှည်ပြီး ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာတောင် မသိတော့သလို လုံးခြာလိုက်နေ တာကို အကဲခပ်မိတဲ့အတွက် မိမိကပဲ ကြားဖြတ်ပြီး “ကဲ-ဒကာကြီး၊ အချိန်ကလေးရတုန်း ဒကာကြီးရဲ့ ညည်းချင်းရှည်ကြီးကို လက်စ သတ်ပြီး အဓိက မေးလို တာကိုသာ လိုရင်း တိုရှင်းပြောပြပါ” လို့ ဆိုတော့မှ ဒကာကြီးက “အို .. ဆောရီးပါဘုရား၊ အဲ ကန်တော့ပါဘုရား၊ အခု တပည့်တော် ရဲ့သားနဲ့ သမီးက ကျောင်းမှာ ဘာသာချင်းမတူတဲ့ ဆရာဆရာမတွေ သူငယ်ချင်း တွေနဲ့ စပ်မိစပ်ရာ ပြောကြရင်း ကိုးကွယ်တဲ့ ဘာသာတရား ချင်း နိုင်း ယှဉ် ပြောကြတဲ့အခါမှာ တခြားဘာသာဝင်များက “သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်၊ ပြီးတော့ သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှအပြစ်တွေ လဲ ဆေးကြောဖယ်ရှားပေးမယ်၊ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်၊ ချမ်းသာ သုခတွေနဲ့ ပြည့်စုံအောင်လဲ အစစတာဝန်ယူတယ် “ ဆိုတဲ့ အာမခံချက်အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေ အောင် ပြောပြကြပါသတဲ့။



ပြီးတော့ သူတို့က “မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ လူကဖြစ်လာတဲ့ ဘုရားဖြစ်လို့ လူတွေလိုပဲ သေသွားခဲ့ပြီ၊ အခုမရှိတော့ဘူး။ အဲဒီတော့ မင်းတို့ဟာ မရှိတဲ့ဘုရားကို ကိုးကွယ် နေကြသူတွေဖြစ်မနေဘူးလား။


တို့ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံတာဝန်ယူပြီး အာမခံချက်ပေးသလို မင်းတို့ဘုရား သခင်ကကော မင်းတို့အတွက် ဘယ်လို တာဝန်ယူသလဲ၊ ဘာတွေ အာမခံချက်ပေး သလဲ” ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ တပည့်တော် သားနဲ့သမီးတို့က ဘာမှ ရေရေ ရာရာ ပြန် မပြော နိုင်ခဲ့ကြဘူးတဲ့ဘုရား။ ဒါနဲ့ သူတို့စိတ်ထဲမှာလဲ ဇဝေဇဝါနဲ့ ယောင်ဝါးယိမ်းယိုင်တွေ ဖြစ်ကုန်ပုံ ရပါတယ်ဘုရား။


တစ်နေ့ကတော့ တပည့်တော်တို့ကို သားက ကွန်ပလိန်းတက်လာတယ်။ “ဗုဒ္ဓဘာသာတွေဟာ မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာ လား၊ ဒါမှမဟုတ် ရှိတယ်ဆိုရင် ဗုဒ္ဓဘုရားရှင် အခုဘယ်မှာရှိ သလဲ၊ သူ့ကို ကိုးကွယ်ဆည်းကပ်သူတွေအပေါ်မှာ ဘာတွေ တာဝန် ယူသလဲ၊ ဘယ်လို အာမခံ ချက် တွေ ပေးသလဲ” ဆိုတာတွေပေါ့ဘုရား။


ပြီးတော့ သားဆက်ပြောတဲ့ စကားက တပည့်တော်တို့ မိဘတွေအတွက် အတော့်ကို တုန်လှုပ်စရာကောင်းတဲ့ စကားဘုရား “ဘာမှ ရေရာမှု မရှိတဲ့ ဘာသာတရားကို ကိုးကွယ်နေတာ ဆိုရင်တော့ သူ့အနေနဲ့ လက်မခံနိုင်ဘူး၊ ရေရာတဲ့ ဘုရားသခင်နဲ့ အာမခံချက်အပြည့် ရှိတဲ့ ဘာသာ ကိုသာ ပြောင်း ပြီး ယူတော့မယ်” တဲ့ဘုရား၊ ဒီစကားကြားရတာ တပည့်တော်ဖြင့် မိုးကြိုးပစ်သလိုကို ခံစားလိုက်ရတယ်။ ကိုယ်ကလဲ ဘာမှ ရေရေ ရာရာ ပြန်မပြောတတ်ဘူး။


ဒီအကြောင်း မိတ်ဆွေသင်္ဂဟတွေကို ပြောပြပြီး အကူအညီတောင်းတော့လဲ အားလုံးလိုလိုက ဝိုးတိုးဝါးတား တွေချည်းပဲဘုရား။ မနေ့ကမှ သူငယ် ချင်းတစ်ယောက်က “အရှင်ဘုရားနဲ့ အတော် လေး မေးမြန်း ပြောဆိုဖူးပါသတဲ့၊ ဒီကစ္စကိုလဲ အရှင်ဘုရားနဲ့ နည်းနည်းဆွေးနွေးကြည့်သင့်တယ်” ဆိုလို့ ဒီနေ့ အလုပ်ကအပြန် အရှင်ဘုရားရှိရာကို တန်းဝင်ခဲ့တာပဲဘုရား၊ တပည့်တော်တို့ အခက်အခဲ ကို ကူညီဖြေရှင်းပေးပါဦး” ဆိုတဲ့မာရသွန်မေး ခွန်းကြီးကို မေးပါတော့တယ်။


မိမိရှင်းပြခဲ့တာကတော့ - ဒကာကြီးရဲ့မေးခွန်းရှည်ကြီးထဲမှာ ပထမဆုံးက “ဗုဒ္ဓဘာသာဝင်တွေဟာ မရှိတဲ့ ဘုရားကိုကိုးကွယ်နေကြ တာလား” ဆိုတဲ့ အချက်ပါ။


လက်ရှိကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီးခေါင်းဆောင် ဆိုတဲ့ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊ ဘယ်မိဘယ်ဖက ဖွားမြင်တယ်၊ ငယ်နာမည်က ဘယ်လိုခေါ်တယ်။


ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်၊ ဘယ်လိုတရားတွေကို ဘယ်အရပ်ဘယ်ဒေသမှာ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးဟောခဲ့တယ်’ စတဲ့ သေချာရေ ရာတဲ့ မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံရှိတာဆိုလို့ ဦးဇင်းတို့ ဒကာကြီးတို့ ကိုးကွယ်နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူ တည်းသာ ရှိတယ်ဆိုတာ ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့ပညာရှင်တွေအားလုံးကလဲ အလေးထားသိမှတ်ထားကြတာ အားလုံးသိကြမှာပါ။


ဘုရားပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊နီပေါနိုင်ငံတွေ)မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က အသောကမင်းကြီး ရေးထိုးစိုက်ထူ ခဲ့တဲ့ ဒီမှတ်တမ်းကျောက်စာတွေ၊ ကျောက်တိုင်ကြီးတွေကို ကမ္ဘာ့ပညာရှင်တွေ အားလုံးတို့ကလည်း အလေးထား အသိမှတ် ပြုကြတယ် ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊ အခိုင်မာဆုံး၊ အထောက်အထားပြနိုင်တဲ့ ဘာသာ တရား ဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ မငြင်းဆန်ပါဘူး။


နောက်တစ်ချက်က “ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ” ဆိုတဲ့ ကိစ္စပါ။ အမှန်ကတော့ ဒီမေးခွန်းက မေးဖို့ လိုအပ်လှတဲ့ မေးခွန်းမျိုးတော့ မဟုတ်ပါဘူး၊ ဘာကြောင့် မေးဖို့မ လိုအပ်သလဲ ဆိုတာကို နောက်မှပြောပြပါမယ်။ အခုတော့ အမေးက ရှိနေတဲ့အတွက် အဖြေကိုပဲ အရင်ပြောပြ ပါမယ်။

(၃)

ဂေါတမမြတ်စွာဘုရားရှင်ဟာ(၄၅)ဝါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလဲ မရပ်မနားလို့ ဆိုရလောက်အောင် ဟောတော်မူခဲ့တာပါ။ သက်တော်(၈၀)အရွယ်၊ ဝါတော်(၄၅)ဝါ ပြည့်ပြီးချိန်မှာ ပရိနိဗ္ဗာန်စံသွားပါတယ်။


ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်ကို ဘုရားရှင်မိန့်ကြားခဲ့တဲ့ စကားရှိပါတယ် “ ငါဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်ပျောက်သွားပြီဆိုတာနဲ့ ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊ ငါဘုရား ရှင်(၄၅)ဝါပတ်လုံး ဟောကြားခဲ့ တဲ့ တရားပုဒ်စု (ဓမ္မက္ခန္ဓာ) ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီတရား ပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရားထင်ရှား ရှိနေတယ်လို့ ခံယူကြပါ” ဆိုတဲ့ မှာတမ်းစကားပါ။


ဒါကြောင့် “ မြတ်စွာဘုရား အခုဘယ်မှာရှိသလဲ” ဆိုရင် ဓမ္မက္ခန္ဓာတရားတော်တွေရှိတဲ့ နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။


ဒါကိုကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ဘုရားကို ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး၊ ထင်ရှားရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံး ပူဇော် နေကြသူတွေ ဖြစ်တယ်ဆိုတာကို အထူးသိမှတ်သင့်ပါတယ်။

ထပ်ပြီးသတိပေးလိုတာကတော့ “ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်ပသရေး ဘာသာတရားမဟုတ်ဘူး၊ လိုက်နာကျင့်သုံး ပူဇော်ရေး ဘာသာတရားသာ ဖြစ်တယ်” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။


မေးခွန်းရှင် မေးတဲ့အထဲမှာ မပါပေမယ့် ဒီနေရာမှာ သိဖို့လိုအပ်တဲ့အတွက် ဖြည့်စွက်ပြီးပြောချင်တာ တစ်ခုလဲရှိပါတယ်၊ အဲဒါကတော့ “ ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့ အတူရှိနေပါသလဲ” ဆိုတဲ့ အချက်ပါ။


မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်တင့်တယ် သပ္ပါယ်မှုကိုသာ ကြည်ညိုတတ် တဲ့ “ဝက္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါးရှိပါတယ်။ ဒီရဟန်းက ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီးကြည်ညိုကိုးကွယ်နေချင်တယ်၊ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို မြတ်စွာဘုရားရှင်က -


“ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း လိုက်နာကျင့်သုံးပူဇော်နေသူဟာ ငါဘုရားရှင်ကို မမြင်ရသော်လဲ ငါဘုရားရှင်နဲ့ အမြဲတွေ့နေရသူဖြစ်တယ်။


ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း မလိုက်နာ မကျင့်သုံးသူဟာ ငါဘုရားရှင်ရဲ့ မျက်နှာတော်ကို မြင်ရုံမက ငါဘုရားရှင်ရဲ့ နောက်က တကောက်ကောက်လိုက်နေသူဖြစ်သော်လဲ ငါဘုရားရှင်နှင့် တွေ့နေသူလို့ မဆိုနိုင်ဘူး” လို့ မိန့်ကြားခဲ့ပါတယ်။


ဘုရားရှင်ရဲ့ မိန့်ကြားချက်အရ မျက်စွာဘုရားရှင်နဲ့ ခရီးမိုင်တာ ဘယ်လောက်ပဲ ဝေးကွာနေနေ၊ အချိန်ကာလတွေဘယ်လောက်ပဲ ခြား နားနေနေ ဒီနေ့ မြတ်စွာဘုရားရှင်ရဲ့ ဟောညွှန်ချက်ကို လိုက်နာကျင့်သုံးပူဇော်နေသူတို့ ရှိတဲ့နေရာမှာအဲဒီပုဂ္ဂိုလ်တွေနဲ့အတူ ဗုဒ္ဓမြတ် စွာရှိနေတယ်”လို့ ဆိုရပါလိမ့်မယ်။


ဒါတွေကတော့ “အမေးရှိရင် အဖြေရှိရမယ်” ဆိုတဲ့အတိုင်းသာ ဖြေလိုက်တာပါ။ အမှန်ကတော့ “ ဘုရားရှင် အခုဘယ်မှာလဲ” ဆိုတဲ့ ပြဿနာဟာ မေးဖို့လိုအပ်တဲ့ ကိစ္စမဟုတ် ပါဘူး။ “ စစ်မှန်တဲ့ ကိုးကွယ်အားထားရာ” ဆိုတာ မြတ်ဗုဒ္ဓရဲ့အလိုတော် အရပြောရ မယ်ဆိုရင် ပုဂ္ဂလဓိဋ္ဌာန်က အဓိက မဟုတ်ပါဘူး၊ ဓမ္မဓိဋ္ဌာန်ကသာ အဓိကဖြစ်ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ ဒီ(အမေရိကန်)က လူတွေသဘော အပေါက်လွယ်ဆုံးဖြစ်မယ့် ဥပမာနဲ့ ပြောရမယ်ဆိုရင် ဒီနေ့ လွတ်လပ်တဲ့ အမေရိကန်ပြည်ထောင်စု ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ ကျော်လောက်ဆီက ဂျော့ဝါရှင်တန်စတဲ့ ခေါင်းဆောင်ကြီးတွေက ရယူပေးခဲ့ တာမဟုတ် လား၊ ဒီနေ့အမေရိကန်ပြည်သူတွေဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံသားတွေအဖြစ်နဲ့ ဝမ်းမြောက် ဂုဏ်ယူပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီတို့ရဲ့ အနှစ်သာရကို ခံစားနေကြရတယ် မဟုတ်လား။


လွတ်လပ်တဲ့ နိုင်ငံသားတွေရဲ့တာဝန်ဟာ “လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ပုဂ္ဂိုလ်တွေ အခု ဘယ်ဘုံဘယ်ဌာနမှာ ရောက်နေသလဲ ဆိုတာ သိဖို့ အရေးကြီးသလား၊ သူတို့ရယူပေးတဲ့ လွတ်လပ် ရေးကို လေးစားတန်ဖိုးထားပြီး တာဝန်ကျေအောင် လိုက်နာ ကျင့်သုံး ကြဖို့လိုသလား” ဆိုတာကို စဉ်းစားကြည့်ရင် ပုဂ္ဂလဓိဋ္ဌာန်နဲ့ဓမ္မဓိဋ္ဌာန်ဘယ်ဟာက အဓိကကျသလဲဆိုတာ သဘောပေါက် လောက် ပါတယ်။


ပြီးတော့ “ဒီနေ့ လွတ်လပ်ရေးကို လေးစားမြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်နေ သူတို့နဲ့အတူ လွတ်လပ်ရေးရဲ့ ဗိသုကာ များ အတူရှိနေပါတယ်” ဆိုရင်ကော ငြင်းဆန်စရာရှိနိုင် သေးသလားဆိုတာ မေးကြည့်ရင်သိကြမှာပါ။


ဘယ်အရာမဆို သိပ္ပံနည်းကျမှ လက်ခံနိုင်မယ်ဆိုသူတွေ အနေနဲ့လဲ “ဒီနေ့ရူပဗေဒ သိပ္ပံပညာ ရပ်တွေ ဆင့်ကဲတိုး တက်ဖွံ့ဖြိုးရေးမှာ ၊ ခေတ်သစ် ရူပဗေဒသိပ္ပံပညာရဲ့ ဘိုးအေကြီးလို့ ဆိုရမယ့် “အိုင်စတိုင်း” အခု ဘယ်မှာရောက်နေသလဲ ဆိုတာကို သိဖို့လိုသလား၊ အိုင်စတိုင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ရူပဗေဒပညာရပ်များက ဒီနေ့ခေတ်သစ်သိပ္ပံပညာကို ဘယ်လို အထောက်အကူပြုနိုင်သလဲဆိုတာကို အလေးထားဖို့ လိုသလားစဉ်းစားကြည့်ပါ။


အလားတူပဲ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့ “အယ်ဒီဆင်” ဟာ ဘယ်နိုင်ငံသားလဲ၊ ဘာလူမျိုးလဲ၊ အခု ဘယ်ဘုံဘယ်ဌာန ရောက်နေ သလဲဆိုတာ သိဖို့ လိုသလား၊ သူတီထွင်ခဲ့တဲ့ လျှပ်စစ်စွမ်းအားကို အသုံးချတတ်ဖို့လိုသလား ဆိုတာလဲ စဉ်းစားကြည့်ခိုင်း ပါ။ မြန်မာပြည်သားတစ်ဦးအနေနဲ့ ရိုးသားစွာ ပြောရမယ်ဆိုရင် ဦးဇင်းဘဝသက်တမ်း ထက်ဝက်ကျော်ကျော်လောက်အထိ လျှပ်စစ်ကို ဘယ်သူက တီထွင်ခဲ့သလဲဆိုတာကို လုံးဝစိတ်မဝင်စားခဲ့ဖူးပါဘူး။


အယ်ဒီဆင်က တီထွင်ခဲ့တယ် ဆိုတာကို သိလာတဲ့အခါမှာလည်း အဲဒီပုဂ္ဂိုလ်ဟာ ဘာလူမျိုး လဲ၊ ဘယ်ဘုံဘယ်ဌာန ရောက်နေတယ် ဆိုတာ စိတ်မဝင်စားမိပါဘူး။


ဒီနေ့ လျှပ်စစ်မီးလာမလား၊ မလာဘူးလားဆိုတာကိုသာ စိတ်ဝင်စားပါတယ်။ သူတီထွင်ခဲ့တဲ လျှပ်စစ်က လက်တွေ့အသုံးကျ တယ်ဆိုတာ သိနေပြီကိုး။

အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)