Tuesday, March 31, 2015
ကယ်တင်ရှင်
ကယ်တင်ရှင် 
ကယ်တရငှ်အင်စစ်
ဂျာမနီ၊ အင်္ဂလန်၊ အေမရိကန်ပြည်ထောစင်ု စသည်တို့မှာ ပညာဆည်းကပ်နေကြတဲ့ မြန်မာများကို နိုငင်ံခြားသားတွေက မေးတယ်။
“သတငို့ရဲ့ ဗုဒ္ဓဘာသာဘုရားက သတငို့ကို ကယ်တင်ပေးနိုသင် လား” တဲ့။
“ဟာ … ဗုဒ္ဓမြတ်စွာက မေကာင်းမှု ဒုစရိုက်တွေနဲ့ ကောင်းမှု သုစရိုက်တွေကို ညွှန်ပြေပးတယ်၊ မေကာင်းမှုလ်ုရပင် မေကာင်းမှုကံဖြစ်ပြီး ကောင်းမှုလ်ုရပင် ကောင်းမှုကံ ဖြစ်တယ်၊ အဲဒီကောင်းကံ မေကာင်းကံတွေက ကိုယ်နဲ့အတူ အမြဲလိုက်ပါပြီး အကျိုးပေးတတ်တယ်၊ ကောင်းကံတွေက ကောင်းကျိုးကိုပေးပြီး မေကာင်းကံတွေက မေကာင်းကျိုးကို ပေးတယ်၊ သတ္တ၀ါတွေဟာ ကိုယ်ပြုလုပ်ထားတဲ့ ကံတွေ စီရထင်ားတဲ့အတိုင်း သံသရာမှာ ကျလင်ည်နေကြရတယ်”
“အို … ဒီလိုဆိုရင် သတငို့ရဲ့ ဗုဒ္ဓဘာသာဘုရားက သတငို့ကို မကယ်တင်နိုဘင်ူးပေါ့၊ သတငို့ဟာ သနားစရာပဲ၊ တို့ကိုးကွယ်တဲ့ ဘုရားသခကင် သူ့ကို ယုံကြည်ပြီး ကိုးကွယ်တဲ့လူတွေကို သူတို့ ကျူးလွန်ထားတဲ့ အပြစ်တွေ ရှိရလင်ည်း ခွင့်လွှတ်ပြီး ကောင်းကဘင်ုံရောက်အောင် ကယ်တင်ပေးတယ်”
အင်း … ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ သနားစရာဖြစ်နေကြ ပြီပေါ့။ ဘုရားသခကင်ပဲ ကယ်တင်နိုသင်လား၊ ကိုယ့်ကံကပဲ ကိုယ့်ကြမ္မာကို ဖန်တီးသလားဆိုတာ ဆန်းစစ်ကြည့်ပေါ့။
အင်္ဂလန်စာနယ်ဇင်း လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဂျွန်ဝေါ်လ်တာ (John Walters) က ဒုတိယကမ္ဘာစစ်အတွင်းက အေရှ့တောအင်ာရှနိုငင်ံများမှာ သတင်းလိုက်ယူရင်း ဗုဒ္ဓဘာသာကို လေ့လာပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ်။ ပြီးတော့ The Essence of Buddhism (ဗုဒ္ဓ၀ါဒ၏ အနှစ်သာရ) အမ်ရညှိတဲ့ စာအုပ်တစ်အုပ်ကို ရေးတယ်။
အဲဒီစာအုပ်မှာ သူတောကငိုးရီးယားနိုငင်ံကို ရောက်သွားတော့ မဟာမိတ်လေယာဉ်များက ဆီအောမြို့တော်ကို အကြီးအကျယ် ဗုံးကြဲနေတယ်။ သာသနာပြုမ်ရစှင်အဖွဲ့ရဲ့ မိဘမဲ့ ကေလးကျောင်းတစ်ကျောင်းမှာ ဆရာမက ဦးဆောင်ပြီး ကေလးများ အားလုံး “ဘုရားသခင် ကယ်တော်မူပါ” သီချင်းကို သံပြိုသင်ီဆိုနေ ကြတယ်။ ဗုံးတစ်လုံးက သူတို့အေပါ် ကျလာလို့ အားလုံးသေကုန်ကြရောတဲ့။
အဲဒီတော့ ‘ဘုရားသခင် ကယ်တတင်ယ်’ ဆိုတာ အေခြအမြစ် မရှိဘူး။ အသ်ရကှင်နေတဲ့အခိုက်မှာတောင် မကယ်တင်နိုရင်င် သေတဲ့အခါ ဘယ်လိုကယ်တင်နိုမငှ်ာလည်းလို့ သူမှတ်ချက် ရေးထားပါတယ်။
ဗုဒ္ဓဘာသာအရ ကောင်းကမငှ်ာ နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မာ့ဘုံ ၂၀ တောရငှ်ိတယ်။ သူတို့ပြောတဲ့ ‘ကောင်းကဘင်ုံ’ ဆိုတာ ဘယ်ဘုံလဲ။ အခြားသီးသန့်တစ်ဘုံများ ဖြစ်နိုသင်လား။ ရုပ်န်ာရမှိတဲ့ဘုံလား၊ ရုပ်နာမ်မရှိတဲ့ဘုံလား။ ရုပ်န်ာရမှိတဲ့ ဘုံဆိုရင် ထာဝရ မတည်မြဲနိုဘင်ူး။ ရုပ်နာမ်တရားတွေက ပျက်တတ်တဲ့ တရားတွေကိုး။
ဗုဒ္ဓဘာသာက သိထားတဲ့ ဘုံတွေဆိုတာ ဗုဒ္ဓမြတ်စွာတစ်ဆူတည်း မြသငိတာ မဟုတ်ဘူး။ အရှသင်ာရိပုတ္တရာ၊ အရှမင်ဟာမောဂ္ဂလာန် စတဲ့ အဘိညာဉ်ကိုရတဲ့ သာဝကများလည်း မြသငိကြတာ၊ အရှင်မြတ်တွေကိုယ်တိုင် တက်ရောက်ကြေသးတာ။
ပြီးတော့ ကံ ကံ ရဲ့အကျိုးရှိတာကို မြတ်စွာဘုရားသာမက ဒိဗ္ဗစက္ခု အဘိညာဉ်၊ ယထာကမ္မူပဂ အဘိညာဉ် ရကြတဲ့ လူများလည်း သိမြင်ကြတာ။ ကံအကျိုးပေးတာရှိလို့ အတိတ်ဘ၀၊ နောက်ဘ၀ ဆိုတာရှိတယ်။ သံသရာ ဆိုတာရှိတယ်။ ဒီအေကြာင်းကို ကျွန်တော်ရဲ့ ‘ရှေးဘ၀ နောက်ဘ၀ သိပံ္ပနည်းကျ အေထာက်အထားများ’ စာအုပ်မှာ ခိုခငိုလင်ုံလုံ တင်ပြထားတယ်။ ဒါကို အားမရ မေကျနပ်သေးရင် ဖားအောက်တောရ စင်္ကြ`ံကျောင်းမှာ တရားအားထုတ်ကြည့်ပါ။ ကိုယ်တိုင် ကျေကျေနပ်နပ်ကြီး သိရှိသွားစေရမယ်။
ကယ်တရငှ်င် ရှိသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မြတ်ဗုဒ္ဓကိုယ်တိုင် ဖြေဆိုခဲ့ဖူးတယ်။
အခါတစ်ပါးမှာ မြတ်စွာဘုရားဟာ နာဠန္ဒမြို့ ပါဝါရိက သူဋ္ဌေးရဲ့ သရက်ဥယျာဉ်မှာ သီတင်းသုံးနေတ်ာမူတယ်။ အဲဒီအခါ အဘိဗန္ဓကရဲ့သား ရွာသူကြီးက ဘုရားရှထင်ံ ချဉ်းကပ်ပြီး လျှောက်ထားတယ်။
“အရှဘင်ုရား … ပစ္ဆာဘူမိမှာနေတဲ့ ပုဏ္ဏားတွေဟာ လူသေရင် နတ်ပြည်ကို ရောက်အောင် လုပ်ပေးနိုတင်ယ်လို့ ဆိုပါတယ်၊ အရှဘင်ုရားကော လူသေရင် နတ်ပြည်ကို ရောက်အောင် ပို့ပေးနိုပင်ါသလား”
ဒီတော့ မြတ်စွာဘုရားက “ရွာသူကြီး … သင့်ကိုပဲ ပြန်မေးပါရေစ၊ သင်ကြိုက်သလို ဖြေပါ၊ လူတစ်ယောက်ဟာ ကျောက်တုံးကြီးတ စ်ခုကို ရေတွင်းထဲ ပစ်ချလိုက်တယ်၊ အဲဒီနောက် ‘ဟေ့ ကျောက်တုံး … ပေါ်ပါလော့၊ ဟေ့ … ကျောက်တုံး ကုန်းပေါ်သို့ တက်ခဲ့ပါလော့’ လို့ လူအများက ၀ိုင်းပြီး တောင်းပန်တယ်၊ လက်အုပ်ချီပြီး အကြိမ်ကြိမ် ဆုတောင်းတယ်၊ ဒီလို ဆုတောင်းတဲ့ အတွက် ကျောက်တုံးက ရေထဲက ပေါ်လာမည်လား၊ ကုန်းပေါ်ကို တက်လာမည်လား”
“မေပ်ါလာနိုပင်ါ၊ မတက်လာနိုပင်ါ ဘုရား”
“ရွာသူကြီး … လူတစ်ယောက်ဟာ ထောပတ်အိုးတစ်လုံးကို ရေကန်ထဲမှာ နှစ်မြုပ်ပြီး ရိုက်ခွဲလိုက်တယ် ဆိုပါတော့၊ အဲဒီအခါ အိုးခြမ်းကွဲတွေက အောက်ကိုကျလာပြီး ထောပတ်တွေက ရေပ်ါတက်လာကြမယ် မဟုတ်လား၊ အဲဒီအခါ လူတွေ စုဝေးပြီး ‘ဒီထောပတ်တွေ ရေအာက်ကျသွားပါစေ၊ နစ်မြုပ်သွားပါစေ’ လို့ လက်အုပ်ချီပြီး အကြိမ်ကြိမ်ဆုတောင်းကြမယ်၊ ဒီလို ဆုတောင်းတဲ့အတွက် ထောပတ်တွေက ရေအာက်ကို နစ်မြုပ်သွားပါမည်လား”
“မနစ်မြုပ်နိုင်ပါ ဘုရား”
“ရွာသူကြီး … ဒီဥပမာလိုပဲ လူတစ်ယောက်က ကုသိုလ်တွေကို မပြုပဲ ဒုစရိုက်တွေကိုသာ ကျူးလွန်နေမယ်ဆိုရင် ဒီလူ သေတဲ့အခါ နတ်ပြည်ရောက်ပါစေလို့ ဘယ်သူတွေက ဘယ်လောက်ပဲ ၀ိုင်းပြီး ဆုတောင်းတောင်း ဒီလူ ငရဲကျမှာပဲ၊ အခြားလူ တစ်ယောက်ေကတာ့ ဒါန သီလ ဘာဝနာ ကောင်းမှုတွေကိုပဲ အများကြီးလုပ်ထားရင် ဒီလူသေတဲ့အခါ ဒီလူ ငရဲ ကျပါစေလို့ ဘယ်သူတွေက ဘယ်လောက်ပဲ ၀ိုင်းပြီး ဆုတောင်းတောင်း ဒီလူ နတ်ပြည်ရောက်တော့မှာပဲ”
“ကဲ … မြတ်စွာဘုရားပေးတဲ့ ဥပမာက သဘာဝမကျဘူးလား၊ တရားမျှတမှု မရှိဘူးလား၊ မေကာင်းမှု လုပ်ထားတဲ့လူက နတ်ပြည်ရောက်ပြီး ကောင်းမှုလုပ်ထားတဲ့လူက ဘုရားသခကငို ရှိမခိုးတဲ့အတွက် ငရဲကျရင် ဒီဘုရားသခဟင်ာ တရားမျှတပါဦးမလား”
စိတ္တေန နိယေတ လောကော။
စိတ်က လောကကို ဦးဆောင်နေတာတဲ့။ စိတ်က လောကကို ဖန်တီးနေတယ်။ ကုသိုလ်စိတ်က ကုသိုလ်ကံမျိုးစေ့ကို ဖြစ်စေပြီး ကောင်းကျိုးကိုပေးမယ်။ အကုသိုလ်စိတ်က အကုသိုလ်ကံမျိုးစေ့ကို ဖြစ်စေပြီး မေကာင်းကျိုးကိုပေးမယ်။
မြတ်စွာဘုရားက ဒီလို ကံသေဘာ - ကမ္မနိယာမ ရှိတာကို ရှင်းပြပြီး ကုသိုလ်တရား၊ အကုသိုလ်တရားတွေကို ခွဲခြားပြထားပေးတယ်။ လူတိုင်း လူတိုင်း ကောင်းတာလုပ်ဖို့နဲ့ မေကာင်းတာကို လုပ်ဖို့အတွက် ကိုယ်တိုင်ရွေးချယ်နိုတင်ယ်။ ကိုယ်လုပ်တဲ့ ကံကို ကိုယ်အေမွခံရမယ်။ ကံရဲ့ အစွမ်းသတ္တိကို ဘယ်ဘုရားသခမငှ် မေပြာင်းလဲနိုင်ဘူး။
ဒီလို ကံသေဘာတွေကို အမှန်အတိုင်း ညွှန်ပြပြီးတော့ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်တဲ့ နည်းလမ်းကိုလည်း ညွှန်ပြကာ တကယ် ထာဝရချမ်းသာရာ နိဗ္ဗာန်ရွှေပြည်သို့ ပို့ဆောင်ပေးတဲ့ မြတ်စွာဘုရားသည်သာ တကယ့် ကယ်တရငှ်အင်စစ် မဟုတ်ပါလား။
(ဒေါက်တာမင်းတင်မွန် ရေးသားသော မြတ်စွာဘုရားကို ဘာကြောင့်ကိုးကွယ်ထိုက်သလဲ စာအုပ်၊ စာမျက်နှာ ၈၉ မှ ကူးယူဖော်ပြပါသည်။)
Monday, March 30, 2015
စိတ်၏ထွက်ပေါက်များ
စိတ်၏ထွက်ပေါက်များ
ထွက်ပေါက်ဆိုတာကို ပါဠိဘာသာနဲ့ ဖော်ပြတဲ့အခါ ဗုဒ္ဓမြတ်စွာက ‘နိဿရဏ’ ဆိုတဲ့ စကားလုံးကို အသုံးပြုထားတယ်။ ‘နိဿရဏ’ ဆိုတာ ထွက်ပေါက်ပဲ၊ တစ်စုံတစ်ခု အခက်အခဲ အကြပ် အတည်းတွေနဲ့ ကြုံတွေ့နေတဲ့အခါမှာ လူတွေဟာ ထွက်ပေါက်ရှာလေ့ ရှိကြတယ်။ လှောင်ပိတ်မိ နေပြီဆိုရင် ပိုပိုဆိုးလာပြီး ပေါက်ကွဲသွားတတ်တယ်။ လေတောင်မှပဲ လှောင်ပိတ်ထားမယ်ဆိုရင် ပေါက်ထွက်သွားနိုင်တယ်။ ထို့အတူပဲ လူတွေရဲ့စိတ်ကို ထွက်ပေါက်မပေးဘဲနဲ့ စိတ်ဖိစီးမှုတွေကို ချုပ်တည်းထားမယ်ဆိုရင် ပေါက်ကွဲသွားနိုင်တယ်။ ဒါ့ကြောင့်မို့ နှလုံးကွဲတာတို့၊ အသဲ ကွဲတာတို့ဖြစ်တာ။
မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုရဖို့ အင်မတန်မှ အရေးကြီးတယ်။ မြတ်စွာဘုရားက “စိတ်၏ ထွက်ပေါက်များ” ဆိုတာကို ညွှန်ပြတော်မူထားတယ်။ နေ့စဉ်ဘ၀မှာ စိတ်နဲ့ပတ်သက်ပြီး အကြပ် အတည်း တစ်စုံတစ်ရာ တွေ့လာမယ်ဆိုရင် ဟောဒီ ထွက်ပေါက်များကို အသုံးချပြီး ဖြေလျော့လို့ ရနိုင်တယ်။ နောက်ဆုံးမှာ စိတ်ဟာ လုံးဝလွတ်မြောက်သွားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိ သွားနိုင်တယ်။ လုံးဝလွတ်မြောက်သွားတဲ့ စိတ်ဓာတ်လေးဟာ ဘယ်အခါကာလမှ ပြန်လည်ပြီး အကျဉ်းအကြပ် တွေ့တယ်ဆိုတာ မရှိဘူး၊ ဘယ်အခါကာလမှ ပြန်လည်ပြီး ပိတ်မိတာ၊ ဖိစီးတာ မရှိတော့ဘူး။
စိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ ခေါ်ပြီး စိတ်ဖိစီးမှုကို stress လို့ခေါ်တယ်။ စိတ်ဖိစီးမှုကြောင့် စိတ်ထဲမှာ အကျဉ်းအကြပ်တွေ ဖြစ်ပေါ်နေလို့ရှိရင် ဘယ်လိုလုပ်ပြီး ဒီအကြပ်အတည်းက ရုန်းထွက်မလဲဆိုတာ စိတ်ထဲမှာပဲ ပြန်ရှာရတယ်ပေါ့။ ဒါကြောင့်မို့ စိတ်၏ထွက်ပေါက်များက ထွက်နိုင်ဖို့ လေ့ကျင့်ထားကြရမှာ ဖြစ်တယ်။
နိဿရဏသုတ်
အဲဒီလို လေ့ကျင့်ထားဖို့ စိတ်၏ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက “နိဿရဏသုတ်” မှာ ၆-မျိုး ဟောထားတာရှိတယ်။ စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့ နည်းနဲ့ထွက်ပေါက်ရဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေးထားတာ။ အဲဒီ လမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှုဒဏ်တွေကို ခံရမှာ မဟုတ်ပါဘူးတဲ့။ ဖိစီးမှုတွေ ဖြစ်လာရင်လည်း ထွက်ပေါက်ရသွားမှာပါ။
အမုန်းစိတ်၏ထွက်ပေါက်
ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာဖြစ်တယ်။ ထိုအလိုမကျမှုဟာ ကြီးထွားလာလို့ရှိရင် ပေါက်ကွဲလာတယ်၊ ဒေါသ ဗျာပါဒလို့ခေါ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီးလာတယ်။ အဲဒီလို စိတ်ရဲ့အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသတို့ဖြစ်လာလို့ရှိရင် ထိုဒေါသရဲ့ ထွက်ပေါက်ရှာတာ တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်၊ သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူလိုက်တယ်၊ အဲဒီ အနိုင်ယူလိုက်တာ ထွက်ပေါက် မဟုတ်ဘူး၊ သို့သော် လူတွေက အဲဒါကိုပဲ ထွက်ပေါက်ထင်ပြီး အဲဒီကနေ ထွက်ကြတယ်။ 
ထိုအခါ ပြဿနာပဲ ထပ်တက်လာတယ်ပေါ့။ မြတ်စွာဘုရားက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က ဘာလဲဆိုတော့ မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့၊ မေတ္တာ ပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။ ဒါ မှန်ကန်တဲ့ နည်းစနစ်ပဲ။
လောကကြီးမှာ မြတ်စွာဘုရားက ဟောထားတယ် - “ရန်ကိုရန်ချင်း မတုန့်နှင့်နဲ့၊ ရန်ကိုရန်နဲ့ တုန့်ပြန်ရင် ဘယ်တော့မှ မငြိမ်းဘူး” တဲ့ ဥပမာပေးထားတယ်။ မစင်အညစ်အကြေးတွေ ပေနေတဲ့ နေရာကို ရေနဲ့သာ ဆေးလို့ရတယ်၊ ထို မစင်အညစ်အကြေးနဲ့ဆေးကြောလို့ မရဘူးတဲ့၊ ပိုပိုပြီး တော့သာ ညစ်ထေးသွားမယ်။ ရေစင်ရေသန့်နဲ့ ဆေးကြောမှသာလျှင် စင်ကြယ်နိုင်တယ်။
ထို့အတူပဲ စိတ်အလိုမကျတဲ့, စိတ်ထဲမှာ တင်းကျပ်လာတဲ့, စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒေါသ ဗျာပါဒဆိုတဲ့ emotion ကို ဖြေဖျောက်ချင်ရင်တော့ မေတ္တာဆိုတဲ့ ထွက်ပေါက်က သွားရမယ်တဲ့။ မေတ္တာဟာ အလိုမကျဖြစ်နေတဲ့ စိတ်ရဲ့ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုပါတဲ့။
ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ စကားလုံးအတိုင်းပြောရရင် “နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ” - စိတ်ရဲ့ လွတ်မြောက်မှုလို့ဆိုတဲ့ မေတ္တာဟာ ဗျာပါဒဆိုတဲ့ စိတ်အလိုမကျမှုရဲ့ ထွက်ပေါက် ဖြစ်ပါတယ်တဲ့။
မေတ္တာဆိုတဲ့ သဘောတရားကို လေ့ကျင့်ချင်ပြီဆိုရင် ပထမ လုပ်ရမှာက ကိုယ့်သန္တာန်မှာ မေတ္တာ ဆိုတဲ့အရာကို တွေ့အောင်ရှာဖို့လိုတယ်။ တဏှာရာဂနဲ့ချစ်တဲ့ အချစ်ကို မေတ္တာလို့ အရပ်ထဲမှာ ခေါ်နေကြပေမယ့် အဲဒါနဲ့လုံးဝမတူဘူး၊ အဲဒါနဲ့ ရောထွေးသွားတတ်တယ်။
ဆိုလိုတာက “ရာဂနဲ့မေတ္တာ” ဟာ ဆင်ဆင်တူတယ်။ တစ်ဦးတစ်ယောက်ကို ချစ်ခင်ပြီ ဆိုလို့ရှိရင် favour ပေးချင်လာတယ်၊ မေတ္တာကလည်း သတ္တ၀ါတွေအပေါ်မှာ favour ပေးတဲ့ သဘောရှိတယ်။ အားလုံးအပေါ်မှာ အကျိုးလိုလားတဲ့သဘောရှိတော့ သဘောချင်းက နီးနေတယ်။ 
နီးနေသည့်အတွက်ကြောင့် မေတ္တာစစ်စစ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်ပေါ့။ ဘာက၀င်ပြီး မေတ္တာ အယောင်ဆောင်တတ်သလဲဆိုရင် ရာဂက ၀င်ပြီးတော့ မေတ္တာ အယောင်ဆောင် တတ်တယ်။ လှည့်စားမှုလို့ခေါ်တယ်။ 
“ရာဂေါ မေတ္တာယ ၀ဉ္စေတိ” - တဏှာရာဂသည် မေတ္တာအယောင်ဆောင်ပြီးတော့ လှည့်စား သွားတတ်တယ်” တဲ့။ အဲဒါကြောင့်မို့လို့ တဏှာနဲ့မေတ္တာ ကွဲအောင် အရင်ကြည့်ဖို့လိုတယ်။
မေတ္တာဆိုတာက သူ့အကျိုးကို လိုလားတဲ့ စိတ်ဓာတ်၊ တဏှာဆိုတာက ကိုယ့်အကျိုးကို ဦးစား ပေးတာ၊ မေတ္တာဆိုတာ စွန့်လွှတ်နိုင်တယ်, တွယ်တာမနေဘူး၊ တဏှာဆိုတာက မစွန့်လွှတ်နိုင်ဘူး၊ အင်မတန်မှ ကွဲပြားခြားနားမှုတွေ ရှိတယ်။
တဏှာချစ်နဲ့မေတ္တာချစ် - တဏှာချစ်က ပူလောင်တယ်၊ မေတ္တာချစ်က အေးမြတယ်၊ မေတ္တာဆိုတာ အတွယ်အတာကင်းတယ်၊ ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ စိတ်သဘောပဲ။ မေတ္တာဆိုတာ သူ့အတွက်၊ တဏှာဆိုတာ ကိုယ့်အတွက်။
လူတွေက ဘယ်သူ့ကို ခင်ပါတယ် ချစ်ပါတယ်နဲ့ ပြောနေကြတာပဲ၊ တကယ်ချစ်တာ ဟုတ်ရဲ့လား လို့ဆိုပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ကိုချစ်တာမဟုတ်ဘူး၊ သူ့မြင်နေရလို့ရှိရင် ကိုယ် စိတ်ချမ်းသာတယ်။ ထိုစိတ်ချမ်းသာမှုလေးကို ချစ်တာနော်၊ ဒါကို လူတွေမျက်စိ လည်သွားကြတယ်။
မေတ္တာချစ်ဆိုတာ ဒါမျိုးမဟုတ်ဘူး၊ အကျိုးစီးပွားကို လိုလားတယ်၊ ကောင်းစားစေချင်တယ်၊ ကြီးပွားစေချင်တယ်၊ သို့သော် တွယ်တာမနေဘူး၊ ကိုယ့်အတွက် မစဉ်းစားဘူး၊ သူ့အတွက်ပဲ စဉ်းစားတယ်။
ဒီ့ထက်ရှင်းအောင် ပြောရမယ်ဆိုရင် မေတ္တာဆိုတာ “မိတ်ဆွေရဲ့စိတ်ဓာတ်” ကို ခေါ်တာပါ။ “မိတ္တဿ ဧသာ မေတ္တာ” – “မိတ္တဿ - မိတ်ဆွေသူငယ်ချင်းရဲ့၊ ဧသာ - ဥစ္စာဖြစ်တဲ့ စိတ်သဘော ထားပဲ၊ မေတ္တာ - မိတ်ဆွေသူငယ်ချင်းရဲ့ စိတ်သဘောထား စိတ်နေ စိတ်ထား” အဲဒါဟာ မေတ္တာပဲ။
မေတ္တာဆိုတဲ့ သဘောတရားဟာ အဒေါသ၊ အမုန်းကင်းစင်တဲ့ သဘောတရား၊ ကောင်းကျိုး ချမ်းသာကို လိုလားတဲ့ ကြီးပွားစေချင်တဲ့ သဘောတရား။ မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ့်လို့ လေ့ကျင့်ပေးမှ အစွမ်းထက်မယ်၊ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။
အဲဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို ဘာနဲ့လေ့ကျင့်ရမလဲ၊ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ့ကျင့်ချင်ရင် အာရုံနဲ့လေ့ကျင့်ရမယ်။ ဓားထက်အောင် ဘာနဲ့လုပ်ရလဲ၊ ကျောက်နဲ့ သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို့အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ့လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော့ လေ့ကျင့်ရမယ်။
တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ ၄-ယောက် - နံပါတ်တစ်က မိမိကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ နံပါတ်သုံးက ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမာန်ပုဂ္ဂိုလ်၊ နံပါတ်လေးက ရန်သူ၊ ထို ပုဂ္ဂိုလ် ၄-ယောက်သည် အပိုင်းအခြားတွေ။
လူဆိုတာ ကိုယ့်ကိုယ်ကို ပိုချစ်တတ်တယ်၊ အဲဒီ ၄-ယောက်ကို ရန်သူလို့လည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်မိတ်ဆွေလို့လည်း မမြင်တော့ဘူး၊ ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်ရန်သူလို့လည်း မမြင်တော့ဘူး၊ အားလုံး ဒီ ၄-ယောက် စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို့ မြင်သွားပြီဆိုရင် ဒီလူရဲ့မေတ္တာဟာ အစွမ်းအထက်ဆုံး အဆင့် ရောက်သွားပြီ။
အဲဒါကို ဥပမာလေးတစ်ခု ပေးထားတယ်၊ ဒီပုဂ္ဂိုလ် ၄-ယောက်ကို - ဆိုပါစို့ - ရှေးတုန်းက လူကို သတ်ပြီးတော့ ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်၊ တောထဲမှာနေတဲ့ရဟန်းတွေ ဒီလိုပဲ ယဇ် ပူဇော်တာ ခံလိုက်ရတာမျိုးတွေရှိတယ်။ အဲဒီမှာ လာပြီးတော့ တောင်းမယ်၊ ယဇ်ပူဇော်ဖို့အတွက် တစ်ယောက်လိုက်ခဲ့ပါပေါ့၊ တစ်ယောက်လိုက်ခဲ့ပါ ဆိုလို့ရှိရင် အတူနေတာက မိမိကိုယ်တိုင်ရယ်, ကိုယ့်မိတ်ဆွေရယ်, သာမန်ပုဂ္ဂိုလ်တစ်ယောက်ရယ်, ကိုယ့်ရဲ့ရန်သူရယ် ၄-ယောက် ရှိတယ်။
အဲဒီ ၄-ယောက်ထဲက ဘယ်သူ့ပေးမလဲ ? ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ၊ တစ်ယောက် ယောက်တော့ လိုက်ရမယ်၊ ကိုယ့်စိတ်ထဲက ဘယ်သူ့ပေးမလဲ၊ သြော် သူတို့ ၃-ယောက်တော့ နေရစ်ပါစေ၊ ငါပဲ အနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ်ကို အပေါ်မှာ မေတ္တာပျက်ရာ ရောက်တယ်၊ သူ့မေတ္တာက မဟုတ်သေးဘူး, မမျှတဘူးလို့ ပြောရမယ်။
အဲဒီလို မဟုတ်ဘဲနဲ့ “ငါနဲ့ မတည့်တဲ့ကောင်လိုက်သွား” ဆိုလို့ရှိရင် ရန်သူပေါ်မှာ အမုန်းစိတ် မပျောက်သေးတာပဲ။ အဲဒီ ၄-ယောက်စလုံးကို “တစ်ယောက်မှမပေးနိုင်ဘူး၊ အားလုံးဟာ အတူတူပဲ ဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး” ဆိုရင် အဲဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်မာတဲ့ မေတ္တာတရား ဖြစ်သွားပြီတဲ့ - ဒီလိုဆိုတာ။
ဒါကြောင့်မို့ မြတ်စွာဘုရားကဟောတယ်။ “ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ - စိတ်ရဲ့ လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ၊ ဗျာပါဒဿ - စိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသရဲ့၊ နိဿရဏံ - ထွက်ပေါက်ပါပဲ” တဲ့၊ ဒီနည်းနဲ့သာလျှင် စစ်မှန်တဲ့ ထွက်ပေါက်ကို ရနိုင်တယ်။ နောက်ဆုံး ဘယ်လိုပဲ စိတ်ဆိုးအောင်လုပ်လုပ် ဘယ်တော့မှ စိတ်ဆိုးတာ မရှိတော့ဘူး။
ဗျာပါဒ ဆိုတဲ့ ဒေါသဟာ လူတိုင်းဖြစ်ဖူးကြတယ်။ ဖြစ်တဲ့အချိန်မှာ ဘယ်လိုခံစားရသလဲ၊ စိတ်တည်ငြိမ်နေမှုတွေ လုံးဝပျက်စီးသွားတယ်၊ နှလုံးခုန်မှုတွေ ပြင်းထန်လာတယ်, မျက်နှာတွေ နီရဲလာတယ်, သွေးခုန်မှုတွေ ပြောင်းလဲလာတယ်၊ နှလုံးကနေ လှုံ့ဆော်လာသည့် အတွက် ကြောင့် နှုတ်က မဟုတ်တဲ့အသံတွေ၊ မဟုတ်တဲ့စကားတွေ ပြောလာတယ်၊ လက်ကလည်းပဲ အန္တရာယ်ပြုမယ့် အပြုအမူမျိုးတွေ ဖြစ်လာတယ်။ ဒါ ဒေါသရဲ့ စွမ်းဆောင်မှု တွေပဲ။
အဲဒီလို ဒေါသဆိုတဲ့ အမုန်းတရားဟာ နှလုံးသားထဲမှာ လုံးဝမကျန်အောင် ဖြေရှင်းပစ်လိုက်နိုင်တာ ဒါဟာ ထွက်ပေါက်အစစ်ပေါ့။ ဒါကို ဆိုလိုတယ်၊ မြတ်စွာဘုရားက ဟောခဲ့တာ။
ရက်စက်လိုစိတ်၏ ထွက်ပေါက်
ထို့အတူပဲ နောက်ထပ်ထွက်ပေါက်တစ်ခု ရှာရဦးမယ်။ လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ ဆိုပါစို့ - စိတ်ဆိုးတယ်ဆိုတာ ရိုးရိုး စိတ်ဆိုးကြတာပဲ၊ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်၊ သူငယ်ချင်းအချင်းချင်း စိတ်ဆိုးကြတယ်၊ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါရဲ့လား၊ မပါဘူးနော်။
မိဘက သားသမီးကို စိတ်ဆိုးတယ်ဆိုတဲ့ နေရာမှာ “ဒီကောင်ကို သေအောင်လုပ်မယ်” ဆိုတဲ့စိတ်မပါဘူးနော်၊ အေး အဲဒီစိတ်ဓာတ်မျိုး ပါလာပြီ ဆိုလို့ရှိရင် သူ့ကို ဘာခေါ်လဲဆိုတော့ “၀ိဟိံသာ” လို့ ခေါ်တယ်။ ၀ိဟိံသာ ဆိုတဲ့ ရက်စက်မှု၊ ညှဉ်းပန်း နှိပ်စက်မှု ဆိုတဲ့သဘောတရား စိတ်ထဲမှာ ဖြစ်ပေါ်လာတတ်တယ်တဲ့။ ဘုန်းကြီးတို့တစ်တွေ ဒေါသကို မထိန်းတဲ့အခါမှာ ညှဉ်းပန်းနှိပ်စက်လိုမှုဆိုတဲ့ ၀ိဟိံသာတရား စိတ်ဓာတ်ထဲမှာ ပေါ်လာပြီ၊ အဲဒီလိုပေါ်လာလို့ရှိရင် စိတ်ရဲ့ထွက်ပေါက်က ဘာနဲ့လုပ်ရမလဲ ဆိုလို့ရှိရင် ကရုဏာတရားကို ပွားလိုက်ရမယ်တဲ့။
ကရုဏာဆိုတာ သူများကို ညှဉ်းဆဲလိုမှု၊ ရက်စက်လိုမှုဆိုတဲ့ cruelty ဆိုတာရဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒါကြောင့် ကရုဏာတရားကိုပွားပြီဆိုရင် လောကမှာ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေ, သနားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ - ဆိုပါစို့ - ရောဂါဖြစ်လို့ ဒုက္ခ ဝေဒနာ ခံစားနေရတဲ့ပုဂ္ဂိုလ်, စီးပွားရေးအဆင်မပြေလို့ စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်, စားစရာသောက်စရာ မရှိလို့ ဒုက္ခ ရောက်နေတဲ့ ပုဂ္ဂိုလ်, လောကမှာ အဆင်မပြေလို့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သနားစရာပုဂ္ဂိုလ်တွေပဲ။
အဲဒီလို သနားစရာပုဂ္ဂိုလ်ကို ရွေးချယ်ပြီး “ဒုက္ခာမုစ္စန္တု” – “အခြေအနေဆိုးတွေက လွတ်မြောက်ကြ ပါစေ, မကောင်းတဲ့ အခြေအနေတွေ ဆင်းရဲဒုက္ခက လွတ်မြောက်ကြပါစေ” - ဆိုတဲ့ စိတ်ဓာတ် ကလေးနဲ့ အဲဒီလို ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကို အာရုံပြုပြီး လေ့ကျင့်ယူရမယ်တဲ့။
မနာလိုစိတ်၏ ထွက်ပေါက်
နောက်တစ်ခုက လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲကဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊ ၀မ်းမသာကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။ အဲဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါးအောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ပျော်မွေ့မှု မရှိဘူး၊ အဲဒါလည်း စိတ်ရဲ့ emotion တစ်ခုပဲ။ 
အဲဒီအရာတွေ ဖြစ်လာပြီဆိုရင် jealousy တွေ ဖြစ်တယ်။ ထို jealousy တွေ လွှမ်းမိုးလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူများကိုတောင် အန္တရာယ်ပြုတတ်တယ်။
အဲဒီလို jealousy ဖြစ်လာတာဟာ ကောင်းသလားဆိုတော့ မကောင်းဘူး၊ တော်တော်ဆိုးတဲ့ဟာ၊ သူများရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး မခံနိုင်တဲ့သဘော။ အဲဒီ မခံနိုင်တဲ့ emotion လို့ခေါ်တဲ့ စိတ်ရဲ့ဖိစီးမှု ဖြစ်လာလို့ရှိရင် ဘာနဲ့ထွက်ပေါက်ရှာမလဲဆိုရင် မုဒိတာတရားပွားများခြင်းဖြင့် ထွက်ပေါက်ရှာရမယ်တဲ့။
မုဒိတာတရား ပွားများချင်လို့ရှိရင် အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး “ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု” “ရ,ထားတဲ့ စည်းစိမ် အခြေအနေတွေက၊ အောင်မြင်မှုတွေက ဘယ်တော့ မှ ဆုတ်ယုတ် မသွားကြပါစေနဲ့၊ ထာဝရပျော်နိုင်ကြပါစေ၊ ထာဝရရွှင်လန်းနိုင်ကြပါစေ၊ ရရှိထားတဲ့ အခြေအနေကောင်းတွေက ဆုတ်ယုတ်ပျက်စီး မသွားကြပါစေနဲ့”၊ အဲဒီစိတ်ဓာတ်လေးကို လေ့ကျင့်ပေးရမယ်တဲ့။
လေ့ကျင့်ပေးလို့ရှိရင် ခုနပြောတဲ့ သူများစည်းစိမ်နဲ့ ပတ်သက်ပြီးတော့ အကောင်းမပြောနိုင်တဲ့ “အရတိ” ဆိုတဲ့ မပျော်မွေ့နိုင်တဲ့ မနာလိုစိတ်ရဲ့ ထွက်ပေါက်ကို ရသွားမှာဖြစ်ပါတယ်၊ ဒါ မုဒိတာ ဆိုတဲ့ ထွက်ပေါက်။
ချစ်စိတ် မုန်းစိတ်၏ ထွက်ပေါက်
နောက်တစ်ခုက ဘာလဲလို့ဆိုရင် လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့ စိတ်ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ ရှိရင် ဘာလုပ်ရမလဲဆိုတော့ ဥပေက္ခာ ပွားရမယ်တဲ့။
ဥပေက္ခာဆိုတာ ဘယ်လိုပွားရသလဲဆိုရင် “သဗ္ဗေသတ္တာ ကမ္မဿကာ” - သတ္တ၀ါဆိုတာ သူ့ကံနဲ့ သူလာတာ လို့ ပွားရတယ်။ ချစ်ခြင်းကိုလည်း ရှောင်မယ်, မုန်းခြင်းကိုလည်း ရှောင်မယ်၊ ချစ်ခြင်း မုန်းခြင်း ထိုနှစ်မျိုးလုံးမပါဘဲနဲ့ တည်ငြိမ်တဲ့သဘာဝတရားတစ်ခုကို ဥပေက္ခာလို့ ခေါ်တယ်။
ဒီကနေ့ အရပ်ထဲမှာတော့ “ဥပေက္ခာ” ဆိုတာ ကိုယ်နဲ့မတည့်လို့ မခေါ်တဲ့ပုဂ္ဂိုလ်ကို “ဥပေက္ခာပြုတယ်” လို့ ပြောနေကြတယ်။ အဲဒီလို အဓိပ္ပါယ် မဟုတ်ဘူး၊ ဥပေက္ခာက အလွန် မွန်မြတ်တယ်၊ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက် မရှိစေဘဲ တည့်မတ်တည်ငြိမ်တဲ့ သဘောထား၊ ဒါကြောင့်မို့ equanimity လို့ အင်္ဂလိပ်လို ပြန်တယ်။ equanimity ဆိုတာ စိတ်ရဲ့ တည်ငြိမ်မှုပဲ။
အဲဒီတည်ငြိမ်မှုဟာ စိတ်မတည်ငြိမ်တဲ့ emotion ဆိုတဲ့ ရာဂတို့၊ ဒေါသတို့ရဲ့ ထွက်ပေါက်ပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဥပေက္ခာဆိုတဲ့ စေတောဝိမုတ္တိဟာ ရာဂရဲ့ ထွက်ပေါက်ပါလို့ ဟောထားတယ်။ ဒါကြောင့်မို့ အဲဒါကိုလည်းပဲ လေ့ကျင့်ပွားများခြင်းဖြင့် မိမိတို့ရဲ့ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုကို ရရှိနိုင်မယ်။
မြဲတယ်လို့ထင်မြင်စိတ်၏ ထွက်ပေါက်
နောက်တစ်ခုကတော့ ၀ိပဿနာ ကျင့်စဉ်နဲ့ ပတ်သက်တယ်။ ဘုန်းကြီးတို့တစ်တွေမှာ အရာ ခပ်သိမ်းကို ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်ကိုယ်ကိုပဲဖြစ်စေ, ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကိုပဲ ဖြစ်စေ နိစ္စထာဝရလို့ ထင်နေကြတယ်။ မြဲတယ်ဆိုတဲ့ အတွေးတွေ ရှိနေကြတယ်။ ၀ိပဿနာ တရားကို ကျင့်ကြံကြိုးကုတ်အားထုတ် လိုက်ပြီဆိုရင် စက္ကန့်မလပ် ပြောင်းလဲနေတဲ့သဘောတွေ, ပြောင်းလဲပျက်စီးနေတဲ့ အရာတွေကို တွေ့မြင်လာနိုင်တယ်။ ဒီလိုမြင်ရင် မြဲတယ်ဆိုတဲ့ အတွေးတွေကို လျှော့ချသွားနိုင်တယ်ပေါ့။ အဲဒီ မြဲတယ်ဆိုတဲ့ နိစ္စနိမိတ်၊ မြဲတယ်လို့ ယူဆနိုင်တဲ့ အရိပ်အယောင်ဟာ တစ်ခုမှမရှိဘူး။
ရင့်သန် အားကောင်းလာတဲ့ ၀ိပဿနာတရား (ဗလ၀၀ိပဿနာ) ဟာ မြဲတယ်လို့ ထင်မြင် ယူဆနေတဲ့ အတွေးစိတ်ရဲ့ ထွက်ပေါက်တစ်ခုပဲတဲ့။ ၀ိပဿနာတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် မြဲတယ်ဆိုတဲ့ အရိပ်အယောင်တွေကို ဖယ်ရှားပစ်နိုင်ပြီး မမြဲဘူးဆိုတဲ့ အမှန်အကန်ကို မြင်လာနိုင်ပါတယ်။ ဒါက အလွန်အဆင့်မြင့်တဲ့ ထွက်ပေါက်တစ်ခုပါတဲ့။ အဲဒီ ထွက်ပေါက် ရထားပြီဆိုရင် သောကဆိုတာ နည်းသွားမယ်၊ တွယ်တာမှုတွေဆိုတာကို လျှော့ချလာနိုင်မယ်။
မာန၏ ထွက်ပေါက်
နောက်ဆုံး ထွက်ပေါက်တစ်ခုက ဘာလဲဆိုလို့ရှိရင် ငါဆိုတဲ့ မာနရဲ့ ထွက်ပေါက်ပဲ။ လောကမှာ ဒီမာနဆိုတာက ကျန်နေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး အရည်အချင်းပေါ်မှာ အခြေစိုက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရားတစ်ခုပဲ။ ဒါကို စာပေက “အသ္မိမာန” လို့ ပြောတယ်။
မာနဆိုတာဟာ သူများထက်သာတယ်လို့ပြောမှ မာန မဟုတ်ဘူး။ လူတွေမှာ ဖြစ်တတ်တယ်လေ၊ ဆိုပါစို့ - အဘိဓမ္မာတရားဟောလို့ရှိရင် ငါ နားမလည်ပါဘူးကွာ, နားလည်နိုင်မှာ မဟုတ်ပါဘူး, တို့ ဉာဏ်မမီပါဘူးလို့ အဲဒီလိုတွေးတာကလည်း နိမ့်ကျတဲ့မာနပဲတဲ့။ ဒါကတော့ ငါ့အတွက် လွယ်လွယ်လေးပဲလို့ သွားတွေးလို့ ရှိရင်လည်း သူ့အရည်အချင်းပေါ်မှာ တွေးတောဖြစ်သည့် အတွက်ကြောင့် မာနပဲ။ အဲဒီလို မာနမျိုးတွေဟာ တရားထူး တရားမြတ်ရဖို့ရာအတွက် အဟန့် အတားတစ်ခု ဖြစ်တယ်။
ဒါကြောင့် အဲဒီ အဟန့်အတားဆိုတဲ့ ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာ အားကိုးပြီး ဖြစ်ပေါ်နေတဲ့ မာနအထင်တွေ ပျောက်သွားအောင် ၀ိပဿနာကျင့်စဉ်ကျင့်ရတယ်။ နောက်ဆုံးရဟန္တာပုဂ္ဂိုလ်ဘ၀ ရောက်သွားလို့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားပြီ ဆိုလို့ရှိရင်တော့ ခုနကပြောတဲ့ ကိုယ့်ရဲ့ အရည်အသွေးပေါ်မှာ အထင်ရောက်တဲ့ မာနတရားဟာ လုံးဝ ရှင်းသွားပါလိမ့်မယ်၊ အဲဒါက မာနတရားရဲ့ ထွက်ပေါက်ပါ။
အဲဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “နိဿရဏဓာတုသုတ်” မှာ စိတ်၏ ထွက်ပေါက် များ ဆိုပြီး ဟောထားတာရှိတယ်။ ဒီထွက်ပေါက်များသည်သာလျှင် တကယ့်စစ်မှန်တဲ့ ထွက်ပေါက်များ ဖြစ်သည့်အတွက်ကြောင့် ထိုတရားများဟာ လက်တွေ့ကျင့်သုံးနိုင်မယ်ဆိုရင် ဒီထွက်ပေါက်တွေဟာ ကိုယ်ကိုယ်တိုင် သိရှိနိုင်မယ့် ထွက်ပေါက်မျိုးတွေ ဖြစ်တယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ စိတ်၏ ထွက်ပေါက်များကို လက်တွေ့ကျကျ အသုံးချပြီးတော့ မိမိတို့စိတ်ရဲ့ အကျဉ်းအကြပ်မှ လွတ်နိုင်ကြတယ်။
ဒေါသဆိုတဲ့ emotion တွေ, ၀ိဟိံသာဆိုတဲ့ emotion တွေ, အရတိဆိုတဲ့ မပျော်မွေ့နိုင်မှု emotion တွေ, ရာဂ ဆိုတဲ့ တပ်မက်မှု emotion တွေ, သင်္ခါရ တရားတွေနဲ့ ပတ်သက်ပြီးတော့ မြဲတယ်ဆိုတဲ့ အထင်နိမိတ်တွေ, ကိုယ့်ကိုယ်ကိုထင်နေတဲ့ ကိုယ့်အရည်အသွေးပေါ်မှာ အခြေပြုပြီးတော့ထားတဲ့ မာနတွေ၊ အဲဒီ emotion တရားတွေရဲ့ ထွက်ပေါက်တွေဟာ မေတ္တာတို့, ကရုဏာတို့, မုဒိတာတို့, ဥပေက္ခာတို့¸၀ိပဿနာနဲ့ အရဟတ္တမဂ်ဉာဏ်များသာ ဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာက ဟောကြား တော်မူခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မိမိတို့သန္တာန်မှာ အဆင့်ဆင့် လေ့ကျင့် ယူခြင်းဖြင့် ရနိုင်တဲ့တရားတွေ ဖြစ်တဲ့အကြောင်း ကိုယ်တိုင်သိရှိနားလည်ပြီး မိမိတို့မှာ စိတ်၏ ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီ ကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။
မေတ္တာဖြင့်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော
စိတ်၏ ထွက်ပေါက်များ တရားတော် မှ ထုတ်နှုတ်ပူဇော်ပါသည်။
Sunday, March 29, 2015
မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ
မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ 
မြတ်စွာဘုရားရှင်က“မသေခင်သုတ္တန် ”လို့အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒသုတ္တန်”မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကိုတစ်စုတစ်ဝေးတည်း ဟောကြားထားပါတယ်။
မြင့်မြတ်တဲ့လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။
♦မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှနည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက် ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။
♦ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း၊ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။မသေခင် ကိုယ်တကယ်ပိုင်တ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။
♦မသေခင်မှာ ကိုယ့်စိတ်ကိုယ် "ဒေါသမီး" မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်။ ထစ်ကနဲရှိ ဒေါသထွက်တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုးမလုပ်သင့်ပါဘူး။ သူလည်းတစ်နေ့သေ၊ ကိုယ်လည်းတစ်နေ့သေမယ့်ကိစ္စ၊ ဘာလို့ ဒေါသထွက်နေဦးမှာလဲ။
♦နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မူတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသောမနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။
♦ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်။ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများအကျိုးပြုနိုင်မှာမို့လဲ။
♦လုပ်သင့်တာ မလုပ်ခဲ့မိလေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင်ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။
♦နူတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်း ဖြစ်ရပါမယ်။အပိုစကားတွေ၊အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို၊မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။
♦မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့ လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှအချိန်တိုင်းကို စိတ်တည်ငြိမ်းမူအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။
♦ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့အနာဂတ်ဘ၀ကိုပုံဖော်တပ်မက်နေ တာမျိုးလည်းလုံးဝမဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ်လက်ခံပြီးနေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်းစိတ်နာနေလို့အပိုပါပဲ။
♦ကံ၊ ကံရဲ့အကျိုးမရှိ၊ရှေးဘ၀၊နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်းကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊အလုပ်မှားရင် အကျိုးတရားလည်း မှားပြီ ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ်။
♦ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။
♦ကိုယ့်ကို သူတပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလူံ့ဆော်တာမျိုးလုံးဝမပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။
♦လူသားတွေရဲ့ မသေခင်ဘ၀ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ မနာလိုဝန်တို၊ ၀န်တိုမူ (ဣဿာ၊ မစ္ဆရိယ)ကိုလည်းတွန်းလှန်နိုင်ရ ပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ်လွှမ်းမိုးနေတဲ့သူဟာ "မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်" ပါပဲ။
♦ကိုယ်အပြုအမူကြမ်းတမ်းသူ၊ နူတ်အပြောအဆိုကြမ်းတမ်းသူ၊ စိတ်နေသဘောထား ကြမ်းတမ်းသူမဖြစ်စေရဘူး။
♦ကိုယ်ကျင့်တရား မကောင်းသူ(သီလမရှိသူ)ကို ပတ်ဝန်းကျင်ကရွံရှာစက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ "ကိုယ်ကျင့်တရားပျက်သူ" မဖြစ်ပါစေနဲ့။
♦ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လူံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ၊ အဆင်ပြေနေကြတာကိုမနာလိုဝန်တိုဖြစ်ပြီးကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။
♦မျက်စိ၊နား၊နှာ၊လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း၊အသံ၊အနံ့၊ အရသာ၊အထိအတွေ့၊ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘအစရှိတဲ့ ကိလေသာရေအလျဉ်တေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင်-မြင်ကာမျှ၊ ကြား-ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန်းတရားကိုပွားများနိုင်ရင်ကိလေသာရေ စီးဆင်းမူ ရပ်တန့်သွားမှာပါ။
♦မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်းမဖြစ်စေရပါဘူး။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ပညာ၊အာဏာ၊သူများထက်သာတယ်လို့ ထင်နေတဲ့ “အထင်”ကြီးနေတာပါ။ အထင်ဟာ အထင်ပါပဲ။တကယ်မဟုတ်ပါဘူး။
♦မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာ ကြီးမားသူဖြစ်အောင်ကြိုးစားနေရပါမယ်။ လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။
♦ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှသူတစ်ပါး အပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှသူတစ်ပါးပါးစပ်မှာလမ်းဆုံး၊ သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့မပြီးဘဲ ကိုယ်တိုင်သိ၊ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။
♦ဒါန၊သီလ၊သမထ၊၀ိပဿနာ ကုသိုလ်ကောင်းမူတွေ ပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ်တ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမူ၊ စီးပွားရာထူးတိုးတက်မူ၊ သံသရာကောင်းစားမူတွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများကောင်းစားစေလိုတဲ့စိတ်နဲ့ ပြုလုပ်ကြပါမယ်။
♦အကောင်း၊အဆိုးလောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါ မှာလည်းစိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။
♦သက်ရှိ သက်မဲ့တစ်ခုခုအပေါ်တပ်မက်စွဲလမ်းတဲ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။တဏှာတစ်ခုခုရဲ့နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမူ ဒုစရိုက်တွေတွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။
♦အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်းဒါ မစားရ မနေနိုင်၊ ဒါ မသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမူ ကင်းရှင်းရပါမယ်။ ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။ ကိုယ်အပြုအမူဖြစ်သမျှ၊စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ်ရူမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှအာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရူနိုင်တဲ့သူ ဖြစ်ရပါမယ်။
♦ကိုယ့်အထက်လူနဲ့နိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့နိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်း စားလူနဲ့နိုင်းယှဉ်တဲ့မာန၊ မာန သုံးမျိုးလုံးလည်းကင်းရှင်းရပါမယ်။
♦သေပြီးရင် အသက်ကောင်၊၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်းကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါးရှိနေရင် မသေခင်လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီးသံသရာမှာ ချောက်ကျရပါလိမ့်မယ်။
♦ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊ အိမ်၊မြေစတဲ့ သက်မဲ့အရာဝတ္ထုတွေကို ငါ့သား၊ငါ့သမီး၊ငါ့အိမ်၊ငါ့မြေးဆိုပြီးငါစွဲကြီးကြီး၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့စိတ်မျိုး ကင်းရှင်းရပါမယ်။
♦ဘာပဲလုပ်လုပ်ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုးမဖြစ်အောင် သတိထားရပါမယ်။
♦ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲလာရင်လည်းမတုန်မလူပ် သည်းခံနိုင်ရပါမ ယ်။
♦“တစ်လောကလုံးမှာကိုယ်ပိုင်တာ ဘာမှမရှိပါလား”ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။အဲဒီအသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်းမပူပန်တော့ပါဘူး။ ရှိပြီးတော့ မရှိလို့လည်းမဆူညံတော့ပါဘူး။
♦ချစ်ခြင်း၊မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့်မလုပ်ထိုက်တာလုပ်တဲ့ အဂတိလိုက်စားမူလည်း ကင်းရှင်းရပါမယ်။အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။
♦လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊ လုပ်သင့် လုပ်ထိုက်တာမလုပ်ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့် မလုပ်ထိုက်တာတွေလည်းရှောင်ကြဉ်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်းဆောင်နိုင်လာပါလိမ့်မယ်။
♦မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံးအကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ ဘ၀လွတ်မြောက်မူကိုရပါပြီ။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်းသေနေရတဲ့အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။
♦ဒါ့ကြောင့် မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။
[ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)] (မသေခင်ဘာလုပ်ကြမလဲစာအုပ်မှ-)
Dhamma Danã Source 
Saturday, March 28, 2015
လူသားနှင့် အချစ်
လူသားနှင့် အချစ်
ကိလေသာတောတွင် နှစ်မျောနေသူများပီပီ လိုချင်ရချင် ပျော်ချင်ပါးချင်ကြသည်။ ထိုထိုသော လောဘစေရာ နောက်ကိုလိုက်ရင်း ဘ၀ မောတွင် မျှော်လင့်ရင်းရှင်သန်  ရှင်သန်ရင်း မျှော်လင့်ကာ  အဓိပ္ပါယ်တို့က လေးနက်မြင့်မား ခွန်းအားတွေအပြည့်ဖြင့် ဘ၀ ကိုချီတက်ကြသည်။
မျှော်လင့်စရာရှိသူတို့က ထိုကဲ့သို့ မျှော်လင့်ရှင်သန်ကြသော်လည်း မျှော်လင့်စရာ ဘာမှမရှိသည့် မိန်းမသား တစ်ယောက်၏ဘ၀  ။ ဘာဆက်လုပ်သင့်သလဲစဉ်းစားတိုင်း ကိုယ့်ကို ကိုယ် သေမိန့် ပေးနေမိသည်။
နေခြင်းထက် သေခြင်းကို  အလိုရှိခဲ့ပြီ။ သစ်ပင်ပင်စည်မှာ မျက်စိစုံမှိတ် အံကိုကြိတ်၍ စိတ်နောက်ကိုယ်ပါ မိုက်ကန်းစွာ
    ++++++++++++++++++++++++++++++++++++++++                                 
သေချင်သူကိုမှ ကယ်တင်မည့် သူက ရောက်ဖြစ်အောင် ရောက်လို့လာသည်။ အသက်ကို ကယ်တင်ရုံတင် မဟုတ် ဘ၀ တခုလုံးကိုပါ စောင့်ရှောက်ကယ်တင်မည်တဲ့ ။ ခိုကိုးရာမဲ့နေသူမို့  ယုံကြည်လေးစားစွာ လက်ခံမိပါတော့သည်။ ခက်သည်က......ပြည်ပန်းညို ချိုပါရဲ့နဲ့  ဆားက ဖျက်နေပြီ။
မောင့်မိခင် က တဦးတည်းသောသားရှေ့ မှာ ကြည်ဖြူ သလိုနှင့် ကွယ်ရာမှာ မာန်မာန်မဲမဲ။ ကံဆိုးတဲ့ သူမို့ ထင်သည်။ မောင် ခရီးထွက်တော့  မောင့်မိခင်က အိမ်ပေါ်ကနှင်ချပြီ။မဆင်းလို့ မရ။မရအရ မောင်းချပြီ။ မောင့်ရင်သွေးလေးကို လွယ်ပိုးပြီး မောင်ရှိမည်ထင်ရာအရပ်သို့ မှန်းဆကာ ထွက်လာ ခဲ့ရသည်။ တနေ၀င် တနေထွက် တမြိုဝင် တမြို့ ထွက်ဖြင့်  ရက်ကိုလစား။ ကိုယ်ဝန်က ရင့်မာလာပြီ။ လမ်းမှာတွေ့သည့်ဇရပ်ပျက်တစ်ခု ခဏ နားမည်။  အို ... ဗိုက်ကနာလိုက်တာ။
လူမရှိသူမရှိ တောထဲတောင်ထဲ ဇရပ်ပျက်ကလေးတွင် မီးဖွားသန့် စင်လိုက်သည်။ ကူညီသူ-နတ္ထိ။ မီးဖွားသန့်စင်ပြီးချိန်မှာ တကိုယ်လုံးညစ်ထေးနံစော်နေသော ခန္ဓာကိုယ်ကို ရေမိုးသန့် စင်လို လှသည်။ ရေလည်းဆာနေသည်။ နီတာရဲလေးကို ဇရပ်ပေါ်တွင် ခဏထားခဲ့ကာ ရေရှိမည်ထင်ရာ အရပ်သို့  ခပ်သွက်သွက်လေး လှမ်းလာမိသည်။ ရေချောင်းလေးမှာ ရေကိုတ၀ကြီး သောက်လိုက်သည်။ ကိုယ်လက်သန့်စင်သည်။
ကလေးကို ထားခဲ့ရသဖြင့် ခပ်သုတ်သုတ် ပြန်လာသည်။ သို့ သော် နီတာရဲ ကလေးလေး ဇရပ်ပေါ်တွင်ရှိမနေတော့။ ဘုရား ..ဘုရား ငါ့သားလေး ဘယ်ရောက်သွားပြန်ပြီလဲ။လင်ပျောက်တဲ့ မယား ဘ၀။ သားပျောက်တဲ့အမေ ဘ၀ အပူလုံးကြွလို့  လူလုံးလည်း မလှနိုင်တော့။ ရင်ဘတ်ကို ထုပြီး ငိုပွဲဆင်ရလေပြီ။
     +++++++++++++++++++++++++++++++++++++++++++++++                                 
လင်ရှာရင်းသားပါပျောက်ခဲ့ရသည်။ ပျောက်သောသူရှာရင်တွေ့ဆိုသည့်စကားရှိထားသဖြင့်
လင်ကိုရှာ သားကိုရှာ အပူမီးတွေနှင့် ကံဆိုးမ ရဲ့ ဘ၀။
  " ဟဲ့ကောင်မ ရပ်လိုက်စမ်း..   "
တောလမ်းမှာ မသမာသူ ဓါးကိုင်လူဆိုးတွေနှင့်ရင်ဆိုင်တိုးပြန်သည်။
" ချမ်းသာပေးပါရှင်..ကျမ မှာပေးစရာငွေလည်းမရှိပါဘူး ပြေးစရာမြေလည်းမရှိပါဘူး  ဒုက္ခရောက်
နေတဲ့ ခရီးသည်ပါရှင်..   "
 " ဟဲဟဲ ပေးစရာငွေမရှိ ပြေးစရာမြေမရှိရင် ကျုပ်အိမ်ကိုလိုက်ခဲ့ပါ  လိုက်မယ်မလား   "
          ++++++++++++++++++++++++++++++++++++++++++++                            
ဒီလိုနှင့် ကံဆိုးမ ဘ၀ လူဆိုးကြီးမယား ဖြစ်ခဲ့ရပြန်ပေါ့။ လူ့ တိရိစ္ဆာန်ကြီး၏ နိုင်ထက်စီးနင်းပြုမူသမျှ
သမီးကိုတော့ထားခဲ့ရသည်။ ဒီသမီးကို ခေါ်သွားပါက မိုးမြေအနှံလိုက်ရှာမည်မှာ ဧကန်မလွဲ။ ထို့ ကြောင့် မိခင်တယောက် ရင်တွင်းမချိစွာဖြင့် သမီးကို ထားခဲ့ရသည်။ ကံကောင်းထောက်မစွာ ပြေးလွတ်ခဲ့ပြန်သည်။
ထေရီအရှင်မ တို့၏ ကျောင်းတိုက်ကြီးတခုတွင် မှီခိုနေထိုင်ရင်း လင်နှင့်သားကို ရှာဖွေမိပြန်သည်။ အချိန်က ကုန်မှန်းမသိကုန်ခဲ့သည်မှာ   (၁၅)နှစ်ပင် ကျော်ခဲ့ပြီ။ လှည်းကုန်သည်တွေ ရောက်လာ တိုင်း သားတို့အဖေကို တွေ့ လေမလားဟု သတင်းအစအန ရလိုရညား မေးမြန်း စုံစမ်းမိသည်။
           ++++++++++++++++++++++++++++++++++++++++++                          
ပျောက်နေသော သားနှင့် လင်ကိုရှာရင်းမှ သံယောဇဉ်ကြိုးလေး တမျှင်က ကပ်ညှိတွယ်ဖို့ ကြိုးစားလာပြန်သည်။ ကောင်လေးအသက် ရှိလှ  (၁၆)နှစ်မျှသာ ဖြစ်မည်။ သတိလေးဖြင့် မိမိကိုယ်ကို ထိန်းချုပ်ပြီး ရှောင်နေရသည်။ ကလေးကိုမုန့် ပေးကြိုက်သည်ဟု ပတ်ဝန်းကျင်က ဆိုကြပေမည်။
အမှန်တကယ်တော့ သူကလေးကို တွေ့သည့်အချိန်ကတည်းက ရင်မှာလှူပ်ခတ်ခဲ့သည်သာ။ နှစ်သက်မြတ်နိုးဖွယ် ပန်းလေးတစ်ပွင့်ကို ပန်ဆင်လိုခြင်းထက် တစိမ့်စိမ့် အလှကြည့်နေချင်သည့် ဆန္ဒက ပိုမိုပြင်းပြနေသည်။ ဒါကိုပင် ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုမလား။  အတွေ့မခံလိုတော့၍ ကျောင်းအာရာမ် ထဲမှာ ပုန်းအောင်းနေလိုက်သည်။ ကိုယ့်ကို ကိုယ် ဟုတ်လှပြီထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ ချစ်နှစ်သက်သူနှင့် ကွေကွင်းရခြင်းဆင်းရဲကို မခံစားနိုင်ပြန်။ သူကလေး ရှိတတ်သည့်နေရာကို ခိုးကြောင်ခိုးဝှက် သွားချောင်း ကြည့်မိပြန်သည်။
 " မမ   "
 အို ဘုရားရေ ...သူကလည်း သိနေသည်သာ။ အရွယ်ချင်းအဆင့်ခြင်းကွာခြားသူမို့  မဖြစ်နိုင်ဘူးအခါခါ ငြင်းဆန်ရင်းနှင့်ပင် သူ့တွင် မိဘ မောင်နှမ သားချင်း မရှိတော့ကြောင်း သိရသောအခါ။ မိခင်ကဲ့သို့သော ချစ်ချင်းမေတ္တာဖြင့် မိခင်နှင့်တူသော မယားအဖြစ်နှင့် သူ့ အနားတွင် နေမိပြန်ပါသည်။ သူ့ကို သားကလေးလို ရင်ခွင်မှာပိုက်ထွေး ထားချင်မိသည်။ မျက်စိအောက်က အပျောက်မခံချင်သလိုဖြစ်မိသည်။
         ++++++++++++++++++++++++++++++++++++++++++++++                 
တနေ့ ...ထိုတနေ့ သည်  မျော်လင့်ပြီးဖြစ်သော်လည်း တကယ်တမ်း ရင်ဆိုင်ရသောအခါ မွန်းကြပ်
လွန်းလှသည်။
 " မမ..စိတ်မဆိုးနဲ့နော်..စကားတစ်ခွန်းပြောချင်လို့    "
 "  ပြောမှဖြစ်မယ်ဆိုရင် ပြောလေ  "
 " မိန်းကလေးတစ်ယောက်နဲ့ မေတ္တာမျှမိတယ်။ ကျနော်သူ့ကိုအိမ်ခေါ်လာချင်တယ်   "
 " ဪ   "
ရင်ထဲမှာဝုန်းဒိုင်းကြဲသွားသည်။ ယောက်ျားဆိုတာ ဒါပါပဲ ။ မိန်းမတစ်ယောက်နှင့် အလှမ်းကွာလျှင် ကြာရှည်လွမ်းမနေချင်။ သူတို့ဘ၀မှာ အချိန်ကြာကြာကွက်လပ်မထားတတ်ကြပါ။ အဟောင်းထက်
အသစ်ကိုမြတ်နိုးတန်ဖိုးထားလေ့ ရှိပြီး အစားထိုးခြင်းကိုခုံမင်သည်။ ဘ၀ အတွေ့အကြုံအရ မှတ်ချက် တွေပဲဖြစ်သည်။
ညိုညို ချောချော ကောင်မလေး ရိုးရိုးသားသားလေးဖြစ်သည်။ မိဘ မောင်နှမ မရှိသူ။ ဘ၀ တူတွေပါလား။ ဒီနေ့ကစလို့   မိခင်တစ်ယောက်နေရာက နေသွားတော့မည်။ ကလေးတွေကို မိခင်
တစ်ယောက်လို  စောင့်ရှောက်မည်။ သမီးရင်းလေးလို သဘောထားမည်။ သားအရင်းလေးလို သဘောထားမည်။ သူတို့လေးတွေစုံဖက်ကြပါစေတော့။
    အမေ ငတ်နေသောသူတို့လေးတွေကလည်း မိမိကို မိခင်လိုချစ်ကြသည် ။နေရာပေးကြသည်။
တနေ့ ...သမီးလေးကို ခေါင်းဖီးပေးတော့
"  ဟင်..ခေါင်းမှာအမာရွတ်ကြီးပါလား  "
 "  ဟုတ်တယ် အမေ  သမီး ငယ်ငယ်လေးတုန်းက အဖေနဲ့အမေ ရန်ဖြစ်တော့ သမီးခေါင်းကို ထိမိလို့ တဲ့။ အဖေ ကပြန်ပြောပြတာ  အဲ့ကတည်းက အမေက ထွက်ပြေးသွားတာ ဒီနေ့ ထိ သမီးအမေ ကိုမမြင်ဖူးဘူး  "
 "အို  ဘုရားရေ  သမီး သမီးလေး လူဆိုး သူခိုးကြီး အနိုင်ကျင့်ပေါင်းသင်းလို့ ရတဲ့သမီးလေး  အမေ့ သမီးလေး  ပါလားကွယ်    "
             +++++++++++++++++++++++++++++++++++++++++++++++++              
သားအမိနှစ်ယောက် မျက်ရည်နှင့်မျက်ခွက် တယောက်ကို တယောက်ဖက်ပြီး ငိုနေချိန်  ယောက်ျားဖြစ်သူပြန်လာသည်။ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရသည်။ သားအမိ နှစ်ယောက်လုံး ဒီယောက်ျားတစ်ယောက်ထဲကို လင်တော်နေမိပါလား။
 "လူတိုင်းကတော့ အတိတ်ဆိုတာ ရှိကြတာပဲလေ..ကျနော်လည်း အဖေ အရင်း ဘယ်သူမှန်းမသိ သလို အမေ ဆိုတာ ဘယ်လိုမျိုးမှန်းမသိဘူး။ ကျနော့မွေးစားအဖေက ဇရပ်ပျက်တစ်ခုမှာ ကျနော့်ကို တွေ့လို့  မွေးစားခဲ့တာ    "
 "  အို ..ဘယ်လို  ဘုရားရေ...အမှားကြီး မှားပါပေါ့လား  "
ဖြစ်ကြောင်းကုန်စင် သူသိသမျှ သူပြောပြတော့  မိမိ လိုက်ရှာနေသည့် သားပါလား။
နှစ်နှင့်ချီ၍ ရှာခဲ့စဉ်က မတွေ့ခဲ့။ ခုတွေ့မယ့်တွေ့တော့လည်း သားကော သမီးကော နှစ်ယောက်လုံးနှင့် တွေ့နေသည်။
 " အမေရယ် သားမှာ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ အမှားကို ကျူးလွန်မိတယ်   အမေနဲ့ ညီမကို  မယား လုပ်ခဲ့မိတယ် ပတ်ဝန်းကျင်ကသာ သိရင် ကျနော် ဘယ်လို အသက် ဆက်ရှင်ရမလဲ   "
မိခင်တယောက်၏ ရင်တွင်းမှာ လောင်မြိုက်ရလေပြီ။ ဘယ်လိုဝဋ်ကြွေးများကြောင့် ဒီသားဒီအမိ ဒီလိုဘ၀တွေ ဖြစ်ရတာပါလိမ့်။ သားအမိချင်း မောင်နှမချင်း သွေးက စကားပြော ၍  သံယောဇဉ်နွယ်ငင် ခင်မင်သည်ကို မသိပဲ တဏှာပေမ နယ်ထဲသို့  သက်ဆင်းမိ ခဲ့ကြသည်။
    " သားနဲ့သမီးတို့  သေသေချာချာ နားထောင်နော်...အမေကတော့ ဘ၀ကို စိတ်ကုန်သွားပြီ။ ထိတ်လန့် ကြောက်ရွံသွားပြီ။ သားနဲ့ သမီးလည်း သင်ခန်းစာယူပြီး သံဝေဂ ပွားကြပေါ့ အမှားကို အမှန်ပြင်ကြရအောင်   "
သားနှင့်သမီးကလည်း ပြိုင်တူပင် အမေပြောသော စကားကိုမြေ၀ယ်မကျ နားထောင်ကြသည်။
             +++++++++++++++++++++++++++++++++++++++++++                         
သောက အပူမီးတို့ ငြိမ်းအေးရာ  ဆင်းရဲခြင်းတို့ ချူပ်ငြိမ်းရာသို့ ။ မြတ်စွာဘုရားရှင်၏ သာသနာတော် နေလိုလလို ထွန်းလင်းတောက်ပ နေချိန်မို့   အမေ နှင့် သမီးက ဥပ္ပလ၀ဏ် ထေရီ အရှင်မတို့ထံ သွားရောက်၍ ရဟန်းပြုလိုက်ကြသည်။ သားဖြစ်သူကလည်း သံဃာတော်များထံမှာ ရဟန်းပြု လိုက်သည်။
သုံးဦးသား တရားတော်ကို နာကြား၍ ၀ိပဿနာ အားထုတ်လိုက်ရာ အာသဝေါကုန်ခမ်း ရဟန္တာများဖြစ်ကြသည်။ သားဖြစ်သူမှာ ဘွဲ့တော်ထင်ရှားသော "ဂင်္ဂါတီရိယ မထေရ်" ဟူ၍ ကျော်ကြားခဲ့လေသည်။
(မလေးငြိမ် ၏  ဂန္ထ၀င်ရသများ စာအုပ်မှ မှောင်တကာ့ မှောင်ကို မှီငြမ်း ရေးသားပါသည်)
*****တတိယမြောက်သမီးတော်*****
Friday, March 27, 2015
အာရုံဆိုတာ အနတ္တ သဘာဝပါ
" အာရုံဆိုတာ အနတ္တ သဘာဝပါ "
မြတ်စွာဘုရားရှင် ဟာသူ့ရဲ့တပည့်သာဝက တွေကိုခြိုးချန်စွာကျင့်ရတဲ့ဓူတင် အကျင့်တွေကို ခွင့်ပြုခဲ့ပါတယ်။ ဒါဟာကိလေသာကိုပါး အောင် သိတိ ပညာ သည်းခံခြင်းဆိုတဲ့ စိတ်အရည်အ သွေတွေမြင့်မားလာအောင် လုပ်ခိုင်းတာပါ။ သက်သက်ဒုက္ခခံခိုင်းတာ မဟုတ်ပါဘူး။ သင်္ကန်း သုံးထည် သပိတ်တစ်လုံးရှိရင် ရဟန်းတော်တွေအတွက် လုံလောက်ပါတယ်။ အသုံးအဆောင် ပစ္စည်းမများတဲ့ အတွက် ဝတ္ထုပစ္စည်းတွေအပေါ်ကြောင်းကြ စိုက်နေရတဲ့ ဗလိဗောဓ နည်းသွားတာပေါ့
ဝတ္ထုကာမနဲ့ ကိလေသာကာမလို့ရှိရာမှာ ကိလေသာကာမကိုသာပယ်သတ်ရမှာပါ။ တတ်နိုင်လို့ ရွှေကျောင်းကြီး ဆောက်လှုရင်လည်း သီတင်းသုံးနေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ ရွှေကျောင်းကြီးကို မသာယာရပါဘူး။ ပုထုဇဉ်တို့အတွက်တော့ ဝတ္ထုပစ္စည်းစွန့်ပယ်ခြင်းဟာ အထိုက်အလျောက်တော့ လိုအပ်ပါ တယ်လို့ထင်ပါတယ်။ ဝတ္ထုပစ္စည်းဆိုတဲ့အာရုံ တရားတွေဟာ တော်တော်ကြီးကိုအင် အားကြီး ကြီးမားမားနဲ့ ချယ်လှယ်နိုင်ပါတယ်။ ဆွဲအားလည်း အရမ်းပြင်းပါတယ်။ သူ့နောက်ကို မလိုက်မိဖို့ဆို တာတော်ရုံစိတ်ဓာတ်အခြေအနေနဲ့ မရနိုင်ပါဘူး။ ဒီအာရုံတွေနောက်ကိုတ ကောက်ကောက် လိုက်ခဲ့ကြလို့ သတ္တဝါတွေဟာသံသရာမှာ မျောလိုက် မြုပ်လိုက်နဲ့ လည်လာ လိုက်ကြတာ အစတောင် ရှာမရပါဘူး။
အာရုံတွေရဲ့အခြယ်အလှယ်ကိုခံရတာဟာ အာရုံ တွေရဲ့သဘာဝကိုအမှန်အတိုင်းမသိတဲ့ မောဟ ကြောင့်ပါ။ အာရုံတွေဟာ အစွဲလန်းခံတတ်တဲ့ ဥပါဒါနက္ခန္ဓာပါ။ မြတ်စွာဘုရားရှင်က ဥပါဒါနက္ခန္ဓာဒုက္ခာ ဆိုပြီးဟောထားပါတယ်။ ပုထုဇဉ်တွေကတော့ ဒုက္ခလို့မမြင်ဘဲ သုခလို့သာ မြင် ပြီး စွဲလမ်းနေကြတာပါဘဲ။ ဘုရား ရဟန္တာအရှင်မြတ် တွေအဖို့တော့ စွဲလမ်းတတ်တဲ့ ကိလေသာမရှိလေတော့ အာရုံတွေရဲ့ လွှမ်းမိုးမှုကိုမခံရ တော့ပါဘူး။
ဒီနေရာမှာအာရုံဆိုတာ လောကီစိတ်တို့ရဲ့အာရုံပြုရာ တဏှာ မာန ဒိဋ္ဌိ တို့ရဲ့ အစွဲလမ်းခံရာ အာရုံ ငါးပါး ကာမဂုဏ်တရားဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာလည်း အာရုံတရားတစ်ခုပါဘဲ။ ဒါပေမဲ့ လောကီ စိတ်နဲ့ အာရုံပြုလို့ရတဲ့ တရားမျိုးတော့မဟုတ်ပါဘူး လောကုတ္တရာစိတ်နဲ့မှသာ အာရုံပြုလို့ရတဲ့ တရားမျိုး ဖြစ်ပါတယ်။
အခုလောကီစိတ်နဲ့အာရုံပြုလို့ရတဲ့ တရားတွေကိုသာပြောချင်တာပါ။ အာရုံငါးပါး ကာမဂုဏ် တရားတွေဟာ ဖေါက်ပြန်တတ်တဲ့ရုပ်တရားတွေ ဖြစ်တယ်။ အဲဒီအာရုံတွေကို သိနေရတဲ့စိတ် ခံစားတဲ့ ဝေဒနာ၊ မှတ်သားတဲ့ သညာ၊ ပြုပြင် လှုံ့ဆော်တတ်တဲ့ သင်္ခါရ ဆိုတဲ့ အာရမ္မဏိကတရား တွေက နာမ် ဖြစ်တယ်။ အဲဒီနာမ်တရားမှာ ကုသိုလ်အုပ်စု အကုသိုလ်အုပ်စု အဗျာကတအုပ်စု ရယ်လို့ရှိတယ်။ ပုထုဇဉ်တို့ရဲ့စိတ်သန္တာန်ဇော အဆင့်မှာတော့ ကုသိုလ်နဲ့ အကုသိုလ်ရယ်လို့ နှစ်ခုဘဲဖြစ်ခွင့်ရှိတယ်။
ဒီတော့အာရုံတွေကို ကျွန်ုပ်တို့ပြောင်းလည်းပစ်လို့ မရပါဘူး။ အာရမ္မဏိကဖြစ်တဲနာမ်တရားမှာသာ ကုသိုလ်အုပ်စုနဲ့ နေနိုင် အောင် ကြိုးစားရမှာပါ ဒီလိုနေနိုင်ဖို့ကတော့ နှလုံးသွင်းမှန်ဖို့လိုပါ တယ်။
အာရုံတွေဟာတကယ်တော့ သူ့သဘောသူ ဆောင်ပြီး ဖေါက်ပြန်တတ်တဲ့ တရားတွေဖြစ်တယ်။ ဒါကို အမှန်အတိုင်းမသိကြလေတော့ ပူးတွဲပြီး ပါလာတတ်တယ် ကြိုက်တယ် ကောင်းတယ် ဆိုတဲ့ လောဘ မကြိုက် မ ကောင်းဆိုတဲ့ ဒေါသ တွေဖြစ်ကြရပါတယ်။ 
အာရုံဆိုတဲ့ရုပ်တရားတွေဟာ အမြဲရှိနေတဲံ့တရား တွေမဟုတ်ပါဘူး။ အဟောင်းချုပ် အသစ်အ စားထိုးနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုသာ ဖြစ်ပါတယ်။ သူ့နိယာမနဲ့သူ ဖြစ်ပျက် သဘာဝအနေနဲ့ တည် ရှိနေတဲ့ အနတ္တတရားတွေသာ ဖြစ်ပါတယ်။ ဒါကိုဝိပဿနာဥာဏ်နဲ့မှ မြင်နိုင် ပါတယ်။ အနတ္တတရားဖြစ်တဲ့ အတွက်သူ့ကို ကိုယ်က သိမ်းပိုက်ထားချင်ပေမဲ့ တနည်းနည်းနဲ့ သူက ကိုယ့်ကို စွန့်ရင် စွန့်။ မစွန့်ရင် ကိုယ်က သူ့ကိုစွန်ရတယ်။ ဒါကြောင့်မြတ်စွာဘုရားက ဒုက္ခ လို့ဟောသွားတာ။
မြတ်စွာဘုရားဟောထားလို့ ဒုက္ခတရားအဖြစ် လက်ခံထားပေမဲ့ သုခ အဖြစ်မြင် နေကြတဲ့ သူတွေများပါတယ်။ ဒါဟာ ဝိပလ္လာသတရား တွေကြောင့်ပါ။ အမှန်ကို အမှန်အတိုင်းမသိဘဲ ဖေါက်ပြန်မှားယွင်းနေတဲ့ ဝိပလ္လာသတရားတွေဟာ အာရမ္မဏိက ဆိုတဲ့ နာမ်တရားမှာဖြစ် ပေါ်ကြတယ်။ ဝိပလ္လာသရဲ့ဖုံးလွှမ်းမှုကြောင့် အာရုံရဲ့သဘာဝကို အမှန်အတိုင်း မသိတဲ့အခါ လောဘ ဒေါသ ဖြစ်တိုင်း အာရုံကို အပြစ်ပုံချကြတယ်။
မိဘတွေဟာ သားသမီး တွေကြောင့် စိုးရိမ်သောကဖြစ် ရတိုင်း နင်တို့ကြောင့်ဆိုပြီး သားသမီးတွေ အပေါ် အပြစ် ပုံချတတ်ကြပါတယ်။ ပစ္စည်းဥစ္စာတွေ ပျက်စီး ပျောက်ရှတိုင်း သောကတွေဖြစ် ကြရတယ်။ အချုပ်အားဖြင့်တော့ လောကဓံနဲ့ ကြုံတိုင်းလောဘ ဒေါသ တွေဖြစ်ကြရ တယ်။ ဒါဟာအမှန်အတိုင်း မသိတဲ့ မောဟကြောင့်ဘဲဖြစ်တယ်။
မြတ်စွာဘုရားရှင် မှာသိဒ္ဓတ္ထမင်းသားဘဝမှာ ကြင်ယာတော် သားတော် ခမည်းတော် ထီးနန်း စတာတွေရှိပေမဲ့ ဘုရားရှင် ဘဝမှာဒီအရာတွေဟာ ဘုရားရှင်ကို လောဘ ဒေါသဖြစ်အောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ မြတ်စွာ ဘုရားရှင်ဟာ အာရုံတွေကို မသတ်ဘဲ ကိလေသာကိုသာ သတ်လိုက်တာပါ။
သာသနာပ ပုဂ္ဂိုလ်တွေဟာ လောဘ ဒေါသတွေ အဖြစ်များပုံကို သိပေမဲ့ ဒီစိတ်တွေကို ပယ်သတ် ရမဲ့နည်းကိုတော့ မသိကြပါဘူး။  ဒါကြောင့် သူတို့ဥာဏ်မှီသလောက် ဝတ္ထုပစ္စည်း တွေကို စွန့်ပြီး ကျင့်နေကြတာပေါ့။ ဒီသာသနာမှာ ကိလေသာကို အမြစ်ပြတ် ပယ်သတ်နိုင်တဲ့ နည်းတွေကို မြတ်စွာဘုရားရှင် ဟောထားပြီးသားပါ။
ကျွန်ုပ်တို့ဟာ သတိပဋ္ဌာန်နည်းလမ်းအတိုင်း အာရုံကို အာရုံပါဘဲလားလို့ သဘောထားနိုင်အောင် ရှုမှတ်ကြရပါမယ်။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတွေ အားကောင်းလာရင် အာရုံရဲ့ ဖြစ်မှု ပျက်မှု သဘာဝတွေကို ထိုးထွင်းပြီး သိလာပါတယ်။ မမြဲမှုသဘော အစိုးမရမှု သဘော အနှစ်သာရ မရှိမှုသ ဘောတွေကို တွေ့ဖန်များလာရင် အာရုံတွေအပေါ် တက်မက်တဲ့ တဏှာတွေ မကျေနပ်တဲ့ဒေါသ တွေ အာရုံကို အမှန်အတိုင်းမသိတဲ့ မောဟတွေ တဖြည်းဖြည်းနည်းပါး ကုန်ပျောက်လာပါ တယ်။
**ကိုယ်တွင်းရုပ်ကို အသုဘရှုတဲ့သူဟာ တင့်တယ်တယ်လို့ထင် နေတဲ့ ဝိပလ္လာသကို ပယ်ပါတယ်။ အလုပ်အကြွေးပြု၍ စားအပ်သော အာဟာရကို ပိုင်းခြားသိပါတယ်။ ကာမောဃကို ကျော်လွန် တယ်။ ကမရာဂနဲ့ မယှဉ်တော့ဘူး။ ကာမာသဝယိုစီးမှုအာသဝကင်းတယ်။ အဘိဇ္ဈာကာယဂန္ထကို ဖျက်ဆီးတယ်။ ကာမုပါဒါန် မစွဲမှီ တော့ပါ။
*ခံစားနေရတဲ့ ဝေဒနာကို ဒုက္ခဟုရှုတဲ့သူဟာ ချမ်းသာတယ်လို့ ထင်နေတဲ့ ဝိပလ္လာသကို ပယ်တယ်။ ဖဿဟူသော အာဟာရကို ပိုင်းခြားသိတယ်။ ဘဝေါဃကို ကျော်လွန်တယ်။ ဘဝရာဂနဲ့ မယှဉ်တော့ဘူး။ ဘဝါသဝ ယိုစီးမှုအာသ ဝေါကင်းတယ်။ ဗျာပါရ ကာယဂန္ထကို ဖျက်ဆီးတယ်။ သီလဗ္ဗတုပါဒါန်ကို မစွဲမှီတော့ပါ။
*ဝိညာဏ်ကို အနိစ္စဟုရှုတဲ့သူဟာ မြဲတယ်လို ထင်မှားနေတဲ့ ဝိပလ္လသကို ပယ်တယ်။ စိတ်ဟူသော ဝိညာဏာအာဟာရကိ ပိုင်းခြားသိတယ်။ အဝိဇ္ဇောဃကို ကျော်လွန်တယ်။ အဝိဇ္ဇာယောဂနဲ့ မယှဉ်တော့ဘူး။ အဝိဇ္ဇာသဝယိုစီးမှု အာသဝေါကင်းတယ်။ သီလဗ္ဗတပရာမာသ ကာယ ဂန္ထကို ဖျက်ဆီးတယ်။ ဒိဋ္ဌုပါဒါန်မစွဲမှီတော့ပါ။
*သညာနဲ့သင်္ခါရကို အနတ္တရှုသောသူဟာ အတ္တဟု ထင်မှတ်နေသော ဝိပလ္လာသကို ပယ်တယ်။ စေတနာ ဟူသော မနောသဉ္စေတနာ အာဟာရကို ပိုင်းခြားပြီးသိတယ်။ ဒိဋ္ဌောဃကို ကျော်လွန်တယ်။ ဒိဋ္ဌိယောဂနဲ့ မယှဉ်တော့။ ဒိဋ္ဌာသဝ ယိုစီးမှု အာသဝေါကင်းတယ်။ ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထကို ဖျက်ဆီးတယ်။ အတ္တဝါဒုပါဒါန် မစွဲမှီတော့ပါ။
ဒါဟာခန္ဓာငါးပါးကို အရှုခံအာရုံအဖြစ် စွဲပြီးရှုတာဖြစ်တယ် တကယ်တော့ဘယ်ခန္ဓာဖြစ်ဖြစ် အရှုခံ ပရမတ်ဟာအာရုံတရားတွေပါ။ အာရုံတရားတွေရဲ့ သဘာဝဟာဖြစ်ပြီးပျက်ကြတယ်။ ဘယ်ခန္ဓာ ဘယ် ရုပ် ဘယ်နာမ်ကိုမဆို အာရုံအဖြစ် သဘောထားနိုင်ရင် ဝိပဿနာရှုတဲ့အခါ အာရုံရွေးစရာ မလိုတော့ပါဘူး။ အာရုံမကြိုက်စရာလာလည်း မဖျောက်ဖျက် ကြိုက်စရာလာလည်း စွဲထားစရာ မလိုတော့ပါဘူး။
မိမိဆိုတဲ့ ခန္ဓာကိုယ်ကြီးကအစ တစ်လောကလုံးမှာရှိတဲ့ ရုပ် နာမ်တွေဟာ ပုဂ္ဂိုလ်သတ္တဝါ လည်းမဟုတ် အခိုင်အမာ အနှစ်သာရ အစွမ်းအစရှိတဲ့ အတ္တလည်းမဟုတ်ဘူးလို့ နက်နက် ရှိုင်းရှိုင်း သိလိုက်ရတဲ့အချိန်မှာ လောကကြီးကို မြင်နေရတာ အရမ်းလွတ်လပ်ပေါ့ပါးပါ တယ်။ လောကဓံ ဆိုတာလည်း ဘာမှအနှစ်မရှိတဲ့ သဘာဝတစ်ခုအဖြစ်သာ မြင်နေပါတယ်။ ဒိအချိန်မှာ အာရုံတွေရဲ့ ချယ်လှယ်မှုကိုလည်း မခံရတော့ဘူး။
ရွှေဥမင် ဆရာတော်ကြီး ဆုံးမသလို "သူမှားရင်လည်း သည်းခံလာနိုင်သလို သူမှန်ရင် လည်း ဝမ်းမြောက်နိုင်တယ်။ ပစ္စည်းဥစ္စာ ဆုံးရှုံးပြီး အနာရောဂါကျ ရောက်လာရင်လည်း ပြင်းပြင်း ထန်ထန်ကြီး မတုန်လှုပ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မိမိကိုယ်တိုင်က မိမိကိုယ်ကို အာရုံတရားအဖြစ် သဘောပေါက်လိုက်မိလို့ပါဘဲ။
ဒီသာသနာမှာ အနတ္တအသိဟာဘ ယ်လိုမှ တန်ဘိုး မဖြတ်နိုင်တဲ့ အသိပါလားလို့ ခံစားမိလာပြီး မြတ်စွာဘုရားရှင်ကိုလည်း အလွန့်အလွန် ကြည်ငြိုမိလာပါလိမ့်မယ်။ ဥပေက္ခာတရားရဲ့ လွတ်လပ်မှု ကိုလည်း နားလည်ခံစားမိလာပါလိမ့်မယ်။ ဥပေက္ခာစိတ် အနတ္တအသိလေးနဲ့ အ မြဲနေချင်ပေမဲ့ ဒီစိတ် ဒီအသိဟာလည်း အမြဲတန်းတော့ ဖြစ်မနေပါဘူး။ သတိရှိနေချိန်မှသာ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ဟာ အာရုံမှန်သမျှရဲ့ သဘာဝကို အမှန်အတိုင်း သိနေတဲ့ သတိလေးနဲ့ အမြဲနေနိုင်အောင် ကြိုးစားကြဖို့ အမှန်တကယ် လိုအပ်လှပါတယ်။
အရှင် ပညာသီရိ - ရမ္မာကျွန်း
(အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်းမှ ကူးယူပူဇော်၍ ဓမ္မဒါန ပြုရပါသည်)
Thursday, March 26, 2015
ရွေးချယ်ခွင့်နဲ့ ရပိုင်ခွင့်
ရွေးချယ်ခွင့်နဲ့ ရပိုင်ခွင့်
ဗုဒ္ဓဘာသာဟာ တကယ်တော့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဘာသာပါ။ ပြီးတော့ အဲဒီ ရွေးချယ်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရယူခံစားနိုင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အမိန့်ပေးပြီး ပြဋ္ဌာန်း သတ်မှတ် ထားတာ မရှိပါဘူး။ ကြောင်းကျိုး ဆက်စပ်ပြထားတာပဲ ရှိပါတယ်။ ဘုရားရှင် ကိုယ်တိုင်လည်း ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လို ဖန်တီးပေးမယ်ဆိုတဲ့ ကယ်တင်ရှင်မျိုး မဟုတ်ဘဲ ဒီလိုလမ်းမျိုးရှိတယ်၊ ဒါကိုရွေးချယ်ရင် ဒီလိုဆိုးကျိုးရှိပြီး ဒါကို ရွေးချယ်ရင်တော့ ဒီလိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတဲ့ မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးတော်မူတဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။
လမ်းညွန်မှုကို ခံယူပြီး ရွေးချယ်မှု အပိုင်းကတော့ ကိုယ်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပြီးရင်လည်း ဒီသက်ရောက်မှုကတော့ ကိုယ့်ထံကိုပဲ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဒါကလည်း ဘယ်သူကမှ ပြဋ္ဌာန်းသတ်မှတ်ပေးလို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ရဲ့ ရွေးချယ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်မှုဟာ သိပ်ကို အရေးကြီးတယ်လို့ ဆိုတာ ဖြစ်ပါတယ်။
ဒီလိုရွေးချယ်မှုဟာ အရေးကြီးတဲ့အတွက် ရွေးချယ်မှု မှန်ကန်ဖို့လည်း လိုလာပြန်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့အတွက် အမှန်ကို မြင်တတ်ဖို့လည်း လိုလာပြန်ပါတယ်။ အဲဒါကို ဗုဒ္ဓဘာသာမှာတော့ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ အမြင်ရှိဖို့အတွက် ပညာရှိဖို့လည်း လိုပါတယ်။ အဲဒီပညာက သစ္စာကို သိနိုင်တဲ့ ပညာပဲ ဖြစ်ပါတယ်။
ဒါကို မြတ်ဗုဒ္ဓက ဆင်းရဲကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲ ချုပ်ရာ အမှန်တရားကို သိနိုင်တဲ့ ပညာနဲ့ ဆင်းရဲချုပ်ရာသို့ သွားရာလမ်းမှန်ကို သိနိုင်တဲ့ ပညာလို့ ညွန်ပြတော်မူပါတယ်။ ဒီလို ပညာမျိုးရှိမှပဲ စစ်မှန်တဲ့ အမြင်မှန်မှုလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီအမြင်ဟာ ရွေးချယ်မှုအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးပဲ ဖြစ်ပါတယ်။
နောက် ရွေးချယ်မှုအပိုင်းမှာ အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ့်ရဲ့အလုပ်တွေမှာ တာဝန်ယူနိုင်မှုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကောင်းအဆိုး အလုပ်တွေဟာ ကိုယ့်ရဲ့ ပုံဖော်မှုပဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ စာလိုပြောတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပါပဲ။ ကံသာလျှင် မိမိရဲ့ ကိုယ်ပိုင်ဖြစ်တယ်လို့ အမှန်အတိုင်း မြင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီစကားရပ်က ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ရွေးချယ်တဲ့ ရွေးချယ်မှုတွေဟာ ကိုယ်အပေါ်မှာပဲ သက်ရောက်စေပြီး အကောင်းအဆိုး ခံစားမှုကို ဖြစ်စေကြောင်း ဖော်ညွန်းချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကိုရွေးချယ်ပြီးလုပ်တဲ့ အလုပ်ဟာ မှားရင်လည်း အဲဒီအမှားရဲ့ သက်ရောက်မှု၊ မှန်ရင်လည်း အဲဒီအမှန်ရဲ့ သက်ရောက်မှုကို ကိုယ်ကိုယ်တိုင်ပဲ ရပိုင်ခံစားခွင့် ရှိတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။
ဆိုတော့ကား ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရင် သတ္တဝါတိုင်းဟာ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိပြီး အဲဒီ ရွေးချယ်မှုရဲ့ သက်ရောက်မှုကိုလည်း ကိုယ်ကိုယ်တိုင် ရရှိခံစားနိုင်တာ ဖြစ်တဲ့အတွက် အကောင်းရွေးမလား၊ အဆိုးရွေးမလား ဆိုတာဟာ ကိုယ့်အပေါ်မှာပဲ မူတည်နေတော့တာ ဖြစ်ပါတယ်။ အဲ ရွေးချယ်ပြီးရင်လည်း တာဝန်ယူမှုကို ကိုယ်ကပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
 ဒါကြောင့် ကိုယ်ဘာရွေးပြီး ဘာယူမယ်ဆိုတာကို သိဖို့အတွက် ပညာကို အသုံးချရင်း အမှန်ရွေးပြီး အမှန်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အရွေးမှားရင် နိဗ္ဗာန်ကနေ အဝေးသွားတတ်ပြီး အရွေးမှန်မှ နိဗ္ဗာန်ကို မနှေးအမြန် နီးစေနိုင်မှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ရယူမှုကို အမှန်အသိ ဉာဏ်နဲ့ညှိကြဖို့ပဲ ဖြစ်ပါတယ်။
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Wednesday, March 25, 2015
ပါးစပ်ထဲက ဓါးမတစ်ချောင်း
ပါးစပ်ထဲက ဓါးမတစ်ချောင်း
 အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင် ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာ တလျောက် လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။
ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘ၀(၅၀၀)မကအောင် ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ ဓါးမဆိုတဲ့ စကားလေးက သေးများသေးသွားမလားတောင် မသိပါဘူးနော်။ ဓါးမနဲ့တူတဲ့ ပါးစပ်တစ်ခုကြောင့် ခန္ဓာနဲ့ အဆမတန်ပေးဆပ်သွားရတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်ပါတယ်။
အရင်ဆုံး ပြောပြချင်တာကတော့ ဝေသာလီရဲ့ အလှဧကရီ အမ္ဗပါလီရဲ့ အကြောင်းလေးပါပဲ။ ဘ၀တစ်ခုမှာ ပါလီဟာ ဘိက္ခူနီမ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းမြေတွေမှာ သန့်ရှင်း ရေးအမြဲလုပ်ပေးခဲ့တဲ့ သူပေါ့။ တစ်နေ့မှာတော့ သူသန့်ရှင်းရေးလုပ်နေတဲ့ နေရာကို အရိယာဘိက္ခူနီမတစ်ယောက် တံတွေးထွေးလိုက်တဲ့ တံတွေးကျန်ခဲ့တာကို ကြည့်ပြီး သန့်ရှင်းရင်း ပါးစပ်ကပြောလိုက်ပါတယ်.. ဘယ် ပြည့်တန်ဆာမထွေးသွားတာလဲ ဆိုတဲ့ စကားလေးတစ်ခွန်းပါ။ ဒီစကားလေးပြောလိုက်တာက (၉)လုံးထဲပါ ပဲ။
ဒါပေမယ့် ပြန်ပြီးပေးဆပ်လိုက်ရတာကတော့ ဘ၀ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ ဘုရားရင် ပြင်မှာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်လေရာဘ၀မှာ ရုပ်အဆင်းရူပါဟာ သူများနဲ့ မတူ အောင် လှပချောမောပေမယ့်.. အရိယာကို စော်ကားမိတဲ့ စကားလေး(၉)လုံးကြောင့် ဖြစ်လေရာ ဘ၀ အများစုဟာ ပြည့်တန်ဆာမဘ၀နဲ့ပဲ ဖြစ်ရပြီးတော့ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွား ရတာပါ။ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ရမဲ့ ဘ၀ထိပါပဲနော်။ ဒါဟာ ဘာကြောင့်လဲလို့ အဖြေရှာကြည့် တော့ နှုတ်မစောင့်ခဲ့တဲ့ စကားလေး တစ်ခုကြောင့်ပါပဲနော်။ 
နောက်တစ်ဦးကတော့ ကဿပဘုရားရှင် လက်ထက်တော်တုန်းက လက်သမားတစ်ဦးရဲ့ အကြောင်းအရာလေးပါ။ သူ့မှာ ဘုရား၊ တရားကို ကြည်ညိုယုံကြည်သော သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့ တော့ သူငယ်ချင်းက ကဿဖဘုရားရှင်ရဲ့ တရားကို သွားရောက်နာကြားဖို့ သူနဲ့ အတူလိုက်ခဲ့ရန် ခေါ်ပါ တယ်။ တကယ်ဆိုရင် သူအနေနဲ့ မလိုက်လိုက မလိုက်နိုင်ကြောင်း ငြင်းဆန်လိုက်လျှင် ကိစ္စမရှိပါဘူး။ အပြစ်လည်း မဖြစ်ပါဘူး။
ဒါပေမယ့် သူငယ်ချင်းပြောတဲ့ စကားကို ကတ်တီးကတ်ဖဲ့ ပြောလိုလို့ စကားလေး ပြန်ပြောမိတယ်.. ဟေ့ သူငယ်ချင်း၊ မင်းရဲ့ဘုရားဟောမယ့် တရားတွေ လိုက်နာလို့ ငါ့အတွက် ဘာတွေ များ အကျိုးရှိ လာမှာတဲ့လဲ.. မင်းရဲ့ဘုရားက ငါ့လယ်ကို လာထွန်ပေးမှာတဲ့လား ဆိုတဲ့ စကားလေးတစ်ခွန်း ပါနော်။ သူ့နှုတ်ထွက်စကားက ဘယ်လောက်ထိ ကံကြီးထိုက်သွားမှန်း သူမသိလိုက်ပါဘူး။
အဲ့ဒီ့ ဘုရား၊ ရဟန္တာကို ပြစ်မှားမိတဲ့ ကံကြောင့်ပဲ သေလွန်တဲ့အခါမှာ လယ်သမားပြိတ္တာဘ၀နဲ့ ဘုရားရှင်နှစ်ဆူပွင့်တော် မူပြီးတိုင်အောင် မကျွတ်မလွတ်နိုင်ခဲ့ရပါဘူး။ပြောလိုက်တဲ့ စကားလေး (၃)စက္ကန့်လောက်ဟာ ကမ္ဘာပေါင်း မရေတွက်နိုင်လောက်အောင် ပေးဆပ်သွားရတာပါနော်။ သတိထား သံဝေဂယူစရာလေးပါပဲ။ 
နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာကတော့ ပစ္စေကဗုဒ္ဓပွင့်တော်မူတုန်းက အချိန်အခါပါ။ ပစ္စေကာဗုဒ္ဓ ဆွမ်းခံကြွလာတဲ့ ရွာတစ်ရွာမှာ ဥစ္စာပစ္စည်းချမ်းသာ ကြွယ်ဝတဲ့ သဌေးသား တစ်ဦး ရှိပါတယ်။ တစ်နေ့မှာ သဌေးသားဟာ ၀တ်ကောင်းစားလှတွေဝတ်ပြီး ရွာထဲ ထွက်လာခဲ့ပါတယ်။ ရွာသူရွာသားများက သူ့လိုလှပပြီး ၀တ်ကောင်းစားလှဝတ်ထားတဲ့ သူကိုမကြည့်ပဲ အ၀တ်အစား ဟောင်းနွမ်းဆွေးမြေ့ပြီး အရှက်လုံရုံ လွှမ်းခြုံထားတဲ့ ပစ္စေကဗုဒ္ဓရဲ့ အေးဆေးတည်ကြည်နေပုံကို ကြည့်ပြီး ကြည်ညိုနေကြပါတယ်။
ဒီအချိန်မှာ သူပြောလိုက်တဲ့ စကားတစ်ခွန်းကတော့.. တောက်.. တော်တော်ခက်တဲ့လူတွေပဲ.. ဘယ့်နှယ့်.. ငါ့လို ၀တ်ကောင်းစားလှ ၀တ်ဆင်ထားတဲ့ သူကိုကျတော့ မကြည့်ပဲ ကူဋ္ဌနူနာ သူတောင်းစားတစ်ယောက်လို စုတ်စုတ် ပြတ်ပြတ် ၀တ်ဆင်ထားတဲ့ သူကိုမှ အာသာငမ်းငမ်း ကြည့်နေလိုက်တာဗျာ ဆိုတဲ့ စကားလေး တစ်ခွန်း ပါပဲ။ အရိယာကို စော်ကားမိတဲ့ အဲ့စကား တစ်ခွန်းကပဲ သေလွန်တဲ့ အခါမှာ အ၀ီစိထိ ကျသွားစေပြီး အ၀ီစိမှ ကျွတ်လွတ်တဲ့အခါမှာ ဘ၀ ဆက်တိုင်း ကုဋ္ဌနူနာသည် သူတောင်းစားဘ၀ချည်းဖြစ်ခဲ့ ဖြတ်သန်းခဲ့ရပြီး ဂေါတမဘုရားရှင် လက်ထက်ရောက်မှ ကျွတ်လွတ်ခဲ့ရပါတယ်။ ၀စီကံများ ကြောက်မက် ဖွယ်ကောင်းလှပါဘိ။
အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးမှာ အမ္ဗပါလီရဲ့ အကြောင်းကို ဖတ်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကုသိုလ်လုပ်နေရဲ့သားနဲ့ အကုသိုလ်တွေ ၀င်လာရတာဟာ ဒီမစောင့်စီးမိတဲ့ နှုတ်ကြောင့် ပါနော်။ လယ်သမားရဲ့ဘ၀ဇတ်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မလိုအပ်မပြောသင့်တဲ့ စကားကို ပြောမိလို့ပါပဲ။
နောက်ဆုံး သဌေးသားကတော့ သူများအပြစ်ကို မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ပြီး သူတစ်ပါးကို အထင်သေးတတ်တဲ့ အတွက်ပါ။ ဒီအကြောင်းအရာတွေ အဓိကဖြစ်ရတဲ့ အကြောင်းရင်း ကတော့ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေ အများဆုံး ဖြစ်ရတာပါ။ ကိုယ်ပြောလိုက်တဲ့ သူဟာ အရိယာဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။ အရိယာဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်မထားပါဘူး နော်။ အရေးကြီးဆုံးကတော့ သူ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်အနေနဲ့ ၀စီကံနဲ့ မပြစ်မှား မပြော ဆိုမိဖို့ အရေးကြီးပါတယ်။ 
ဒါ့ကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆိုရင် မပြောခင်စဉ်းစားပါ.. ပြောနေတုန်းမှာလည်း စဉ်းစားပါ.. ပြောပြီးရင်လည်း စဉ်းစားပါ ဆိုတဲ့ အချက်သုံးချက်နဲ့ မှန်မမှန် အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့ စကား(၆)ခွန်းထဲက (၂)ခွန်းကိုပဲ ပြောဆိုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အဲ့ဒါတွေကတော့ (၁) ဟုတ်တယ်.. မှန်တယ် အကျိုးရှိတယ်.. သူတစ်ပါးနာလိုတယ်၊
(၂) ဟုတ်တယ်.. မှန်တယ်.. အကျိုးရှိတယ်.. သူတစ်ပါးမနာလိုဘူး
(ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကြည့်ပြော) ဆိုတဲ့ စကားနှစ်ခွန်းပါပဲ။
ဘုရားရှင် ကိုယ်တော်မြတ်ကြီး အဓိကဆုံးမထားတာကတော့ ဟုတ်တိုင်းလည်း မပြောနဲ့ မှန်တိုင်းလည်း မပြောနဲ့ မိမိသူတစ်ပါး အကျိုးရှိမှ ပြောဆိုတဲ့ စကားပါပဲနော်။ ဓမ္မမိတ်ဆွေ အပေါင်း လည်း.. ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ လောဘသံတွေ ဒေါသသံတွေ မောဟသံတွေ မပါအောင် ပြောနိုင်ကြ ပါစေလို့ အဓိက ပြောကြားလိုပါတယ်။
ဓမ္မမိတ်ဆွေအပေါင်း.. ပါးစပ်ထဲမှာရှိတဲ့ ဓါးမတစ် ချောင်းကို မိမိသူတစ်ပါး အကျိုးမဲ့စေမယ့် စကားတွေနဲ့ ကိုယ့်ကိုကိုယ် အခုတ်မခံပဲနဲ့.. ကိုယ့်ကို နှောက် ယှက် လာမယ့် လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေမယ့် စကားတွေကြိုပန်ပြီး ခုတ်ထွန်ရှင်းလင်းနိုင်မဲ့ ဓါးမများ အဖြစ် ပြောင်းလဲ နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာကြပါစေ..။
ဓမ္မမေတ္တာ
“ပြဿနာအစ ပါးစပ်က”
ပါးစပ်မှာဓါး၊ သတိထား
စကားဆင်ခြင်ပြော။
အကျိုး ရှိ မရှိ၊ ဆင်ခြင်ကြည့်
အကျိုးရှိမှပြော။
ပြောသင့် မသင့်၊ အခါချင့်
ပြောသင့်ခါမှပြော။
(ထိုင်ဝမ် ဆရာတော်ဦနန္ဒ၀ံသ)