Monday, July 26, 2010

လမြတ်ဝါဆို…



ဘာလိုလိုနဲ့ ၀ါဆိုလပြည့်နေ့တောင် ရောက်ခါနီးလာပါပြီ။ မြန်မာပြာက္ခဒိန် သတ်မှတ်ချက်အရ ဒီနှစ်ဝါဆိုလပြည့်နေ့က ခရစ်နှစ်နဲ့ဆို ၂၆-၇-၂၀၁၀ရက်နေ့ ဖြစ်ပါတယ်။ မြန်မာ့သက္ကရာဇ်အရ ဒီနှစ်ဟာ ၀ါထပ်တဲ့နှစ် ဖြစ်တဲ့အတွက် ပထမ၀ါဆို၊ ဒုတိယ၀ါဆို ဆိုပြီး ၀ါဆိုလနှစ်လ ဖြစ်လာပါတယ်။ ဒီလို ၀ါဆိုနှစ်လ ဖြစ်ပေမယ့် ဓမ္မစကြာအခါတော်နေ့နဲ့ ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ပြုရမယ့် အချိန်တွေကိုတော့ ဒုတိယ၀ါဆို လမှာ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ဒီနှစ်ဓမ္မစကြာ အခါတော်နေ့ဟာ တိတိကျကျ ပြောရရင် ဒုတိယ၀ါဆိုလပြည့်နေ့ပဲ ဖြစ်ပြီး ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရက်ဟာလည်း ဒုတိယ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့မှာ စတင်ပြီး ၀ါဆိုဝါကပ် ပြုကြရမှာ ဖြစ်ပါတယ်။

ဝါဆိုလလို့ ပြောလိုက်တာနဲ့ မြန်မာဗုဒ္ဓဘာသာ အများ ခေါင်းထဲမှာ ဓမ္မစကြာတရားနဲ့ ရဟန်းသံဃာတော်များရဲ့ ၀ါဆိုဝါကပ်ပြုကြရမယ့် အကြောင်းများ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲများ၊ ၀ါတွင်းဆွမ်းလောင်းပွဲများ စသဖြင့် ဟိုဟိုဒီဒီ ပေါ်လာတတ်ပါတယ်။ တစ်ချို့ကျတော့ ၀ါတွင်းမှာ အိမ်ထောင်မပြုကောင်းဘူး ဆိုတဲ့ အယူအဆတွေကြောင့် အိမ်ထောင်ပြုရေးနဲ့ ပတ်သက်ပြီး ၀ါမဆိုခင်လုပ်မလား ၀ါကျွတ်ပြီးမှ လုပ်မလားစတဲ့ အတွေးကြံစည်မှုတွေအထိ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း ဒီနှစ်ဝါတွင်းမှာ တရားစခန်းတွေဝင်ရင်း ဥပုသ်သီလကို မလွတ်အောင် စောင့်မယ်ဆိုတဲ့ အတွေးစိတ်ကူးတွေ ရှိနေကြမှာ ဖြစ်ပါတယ်။ ၀ါတွင်းဆိုလို တစ်ချို့ ဘယ်အချိန် ဘယ်ကာလကို ပြောတာလဲဆိုတာ မသိတဲ့သူတွေ ရှိတတ်ပါတယ်။ တကယ်တော့ ၀ါတွင်းဆိုတာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ဖို့ သတ်မှတ်ထားတဲ့ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့အထိ (၃)လကို ၀ါတွင်းကာလလို့ ဆိုတာဖြစ်ပါတယ်။ ဒီကာလမှာ ရဟန်းသံဃာတော်များဟာ အကြောင်းကိစ္စ အရေးပေါ် အထွေအထူးမရှိဘဲ ညအိပ်ညနေ တစ်ခြားတစ်နေရာရာကို မကြွရဘဲ အရုဏ်တက်အချိန်မှာ မိမိတို့ဝါဆိုဝါကပ်ရာ ကျောင်းအတွင်းမှာ ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒါကိုပဲ ၀ါဆိုဝါကပ်တယ်လို့ ပြောတာဖြစ်ပါတယ်။ ထာပါတော့ ဒီမှာ အဓိကပြောချင်တာက ၀ါဆိုလအကြောင်းပဲ ဖြစ်ပါတယ်။

ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို”လို့ အထူးပြု ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာသက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့ သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့် ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊ အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တောထွက်သွားတဲ့နေရယ်၊ အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့) ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။ ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့် ၀ါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့ အတူတူပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို လမြတ်ဝါဆိုလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာတော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို ဓမ္မစက္က ပ၀တ္တနသုတ်လို့ အမည်ပေးပါတယ်။ တရားတော်ကို အဆက်အစပ်မပြတ် ရှေ့နောက်ဆက်စပ်ပြီး လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း ဟောကြားတော်မူတဲ့ အတွက်ကြောင့် ဓမ္မစက္က ပ၀တ္တနလို့ ခေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်ကူကူပဲ ဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့ ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့လို့ အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို ၀ါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို ရောက်ရှိပြီး (၃)လမြောက်မှာ တရားအားထုတ်စဉ် အလုပ်အကျွေးပြုခဲ့ကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို နာကြားဖို့ စောင့်စားနေကြတဲ့ နတ်ဗြဟ္မာအပေါင်းကို စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်ပါတယ်။ ဒီတရားဦးဒေသနာမှာ မြတ်စွာဘုရားရှင်က ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါးတတ်တဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်နဲ့ မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်အတွက်
မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ
မှန်ကန်တဲ့အတွေး သမ္မာသင်္ကပ္ပ
မှန်ကန်တဲ့စကား သမ္မာဝါစာ
မှန်ကန်တဲ့အလုပ် သမ္မာကမ္မန္တ
မှန်ကန်တဲ့အသက်မွေးမှု သမ္မာအာဇီဝ
မှန်ကန်တဲ့ကြိုးစားအားထုတ်မှု သမ္မာဝါယမ
မှန်ကန်တဲ့သတိရှိမှု သမ္မာသတိ
မှန်ကန်တဲ့သမာဓိရှိမှု သမ္မာသမာဓိ
ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ ဒီလို အလယ်အလတ်လမ်းစဉ်ကို သွားနိုင်ရေးအတွက် အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့ တွယ်တာမှုတဏှာလို့ ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။ ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့လိုတယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။ တရားဦးဒေသနာတော်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး ဖြစ်စေတတ်တဲ့ အကျင့်တွေကို ရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ်။ သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။ လမြတ်ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံးဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ် ပြည့်ဝစေပါတယ်။

ဘာပဲဖြစ်ဖြစ် ၀ါဆိုလကတော့ ဗုဒ္ဓဘာသာတွေအတွက် လမြတ်တစ်ခုဆိုတာ သေချာပါတယ်။ ပြီးတော့ ၀ါဆိုလက အစပြုပြီး သတ်မှတ်ကြတဲ့ ၀ါတွင်းကာလဟာလည်း အမြတ်တရားတွေ ရယူဖို့အတွက် အကောင်းဆုံး ကာလသတ်မှတ်ချက် ဖြစ်ပါတယ်။ ပုထုဇင်သဘာဝ တစ်ခါတစ်လေ သတ်မှတ်ပြဋ္ဌာန်းချက်တွေ မရှိရင် ဘာပဲဖြစ်ဖြစ် အလေးမထားဘဲ ပေါ့ပေါ့တန်တန် လုပ်မိတတ်တာတွေ ရှိပါတယ်။ အထူးသဖြင့် ကုသိုလ်ရေး အပိုင်းတွေမှာပါ။ သတ်မှတ်ချက်လေးတွေ ရှိနေရင်တော့ ဒီကာလ ဒီအချိန်လေးလောက်တော့ ကြိုးစားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ အပြစ်ကင်းအောင် အဓိဋ္ဌာန်လေးတွေ ၀င်ပြီးနေမယ်ဆိုတဲ့ စိတ်အကြံ လေးတွေ ဖြစ်ပေါ်တတ်တဲ့အတွက် ၀ါတွင်းကာလမှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ပြုပြီး ပရိယတ် ပဋိပတ်အလုပ်တွေကို လုပ်နေကြသလို သတ်မှတ်ချက်ရှိမှ အလုပ်လုပ်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ၀ါတွင်းကာလမှာ ဥပုသ်သီလလေးတွေ စောင်သုံးပြီး ငါးပါးသီလကို အထူးလုံအောင် ကြိုးစားကာ တတ်နိုင်သမျှ သမထဘာဝနာ ၀ိပဿနာ ဘာဝနာလေးတွေ လုပ်ကြမယ်ဆိုရင်တော့ အမြတ်ဆုံးကာလ အမြတ်ဆုံး အချိန် ဖြစ်ကြမှာ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူး၊ အိမ်ထောင်မပြုကောင်းဘူးလို့ သတ်မှတ်ချက် မရှိပေမယ့် ကာမဂုဏ်ကိစ္စတွေကို ရှောင်နိုင်အောင် ကြိုးစားတာက ကောင်းပါတယ်။ ၀ါတွင်းကာလ တစ်ခြားနေ့တွေမှာ ကာမဂုဏ်ကိစ္စကို မရှောင်နိုင်ပေမယ့် တစ်လင်တစ်မယားစနစ်နဲ့ ငါးပါးသီလကို လုံခြုံအောင် ထိန်းရင်း ဥပုသ်နေ့တစ်နေ့လောက်တော့ တစ်လင်တစ်မယားစနစ်ကိုပါ ရှောင်ကြဉ်ပြီး မေထုန်အမှုကို မပြုဘဲ ဥပုသ်သီလလေးတွေ လုံခြုံအောင် စောင့်ထိန်းပြီး နေနိုင်ရင်ပိုကောင်းပါတယ်။ ဒါဟာ ကာလသတ်မှတ်ချက်တွေနဲ့ ကိုယ်ကိုယ့်ကို အမြတ်ရအောင် ကြိုးစားရင်း ကုသိုလ်တိုးအောင် လုပ်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ၀ါတွင်းကာလမှာ နေ့စဉ် ဥပုသ်မစောင့်နိုင်တာတောင်မှ ဥပုသ်နေ့ တစ်နေ့လောက်တော့ ဥပုသ်လေးတွေ ယူနိုင်ကြရင် ကောင်းမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီလိုသာ ကြိုးစားပြီး နေကြမယ်ဆိုရင် ၀ါဆိုလကို အစပြုပြီး သတ်မှတ်ပေါ်ပေါက်ခဲ့တဲ့ ၀ါတွင်းကာလဟာလည်း ကုသိုလ်ချစ်ခင် သူတော်စင်တို့အတွက် အမြတ်ဆုံးလ၊ အမြတ်ဆုံးကာလတွေ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လမြတ်ဝါဆိုရဲ့ ထူးခြားမှုအကြောင်းလေးကို ဖော်ညွှန်းကာ ဓမ္မစကြာ ဒေသနာတော်ရဲ့ အနှစ်ချုပ်ပါ မိတ်ဆက်ပေးပြီး သတ်မှတ်ချက်တွေနဲ့မှ ကုသိုလ်လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇင်တွေ အနေနဲ့ ၀ါတွင်းကာလဟာ ကုသိုလ်လုပ်စရာ အကောင်းဆုံး အမြတ်ဆုံး ကာလတစ်ခု ဖြစ်တယ်ဆိုတာ တင်ပြရင်း တစ်နှစ်မှာ ကုသိုလ်ထက် အကုသိုလ်က ပိုများတတ်ကြတဲ့ ပုထုဇင်တွေအတွက် ဒီဝါတွင်းကာလ သုံးလလောက်တော့ ကုသိုလ်တရားလေးတွေစုရင်း ဥပုသ်သီလလေးများနဲ့ အကျင့်တရားများကို မြင့်မားအောင် ကြိုးစားနိုင်ကြဖို့ လမြတ်ဝါဆိုကို အကြောင်းပြုပြီး ကောင်းမှုတစ်ခု ပြုလိုက်ရပါတယ်။

မှတ်ချက်။ ရဟန်းတော်များ၏ ၀ါဆိုဆိုင်ရာ အကြောင်း သိလိုပါက ဒီမှာ ပြန်ပြီးဖတ်ရှုနိုင်ပါသည်။

Wednesday, July 21, 2010

စွန့်ဖို့လား၊ စားဖို့လား


မြန်မာတို့သည် အလှူရေစက် လက်နှင့်မကွာ ဟူသကဲ့သို့ သူ့ရာသီနှင့်သူ ၀ါဆိုလည်း ၀ါဆိုမို့၊ ကထိန်လည်းကထိန်မို့ လှူကြတန်းကြသည်။ သားရှင်ပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲစ သည်ဖြင့်လည်း အလှူအတန်းပြုကြသည်။ 'ဒါနံ နာမ ပရိစ္စာဂ လက္ခဏံ' ဟုဆိုသည့်အတိုင်း အလှူဒါနဟူသည် စွန့်ခြင်းပင်ဖြစ်သည်။

အလှူဒါနပြုရာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လူနှစ်မျိုးလာသည်ကို တွေ့ရသည်။ တစ်မျိုးက စွန့်ဖို့လာသူများဖြစ်သည်။ တစ်မျိုးက စားဖို့လာသူများ ဖြစ်သည်။အလှူရှင်များက စွန့်ဖို့လာကြသည်။ ဖိတ်ကြားထားသည့် ဧည့်သည်များက စား ဖို့လာကြသည်။ သို့သော် စွန့်သူနှင့်စားသူ နှစ်ဦးနှစ်ဝ ကြည်ကြည်ဖြူဖြူ ရှိသဖြင့် စားသူ၌ မည်သည့်ပြောဆိုဖွယ်ရာမျှမရှိပေ။ စားသူသည် စားစေချင်လို့ လာစားခြင်းဖြစ်သည်။

စွန့်စားဟူသော မြန်မာဝေါဟာရ၌ စွန့်သာစွန့်၍ မစားသူများရှိသည်။ မစွန့်ဘဲနှင့်စားသူများလည်း ရှိသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများလည်း ရှိသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများလည်း ရှိသည်။ စွန့်တာက နည်းနည်း စားတာက များများ ဆိုသူများလည်း ရှိနိုင်သည်။ စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့်စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန်လူကောင်းသူ ကောင်းများ ဖြစ်ကြသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများသည် သာမန် အညတရလူများ ဖြစ်ကြသည်။ သူတို့သည် မစွန့်သော်ငြား မစားသည့်အတွက် မည်သည့် ပြဿနာမျှမရှိ။

မဟာပုရိသ-ယောက်ျားမြတ်၊ ပုရိသာဇည-ယောက်ျားအာဇာနည်ဟူသော ပုဂ္ဂိုလ်များ ရှိကြသည်။ ယောက်ျားမြတ်၊ ယောက်ျားအာဇာနည်တို့၏ အလုပ်သည် စားဖို့မဟုတ်၊ စွန့်ဖို့သာဖြစ်သည်။ ယောက်ျားမြတ်တို့၏ သဘော၌စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။ ယောက်ျားအာဇာနည်တို့၏ နှလုံးသား၌ စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။

ယောက်ျားအာဇာနည်သည် ဒုလ္လဘတစ်ပါး ဖြစ်သည်။ အာဇာနည်ယောက်ျားမြတ်သည် အခါခပ်သိမ်း၊ နေရာခပ်သိမ်း ဖြစ်ပေါ်နိုင်သည်မဟုတ်၊ ကာလဒေသ အကန့်အသတ်ရှိသည်။ အကြင်အခါ၊ အကြင်အရပ်၌ ယောက်ျားအာဇာနည် တစ်ယောက် ပေါ်ပေါက်လာသည်ရှိသော် ထိုအခါ ထိုဒေသသည် ချမ်းသာခြင်းသို့ ရောက်တော့၏။ ဓမ္မပဒ၌ ဘုရားဤသို့ဟောခဲ့သည်။

စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့် စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန် လူကောင်းသူကောင်းများ ဖြစ်ကြသည်။

အာဇာနည်ဟူသည်မှာ ရတောင့်ရခဲ ဒုလ္လဘတစ်ပါး ဖြစ်သည်။ အကြောင်းကား လောက၌ မစွန့်ဘဲနှင့် စားချင်သူ၊ စွန့်လည်းစွန့်၊ စားလည်းစား ဆိုသူက များနေသောကြောင့်ပင်။ လောက၌ သာသနာ့အာဇာနည်၊ ဘာအာဇာနည်၊ ညာအာဇာနည် စ သည်ဖြင့် လွယ်လွယ်လေး အမွှမ်းတင်နေကြသည်။ အာဇာနည်ဟူသည် စွန့်နိုင်သူမှ ဖြစ်သည်။ ဂုဏ်ကိုလည်း စွန့်နိုင်ရမည်။ လာဘ်ကိုလည်း စွန့်နိုင်ရမည်။ ပကာသန-ထင်ပေါ်ကျော်ကြားမှုကိုလည်း စွန့်နိုင်ရမည်။ ထိုသုံးမျိုးကို မုတ္တစာဂ-လွတ်လွတ် စွန့်နိုင်မှ အာဇာနည်ဖြစ်သည်။

အာဇာနည်ဟူသည် အာဇနီယ၊ အာဇာနေယျဟူသော ပါဠိကနေ ဆင်းသက်လာသည်။ အာဇာနည်ကို မြန်မာအဘိဓာန်က ဖွင့်ရာတွင် 'အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ'ဟု ဖွင့်သည်။

ဘုရားဟော ပါဠိတော်အရ အာဇာနည်ပုဂ္ဂိုလ်ဟူသည် ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ စာရိတ္တမဏ္ဍိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်ရမည်။ ဘက်လိုက်မှုကင်း၍ တရားမျှတရမည်။ အဂတိတရားများ ကင်းရှင်းရမည်။ လောဘစွန်း၊ ဒေါသစွန်းများ မထွက်စေရ၊ ကိုယ်ကျိုးစွန့်နိုင်ရမည်။ အများအတွက်ဆိုလျှင် အသက်ကိုပင် စွန့်နိုင်ရမည်။

ဝီရိယကောင်းရမည်။ ဇွဲကောင်းရမည်။ ဦးတည်ချက်ပန်းတိုင် ပြတ်သားရမည်။ ဦးတည်ချက်ပန်းတိုင်သို့ မရောက်မချင်း မရပ်မနေ ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ရမည်။ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတ ပြည့်စုံရမည်။ မိမိနှင့်အတူ မိမိနှင့်သက်ဆိုင်သူအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဖူလုံပြည့်စုံအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရမည်။

အာဇာနည်၏ အဓိပ္ပာယ်မှာ မည်သည့်ကိစ္စမဆို ရွပ်ရွပ်ချွံချွံ လုပ်ကိုင်ဆောင်ရွက်နိုင်သော ဇွဲသတ္တိရှိသူပင် ဖြစ်သည်။ ဘားနပ်ရှောက ''ပါရမီရှင်ဆိုသည်မှာ သူတကာထက်ပို၍ ခံနိုင်ရည်သတ္တိ ရှိသူပင်ဖြစ်သည်။ သူတကာက လမ်းခုလတ်တွင် အား လျော့သွားသည့် အလုပ်ကို ပြီးစီးအောင် လုပ်နိုင်သော ဇွဲသတ္တိရှိသူပင်တည်း'' ဟုဆိုခဲ့သည်။

'အာဇာနည်စိတ်'ဟု ခေါ်ထိုက်သည့် စိတ်မျိုးကား အဘယ်နည်း။ ကြီးကျယ်လှသော စိတ်မျိုးမဟုတ်ပါ။ ခိုင်မြဲသော စိတ်မျှသာဖြစ်ပါသည်။ ဇွဲသတ္တိသည် ခိုင်မြဲသော စိတ်ဓာတ်၊ ခိုင်မြဲသော စိတ်ဓာတ်သည် အာဇာနည်စိတ် ဖြစ်သည်။ ထို စိတ်ဓာတ်အ တွက် အရေးကြီးဆုံးအချက်က ရည်ရွယ်ချက်ပင်ဖြစ်သည်။ အာဇာနည်စိတ်ရှိသူသည် မိမိဘာကိုလို၍ ဘာကိုလုပ်ရမည်ကို သိသည်။ ရည်ရွယ်ချက် တိတိကျကျ ရှိသူဖြစ်သည်။ မိမိဘယ်စခန်းသို့ ရောက်အောင်သွားမည်ဟု စိတ်ပိုင်းဖြတ်ပြီးသူ ဖြစ်သည်။

ကျွန်ုပ်တို့ အားလုံး၌ စိတ်ဓာတ်အင်အားရှိသည်။ အာဇာနည်စိတ်ရှိသည်။ ထိုစိတ်ဓာတ်အင်အားမှာ စည်းရုံးခြင်း မရှိသေးသဖြင့် အင်အားနှင့်မတူအောင် ပျော့ညံ့ညံ့ဖြစ်နေလေ့ ရှိသည်။ အင်အားစည်းရုံးမှုရှိမှ ခိုင်မာသန်စွမ်းလာပေမည်။ ရည်ရွယ်ချက် ပြတ်ပြတ်သားသားရှိခြင်းသည် အင်အားစည်းရုံးမှုကို ဖြစ်စေသည်။ တစ်ခုခုကို မရမကလိုချင်နေလျှင် ရရမည် ဧကန်ပင်။ မရမက လိုချင် စိတ်(၀ါ)ပြင်းပြသော အာသာဆန္ဒ(၀ါ) ပြတ်သားသောရည်ရွယ်ချက် ရှိဖို့လိုပေသည်။ ရည်ရွယ်ချက်ကောင်းကောင်းရှာပါ။ ရည်ရွယ်ချက်ကောင်းသလောက် အာဇာနည်စိတ်ဓာတ် အဆင့်အတန်းမြင့်လာမည်။ အာဇာနည်စိတ် ဖွံ့ဖြိုးသလောက် အဆင့်အ တန်းမြင့်မည်။

အာဇာနည်စိတ် ထွန်းကားရေးတွင် မိမိကိုယ်ကိုယ်ယုံကြည်မှုသည် အရေးကြီးသည်။ အာဇာနည်စိတ်၏ ရေသောက်မြစ်မှာ ထူးခြားသော ရည်ရွယ်ချက်နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားမှု၌ တည်ရှိသည်။ ရည်ရွယ်ချက်နှင့်အတူ မိမိကိုယ်ကို အသုံးဝင်သူဟု ထင်မြင်မှုသာ စွဲစွဲမြဲမြဲရှိပါမူ အာဇာနည်စိတ် ပေါ်ထွန်းလာပေမည်။

ရင့်သန်သော ပါရမီဆိုသည်မှာ အခြားမဟုတ်။ ခိုင်မာသောဇွဲ၏ အမည်ဝေါဟာရတစ်မျိုးပင် ဖြစ်သည်။ အောင်မြင်ရန် နည်းလမ်းမှာလည်း ယင်းဇွဲပင်ဖြစ်သည်။ အာဇာနည်စိတ် မွေးမြူရာ၌လည်း တည်ကြည်သော စိတ်ဖြင့် အလုပ်ကိုသာ စွဲစွဲမြဲမြဲလုပ်၍ ကျင့်ရပေသည်။ ပါရမီရင့်သန်သူတို့၏ တည်ကြည်ခိုင်မာသောစိတ်ကို မည်သည့်ကံ၊ မည်သည့်ကြမ္မာ၊ မည်သည့်ကုသိုလ်အကုသိုလ်မျှ တားဆီးခြင်းငှာ မစွမ်းနိုင်။

အာဇာနည်စိတ်သည် ကိုယ်ကျင့်တရား၏ အင်အားမျှသာ ဖြစ်ပေသည်။ ထက်မြက်သော စိတ်၏တန်ခိုးနှင့် ရင့်သန်သော ပင်ကိုဉာဏ်တို့မှာ တန်ခိုးကြီးသူတို့၏ အသက်သွေးခဲပင် ဖြစ်ပေသည်။ စိတ်၏တန်ခိုးကို မှန်းဆ၍ မရနိုင်။ လွန်စွာကြီးမားလှ၏။ လောကကြီးတွင် စိတ်တည်ကြည်ထက်သန်သော သူတို့အဖို့ မဖြစ်နိုင်သောအရာဟူ၍ မရှိသလောက် ရှားပါးလှ၏။

အာဇာနည်၏ အမှတ်လက္ခဏာ များစွာထဲတွင် အခြေခံအကျဆုံး အချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင် ဖြစ်သည်။

လောကကြီးသည် ပထမတန်းစားဉာဏ်ရည်ကို မလိုလှချေ။ ပထမတန်းစား 'ဇွဲ' ကိုသာ လိုပေသည်။ အာဇာနည်ဆိုသည်မှာ မည်သည့် အခက်အခဲများနှင့် တွေ့ကြုံနေသော်လည်း သံမဏိကဲ့သို့ ခိုင်မာတည်ကြည်သော စိတ်ထားနှင့် တွေ့ကြုံရသမျှ အ ခက်အခဲများကို ဂရုမပြုဘဲ အတင်းနှိမ်နင်းပစ်လိုက်ပြီးလျှင် မိမိလုပ်ရင်းအလုပ်ကို ပြီးမြောက်အောင်မြင်နိုင်သူကိုသာ ဆိုလိုသည်။ (အာဇာနည်စိတ်၊ တက်တိုး)

အာဇာနည်၏ အမှတ်လက္ခဏာများစွာထဲတွင် အခြေခံအကျဆုံးအချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် သူယောက်ျားမြတ် ဖြစ်ကြောင်း၊ ယောက်ျားအာဇာနည်ဖြစ်ကြောင်းကို ဥစ္စာ၊ ကိုယ်အင်္ဂါ၊ သားသမီး၊ ဇနီး၊ အသက်ဟူသော စွန့်ခြင်းကြီးငါးပါးကို စွန့်ပြ၍ သက်သေသာဓက ထူခဲ့သည်။

စွန့်စားဟူသည့်အတိုင်း လောက၌ စွန့်သူတို့သာ စားကြရသည်မှာ ဓမ္မတာ ဖြစ်သည်။ စွန့်လည်းစွန့်၊ စားလည်းစားဆိုသည်မှာ သဘာဝကျပါသည်။ တရားမျှတပါသည်။ ပြဿနာက မစွန့်ဘဲနှင့် စားခြင်းကြောင့် ပြဿနာအထွေထွေ ပွေရခြင်း ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တို့ကတော့ စားလိုစိတ်မရှိဘဲ စွန့်လိုစိတ်သာ ရှိကြသည်။ မိမိတို့ အသီးသီး ဆိုင်ရာဆိုင်ရာအလုပ်တွေကို လုပ်နေကြသည်။ လုပ်ဖို့ ဟန်ပြင်နေကြသည်။ 'စွန့်လိုစိတ်နှင့်လား၊ စားလိုစိတ်နှင့်လား၊ စွန့်ဖို့လား၊ စားဖို့လား' ဆိုတာကတော့ မိမိကိုယ်ကို ပြန်မေးရလိမ့်မည်။ စွန့်ဖို့ဆိုလျှင် ပရဟိတဖြစ်သည်။ စားဖို့ဆိုလျှင် အတ္တဟိတ ဖြစ်သည်။ နိရောဓသစ္စာကို 'စာဂေါ- စွန့်ခြင်း၊ ပဋိနိဿဂ္ဂေါ-လွတ်လွတ်ကျွတ်ကျွတ်စွန့်ခြင်း' ဟု ဖွင့်သည်။ စွန့်ခြင်းသည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်း ရာ နိရောဓသစ္စာ ဖြစ်သည်။ စားခြင်းသည် ကာမသုခလ္လိကာနုယောဂ အကျင့်ဖြစ်၍ အစွန်းတစ်ဖက်ထွက်သည်။ အလှူပွဲလာသူ သို့မဟုတ် ကျားချသူ၏ အတွေးမျိုးနှင့်တော့ အများအကျိုးသယ်ပိုးလို့ မဖြစ်ပြီ။

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Thursday, July 15, 2010

အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ



ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့ စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။
ပြောင်းလဲ ခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲ သူမအတွက်
အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။
"ချိုရယ် မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ
ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
ချစ်သူ၏နွေးထွေးသောစကားသံများသည် သူမအတွက် ငြိမ့်ညောင်းသော ဂီတသံများ
ဖြစ်ခဲ့ဖူး ပါသည်။

"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏
ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ ရင်ထဲမှာတော့
တိတ်တခိုး ပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသ
ည်။ မင်္ဂလာဆောင်ပြီး
နောက်တစ်နေ့မှာတော့
သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။
"ချိုမင်းကိုယ်တို့ မွတ်စလင်ဘာသာထဲဝင်ရမယ်.။"

"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"

"မရဘူးချို ကိုယ့်ခင်ပွန်းရဲ့ဘာသာကို ဇနီးသည်က
လိုက်ယူရတာ ကိုယ်တို့
မွတ်စလင် ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။

"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"

"အေးလေ အားလုံးချို့အလိုကျ ထားတယ်လေ အ
ခုချို့မှာ တီဗွီ၊ ဗီစီဒီ၊
ရေခဲသေတ္တာ၊ အဲယ်ကွန်း၊ တယ်လီဖုန်း၊ သွားစရာရှိရင်ကား
အားလုံးပြည့်စုံနေပြီ။ ဒါတွေအားလုံး ချို့ကိုချစ်လွန်းလို့
ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"

အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာ
ခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင် လုံလောက်ပြီလို့ထင်ခဲ့တဲ့
သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။ အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲ
သူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။

"ဟယ်...အမေလာတယ်၊ ၀မ်းသာလိုက်တာအမေရယ် သမီးလေ အမေ့ကို အရမ်း
အောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"

"အေး..ကောင်းပါတယ်သမီးရယ်၊ အမေလည်း ငါသမီးသားဦးလေးမွေးတယ် ကြားကတည်းက
လာချင်နေတာ အိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့ မရတာနဲ့
တော်တော်နဲ့မလာဖြစ်ဘူး။ ဒါနဲ့ငါမြေးကြီး ကြည့်စမ်းပါ ရစေအုံးဟယ်။ ငါ့မှာ
မြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ ၀မ်းသာ
နေတာ..ဟဲ့။"

အမှတ်မထင် ပြောလိုက်သော မိခင်ဒေါ်ရင်၏စကားသံကြောင့် သူမထိပ်ထိပ်ပြာပြာ
ဖြစ်သွားရသည်။ သူမ၏ ခင်ပွန်းက မီးဖိုခန်းမှာ ထမင်းစားနေခိုက်ဖြစ်၍
တော်ပေသေးသည်။ ဒေါ်ရင်ကတော့ သူမအဖြစ်ကို
မသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။

........*................*.........*

အကြားအမြင်ဗဟုသုတနည်း၍ ရိုးသားလွန်းသောမိခင
်နှင့် မွတ်လင်ဘာသာဝင်
ခင်ပွန်းသည်တို့အကြား ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍
ဂရုစိုက်ခဲ့သည့်ကြားမှာပင် ပြဿနာက ရိုင်းပြစွာဝင်
ရောက်လာခဲ့ ပါသည်။

"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"

"ဟင်...အမေဘာလုပ်မိလို့လဲ"

"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာ ငါကိုယ်တိုင်
မြင်လိုက်လို့ပေါ့"

"သြော်-အစ်ကိုရယ် ရွာမှာလဲ အမေက နေ့တိုင်း ဒီလိုဆွမ်းေ
လာင်းနေကျလေ။
ဒီမှာလည်း ထမင်းဟင်းအဆင်သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"

"မလိုချင်ဘူးကွာ- သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာ
ငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြော
မင်းမပြောရင်ငါပြောရလိမ့်မယ်။"

"အို-အကိုပြောစရာမလိုပါဘူး၊ ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"

မိခင်အား ရန်လိုထိပါးလာမည့်ကိစအတွက် သူမကြမ်းတမ်းစွာ
တုန့်ပြန်လိုက်ချင်ပါသည်။ သို့သော်ပြဿနာက ပိုကြီးထွားလ
ာနိုင်သည့်အတွက်
နာကျင်မှုတို့ရောစွက်နေသောဒေါသကို အသာမျိုသိပ်ထားလိုက်ရသည်။

သူ့မိခင်ပြန်သောနေ့တွင် မော်တင်သင်္ဘောဆိပ်သို့
သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်က အဆင်းမှာပင်
ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူ အိမ်နီးချင်း
မိန်းကလေးများနှင့်ဆုံဖြစ်သည်။

"ဟယ်-မချိုဝလာလိုက်တာဟယ်၊ သူဌေးမရုပ်တကယ်ကျတယ်သိလား၊
နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။ ငါ့မှာတော့နင့်ကိုနေ့
တိုင်းသတိရနေတာ။"

"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ ငါမှာအပြင်လဲ
ကောင်းကောင်းထွက်ခွင့် မရ၊ သားလေးကလည်း
ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"

"သြော် ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာ ဆိုင်းပါတ
ယ်သိလား၊
တန်ဆောင်တိုင် မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာ
ရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာ ငွေမတည်ပြီး မီးပန်းတောင်းပွဲကို
အထူးစပါယ်ရှယ်လုပ်ပေးမှာတဲ့။ အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"
"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"

ပြောသာပြောရသည် သူမဘ၀သည် ရွာကစည်ကားလှသောအလှူပွဲ၊ ကထိန်ပွဲများနှင့်
အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟ
"
တချက်လွတ်အမိန့် ထုတ်ခံခဲ့ရပြီးဖြစ်သည်။ ကိုယ့်ဝမ်းနာကိုယ်သာသိမို့
သူငယ်ချင်းများကို ရွာအကြောင်း
မပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
မိမိ၏ကျဉ်းကျပ်သောဘ၀နှင့် ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကို
သူငယ်ချင်းများမရိပ်မိစေရန်အပြုံးတုဖြင့် ဖုံးထားရင်းစကားပြောနေရသည်။
အပြန်လမ်းတစ်လျှောက်တွင် ကားပေါ်လိုက်ပါရင်း ရွာကပွဲတော်တွေအကြောင်း
သူမတွေးနေမိသည်။ သူမ၏ အပျိုစင်ဘ၀ အပျော်ဆုံးအချိန်များသည်
ရွာမှပွဲတော်ရက်များပင် ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ ဘုရားပွဲ၊ ရှိပြီဆိုလျှင်
တဒေါက်ဒေါက် ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသေ
ာ ကြက်သွန်လှီးပွဲမှာ
သူမပါဝင်စမြဲ။ ကွမ်းတောင်
ပန်းတောင်ကိုင်အဖွဲ့နှင့် အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်
သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှ
င့်သင်္ကြန်ရက်များတွင်
ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ် လုပ်ရသည်မှာလဲ ပျော်စရာ
ကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သော သူငယ်ချင်းများမှာ ပျော်ရွှင်စရာ
ဤပွဲတော်ရက်များကို ဆက်လက်ဆင်နွဲ ကျပေဦးတော့မည်

သူမမှာတော့ပွဲတော်ရက်များရောက်တိုင်း လွမ်းမောခြင်းနဲ့သာ
အချိန်ကုန်နေရပြီဖြစ်သည်။ ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကို
သူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍ အတွေးကိုရပ်
ရန်ကြိုးစားလိုက်သည့်တိုင် မျက်ရည်စီးကြောင်းတို့က ပ
ါးပြင်ပေါ်သို့
လိမ့်ဆင်းလာသည်။

*................*...........xxxxxxx........*......................*

ဤခုနှစ်ဆူကုန်သော......မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်... ရွှေဖ၀ါးရတနာ... စကြာရွှေဖ၀ါး.
... ဖြန့်ငြား........
ဖြန့်ငြားပါစေသော်။

သူမတို့နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှ
လွင့်ပျံလာသောအသံချဲ့စက်အသံ။ ဤသီချင်းသံသည် ရွာမ
ှာအလှူဘုရားပွဲရှိတိုင်း
ဖွင့်နေကျ သီးချင်းသံဖြစ်သည်။ အခုမှပို၍တမ်းတစွာ နား
ထောင်ဖြစ်သည်။
ရွာကိုပို၍သတိရမိသည်။
သူမတို့အရပ်တွင် အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်
သီချင်းသံကို စတင်ကြားရသည်။ ထိုအချိန်တွင် သူမတို့အမျိုးသမီးအုပ်စုက
ကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့် အလုပ်ရှုပ်ကျမည်။ ဦးည
ွန့်တို့
ဦးအောင်လံတို့၊ ဦးကြီးများက အကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့်
လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာ ပြေးလွှားဆော့ကစား၍
အချို့ကအသံချဲ့စက်နားတွင် ၀ိုင်းအုံနေကြမည်။ ညနေပိုင်းတွင်
အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့်
ကလေးလူကြီးအားလုံးပျော်ပျော် ပါးပါးစားသောက်ကျတော့မည
်။

ဤသီချင်းနှင့် စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်းအစုံသည်
သူမနှလုံးသားထဲ အသွေးအသားထဲအထိ ရုန်းကြွလှုပ်ရှားဆူေ
ဝလာစေ၏။
ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့ သူမ ထွက်ကြည့်လိုက်သည်။
ယောဂီလုံချည်များဝတ်လျှက် သာသနာတော်အကျိုး အတွက်ေ
ငွဖလားကိုယ်စီကိုင်ကာ
အလှူခံနေသူများ၊ တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊
ကျောင်းတော်ကြီးအတွင်းဝင်၍ ဘုရားဝတ်ပြုနေသူများ၊ ကျက်သရေရှိလှသော
မြင်ကွင်းအစုံကို သူမလွမ်းမောစွာ ငေးကြည့်နေမိသည်။ ဖြစ်လ
ိုရာဖြစ်စေတော့
ပိုက်ဆံအိတ်ထဲမှ ငွေသုံးထောင်ကျပ်ကို ထုတ်ယူ၍
ခပ်သုတ်သုတ်သွားလှူလိုက်သည်။ ဘ၀တသက်တာအတွင်းမှာ အရသာအရှိဆုံးအလှူဟု
သူမဘာသာမှတ်ချက်ပြုရင်း ကြည်နူးလိုက်သည်ဖြစ်ခြင်း။

.......................................................*.........................
..........................

"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"

သင်္ကန်းကို သပ်ရပ်စွာရုံထားသော ကိုရင်နှစ်ပါးက သူမကိုမြင်၍
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သော
ဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသောသူမကို တွေ့လိုက
်၍ အားကိုးတကြီး
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့
ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။

"အရှင်ဘုရား တပည့်တော်.......?........မွတ်စလင်ဘာသာကြားထဲ ရောက်နေလို့
ဆွမ်းလှူခွင့်မရှိပါဘုရား"

တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမ အသံချောက်ကပ်စွာ ထွက်ပေါ်လာသည်။
ကိုရင်များကသူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့် ကြည့်၍
လှည့်ပြန်သွားကြလေပြီ။

အလှူအတန်း ရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ. သဒ္ဓါစေတနာထက်သန်သော
အမိအဖတို့၏သမီးဖြစ်သူ၊ ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍ အလ
ှူအတန်းကို
ရက်ရောစွာ ပြုလုပ်လိုသူ ယခုတော့ ဆွမ်းလာဖိတ်သော ကိုရင်များကို
ဘာသားခြားပါဟူ၍ ငြင်းဆန်လိုက်ရပြီ။ ရင်ထဲမှာ နင့်နေအောင်ခံစားလိုက်ရသည်။
တလှိုက်လှိုက် တက်လာနေသော ရင်တွင်းသောကကို ဘယ်လိုမှထိန်းမထားနိုင်တော့။
အိပ်ခန်းတွင်းသို့ဝင်၍ အားရအောင်
ငိုရှိုက်ပစ်လိုက်သည်။

.......*.........*............xxxxxxxxxxxx........*........*..........

တိတ်ဆိတ်သောပတ်ဝန်းကျင် ခပ်စိမ့်စိမ့်လေနုအေး
ကြည်နူးဖွယ်ဆည်းလည်းသံတို့ကို ခံစားရင်း အလင်းရောင်ခပ်ဖျော့ဖျော့အောက်ဝယ်
ထီးထီးမားမားတည်ရှိနေသော စေတီတော် မြတ်ကြီးကို ဦးချရှိခိုးလိုက်သည်။
တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။ သည်အခိုက်အတန့် လေးမှာပင်
မြင်ကွင်းအားလုံးပျောက်ကွယ်ခဲ့ရပါပြီ။ သူမ အိပ်ယာကလန့်နို
းခဲ့သည်။

"ဟင်-ငါရွှေတိဂုံဘုရားကို အိမ်မက်မက်နေတာပါလား။ သြော်....မချိုရယ်..
ဘုရားက ညည်းကို အမြင်မှန်ပြနေပါလား။ ချစ်သမီးက
ကိုယ့်ရဲ့ဘာသာကိုစွန့်ခွာသွားပေမယ့် ငါကချစ်သမီးကို
မမေ့ပါဘူးလို့ပြောပြနေတဲ့ အတိုင်းပါပဲလား"။

သူမတီးတိုးစွာရေရွတ်မိသည်။ မိုးစင်စင်လင်းသွားသည့်တိုင် ဆက်၍အိပ်မရတော့။
မြင်သိစိတ်၏အာရုံမှာ အိမ်မက်ထဲကစေတီတော်မြတ်ကြီး၏ ပုံေ
တ်ာမြင်ကွင်းက
ဖျောက်ဖျက်မရတော့။ နေ့လည်ထမင်းစားပြီးသည်နှင့် သားလေးကိုခေါ်ကာ
ရွှေတိဂုံဘုရားသို့ ထွက်လာခဲ့သည်။ သူမခင်ပွန်းအပြင် သွားခိုက်ဖြစ်၍
အိမ်တံခါးကို ပိတ်ထားခဲ့သည်။ ဖြစ်လိုရာဖြစ်စေတော့ နောက်ပြဿနာနောက်မှ
ကြည့်ရှင်းတော့မည်။ အိမ်မက်ထဲကအတိုင်းပါပဲ စေတီတော်မြတ်ကြီးက
ဆည်းလည်းသံကလုံကလင်များဖြင့် နွေးထွေးစွာကြိုဆိုလျှက် ရှိ၏။
ဤစေတီတော်မြတ်ကြီးအား သူမတသက်တာဖူးခွင့်မရတော့
ဟု ထင်မှတ်ထားခဲ့ရာ ယခုတော့
စွန့်စွန့် စားစား ဖူးမြင်ခွင့်ရလိုက်သောကြောင့်
စိတ်ကြည်နူးချမ်းမြေ့မှု အပြည့်ဖြင့် အားပါးတရရှိခိုးပူဇော်လိုက်သည်။
သို့တိုင်အောင်ဖူးမြင်၍မ၀နိုင်အောင်ရှိလှ၏။

"အမား...ဘာလုပ်နေတာလဲဟင်"

အနီးတွင်ထိုင်နေသောသားလေးက သူမအား နားမလည်ဟန်ဖြင့်မေးလိုက်သည်။
"သြော်--သားသား--အမားဘုရားရှိခိုးနေတာလေ။ ဟောဟိုမှာတွေ့လား။
အဲဒါသားသားတို့ ဘုရားကြီးပေါ့။ သားသားလည်း ရှိခိုးရမယ်နော်"။

သားလေးကိုသူမရင်ခွင်ထဲထိုင်စေလိုက်သည်။ လက်နှစ်ဖက်ကို
လက်အုပ်ချီပုံစံပြုစေ၍ နဖူးထက်တွင် တင်ပေးရင်း စေတီတော်
မြတ်ကြီးရှိရာသို့
ဦးတိုက်ထားလိုက်သည်။
"သားသားလိုက်ဆိုစမ်း အမားဆိုသလိုလိုက်ဆိုစမ်း ..........

..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊

ဓမံ္မ သရဏံဂစ္ဆာမိ....၊
သံဃံ သရဏံ ဂစ္ဆာမိ။

သားလေးကို တိုင်ပေးရင်း သူမရောသားလေးပါ သရဏဂုံဆောက်တည်ပြီး ဖြစ်သည်ဟု
မှတ်ယူလိုက်သည်။

..............**------**-----xxxxxxxx-----****-----****.............

ဘုရားကပြန်လာပြီး နောက်တနေ့မှာပင် သူမခင်ပွန်းက
ဆန့်ကျင်ဘက်ဖြစ်လွန်းသော
စကားတစ်ခွန်းဖြင့် တိုင်ပင်ခဲ့ပါသည်။

"ချို-သားလေးကိုကိုဝတ်ကျောင်းခေါ်သွားအုံးမယ်"

"အို-သားလေးက.. အခုမှလေးနှစ်ကျော်ရုံလေးရှိသေးတာ
ငယ်ပါသေးတယ်။ အစ်ကိုရယ်
ဖြည်းဖြည်းမှခေါ်တာပေါ့။"

"ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးပြီခေါ်သွားမှဖြစ်တော့မယ်။"

ဆန္ဒ၏နောက်မှာအာဏာတို့ ရောစွက်နေသော သူမခင်ပွန်း၏စကားလုံးများကို
သူမတော်လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။

.....................**.......................**.....................*...................

သူမခင်ပွန်းနှင့်သားလေးတို့ ထွက်သွားပြီး တစ်နာရီခန့်အကြာမှာ သူမအမည်ကို
အရေးတကြီး ခေါ်သံကြားလိုက်ရသည်။

"မချို-----မချို----မချို"

"ဟဲ့----အီမန်ဘာလို့ဒီလောက်အရေးတကြီးခေါ်နေရတာလ
ဲ"

"အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန် အစ်မတို့ကလေး
ကားတိုက်ခံရလို့ ..အဲဒါ ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့"

"ဘာ..သားလေးကားတိုက်ခံရလို့"
သူမရင်ထဲ မီးစနှင့်ထိုးသွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ထားသော
ကြမ်းပြင်နေရာသည် ဦးစိုက်ကျွမ်းပြန် ဖြစ်သွားသည်ဟု မှတ်ထင်လိုက်ရသည်။
ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်ေ
နသော
သားလေးအလောင်းကို တွေ့လိုက်တော့ သူမရင်ထဲဆို့နင့်သွားသည်။ သားလေးအား
ကြီးစွာသောသနားခြင်းနှင့်အတူ လက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသောအသိကြောင့်
နှလုံးသားသည် တဆက်ဆက်တုန်နေ၏။ ငိုရှိုက် လိုက်သည့်တိုင်
ရင်ဝ၌တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။ သားလေးအား
သဂြိုလ်ပြီးစီးသည့်နေ့မှာပင် သူမခင်ပွန်းက
ပဟေဠိဆန်သောမေးခွန်းတစ်ခုကိုမေးလာသည်။

"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"

"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ ဗလီကိုခေါ်သွားလို့ပေါ့။
ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွား
တယ်။
ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"

သားလေးအတွက် ခံစားခဲ့ရသော နာကျင်မှုနှင့်ဒေါသတို့ ရောစွက်နေသည်ကြောင့်
သူမကြမ်းတမ်းစွာပြောဆိုပစ်လိုက်သည်။

"အေးငါလည်း အဓိကတရားခံဘယ်သူလည်းဆိုတာ သိစေချင်လို့ မင်းကိုမေးတာ။
သားလေးမဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ အိမ်နီးချင်းတွေပြောလို့
ငါအားလုံးသိပြီးပြီ။
သားလေးကို မင်းတို့ရွှေတိဂုံဘုရားခေါ်မသွားခဲ့ရင် ငါလည်းဝတ်ကျောင်းပို့ဖို့
အလောတကြီး စီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာ အကြောင်းမရှိဘူး။
သားလေးဆုံးရခြင်းရဲ့ အဓိကတရားခံက..မင်းကွ..။ မင်းသိရဲလား။"

"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလာပြီးမစွပ်စွဲပါနဲ့ အမေတစ်ယောက်က
သူ့သားတစ်ယောက်ကို သူတို့ဘုရားခေါ်သွားတာ အပြစ်ပြောစရာမဟုတ်ဘူး။
ဒါဘာထူးဆန်းလဲ"
"အေးသူများတွေအတွက် မထူးဆန်းပေမယ့် မင်းအတွက်ထူးဆန်းတယ်ကွ မင်းကိုယ်မင်း
ပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းက
မွတ်စလင်ဘာသာဝင်ဖြစ်နေပြီလေ"။

သူမရယ်သွမ်းသွေးရင်းပြန်လည်ချေပလိုက်သည်။

"ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။
ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက်တည်ပြီးသွားပြီ
အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလေ"

"ဘာ---ဘာပြောတယ်။ မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး တခြားဘာသာ
ပြန်ပြောင်းတယ်ပေါ့"

"စော်ကားတာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေးကို
ကျွန်မဘာသာဖန်တီးယူတာ။ အခုကျွန်မမှာ သားလေးလဲမရှိတော့ဘူး။
ဘာမှငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့ ရှင့်ကို ဆက်ပြီး
မပေါင်းနိုင်တော့ဘူး။ ကျွန်မရဲ့အခွင့်အရေးတွေကို ကျွန်မဆက်ပြ
ီး
အဆုံးအရှုံးမခံနိုင်တော့ဘူး"

"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့ မင်းဘာတစ်ခုမှ
ရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့ နေရာသွားနိုင်တယ်"။

သူမအ၀တ်အစားများကို အိမ်ထောင်ကျစဉ်က ယူလာခဲ့သောအိတ်ဖြင့် ထည့်၍
သင်္ဘောဆိပ်သို့ ထွက်လာခဲ့သည်။ သူမအတွက် ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်
သွားရမည့်နေရာအတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက
်သည်။
ခရီးသည်များ နားနေခန်းသို့ဝင်၍ စာတစ်စောင်ရေးလိုက်သည်။

......xxxxxxx...............xxxxxx.............xxxxxx............
"အေးမာ၊ မဆွေ၊ ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကို ဖက်နေတဲ့
အချိန်မှာ ငါဟာမချိုအဖြစ်နဲ့မဟုတ်တော့ပဲ
လောကီကိုစွန့်ခွာသွားတဲ့သီလရှင်တစ်ပါး ဖြစ်နေပါပြီ။ ငါလေ တို့ငယ်ငယ်က
နုတ်တိုက်ကျက်ခဲ့ဘူးတဲ့ သားသမီးကျင့်ဝတ်ငါးပါး လင်္ကာထဲက
"စောင့်လေမျိုးနွယ်"ဆိုတဲ့စာကြောင်းလေးကို မိုက်မဲစွာ
လျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သားလဲဆုံး၊
ဘ၀လည်းဆုံးခဲ့ရတယ်။ အမျိုးအနွယ်ကို စောင့်ရှောက်ဘို့တာဝန်ပျက်ကွက်သူ၊
ဒို့ရဲ့ချစ်စရာကျေးလက်စရိုက်တွေနဲ့ ဝေးကွာသူလည်း ဖြစ်ခဲ့ရတယ်။
နင်တို့နဲ့အတူ တခြားဒို့ရဲ့သူငယ်ချင်း တွေကို ငါ့လိုအဖြစ်မျိုး
မကြုံရအောင် ငါ့ဘ၀ကို သင်ခန်းစာယူပြီး အိမ်ထောင်ပြူမမှားကြပါ
နဲ့လို့
ငါသတိပေး တိုက်တွန်းလိုက်ပါတယ်"။

နင်တို့ရဲ့သူငယ်ချင်း

မချို

...........xxxx..............xxxxx.................xxxxx................xxx....
စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ ပေးဘို့ရန် မှာကြားလိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သော သူမ၏ နောင်တဝေဒနာများ အတွက် သူမတက်နိုင်သောအစားထိုးကုသမှုဟု ခံယူလိုက်သည်။ သင်္ဘောများဥဒဟိုသွားလာနေသောရန်ကုန်မြစ်ပြင်ကြီးကို ကျောခိုင်းလိုက်သည်။ သူမရင်ထဲမှာ အိမ်ထောင်ရေး နောင်တများ၊ ဘ၀သင်ခန်းစာများ၊ လောကီသံဝေဂများ၊ ပွေ့ပိုက်ထည့်သွင်းလျှက် သူမ၏ခြေလှမ်းများက သီလရှင်များနေသော ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့

(ဤ၀တ္ထုတိုလေးသည် အဖြစ်ပျက်မှန်တစ်ခုအား အခြေခံပြီး
ခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်
ဖြစ်ပါသည်။)
ဦးဥာဏဒီပ (ဒေလီ) မှပေးပို့သော forword မေးအားမျှဝေလိုက်ပါသည်။

Wednesday, July 14, 2010

Imee Ooi - The Chant Of Metta - (English)

慈经 - 黄慧音 Chant of Metta(Chinese)(Imee Ooi )

The Chant of Metta (Myanmar) စိုးစန္ဒာထွန်း

Imee Ooi - The Chant Of Metta (Pali)

မေတ္တာပို့ ပါဠိ ၀တ်ရွတ်စဉ်The Chant of Metta 慈经 (မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းမှ Sunday School ကျောင်းသူ ကျောင်းသားများ)

လက်တွေ့ မေတ္တာဘာဝနာ ပွါးကြရအောင်


(မဟာစည်ဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်း)

(၁)မိမိကိုယ်ကို မေတ္တာပို့နည်း

(က) အဟံ အဝေရော ဟောမိ=( အကျွနုပ်သည် ဘေးရန်ကင်းပါစေ)

Aham avero homi

May I be free from enmity and danger

願我無敵意,無危險
(ခ) အဗျာပဇ္ဇော ဟောမိ=( စိတ်ဆင်းရဲခြင်းကင်းပါစေ)

Abyapajjho homi

May I be free from mental suffering

願我無精神的痛苦
(ဂ) အနီဃော ဟောမိ=( ကိုယ်ဆင်းရဲခြင်းကင်းပါစေ)

Anigho homi

May I be free from physical suffering

願我無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရာမိ=( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ )

Sukhi attanam pariharami.

May I take care of myself happily.

願我保持快樂。


(၂) မိဘ ဆရာ ဆွေမျိုး မိတ်ဆွေ သူတော်ကောင်း တရားကျင့်ဖော် အပေါင်းတို့ကို မေတ္တာပို့နည်း

မာတာပိတု =((မိဘ များ)

Mama matapitu

May my parents

願我的父母親

အာစရိယာစ=(ဆရာ အားလုံး)

Acariya

Teachers

我的道師

ဉာတိမိတ္တာစ =(ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အားလုံး)

Natimitta samuha

Relatives and friends

親戚和 朋友,

သဗြဟ္မစာရိနောစ =(သီတင်းသုံးဖော် သူတော်စင် ယောဂီ အားလုံး)

Upasaka upasaki

Fellows Dhamma colleagues;

我的同修

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

May they be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

May they be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

May they be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၃)ဤကျောင်း အာရာမ်တွင်း၌ မှီတင်း နေထိုင်ကြကုန်သော သူတော်စင် ယောဂီ တို့ကို မေတ္တာပို့နည်း

ဣမသ္မိံအာရာမေ သဗ္ဗေယောဂိနော =(ဤအရာမ်တွင်း ကျောင်းတွင်း၌် မှီတင်းနေထိုင်ကြကုန်သော), (သူတော်စင် ယောဂီ အားလုံး)

Imasmiam arame , Sabbe yogino

May all yogis (meditators) in this compound

願在這寺廟的所有修禪者

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၄)ဤကျောင်း အာရာမ်တွင်း၌ မှီတင်း နေထိုင်ကြကုန်သော ရဟန်း၊ သာမဏေ၊ သူတော်စင် ဒကာ ဒကာမတို့ကို မေတ္တာပို့နည်း

ဣမသ္မိံအာရာမေ သဗ္ဗေ ဘိက္ခု သာမဏေရာစ=

(ဤအရာမ်တွင်း ကျောင်းတွင်း၌် မှီတင်းနေထိုင်ကြကုန်သော) (သူတော်စင် ရဟန်းတော် အားလုံး) (သူတော်စင် ကိုရင် သာမဏေ အားလုံး)

Imasmiam arame , Sabbe bikkhu, Samaneraca

May all monks in this compound , novices (monks)

願在這寺廟的比丘,沙彌

ဥပါသကာ ဥပါသိကာယောစ=(သူတော်ကောင်း ဒကာ ဒကာမ အားလုံး)

Upasaka upasikayoca

laymen and laywomen all disciple;

男教徒,女教徒

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

May they be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

May they be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

May they be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၅) ပစ္စည်း (၄)ပါး လှူဒါန်းကြသော သူတော်ကောင်း ဒကာ ဒကာမ အပေါင်းတို့ကို မေတ္တာပို့နည်း

အမှာကံ စတုပစ္စယ ဒါယကာ =(ပစ္စည်း(၄)ပါး လှူဒါန်းကြကုန်သော ဒကာ ဒကာမ အားလုံး)

Amhakam catupaccaya dayaka

May our donors of the four supports, of clothes, food, medicine and shelter;

願我們的四資貝的布施主

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၆)ကျောင်း နေရာ အာရာမ်တို့ကို စောင့်ရှောက်ကြကုန်သော နတ်အပေါင်းတို့ကို မေတ္တာပို့နည်း

အမှာကံ အာရက္ခ ဒေ၀တာ=(အကျွန်ုပ်တို့ကို စောင့်ရှောက်ကြကုန်သော နတ်များ အားလုံး)

Amhakam arakkha devata

May our guardian devas (spirits)

願我們的護法神,

ဣမသ္မိံဝိဟာရေ =(ဤကျောင်း၌)

Imasmiam vihare

In this monastery,

在這寺廟的,

ဣမသ္မိံအာဝါသေ =(ဤနေရာ၌)

Imasmiam avase

In this dwelling,

在這住所的,

ဣမသ္မိံအာရာမေ =(ဤအရာမ် ခြံဝင်း၌)

Imasmiam arame

In this compound;

在這範圍的,

အာရက္ခ ဒေ၀တာ=(စောင့်ရှောက်ကြကုန်သော နတ်များ အားလုံး)

Arakkha devata

May the guardian devas (spirits);

願所有的護法神

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၇) အလုံးစုံသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား သြဓိသ၊ အနောဓိသ မေတ္တာပို့်နည်း

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)

Sabbe satta

My all beings,

願一切眾生,

သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)

Sabbe pana

All breathing things,

一切活著的眾生,

သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)

Sabbe buta

All creatures,

一切有形體的眾生,

သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)

Sabbe puggala

All individuals,

一切有各相的眾生,

သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု

Sabbe attabava pariyapanna

All personalities,

一切有身軀的眾生,

သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)

Sabba itthiyo

May all females,

所有雌性的,

သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)

Sabbe purisa

All males,

所有雄性的,

သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)

Sabbe ariya

All noble ones,

所有聖者,

သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)

Sabbe anariya

All wordling,

所有非聖者,

သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)

Sabbe deva

All deities,

所有天神,

သဗ္ဗေ မနုဿာ=(လူသား အားလုံး)

Sabbe manussa

All humans,

所有人類,

သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)

Sabbe vinipatika

All those in the four woeful planes;

所有苦道中的眾生,

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

May they be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

May they be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

May they be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂

(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)

Dukkha muccantu

May all beings be free from suffering,

願一切眾生脫離痛苦

(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)

Yathaladdha sampattito mavigacchantu

May whatever they have gained not be lost,

願他們不失去以正當途徑所獲取的一切

(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

Kammassaka.

All beings are owners of their Kamma.

願他們依據個人所造的因果而受生。


(၈) အရပ် (၁၀) မျက်နှာ အတွင်း၌ နေထိုင် ကျင်လည်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ပုရတ္ထိမာယ ဒိသာယ=(အရှေ့အရပ် ၌ရှိသော)

Puratthimaya disaya

In the Eastern direction,

在東方的,

ပစ္ဆိမာယ ဒိသာယ=(အနောက် အရပ် ၌ရှိသော)

Pacchimaya disaya

In the Western direction,

在西方的,

ဥတ္တရာယ ဒိသာယ=(မြောက် အရပ် ၌ရှိသော)

Uttaraya disaya

In the Northern direction,

在北方的,

ဒက္ခိဏာယ ဒိသာယ=(တောင် အရပ် ၌ရှိသော)

Dakkhinaya disaya

In the Southern direction,

在南方的,

ပုရတ္ထိမာယ အနုဒိသာယ=(အရှေ့တောာင် အရပ် ၌ရှိသော)

Puratthimaya anudisaya

In the South East direction,

在東南方的,

ပစ္ဆိမာယ အနုဒိသာယ=(အနောက် မြောက် အရပ် ၌ရှိသော)

Pacchimaya anudisaya

In the North West direction,

在西北方的,

ဥတ္တရာယ အနုဒိသာယ=(အရှေ့မြောက် အရပ် ၌ရှိသော)

Uttaraya anudisaya

In the North East direction,

在東北方的,,

ဒက္ခိဏာယ အနုဒိသာယ=(အနောက် တောင် အရပ် ၌ရှိသော)

Dakkhinaya anudisaya

In the South West direction,

在西南方的

ဟေဋ္ဌိမာယ ဒိသာယ=(အောက် အရပ် ၌ရှိသော)

Hetthimaya disaya

In the direction below,

在下方的,

ဥပရိမာယ ဒိသာယ=(အထက် အရပ် ၌ရှိသော)

Uparimaya disaya

In the direction above.

在上方的,

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)

Sabbe satta

My all beings,

願一切眾生,

သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)

Sabbe pana

All breathing things,

一切活著的眾生,

သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)

Sabbe buta

All creatures,

一切有形體的眾生,

သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)

Sabbe puggala

All individuals,

一切有各相的眾生,

သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု

Sabbe attabava pariyapanna

All personalities,

一切有身軀的眾生,

သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)

Sabba itthiyo

May all females,

所有雌性的,

သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)

Sabbe purisa

All males,

所有雄性的,

သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)

Sabbe ariya

All noble ones,

所有聖者,

သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)

Sabbe anariya

All wordling,

所有非聖者,

သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)

Sabbe deva

All deities,

所有天神,

သဗ္ဗေ မနုဿာ=(လူသား အားလုံး)

Sabbe manussa

All humans,

所有人類,

သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)

Sabbe vinipatika

All those in the four woeful planes;

所有苦道中的眾生,

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

May they be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

May they be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

May they be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂

(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)

Dukkha muccantu

May all beings be free from suffering,

願一切眾生脫離痛苦

(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)

Yathaladdha sampattito mavigacchantu

May whatever they have gained not be lost,

願他們不失去以正當途徑所獲取的一切

(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

Kammassaka.

All beings are owners of their Kamma.

願他們依據個人所造的因果而受生。


(၉) ကုန်းမြေပေါ်၌ နေထိုင်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)

Uddhamyava bavaggaca

As far as the highest plane of existence,

上至最高的天眾,

အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)

Adhoyava avicito

To as far down as the lowest plane,

下至苦道中的眾生

သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)

Smanta cakkavalhesu

In the entire universe,

在三界的眾生

ယေသတ္တာ ပထ၀ီစရာ=( နေထိုင်ကြသော ကုန်းနေ သတ္တ၀ါ အပေါင်းတို့သည်)

Yesatta pathavicara

Whatever beings that move on earth,

所有在陸地上生存的眾生

အဗျာပဇ္ဖာ နိဝေရာစ =( ဘေးရန် ကင်းကြပါစေ) ( ရောဂါ ကင်းကြပါစေ)

Abyapajja Niveraca

May they be free from mental suffering and enmity

願他們無精神的痛苦,無敵意,

နိဒုက္ခာစ နုပ္ပဒ္ဒ၀ါ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ) ( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

Nidukkhaca Nupaddava

May they be free from physical suffering and danger.

願他們無身體的痛苦,無危險。


(၁၀) ရေထဲ၌ နေထိုင်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)

Uddhamyava bavaggaca

As far as the highest plane of existence,

上至最高的天眾,

အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)

Adhoyava avicito

To as far down as the lowest plane,

下至苦道中的眾生

သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)

Smanta cakkavalhesu

In the entire universe,

在三界的眾生

ယေသတ္တာ ဥဒကေစရာ=( နေထိုင်ကြသော ရေနေ သတ္တ၀ါ အပေါင်းတို့သည်)

Yesatta udakecara

Whatever beings that move in water,

所有在水中生存的眾生

အဗျာပဇ္ဖာ နိဝေရာစ =( ဘေးရန် ကင်းကြပါစေ) ( ရောဂါ ကင်းကြပါစေ)

Abyapajja Niveraca

May they be free from mental suffering and enmity

願他們無精神的痛苦,無敵意,

နိဒုက္ခာစ နုပ္ပဒ္ဒ၀ါ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ) ( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

Nidukkhaca Nupaddava

May they be free from physical suffering and danger.

願他們無身體的痛苦,無危險。


(၁၁) လေထဲ၌ နေထိုင်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)

Uddhamyava bavaggaca

As far as the highest plane of existence,

上至最高的天眾,

အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)

Adhoyava avicito

To as far down as the lowest plane,

下至苦道中的眾生

သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)

Smanta cakkavalhesu

In the entire universe,

在三界的眾生

ယေသတ္တာ အာကာသေစရာ=( နေထိုင်ကြသော ရေနေ သတ္တ၀ါ အပေါင်းတို့သည်)

Yesatta akaseecara

Whatever beings that move in air;

所有在空中生存的眾生

အဗျာပဇ္ဖာ နိဝေရာစ =( ဘေးရန် ကင်းကြပါစေ) ( ရောဂါ ကင်းကြပါစေ)

Abyapajja Niveraca

May they be free from mental suffering and enmity

願他們無精神的痛苦,無敵意,

နိဒုက္ခာစ နုပ္ပဒ္ဒ၀ါ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ) ( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

Nidukkhaca Nupaddava

May they be free from physical suffering and danger.

願他們無身體的痛苦,無危險。

မေတ္တာပို့ ပါဠိ အနက် မြန်မာပြန် အင်္ဂလိပ် တရုတ် ပြီး၏။

မှတ်ချက်။ ။ ဤမေတ္တာပို့နည်းသည် ယခုအခါ နိုင်ငံတကာတွင် ခေတ်စားနေပြီး၊ ဘာသာပေါင်းများစွာ ပြန်ဆိုထား၊ ရွတ်ဆိုထားကြ၏။ မလေးရှားမှ (Imee Ooi)ကရွတ်ဆို ပူဇော်ထားသည့် မေတ္တာပို့နည်း ဖြစ်ပါ၏။

စာရေးသူ ရန်ကုန် တာမွေ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်စဉ်က မိမိသင်ကြားပေးနေသော Sunday School ကလေးများနှင့် ဤမဟာစည် ဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်း အပါအ၀င် “ယဉ်ကျေးလိမ္မာ ကလေးကဗျာ နှင့် ပုံပြင်များ” အမည်ဖြင့် ယင်းမာ တေးသံသွင်းမှ ကိုအောင်အောင်က ဦးဆောင်လျှက် ဒါရိုက်တာ မောင်ရွှစွန်က ရိုက်ကူးကာ VCD တစ်ခွေ ဖြန့်ချီခဲ့ပါသည်။ ယင်းမာတေးသံသွင်းမှ ယင်းအခွေကို သာသနာရေးဋ္ဌာနများ၊ တောင်တန်း သာသနာပြုဋ္ဌာနများသို့ အခွေပေါင်းများစွာ ဓမ္မဒါန လှူဒါန်းခဲ့ပါ၏။

ဝမ်းမြောက်ဖွယ် သတင်းမှာ ထိုအခွေ တစ်ခွေလုံးကိုသော်၎င်း၊ အပိုင်းပိုင်းဖြင့်သော်၎င်း၊ အင်တာနက်ပေါ်တွင် ကြည့်ရှု နားဆင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။


ကြည့်ရှု နားဆင်နိုင်သော ၀က်ဆိုက်များမှာ…

၁။www.burmeseclaassic.com

၂။www.youtube.com

၃။www.yatanavasatemple.ning.com

၎။www.theravadamyanmartemple.ning.com

၅။www.lovelyworld-uk.ning.com

၆။www.problemclean.ning.com

၇။www.foreverfriend.ning.com

၈။ www.yatanavasa.blogspot.com