Tuesday, August 10, 2010

မေတ္တသုတ်တော်


မေတ္တသုတ်တော်

မေတ္တသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း

မြတ်စွာဘုရားရှင်ရဲ့ ရွှေလက်ထက်တော်အခါက ရဟန်းတော်ပေါင်း ၅ဝဝ တို့ဟာ မြတ်စွာဘုရားရှင်ရဲ့ အထံတော်ကနေ ဝိပဿနာ ကမ္မဋ္ဌာန်းတရား ရှုမှတ်ပွား များ အားထုတ်တဲ့နည်းတွေကို သင်ယူမှတ်သားကြပြီးတော့ သာဝတ္ထိ ဇေတဝန်နဲ့ ဝေးလံတဲ့အရပ်မှာရှိတဲ့ ဟိမဝန္တာတော အစပ်က မဟာဝါသတောအုပ်ကြီးထဲမှာ ဝိပဿနာတရား အားထုတ်တော်မူနေခဲ့ကြပါတယ်။


ရဟန်းတော်များရဲ့ သီလတန်ခိုးကြောင့် ရုက္ခစိုးနတ် တွေဟာ သူတို့နေထိုင်ကြတဲ့ သစ်ပင်ဗိမာန်တွေ အပေါ် ကနေ အောက်ကိုဆင်းပြီး သားသမီးတွေ လက်ဆွဲလို့ ဆင်းဆင်းရဲရဲနေကြရတာ ကြာလာတော့ စိတ်ဆင်းရဲ ကြရရှာတာပေါ့။ ဒီတော့ ရဟန်းတော်တွေ စိတ်ညစ်ပြီး တောထဲကနေ ပြန်သွားကြလေအောင် ညအခါမှာ ကြောက်စရာကောင်းတဲ့ ရုပ်ပုံသဏ္ဍာန်တွေ, ကြောက်စရာ ကောင်းတဲ့အသံတွေ, ကြောက်စရာကောင်းတဲ့ အနံ့ဆိုး တွေနဲ့ ခြောက်လှန့်ပြကြတော့တာပါပဲ။


အဲဒီတော့ ရဟန်းတော်တွေဟာ သမာဓိလည်းမရ၊ ဝိပဿနာတရားလည်း ကောင်းကောင်းမရှုမှတ်နိုင်ကြတော့ တဲ့အတွက် မြတ်စွာဘုရားရှင်ထံ ပြန်ကြားလျှောက်ထား ကြပါတယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်က နတ်တွေ မနှောင့်ယှက်နိုင်အောင်, မေတ္တာဘာဝနာတွေ ပွားများ နိုင်အောင် ဟောဒီ မေတ္တသုတ် ပရိတ်ဒေသနာတော်ကို သင်ကြားပြသပေးပြီး ရဟန်းတော်တွေကို တောကြီးထဲကို ပြန်လွှတ်တော်မူလိုက်ပါတယ်။


ရဟန်းတော်တွေဟာ တောထဲပြန်ရောက်တယ် ဆိုရင်ပဲ မေတ္တသုတ် ပရိတ်ဒေသနာတော်တွေကို ရွတ် ဖတ်ရင်း မေတ္တာ ဘာဝနာ သမထကမ္မဋ္ဌာန်းကိုပါ ပွားများ ပို့လွှတ်တော်မူကြလေတော့ တောစောင့်နတ်တွေ, တောင်စောင့်နတ်တွေ, သစ်ပင်စောင့်နတ်တွေ, ဘုမ္မစိုး ရုက္ခစိုးတွေ အားလုံးက ဝိုင်းပြီး ကြည်ညိုကြလွန်းလို့ အားလုံးက ပြန်လည်ကူညီ စောင့်ရှောက်ကြပါတော့သတဲ့။


ဒီတော့မှ ကိုယ်ရောစိတ်ပါ ချမ်းသာပြီး သမာဓိ လည်းရ, ဝိပဿနာတရားကိုလည်း ရှုမှတ်ပွားများတော် မူနိုင်ကြတဲ့အတွက် အဲဒီနှစ် တန်ဆောင်မုန်းလပြည့် ဒုတိယ ဝါကျွတ်တဲ့ညမှာပဲ ရဟန်းတော် ၅ဝဝ လုံး အာသဝေါကင်းကွာ ရဟန္တာဖြစ်တော်မူခဲ့ကြပါတော့တယ်။


မေတ္တာပွားရင် ”ချမ်းချမ်းသာသာ အိပ်ရတယ်၊ ချမ်းချမ်းသာသာ နိုးရတယ်၊ အိပ်မက်ဆိုး မမက်ရဘူး၊ လူတွေက ချစ်တယ်၊ ဘီလူးသရဲ တစ္ဆေတွေက ချစ်တယ်၊ နတ်တွေက စောင့်ရှောက်တယ်၊ မီးလောင်တာ, အဆိပ် သင့်တာ, လက်နက်ထိတာမျိုး မဖြစ်ရဘူး၊ သမာဓိ ရလွယ်တယ်၊ မျက်နှာကြည်လင်ရွှင်ပျတယ်၊ သေခါနီး ပြုံးပြုံးကြီး သေနိုင်ခွင့်ရတယ်၊ သေပြီးရင် ဗြဟ္မာ့ပြည် ရောက်တယ်”ဆိုတဲ့ အကျိုးပေါင်း ၁၁ ပါးကို ရရှိစေနိုင်တဲ့ မေတ္တသုတ် ပရိတ်ဒေသနာတော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ ဖတ်ကြ နာကြ ကြည်ညိုပူဇော်ကြ ပါစို့ သူတော်ကောင်းတို့။


မေတ္တသုတ်တော်အမွှန်း

==========

(က) ယဿာ နုဘာဝတော ယက္ခာ နေဝ ဒေဿန္တိ ဘီသနံ။
ယဥှီ စေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

(ခ) သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတံ္တ တံ ဘဏာမ ဟေ။

အို-သူတော်ကောင်းတို့ မေတ္တသုတ်ပရိတ်တော်၏ အာနုဘော်တော်ကြောင့် နတ်အများတို့သည် ကြောက်မက် ဖွယ် အာရုံမျိုးကို မပြနိုင်ပဲရှိကြသည်၊ ထိုမေတ္တသုတ် ပရိတ်တော်၌ နေ့ညမပြတ် မပျင်းမရိပဲ ထပ်တလဲလဲ စွဲမြဲရွတ်ပွား ကြိုးစားအားထုတ်သူသည် ချမ်းချမ်းသာသာ အိပ်စက်ရ၏၊ အိပ်ပျော်သည်ရှိသော် မကောင်းသော အိပ်မက်မျိုးလည်း မမြင်မက်ရ၊ ဤသို့စသော အကျိုး အာနိသင်နှင့် ပြည့်စုံသော မေတ္တသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ဖတ်ပူဇော်ကြပါကုန်စို့။

မေတ္တာ ကြိုတင်ကျင့်ဖွယ် (၁၅)ချက်

၁။ ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူစ ၊
သုဝစော စဿ မုဒု အနတိမာနီ။

၂။ သန္တုဿကော စ သုဘရောစ၊
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

၃။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပဝဒေယျုံ၊
ဂ ( သုခိနော ဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ )ဂ

ငြိမ်းအေးသောနိဗ္ဗာန်သို့ ဉာဏ်ဖြင့်သက်ဝင်၍ နေလိုသော အကျိုးစီးပွား၌ လိမ္မာသောသူသည် (ဤဆိုလတံ္တ့သော အကျင့်တို့ကို)ပြုကျင့်အပ်၏။
(၁) ကျင့်စွမ်းနိုင်ရမည်။
(၂) ကိုယ်နှုတ်ဖြောင့်မတ်ရမည်။
(၃) စိတ်နေစိတ်ထား ကောင်းစွာဖြောင့်မတ်ရမည်။
(၄) ဆိုဆုံးမလွယ်ရမည်။
(၅) စိတ်ထားနူးညံ့ သိမ်မွေ့ရမည်။
(၆) လွန်ကဲတက်ကြွသော မာန်မာနမရှိရာ။
(၇) ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
(၈) မွေးမြူလွယ်ရမည်၊ (သူတစ်ပါးအပြုအစု မခက်စေရ)
(၉) အမှုကိစ္စနည်းပါး ရမည်၊ (အပိုအလုပ်တွေ နည်းရမည်)
(၁ဝ) ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိရမည်။
(၁၁) ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
(၁၂) ရင့်ကျက်သော ပညာရှိရမည်။
(၁၃) ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်းမရှိရာ။
(၁၄) ဒါယကာတို့၌ တပ်မက်မှုကင်းရမည်။
(ဒကာစွဲ၊ ဆရာစွဲ၊ လူမျိုးစွဲကင်းရမည်။)
(၁၅) ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်မှုကို စိုးစဉ်း အနည်းငယ်မျှလည်း မပြုမကျင့်ရာ။
ဂ(ခပ်သိမ်းသော သတ္တဝါတွေ ချမ်းသာကြပါစေ။
ခပ်သိမ်းသော သတ္တဝါတွေ ဘေးကင်းကြပါစေ။
ခပ်သိမ်းသော သတ္တဝါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။)ဂ

မေတ္တာပွားနည်း

၎။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ဝါ ထာဝရာ ဝ နဝသေသာ။
ဒီဃာ ဝါ ယေဝ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။

၅။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊
ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ကြွင်းမဲ့ဥဿုံအလုံးစုံသော (ထွက်သက် ဝင် သက်ရှိ)သတ္တဝါ (ထွက်သက်ဝင်သက်မဲ့)သတ္တဝါတို့ သည်လည်းကောင်း၊ ထိတ်လန့်တတ်သော(ပုထုဇဉ် သေက္ခ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ စိတ်ဓာတ် ခိုင်ခံ့သော(ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ခန္ဓာကိုယ်ရှည်သော သတ္တဝါတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်ကြီးသော သတ္တဝါတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်အလတ်စားရှိသော သတ္တဝါတို့သည်လည်း ကောင်း၊ ခန္ဓာကိုယ်ပုတိုသော သတ္တဝါတို့သည်လည်း ကောင်း၊ ခန္ဓာကိုယ်သေးငယ်သော သတ္တဝါတို့သည် လည်းကောင်း၊ ခန္ဓာကိုယ်ဆူဖြိုးသော သတ္တဝါတို့သည် လည်းကောင်း၊ မြင်ဖူးသော သတ္တဝါတို့သည်လည်း ကောင်း၊ မမြင်ဘူးသော သတ္တဝါတို့သည်လည်းကောင်း၊ အဝေး၌နေသော သတ္တဝါတို့သည်လည်းကောင်း၊ အနီး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ ဘဝ၌ဖြစ်ပြီး ကြသော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဘဝ အသစ်ကို ရှာမှီးနေကြကုန်သေးသော ပုထုဇဉ် သေက္ခ ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ခပ်သိမ်းကုန်သော သတ္တဝါ တို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသတည်း။

မှတ်ချက်။ ။ ဤဂါထာ၏ အသေးစိတ် မေတ္တာပွား နည်းကို မေတ္တသုတ်အဆုံးတွင် ပြထားပါသည်။

၆။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။

  • တစ်ယောက်နှင့်တစ်ယောက် အမျက်ဒေါသကင်း ကြပါစေ။
  • တစ်ယောက်နှင့် တစ်ယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
  • တစ်ယောက်နှင့် တစ်ယောက် ဒေါသဖြင့်ချုပ်ချယ်မှု ကင်းကြပါစေ။
  • တစ်ယောက်နှင့်တစ်ယောက် (အချင်းချင်း) ဆင်းရဲ ဒုက္ခရောက်ခြင်းကို အလိုမရှိကြပါစေလင့်။


မေတ္တာရှင်တို့၏ စိတ်ထား

၇။ မာတာယထာ နိယံပုတ္တ
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု။
မာနသံ ဘာဝယေ အပရိမာဏံ။
မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသော သားကို အသက်ရှင်စေရန် အစဉ်စောင့်ရှောက်ဘိသကဲ့သို့ (အသက်နှင့်လဲ၍ အစဉ်စောင့်ရှောက်ဘိသကဲ့သို့) ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

မေတ္တာနယ်ပယ်
၈။ မေတ္တဉ္စ သဗ္ဗလောကသ္မိ
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။

အထက်၊အောက်ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်းမရှိသော၊ အတွင်းရန်၊ အပြင်ရန်ကင်းသော၊ အတိုင်းအရှည်မရှိသော (မေတ္တာ စိတ်ကို ပွားများရာ၏။)
ဣရိယာပုတ်လေးပါး မေတ္တာပွား

၉။ တိဋ္ဌံ စရံ နိသိန္နော ဝ၊
သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မမေတံ ဝိဟာရ မိဓ မာဟု။

ငိုက်မျဉ်းခြင်းကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်သမျှ လျောင်းနေသမျှ ကာလပတ်လုံး ဤ (မေတ္တာနှင့် ယှဉ်သော) သတိကိုပွားများအံ့ဟု ဆောက်တည်ရာ၏၊ ဤသာသနာတော်၌ မေတ္တာနှင့်ယှဉ်သော သတိဖြင့် နေခြင်းကို မြတ်သောနေခြင်း (ဗြဟ္မဝိဟာရ)ဟူ၍ မြတ်စွာ ဘုရားတို့ ဟောတော်မူကုန်၏။

မေတ္တာသမထမှ ဝိပဿနာသို့

၁ဝ။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊
န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

(ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည်) သက္ကာယဒိဋ္ဌိသို့လည်း မကပ်ရောက်မူ၍ (လောကုတ္တရာ) သီလရှိသည်ဖြစ်လျက် သောတာပတ္တိမဂ်ဥာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တဖန်ပဋိသန္ဓေနေ ခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။

မေတ္တသုတံ္တ နဋ္ဌိတံ
မေတ္တသုတ်တော် ပြီး၏။


မှတ်ချက်။ ။ တရားတော်အသံကို နာယူလိုပါက ဤနေရာကို နှိပ်ပါ။

မင်းကွန်တိပိဋက ဆရာတော်၏ အရပ်(၁၀)မျက်နှာမေတ္တာပို့နှင့် မေတ္တာသုတ်တရားတော်


METTA SUTTA

DISCOURSE ON LOVINGKINDNESS

46.

yassanubhavato yakkha, nevadassenti bhisanam;

yamhi cevanuyunjanto, rattindivamatandito.




47.

sukham supati sutto ca, papam kinci na passati;

evammadi gunupetam, parritamb tam bhanama he.




48.

karaniyam atthakusalena, yanta santam padam abhisamecca

sakko uju ca suhuju ca, suvaco cassa mudu anatimani




49.

santussako ca subharo ca, appakicco ca sallahukavutti;

santindriyo ca nipako ca, appagabbho kulesvananugiddho.




50.

na ca khuddhamacare kinci, yena vinnu pare upavadeyyum;

sukhino va khemino horitu, sabbasatta bhavantu sukhitatta.




51.

ye keci panabhutatthi, tasa va thavara va-navasesa;

digha va ye va mahanta, majjhima rassaka anukathula.




52.

dittha va ye va additha, ye va dure vasanti avidure;

bhuta va sambhavesi va, sabbasatta bhavantu sukhitatta.




53.

na paro param nikubbetha, natimannetha katthaci na kanci;

byarasana patighasanna; nannamannassa dukkhamiccheyya.




54.

mata yatha niyamputtam ayusa ekaputtamanurakkhe;

evampi sabbabhuitesu, manasam bhavaye aparimanam.




55.

mettanca sabbalokasmi, manasam bhavaye aparimanam;

uddham adho ca tiriyanca, asambadham averamasapattam.




56.

tittham caram nisinno va, sayano yavatassa vigatamiddho;

etam satim adhittheyya, brahmametam vihara-midha-mahu.




57.

ditthinca anupaggamma, silava dassanena sampanno;

kamesu vinaya gedham, na hi jatuggabbhaseyya puna-reti.


Metta Suttam Nitthitam.

Khuddakapatha 10-11; Suttanipata 300-302


3. METTA SUTTA

( Metta=Love; Affection; benevolence; eros; agape amour; Loving-kindness. )

Discourse on Love

Introduction
46.

Due to the glorious power of this discourse on Love, spirits dare not disclose the frighful sights.

One who devotes to himself this doctrine day and night diligently.

47.

sleeps soundly and does not see any nightmare when asleep.

Oh thou! Let us recite this doctrine endowed with such and other merits.

48.

He who is clever in the benefaction and who has anticipated in the attainment of the state of Perfect Tranquility

must work to be efficient, right, upright, discussable, gentle, and humble,

49.

Contented, well-bred, less responsible, of fugal livelihood, serene in faculties, prudent, modest, not hanker after the families.

50.

He must not commit even the slightest sin for which the wise men might censure.

He must contemplate thus:- may all sentient beings be cheerful and be endowed with happy secured life.

51.

Whatever breathing beings there may be the frail ones or the firm creatures, with no exception tall or stout, short or meduim-sized, thin or fat,

52.

Those which are seen or those unseen those who are dwelling far or near those who are already born or those still seeking to become yet.

May all these beings be endowed with happy-life.

53.

Let not one be angry with another, let him not despise anyone in any place

By means of physical and verbal provocation or by frustrated enmity,

Let one not wish another's suffering.

54.

Just like a mother would protect her baby, the only child, even so towards with her lifeall beings

Let one cultivate the (Agape) boundless spirit of love.

55.

Let him radiate the boundless of love rays towards the entire world, to the above, below, and across unhindered, without malice and enmity.

56.

While standing, walking, or reclining, as long awake without sloth, sitting, as he be

Let him devote himself to this mindfulness.

This is called in this religion as "Noble Living" (Holy life).

57.

If the meditator, without falling into wrong view (egoism), be virtuous, and endowed with perfect insight, has expelled passion in sensual desires,

he will surely come never again to be born in any womb. The end of Metta-sutta



The End of Metta Sutta

3. DISCOURSE ON LOVINGKINDNESS.

Historical Sketch

Lord Buddha was then residing at Savatthi in the pleasaunce of Anthapindika; and a group of monks received permission from the Lord to meditate in a distant forest during their retreat for the rainy season. The monks took shelter under huge trees as temporary residence and engaged themselves intensively in the practice of meditation.

The tree deities inhabiting this forest could not stay in their tree-abodes which were above the monks, for the monks were imbued with spiritual power due to meditation, and they had to come down to stay on the ground. So the deities were very much annoyed and frustrated; and when they realised that the monks would spend the whole rainy season there, they tried to scare the monks away during the nights. They purposely harassed the monks in various ways.

Living under such impossible conditions for some time, the disturbed meditators rushed back to the Buddha and informed about their difficulties. So the Buddha advised them to recite the text of Loving-kindness and to radiate the spirit of Love to all sentient beings. Encouraged by this media, the meditators returned to forest and practised in accordance with the instructions to permeate the entire atmosphere with the radiant thoughts of Love. The tree-gods were very much pleased to be affected by this power of love and thenceforth let the monks stay there to meditate peacefully without any further disturbances.

This discourse, as a matter of fact, is the Buddhist doctrine of Love, which promulgates the method of practice to disseminate Love in order to attain Purity and Peace to realize finally the Perfect Emancipation.

This sutta is composed of twelve stanzas, with two introductory verses beautifully set by the learned elder-monks of Burma.


The Minor Readings; P.T.S. tr. The Lovingkindncss Discourse, pp. 10-11

The Illustrator of Ultimate Meaning; P.T.S. tr. Ch. IX, pp. 265-294.


Metta Sutta

Translated from the Pali by Thanissaro Bhikkhu.

For free distribution only.

This is toTThis is to be done by one skilled in aims
who wants to break through to the state of peace:
Be capable, upright, & straightforward,
easy to instruct, gentle, & not conceited,
content & easy to support,
with few duties, living lightly,
with peaceful faculties, masterful,
modest, & no greed for supporters.


慈經
坦尼沙羅尊者英譯,良稹中譯

爲了解脫、獲得寧靜,

善達目標者當如此行:
能幹、端正、直接、
易教、溫和、不自滿、
知足、易養、
少管事、生活簡樸、
諸根寂靜、技能完善、
謙虛、對供養者不貪。


Do not do the slightest thing
that the wise would later censure
不做任何
事後受智者指責之事。


Think: Happy, at rest,
may all beings be happy at heart.
Whatever beings there may be,
weak or strong, without exception,
long, large,
middling, short,
subtle, blatant,
seen & unseen,
near & far,
born & seeking birth:
May all beings be happy at heart.

這樣想: 喜樂、平安,
願一切衆生心有喜樂。
一切衆生,
無論軟弱、強壯、
長、大、
中等、短小、
精細、粗顯、
可見、不可見、
遠、近、
已出生的、將投生的:
願一切衆生心有喜樂。


Let no one deceive another
or despise anyone anywhere,
or through anger or irritation
wish for another to suffer.

願人們不相互欺騙、
不鄙視任何地方的任何人,
不以怒意、敵意,
願他人受苦。


As a mother would risk her life
to protect her child, her only child,
even so should one cultivate a limitless heart
with regard to all beings.
With good will for the entire cosmos,
cultivate a limitless heart:
Above, below, & all around,
unobstructed, without enmity or hate.
Whether standing, walking,
sitting, or lying down,
as long as one is alert,
one should be resolved on this mindfulness.
This is called a sublime abiding
here & now.

如一位母親
舍命保護親子、獨子,
他更應對一切衆生
長養無量之心。
以對全宇宙的善意,
長養無量之心:
自上、自下、周遭,
無障礙、無敵意、無恨意。
無論站、行、
坐、臥,
凡清醒時,
他應當確立此念。
這稱為即時即地的
梵住之心。


Not taken with views,
but virtuous & consummate in vision,
having subdued desire for sensual pleasures,
one never again
will lie in the womb.

不受觀念左右,
有戒德與具足見,
滅除了感官貪欲,
他不再投胎。


《慈經》/張慈田  
  熟練善法及得到寂靜

熟練善法及得到寂靜,他應該要:
 
    能幹、坦誠、正直、善語、柔軟、不傲慢;
 
    知足、易養、少俗務、簡樸生活;
 
    六根寂靜、謹慎、謙虛、不貪著於家庭;
 
    他不應該犯智者會指責的任何過失。
 
 
    他應該要這樣發願:
 
  願所有眾生喜樂平安。
 
  願眾生充滿喜樂。所有眾生都包括在內,無論是動的、靜的,長的、粗的、中等
 
      的、短的,大的、小的,可見的、不可見的,遠的、近的,已出生的、未出生
 
      的,願他們都充滿喜樂。
 
  願在任何處所任何人都不相敵對、輕視。
 
  願任何人都不以憤怒、惡念加害於人。
 
  願修養無量的慈心對待一切眾生,
 
 
  像母親寧願犧牲生命護衛其獨子。
 
  願慈悲心廣被整個高處、低處、平坦的世界,無有障礙、瞋恚、仇恨。
 
  不管在行、立、坐、臥,任何時候都應該保持慈心的正念。這被認為是人間的梵
 
      界生活。
 
  不墮惡見,具足戒律及智見,斷除感官的貪欲,就不會再度投胎。
 
    Sutta-nipata(經集)I.8

【嘉義新雨】期刊第十三期, 臺灣, 1996.05


《慈悲經》簡介

《慈 悲經》是南傳小部經中小誦經之一,它是修持慈心禪(止禪)的重要參考經典。在此經中,佛陀宣示了修持善法的綱領,其中除較著重修習慈悲心的發願內容外,也 提醒我們修習慈悲心前的準備,即調昇德行或自利利他的優良行為和習慣,也包括進修正念(四念處觀禪),體證涅槃,獲得解脫。平實具體,層次分明,對於認真 追求世間幸福或出世間解脫的初心修行人士,極有參考價值。
我參考了數編中英文譯本重譯此經,並附加了數則簡註於本文之後,希望讀者能細心閱讀、思考、尋解、以及行持體證;更希望不幸的人生能迅速停止,幸福的人生能繼續維持、增長,以及無上的幸福(涅槃)能早日降臨行者身上。
慈 悲心是一種善法欲,初修慈心禪時,散發慈心和善念的對象不宜一開始就選擇自己不喜歡的人、自己的仇敵、或是異性。宜先向自己、然後選一自己最喜歡、仰慕或 專敬的人、然後喜歡的親友、然後不喜歡也不厭惡的人(如陌生人)、然後不喜歡的人、然後自己所厭惡的怨敵、最後是所有其他眾生。熟練後,亦可因應環境和需 求,向特定的某一(或某類)眾生或有情,集中散發善念,亦可一般性地,先向自己,後向所有眾生,或上下、四維所有眾生散發善念。例如:「願我能遠離危難、 憂慮、苦痛,得到快樂、安祥寧靜、以及對想望已久的好結果感到滿意。」「願所有眾生(或分為人、天人、其他眾生;亦可由近處漸漸推至遠處的人)皆能 …… 。」
現請看以下【附錄】中的《慈悲經》。

《慈悲經》 

一個善於修習善法,希望得到心境寧靜的人,他應如是努力:令自己能幹、正直、高潔、恭順、溫柔與謙虛。
他應知足、少欲、少俗務、生活簡樸、對感官欲樂有自制力、謹慎、不厚顏無恥,亦不貪戀眷屬。
他應勤求無過,以免遭到賢明人士的譴責;他應常發善願:
>
願一切眾生皆能快樂、安穩、以及心智健康。
>
願一切眾生 ── 無論是弱或強,高或矮,長或短,強壯或中等,大或小,看得到的或看不到的,住在遠方的或住在近處的,已生的或即將出生的 …,無一例外,皆心境快樂。
>
願不論何處,不管誰都不會欺騙任何人、蔑視任何人;願他在盛怒或惡意時,也不會傷害他人。
>
願他能像一個不顧自身安危、保護著她的獨子的母親一樣,培養到對一切眾生的無限慈愛。
>
讓他無限的慈愛普及全世界,遍於十方,沒有障礙與阻撓,沒有仇恨,也沒有敵意。
無論行、住、坐、臥,祇要醒著,他都必須發展他的正念(修習四念處),這才是智者所稱的"梵行 ── 最清高的行為"
沒有過失,但有戒德,且有洞察力地捨棄愛欲,依於真理,他將不再轉世輪迴。
[
]

(1) 慈悲:慈愛眾生(包括自己在內)並給與快樂(與樂),稱為慈;同感其苦,憐憫眾生,並拔除其苦(拔苦),稱為悲;二者合稱為慈悲。
(
2) 善:能於現在世、未來世中,給與自他利益之法,泛指與善心相應之一切思想行為。
(
3) 善法:指合乎於「善」之一切道理,即指五戒、十善、三學、六度。為「惡法」之對稱。五戒、十善為世間之善法,三學、六度為出世間之善法,二者雖有深淺之差異,而皆為順理益世之法,故稱為善法。
(
4) 賢明人士:通情達理、有道德或良好行為和習慣的各階層人士。


慈經注 序
明法比丘

《慈經》在上座佛教是家喻戶曉的一部經典,它並不是以美麗的詞藻,或動人的故事吸引人,而是其內容對美化內心有強大的作用,也對消災解厄有濟急的作用。

中國字「慈」,有「愛」、「惠」、「仁」之義,這些都是儒家及教育者的重要施教及修養德目。但是儒家、老莊思想等,並沒有全天候乃至經年累月修習 「慈」的教導。古代中國佛教雖沒有《慈經》,但是「慈愛」並沒有缺席,因為有觀世音的《普門品》,廣為民眾所喜愛、念誦及流傳。只是它是依靠菩薩大慈大悲 的他力加庇,跟依靠自力救濟的「慈心」不同。「慈心」的濟拔原理:即時在內心產生強大的慈念,令災厄(惡業的果報)中斷或消減,即大厄化小厄,小厄化更 小。

人間有種種苦難,小則病苦、不愉快、衝突、失意,大則打打殺殺乃至戰爭,這些苦難都是自己所造惡業的結果,無一樣是自然的,或者沒有原因的,或者 是由善業轉變成惡果。對於「救苦救難」一事,只能靠自己的善業來自救,上座部佛教並沒有依靠菩薩的想法,倒是發展出「護衛經」,以免除眾生的苦難。

佛教達到解脫的途徑是親近善友,聞法,論法,持戒,修禪,行八正道等,「法」本身就有自護、護他的力量,而「法」中的「慈」這一項,對滅除苦難則 特別有濟急的作用,因此,《慈經》就應運而出。《慈經》本身的義理即淺白易懂;再加上《慈經注》的詮釋,則更能深入「慈」的道理;編者於本書中,則再添加 「補注」與注解,以讓文義更為順暢與顯然。

最後,願所有讀誦、贊助、流通、贊歎慈經的人,或修習慈心者,都能充滿慈心,並晉身解脫之列。