Friday, May 18, 2012

အောင်သင်းနှင့် ပိဋကတ် (၃)ပုံ


 အောင်သင်းနှင့် ပိဋကတ် (၃)ပုံ
(၁)
အောက်ပုဂံ (မြောင်းမြ) ရှိ ရှေးဟောင်း စေတီပုထိုးများကို ပြန်လည်တည်ထားကိုး ကွယ်ရန်အတွက် အထက်ပုဂံ (ပုဂံညောင်ဦး) သို့ လေ့လာရေးရောက်ခဲ့ ပါသည်။   ရောက်သခိုက် ဆရာကြိုင် (မင်းဘူးအောင်ကြိုင်) အား တွေ့လို၍သွားရာစာပေဟောပြောရန်သွား ကြောင်း အိမ်ကပြောသဖြင့် ဟောပြောပွဲသို့ လိုက်သွားပါသည်။ ”ဆရာအောင်သင်းလည်း ပါသတဲ့” လို့ပြောသဖြင့် အတော်ပဲဟု တွက် မိပါသည်။ ဟောပြောပွဲတွင် ဆရာကြိုင်အပြင် ကိုကျော်စွာ (ချစ်ဦးညို)၊ အော်ပီကျယ်တို့ကို ပါ တွေ့ ရပါသည်။ ဆရာ့ကိုမတွေ့ရ။ ဒီည ဆရာ့အလှည့်မဟုတ်။ နောက်တစ်နေ့ ဆရာ တည်းခိုရာဟိုတယ်သို့ သွား၍တွေ့သည်။ ကြုံ သခိုက် ဆရာ့ကို ဧည့်ဝတ်ဖြည့်ချင်သောကြောင့် ဖြစ်ပါသည်။

ဆရာ့ကိုတွေ့တော့ ထိတ်လန့်ဝမ်းသာရ ပါသည်။ မတွေ့ရတာကြာပြီဖြစ်သော ဆရာ ၏ရုပ်သွင်မှာ ဆံပင်တွေဖွေးဖွေးလှုပ်နေသည့် အဘိုးအိုဖြစ်နေေ ပပြီ။ ဆရာ့အသက် (၈ဝ) ကျော်ပြီဆိုတော့ ဘာမျှမကြာလိုက်ဘူးဟု တွေးမိသည်။ ဇရာက ထိတ်လန့်စရာပါ။ယခု အရွယ်ထိ သွားနိုင်လာနိုင်၊ စားနိုင်သောက်နိုင် သေး သည်ကို မြင်ရ၍လည်း ဝမ်းသာကြည်နူး မိပါသည်။မတွေ့ရတာကြာပြီဖြစ်သောကြောင့် ဆရာက ကျွန်တော့်ကို ဝါးတားတား။ စစ် တက္ကသိုလ်အကြောင်း စကားပြန်ေ ကာက် တော့မှ ဆရာကမှတ်မိပြီးအာသွက်လာသည်။ ဆရာက စစ်တက္ကသိုလ် မြန်မာစာ ဌာနတွင် အရပ်သားကျောင်းဆရာ လုပ်ခဲ့ဖူးသည်။စစ်တက္ကသိုလ်သံယောဇဉ်က ခုထိချည် နှောင်ထားဆဲဖြစ်သည်။ ဆရာမှမဟုတ်။ စစ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ သော အရပ်သားဆရာအားလုံးလိုလိုက တပည့်ဗိုလ်လောင်းတွေကို ယနေ့ ထိ မေတ္တာ ပိုနေကြဆဲ။ တပည့်တွေကလည်း ဗိုလ်ချုပ် ကြီးတွေ၊ဘာကြီးညာကြီးတွေ ဖြစ်နေကြပါ စေ ဆရာသမားကို လေးစားစွာဖြင့် ဂါရဝပြု မြဲ။ ကန်တော့မြဲ။ အလွန်ချစ်စရာကောင်း သော မြန်မာ့ဓလေ့ထုံးတမ်းပါ။

ဆရာနှင့် ရှေးဟောင်းနှောင်းဖြစ် အတော်ကြာပြောဖြစ်သည်။ ၁၉၈၈ မတိုင်မီ ကဆိုလျှင် ဆရာ့ဟောပြောပွဲများကို မက်မက် မောမောနားထောင်ခဲ့သည်။ ဆရာကအတွေး ကောင်း၊ အရေးကောင်း၊ အဟောကောင်း၊ အပြောကောင်းကြီးပါ။ လူငယ်များအတွက်ဆရာက အသိဥာဏ် မြိုးမြိုးမြက်မြက် ပေး တတ်သည်။ ကြာတော့လည်း ကျန်ခဲ့ပါပြီ။ ဆရာ့အပြောတွေနှင့်စိမ်းခဲ့သည်မှာ ဆယ်စု နှစ်ကျော်ပါပြီ။ ဆရာ့အယူအဆအချို့ကို ကျွန်တော်သဘောမ တူတော့ပါ။ မျိုးဆက် သစ်ပါးဝလာသောကြောင့်လားတော့မဆိုနိုင်။ ဆရာကကိုယ့်ထက်အများကြီး လျင်ပါသည်။  ”ည…ငါ့ဟောပြောပွဲကိုမလာနဲ့။ ငါ ကလေးတွေအ တွက်ဟောတာ။ မင်းတို့ အတွက်မဟုတ်ဘူး။ မလာနဲ့”ရန်ကုန်ရောက်တော့ ဆရာလိုချင်သည့် လိမ်းဆေး ဆရာ့ထံရောက်အောင် ကျွန်တော် မှတ်မှတ်ရရ ပို့ပေးခဲ့ပါသည်။

(၂)
ကမ္ဘာအေး သာသနာရေးဦးစီးဌာန စာအုပ်ဆိုင်တွင် စာအုပ်ပုံကြားမှာ ‘အောင် သင်း’ အမည်ပါသော စာအုပ်တွေ့ခဲ့သဖြင့် ဆွဲထုတ်ကြည့်မိသည်။ ‘မျိုးဆက်သစ်များ အတွက် ပိဋကတ်မိတ်ဆက်’၊ အလွန်ပင်စိတ် ဝင်စားဖွယ်ကောင်းသော အမည်ဖြစ်ပါသည်။ဆရာ့ကို မြန်မာစာဆရာကြီးအဖြစ် သိ ပါသည်။ မဟာဝိဇ္ဇာဂုဏ်ထူး 

အမှတ် (၁) အဖြစ် သိပါသည်။ ဆရာက တောင်တွင်း ကြီးသားဖြစ်သော်လည်း ပရိယတ္တိအကျော် မြင်းခြံကိုးဆောင်တိုက်ထွက်တော့ မဟုတ်။ သရက်တောရက (၂) ဆောင်လား၊ (၃)
ဆောင်လား၊ ဘယ်တိုက်ကလဲတော့ ကျွန်တော်မသိ။ ဝါတော့ ရခဲ့ဖူးမည်ထင်ပါ သည်။ ဆရာ ဘယ်စာကို ဘယ်နှဝါသင်ခဲ့၍ ပိဋကတ်တော်များကို လူငယ်လေးတွေနှင့် ဘယ်လိုမိတ်ဆက်ပေးမှာပါလဲ။ စိတ်ဝင်စားစ ရာ မေးခွန်းတွေနှင့်အတူ စာအုပ်ကလည်းပါးပါးသေးသေး၊ စာအုပ်ဈေးကလည်း ကျပ် ၁၂ဝဝ ဆိုတော့ ဆွဲဆောင်မှုရှိသည်။ (နောင်မှ သိသည်၊ တိုက်ဖြန့်ဈေးက ၈ဝဝ ကျပ်သာ)။

 အောင်သင်း သာသနာပြုတော့မှာ လား။ လူငယ်တွေကို ဘာသာရေးအသိပေး တော့မှာလား။ ဆရာက ဘာသာရေး ဦးတည် ချက်နှင့်ရေးတာ လုံးဝမဟုတ်ဟု ဆိုပါသည်။”ပိဋကတ်တော်တွေနဲ့  လူငယ်တွေ စိမ်း  လွန်းနေတယ်ထင်တာကြောင့် ပိဋကတ်မိတ် ဆက်ကို ရေးနေခဲ့တယ်။ ပိဋကတ်ဆိုရင် နိဗ္ဗာန်ရောက်ကြောင်းမို့ ဘုန်းတော်ကြီးတွေ၊ အဘိုးကြီးတွေနဲ့ဆိုင်တယ်လို့ ထင်တတ်ကြ တယ်။ တကယ်ဆိုတော့ ပိဋကတ်တော်မှာ လူငယ်တို့ဘဝ တက်လမ်းအတွက် သုံးမကုန် တဲ့ နည်းလမ်းတွေပါနေတယ်ဆိုတာ လူငယ် တွေ မသိကြဘူး”။

”ဘုရားရှင်ရဲ့ တရားတော်တွေဟာ နိဗ္ဗာန်ရောက်ကြောင်း သက်သက်မျှမ ဟုတ် ဘူး။ လူ့လောကမှာ မှန်မှန်ကန်ကန်ကြီးပွား အောင် လမ်းညွှန်ပေးနိုင်တဲ့ ‘တက်ကျမ်း’ ကြီး တွေလည်း ဖြစ်နေပြန်တယ်မဟုတ်လား။” ဆရာ့စာကိုမြည်းရင်း   ကျေး ဇူးရှင် ဝေဘူရဟန္တာအရှင်မြတ်ကြီး အကြိမ်ကြိမ်ဟော ကြားတော်မူသော ဒေသနာတစ်ပိုဒ်ကို အောက်မေ့သွားမိသည်။ ”ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ နှစ် ဖြာကို   ပေးစွမ်းနိုင်တာဟာ ဘုရားရှင်အဆုံး အမကလွဲလို့ တခြားမရှိဘူး။ ဘုရားရှင်အဆုံး အမဆိုတာ  ပိဋကတ်သုံးပုံပဲ”ဆရာ ဘယ်အချိန်က ပိဋကတ်မှော် အောင်သွား ပါလိမ့်ဟု တွေးမိနေသည်။

(၃)
ခေတ်အမြင် ခေတ်အတွေးနှင့် ခေတ် အရေးကို ဆောင်ရွက်ကြသော ခေတ်ရှေ့ ဆောင်အများစုမှာ ဘိုးဘွားအမွေအနှစ် ဗုဒ္ဓ ဝါဒကို ဘုရားစင်မှာပဲထားခဲ့သည်မှာ အေ တာ် ကြာခဲ့ပါပြီ။ ဆရာအောင်သင်းထောက်ပြ သော ဘာသာရေးရဲ့သြဇာကို အရေးတကြီးသုံးသပ်မည့်သူများမှာ မျိုးဆက်သစ်ကလေး များသာမက ရှေ့မှ မျိုးဆက်ကြီး တို့ဖြစ်သင့် မဖြစ်သင့် ဖတ်ကြည့်ပါဦး။”မြန်မာပြည်မှာ ဗုဒ္ဓဘာသာလွှမ်းမိုးလာ ခဲ့တာ နှစ်ပေါင်းတစ်ထောင်နီးပါး ရှိလာခဲ့ပါ ပြီ။ 

(တကယ်တော့ လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ကျော် ဗုဒ္ဓစပွင့်ကတည်းက မြန်မာ ပြည်သို့ရောက်ခဲ့ကြောင်း ရွှေတိဂုံဘုရားကြီး နှင့် တကောင်း၊ သရေခေတ္တရာတို့မှယဉ်ကျေးမှုအထောက်အထားတွေက သက်ေ သခံနေပါ သည်။ ဤကား စကားညှပ်) ယဉ်ကျေးမှုဟူ သမျှမှာ ဘာသာရေးယဉ်ကျေးမှုဟာ ခွန်အား အကြီးဆုံးမဟုတ်လား။ တခြားယဉ်ကျေးမှု တွေဟာ ဘာသာရေးကို အမှီပြုပြီး ဖွံ့ဖြိုးလာရ စမြဲပါပဲ။ဘာသာကိုးကွယ်မှုသဒ္ဓါစိတ်ကြောင့် ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ကဗျာ၊ ဂီတ၊ စာပေ စတဲ့ ယဉ်ကျေးမှုတွေ၊ လူမှုဆက်ဆံရေးယဉ် ကျေးမှုတွေ တစ်ခဲနက် တိုးတက်ဖွံ့ဖြိုးလာခဲ့ရ တယ်။ ဘာသာရေးကြောင့် လူတွေ စိတ် ဓာတ်ယဉ်ကျေးလာတယ်။လူသားအချင်းချင်းစောင့်ရှောက်လာကြတယ်။

 ….အတိုချုပ် ပြောရ ရင်တော့ ဘာသာရေးယဉ်ကျေးမှုဟာ လူတွေကို အလွှမ်းမိုးဆုံးဆိုတာကို သတိရနေ ကြဖို့ပါပဲ။ဒီလိုဆိုတော့ မြန်မာပြည်မှာ နှစ်ပေါင်း တစ်ထောင်နီးပါး အခြေတည်လာခဲ့ တဲ့ ဗုဒ္ဓ ဘာသာဟာလည်း မြန်မာတို့ကို လွှမ်းမိုးလာ တော့မှာပေါ့။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့ကိုသာ မဟုတ်ပါဘူး၊ မြန်မာပြည်မှာ ပေါက်ဖွားနေထိုင်တဲ့ တခြားဘာ သာဝင်တွေ၊တခြားလူမျိုးတွေအပေါ်မှာ လွှမ်းမိုးလာတာ ကို တွေ့နိုင်ပါတယ်။ ဒီလောက်တောင် လွှမ်းမိုးသြဇာပြုနေ တဲ့ ဘာသာတရားကြီးအကြောင်းကို တတ် နိုင်သ မျှ သေသေချာချာ လေ့လာမကြည့်ကြ သင့်ပေဘူးလား။ နိဗ္ဗာန်တွေ၊ သံသရာတွေ၊ တမလွန်တွေကို ဘေးဖယ်ထားလိုက်ဦး၊ သဘောတရားသက်သက်ကို စဉ်းစားမ ကြည့်သင့်ပေဘူးလား”

(၄)
 ဘာသာရေးနှင့် နိုင်ငံရေး
ဆရာမိတ်ဆက်ပေးသော ပိဋကတ် တော်လာသုတ်များမှာ ကာလာမသုတ်၊ ဝဿကာရသုတ်၊ သုဝီရသုတ်၊ဗောဓိရာကုမာ ရသုတ်၊ ပဓာနသုတ် စသည်တို့ဖြစ်သည်။ ဓမ္မ ကထိက ဆရာတော်များလည်း မျက်စိကျ တတ်သော သုတ္တန်များဖြစ်၍အဆန်းဟုတော့မဆိုနိုင်ပါ။ သို့သော် ထိုသုတ်များကိုဖွင့်ဆို သည့် အောင်သင်း၏သုံးသပ် ချက်မှာ လုပ် ချက်ကလှရုံမက မြ၍နေသည်။ဝဿကာရသုတ်ကို အောင်သင်းဖွင့်ပုံ လေး မြည်းကြည့်ပါ။
 ”တိုင်းပြည် တိုးတက်ကြီးပွားကြောင်း မြတ်စွာဘုရားဟောတော် မူသော ဒေသနာမှ ရဟန်းသံဃာတော်များကို စောင့်ရှောက်ခြင်း ကို ဖွင့်ဆိုသွားပုံပါ။ 

‘ရဟန်းသံဃာတော်များကို စောင့် ရှောက်ခြင်း’ ဆိုတာကိုလည်း စဉ်းစားကြည့် ဖို့သ င့်ပါတယ်။ ဘာသာရေးလို့ ဆိုနိုင်တယ်။ ဘာသာရေးနဲ့နိုင်ငံရေးဟာ တခြားစီတော့  အမှန်ပဲ။ ဒါပေမဲ့ နိုင်ငံတော် အေးချမ်းသာ ယာရေးဆိုရင်တော့ဖြင့် ဘာသာရေးဟာ မလွဲမသွေပါလာရပါပြီ။ လူတွေဟာ ဘာသာရေး ယုံကြည်မှုခိုင်မာပြီး ဘာသာရေးအဆုံးအမ တွေကို လိုက်နာကြပြီဆိုရင် အစိုးရမှာ အလုပ်တွေ သိပ်ပြီး သက်သာသွား တာပေါ့။ ထောင်တွေတန်းတွေမှာလူနည်း သွားတာ ပေါ။့ရာဇဝတ်မှုခင်းတွေ ပျောက်သွားတာပေါ့။မင်းမိန့်မင်းအာဏာကို လူတွေမ ကြောက်ဘူး မဟုတ်ပါဘူး၊ ကြောက် ကြပါ တယ်။ ဒါပေမဲ့ လစ်မယ်ဆိုရင် ကျူးလွန်ချင်  ကျူးလွန်ကြတာပဲ။ မီးပွိုင့်မှာဘတ်စ်ကားပေါ် က မဆင်းရဘူးလို့တားမြစ်ထားတာပဲ။ဒါပေမဲ့ တချို့လူတွေက ဟိုကြည့် သည်ကြည့်လုပ်ပြီးယဉ်ထိန်းရဲလစ်လောက်တယ်ထင်ရင် လှစ်ခ နဲဆင်းသွားတာတွေ့နေရတာပဲ။

ဘာသာရေး အဆုံးအမကို ယုံကြည်လိုက်ပြီဆိုရင် ‘အလစ်’ တို့၊ ‘ဆိတ် ကွယ်ရာ’ တို့ဆိုတာ မရှိတော့ဘူး။ ကျေးလက်တိုက်နယ်ကြီး တစ်ခုမှာ အလွန်တန်ခိုးသြဇာကြီးမားတဲ့ဆရာတော်ကြီး တစ်ပါး ပေါ်ပေါက်လာလိုက်ပြီဆိုရင် အဲဒီ ဒေသ တစ်ခွင်မှာ ရာဇဝတ်မှု သိသိသာသာ ကြီး ကျဆင်းသွားလေ့ရှိတယ်။ နောက်တစ်ချက်က ရှေးခေတ်ရှေးအခါ က လူ့အဖွဲ့အစည်းမှာ ရဟန်းတော်ဆိုတာ စာတတ်ပေတတ် ပညာရှိတွေ။ ပညာရှိတွေ ပေါများတော့ ရပ်ရွာမှာ ပညာတိုးတာပေါ့။ မသိတာရှိရင်လည်း မေးလျှောက်နိုင်တာပေါ့။ ဒီနည်းအားဖြင့် မြန်မာစာပေမှာတောင် လျှောက်ထုံး တို့၊ အမေးတော်အဖြေကျမ်းတို့ ပေါ်ပေါက်လာခဲ့ရတယ်။ သီတင်းနေ့မှာ ဥပုသ်စောင့်သွားကြတယ်ဆိုတာ သီတင်းသီ လဆောက်တည်ရုံသာမဟုတ်ဘူး၊ တရား လည်းနာ ကြရသေးတာကိုး။ ဒီတော့ သက်ကြီး  ပညာရေး ဖြစ်မှန်းမသိ ဖြစ်လာရတယ်”ဟုဆရာက ဆိုခဲ့ပါသည်။ 

”မြန်မာပြည်မှာ အနော်ရထာ၊ ကျန်စစ် သား၊ အလောင်းစည်သူ၊ ဘုရင့်နောင် စတဲ့ မင်းကောင်းမင်းမြတ်အဆက်အဆက် ဗုဒ္ဓဝါဒ နဲ့ တိုင်းပြည်ကိုထူထောင်ခဲ့ကြတယ်။ ရင်ထဲ အသည်းထဲက လှိုက်လှဲတဲ့ယုံကြည်မှုနဲ့ တည် ဆောက်ခဲ့ကြ တာပါ။ တိုင်းပြည်ကြီးတိုးတက် ဖွံ့ဖြိုးရုံသာမက အာရှတစ်ခွင်လုံး မြန်မာ့ အထောက်အပံ့ကင်းခဲ့တဲ့နိုင်ငံ တစ်နိုင်ငံမှ မရှိ ဘူးလို့ ဆိုချင်ပါတယ်။ဒါပေမဲ့ ဗြိတိသျှကိုလိုနီေ ခတ်ကစပြီး နိုင်ငံရေးသမားကြီးအချို့က ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအရှိန်အဝါယူဖို့ ကြိုးစား ခဲ့တာကျတော့ နိုင်ငံရေးသမားလေးတွေက မျက်စိနောက်နေပုံ ရပါတယ်။ ‘ဘာသာရေးနှင့် နိုင်ငံရေးမရောထွေးရဘူး’ ဆိုတဲ့အတွေး အခေါ်တစ်ခု ထွန်းကားခဲ့ပါတယ်။ လမ်းစဉ် ပါတီခေတ် သဘောတရားဆရာတစ်ဦးက ‘ဂေါတမ ဗုဒ္ဓကို ဒူးတိုက်ထားပြီး ဆွေးနွေးမယ်’ လို့ ပြောရဲတဲ့အထိ ဖောက်ပြန်ခဲ့ပါတယ်။ 

ယနေ့အထိလည်း မြန်မာ့နိုင်ငံရေးလောကမှာ အကင်းက မသေသေးပါဘူး။ ဒီမိုကရေစီ ဆိုတာ အများစုရဲ့ဆန္ဒကို အနည်းစုက လေးစားလိုက်နာရတယ်လို့ သဘောပေါက်ပါတယ်။ ဒီကနေ့ နိုင်ငံရေး ခေါင်းဆောင်များရော၊ ပြည်သူများပါ ဗုဒ္ဓ ဘာသာကို ယုံကြည်ကိုးကွယ်သူတွေက အများစုပါ။ ဒါပေမဲ့ ဗုဒ္ဓဘာသာကို အလေးထားပြောရင် လစ်ဘရယ်ပဲမကျတော့သ ယောင်ယောင်၊ အယူပဲသည်းနေသယောင် အထင်ေ ရာက်မှာစိုးလို့ထင်ပါရဲ့၊ ပြည်တွင်း၊ ပြည်ပ၊ လွှတ်တော်တွင်း၊ လွှတ်တော်ပ ဘယ် သူကမှ မဟကြပါဘူးခင်ဗျား။ (အမျိုးသား ခေါင်းဆောင်ကြီးရဲ့သမီးက အိပ်ရာနိုးတာနဲ့

တစ်နာရီအနည်းဆုံး တရားထိုင်တယ်ဆိုလို့ သာဓုခေါ်လိုက်ရပါသေးတယ်။)တိုင်းပြည်ကိုထူထောင်ရင် တကယ် အောင်မြင်တဲ့ သမိုင်းစဉ်ကြီးကို မျက်ကွယ်ပြု ပြီး ဗုဒ္ဓဝါဒ ကို မေ့လျော့ပေါ့ဆနေသူတွေကို ကိုယ်ပျောက်နိုင်ငံရေးသမား မူလပထမလက် ဟောင်း ဆရာအောင်သင်းရဲ့ အသံလေးနား ထောင်ပြီး စဉ်းစားကြပါဦးလို့အကြံပေးချင်   ပါတယ်။”

(၅)
” ‘ပိဋကတ်မိတ်ဆက်’ စာအုပ်က ပါးပါး လှပ်လှပ်ပါ။ ပတ္တမြားမှန်လျှင် အနာမကင်းလို့ ဆိုစကားအတိုင်း အနာအဆာမပါဘူးလို့ တော့ မဆိုလိုပါဘူး။ ပါလျှင်လည်း ခပ်ေ သး သေးပါလို့ ပြောရမှာပါ။ ဒါပေမဲ့ စိုင်ပေါင် ကြော်ကြီးနဲ့တူတယ်။ တစ်ဖဲ့ချင်းသာစားနေရလို့တော့ ကုန်ဖွယ်မမြင်ပါ။ မြန်မာတွေ ဘာ ကြောင့်ဥာဏ်ကောင်းရတာလဲ။ နယ်ချဲ့အင်္ဂ လိပ်တွေက မြန်မာလူမျိုးတွေ စက်ယန္တရား သဘောကို နားလည်သဘောပေါက်လွယ် တယ်လို့ ဘာကြောင့် မှတ်တမ်းတင်ခဲ့ရပါ သလဲ။ ဘယ်သူ့ရဲ့ကျေးဇူး ပါလဲ။ ငတ်လို့သေတဲ့မသာက အလွန်ရှားတယ်။ စားလို့သေတဲ့ မသာကပိုများတယ်။ ယုတ်ညံ့သူတို့၌ မကိုင်း ညွတ်ခြင်း၊ မီဒီယာသမားတိုင်း ဦးထိပ်ထား သင့်သောဘုရား ရှင်ရဲ့ စာပေဝေဖန်ရေး ပေတံ…။” အရသာရှိသောစာကို မင်နီ သားပြီး ဖော်ပြပေးပါဆိုလျှင် တစ်အုပ်လုံးကိုမင်နီအိုးထဲနှစ်ပေးရမည်ဟု ထင်ပါသည်။
အောင်သင်းကို ဟိမဝန္တာချီးမွမ်းခန်း ဖွင့်နေသည် မဟုတ်ပါ။

အောင်သင်းကို ကျွန်တော် လေးစား သော်လည်း မကြည်ညိုပါ။
သို့ရာတွင် အောင်သင်း၏ ‘ပိဋကတ် မိတ်ဆက်’ ကား မကြည်ညိုပါနှင့်ဟု တား၍ မရ။ စာအုပ်ဖတ်ရင်းဖြင့်ပင် ဆရာ့ကိုမှန်း၍ ဂါရဝပြုရပါသည်။ လက်ဗလာဖြင့်တော့ မဟုတ်ပါ။ ဆရာ့ စာဖြင့်သာ ဆရာ့ကို ဂါရဝပြုချင်ပါသည်။”တရားကို ပိဋကတ်ကွယ်တယ်ဆိုတာ ကတော့ ဘုရားဟောဒေသနာ ပိဋကတ်တွေ ကို ကျက်မှတ်ရွတ်အံနေပြီး ပိဋကတ်နှံ့စပ် လောက်တာနှင့် ကျေနပ်နှစ်သိမ့်နေလို့ တရား တော်အတိုင်း မဂ်ပေါက်ဖိုလ်ပေါက်ဖြစ် အောင် အားထုတ်ဖို့မေ့နေတာမျိုးကို ပြောတာပါ။ အက္ခရာများပေါ် မှာ ပျော်မွေ့မိန်းမူး နေတာမျိုးလို့ ဆိုကြပါစို့” (ပိဋကတ်မိတ်ဆက်၊ နှာ- ၁၄)

အပို အလွန်ဟု ဆိုချင်သူတို့ ဆိုကြပါ စေ….။ ကျွန်တော်ပြောချင်ပါသေးသည်။
‘ပိဋကတ်မိတ်ဆက်’ စာတစ်အုပ် ကုသိုလ်ဖြင့်ပင်နိဗ္ဗာန်ကို ဆရာဒါရိုက် ဟစ်ရောက်နိုင်ပါပေသည်။ မရောက်ခင် ကာလတွင်လည်း ဘဝချမ်းသာအမျိုးမျိုးကိုခံစားနိုင်ေ လာက်ပါသည်။ဆရာနှင့် အတူမျိုးဆက်သစ် များလိုက်ပါနိုင်ရန် ‘လက်ဆွဲချီ’ နိုင်ပါစေ။

ဦးမျိုးတင့်ကြည်