Friday, May 25, 2012

မေတ္တာဖြင့်သာ အောင်မြင်ရာ


 မေတ္တာဖြင့်သာ အောင်မြင်ရာ

ပုထုဇဉ်လူဆိုသည့်သတ္တဝါက ဘယ် တော့မှ တစ်ဦးတစ်ယောက်တည်း နေ၍မရ ပါ။ အပေါင်းအသင်းတွေ၊ အစုအဖွဲ့တွေ ရှာ ဖွေစုဖွဲ့နေတတ်ကြပါသည်။ ဤကဲ့သို့တစ် ယောက်တည်းမနေတတ်သဖြင့်   နှစ်ယောက်စုဖွဲ့နေလိုက်သည့်အချိန်ကစပြီးကိုယ့်ဆန္ဒ၊သူ့ ဆန္ဒမတူညီရာက အစပြု၍ ပြဿနာဆိုတာ ပေါ်ပေါက်လာပါတော့ သည်။

 လောကသည် ခက်ခဲနက်နဲရှုပ်ထွေးလှ ၏။ လောကတွင် အကောင်းနှင့်အဆိုးသည် လည်း အမြဲတမ်းဒွန်တွဲနေ၏။ အပူရှိလျှင် အအေးရှိသကဲ့သို့အဖြူရှိလျှင်လည်း အမည်း  ရှိနေပြန်သည်။ ထို့အတူ သုခချမ်းသာမှုနှင့် ဒုက္ခဆင်းရဲမှုကလည်း ပူးတွဲနေပြန်သည်။ထိုကဲ့သို့အတွဲလိုက် အတွဲလိုက်၊ အစုံလိုက် အစုံလိုက်ရှိနေခြင်းသည်ကို က လောက၏ နိယာမသဘောသဘာဝဖြစ်သကဲ့သို့ဖြစ်ပြီး မှန်သမျှ ပျက်စီးနေကြရသည်မှာလည်း အမြဲ ပြောင်းလဲမှုမရှိသော ပရမတ္ထသစ္စာတရားပင် ဖြစ်ပါသည်။

အရိ ယာသူတော်စင်တို့မှလွဲ၍ လောက တွင်ရှိနေကြသည့် သတ္တဝါအားလုံးတို့သည် ကိုယ့်ပြဿနာနှင့်ကိုယ် ရှိနေကြမည်မှာ အမှန်မလွဲပါပေ။ လောကအလယ်တွင်ကိုယ် တစ်ယောက် တည်းလည်း မနေတတ်။ အကယ်၍ ကိုယ် တစ်ယောက်တည်းနေလို့ရသဖြင့် နေကြည့် သည့်အခါမှာပင်လျှင် စိတ်ကို အခြေခံ၍ မိမိ၏ရုပ်သည် ကောင်း တာတွေ လုပ်ဖြစ်နေ သလို ဤစိတ်ကိုပင်အခြေခံ၍ မကောင်းသောစေတနာစိတ်ဝင်လာသည့်အခါ မကောင်းသောအပြုအမူများကို ပြုလုပ် မိပြန်သည်။ ဤစိတ်နှင့် ဤရုပ်တွဲ ထားသည့် တစ်ယောက်တည်းသော သတ္တဝါသည်ပင် လျှင် ကောင်းတာတွေလုပ်မိသည့်အခါ ကောင်းကျိုးခံစားရ သကဲ့သို့၊ မကောင်းသောအကုသိုလ်ပြု လုပ်မိသည်ကို အကြောင်းပြု၍ မကောင်းသောအကျိုးများခံစားရသည် လည်း ရှိ၏။

အကောင်းမြင်ဝါဒ မေတ္တာသမားများ က အေးချမ်းတည်ငြိမ်စွာနေကြရသော် လည်း အကောင်းမမြင်တတ်သည့် လောဘ၊ ဒေါသ၊မောဟစိတ်များကို ဦးစားပေးသူများ အတွက်တော့အမြဲတမ်းအပူမီးများ ဝိုင်းလျက် သာရှိ ပါသည်။ အထူးသဖြင့် မေတ္တာ စိတ်ကင်းမဲ့သော မကောင်းမြင်ဝါဒသမားများသည် အမြဲတမ်း ဆန့်ကျင်မှုကိုသာ တွေးတောရှာဖွေနေကြသ ဖြင့် ဘယ်သူတွေဘာပဲကောင်းတာလုပ်လုပ် အကောင်းမမြ င်နိုင်တော့ဘဲ ဖီလာဆန့်ကျင် လုပ်နေရသည်ကိုပင် သုခဟုထင်၍အရသာ ခံတတ်ကြသူများလည်း ရှိပါသည်။

အမှန် တကယ်မှာမူ ဓမ္မဖြင့်ကြည့်ပါက ထိုသူများမှာ သနားစရာကောင်းလှပါသည်။ သို့အတွက် ထိုသူများကိုလည်း ပစ်ပယ်မထားသင့်ပါ။ စိတ်ကောင်းစေတနာဖြင့် ပညာအလင်းပြ ကြင်နာမှုပေးနိုင်မှသာ နှစ်ဦးနှစ်ဝငြိမ်း ချမ်းသာယာသည့် အရသာကို ခံစားကြရမည်ဖြစ် ပါသည်။ထိုထိုသောအမှုကို ဥပမာပြရမည်ဆိုပါ သော် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ခက်ခဲကြမ်း တမ်းလှသော အာဠာဝက ဘီလူးကြီးအား ကယ်ချွတ်တော်မူခဲ့သောအခန်းကို လေ့ လာပါက မေတ္တာအစွမ်းကို ကောင်းကောင်း ကြီးသိမြင်လာပါလိမ့်မည်။ အောင်ခြင်းရှစ်ပါးတွင် တစ်ပါးပါဝင်   သော အာဠာဝကဘီလူးမင်းအား မြတ်စွာ ဘုရားချွတ်တော်မူခန်းသည် ဘီလူးကြီးကိုသာ တရားရအောင် ကယ်ချွတ်သည်မဟုတ်ပါ။ အခြားသော သတ္တဝါများကိုပါ ဒုက္ခမှ ကယ်တင်နိုင်ရန်ဟောကြားသောတရားတော်များဖြစ်နေပါသည်။

အာဠာဝကဘီလူးကြီးသည် နှုတ်ကြမ်း၊ ကိုယ်ကြမ်း၊ မာန်မာနခက်ထန်သကဲ့သို့ ဈာန် တန်ခိုး လည်း အသင့်အတင့်ရှိပါသည်။ဘီလူးကြီးသည် သူ၏ ဈာန်တန်ခိုးဖြင့် ဈာန်ရ ရသေ့များကိုပင်ကောင်းကင်မှ မြေပြင် သို့ဆွဲချကာ ဓမ္မတရားတော်များကို မေးလေ့ရှိ ပါသည်။တရားမေး၍ သူလိုချင်သောအဖြေမရ သောအခါ ရသေ့များကို နှိပ်စက်ပြီးမှ ပြန် လွှတ်လေ့ရှိပါသည်။တစ်နေ့သောအခါ အာဠာဝကဘီလူး ကြီးသည် မြတ်စွာ ဘုရားရှင်နှင့် ပက်ပင်းတိုး ပါတော့သည်။ မြတ်စွာဘုရားရှင်ကလည်း အာဠာဝကဘီးလူကြီးကျွတ်ချိန်တန်ပြီဟု သိမြင်တော်မူသဖြင့် ဘီလူးကြီးရှိရာ ဘုံဗိမာန် သို့ သွားရောက်သီတင်းသုံးနေထိုင်ခဲ့ပါသည်။ဘီလူးကြီးသည် မြတ်စွာဘုရားရှင်အား သူ၏ ဘုံဗိမာန်ပေါ်တွင် တွေ့မြင်ရသောအခါ အမျက်ဒေါသချောင်းချောင်းထွက်၍ နည်းမျိုး စုံဖြင့် အကြမ်းဖက်တိုက်ခိုက်လေတော့သည်။

ဘုရားရှင်၏ မေတ္တာတန်ခိုးတော်ကြောင့် ဘီလူးကြီး၏အကြမ်းဖက်တိုက်ခိုက်မှုများမအောင်မြင်သောအခါအနု နည်းဖြင့်မေးခွန်း မေး နှိပ်စက်သည့်နည်းဗျူဟာကို ယခင် နည်းတူပြန်လည်ကျင့်သုံးကြည့်ပြန်ပါသည်။ထို့ကြောင့် ဘီလူးကြီးသည် သူ၏ ဝါသနာထုံးစံအတိုင်းသူသိ လိုသော မေးခွန်း များကို မေးပါတော့သည်။ ဘီလူးကြီးမေး သော ပထမမေးခွန်းမှာ ”လောကတွင် ဘယ် အရာသည် တန်ဖိုးအရှိဆုံးနှင့် တန်ဖိုး အကြီးဆုံးဖြစ်ပါ သနည်း” ဟု မေးမြန်းပါ သည်။သာမန်ပုဂ္ဂိုလ်တို့စဉ်းစားမည်ဆိုပါက စိန်ရွှေရတနာပစ္စည်းဥစ္စာများကိုသာ တန်ဖိုး အကြီးဆုံးဟု မိမိတို့ကြိုက်နှစ်သက်သော ပစ္စည်းတစ်ခုခုဖြင့်   ဖော်ပြပြောဆိုပါမည်။

သို့သော်မြတ်စွာဘုရား၏ အဖြေကား သာမန်လူသားတွေအဖြေနှင့်မတူ၊ တစ်မူထူး ခြားနေပါသည်။ မြတ်စွာဘုရားက ဖြေကြား သည်မှာ”တန်ဖိုးအ ရှိဆုံးသောအရာသည် သဒ္ဓါဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လောကတွင်လူတွေ တန်ဖိုးထားအထင်ကြီးနေသည့် စည်းစိမ်ဥစ္စာရတနာများသည် ရန်သူမျိုးငါးပါးနှ င့် မကင်းပါ။ အချိန် မရွေး ဆုံးရှုံးနိုင်သည်။ ဤပစ္စည်းများ ကြောင့်ပင် လူတို့စိုးရိမ်ကြောင့်ကြရ၊ အလုအယက်၊အနှောင့်အယှက်ခံရသဖြင့် ဒုက္ခရောက်ကြရသည်။ သေ လျှင်လည်း ပါမသွား၊ ထားရစ်ခဲ့ရသည်။

တစ်နည်း ဆိုသော် တစ်ဘဝစာလေးကျေနပ်သ ယောင်ရှိသော်လည်း ပစ္စည်းမှပေးသော ဒုက္ခက မိမိရရှိလိုက်သော တစ်ခဏတာ ပီတိထက် ဒုက္ခက အဆပေါင်းများစွာ သာ လွန်နေပါသည်။သဒ္ဓါဆိုသည့် ယုံကြည် ချက်မှာ ခိုင်မြဲ သည်။ ဘယ်သူမှ ခိုးယူ လုယက်၍မရနိုင်။ သဒ္ဓါဆိုသည်မှာ ကောင်း တာပြုလုပ်လျှင် ကောင်းကျိုး ခံစားရမည်ဟူသော ယုံကြည်ချက်ကြောင့် ဒါနပြုလိုခြင်း၊ သီလဆောက် တည်လိုခြင်း၊ တရားနာလိုခြင်းစသည့် ကုသိုလ်စိတ်များ ဖြစ်ပေါ် လာရသည်။

အားကောင်းသည့်သဒ္ဓါတရားကြောင့်ဘဝအဆက်ဆက် ကောင်းတာတွေအများကြီး ခံစားကြ ရသည်။လောကီ၊လောကုတ္တရာနှစ်ဖြာသော အကျိုးကိုရနေ ကြရသည်။  ထို့ကြောင့် အမြတ်ဆုံးသောဥစ္စာသည် သဒ္ဓါပင်ဖြစ်ပါ သည်”ဟု မြတ်စွာဘုရားရှင်က မိန့်ကြားဖြေ ဆိုသောအခါအာဠာဝကဘီလူးကြီးသည် မှန်ကန်သော အဖြေ၊ သူနှစ်သက်သောအဖြေ ကိုရရှိသဖြင့် ဘာမျှမပြုလုပ်ဘဲ မေးခွန်းကို သာ ဆက်မေးပါသည်။အာဠာဝကဘီလူးကြီး၏ ဒုတိယမေးခွန်း မှာ ”တိုးတက်ကြီးပွားအောင် ဘယ်သို့သော အကြောင်းအရာများကို ပြုသင့်ပါသနည်း” ဟု မေးမြန်းသောအခါ မြတ်စွာဘုရားက ဖြေ ကြားသည်မှာ ”လောကတွင် တိုးတက်ကြီး ပွားလိုလျှင် သူတစ်ပါး ၏ပစ္စည်းဥစ္စာများကို နိုင့်ထက်စီးနင်းကြံဆောင်မယူပါနှင့်၊ သူတစ်ပါးကြီးပွားမှုကိုလည်း မိမိမှပီတိ ဖြစ်ပါ။

ဓမ္မဟူသော တရားသဖြင့် ကျင့်ကြံ အားထုတ်ရှာဖွေသောအမှု ကိုပြုပါ။ မ ကောင်းမှုမှန်သမျှရှောင်ကြဉ်ပြီး ကုသိုလ် ကောင်းမှုအမျိုးမျိုးကို ရှာကြံပြုလုပ်ပါ။ ဤကဲ့သို့တရားသဖြင့်ရရှိထားသောတန်ခိုး အာဏာစည်းစိမ်ဥစ္စာတို့မှာ ခိုင်မြဲ ပါသည်။ သံသရာတစ်လျှောက်လုံးအတွက်အထောက် အပံ့အဖြစ် ပါသွားပါလိမ့်မည်”ဟု မြတ်စွာ ဘုရားရှင်မိန့်ကြားဖြေဆိုသောအခါ ဤသည် ကိုလည်း ဘီလူးကြီး ကြိုက်နှစ်သက်လက်ခံပြီး မေးခွန်းကိုသာဆက်လက်မေးမြန်းပါသည်။တတိယမေးခွန်းကတော့ ”ဘယ်သို့ သော အကြောင်းအရာသည် အရာရာကို အောင်မြင်နိုင်ပါသ နည်း”ဟု မေးမြန်းသော အခါ မြတ်စွာဘုရား၏အဖြေမှာ လောက တွင် အရာရာအောင်မြင်နိုင်သည်မှာ မေတ္တာ ကိုအခြေခံသည့်သစ္စာတရားပင်ဖြစ်သည်။

ဥပမာပြရသော် ဘုရားလောင်းငုံးမင်းသည် တောမီးကြီးလောင်၍သူ့အား မီးဝန်းရံနေ သောအခါသစ္စာပြုပါသည်။ ”ငါသည် အတောင်အလက်မစုံသေးသဖြင့် ပျံလည်း မပျံနိုင်ပါ။ ခြေများ ရှိသော်လည်း နုနယ် သဖြင့် မပြေးလွှားနိုင်သေးပါ။ ငါ့မိဘများ သည်လည်းငါ့ကိုပစ်ပြေးကြပေကုန်ပြီ။ ဤမှန်သောသစ္စာစကားကြောင့် မီးဘေးမှ ကင်းလွတ်ပါစေသ တည်း”  ဟု သစ္စာဆို၏။ မှန်ကန်သောသစ္စာစကားကြောင့် မီးဘေးမှ လွတ်ကင်းသွားရပါသည်။

အာဠာဝကဘီလူးကြီး၏ အမေးပုစ္ဆာများသည် လောကသတ္တဝါအားလုံး အတွက် တန်ဖိုးကြီးမားလှသကဲ့သို့ မြတ်စွာဘုရား ဟောကြားသော တရားတော်များမှာလည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် သတ္တဝါများ အတွက် ကျေးဇူးကြီးမားလှ ပါသည်။အာဠာဝကဘီလူးမင်းကြီးနှင့် မြတ်စွာ ဘုရား အမေးအဖြေဆုံးသောအခါ ဘီလူးကြီး သည်မာန်စွယ်ကျိုးပြီး မြတ်စွာဘုရား၏ တရားတော်များကို နာရသဖြင့် တရားအဆုံး တွင် သူတော်ကောင်းသောတာပန်ဖြစ်သွား ပါသည်။

သူတော်ကောင်းစိတ်ဝင်ကာတရား ဓမ္မအားထုတ်ရသောကြောင့်သံသရာအတွက် အာမခံချက်ရှိသော သဒ္ဓါဆိုသည့် သုံးမကုန် သည့် စည်းစိမ်ဥစ္စာများရရှိသွားပါတော့သည်။ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားသော တရားတော်ကို နာကြားရရာမှဤေ ဆာင်း ပါးဖြစ်ပေါ် လာရပါသည်။’

 မြင့်မောင်(ရေစကြို)