စေတနာပါမှ ဒါနဖြစ်မယ်
သဒ္ဓါဖွေးဖြူ မေတ္တာကူပြီး စင်ကြယ်သန့်ရှင်း၊ တွယ်တာမှုကင်းတဲ့စိတ်နဲ့ ကိုယ်ပိုင်ပစ္စည်းကို တစ်ပါးသူလက်တွင်းသို့ စွန့်ကြဲပေးပမ်းနိုင်ခြင်း ဟာ"ဒါန"ပြုတာပါ။ အလှူဒါနဆိုတာ နည်းမှန် လမ်းမှန်ပြုတတ်ရင် ဘ၀ကိုလည်း လှစေတယ်၊ လောကကိုလည်း လှစေတယ်။ စိတ်ကိုလည်း လှစေ ပါတယ်။
ဒါနနဲ့ ပတ်သက်ရင် အစွန်းနှစ်ဖက် ရှိပါတယ်။ ဒါနဆိုတာ သံသရာကို ကျယ်စေ၊ ၀ဋ်ကို လည်စေတာပါကွာ´လို့ ဒါနကို ပယ်ရင်လည်း အသိဉာဏ်ကင်းတာမို့ အစွန်းဘက်ကို ရောက် စေပါတယ်။ အဲဒီလို မဟုတ်ဘဲ"ဒါန မပါရင် သံသရာမှာ မျက်နှာငယ်တယ်၊ တမလွန်ရိက္ခာ အဖြစ် သယ်ကို သယ်ရမယ်"လို့ ဒါနကို ဖက်တွယ် ထားပြန်ရင်လည်း မိမိကိုယ်ကျိုး အတွက် ငွေတိုး ပေးထားတဲ့ သဘောမျိုး ဖြစ်တာမို့ အစွန်းဘက်ကို ရောက်တာပါပဲ။
ယခုလို သူတော်ကောင်း တရားထွန်းကားတဲ့ကာလမှာ အဲဒီ အစွန်း(၂)ပါးကိုပယ်ပြီး အလယ်၊ အလတ်လမ်းက `၀ိဝဋနိဿိတ၊ ပါရမီ ဒါနမျိုး ဖြစ်အောင် ပြုနိုင်ပါမှ နည်းမှန်းလမ်းမှန် အထက်တန်းကျ အောင်မြင်ဖွံဖြိုး သာသနာတွင်း ကုသိုလ်ဒါနမျိုးဖြစ်နိုင်မှာပါ။
အလှူဒါနတစ်ခုမှာ အပေါ်ယံ အပြင်ပန်းအသွင်သဏ္ဍာန်နဲ့ အတွင်းအနှစ်သာရလို့ အပိုင်း (၂)ပိုင်း၊ ကဏ္ဍ(၂)ခု ရှိပါတယ်။ ဆွမ်း၊သင်္ကန်းစတဲ့ လှူဘွယ်ဝတ္ထု ရဟန်းသံဃာတော်စတဲ့အလှူ ခံပုဂ္ဂိုလ်၊ လှူဒါန်းတဲ့ ပုဂ္ဂိုလ်ရဲ့ ကိုယ်နှုတ်အမူအရာ စတာတွေဟာ အလှူဒါနတစ်ခုရဲ့ အပြင်ပန်း သဏ္ဍန် တွေပါ။ ဒီလှူဘွယ်ဝတ္ထုတွေ ကိုလှူဒါန်းနေတဲ့အခါအလှူရှင်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ် နေတဲ့ အလှူနဲ့စပ်တဲ့ စိတ်စေတနာတွေကမှ အလှူဒါနရဲ့ အတွင်းအနှစ်သာရတွေဖြစ်ပါတယ်။
ဘ၀သံသရာမှ အလှူဒါနတစ်ခု အကျိုးပေးတဲ့အခါ အပြင်ပန်းအသွင်သဏ္ဍာန်တွေက အကျိုးပေးတာမဟုတ်ပါဘူး၊ အတွင်းအနှစ်သာရဖြစ်တဲ့ စိတ်စေတနာတွေက အကျိုးပေးတာပါ။ အပေါ်ယံအသွင်သဏ္ဍာန်ကိုသာ လောကပကာသန နောက်လိုက်ပြီး ဟန်ဆောင်လုပ်လို့ရပေ မယ့် အတွင်းအနှစ်သာရ ကုသိုလ် အကျိုးပေးကတော့ ဟန်ဆောင်လုပ်ယူလို့မရနိုင်ပါဘူ။ ဒါကြောင့် အလှူဒါန်တစ်ခုပြုတဲ့အခါ အပေါ်ယံအပြင်ပန်း လူမြင်ကောင်းဖို့ အများကျေနပ်ဖို့ ထက် အတွင်းအနှစ်သာရ စိတ်စေတနာကောင်းဖို့ ကိုယ်တိုင်ကျေနပ်ဖို့က ပိုပြီးအရေးကြီးပါတယ်။
အပေါ်ယံ အသွင်သဏ္ဍာန်သာကြီးကျယ်ပြီး အတွင်းအနှစ်သာရမဲ့တဲ့ အလှူတွေဟာ အိုးကုန်သည်၊ ပုတ်ကုန်သည်တွေနဲ့တူပါတယ်။ အိုးကုန် သည် ပုတ်ကုန်သည်တွေဟာ လှည်း တစ်စီးတိုက် အိုးတွေ ပုတ်တွေလာရောင်းတဲ့အခါ အမြင်သာကြီးကျယ်ပေမယ့် တန်ဖိုး ငွေကြေး ကျတော့ အရနည်းပါတယ်။
အပေါ်ယံအသွင်သဏ္ဍာန် မကြီးကျယ်ပေမယ့် အထဲမှာအနှစ်သာရအပြည့်အ၀ပါတဲ့ အလှူတွေကတော့ ရွှေကုန်သည် စိတ်ကုန်သည်တွေနဲ့ ဥပမာတူတယ်။ ရွှေကုန်သည် စိတ်ကုန် သည် စိန်ကုန်သည်တွေဟာ လာရောင်းတဲ့ပစ္စည်းက လူမမြင် သူမမြင် တစ်ခုတလေ ဖြစ်ပေမယ့် ရောင်းကြေးက တနင်းတပိုး သိန်း သန်းချီပြီးရပါတယ်။
ဒီအကြောင်းနဲ့ စပ်ပြီးတော့ ကလေးဘ၀တုန်းက နားထောင်ခဲ့ရဖူးတဲ့ ပုံပြင်ကလေး တစ်ပုဒ် ကို သတိရမိပါတယ်။ စေတနာပါမှ ဒါနဖြစ်တယ်
တစ်ခါတုန်းက ဗာရဏသီပြည်မျာ အင်မတန်ချမ်းသာကြွယ်ဝတဲ့ သူဌေးနှစ်ဦး ရှိခဲဇူး တယ်။ အဲဒီ သူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်မှ ချစ်ခင်ကြ သတဲ့။
ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေး နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်က မတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီး အလွန်အကျွံ အလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေး တစ်ယောက်ကတော့ လှူသင့်သလောက်လှူ၊ စားသင့်သလောက်စားပြီး ရိုးရိုးအေး အေးပဲ နေထိုင်ပါတယ်။
အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာလာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်းအများကြီးလုပ် တဲ့ သူဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေ ဆုံးပါးပြီး ဆင်းရဲသွားသတဲ့။ ဒါနဲ့ ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှ ရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူပြုလုပ်ထားတဲ့ ကုသိုလ် ကောင်းမှုတွေကိုပဲ သူငယ်ချင်းသူဋ္ဌေးထံ ရောင်းချတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်းသူဌေးထံကို ထွက်လာခဲ့တယ်။
အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ အမောအပန်းဖြေကာ ပါလာတဲ့ ထမင်းထုပ်ကို စားမယ်ဆိုပြီး ဖြေလိုက်တယ်။ ထမင်းထုပ်ကလေး ငယ်ငယ်မို့ နှစ် ယောက်ဝေမျှပြီးစားရတယ်။ အဲဒီ အခိုက်မျာ ခွေးပိန်ကလေးတစ်ကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နား ကပ်လာသတဲ့။ အဲဒီအခါ ထမင်းစားနေတဲ့ သူဌေးဆင်းရဲက `ရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့ ။ သနားစရာလေးကွာ၊ အခု တို့စားနေတဲ့ ထမင်းထုပ်ကို ခွေးကလေး ကျွေးလိုက်ရအောင်´လို့ ဇနီး ဖြစ်သူကို ပြောလိုက်တယ်။
ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ သူတို့စားမယ့် ထမင်းထုပ်ကို `ခွေးပိန်က လေး ၀အောင်စားပါစေ´ဆိုတဲ့ စေတနာနဲ့ အကုန်လုံး ချကျွေးပါတယ်။ သူတို့နှစ် ယောက်က တော့ ဇရပ်နဘေးက ရေးအိုးစင်မှာ ရေအ၀သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။
ဒီလိုနဲ့ သူငယ်ချင်းသူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဌေးကို ဆင်းရဲသွားတဲ့သူဌေးက` ငါပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံလာခဲ့ တာပဲ။ သဘောတူ ၀ယ်ယူမယ်ဆိုရင် တစ်ဘ၀လုံးပြုထားတဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာ´လို့ ပြောပြသတဲ့။
အဲဒီအခါ သူငယ်ချင်းသူဌေးကလည်း ၀မ်းသာအားရနဲ့ `ရောင်းသမျှကုသိုလ်ကောင်းမှုကို ၀ယ်ယူပါမယ်ဗျ´ လို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီး ချိန်ခိုင်းပါ တယ်။ အဲဒီအခါ စေတနာအရင်းမခံဘဲ ဂုဏ်ပကာသနကို လိုချင်တာနဲ့ ပြုလုပ်ခဲ့တဲ့ကုသိုလ် တွေဖြစ်တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲ အမြဲအလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ်ကုသိုလ်၊ ရေကန်ကုသိုလ် ဘာကုသိုလ်ပဲထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကပဲ အမြဲအလေးသာနေတယ်။
ဒီလိုနဲ့ တစ်ဘ၀လုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ် ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့ တက်လာဘူးတဲ့။ ချိန်ခွင်ထဲမှာ ထည့်ထားတဲ့ ငွေသားကလည်း မဖြစ်စလောက်(၁)ပိဿာပဲရှိသတဲ့။ ဒါတောင် ကုသိုလ်က မနိုင်ဘူးဖြစ်နေတယ်။
ဒီအခါ ကုသိုလ်ဝယ်မယ့် သူဌေးက"ဟင်း သူငယ်ချင်း၊ မင်းကုသိုလ်တွေက ဒါအကုန်ပဲ လား၊ ကျန်နေတာရှိရင် စဉ်းစားပါဦး"လို့ ပြောတယ်။ ဆင်းရဲသွားတဲ့သူဌေးကလည်း ခေါင်းကုတ် ပြီးစဉ်းစားလိုက်တာ နောက်ဆုံး လမ်းခရိးမှာ ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ကုသိုလ်က ပေါ်လာတယ်။ အဲဒါနဲ့ သူဌေးဆင်းရဲလည်း" ဟာ၊ သူငယ်ချင်း တို့လင်မယား အခု မင်းဆီလာတုန်းက လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့ တဲ့ ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါ"လို့ ၀မ်းသာအားရ ပြော ပြတယ်။
အဲဒီအခါ ငတ်သေလုဆဲဆဲ ခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ ကုသိုလ် ဟာ အနှစ်သာရာ အပြည့်အ၀ ပါတာမို့ ကုသိုလ်ဘက်က အလေးသာလာတယ်။ ကုသိုလ်ဝယ် တဲ့ သူဌေးကလဲ သူပိုင်ငွေသားတွေသာမက ရွှေသားတေါပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက် ကပဲ အလေးသာနေတယ်။ နောက်ဆုံး သူပိုင်ဆိုင်သမျှ ဥစ္စာဓနတွေ အကုန်လုံး ပုံထည့်ပေးတာ တောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေးသာနေလေတော့ ကုသိုလ်ဝယ်တဲ့ သူဌေးက "ကဲ၊ သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ ငါ့အတွက်ပစ္စည်းတစ်ဝက် ကိုချန်ထားပြီး မင်းကုသိုလ်တစ်ဝက်အတွက် ငါ့ပစ္စည်း တစ်ဝက်ကိုသာ ယူသွားတော့လို့ ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူဥစ္စာဓနတစ်ဝက်ကို ဆင်းရဲသွားတဲ့ သူဌေးအား ခွဲဝေပေးလိုက်ပါ တယ်။
ပြီးတော့ 'သူငယ်ချင်း နောက်ဆိုရင် သဘောပေါက်၊ စေတနာရှိမှ လှူပါကွာ၊ ဂုဏ်ပကာ သန မမက်ပါနဲ့၊ ပျော်ရုံသက်သက်ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်"လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသေး သတဲ့။
ဒီပုံပြင်ကလေးဟာ နည်းနည်း ဒဏ္ဍာရီဆန်ပေမယ့် တကယ့်ဘ၀က လူသားတွေကိုတော့ ထင်ဟပ် ပေါ်လွင်စေပါတယ်။ ဒါနကောင်းမှု ပြုတဲ့အခါ စေတနာဒါန၊ ၀တ္ထုဒါန် (၂)မျိုးမှာ စေတနာဒါနက ပိုပြီးပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံ ညောင်စေ့ကလေးလောက်လှု ပြီး ညောင်ပင်ကြီးလောက် အကျိုးရတာတွေရှိသလို ညောင်ပင်ကြီးလောက်လှု လှူဒါန်းပြိး ညောင်စေ့ကလေးလောက်ပဲ အကျိုးရတာတွေလည်း ရှိတတ်ပါတယ်။
စေတနာကောင်းရင် ကံ(အကျိုးပေး)လည်း ကောင်းတတ်တာမို့ ကံကောင်းလိုသူတွေဟာ စေတနာကောင်းမွန်အောင် ဂရုစိုက်ကြရမှာပါ။ များသောအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲတာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ၊ ပညာအားတွေ များများစိုက်ထုတ် ပြီး ပြုပြင်ယူကြရမှာပါ။
သဒ္ဓါတရားဆိုတာ ကံ-ကံရဲ့ အကျိုးပေးနဲ့ ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိ ဂုဏ်ကျေးဇူး တွေကို သိမြင် ယုံကြညလက်ခံနိုင်တဲ့ သဘောပါ။ သူက"ရှေးကကောင်းလို့ အခုကောင်းတယ်၊ အခုကောင်း နောင်ကောင်းပါလိမ့်မယ်"ဆိုတဲ့ အကြောင်းအကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွှန် ပြ ပေးပါလိမ့်မယ်။
မေတ္တာတရာဆိုတာ ကောင်းကျိုးလိုလားတဲ့ ချစ်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှား ဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချင်ကြင်နာမှုနဲ့အတူ နူးညံ့သိမ်မွေ့ စိတ်အားပြည့်စေပါလိမ့်မယ်။
ပညာဆိုတာ အမှောင်ပယ်ခွင်း စိတ်ဓာတ်ကို အလင်းရစေခြင်းပါပဲ။ သူက ဒါနကုသိုလ်ရဲ့ ဆန့်ကျင်ဘက်အညစ်အကြေးတြွေုဖစ်တဲ့ အရာရာ တပ်မက်တွယ်တာလိုမှု လောဘနဲ့ ကပ်စေနဲ နှမြောတွန့်တိုမှု မစ္ဆရိယတရားဆိုးတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။
ဒါကြောင့် အလှူဒါနတစ်ခုပြုတဲ့အခါ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ၊ ပညာ ပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘ၀သံသရာမှာ ကျင်လည်ကြရပြီးဆို ရင် လောကပကာသနနောက်လိုက်ပြီး ၊ ဟန်ဆောင် ပန်ဆောင်ပြုလုပ်ထားတဲ့ ဆေးဆိုးပန်း ရိုက် စိတ် စေတနာတွေထက် သဒ္ဓါ၊မေတ္တာ ၊ ပညာတရားတွေပြည့်ဝတဲ့ သဘာဝအလှ စိတ်စေတနာတွေကသာ တကယ့်အားကိုးရာအစစ်ဖြစ်ပါတယ်။
တော်ဝင်နွယ