မြင့်မြတ်သာစွ လူ့ဘဝ
လူသည် အခြားသတ္တဝါများထက် မြင့်မြတ်သာလွန်သည်ဟုဆို၏။ သို့သော် မြင့်မြတ်သာလွန်သည့်
အရည်အသွေးများ မရှိလျှင် စား,နေ,အိပ်,ကာမကုန်အတွက်မျှလောက်သာ နားလည်သည့် သတ္တဝါများ၏
အခြေနေထက် ထူးခြား လိမ့်မည်မဟုတ်။ အခြေခံ လိုအပ်ချက်များဖြစ်ကြသည့် စားဝတ်နေရေးကိစ္စများနှင့်သာ
အချိန်ကို ကုန်လွန်နေစေမည်ဆိုလျှင် ကျွန်ုပ်တို့ကိုယ်တိုင်ကို လူသားဟု ဖော်ပြရန်မှာ
ရှက်ဖွယ်ပင်ကောင်းလှပေ၏။ စင်စစ်အားဖြင့် လူတွင် အမှန်တရားကို စူစမ်းရှာဖွေနိုင်သည့်
စွမ်းရည် သတ္တိရှိပါသည်။
ဗုဒ္ဓဘာသာမှာ ဤ အမှန်တရားကို ဓမ္မဟုခေါ်သည်။ တခြားသော သတ္တဝါများသည် အမှန်တရားကို (ဝါ)ဓမ္မကို နားလည်နိုင်သောစွမ်ရည်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် ဤစင်္ကြာဝဠာမှာ လူသား၏ အသိဥာဏ် သည် အခြားသောသတ္တဝါများ၏ အသိဥာဏ်ထက် သာလွန်သော အရည်သွေးရှိသောကြောင့် ဖြစ်သည်။ လူ သား၏ စိတ်ဓာတ်သည်သာလျှင် အမှန်တရားကို နားလည်နိုင်စွမ်းရှိသည်။
လူသားများသည် ဤစင်္ကြဝဠာမှာ ခက်ခဲနက်နဲလှစွာသော ဘာသာရေး လူမှုရေး အစရှိသည်ကို စနစ်တကျ စဉ်းစားတွေးခေါ်တတ်သော တစ်ခုတည်းသော သတ္တဝါပင်ဖြစ်သည်။ လူသား၏ စွမ်းရည်ကို အတိကျ တိုင်းတာနိုင်သော ခေတ်မှီပစ္စည်းဟူ၍ ယနေ့ထိ မရှိသေးသည်ကို တွေ့ရသည်။ လူသားစွမ်းရည်ကို အတိကျတိုင်းတာ၍ မရခြင်းသည်ပင် လူသားများ၏ ထူးခြားချက် တစ်ခုဖြစ်သည်။
လူသားများသည် ရှေးပဝေသဏီကတည်းက မိမိတို့၏ အခက်ခဲများကို ကျော်လွှားနိုင်ရန်နှင့် လိုအပ်သော အောင်မြင်မှုများကိုရရှိရန် မိမိတို့ ယုံကြည်သည့်အတိုင်း အားကိုးဖွယ်ရာကို ရှာကြသည်။ ထိုသို့ ယုံကြည်ရာကို ကိုးကွယ်ကြရင်း ဘာသားတရားများ ပေါ်ထွန်းလာသည်။ နတ်ပြည် ဗြာဟ္မာပြည်မှာတောင် ဘာသာတရား ပေါ်ထွန်းခြင်းမရှိဟု စာပေများက ဖေါ်ပြထားသည်။
တခါတရံမှာ လူအချို့သည် နတ် ဗြာဟ္မာများအား သူတို့နာမည်ကို ထုတ်ဖေါ်ပြီး ပူဇော်ပသကြသည်။ သို့သော်လည်း လူသားများ၏ ပင်ကိုယ်တွေးခေါ်မှု စွမ်းရည်သည် ၄င်းနတ်ဗြာဟ္မာများထက် သာလွန်ကြောင်း နားလည်သင့်ပေသည်။ အဘယ်ကြောင့်နည်း။ ဗုဒ္ဓဘာသာ ရှုထောင့်က ဖြေရလျှင် နတ် ဗြာဟ္မာ တစ်ယောက်သော်မှ သဗ္ဗညုတဥာဏ်ရှင် ဘုရားဖြစ်ခြင်း မရှိသောကြောင့်ပင်။
အမြင့်ဆုံး အနေအထားသို့ရောက်ရန် လူ့အသိဥာဏ်ကို မြှင့်တင်နိုင်သည့်စွမ်းရည်သည် လူမှာသာ ရှိသောကြောင့် လူသတ္တဝါသည်သာလျှင် သဗ္ဗညုတဥာဏ်ကို ရနိုင်သည်။
ဤဓမ္မ အသိတရားကို ဖြန့်ဖြူးလျက် လူသည် သူ၏ ကာလရှည်ကြာနေရခြင်းကို နားလည်ရန်နှင့် မြင့်မြတ်သူ လေးစားထိုက်သူဖြစ်ရန် ဖန်တီးနိုင်သည်။ လုပ်ဆောင်ချက်များကို ပုံသေတွက်ချက်နိုင်ရန် ကြိုးစားကြသည်။
အတိတ်ကာလကရော မျက်မှောခေတ်မှာပါ တွေးခေါ်ပညာရှင်များသည် လူသားများအတွက် အဓိကမေးခွန်းသုံခုကို လေးနက်စွာ စဉ်းစားခဲ့ကြသည်။
(၁) Who am I? ငါဘယ်သူလဲ။
(၂) What am I doing here? ငါဒီမှာ ဘာလုပ်နေတာလဲ။
(၃) Am I needed ? ဒီမှာ ငါ့ကို လိုအပ်မှုရှိပါသလား။ ဒီလောက ဒီအသိုင်းဝိုင်းက ငါ့ကို အလေးထားပါသလား။ လူသားများ အဓိပ္ပါယ်ရှိစွာ ရပ်တည်မှုအတွက် ဤမေးခွန်း သုံးခု၏အဖြေက အခြေခံဖြစ်သည်။
ဤအခြေခံ သဘောများကိုပင် ဘဝ၏ ရေးကြီးသော အချက်ဟု ကျွန်ုပ်တို့ပြောကြသည်။ ၄င်းအပြင် လူသားနှင့်ဆိုင်သော အခြေခံ စည်းမျဉ်းသဘောတရားဆိုတာ ဘာလဲ? ဘယ်အရာလဲ? ဤမေးခွန်းကို ဖြေဆိုရန် “human”လူ ဟူသော ဝေါဟာရ စကားလုံး၏ အဓိပ္ပါယ်က ဘာလဲဟု မိမိကိုယ်တိုင် ကိုယ့်ကိုယ်ကို ရှေးဦးစွာ ပြန်လည်းမေးခွန်းထုတ်ရမည်။
ပါဠိ Pali ဘာသာနှင့် သက္ကဋ Sanskrit ဘာသာမှာ Human ဟူသော ဝေါဟာရကို ညွှန်ပြရန် မနုဿ=manussa (သို့မဟုတ်) manusya ဟူသော စကားလုံးကိုသုံးကြသည်။ ယင်း manussa (သို့) manusya ဟူသော စကားလုံးသည် အလွန် အဓိပ္ပါယ်စုံသော စကားလုံးဖြစ်သည်၊၊ ဤအကြောင်းအရာနှင့် ဆက်စပ်၍ အင်္ဂလိပ် ဝေါဟာရ လူ manဟူသော စကားလုံးသည် စဉ်းစားခြင်းအဓိပ္ပါယ်ကို ဆောင်သော manu ဟူသော Sanskrit ဘာသာမှ ဆင့်ပွားလားခြင်းဟုဆိုသည်။
လူများသည် ၄င်းတို့၏ ရှုပ်ထွေးလှစွာသော အဆင့်အတန်း အခြေအနေ အရပ်ရပ်အပေါ် သင့်မြတ်သော စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများကို ဖြစ်ပေါ်စေတတ်သည်။ ယင်းသို့သော သတ္တဝါများကိုသာ မနုဿ =manussa (human)လူဟု ခေါ်ဝေါ်အပ်သည်။ လူ Manဟူသော စကားလုံးသည် (စိတ်)Mana ဟူသော ပါဠိ ဘာသာမှ ဆင်းသက်လားခြင်းဟု ဆိုသည်။ ထို့ကြောင့် တွေးခေါ်စဉ်းစားတတ်သူကို လူ ဟု ခေါ်သည်၊။ ( One who has a mind to think is called Man)
ဤနေရာ၌ ဆက်စပ်၍ ပါဠိ ဆရာများက- ကုသလာကုသလံ မနတိ ဇာနာတီတိ မနုေဿာ = အကောင်း အဆိုး ကုသိုလ် အကုသိုလ်ကို ပိုင်းခြားသိတတ်သောကြောင့် လူ။
ကရာဏာကရဏံ မနတိ ဇာနာတီတိ မနုေဿာ= အကြောင်း ဟုတ် / မဟုတ် (ဝါ) ပြုသင့်/မပြုသင့်ကို သိတတ်သောကြောင့်လူ။
အတ္ထာနတ္ထံ မနတိ ဇာနာတီတိ မနုေဿာ = အကျိုး ရှိ /မ ရှိ ကို ပိုင်းခြား သိတတ်သောကြောင့် လူ စသည်ဖြင့် အဓိပ္ပါယ် များစွာ ဖွင့်ဆိုကြ၏။ တခြားသောသတ္တဝါများထက် သာလွန် မြင့်မြတ်သော အသိဥာဏ်နှင့် လူသားများသည် မိမိဖြစ်လိုရာ၊ေ၇ွးချယ်ရာမှန်သမျှကို လက်တွေ့ လုပ်ဆောင်တတ်သည်။
“အကြင်နာတရားများနှင့် ပေါင်းစပ်ထားသော နှလုံးသားရှိသူသည် လူ” ဟု တရုတ်များက အဓိပ္ပါယ် ဖွင့်ဆိုသေး၏။ လူ့ နှလုံးသားမှာ အကြင်နာတရားနှင့် ရိုးသား မှုဆိုတာ ရှိပါတယ်။ အကယ်၍ ၄င်း အရည်သွေး နှစ်မျိုးသာ မရှိခဲ့လျှင် လူဟု ခေါ်ဆိုရန် သင့်လျှော်မည်မဟုတ်ပေ။
အနောက်တိုင်းတွေးခေါ်ရှင်များက လူကို မိမိတို့၏ အာရုံနှင့် အကြောင်းအကျိုးဆီလျှော်စွာ သုံးတတ်သူ ဟု ကောက်ချက် ချကြသည်။ လူသားများသည် သူတို့၏ ပြုမူဆောင်ရွက်စရာများကို အကြောင်းအကျိုး ဆီလျှော်စွာပြုလုပ်တတ်သော တစ်ခုတည်းသော သတ္တဝါဖြစ်၏။
အခြားသော သတ္တဝါများသည် သူတို့၏ သဘာဝ အသိဥာဏ် အတိုင်းသာ ပုံသေ အသက်ရှင်နေနေ တတ်၏။ ပျော်ရွင်တတ်ကြ၏။ လူသားများသည် အန္တယ်ကြားမှ လွတ်မြောက်ရန် လုပ်တတ်၏။ စိတ်ဓာတ်ကို မကောင်းသောအတွေးခေါ်များမှ ရှောင်လွှဲပြီး ကောင်းမွန်သော ဂုဏ်တရားများကို ကြိမ်ဖန်များစွာ ပွားများသော အခါ ငြိမ်းချမ်းမှုကို ရနိုင်သည်။ ငြိမ်းအေးသောစိတ်သည် စိတ်၏စင်ကြယ်ခြင်း စိတ္တဝိသုဒ္ဓိကို ဖြစ်စေသည်။
နန္ဒ (ဆွေသဟာ)- မဂဓတက္ကသိုလ်
Dr.K.Sri Dhammarnada ၏ superiority of human life ကို စကားညှပ် တန်ဆာပြီး ဘာသာပြန်ဆိုပါသည်။