မိခင်စိတ်
အဖေဟာသူ့ သမီးကို သရက်ခြံထဲရောက်ရင် သုံးဖို့ ပေးထားတဲ့ပစ္စည်းတချို
့ရှိတယ်။ ကလေးတွေလွယ်တဲ့ ပလိုင်းအသေးတစ်လုံးရယ်၊ဦးထုပ်ရယ်၊ ဓာတ်မီးတစ်လက်ရယ်၊လေးဂွနဲ့
လောက်စာလုံးရယ်၊ ရာဘာဖိနပ်တစ်ရံရယ်။ လောက်လေးဂွကိုလည်း ပစ်တတ်အောင် သင်ပေးထားတယ်။ လောက်စာကိုလည်း
အမြဲလုံးထားပေးတယ်။
ခြံထဲသွားရင် အဲ့ဒီပစ္စည်းတွေကမပါမဖြစ်ပဲ။ လောက်လေးဂွကိုအဖေက
ပစ်တတ်အောင် သင်ပေးထားပေမယ့် အကောင်လေးတွေကိုမပစ်ရဘူးလို့ တားထားတယ်။ ချိုးတွေ ၊ တောကြောင်တွေ၊
ရှဥ့်တွေ၊ ယုန်တွေ ကို တခါတလေ ခြံထဲမှာတွေ့ ရတတ်တယ်။ အဲ့လိုအကောင်မျိုးတွေက သရက်သီးလာစားတာတွေ
့ရင် အဖေက ခြောက်လှန့် ရုံပဲပစ်ခိုင်းတယ်။
"တောနေတိရစ္ဆာန်ဆိုတာ တောထူလို့ လာတာ။ သူတို
့ကဧည့်သည်၊ ကိုယ်ကအိမ်ရှင်ပဲ။ ဧည့်ဝတ်ကျေရမယ်၊ သူတို့ ကရန်မမူသရွေ့ တော့ ကိုယ်က ပြန်မတုံ
့ပြန်နဲ့ "တဲ့။ မြွေလို၊ ကင်းခြေများလို အကောင်မျိုးတွေဆိုရင်တော့ လူတွေကိုရန်ပြုမှာစိုးလို
့တွေ့ တဲ့နေရာမှာ သတ်ခိုင်းတယ်။့ ။" ကိုယ့် ပိုင်နက်ထဲ ရောက်လာတဲ့ သတ္တဝါအားလုံးကို
ရန်ပြုစရာမလိုသလို၊ အားလုံးကိုလည်း လွှတ်ပေးစရာမလိုဘူးသမီး။ အရေးကြီးတာက သူဟာ ရန်သူလား
မိတ်ဆွေလားဆိုတာကိုသိပြီး ကိုယ်ကဘယ်လိုတုံ့ ပြန်မလဲဆိုတာပဲအရေးကြီးတယ်"တဲ့။
နွေတစ်ရက် နေ့ လည်ခင်းမှာတော့ အဖေနဲ့ အလုပ်သမားတွေအကုန်
ခြံထဲသွားနေတုန်း ကိုယ်ကတဲနားမှာ ကြက်စာတွေကျွေးနေတယ်။ ကြက်စာကျွေးတယ်ဆိုတာ တလင်း ပြောင်ပြောင်
မှာ ဆန်တွေ ကြဲချတာပါပဲ။ ကြက်တွေ အစာကောက်လို့ လွယ်အောင်ပေါ့။ အဲ့ဒီအချိန်မှာ ကျွီ..........ဆိုတဲ့အသံနဲ
့အတူ ကောင်းကင်ပေါ်ကနေ ငှက်အကြီးကြီးတစ်ကောင် ဖြတ်ပျံသွားတာကိုတလင်းပြင်မှာ အရိပ်မည်းအဖြစ်တွေ
့လိုက်ရတယ်။မော့ ကြည့်လိုက်တော့မှ လားလား.........စွန်ကြီးတစ်ကောင်က ခေါင်းပေါ်ပေနှစ်ဆယ်လောက်မှာဝဲလို
့။
ခြံထဲက ခွေးတွေအကုန်ထိုးဟောင်ကြတယ်။ကြက်တွေကတော့
အကုန်ပြေးကုန်ပြီ။ ကိုယ်လည်း သစ်ပင်အောက် လိုက်ပြေးရတာပေါ့။ စွန်ကြီးက ကိုယ့်လက်တစ်ဖြန့်စာလောက်
ရှိတယ်။ ကလေးလက်တစ်ဖြန့် စာပေါ့။ သူ့ အမွေးအတောင်တွေက မည်းနက်ပြီး တော်တော်လှတယ်။ ဒါပေမယ့်
ကလေးတစ်ယောက်အတွက်တော့ သူဟာ ကြောက်စရာသိပ်ကောင်းတယ်။ နှုတ်သီးကောက်ကောက်၊ မျက်လုံးစူးစူးရှရှနဲ
့တချကိတချက် ကျွီ........ခနဲ မြည်တဲ့သူ့ အသံက မော့မကြည့်ဘဲ အရိပ်မြင်ရုံနဲ့ ကိုကြောက်စရာကောင်းနေတယ်။
စွန်ကြီးက တလင်းပြင်ကို ဝဲနေတော့ ကြက်တွေလည်းအကုန်
သရက်ပင်အောက်တွေ ဝင်ပြေး ကုန်တယ်။ ဒါပေမယ့် တလင်းပြင်အလယ်မှာ ခြေထောက်ထော့နဲ့ ထော့နဲ
့ ကြက်ပေါက် အနက်ကလေး တစ်ကောင်ကျန်ရစ်နေခဲ့တယ်။ ခြေဦးတည့်ရာပြေးကြရင်းကနေ အမေနဲ့ ကွဲပြီးကျန်ခဲ့ပုံပေါ်တယ်။
သူ့ ခမျာ မပြေးနိုင်လို့ ပကျိပကျိအော်ရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာဘူး။ ကြက်ကလေးကိုစွန်ကြီး
မတွေ့ ပါစေနဲ့ ဆုတောင်းပေမယ့် ဆုတောင်းမပြည့်ပါဘူး။
စွန်ဆိုတာ မျက်လုံးသိပ်စူးရှတာကိုး။ စွန်ကြီးက
ကောင်းကင်မှာ ဝဲနေရာကနေ ထိုးဆင်းလာတယ်။ ပထမတစ်ခါမှာ ကြက်ကလေးကိုမသုတ်မိဘူး။ နည်းနည်းလွဲသွားပြီး
မြေကြီးကိုပဲကုတ်မိတယ်။ ပြန်တက်သွားပြီး နောက်တစ်ခါပြန်ထိုးဆင်းလာတယ်။ကြောက်လွန်းလို
့မကြည့်ရဲတော့ဘဲ မျက်စိကိုမှိတ်ထားလိုက်တယ်။
အဲ့ဒီအချိန်မှာ ကတော်ဆိုတဲ့အသံကိုကြားလိုက်ရလို
့မျက်လုံးဖွင့်ကြည့်မိတဲ့အခါ ကြက်မ မည်းမည်း ကြီး တစ်ကောင် သူ့ ကလေးကို ရင်အုပ်ထဲထည့်ပြီး
စွန်ကြီးရဲ့ ရန်ကနေ ကာကွယ်ပေး နေတာတွေ့ လိုက်တယ်။ မပြေးနိုင်ရှာတဲ့ ကြက်ကလေးကို ကြက်အမေကြီးက
ရင်အုပ်ထဲထည့်လို့ပေါ့ ။ အဲ့ဒီမြင်ကွင်းဟာ တစ်သက်မှာတစ်ခါမှ မမြင်ဖူးတဲ့မြင်ကွင်းပါပဲ။
ကြက်ကလေးကို မချီမိဘဲ လွဲသွားတဲ့စွန်ကြီးလည်း နောက်တစ်ကြိမ်ပြန်တက်သွားပြီး တတိယအကြိမ်ထိုးဆင်းလာတယ်။
အဲံ့အချိန်မှာ ကိုယ်လည်းကြောက်စိတ်က ပြေစပြုနေပြီး
စွန်ကြီးကို ရင်ဆိုင်ဖို့ လောက်စာလုံးကို ပလိုင်းထဲက နှိုက်နေပြီ။ တကယ်ကို အံ့သြစရာကောင်းတာက
ကြက်အမေကြီးဟာ ထိုးဆင်းလာတဲ့ စွန်ကြီးကို ပြန်ခွပ်တော့တာပဲ။ အင်အားခြင်းမမျှမှန်းသိပါလျက်ကိုယ့်သားသမီးအတွက်ဆို
ရန်သူကိုတောင် ရင်ဆိုင်ရဲတဲ့ မိခင်စိတ်ဟာ သိပ်ကို ချီးကျူးစရာကောင်းပါတယ်။ ကြက်မကြီးက
ပြန်ခွပ်မယ်မထင်မှတ်ထားတဲ့ စွန်ကြီးဟာ နောက်တစ်ကြိမ်လွဲသွားလို့  ပြန်တက်သွားတယ်။ ဒီတစ်ခါတော့
စွန်ကြီးရဲ့ ဦးတည်ချက်က ကြက်မကြီးဆီရောက်သွားပြီ။
နောက်စတုတ္ထအကြိမ် ထိုးဆင်းလာတော့ စွန်ကြီးက ကြက်မကြီးကို
ဝင်သုတ်တော့တာပဲ။ ကြက်ကလေးကျန်ခဲ့ပြီး ကြက်မကြီး ပါသွားတယ်။ ကိုယ်လည်း မနေနိုင်တော့လို
့ လောက်စာလုံး ဆွဲပြီး စွန်ကြီးရင်အုပ်ကို အားကုန် ပစ်ထည့်တော့တာပဲ။ စွန်ကြီးလည်း ကြက်မကြီးကို
ပြန်လွှတ်ချသွားတယ်။
ကြက်မကြီးမှာတော့ ခေါင်းမှာရောသွေးတွေထွက်၊ လည်ပင်းနဲ
့ကိုယ်လုံးမှာလည်း အမွေးတွေ ကျွတ်ပြီး စုတ်ပြဲလို့ ၊ အတောင်လည်းတော်တော် အထိနာ သွားပုံရတယ်။
အမြင့်ကနေ လွှတ်ချခံရတာဆိုတော့ သိပ်လည်း ကောင်းကောင်းမသွားနိုင်တော့ဘူး။ ဒါပေမယ့် ရှိသမျှခွန်အားနဲ
့ သူ့ ကြက်ပေါက်ကလေးရှိရာ တလင်းပြင်ကို ရောက်အောင်သွားရှာတယ်။ ပကျိပကျိနဲ့ အော်ပြီး
ကြောက်လန့် လွန်းတဲ့ကြက်ကလေးမှာတော့ သူ့ အမေရင်အုပ်ထဲမှာပေါ့။
အဲ့ဒီမြင်ကွင်းကို တစ်ခါမှမမြင်ဖူးတဲ့ ကိုယ့်မှာတော့
အံ့သြမှင်သက်လို့ ။ လက်ထဲက လေးဂွကို လွှတ်ချပြီး ကြက်သားအမိဆီရောက်အောင်သွားရင်း မျက်ရည်တွေက
အလိုလိုကျလာတယ်။ သိပ်မကြာပါဘူး ။ ကြက်အမေကြီးလည်း နှစ်ချက်လောက် အကြောဆွဲပြီး ငြိမ်သက်သွားတယ်။
ကိုယ့်မှာတော့ ကြောက်လွန်းလို့ တုန်နေတဲ့ ကြက်ကလေးကို လက်ထဲထည့်ပြီးပဲ ငိုနေမိတော့တယ်။
ခဏနေတော့ နောက်ကနေ အဖေရောက်လာပြီး မျက်ရည်တွေလာသုတ်ပေးရင်းပြောတယ်။
"စွန်သံကြားကတည်းက အဖေပြေးလာတာ၊အဖေအစအဆုံး မြင်လိုက်တယ်သမီး။ လက်ထဲမှာ ဘာမှမပါလို
့သမီး ဘာဆက်လုပ်မယ်အဖေစောင့်ကြည့်နေတာ။ လောကမှာ လက်နက်ဆိုတာ အားနည်းသူကို အားကြီးတဲ့သူ
ကအနိုင်ကျင့်တဲ့အချိန်မှာ ကူညီဖို့ ပဲဖြစ်သင့်တယ်။ သမီး လက်နက်ကို ကောင်းကောင်းအသုံးချတတ်မှန်းအဖေသိလိုက်ပါပြီ"တဲ့။
တစ်ချိန်ထဲမှာပဲ မိဘတွေက သားသမီးအပေါ်ထားတဲ့ မေတ္တာဟာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတဲ့ အကြောင်းကို
သိလိုက် ရလေရဲ့…….။
ခင်မင်လေးစားလျှက်
( Shwe Eaim Si ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)
ခြံထဲသွားရင် အဲ့ဒီပစ္စည်းတွေကမပါမဖြစ်ပဲ။ လောက်လေးဂွကိုအဖေက ပစ်တတ်အောင် သင်ပေးထားပေမယ့် အကောင်လေးတွေကိုမပစ်ရဘူးလို့ တားထားတယ်။ ချိုးတွေ ၊ တောကြောင်တွေ၊ ရှဥ့်တွေ၊ ယုန်တွေ ကို တခါတလေ ခြံထဲမှာတွေ့ ရတတ်တယ်။ အဲ့လိုအကောင်မျိုးတွေက သရက်သီးလာစားတာတွေ့ ရင် အဖေက ခြောက်လှန့် ရုံပဲပစ်ခိုင်းတယ်။