လှချင်ရင် ပြင်၊ ချောချင်ရင် ပြင်
ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်လာပြီဆိုရင် သိပ်လှချင်လာပြီ။ မှန်လေးတကြည့်ကြည့်နဲ့။
အဲဒီအရွယ်မှာ မိန်းကလေးလည်း လှချင်တယ်။ ယောက်ျားလေးလည်း လှချင်တယ်။ ဆန့်ကျင်ဘက်အာရုံကို
စိတ်ဝင်စားလာတဲ့အချိန်ဆိုတော့ ဆန့်ကျင်ဘက်အာရုံက ကိုယ့်ကိုစိတ်ဝင်စားတာကို ခံယူလိုကြတယ်။
ဒါကြောင့် အဲဒီအရွယ်မှာ အလှအပကို ဂရုစိုက်လာတယ်။ အလှအပကို မက်မောလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း
အလှပြင်လာကြတယ်။
အလှအပဆိုတာ ကျက်သရေတစ်ပါးပါ။ ကျက်သရေရှိတော့ မင်္ဂလာရှိတာပေါ့။ လှချင်တာ အပြစ်မဟုတ်ပါဘူး။
အလှအပကို ထိခိုက်အောင်လုပ်တာကမှ အပြစ်ပါ။
"ထန်ပြင်းဒေါသကြီးတတ်က အလှပျက်မည်ဆို၊ ဒေါသကင်းစင် မေတ္တာယှဉ်၊ ကြည်လင်လှသကို"
လို့ ဆိုတယ်။ သုဘလုလင်ကမေးလို့ ဘုရားက ဖြေတာပါ။ ဒေါသကြီးရင် အလှပျက်ပါတယ်၊ ရုပ်ဆိုးပါတယ်။
စိတ်ဆိုးရင် ရုပ်ဆိုးပါတယ်၊ စိတ်ဆိုးလို့ဆိုတဲ့နေရာမှာ စိတ်ကိုဆိုးရွားစေတဲ့ လောဘ ဒေါသ
မောဟ မာန်မာန ဣဿာမစ္ဆရိယအားလုံး ဆိုင်ပါတယ်။ အဲဒီစေတသိက်ဆိုးတွေဟာ စိတ်ကို ဆိုးစေပါတယ်။
စိတ်ဆိုးရင်တော့ ရုပ်ဆိုးတော့မှာပါပဲ။ ရုပ်မဆိုးဖို့အတွက် စိတ်မဆိုးဖို့ လိုအပ်ပါတယ်။
ရုပ်လှဖို့အတွက် စိတ်လှဖို့ လိုအပ်ပါတယ်။ စိတ်ကိုလှစေတာ၊ ရုပ်ကိုလှစေတာကတော့ အဓိကခန္တီမေတ္တာပါပဲ။
ဒါကြောင့် "ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို" လို့ ဘုရားက မိန့်ပါတယ်။
"အ၀တ်နဲ့ပန်း ရေချမ်းလှူပါ၊ တံမြက်ကိုလှည်း၊ သည်းလည်းခံပါ၊ သီလစောင့်ငြား၊
မလားပါယ်ရွာ၊ ဘ၀တိုင်း ရှုတိုင်းလှနေမှာ" လို့ဆိုပါတယ်။ ရုပ်လှချင်ရင် အ၀တ်အထည်လှူပါ။
အ၀တ်အထည် ကောင်းကောင်းမွန်မွန် လှလှပပပေါ့။
"၀ဏ္ဏဒေါ ဟောတိ၊ ၀ဏ္ဏဒေါ-အ၀တ်အထည်ကို လှူဒါန်းသူသည် အဆင်းကို လှူဒါန်းသည်မည်၏" လို့ ဘုရားမိန့်ပါတယ်။ မြင်သူရူးလောက်အောင်လှတဲ့ ဥမ္မာဒန္တီဟာ အ၀တ်အထည်လှူဒါန်းခဲ့လို့ပါ။ ဥပ္ပလ၀ဏ်လှတာဟာ ပန်းလှူခဲ့လို့ ပါ။ ဒါကြောင့် လှချင်တဲ့သူဟာ ပန်းလှူရပါမယ်။
"၀ဏ္ဏဒေါ ဟောတိ၊ ၀ဏ္ဏဒေါ-အ၀တ်အထည်ကို လှူဒါန်းသူသည် အဆင်းကို လှူဒါန်းသည်မည်၏" လို့ ဘုရားမိန့်ပါတယ်။ မြင်သူရူးလောက်အောင်လှတဲ့ ဥမ္မာဒန္တီဟာ အ၀တ်အထည်လှူဒါန်းခဲ့လို့ပါ။ ဥပ္ပလ၀ဏ်လှတာဟာ ပန်းလှူခဲ့လို့ ပါ။ ဒါကြောင့် လှချင်တဲ့သူဟာ ပန်းလှူရပါမယ်။
ရေဆိုတာ မေတ္တာရဲ့ သင်္ကေတပါ။ ရေဆိုတာ ကြည်လင်အေးချမ်းပါတယ်။ ရေလှူတဲ့သူဟာ ရုပ်လှပါတယ်။
လှချင်ရင် ရေချမ်းလှူပါ။ ရေဆိုတာ သန့်ရှင်းစင်ကြယ် အေးချမ်းစေတဲ့ သဘောသတ္တိရှိပါတယ်။
ဒါကြောင့် သန့်ရှင်းဖို့၊ စင်ကြယ်ဖို့၊ အေးချမ်းဖို့ ရေလှူရပါတယ်။ သူများစိတ်ကြည်၊
ကိုယ်စိတ်ကြည်နှင့် တလီနတ်ချစ်၊ ရောင်လှစ်ဆင်းလှ၊ သေကာလမှာ ရောက်ရနတ်ပြည် ဤငါးထွေ၊
မှတ်လေတံမြက်အကျိုးဆိုတဲ့ တံမြက်လှည်းလို့၊ သန့်ရှင်ရေးလုပ်လို့ရရှိတဲ့ အကျိုးတွေထဲမှာ
ရုပ်အဆင်းလှပခြင်းဆိုတဲ့ အကျိုးတရားပါပါတယ်။ ဒါကြောင့် လှချင်ရင် ဘုရားကျောင်းကန် လူအများသုံးစွဲရာနေရာတွေမှာ
တံမြက်လှည်းရပါတယ်။သန့်ရှင်းရေး လုပ်ရပါတယ်။
စိတ်ရဲ့အလှဟာ ခန္တီမေတ္တာပါ။ ဒီခန္တီမေတ္တာကြောင့် ရုပ်လည်းလှပါတယ်။ သည်းမခံနိုင်စရာကိစ္စကို အတတ်နိုင်ဆုံးတော့ သည်းခံရပါမယ်။ သတ္တ၀ါအားလုံးအပေါ်မှာ မေတ္တာထားရှိရပါမယ်။ မေတ္တာဆိုတာ မပျက်ကောင်းတဲ့တရားပါ။ ဘုရားရှင်ဟာ ရှင်ဒေ၀ဒတ်၊ အင်္ဂုလိမာလ၊ နာဠာဂီရိဆင်၊ သားတော်ရာဟုလာ အားလုံးအပေါ် မေတ္တာတန်းတူထားရှိတယ်လို့ ဆိုပါတယ်။ မေတ္တာသည်သာ အောင်နိုင်ရာ။ အောင်ခြင်းရှစ်ပါးကို မေတ္တာနဲ့သာ အောင်နိုင်တော်မူပါတယ် ။ လောကမှာ အလှပဆုံးအရာဟာ မေတ္တာပါ။ ပြဿနာအရပ်ရပ်ကို မေတ္တာနဲ့ဖြေရှင်းခြင်းကသာ လှပတဲ့အဖြေထွက်တာပါ။
လှချင်သူဟာ ပြင်ရမယ်၊ ချောချင်သူက
ပြင်ရမယ်။ အ၀တ်အထည်လှူပြီးတော့ ကံတွေကိုပြုပြင်ပါ။ လှချင်၊ ချောချင်ရင်တော့ မိမိတို့စိတ်တွေ၊
မိမိတို့ကံတွေကို မဖြစ်မနေပြင်ကြရမှာပါ။ ပြင်နိုင်သလောက် လှမယ်၊ ချောမယ်။ မိမိရဲ့အလှဟာ
မိမိဘယ်လောက်ပြင်နိုင်သလဲဆိုတဲ့ အပေါ်မှာပဲတည်ပါတယ်။ မပြင်လို့တော့ မလှနိုင်ပါဘူး။
ပြင်မှသာ လှမှာပါ . . .
|
တရားတော်မှာ "ဒါနက ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံစေတယ်၊ ချမ်းသာစေတယ်။ သီလက အသက်ရှည်စေတယ်၊
ကျန်းမာစေတယ်၊ ရုပ်ချော၊ ရုပ်လှစေတယ်" လို့ဆိုတယ်။ ဘာသာတရားရဲ့အခြေခံဟာ မေတ္တာနဲ့
ကရုဏာပါ။ ဒါနရဲ့အခြေခံဟာလည်း မေတ္တာနဲ့ ကရုဏာပဲ။ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ ကျွေးမွေးခြင်းဆိုတာဟာ
အလှူခံယူတဲ့သူ ချမ်းသာစေချင်တဲ့ မေတ္တာကြောင့်ပါပဲ။ အလှူခံယူတဲ့သူ မဆင်းရဲစေချင်တဲ့၊
ဆင်းရဲမှာကို မလိုလားတဲ့၊ ဆင်းရဲမှာကို စိုးရိမ်တဲ့ ကရုဏာကြောင့်ပါပဲ။
သီလမှာလည်း မေတ္တာကရုဏာက အရင်းခံပါပဲ။ ချစ်တဲ့သူကို ဘယ်သတ်မှာလဲ၊ ချစ်တဲ့သူကို
ဘယ်ညှဉ်းပန်းနှိပ်စက်မှာလဲ။ ချစ်တဲ့သူကို ဒုက္ခရောက်အောင် ဘယ်လုပ်မှာလဲ။ သီလကိုချိုးဖောက်စေတာဟာ
လောဘ ဒေါသတွေပါပဲ။ ဒါတွေဟာ စိတ်ကိုဆိုးစေတဲ့ တရားတွေပဲ။ မေတ္တာကရုဏာဆိုတာ လောဘ၊ ဒေါသရဲ့
ဆန့်ကျင်ဘက်ပဲ။ လောဘကြီးသူ၊ ဒေါသကြီးသူရဲ့ သန္တာန်မှာ မေတ္တာ၊ ကရုဏာဆိုတာ မကိန်းဝပ်နိုင်ဘူး။
မေတ္တာ၊ ကရုဏာအား ကြီးသူမှာလည်း လောဘ ဒေါသတွေ နည်းသွားတယ်။ သီလရဲ့ အခြေခံဟာလည်း မေတ္တာ၊
ကရုဏာဆိုတော့ သီလစောင့်သူ၊ သီလလုံခြုံသူရဲ့စိတ်ဟာ လှတယ်။ စိတ်လှတော့ ရုပ်လှတာပါပဲ။
လှချင်သူဟာ ပြင်ရမယ်၊ ချောချင်သူက ပြင်ရမယ်။ အ၀တ်အထည်လှူပြီးတော့ ကံတွေကိုပြုပြင်ပါ။
လှချင်၊ ချောချင်ရင်တော့ မိမိတို့စိတ်တွေ၊ မိမိတို့ကံတွေကို မဖြစ်မနေပြင်ကြရမှာပါ။
ပြင်နိုင်သလောက် လှမယ်၊ ချောမယ်။ မိမိရဲ့အလှဟာ မိမိဘယ်လောက်ပြင်နိုင်သလဲဆိုတဲ့ အပေါ်မှာပဲတည်ပါတယ်။
မပြင်လို့တော့ မလှနိုင်ပါဘူး။ ပြင်မှသာ လှမှာပါ။
စိတ်ကိုလည်းပြင်၊ ရုပ်ကိုလည်းပြင်၊ ပြုပြင်တိုင်းရ၊ ပြင်တိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မယ်"
လို့ဆိုပါတယ်။ ဒုက္ခခပ်သိမ်းချုပ် ပြတ်ငြိမ်းရာ နိဗ္ဗာန်ရွှေပြည်ဝင် စံတော်မူသွားကြတဲ့
ရဟန္တာအရှင်မြတ်တို့ဟာ သူတို့စိတ်ဟာ သူတို့စိတ်ကို အလှပဆုံးဖြစ်အောင် ပြင်သွားကြတဲ့
ပုဂ္ဂိုလ်တွေပါပဲ။ သာမန်လူအများစုကတော့ ရုပ်အလှကိုပဲ အဓိကထားကြပါတယ်။ ကားကောင်းကောင်း၊
ကားလှလှစီးထားပေမယ့် ဒီကားပေါ်က ကားပိုင်ရှင်ရဲ့စိတ်က ကားလိုလှရဲ့လား။ တိုက်ကောင်းကောင်း၊
တိုက်လှလှကြီးနဲ့ နေပေမယ့် ဒီတိုက်ပေါ်က တိုက်ပိုင်ရှင်ရဲ့စိတ်က တိုက်လောက် လှပါရဲ့လား၊
ဒါအရေးကြီးတယ်။ တိုက်လှလှ၊ ကားလှလှက ပုဂ္ဂလိကအလှပါ။ စိတ်အလှကသာ ပတ်ဝန်းကျင်လောကအတွက်
အလှပါ။
သင်္ခါရတရားဆိုတာ ပြုပြင်မှုကို အမြဲတောင်းဆိုနေပါတယ်။ ရုပ်ကိုလည်း ပြင်ရပါတယ်၊ စိတ်ကိုလည်း
ပြင်ရပါတယ်။ မိမိတို့ ကိုယ်စိတ်နှစ်ပါးကို ပြင်နေရမှာက မိမိတို့ရဲ့ အဓိကတာဝန်ပါ။ ကံ
စိတ် ဥတု အာဟာရ အထောက်အပံ့ကောင်းမှ ရပ်တည်ရှင်သန်နိုင်တဲ့ ဘ၀ခန္ဓာကို ကံနဲ့လည်း ပြုပြင်ပေးနေရပါတယ်၊
စိတ်နဲ့လည်း ပြုပြင်ပေးနေရပါတယ်၊ ဥတုနဲ့လည်း ပြုပြင်ပေးနေရပါတယ်၊ အာဟာရနဲ့လည်း ပြုပြင်ပေးနေရပါတယ်။
ကောင်းတာတွေး၊ ကောင်းတာပြော၊ ကောင်းတာလုပ်ပြီး ကံကိုပြုပြင်ရပါတယ်။ လောဘဒေါသတွေကြီးနေရင်
စိတ်ပင်ပန်းပါတယ်။ လောဘဒေါသတွေ နည်းအောင်၊ သောက၊ ဒေါမနဿတွေ နည်းအောင် သမာဓိအလုပ်တစ်ခုခုနဲ့
စိတ်ကို ပြုပြင်ပေးရပါတယ်။ ဥတုသပ္ပာယဖြစ်အောင်လည်း နေထိုင်ရပါတယ်။ အာဟာရမျှအောင်လည်း
စားသောက်ရပါတယ်။
စိတ်သာရှင်စော ဘုရားဟောလို့ဆိုလေတော့ စိတ်လှဖို့ကတော့ အဓိကပါ။ လောကထဲက အလှအပဟူသမျှ
စိတ်လှသူတွေ ဖန်တီးထားကြတာပါ။လောကကို အလှဆင်တဲ့သူတွေဟာ စိတ်လှတဲ့သူတွေပါ။ ဒါကြောင့်
မိမိတို့ စိတ်လှအောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ အလှပြင်ကိရိယာတွေနဲ့ စိတ်အလှပြင်ကြရပါမယ်။
ဒါနသီလစတဲ့ ဘာသာရေး ကျင့်ဝတ်တွေနဲ့ စိတ်အလှပြင်ကြရပါမယ်။
လှချင်ရင်တော့ ပြင်ရပါမယ်၊ ချောချင်ရင်တော့ ပြင်ရပါမယ်။ အလှတရားဆိုတာ မြင်ရသူတိုင်းစိတ်ကို ကြည်လင်ချမ်းမြေ့စေပါတယ်။
လှချင်ရင်တော့ ပြင်ရပါမယ်၊ ချောချင်ရင်တော့ ပြင်ရပါမယ်။ အလှတရားဆိုတာ မြင်ရသူတိုင်းစိတ်ကို ကြည်လင်ချမ်းမြေ့စေပါတယ်။
မိမိတို့နိုင်ငံ အဘက်ဘက်က ရုပ်ဆိုးအကျည်းတန်ဖြစ်ခဲ့ရတဲ့ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။
နိုင်ငံမှာ ပြစရာက ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုတဲ့ အလှနဲ့ တောတောင်ရေမြေဆိုတဲ့
သဘာဝအလှပဲရှိတာပါ။ သဘာဝအလှတွေတောင် လောဘဇောတိုက်သူ လူ့မိစ္ဆာတွေကြောင့် တော်တော်လေး
ပျက်စီးကုန်ပါပြီ။ နိုင်ငံသားတို့ရဲ့ဘ၀ကတော့ တော်တော်ဆိုးဆိုးရွားရွားကို မလှမပ ဖြစ်နေရပါပြီ။
ရာခိုင်နှုန်း ၇၀ ခန့်ရှိတဲ့ ကျေးလက်လူနေမှု ဘ၀တွေကို လက်တွေ့ဆင်းကြည့်ပါ။ မြို့ပြဆင်ခြေဖုံးရပ်ကွက်တွေကို
အနည်းငယ်မျှ စောင်းငဲ့ကြည့်ပါ။
ဘ၀တွေ ဘယ်လောက်ရုပ်ဆိုးကျည်းတန် ဖြစ်နေသလဲဆိုတာ မြင်ရပါလိမ့်မယ်။ တကယ်ကို မမြင်ရက်
မကြည့်ရက်စရာတွေပါ။ သူတို့ဘ၀လေးတွေ အတန်အသင့် လှပလာအောင်၊ ကြည့်ပျော်ရှုပျော်လေးဖြစ်လာအောင်
ဘယ်သူတွေ အလှပြင်ပေးကြမလဲ။ ဘယ်သူတွေ အလှဆင်ပေးကြမလဲ။ အဓိကတာဝန်ကတော့ နိုင်ငံ့တာဝန်ကို
ယူထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါ။ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ စိတ်အလှကသာ သူတို့ဘ၀တွေကို
အလှဆင်ပေးနိုင်ပါလိမ့်မယ်၊ အလှပြင်ပေးနိုင်ပါလိမ့်မယ်။
လောကမှာ အမြင်လည်းကောင်းဖို့ လိုပါတယ်၊ အကောင်းလည်းမြင်ဖို့ လိုပါတယ်။ အမြင်ကောင်းဖို့အတွက်ဆိုရင်
လိုအပ်တာက အလှတရားပါ။ အကောင်းမြင်ဖို့အတွက်ကလည်း လိုအပ်တာက အလှတရားပါပဲ။
လူတော်လူကောင်းဆိုတာ လောကကို အလှဆင်သူတွေပါ။ လောကက တောင်းဆိုနေတာကလည်း လောကကို အလှဆင်မယ့် လူတော်လူကောင်းတွေပါ။ အလှဆိုတာလည်း သဘာဝအလှရှိနေပေမယ့် အရာခပ်သိမ်း အများစုကတော့ ပြင်မှလှမှာပါ။ လောကကို အလှပြင်နိုင်ကြပါစေ။ လောကကို အလှဆင်နိုင်ကြပါစေ။ လောကအလှကို ဖော်ကျူးနိုင်သော နှလုံးလှပိုင်ရှင်များ ဖြစ်ကြပါစေ။
Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)