Tuesday, December 31, 2013

ဦးရွှေအောင်၏ ခန္ဓာငါးပါး နဲ့ Maslow’s hierarchy of needs


ဦးရွှေအောင်၏ ခန္ဓာငါးပါး နဲ့ Maslow’s hierarchy of needs

ဆရာကြီးဦးရွှေအောင်ဟာ ကျွန်တော်အနှစ်သက်ဆုံး ဗုဒ္ဓဒဿနပညာရှင်ကြီးဖြစ်ပြီး ဗုဒ္ဓတရားတော်တွေ ကို ဖွင့်ဆိုရာမှာ အတော်လေးနှစ်သက်ပါတယ် (ယောမင်းကြီးကို မြင်းထိန်းချီးကျုးသလိုများဖြစ်မလားမသိ) ဆရာကြီးရဲ့ စာအုပ်တွေအကုန်လုံးကို အကုန်ဥာဏ်မမှီပေမဲ့ အတော်အများ ဖတ်ဖြစ်တယ်။

Maslow က စိတ်ပညာရှင်တွေထဲ ဖရိုက်ပြီးရင် အနှစ်သက်ဆုံးပါ။ သူကတော့ အမေရိကန်နိုင်ငံသားလူသား ၀ါဒီ စိတ်ပညာ ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ လူသားလိုအင်အဆင့်ဆင့် သီအိုရီနဲ့ နာမည်ကြီးတဲ့ စိတ်ပညာရှင်ယောက်ပါ။ စိတ်ပညာသင်ဖူးသူတိုင်းသူရဲ့ Humanistic theories of self-actualizationကို သိမှာပါ။နောက်ပိုင်း ဖွံဖြိုးရေးလုပ်ငန်း တွေမှာ Needs base approach ဆိုပြီးလုပ်လာတော့ ဖွံဖြိုးရေးသမား အတော်အများ လေ့လာရတဲ့ သီအိုရိ တစ်ခုဖြစ်ပါတယ်။

ဒီ Maslow’s hierarchy of needs နဲ့ ဆရာကြီးဦးရွှေအောင် နဲ့ ဘာဆိုင်လည်း ဆိုတော့တော့ ဆရာကြီး ခန္ဓာငါးပါးကို ဖွင့်ဆိုထားတဲ့ ပုံနဲ့ Maslow’s hierarchy of needs က အတော်လေး သွားတူတာကိုတွေ့ရတယ်။ ဆရာကြီး Maslow ကို ကိုးကားပြီး ဖွင့်ဆိုခဲ့တာလား ဆိုတာ မသိရပေမဲ့။ ဆရာကြီးရဲ့ အမြင်က Maslow ရဲ့ အမြင်ထက် နက်ရှိုင်းတာကို သွားသိရတယ်။

Maslow က လူသားတွေ မှာ လိုအင်တွေ ရှိတယ် ဒါတွေ ကတော့
ရုပ်ပိုင်းလိုအင် (Basic needs or Physiological needs) – စားဝတ်နေရေးနဲ့ လိင်ကိစ္စ တွေဟာ လူသားရဲ့ အခြေခံအကျဆုံးနဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ လို့ဆိုတယ်

လုံခြုံမှုလိုအင် (Safety Needs)- အခြေခံလိုအပ်ချက်ပြည့်စုံပေမဲ့ လူကလုံခြုံချင်သေးတယ် ရှိတဲ့ ဥစ္စာလေး မပျောက်အောင် ရာထူးလေး မြဲအောင် ကျန်းမာရေးကောင်းအောင် အလှမပျက်အောင် လိုချင်ကြတယ် ဒီနှစ်ခုကတော့ လူတိုင်းလူတိုင်း ရုပ်နဲ့ ဆိုင်တဲ့ လူတိုင်းလိုချင်ကြတဲ့လိုအက်တဲ့။ လူတင်မဟုတ် တိရစ္ဆာန်များလည်း ဒီလိုအင်နှစ်ခုကို လိုချင်တယ်။

ချစ်ခင်မှုလိုချင်(Love and Belonging Needs)- ဒီလိုအင် ကတော့ အရင်နှစ်ခုထက် နဲနဲ မြင့်လာသည် လူသားပိုဆန်လာတယ် လူတွေဟာ ချစ်တာခံချင်သလို သူများကိုလည်း ချစ်ချင်လာတယ် သူငယ်ချင်း အပေါင်းအသင်းနဲ့ နေချင်လာတယ်။ လူမှုသတ္တ၀ါ ဖြစ်လာတဲ့ သဘောပါ။

ကိုယ်ကိုယ်ကို တန်ဖိုးထားမှု လိုအင် (Self-Esteem Needs)- နောက်တစ်ခုက အရင်ဟာတွေ ထက်ပိုမြင့်လာပြီ အပေါင်းအသင်းနဲ့နေရုံတင်မဟုတ် လူမှုဆက်ဆံရေး တင်မဟုတ် ကိုယ့်ကိုကိုယ် လေးစား မြတ်နိုးတန်ဖိုးထားတတ်လာဖို့ လိုတယ်လို့ ဆိုထားတယ်။

အမှန်သိမြင်မှုလိုအင်(Self-actualization Needs)- ဒီလိုအင်ကတော့ အမြင့်ဆုံးနဲ့ နောက်ဆုံးလိုအပ်ဖြစ်ပြီး လူသားတိုင်း ပြည်ဝဖို့ ခက်ပါတယ်။ သေတာသွားတယ် ကိုယ့်ကိုကိုယ်ဘာကောင်မှန်း ဘာဖြစ်မှန်း မသိသူတွေ အများကြီးပါ။ ဒီလိုအင်ပြည်မှ လူသားအဆန်ဆုံး လူဖြစ်ကျိုး အနပ်ဆုံး ဖြစ်မယ်လို့ ဆိုထားတယ်။ Maslow ကတော့ Need for Self-actualization, occurs when individuals reach a state of harmony and understanding လိုဆိုထားတယ် သမမျှတပြီး ကိုယ်ကိုကိုယ်နားလည်ဖို့ က လူသားရဲ့ အမြင့်ဆုံးလိုအပ်ချက်လို့ ဆိုသပေါ့ ဒီလိုအင်ပြည့် မှ လူသားတစ်ယောက်ရဲ့ ပြည့်ဝတဲ့ ဘ၀ ကို ရနိုင်မယ် လိုကိုပြောထားတယ်။

ဒါကတော့ ဗုဒ္ဓရဲ့ အဆုံးအမကို လုံးဝမသိတဲ့ အနောက်တိုင်း စိတ်ပညာရှင်တစ်ဦးရဲ့ ရူမြင်မှုပါ။ နောက် ဗုဒ္ဓရဲ့ အဆုံးမကို သိပြီး ဗုဒ္ဓတရားတော်များကို ဖွင့်ဆိုပြတဲ့ မြန်မာဗုဒ္ဓဒဿနပညာရှင်ဦးရွှေအောင် ရဲ့ ခန္ဓာ ငါးပါ အမြင်ကို ကြည့် ကြရအောင်….

ဒီဟာကို စဖတ်ဖူးတာ ဘ၀အကျဉ်းသား စာအုပ်မှာထင်တယ်။နောက် ဗုဒ္ဓ(သို့)လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်) စာအုပ်က နောက်ဆုံးအခန်း ဘ၀ အသိများမှာလည်း ပြန်ပါတဲ့ ခန္ဓာငါးပါး သဘော မှာ ဖတ်မိတာပါ။ ဆရာကြီးရဲ့ အမြင်ဟာ Abraham Maslow ရဲ့ အမြင်ထက် ပိုမိုနက်ရှိုင်းပြီး အဆင့်မြင်တာကိုသွားတွေ့ရပါတယ်။

ဆရာကြီးက “လူသားတွေဟာ မိမိတို့ ခန္ဓာဖွဲ့စည်းမှုနဲ့ လောကကိုသိတယ် ခန္ဓာဖွဲ့စည်းမှုက ငါးမျိုးရှိတယ် သိတဲ့နေရာမှာလည်း အတ္တကို အခြေခံပြီး သိတာမို့ လွတ်လွတ်လပ်လပ်သိတာမဟုတ် ယထာဘူတကျသော သိနည်းမဟုတ် ” လိုဆိုထားပါတယ်။

ဆရာကြီးရဲ့ ခန္ဓာ ငါးပါးသဘောကတော့ -
ရူပက္ခန္ဓာဘဘော- လူတွေဟာကောင်းကောင်းစားချင် နေချင် ၀တ်ချင် ကျန်းမာချင်ကြတယ် ရုပ်ပိုင်း ထောင့်တ ချက်တွေဖြစ်တယ် ကောင်းကောင်းနေချင်တာကြောင့် ကျောက်ခေတ်ဂူအောင် ဘ၀ကနေ အိုးအိမ်တိုက်တာတွေ ဖြစ်လာ ကောင်းကောင်းနေချင်တာ ကြောင့် အဝတ်အစားမပါတဲ့ ဘ၀ကနေ ချမ်းပူဖျက်ယုံမဟုတ်ပဲ လှတပတ လေးတွေ ဖြစ်လာ ကောင်းကောင်းစားချင်တာကြောင့် အမဲလိုက် တာကနေ စိုက်ပျိုးမွေးမြုတတ်လာ ကျန်းမာချင်တာကြောင့် ဆေးဝါးတွေ ပေါ်လာတယ် လို ဆိုထားတယ်။

 ဗုဒ္ဓဒေသနာတော်မှာတော့ ကျောင်း သင်္ကန်း ဆွမ်း ဆေး ဆိုပြီး ပစ္စည်း လေးပါး ပေါ့။ ဘ၀အသိဟာ ချက်ချင်း ထွက်ပေါ်လာတာမဟုတ်ပဲ ဖြည်းဖြည်းချင်းတိုးတတ်လာတဲ့ သဘော ရူပက္ခန္ဓာ ကနေ ရုပ်ပိုင်းဆိုင်ရာ ဘ၀အသိဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒီရူပက္ခန္ဓာ ဘသောဟာ Maslow ရဲ့ Basic Needs နဲ့ Safety Needs နဲ့ ဆင်ပါတယ် ဒါပေမဲ့ ဆရာကြီး မြင်သလို အတ္တကို အခြေခံတယ် ဆိုတာမျိုးကြတော့ မတူတော့ပြန်ဘူး တွေးတာကွာတော့ မြင်တာ ကွာ တယ် မဟုတ်ဘူးလားဗျာ။

ဝေဒနာက္ခန္ဓာ သဘော- စိတ်ချမ်းသားချင်း ခံစားမှုနဲ့ ဆိုင်တယ်။ စိတ်ချမ်းသားဖို့ ပျော်ရွှင်ဖို့ လူသားတွေ လိုအပ်တယ် ပျော်ရွှင်ဖို့ အနုပညာဟာ အဓိကကျတယ် အနုပညာမှာ တီတွင်မူပါတယ် စိတ်ချမ်းသားချင်လို့ အနုပညာကို တီတွင်ကြတယ်။ အနုပညာမှာ ရသပါတယ်။ ရသဟာ လောကရဲ့ နောက်ဆုံး မပြောင်းလဲ မဖောက်ပြန်တဲ့ ထာဝရ အမှန်တရားဖြစ်တယ်။

 ဗုဒ္ဓဝါဒရဲ့ ရသကား နိဗ္ဗာန် ခရစ်ယာန်၏ ကား ထာဝရဘုရားသခင် အဖြစ်ယူကြတယ်။ ရသက လောကအလွန်သဘောဖြစ်တယ်။ အနုပညာရပ်တစ်ခုနဲ့တွေတဲ့အခါ ရသကို ခံစားကြတယ်။ ရသကို ခံစားတဲ့အခါ လောကကို မေ့တယ်။ လောကကို မေ့တာဟာလောကလွန် ခံစားခြင်းလို့တယ်။ နောက် လောကလွန်သဘောက ပြန်လည်ဆင်ခြင်တဲ့ သဘော (ပစ္စဝေက္ခဏာ) ရသကို တကယ်သိမိ ခံစားရင်  ရသကပြန်လည် ရတဲ့ ယဉ်ကျေးမှုကို ကိုယ့်ဘ၀မှာ ပြန်သုံးနိုင်တယ်။ ရသသည် အနက်ရိုင်းဆုံး ဓမ္မတွင်တည်တယ်။

ဒီအမြင်မှာတော့ Maslow ရဲ့ အမြင်နဲ့ သိသိသာသာကြီးကို ကွဲသွားပါပြီ ရသ ကို ခံစားမှု အပိုင်းကို Maslow က နောက် အမှန်သိမူလိုအင်မှာ တည့် သွင်းထားသော်လည်း ဆရာကြီးက ဒုတိယအမြင် ဝေဒနာက္ခန္ဓာ မှာ ထည့်သွင်းထားတာကိုတွေရပါတယ်။

သညာက္ခန္ဓာသဘော- သည် အသိအမြင်ဖြစ်တယ်။ ပျော်ရွှင်ရုံနဲ့ မပြီး ဘ၀ခရီးဖြောင့်တန်းဖို့ အသိမြင်လိုတယ်။ အသိမြင်က တသတ်မတ်တည်းမဟုတ် ရွှေ့ရွှေ့သိဖြစ်ထွန်းလာတဲ့ သဘော အလုပ်တွေ စနစ်တွေ ၀ါဒတွေ မှာ အပြစ်အနာဆာတွေ ကိုဖာထေးရင်း ပိုကောင်းတဲ့ အရာတွေ ဖြစ်လာတယ်။ ဒါကို ပညာရေးလို့ ဆိုလိုရတယ် စားမူနေမူဝတ်မူ ကျန်းမာမူတွေ တိုးတတ်လာတာ သညာက္ခန္ဓာ တိုးတတ်လာလို့ ဖြစ်တယ် လို ဆရာကြီးကဆိုထားတယ်။ လောကရေးရာ က အဆုံးမရှိသလို သင်ယူမှု ပညာရေးဟာလည်း အဆုံးမရှိလို့ ပြောထားတယ်။

ဒီနေရာမှာ Maslow က လိုအင်အဆင့်ဆင့် ကို ချိတ်ဆက်သလို ဆရာကြီးကလည်း ချိတ်ဆက် ပြထား ပါတယ်။ သို့သော် ရူမြင်မှု ကတော့ အကွာကြီးကို ကွာလှတယ်။ ပညာရေးဆိုင်ရာ စဉ်ဆက်မပြတ်သင်ယူရေး ဆိုတာတွေ ကို ဆရာကြီးအစာကြီးထဲက သိခဲ့တယ်ဆိုတာ ထင်ရှားတယ်။

သင်္ခါရက္ခန္ဓာသဘော- ဒီခန္ဓာကတော့ တီထွင်မူနဲ့ ပတ်သက်တယ်။ လူတွေဟာ လက်အခြေအနေထက် ပိုကောင်းတဲ့ ဘ၀ ကို လိုချင်တယ် ဒါကြောင့် ပိုကောင်းအောင် ဖန်းတီတယ် တီထွင်တယ် သညာက္ခန္ဓာ အရ သင်ကြားမှတ်သားပြီး သင်္ခါရက္ခန္ဓာအရ တီထွင်ဖန်တီးတယ်။ မူလဘ၀ အခြေအနေ ထက်ပို ကောင်းအောင် လုပ်ကြတယ်။

Maslow က တီထွင်ဖန်တီမှု ကို အမှန်သိမြင်မှု လိုအင်ထဲ ထည့်ထားပေမဲ့ ဆရာကြီးရဲ့ သညာက္ခန္ဓာ နဲ့ ချိတ်ဆက်သလို မချိတ်ဆက်ထားပါ။

ဝိညာဏက္ခန္ဓာသဘော- နောက်ဆုံးခန္ဓာဖြစ်တယ်။ မြင့်မြတ်မှု ကို အခြေခံတယ်။ လူတိုင်းမြင့်မြတ်ချင်ကြတယ်။ ယုတ်မာနိုမ်ကျသူဖြစ်နေအုန်း မြင့်မြတ်မှုဂုဏ်ကို လိုချင်ကြတယ်။ မြင့်မြတ်မှုရရှိနိုင်တဲ့ အရာဟာ ဘာသာတရားဖြစ်တယ်။ ဘာသာတရားဟာ စိတ်ရဲ့ ငြိမ်းချမ်းမှုဖြစ်တယ်။ စိတ်ငြိမ်းချမ်းတာ စိတ်ပျော်ရွှင်မှု မဟုတ်။ စိတ်ပျော်ဖို့က ဝေဒနာက္ခန္ဓာအလုပ် စိတ်ငြိမ်းချမ်းဖို့ကား ၀ိညာဏက္ခန္ဓာသဘောဖြစ်တယ်။

ဘာသာတရားတွေ အစကကြောက်ရွှံမှု ကို အခြေခံသော်လည်း နောက် မြင့်မြတ်မှု ကို ဦးတည်လာတယ်။ ကြောက်ရွှံတာက ငြိမ်းချမ်းခြင်းရဲ့ ဆန်ကျင့်ရာဖြစ်တယ်။ ငြိမ်းချမ်းဖို့ အတွက် မြင့်မြတ်ဖို့လိုတာ သိလာကြတယ်။ လူတိုင်းငြိမ်းချမ်းချင်ကြတယ်။ ဒါကြောင့် ဘာသာတရားတွေမှာ မြင့်မြတ်မှု ပါဝင်လာတယ်။ ဒီဝိညာဏက္ခန္ဓာနဲ့ ဘဝကို ထိန်းချုပ်နိုင်သော ဘ၀အသိမျိုးဖြစ်မှ လောကချမ်းသာ(လောကီ) ကျော်လွန်ပြီး လောကလွန်ချမ်းသာ(လောကုတ္တရာချမ်းသာကို ရနိုင်မယ် လို့ ဆရာ ကြီးကဆိုထားတယ်။Maslow ရဲ့ အမြင်ကတော့ လောကီးချမ်းသာမှာ တင်ရပ်၍နေတာတွေရတယ်။

ဒီဘ၀အသိ ငါးမျိုးက လူတိုင်းရဲ့ စိတ်သဏ္ဍန်မှာရှိပါတယ်။ သို့သော် တစ်ပြေးညီရှိတာ မဟုတ်။ သူအဆင့်နဲ့ သူ၊ သူစရိုက်နဲ့ သူ အနုအရင့် ကွာတယ်။ ဒါကို ပါရမီလို့ ဆရာကြီးက ဖွင့်ဆိုပါတယ်။ ဒီပါရမီကို လုပ်ယူလို့ ရတယ်ဆိုလည်း ဆိုတယ်။

နောက်ဆုံး ခန္ဓာဖြစ်တဲ့ ဝိညာဏက္ခန္ဓာ ကို သိသထက်သိ ထက်မြက်အောင် လုပ်မှ အိပ်မက်သဖွယ်ဖြစ်တဲ့ ဝိပလ္လာသတရားတွေ ကို ဖယ်ရှားနိုင်ပြီး နိုးထသူဘ၀ ရောက်မယ်လို့ ဆိုထားပါတယ်။

နောက်ဆုံးပြောရရင် ဆရာကြီး ရဲ့ သုံးသပ်ချက်နဲ့ Maslow ရဲ့ သုံးသပ်ချက် မှာ အတော်လေး ဆင်သော်လည်း နိဗ္ဗာန်အမြင် ပါရမီ အမြင် နဲ့ လောကီအမြင် အတော်လေးကို ကွာဟသွားတာ တွေ့ရ ပါတယ်။ ဆရာကြီး Maslow ရဲ့ စာအုပ်ကို ဖတ်ပြီး ဗုဒ္ဓဒဿနအမြင်ထည့် သွင်းထားတာ လား မသိရပေမဲ့ ဆရာကြီးရဲ့ အမြင်ကတော့ Maslow ရဲ့ အမြင်နဲ့ များစွာကွာဟလှပါတယ်။

ဆရာကြီးရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င်စာအုပ်ကြီးကို ဆရာကြီး ပြီးအောင် မရေးသွားနိုင်ရှာပါ ဒီစာအုပ်ရေးသား ခိုက် ၂၂ ဒီဇင်ဘာ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာအောင်သင်း က ဆရာကြီး စာအုပ်သာ ရေးပြီးသွားခဲ့ရင် ဆရာကြီး သာ အသက်ရှင်လျက်ရှိသေရင် ခေတ်တခေတ်ပြောင်းမယ်ဆိုတောင် ကောက်ချက်ချဖူးပါတယ်။ ဒါကြောင့် ဝေမျှလိုက်ပါတယ်။
ဆရာကြီးစာအုပ်ထဲကအတိုင်းမဟုတ်ပဲ အပြောပုံစံဖြင့် ကိုယ်ဘာသာကိုယ်ပြန်ရေးတာမို့ လွဲမှားခဲ့တာရှိသော် ကျွန်တော်အပြစ်သာ။

Ref:
ဦးရွှေအောင် ဗုဒ္ဓ(သို့)လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်)

p.s
လူကိုမတွေ့ဖူးမမြင်ဖူး မသိကျွမ်းဖူးပေမဲ့ စာပေကျေးဇူး ဓမ္မကျေးဇူးကြီးလှသော ဆရာကြီးဦးရွှေအောင် နှင့် စိတ်ပညာကို ကျွန်တော်လို နလပိန်း နားလည်အောင်သင်ကြားပေးသော ကွယ်လွန်သူ ဆရာဦးအောင်သန်းဦး(ဌာနမှုး စိတ်ပညာဌာန ရန်ကုန်တက္ကသိုလ်) တို့ ကို ဒီစာဖြင့် ကန်တော့ပါ၏။

မောင်ဥဂ္ဂါ
ဟိမ၀န္တာတောင်ခြေ
မိဂဒါဝုန် အင်စတီကျု
တန်ဆောင်မုန်းလဆန်း ၁၃ရက် ၁၃၇၃


Monday, December 30, 2013

ဗုဒ္ဓ၏ ထမင်းချက်နည်း

ဗုဒ္ဓ၏ ထမင်းချက်နည်း

 စိတ်သည်ဆုံးမရန်အလွန်ခက်၏။ အလွန်လျင်မြန်၏။ ရောက်ချင်ရာသို့ေ၇ာက်တတ်၏။ ထိုစိတ်ကိုယဉ်ကျေးအောင်ဆုံးမနိုင်လျှင်ကောင်း၏။  ယဉ်ကျေးသောစိတ်သည် ချမ်းသာကိုဆောင်နိုင်၏။

စိတ်ဟူသည်ယဉ်ကျေးအောင်ဆုံးမရန်အလွန်ခက်၏။ စိတ်ကိုသူ့အလိုအတိုင်း  အထိန်းအကွပ်မရှိဘဲလွှတ်ပေးခြင်းအားဖြင့်လည်းဆုံးမရန်မသင့်။ ထိုသို့ ဆုံးမသော နည်းသည်မှန်ကန်သောနည်းမဟုတ်။ ထိုနည်းဖြင့် စိတ်ကို ဆုံးမခြင်းဖြင့် စိတ်သည် ယဉ်ကျေးမလာဘဲပို၍ရိုင်းသွားမည်ဖြစ်၏။

 ပို၍ရိုင်းသည်နှင့် အမျှပို၍လည်း ထကြွ သောင်းကျန်းလာမည်ဖြစ်၏။ ထိုကြောင့်ထိုဆုံးမနည်းသည် (အစွန်း) ရောက်သော  ဆုံးမနည်းဖြစ်၏။ ထိုသို့သောအစွန်းရောက်ဆုံးမနည်းကို ကာမသုခလ္လိကနုရောဂနည်းဟုဆိုရ၏။

စိတ်ကိုယဉ်ကျေးလာအောင်အတင်းအဓမ္မဖိနှိုပ်ချုပ်ချယ်ပြီးဆုံးမ၍လည်းမရ။ ထိုသို့ အတင်းအဓမ္မဖိနှိုပ်ချုပ်ချယ်ဆုံးမလိုက်ပါကလည်း ထိုသို့ဆုံးမခြင်းသည်စိတ်၏ သဘာဝ ကိုတိုက်ခိုက်ရာရောက်၏။ အမှန်အားဖြင့်သဘာဝသည် အတိုင်းမသိကြီးမားသော   စွမ်းအင်ရှိ၏။ ထိုကြောင့် သဘာဝကို တိုက်ခိုက်လျှင် တန်ပြန်သက်ရောက် (အား)  နိယာမအရ သဘာဝကလည်းပြန်လည် တိုက်ခိုက်လာမည်ဖြစ်သည်။ 

ထိုအခါ စိတ်သည် ယဉ်ကျေးမလာသည့်အပြင်ကသောင်းကနင်းဖြစ်လာမည်ဖြစ်၏။ ကသောင်းကနင်းဖြစ်ခြင်း ဟူသည်မှာစိတ်၌ရောဂါရခြင်းပင်ဖြစ်၏။ စိတ်၌ရောဂါရလျှင်  စိတ်ဝေဒနာရှင် စာရင်းသို့ေ၇ာက် သွားနိုင်၏။ဤနည်း သည်လည်းမှန်ကန်သော နည်းမဟုတ်။ အစွန်းေ၇ာက်သော နည်းသာလျှင်ဖြစ်၏။ ထိုနည်းသည် အတ္တကိလမထာနုရောဂအတွင်းဝင်၏။

ထိုကြောင့်စိတ်သည်ဆုံးမရအလွန်ခက်သောစိတ်ဖြစ်ပါ၏။ ထိုစိတ်ကိုယဉ်ကျေးအောင်ဆုံးမရာ၌ မဇ္ဈိမပဋိပဒါကျဖို့လို၏။ မဇ္ဈိမပဋိပဒါကျ ပါမှလည်း ဆုံးမနည်းမှန်ကန်ပြီး စိတ်သည် ယဉ်ကျေး လာမည်ဖြစ်၏။

မဇ္ဈိမပဋိပဒါကျသော ဆုံးမနည်းကိုထမင်းချက်သည်နှင့်ဥပမာပြနိုင်၏။
စိတ်က ဆန်၊သဒ္ဓါက အိုး၊သမာဓိက ရေ၊၀ီရိယက မီး၊သတိက ယောက်မ၊
ပညာက ထမင်းချက်သူ၊ဒါန သီလ ဘာဝနာက ဖိုခုံလောက်သုံးခု။
ထမင်းနပ်မှ အာဟာရဖြစ်သလို၊စိတ်ယဉ်ကျေးမှချမ်းသာ၏။ 

ထိုကြောင့်ဆန်နှင့်တူသောစိတ်ကို
အိုးနှင့်တူသောသဒ္ဓါ၌ထည့်ရ၏။ ထိုနောက်ရေနှင့်တူသောသမာဓိကိုအလောတော်ထည့်ရ၏။        ဒါန သီလ ဘာဝနာတည်းဟူသော ဖိုခုံလောက်သုံးခုပေါ်၌တင်ရ၏။ မီးနှင့်တူသောဝီရိယကို
ရေနှင့်လိုက်အောင်ထိုးရ၏။ ယောက်မနှင့်တူသောသတိနှင့်မပြတ်မွှေရ၏။ ချက်သူနှင့် တူသောပညာက နပ်သည်မနပ်သည်ကိုကြည့်ရ၏။ နပ်သောထမင်းသည်သာ အာဟာရိုဖြစ်စေနိုင်သလို၊ယဉ်ကျေးသောစိတ်သည်သာချမ်းသာကိုဖြစ်စေနိုင်၏။

စိတ်ကိုယဉ်ကျေးအောင်ဆောင်ရွက်ရာတွင်ဣနြေ္ဒငါးပါးညီညွတ်အောင်ထားရ၏။
သဒ္ဓါနှင့်ပညာကတစ်တွဲ။
ဝီရိယနှင့်သမာဓိကတစ်တွဲ။
သတိကမူအားလုံးအပေါ်၌ရှိရ၏။
သတိဟူသည်ပိုသည်မရှိ၊လိုသည်သာရှိ၏။
သဒ္ဓါနှင့်ပညာတို့ကအပိုအလိုရှိတတ်၏။ ထိုကြောင့်အပိုအလိုမရှိ မျှအောင်ဆောင်ရွက်ရ၏။
ထိုသို့ဆောင်ရွက်မှသာစိတ်သည်ယဉ်ကျေးမည်ဖြစ်၏။

ဣနြေ္ဒငါးပါးမျှအောင်ဆောင်ရွက်ရာတွင်ကိုယ်ကျင့်သီလကိုဖြူစင်အောင်ရှေ့ဦးစွာစောင့်ထိန်းရ၏။ ထိုနောက်မှပညာမဂ္ဂင်အုပ်စုနှင့် သမာဓိမဂ္ဂင်အုပ်စုတို့ကိုပွါးများရ၏။ အကြိမ်များစွာပြုရ၏။ ကြိမ်ဖန်များစွာပြုလုပ်ပြီးသောအခါ ကိုယ်ကျင့်တ၇ား ဆိုင်ရာ သီလမဂ္ဂင်အုပ်စုသည်ခိုင်ခိုင်မာမာ ပေါ်ပေါက်လာမည်ဖြစ်၏။ ထိုအခါ ဒုစရိုက်မှုအားလုံးချုပ်ငြိမ်း သွားမည်ဖြစ်၏။ ဤသဘောကို မဇ္ဈိမပဋိပဒါကျသော ဆုံးမနည်းဟုဆို၏။


 ဣနြေ္ဒ ငါးပါးနှင့်ပတ်သက်သောဆရာတော်ကြီးများ၏လင်္ကာများ

မဟာစည်ဆရာတော်။                                                                                             သဒ္ဓါလွန်ကဲ၊ ပညာနည်း၊ အလွဲကြည်ညို၏။                                                                   ပညာများပြား၊ သဒ္ဓါရှား၊ အမှားဖြစ်တတ်၏။                                                                    သမာဓိပြင်း၊ ဝီရိယကင်း၊ အပျင်းဖြစ်တတ်၏။                                                                 ဝီရိယများ၊ သမာဓိပါး၊ စိတ်ထားပျံ့လွင့်၏။                                                                    သတိကိုကား၊ မြဲစွာထား၊ လွန်ငြားမရှိပေ။                                                                       ဣနြေ္ဒငါးအင် စုံလင်ပြည့်ဝ တရားရ။

သဒ္ဓါလွန်တော့မွဲတတ်တယ်၊    
 ပညာလွန်တော့လွဲတတ်တယ်။                                                                             
 သတိကိုကမြဲစွာထား၊လွန်ငြားမရှိပေ၊

သဒ္ဓါ၊ပညာချိန်ခွင်လျှာ။(မာဃဒေဝ)။                                                                 
သဒ္ဓါအားသည်၊ပညာနည်းက၊အရည်းမည်ခါ၊ယူမိစ္ဆာ၌၊                         
သဒ္ဓါလေးမြတ်၊ဆည်းကပ်တတ်၏၊ ပရမတ်အရာ၊မလိမ္မာဘဲ၊
သဒ္ဓါနုံ့နည်း၊ပညာကဲလည်း၊အလွဲပြေးဝင်၊အမြင်ယွင်းစွ၊တိမ်းပါးကြလျက်၊
မီးပြသမား၊တွင်းကျွံမှားသို့ဆယ်ပါးကောင်းမှု၊ လှူဝတ္ထုကို၊စွန့်ပြုမလွှတ်၊                            
စိတ္တုပါဒ်မျှ၊ ဒါနအလှူ၊မြောက်သောဟူ၍အယူဖောက်လွှဲ၊ မိစ္ဆာစွဲ၏။                

သဒ္ဓါ၊ပညာ၊သမာဝီရိ၊စောင်းနှယ်ညှိ၍၊ ညီဘိသော်ကား၊ကျိုးထင်ရှား၏                                               

သဒ္ဓါလွန်လျှင်ကွန့်သည် ပညာလွန်လျှင်ဆွံသည်၊                                               ဝီရိယလွန်လျှင်ပြန့်သည်၊ သမာဓိလွန်လျှင်တွန့်သည်၊                                                    
သတိသာလျှင်လွန်သည်မရှိ။                                                                      

သဒ္ဓါနှုံဆွန်၊ ပညာလွန်သော်၊ဝင်္ကန်ကောက်ကျစ်၊ ကျိုးမဖြစ်ဘူး။                                
ပညာမဖက် သဒ္ဓါနက်က ဆင်းရဲ၏။                                                                              သတိလက်လွတ် ငှက်တောင်ကျွတ်။                                                                          

သတိမမူဂူမမြင်။

ဥာဏ်ရှိယောကျာ်း၊ မှားလတ်သောအခါ၊
ဆေးလွန်ရာသို့၊  ဆရာနောက်ဆက်အကုခက်၏။


ဒီပဲရင်းဆရာတော်။                                                                                                 ပညာဥာဏ်များ၊ သဒ္ဓါပါး၊ အမှားဖြစ်တတ်သည်။                                                           
ပညာဥာဏ်နည်း၊ သဒ္ဓါကဲ၊ အလွဲဖြစ်တတ်သည်။

အရှင်နန္ဒမာလာဘိဝံသ။                                                         
သဒ္ဓါကိုပညာစောင့်မှလမ်းဖြောင့်မည်။

                                                                                       
ကျမ်းကိုး
ဦးရွှေအောင်၏ဓမ္မပဒ။ စာ ၃၂၉-၃၃၀။



Saturday, December 28, 2013

မိခင်စိတ်

မိခင်စိတ်
▬▬▬▬
အဖေဟာသူ့ သမီးကို သရက်ခြံထဲရောက်ရင် သုံးဖို့ ပေးထားတဲ့ပစ္စည်းတချို့ ရှိတယ်။
ကလေးတွေလွယ်တဲ့ ပလိုင်းအသေးတစ်လုံးရယ်၊ဦးထုပ်ရယ်၊ ဓာတ်မီးတစ်လက်ရယ်၊လေးဂွနဲ့ လောက်စာလုံးရယ်၊ ရာဘာဖိနပ်တစ်ရံရယ်။
လောက်လေးဂွကိုလည်းပစ်တတ်အောင်သင်ပေးထားတယ်။ လောက်စာကိုလည်း အမြဲလုံးထားပေးတယ်။ ခြံထဲသွားရင် အဲ့ဒီပစ္စည်းတွေကမပါမဖြစ်ပဲ။

လောက်လေးဂွကိုအဖေက ပစ်တတ်အောင်သင်ပေးထားပေမယ့် အကောင်လေးတွေကိုမပစ်ရဘူးလို့ တားထားတယ်။ ချိုးတွေ ၊တောကြောင်တွေ၊ ရှဥ့်တွေ၊ ယုန်တွေ ကို တခါတလေ ခြံထဲမှာတွေ့ ရတတ်တယ်။ အဲ့လိုအကောင်မျိုးတွေက သရက်သီးလာစားတာတွေ့ ရင် အဖေက ခြောက်လှန့် ရုံပဲပစ်ခိုင်းတယ်။
"တောနေတိရစ္ဆာန်ဆိုတာ တောထူလို့ လာတာ။ သူတို့ ကဧည့်သည်၊ ကိုယ်ကအိမ်ရှင်ပဲ။ ဧည့်ဝတ်ကျေရမယ်၊ သူတို့ ကရန်မမူသရွေ့ တော့ ကိုယ်က ပြန်မတုံ့ ပြန်နဲ့ "တဲ့။ မြွေလို၊ ကင်းခြေများလို အကောင်မျိုးတွေဆိုရင်တော့ လူတွေကိုရန်ပြုမှာစိုးလို့ တွေ့ တဲ့နေရာမှာသတ်ခိုင်းတယ်။့ ။" ကိုယ့် ပိုင်နက်ထဲ ရောက်လာတဲ့ သတ္တဝါအားလုံးကို ရန်ပြုစရာမလိုသလို၊ အားလုံးကိုလည်း လွှတ်ပေးစရာမလိုဘူးသမီး။ အရေးကြီးတာက သူဟာ ရန်သူလား မိတ်ဆွေလားဆိုတာကိုသိပြီး ကိုယ်ကဘယ်လိုတုံ့ ပြန်မလဲဆိုတာပဲအရေးကြီးတယ်"တဲ့။

နွေတစ်ရက် နေ့ လည်ခင်းမှာတော့ အဖေနဲ့ အလုပ်သမားတွေအကုန် ခြံထဲသွားနေတုန်း ကိုယ်ကတဲနားမှာ ကြက်စာတွေကျွေးနေတယ်။ ကြက်စာကျွေးတယ်ဆိုတာ တလင်းပြောင်ပြောင်မှာ ဆန်တွေ ကြဲချတာပါပဲ။ ကြက်တွေ အစာကောက်လို့ လွယ်အောင်ပေါ့။အဲ့ဒီအချိန်မှာ ကျွီ..........ဆိုတဲ့အသံနဲ့ အတူ ကောင်းကင်ပေါ်ကနေ ငှက်အကြီးကြီးတစ်ကောင် ဖြတ်ပျံသွားတာကိုတလင်းပြင်မှာ အရိပ်မည်းအဖြစ်တွေ့ လိုက်ရတယ်။မော့ ကြည့်လိုက်တော့မှ လားလား.........စွန်ကြီးတစ်ကောင်က ခေါင်းပေါ်ပေနှစ်ဆယ်လောက်မှာဝဲလို့ ။ ခြံထဲက ခွေးတွေအကုန်ထိုးဟောင်ကြတယ်။ကြက်တွေကတော့ အကုန်ပြေးကုန်ပြီ။ ကိုယ်လည်းသစ်ပင်အောက် လိုက်ပြေးရတာပေါ့။

စွန်ကြီးက ကိုယ့်လက်တစ်ဖြန့်စာလောက်ရှိတယ်။ကလေးလက်တစ်ဖြန့် စာပေါ့။ သူ့ အမွေးအတောင်တွေက မည်းနက်ပြီး တော်တော်လှတယ်။ ဒါပေမယ့် ကလေးတစ်ယောက်အတွက်တော့ သူဟာ ကြောက်စရာသိပ်ကောင်းတယ်။ နှုတ်သီးကောက်ကောက်၊ မျက်လုံးစူးစူးရှရှနဲ့ တချကိတချက် ကျွီ........ခနဲ မြည်တဲ့သူ့ အသံက မော့မကြည့်ဘဲ အရိပ်မြင်ရုံနဲ့ ကိုကြောက်စရာကောင်းနေတယ်။

စွန်ကြီးက တလင်းပြင်ကို ဝဲနေတော့ ကြက်တွေလည်းအကုန် သရက်ပင်အောက်တွေ ဝင်ပြေးကုန်တယ်။ဒါပေမယ့် တလင်းပြင်အလယ်မှာ ခြေထောက်ထော့နဲ့ ထော့နဲ့  ကြက်ပေါက်အနက်ကလေးတစ်ကောင်ကျန်ရစ်နေခဲ့တယ်။ ခြေဦးတည့်ရာပြေးကြရင်းကနေ အမေနဲ့ ကွဲပြီးကျန်ခဲ့ပုံပေါ်တယ်။ သူ့ ခမျာ မပြေးနိုင်လို့ ပကျိပကျိအော်ရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာဘူး။ ကြက်ကလေးကိုစွန်ကြီး မတွေ့ ပါစေနဲ့ ဆုတောင်းပေမယ့် ဆုတောင်းမပြည့်ပါဘူး။ စွန်ဆိုတာ မျက်လုံးသိပ်စူးရှတာကိုး။

စွန်ကြီးက ကောင်းကင်မှာ ဝဲနေရာကနေ ထိုးဆင်းလာတယ်။ ပထမတစ်ခါမှာ ကြက်ကလေးကိုမသုတ်မိဘူး။ နည်းနည်းလွဲသွားပြီး မြေကြီးကိုပဲကုတ်မိတယ်။ ပြန်တက်သွားပြီး နောက်တစ်ခါပြန်ထိုးဆင်းလာတယ်။ကြောက်လွန်းလို့ မကြည့်ရဲတော့ဘဲမျက်စိကိုမှိတ်ထားလိုက်တယ်။ အဲ့ဒီအချိန်မှာ ကတော်ဆိုတဲ့အသံကိုကြားလိုက်ရလို့ မျက်လုံးဖွင့်ကြည့်မိတဲ့အခါ ကြက်မမည်းမည်းကြီးတစ်ကောင် သူ့ ကလေးကို ရင်အုပ်ထဲထည့်ပြီး စွန်ကြီးရဲ့ ရန်ကနေ ကာကွယ်ပေးနေတာတွေ့ လိုက်တယ်။ မပြေးနိုင်ရှာတဲ့ ကြက်ကလေးကို ကြက်အမေကြီးက ရင်အုပ်ထဲထည့်လို့ ပေါ့ ။ အဲ့ဒီမြင်ကွင်းဟာ တစ်သက်မှာတစ်ခါမှ မမြင်ဖူးတဲ့မြင်ကွင်းပါပဲ။

ကြက်ကလေးကို မချီမိဘဲလွဲသွားတဲ့စွန်ကြီးလည်း နောက်တစ်ကြိမ်ပြန်တက်သွားပြီး တတိယအကြိမ်ထိုးဆင်းလာတယ်။
အဲံ့အချိန်မှာ ကိုယ်လည်းကြောက်စိတ်က ပြေစပြုနေပြီး စွန်ကြီးကို ရင်ဆိုင်ဖို့ လောက်စာလုံးကို ပလိုင်းထဲက နှိုက်နေပြီ။ တကယ်ကို အံ့သြစရာကောင်းတာက ကြက်အမေကြီးဟာ ထိုးဆင်းလာတဲ့ စွန်ကြီးကို ပြန်ခွပ်တော့တာပဲ။ အင်အားခြင်းမမျှမှန်းသိပါလျက်ကိုယ့်သားသမီးအတွက်ဆို ရန်သူကိုတောင် ရင်ဆိုင်ရဲတဲ့ မိခင်စိတ်ဟာ သိပ်ကို ချီးကျူးစရာကောင်းပါတယ်။

ကြက်မကြီးက ပြန်ခွပ်မယ်မထင်မှတ်ထားတဲ့ စွန်ကြီးဟာ နောက်တစ်ကြိမ်လွဲသွားလို့  ပြန်တက်သွားတယ်။ ဒီတစ်ခါတော့ စွန်ကြီးရဲ့ ဦးတည်ချက်က ကြက်မကြီးဆီရောက်သွားပြီ။ နောက်စတုတ္ထအကြိမ် ထိုးဆင်းလာတော့ စွန်ကြီးက ကြက်မကြီးကို ဝင်သုတ်တော့တာပဲ။ ကြက်ကလေးကျန်ခဲ့ပြီး ကြက်မကြီး ပါသွားတယ်။ ကိုယ်လည်း မနေနိုင်တော့လို့  လောက်စာလုံးဆွဲပြီး စွန်ကြီးရင်အုပ်ကို အားကုန် ပစ်ထည့်တော့တာပဲ။ စွန်ကြီးလည်း ကြက်မကြီးကို ပြန်လွှတ်ချသွားတယ်။

ကြက်မကြီးမှာတော့ ခေါင်းမှာရောသွေးတွေထွက်၊ လည်ပင်းနဲ့ ကိုယ်လုံးမှာလည်း အမွေးတွေကျွတ်ပြီး စုတ်ပြဲလို့ ၊ အတောင်လည်းတော်တော်အထိနာသွားပုံရတယ်။ အမြင့်ကနေ လွှတ်ချခံရတာဆိုတော့ သိပ်လည်း ကောင်းကောင်းမသွားနိုင်တော့ဘူး။ ဒါပေမယ့် ရှိသမျှခွန်အားနဲ့  သူ့ ကြက်ပေါက်ကလေးရှိရာ တလင်းပြင်ကို ရောက်အောင်သွားရှာတယ်။ ပကျိပကျိနဲ့ အော်ပြီး ကြောက်လန့် လွန်းတဲ့ကြက်ကလေးမှာတော့ သူ့ အမေရင်အုပ်ထဲမှာပေါ့။ အဲ့ဒီမြင်ကွင်းကို တစ်ခါမှမမြင်ဖူးတဲ့ ကိုယ့်မှာတော့ အံ့သြမှင်သက်လို့ ။ လက်ထဲက လေးဂွကို လွှတ်ချပြီး ကြက်သားအမိဆီရောက်အောင်သွားရင်း မျက်ရည်တွေက အလိုလိုကျလာတယ်။ သိပ်မကြာပါဘူး ။ ကြက်အမေကြီးလည်း နှစ်ချက်လောက် အကြောဆွဲပြီး ငြိမ်သက်သွားတယ်။ ကိုယ့်မှာတော့ ကြောက်လွန်းလို့ တုန်နေတဲ့ ကြက်ကလေးကို လက်ထဲထည့်ပြီးပဲ ငိုနေမိတော့တယ်။

ခဏနေတော့ နောက်ကနေ အဖေရောက်လာပြီး မျက်ရည်တွေလာသုတ်ပေးရင်းပြောတယ်။ "စွန်သံကြားကတည်းက အဖေပြေးလာတာ၊အဖေအစအဆုံး မြင်လိုက်တယ်သမီး။ လက်ထဲမှာ ဘာမှမပါလို့ သမီး ဘာဆက်လုပ်မယ်အဖေစောင့်ကြည့်နေတာ။ လောကမှာ လက်နက်ဆိုတာ အားနည်းသူကို အားကြီးတဲ့သူ ကအနိုင်ကျင့်တဲ့အချိန်မှာ ကူညီဖို့ ပဲဖြစ်သင့်တယ်။ သမီးလက်နက်ကို ကောင်းကောင်းအသုံးချတတ်မှန်းအဖေသိလိုက်ပါပြီ"တဲ့။

တစ်ချိန်ထဲမှာပဲ မိဘတွေက သားသမီးအပေါ်ထားတဲ့ မေတ္တာဟာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတဲ့ အကြောင်းကို သိလိုက်ရလေရဲ့။

ခင်မင်လေးစားလျှက်
(မည်သူမဆိုမျှဝေယူနိုင်သည်Shwe Eaim Siရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)

မိခင်စိတ်

အဖေဟာသူ့ သမီးကို သရက်ခြံထဲရောက်ရင် သုံးဖို့ ပေးထားတဲ့ပစ္စည်းတချို့ ရှိတယ်။ ကလေးတွေလွယ်တဲ့ ပလိုင်းအသေးတစ်လုံးရယ်၊ဦးထုပ်ရယ်၊ ဓာတ်မီးတစ်လက်ရယ်၊လေးဂွနဲ့ လောက်စာလုံးရယ်၊ ရာဘာဖိနပ်တစ်ရံရယ်။ လောက်လေးဂွကိုလည်း ပစ်တတ်အောင် သင်ပေးထားတယ်။ လောက်စာကိုလည်း အမြဲလုံးထားပေးတယ်။

ခြံထဲသွားရင် အဲ့ဒီပစ္စည်းတွေကမပါမဖြစ်ပဲ။ လောက်လေးဂွကိုအဖေက ပစ်တတ်အောင် သင်ပေးထားပေမယ့် အကောင်လေးတွေကိုမပစ်ရဘူးလို့ တားထားတယ်။ ချိုးတွေ ၊ တောကြောင်တွေ၊ ရှဥ့်တွေ၊ ယုန်တွေ ကို တခါတလေ ခြံထဲမှာတွေ့ ရတတ်တယ်။ အဲ့လိုအကောင်မျိုးတွေက သရက်သီးလာစားတာတွေ့ ရင် အဖေက ခြောက်လှန့် ရုံပဲပစ်ခိုင်းတယ်။

"တောနေတိရစ္ဆာန်ဆိုတာ တောထူလို့ လာတာ။ သူတို့ ကဧည့်သည်၊ ကိုယ်ကအိမ်ရှင်ပဲ။ ဧည့်ဝတ်ကျေရမယ်၊ သူတို့ ကရန်မမူသရွေ့ တော့ ကိုယ်က ပြန်မတုံ့ ပြန်နဲ့ "တဲ့။ မြွေလို၊ ကင်းခြေများလို အကောင်မျိုးတွေဆိုရင်တော့ လူတွေကိုရန်ပြုမှာစိုးလို့ တွေ့ တဲ့နေရာမှာ သတ်ခိုင်းတယ်။့ ။" ကိုယ့် ပိုင်နက်ထဲ ရောက်လာတဲ့ သတ္တဝါအားလုံးကို ရန်ပြုစရာမလိုသလို၊ အားလုံးကိုလည်း လွှတ်ပေးစရာမလိုဘူးသမီး။ အရေးကြီးတာက သူဟာ ရန်သူလား မိတ်ဆွေလားဆိုတာကိုသိပြီး ကိုယ်ကဘယ်လိုတုံ့ ပြန်မလဲဆိုတာပဲအရေးကြီးတယ်"တဲ့။

နွေတစ်ရက် နေ့ လည်ခင်းမှာတော့ အဖေနဲ့ အလုပ်သမားတွေအကုန် ခြံထဲသွားနေတုန်း ကိုယ်ကတဲနားမှာ ကြက်စာတွေကျွေးနေတယ်။ ကြက်စာကျွေးတယ်ဆိုတာ တလင်း ပြောင်ပြောင် မှာ ဆန်တွေ ကြဲချတာပါပဲ။ ကြက်တွေ အစာကောက်လို့ လွယ်အောင်ပေါ့။ အဲ့ဒီအချိန်မှာ ကျွီ..........ဆိုတဲ့အသံနဲ့ အတူ ကောင်းကင်ပေါ်ကနေ ငှက်အကြီးကြီးတစ်ကောင် ဖြတ်ပျံသွားတာကိုတလင်းပြင်မှာ အရိပ်မည်းအဖြစ်တွေ့ လိုက်ရတယ်။မော့ ကြည့်လိုက်တော့မှ လားလား.........စွန်ကြီးတစ်ကောင်က ခေါင်းပေါ်ပေနှစ်ဆယ်လောက်မှာဝဲလို့ ။

ခြံထဲက ခွေးတွေအကုန်ထိုးဟောင်ကြတယ်။ကြက်တွေကတော့ အကုန်ပြေးကုန်ပြီ။ ကိုယ်လည်း သစ်ပင်အောက် လိုက်ပြေးရတာပေါ့။ စွန်ကြီးက ကိုယ့်လက်တစ်ဖြန့်စာလောက် ရှိတယ်။ ကလေးလက်တစ်ဖြန့် စာပေါ့။ သူ့ အမွေးအတောင်တွေက မည်းနက်ပြီး တော်တော်လှတယ်။ ဒါပေမယ့် ကလေးတစ်ယောက်အတွက်တော့ သူဟာ ကြောက်စရာသိပ်ကောင်းတယ်။ နှုတ်သီးကောက်ကောက်၊ မျက်လုံးစူးစူးရှရှနဲ့ တချကိတချက် ကျွီ........ခနဲ မြည်တဲ့သူ့ အသံက မော့မကြည့်ဘဲ အရိပ်မြင်ရုံနဲ့ ကိုကြောက်စရာကောင်းနေတယ်။

 စွန်ကြီးက တလင်းပြင်ကို ဝဲနေတော့ ကြက်တွေလည်းအကုန် သရက်ပင်အောက်တွေ ဝင်ပြေး ကုန်တယ်။ ဒါပေမယ့် တလင်းပြင်အလယ်မှာ ခြေထောက်ထော့နဲ့ ထော့နဲ့  ကြက်ပေါက် အနက်ကလေး တစ်ကောင်ကျန်ရစ်နေခဲ့တယ်။ ခြေဦးတည့်ရာပြေးကြရင်းကနေ အမေနဲ့ ကွဲပြီးကျန်ခဲ့ပုံပေါ်တယ်။ သူ့ ခမျာ မပြေးနိုင်လို့ ပကျိပကျိအော်ရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာဘူး။ ကြက်ကလေးကိုစွန်ကြီး မတွေ့ ပါစေနဲ့ ဆုတောင်းပေမယ့် ဆုတောင်းမပြည့်ပါဘူး။

စွန်ဆိုတာ မျက်လုံးသိပ်စူးရှတာကိုး။ စွန်ကြီးက ကောင်းကင်မှာ ဝဲနေရာကနေ ထိုးဆင်းလာတယ်။ ပထမတစ်ခါမှာ ကြက်ကလေးကိုမသုတ်မိဘူး။ နည်းနည်းလွဲသွားပြီး မြေကြီးကိုပဲကုတ်မိတယ်။ ပြန်တက်သွားပြီး နောက်တစ်ခါပြန်ထိုးဆင်းလာတယ်။ကြောက်လွန်းလို့ မကြည့်ရဲတော့ဘဲ မျက်စိကိုမှိတ်ထားလိုက်တယ်။

အဲ့ဒီအချိန်မှာ ကတော်ဆိုတဲ့အသံကိုကြားလိုက်ရလို့ မျက်လုံးဖွင့်ကြည့်မိတဲ့အခါ ကြက်မ မည်းမည်း ကြီး တစ်ကောင် သူ့ ကလေးကို ရင်အုပ်ထဲထည့်ပြီး စွန်ကြီးရဲ့ ရန်ကနေ ကာကွယ်ပေး နေတာတွေ့ လိုက်တယ်။ မပြေးနိုင်ရှာတဲ့ ကြက်ကလေးကို ကြက်အမေကြီးက ရင်အုပ်ထဲထည့်လို့ပေါ့ ။ အဲ့ဒီမြင်ကွင်းဟာ တစ်သက်မှာတစ်ခါမှ မမြင်ဖူးတဲ့မြင်ကွင်းပါပဲ။ ကြက်ကလေးကို မချီမိဘဲ လွဲသွားတဲ့စွန်ကြီးလည်း နောက်တစ်ကြိမ်ပြန်တက်သွားပြီး တတိယအကြိမ်ထိုးဆင်းလာတယ်။

 အဲံ့အချိန်မှာ ကိုယ်လည်းကြောက်စိတ်က ပြေစပြုနေပြီး စွန်ကြီးကို ရင်ဆိုင်ဖို့ လောက်စာလုံးကို ပလိုင်းထဲက နှိုက်နေပြီ။ တကယ်ကို အံ့သြစရာကောင်းတာက ကြက်အမေကြီးဟာ ထိုးဆင်းလာတဲ့ စွန်ကြီးကို ပြန်ခွပ်တော့တာပဲ။ အင်အားခြင်းမမျှမှန်းသိပါလျက်ကိုယ့်သားသမီးအတွက်ဆို ရန်သူကိုတောင် ရင်ဆိုင်ရဲတဲ့ မိခင်စိတ်ဟာ သိပ်ကို ချီးကျူးစရာကောင်းပါတယ်။ ကြက်မကြီးက ပြန်ခွပ်မယ်မထင်မှတ်ထားတဲ့ စွန်ကြီးဟာ နောက်တစ်ကြိမ်လွဲသွားလို့  ပြန်တက်သွားတယ်။ ဒီတစ်ခါတော့ စွန်ကြီးရဲ့ ဦးတည်ချက်က ကြက်မကြီးဆီရောက်သွားပြီ။

နောက်စတုတ္ထအကြိမ် ထိုးဆင်းလာတော့ စွန်ကြီးက ကြက်မကြီးကို ဝင်သုတ်တော့တာပဲ။ ကြက်ကလေးကျန်ခဲ့ပြီး ကြက်မကြီး ပါသွားတယ်။ ကိုယ်လည်း မနေနိုင်တော့လို့  လောက်စာလုံး ဆွဲပြီး စွန်ကြီးရင်အုပ်ကို အားကုန် ပစ်ထည့်တော့တာပဲ။ စွန်ကြီးလည်း ကြက်မကြီးကို ပြန်လွှတ်ချသွားတယ်။

ကြက်မကြီးမှာတော့ ခေါင်းမှာရောသွေးတွေထွက်၊ လည်ပင်းနဲ့ ကိုယ်လုံးမှာလည်း အမွေးတွေ ကျွတ်ပြီး စုတ်ပြဲလို့ ၊ အတောင်လည်းတော်တော် အထိနာ သွားပုံရတယ်။ အမြင့်ကနေ လွှတ်ချခံရတာဆိုတော့ သိပ်လည်း ကောင်းကောင်းမသွားနိုင်တော့ဘူး။ ဒါပေမယ့် ရှိသမျှခွန်အားနဲ့  သူ့ ကြက်ပေါက်ကလေးရှိရာ တလင်းပြင်ကို ရောက်အောင်သွားရှာတယ်။ ပကျိပကျိနဲ့ အော်ပြီး ကြောက်လန့် လွန်းတဲ့ကြက်ကလေးမှာတော့ သူ့ အမေရင်အုပ်ထဲမှာပေါ့။

အဲ့ဒီမြင်ကွင်းကို တစ်ခါမှမမြင်ဖူးတဲ့ ကိုယ့်မှာတော့ အံ့သြမှင်သက်လို့ ။ လက်ထဲက လေးဂွကို လွှတ်ချပြီး ကြက်သားအမိဆီရောက်အောင်သွားရင်း မျက်ရည်တွေက အလိုလိုကျလာတယ်။ သိပ်မကြာပါဘူး ။ ကြက်အမေကြီးလည်း နှစ်ချက်လောက် အကြောဆွဲပြီး ငြိမ်သက်သွားတယ်။ ကိုယ့်မှာတော့ ကြောက်လွန်းလို့ တုန်နေတဲ့ ကြက်ကလေးကို လက်ထဲထည့်ပြီးပဲ ငိုနေမိတော့တယ်။

 ခဏနေတော့ နောက်ကနေ အဖေရောက်လာပြီး မျက်ရည်တွေလာသုတ်ပေးရင်းပြောတယ်။ "စွန်သံကြားကတည်းက အဖေပြေးလာတာ၊အဖေအစအဆုံး မြင်လိုက်တယ်သမီး။ လက်ထဲမှာ ဘာမှမပါလို့ သမီး ဘာဆက်လုပ်မယ်အဖေစောင့်ကြည့်နေတာ။ လောကမှာ လက်နက်ဆိုတာ အားနည်းသူကို အားကြီးတဲ့သူ ကအနိုင်ကျင့်တဲ့အချိန်မှာ ကူညီဖို့ ပဲဖြစ်သင့်တယ်။ သမီး လက်နက်ကို ကောင်းကောင်းအသုံးချတတ်မှန်းအဖေသိလိုက်ပါပြီ"တဲ့။ တစ်ချိန်ထဲမှာပဲ မိဘတွေက သားသမီးအပေါ်ထားတဲ့ မေတ္တာဟာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတဲ့ အကြောင်းကို သိလိုက် ရလေရဲ့…….။

ခင်မင်လေးစားလျှက် 

( Shwe Eaim Si ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)



ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်


ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်

ဂုဏ်သိက္ခာ (Integrity) ဟူသည် အမြင်၊ အယူအဆ၊ ကိုယ်ကျင့်တရားဆိုင်ရာ အရာတစ်ခု ဖြစ်သည်။ လူတစ်ယောက်၏ လုပ်ဆောင်ချက်များ၊ တန်ဖိုးထားမှုများ၊ နည်းနိဿယများ၊ ကိုယ်ကျင့် တရားဆိုင်ရာ စွဲကိုင်ထားမှုများ၊ မျှော်မှန်းချက်များနှင့် ရလဒ်များစသည်တို့ တစ်သမတ်တည်းရှိမှု၊ မရှိမှုကို တိုင်းတာသော အမြင်အယူအဆတစ်ခုဖြစ်ပေသည်။

ဂုဏ်သိက္ခာအား မိမိကိုယ်ပိုင်ရွေးချယ်ရသော အရာတစ်ခုအဖြစ် သတ်မှတ်ကြသည်။ ကိုယ်ကျင့် တရားဆိုင်ရာ၊ လူ့ကျင့်ဝတ်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားရှိမှုနှင့် မူဘောင်သဘော တရားစွဲကိုင်ထားမှုတို့အား ယုံမှားသံသယကင်းရှင်းစွာ၊ တစ်သမတ်တည်းကျစွာ၊ မိမိက ထိုက်ထိုက် တန်တန် ဖြစ်စေရန်ပြုလုပ်ခြင်းသည် ဂုဏ်သိက္ခာတည်ဆောက်ခြင်းပင်ဖြစ်သည်။

လူ့ကျင့်ဝတ် (Ethics) ဆိုင်ရာကိစ္စတို့တွင်မူ လူတစ်ယောက်၏ လုပ်ဆောင်ချက်၏ ရိုးသား ဖြောင့်မတ်မှု၊ သစ္စာရှိမှုနှင့် မှန်ကန်တိကျမှု စသည်တို့ကို ဂုဏ်သိက္ခာအဖြစ် သတ်မှတ်ကြသည်။ ဂုဏ်သိက္ခာသည် သူတော်ကောင်းအယောင်ဆောင် သို့မဟုတ် ကြောင်သူတော်တို့၏ လုပ်ရပ်နှင့် ဆန့်ကျင်စွာ ရပ်တည်သည်။ ဂုဏ်သိက္ခာ၏ စံတစ်ခုမှာ "အချိန်တိုင်းတွင် အရာရာတိုင်းသည် တစ်သမတ်တည်းရှိနေရမည်" ဟူ၍ ဖြစ်သောကြောင့် လူတစ်ဦးစီ၏ အတွင်းစိတ်ထဲ၌ မတူညီသည့် ၀ိရောဓိစိတ်တို့ ဖြစ်တည်လာပါက ယင်းတို့ကို ကိုယ်တိုင်တာဝန်ယူ ပြောင်းလဲပစ်ရမည် ဖြစ်သည်။

လူအများက ထင်ကြပေမည်။ ဂုဏ်သိက္ခာဟူသည် ကလေးလူငယ်၊ ကျောင်းသားအရွယ်၌မရှိ၊ မလိုအပ်။ လူကြီးဖြစ်လာမှ၊ ယုတ်စွအဆုံး စီးပွားရေးတွင် အောင်မြင်မှ၊ လူချမ်းသာဖြစ်မှ၊ ရာထူး ရာခံကြီးတွေရမှ ဂုဏ်သိက္ခာ ကြီးကြီးမားမားရှိမည်ဟု...။ တကယ်တမ်းမူ၊ ခေါင်းရွက်ဗျပ်ထိုး၊ လက်လုပ်လက်စားနှင့် ဆိုက်ကားသမားတို့၌လည်း ဂုဏ်သိက္ခာအထိုက်အလျောက်ရှိကြ၏။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ၊ ၀န်ကြီးဖြစ်မှ စသည်ဖြင့် ဂုဏ်သိက္ခာမြင့်မားစွာရှိမည်ဟု ထင်ကြသည်။

စာရေးသူ ငယ်ငယ်ကကြည့်ခဲ့ဖူးသော "ဘယ်ပန်းချီ ရေးလို့မမီ" အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို အမှတ်ရနေပါသေးသည်။ စာရေးဆရာ သိန်းသန်းထွန်း၏၀တ္ထုကို ရှုမ၀ဦးကျော်က ရိုက်ကူးခြင်း ဖြစ်သည်။ ၎င်းဇာတ်ကားထဲတွင် မင်းသားကြီး ဦးကျောက်လုံးက ရွာမျက်နှာဖုံး ရွာသူကြီး။ ရွာထဲတွင် ခြေဦးတည့်ရာသွားတတ်သော စိတ်သိပ်မမှန်သူ "ဆွေဇင်ထိုက်" ကို နေ့ညမပြတ်ချောင်းမြောင်းပြီး မတော်မတရားပြုရန် ကြံစည်သည်။ နောက်ဆုံးရွာသူကြီး၏ အကြံအစည်အောင်မြင်သွားသည်။ သူကြီး၏သား လူပျို (လင်းထင်)ကလည်း  နောက်တော့ရိပ်မိ၍ သားအဖထိုးကြိတ်တော့မတတ် စကားများကြသည်။ ဇာတ်ရှိန်မြင့်တက်သွားသည်။
ပြောချင်သည်မှာ တကယ်ဆိုလျှင် ရွာ၏မျက်နှာဖုံးဖြစ်သောသူကြီးသည် အများအမြင်၌ ကြီးမားသော ဂုဏ်သိက္ခာနှင့် နေထိုင်သူဖြစ်သည်။ သို့သော်ဤနေရာတွင် သူ၏ဂုဏ်သိက္ခာ သုည အမှတ်သို့ လုံးလုံးလျားလျား ကျဆင်းသွားသည်ကို သူ့သားမှလွဲ၍ မည်သူမျှမသိလိုက်ကြ။ လူကြီးဆိုသည့် ပေတံသုံးပြီး ဂုဏ်သိက္ခာကိုတိုင်း၍ မရနိုင်ဟု ပြောချင်ပါသည်။ ရာထူးလည်း ထိုနည်းလည်းကောင်းပါပဲ။ မသိသူတို့အဖို့ ဂုဏ်သိက္ခာရှိသူဟု အထင်ကြီးစရာ ဖြစ်သော်လည်း အဖြစ်မှန်က ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်။
  
သို့ဖြစ်၍ ကိုယ်ကျင့်တရားဖြင့် ပြည့်ဝသည့် ဂုဏ်သိက္ခာရှိမရှိကို လူတစ်ဦး၏လုပ်ဆောင်ချက်၊ ယုံကြည်ချက်၊ နည်းနိဿယ၊ မူဘောင်သဘောတရားစွဲကိုင်ချက် စသည်တို့ဖြင့် တိုင်းတာရပေမည်။
  
ကမ္ဘာတစ်ဝန်းလုံးရှိ လူအများက လက်ခံထားသည့် နိယာမစည်းမျဉ်းစည်းကမ်းများအတိုင်း ပြည်သူများလိုက်နာကြရသလို အုပ်ချုပ်သူအာဏာပိုင်တို့သည်လည်း လိုက်နာရပေမည်။ ပမာအားဖြင့် ခိုးမှုကျူးလွန်သူအများ နေထိုင်သည့် "ကမ္ဘာ" ထဲတွင် မိမိမနေလိုပါလျှင် မိမိကိုယ်တိုင်လည်း ခိုးမှုမကျူးလွန်မိရန် သတိထားထိန်းချုပ်ရမည် ဖြစ်သည်။

Ayn Rand ဆိုသူ၏ အယူအဆအရ "ဂုဏ်သိက္ခာဟူသည် မိမိ၏ပုဂ္ဂလဓိဋ္ဌာန် အလိုဆန္ဒကို သစ္စာနာခံသောအရာမဟုတ်။ စဉ်းစားဆင်ခြင်တုံမူ သဘောအား သစ္စာနာခံသော အရာ တစ်ခုသာဖြစ်သည်" ဟုဆိုပါသည်။
  
ယခုအခါ ဂုဏ်သိက္ခာဟူသောစကားလုံးကို အလွဲသုံးနေကြသူ တော်တော်များနေသည်ကို တွေ့နေရ၏။ မြေယာပိုင်ဆိုင်သူများက မိမိတို့နှစ်ပေါင်းများစွာကတည်းက ပိုင်ဆိုင်ခဲ့သော မြေယာများအား ပြန်လည်ရယူလို၍ သပိတ်စခန်းဖွင့်ထားသည့်နေရာ၌ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြန်လည်ဖြေရှင်းပြောကြားရာတွင်"ခင်ဗျားတို့ အဲဒီအသိမ်းခံရတဲ့အချိန်တုန်းက တင်ပြခဲ့သင့် မေးခဲ့သင့်တယ်။ ဒီလိုလူသွားလမ်းမမျိုးမှာ သပိတ်စခန်းဖွင့်နေတာမျိုးကတော့ နိုင်ငံ့ဂုဏ်သိက္ခာလည်း ကျဆင်းနိုင်တာပေါ့ဗျာ"  ဟုဆိုသည်။
  
[Daily Eleven သတင်းစာ၊ ၃-၁၂-၂၀၁၃ နေ့ထုတ်မှ ထုတ်နုတ်သည်]
  
နိုင်ငံ့ဂုဏ်သိက္ခာဟု ကြီးကျယ်သောစကားလုံးဖြင့် ပစ်ပေါက်ပြောဆိုခြင်းမှာ ဟုတ်မှန် သယောင် ယောင်နှင့် မျက်စိလည်သွားစေသည့် စကား။ နိုင်ငံဟူသည် သက်ရှိမဟုတ်၊ အမှန် တကယ်မူ၊ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်သူမှာ "လူ" တွေပင်ဖြစ်သည်။ လူတွေ မမှန်လုပ်၍ နိုင်ငံ နာမည် မှေးမှိန်သွားခြင်းသာဖြစ်သည်။ လူတွေက မတရားသည့်အလုပ်၊ သတ်ဖြတ် ဖိနှိပ် ကိုယ်ကျိုးရှာ လိမ်လည်ပြောဆိုခြင်းတို့ကိုလုပ်မှ နိုင်ငံသိက္ခာကျမည်။ ၁၉၉၀ ပြည့်နှစ်လောက်က အသိမ်းခံထားရသည့် မြေယာများအား ထိုမြေယာပိုင်ရှင်တို့က ပြန်လိုချင်၍ တောင်းဆိုခြင်း လုပ်ရပ်ကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ ကျသွားမည်လော၊ မည်သူ့ကြောင့် သိက္ခာကျမည်နည်း၊ အဖြေကို ဝေးဝေးပြေးရှာစရာမလို။
  
လူ့ကျင့်ဝတ် (Ethics) နှင့် ကိုယ်ကျင့်သိက္ခာ (Morality) စသည့် စကားလုံးနှစ်လုံးအား အပြန် အလှန် အလဲအလှယ် အသုံးပြုကြလေ့ရှိ၏။ ယဉ်ကျေးမှုတစ်ခု၊ ဓလေ့ထုံးစံတစ်ခု၊ လူအုပ်စု တစ်စုတို့၏ ကိုယ်ကျင့်သိက္ခာဆိုင်ရာ မူသဘောများသည် လူ့ကျင့်ဝတ်ဖြစ်သည်ဟု ဆိုသည်။
  
ဆရာတော် အရှင်ဇနကာဘိဝံသ၏ အဆုံးအမတစ်ခုတွင် တိုင်းပြည်နှင့်သာသနာကို စည်ပင် ပြန့်ပွားအောင် ထမ်းဆောင်နိုင်ရေး၊ အသိဥာဏ် ကိုယ်ကျင့်တရားပြည့်စုံ ဖွံ့ဖြိုးရေးအတွက် ဗုဒ္ဓမြတ်စွာ၏ ဂုဏ်ကျေးဇူးတော်ကို အမြဲညွှန်ပြဟောကြားသည့်အပြင် ကိုယ်ကျင့်သီလတရားကို မထိန်းသိမ်းဘဲ သာသနာတော်တွင် ပေါ့ပေါ့ဆဆနေထိုင်လျှင် ပစ္စုပ္ပန်သံသရာ၌ ဆင်းရဲဒုက္ခ တွေ့ရမည်ဟု သတိပေး ဆုံးမတော်မူခဲ့၏။ ဒါနသည် ပြုလုပ်သင့်သော ကိစ္စဖြစ်သော်လည်း ကိုယ်ကျင့်သီလ ၀ိနည်းသည်သာ သုဂတိဘ၀အတွက် စိတ်ချရသောအလုပ်ဖြစ်ကြောင်း ညွှန်ပြ ဆုံးမတော်မူခဲ့သည်။
  
ဤနေရာတွင် ဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ကိုယ်ကျင့်သီလ ပျက်ပြား ဖောက်ပြန်စေသော အကုသိုလ်စေတသိက် ၁၄ ပါးကို ထုတ်နုတ်ဖော်ပြလိုပေသည်။
ယင်းတို့မှာ -
(၁) မောဟ - မသိတတ်ခြင်းသဘော။
(၂) အဟိရိက - မရှက်ခြင်းသဘော။
(၃) အနောတ္တပ္ပ-မကြောက်လန့်ခြင်းသဘော။
(၄) ဥဒ္ဓစ္စ - စိတ်၏ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘော။
(၅) လောဘ-လိုချင်မှုသဘော။
(၆) ဒိဋ္ဌိ-မှားမှားယွင်းယွင်း သိမြင်ခြင်း။
(၇) မာန -ထောင်လွှားတက်ကြွခင်းသဘော။
(ဂ)ဒေါသ-စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်းသဘော။
(၉) ဣဿာ-မနာလိုခြင်း၊ ငြူစူခြင်းသဘော။
(၁၀) မစ္ဆရိယ-၀န်တိုခြင်းသဘော ။
(၁၁) ကုက္ကုစ္စ-နောင်တတစ်ဖန် ပူပန်ခြင်းသဘော။
(၁၂) ထိန -စိတ်ရောကိုယ်ပါ ထိုင်းတိုင်းတိုင်းဖြစ်ခြင်းသဘော။
(၁၃) မိဒ္ဓ-မှိုင်းတိုင်းတိုင်းဖြစ်ခြင်းသဘော။
(၁၄) ၀ိစိကိစ္ဆာ-ဘုရားစသည်တို့၌ ယုံမှားခြင်းသဘော ။
  
မိမိကိုယ်ကိုယ် အထက်ပါ ကိုယ်ကျင့်သီလပျက်ပြားစေသော အကုသိုလ်စေတသိက်များဖြင့် ဆန်ခါ စစ်ပြီး မိမိကိုယ်မိမိ မလိမ်မညာတမ်း ဆန်းစစ်ကြည့်နိုင်ရာ ဤလောက၌ ဂုဏ်သိက္ခာတကယ်ရှိသူ ဘယ်နှယောက်ရှိသနည်း။ မည်သူတွေက ဂုဏ်သိက္ခာအစစ်အမှန် ပိုင်ဆိုင်သူဖြစ်ပါသနည်း။ မည်သူတွေက ဂုဏ်သိက္ခာအတုအယောင်ဖြင့် ဟန်ဆောင်နေနေကြသနည်းဆိုသည် ကို ထင်ရှား စွာပေါ်လွင်စေမည်ဖြစ်သည်။
  
ကိုယ်ကျင့်သိက္ခာဆိုင်ရာ မှတ်သားဖွယ်ကောင်းသော ဆောင်ပုဒ်စာတစ်ကြောင်းကို လက်ဆင့် ကမ်းလိုက်ပါသည်။
  
"မိမိကို ပြုမူဆက်ဆံစေလိုသည့်အတိုင်း မိမိကလည်း သူတစ်ပါးအား အလားတူ ပြုမူ ဆက်ဆံသင့်သည်"

တက္ကသိုလ် မိုးဝါ

By http://www.first-11.com

Friday, December 27, 2013

မောနေယျ နဲ့ ခဏတာ


မောနေယျ နဲ့ ခဏတာ 

တစ်နေ့ က မိမိအလွန်လေးစားရတဲ့ ဆရာ ဂုရုကြီးဆီကို သုံးနာရီလောက်ကြာအောင် အလည်သွားဖြစ်ခဲ့ပါတယ်။ ဆရာ ဂုရုကြီးကတော့ အမိနိုင်ငံမှာ မလုပ်ဖူးခဲ့တဲ့ ချက်ခြင်း၊ ပြုတ်ခြင်းကိစ္စတွေနဲ့  အလုပ်တွေ ရှုပ်နေတော့တာပါ။ မိမိလည်း ရောက်တုန်းရောက်ခိုက် ချက်နည်းပြုတ်နည်း ခြောက်ရာကျော်ထဲက နှစ်ခုကို ထုတ်ပြပြီး ဂုရုကြီးကို အံ့အားသင့်စေချင်လို့ ရောက်တာနဲ့  “ဂုရုကြီး တပည့်ကျော်ကိုပဲ လက်ပြောင်းပေးပါ” ဆိုပြီး ဂုရုကြီး ကိုင်ထားတဲ့ ယောင်းမ နှစ်ချောင်းကို လက်တစ်ဖက် တစ်ခုစီ ကိုင်ပြီး ပညာခန်းပြပါတော့တယ်။

ချက်ပြုတ်ပြီးတော့ ဂုရုကြီးရဲ့ စာကြည့်စားပွဲနေရာလေးမှာ မိမိလည်း နေရာယူလိုက်တာပါ။ ဂုရုကြီးကတော့ ဘယ်ပျောက်သွားလဲ မသိပါ။ မိမိလည်း ဂုရုကြီးကို စောင့်ရင်း စားပွဲပေါ်က စာအုပ်များ စတင် မွှေနှောက်ပါတော့တယ်။ နောက် ဆယ့်ငါးမိနစ်လောက်ကြာမှ ဆရာဂုရုက ငရုပ်သီးထုပ်ဆွဲပြီး အခန်းထဲကို ၀င်လာတာတွေ့ ရပါတယ်။ ငရုပ်သီး ဘယ်ထဲ ထည့်ဖို့လည်းတော့ မသိပါ။ မိမိချက်ထားတဲ့ ဟင်းတွေထဲကတော့ လုံဝထည့်စရာ မလိုတော့ပါ။ ဘာလို့ လည်းဆိုတော့ မိမိ အထင် အတော်စားကောင်းနေတယ် ထင်လို့ ပါ။ ကောင်းရမယ်လေ သဘာက ရင့်နေပြီပဲဟာ။

ဂုရုကြီးက “ ကဲ မောင်မော်ကွန်း (မင်းမော်ကွန်းမဟုတ်) ဘာမေးမလို့ လဲ၊ မေးစရာတော့ ရှိလာပြီနဲ့ တူတယ်၊ မေးစေဗျာ” တဲ့ “သိရင်တော့ ချက်ချင်းဖြေရတာပ၊ မသိရင်တော့ ရရာနေရာက ရှာလိုက်ကြဦးစို့” တဲ့၊ ပြောရဦးမယ် မိမိကို ဂုရုကြီးက အိန္ဒိယရောက်တာ နှစ်လလောက်ကြာတာနဲ့  မသိတာမေးစေ ဆိုပြီး အခွင့်ထူးတစ်ခု ပေးထားတော့တာပါ။ ဘာလို့ လည်းဆိုတော့ မိမိက အမေးမြန်းထူလို့တဲ့။ တွေ့ တာနဲ့ မေးတော့တာပဲတဲ့၊ အဲဒီတော့ ဂုရုကြီး မထူးစိတ်ပိုက်ပြီး မေးလိုရာမေး ခွင့်ထူးပေးထားတော့တာပါ။

မိမိကလည်း အမေးမြန်း ထူပုံက ဇနဲ့ လာတာလို့ ပဲ ပြောရမှာပါ။ မိမိ ဘကြီးက အမေးမြန်း တော်တော်ထူတာပါ။ သူထူပုံကလည်းတစ်မျိုး၊ လူပေါ်၊ လူဇော်ပြီး မေးမြန်းထူတဲ့လို့ ပြောရမလားပဲ။ ရွာမှာ သူ့ အိမ်ရှေ့ က ဖြတ်လာတဲ့သူ မေးလို့ ရမယ့် ဝေနေယျ သတ္တ၀ါ အားလုံး အိမ်ရှေ့ စားပွဲကုလားထိုင်မှာ ထိုင်ခိုင်းပြီး ရပ်ရေး၊ ရွာရေး မေးတော့တာပါ။ သူကတော့ အိမ်ထဲက အိမ်ပြင် မထွက်ပါဘူး။

ရွာကလူတွေကလည်း ဘကြီးကို ငယ်ငယ်က ကတည်းက ချစ်ကြောက်ရိုသေ ဖြစ်ခဲ့ကြတာဆိုတော့ ဘကြီးအမေးမြန်း ထူသမျှ အကုန် ဒုက္ခခံရတော့တာပါ။ ကြာလာတော့ အိမ်ရှေ့ မှာ သိပ်ဖြတ်မလျှောက်ရဲကြတော့ပါဘူး။ မလွှဲသာလို့ လျှောက်ရမယ်ဆိုရင်တော့ ဘကြီး ရှိ၊မရှိ စုံးစမ်းပြီး ရန်သူချောင်းသလို အလစ်သုတ်ကြရတော့တာပါ။ မိမိလည်း သူ့ ဇ၊ သူ့ ဝါသနာ ပါလာတယ်ထင်တာပါပဲ။ ဗီဇ ဆိုတာ ဘဆီကလာတယ်ဆိုလား။

အခုလည်း ဂုရုကြီး ပေးထားတဲ့ ခွင့်ထူးကို စပြီး အသုံးချလိုက်ပါတော့တယ်။ ဂုရုကြီးရေ ဖြေပေတော့.....။

တပည့်တော် မောနေယျအကျင့်ဆိုတာ သိချင်လို့ ၊ အဲဒါပြောပြပါလား။ စသဖြင့်၊ စသဖြင့် သိချင်တာလေးတွေ၊ မမှီတာလေးတွေ မေးလိုက်ပါတော့တယ်။ ဂုရုကြီးကတော့ မောနေယျ အကျင့်နဲ့ ပတ်သက်လို့  သိသမျှ အိပ်သွန်ဖာမှောက် ပြောချလိုက်တော့တာပါ။ ဒီလို ဒီလို .........။

တို့ ဘုရားရှင် သာသနာမှာ ရဟန္တာ၊ ရဟန္တာမတွေ အမြောက်အမြား ပေါ်လာခဲ့တယ်ကွ။ အဲဒီထဲမှာ ဧတဒဂ်ရ တဲ့ သူတွေလည်း အများကြီးပေါ့ကွာ၊ ဧတဒဂ်ရ တဲ့ သူဆိုတာ တို့ ဘုရားရှင်ကလွဲပြီး၊ အမြတ်ဆုံး ဆိုတဲ့ ဂုဏ်ထူးဆောင် ဘွဲ့ တံဆိပ်တော်ကြီးပေါ့။

သာဓက ပြောရရင်တော့ ပညာအရာမှာ ရှင်သာရိပုတ္တရာ၊ တန်းခိုးအရာမှာ ရှင်မောဂ္ဂလာန်၊ အသိဥာဏ်စိတ်နဲ့ ၊ ရုပ်ကိုဖန်ဆင်းတဲ့နေရာမှာ စူဠပန္တက စသည့်ပေါ့ကွာ၊ အများကြီးပဲ။ ရဟန္တာမတွေလည်း ရှိသေးတယ်၊ ပညာအရာမှာဆိုရင် ခေမာဘိက္ခုနီမ၊ ဓမ္မကထိကနေရာမှာ တန်ခိုးအရာမှာ ဥပလ၀ဏ် အများကြီးပေါ်ပေါက်ခဲ့တယ်။ အဲဒါလေးလည်း သိသင့်တယ်ထင်လို့ ၊ ထားတော့...။

မောနေယျအကျင့်ဆိုတာ တစ်သာသနာမှာ တစ်ယောက်ထဲပေါ်တက်တဲ့ အကျင့်မျိုးကွ၊ အလွန်ကျင့်ဘို့ ခဲယဉ်းတယ်။ ရှေးဆုတောင်း ပါရမီရှိတဲ့ သူမှ ကျင့်နိုင်တဲ့ အကျင့်မျိုးပါ။ ဘုရားရှင် ဓမ္မစကြာတရား ဟောပြီးလို့ သီတင်းတစ်ပတ် အကြာလောက် အရှင်နာဠက ဆိုတဲ့ သူဟာ ဘုရားရှင်ကို လာဖူးတယ်။ ပြီးတော့ ဘုရားရှင်ထံက မောနေယျအကျင့်ကို တောင်းတော့တာပဲ။ အတိုချုပ်ပြောရရင် (ဆွမ်းစားချိန်းနီးလို့ ထင်ပါရဲ့) တကယ့်ပြင်းထန် ရဲရင့်တဲ့ အကျင့်နဲ့  ခုနှစ်လလောက် ကျင့်လိုက်လို့  ပရိနိဗ္ဗာန် ပြုသွားတယ်ပေါ့ကွာ။ ဒါက ဒီအကျင့်ကို ကျင့်ခဲ့တဲ့ အရှင်နာဠက အကြောင်းတစ်စေ့၊ တစ်စောင်း......။


မောနေယျ အကျင့် ကျင့်တဲ့သူဆိုတာ မိမိအပေါ်မုန်းတဲ့သူကိုလည်း မုန်းစိတ်ပြန်မထားရဘူး၊ ချစ်တဲ့သူကိုလည်း ချစ်စိတ်ပြန်မထားရဘူး၊ ဆိုလိုတာက မိမိအပေါ် မုန်းသူ၊ ချစ်သူ ရှိလင့်ကစား မုန်းစိတ်၊ ချစ်စိတ်မထားဘဲနဲ့ ၊ တူမျှတဲ့ စိတ်နဲ့ ပြန်ထားရတာပဲ။ မိမိလည်း ဂုရုကြီးဖောက်သည်ချသမျှ အေးဆေး နားထောင်လာခဲ့တာ၊ ဒီအချက်ကို စသိတော့မှပဲ အံ့အားသင့်တဲ့သဘောနဲ့ ပြန်မေးလိုက်တော့တာပါ။

 ဟာ..ဒါဆို ရန်သူတောင်မှ မေတ္တာထားရမယ့်ဆိုတဲ့ သဘောပေါ့။ ဟုတ်လား ဂုရုကြီး။ ဂုရုကြီးကတော့ အေးဆေးတည်ငြိမ်စွာပဲ အေး ဟုတ်တယ်ဆိုပြီး တပည့်ကျော်ကို ခေါင်းညိမ့်ပြလိုက်တော့တာပါ။ ထူးပေစွ... မှတ်ထိုက်ပါပေစွ....ကျင့်ရခက်လိုက်ပါပေစွ......။

နောက်အကျင့်က မီးလျှံနဲ့ တူတဲ့ အာရုံငါးပါးကို ထိန်းတာပဲ၊ မင်းပဲ စဉ်းစားကြည့်ပေါ့ကွာ၊ အာရုံးငါးပါးထိန်းနိုင်ဖို့ဆိုတာ လွယ်တာမှတ်လို့။ မိမိလည်း ဟုတ်ပ ဆရာဂုရုကြီး၊ မှတ်လိုက်ပေတော့ နောက်တစ်ချက်။ ကျင့်ရတာ အတော်ခက်တာပဲ။

နောက် အကျင့်တစ်ခုက ပုထုဇဉ်တွေမှာ အများဆုံး ဖြစ်တတ်တဲ့ စိတ်ပဲ၊ မရသေးတာ လိုချင်တဲ့ စိတ်တွေ၊ ပြီးတော့ ရပြီးသားကို မရောင့်ရဲနိုင်တဲ့ လောဘစိတ်တွေ ဖြစ်တက်တယ်။ ဒီ ပစ္စယာတဏှာ ဆိုတာလည်း စွန့် ရဲတဲ့ စိတ်မျိုးရှိရတယ်။ မိမိတော့ မှတ်မှတ်၊ အကုန်မှတ်ပဲ။ လိုချင်တဲ့ စိတ်တွေ၊ မရောင့်ရဲနိုင်တဲ့ လောဘစိတ်တွေ၊ ကိလေသာကြောင့်ဖြစ်တဲ့ ပူပန်မှုစိတ်တွေ စွန့် ပေရော... စွန့် ကြပေရော.....။


ပြီးတော့ မောနေယျအကျင့် ကျင့်တဲ့သူဆိုတာ လူသားကင်းတဲ့ တောထဲမှာပဲ နေရတာတဲ့၊ တစ်ကိုယ်တည်းနေပြီးတော့ လောကုတ္တရာ ဈာန်နဲ့ ပျော်နေရတာ။ ကဲ.... ငါရော သူရော ဒါလည်းပဲ မှတ်ကြ၊ မှတ်ကြ။ ဂုရုကြီးက ပြောရတာ မောလို့ ထင်ပါတယ်။ ရေသန့် ဘူးကို ဖွင့်ပြီး ရေခဏ ဘုဉ်းပေးတော့တာပါ။ မိမိလည်း စိတ်ထဲမှာတော့ လူသားကင်းတဲ့ အရပ်မှာနေရမယ်ဆိုတဲ့ ဒီအကျင့်ကို ကိုယ့်စိတ်နဲ့ ပြန်စစ်ကြည့်တော့တာပါ။

တကယ်တမ်းပြောရရင် မိမိ အဖို့ ကျင့်ဖို့  မလွယ်.. မ၀ဆွဲ ယသက် မလွယ်ပါပဲ။ ဘာလို့ လဲဆိုတော့ တစ်ယောက်ထဲနေဖို့ မပြောနဲ့  စာမေးပွဲ ပြီးရင် မြန်မာပြည်ကို ဒုံး ဒုံး ပြန်ဖို့ တွေးထားတဲ့ စိတ်သာ ကြည့်အုံး။ မကုန်နိုင်တဲ့ သံယောဇဉ် အဟောင်း၊ အဟောင်းတွေ၊ ထပ်ထပ်ချည်ခံနေတဲ့ သံယောဇဉ် အသစ်အသစ်တွေကြောင့် ဘယ်လို မှကို မဆိုင်...။ ပြီးတော့ရှိသေးတယ်။

မိမိရဲ့ မစို့ မပို့ သိတဲ့ အသိတွေလေးတွေ မျှဝေချင်လို့ ဆိုပြီး ဆရာ ထုဆစ်ပေးထားတဲ့ ဘလောဂ်လေးတစ်ခု။ ဒီဘလောဂ်ကို လာရောက်လည်ပတ်သူတွေကိုပဲ တစ်နေ့ ၊ တစ်နေ့  ရေတွက်နေတာက အလုပ်တစ်ခုဖြစ်နေတာပါ။ သနားကရုဏာ ကြီးမားစွာ လာလည်တဲ့ သူတွေကို လည်း သံယောဇဉ် ကတွယ်မိပြန်တော့.....။ ဝေးပြီးပေါ့....။

ဂုရုကြီးကတော့ အမောပြေပြီလားတော့ မသိပါ။ ဆက်ပြီးပြောတော့တာပါ။ ပိုဆိုးတာက လူသူ ပရိသတ်နဲ့ လည်း မရောနှောရဘူး။ တရားလည်းမဟောရဘူးတဲ့။ သစ်တစ်ပင်၊ ၀ါးတစ်ပင်ရိပ်မှာ မလျောင်းမစက်၊ တစ်ဝက်ထိုင်တဲ့ အကျင့်နဲ့ ထာဝရနေရမယ်တဲ့။ ကြည့်အုံး အပေါ်က အချက်ထက်ကို ကျင့်ဖို့ မလွယ်ကိန်းဆိုက်ပြီ။ ဟုတ်တယ်လေ၊ တောထဲ၊ တောင်ထဲနေတယ်ပဲ ထားပါအုံး။ မလျောင်း၊ မစက်ထာဝရ နေဘို့ ကိစ္စဆိုတာကတော့ မလွယ်တာ ထပ်တိုးပြန်ပြီ။ ကဲ..ကဲ အတို ချုပ်ပြောစို့ ။ တော်ကြာနေ ဆွမ်းစားချိန်ကျော်သွားအုံးမယ်။ ဂုရုကြီး မိမိလက်ရာကို အတော်စားချင်ဟန်တူတယ်။( ကြုံကြွား)

အကြောင်းကြောင်းကြောင့် ရွာကို ၀င်ရင်လည်း ကမ္မဌာန်းတရားမှာပဲ အာရုံပြုထားရမယ်။ ဆွမ်းစားပင့်ရင်လည်း လက်မခံရဘူး၊ ကိုယ့် အတွက် ဆိုပြီး ယူလာတဲ့ ဆွမ်းကိုလည်း လက်မခံရဘူး။ နိမိတ်ပြပြီး အစားအစာနဲ့ ၊ အ၀တ်တန်ဆာ ရှာတာမျိုးလည်း မလုပ်ရဘူး။ သပိတ်ပိုက်ပြီးသွားရင် နည်းနည်းလှုလို့ လည်း အပြစ်မတင်ရဘူး။ ကုန်ကုန်ပြောမယ်။ ဘယ်ပုံ၊ ဘယ်နည်းနဲ့ လှူလှု မထေမဲ့မြင် မပြုရဘူး။ ရလာတဲ့ ပစ္စည်းပေါ်မှာလည်း ဖောက်ပြန်တဲ့ စိတ်လုံးဝမရှိရဘူး၊ ရ၊ မရ ဖြစ်ခြင်းပ်ါမှာ ဘယ်လို မှ ဖောက်ပြန်လို့ မရဘူးတဲ့ ဆိုပြီး ဂုရု ကြီးရေသန့် ဘူးကို ဒုတိယမ္ပိ ထပ်ဆွဲပါတော့တယ်။

မိမိရဲ့ အတွေးမှာတော့ ဒီလို မလွယ်တဲ့ အကျင့်ဖြစ်လို တစ်သာသနာမှာ တစ်ယောက် ပေါ်ခဲတယ်ဆိုတာရယ်၊ သာမန်ယုံကြည်ချက်၊ သာမာန်စိတ်ထားလေးနဲ့ တော့ ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူးဆိုတာရယ်၊ ကျင့်နိုင်ခဲ့သော အရှင်နာဠကမထေရ်ကို အကြိမ်ကြိမ်၊ အားကျ သာဓုခေါ်မိတဲ့ စိတ်တွေပဲ ဖြစ်နေပါတော့တယ်။ ပြီးတော့... ပြီးတော့.......။

ဂုရုကြီးက ကဲ..... မောင်မော်ကွန်း ဒီနေ့ တော့ ဒီမှာ ဘုဉ်းပေးသွားပေရော...တဲ့။ ကောင်းပေစွ။ မျှော်လင့်ပါပေစွ..။ စားကြမယ်ဟေ့...။ မကောင်းတကောင်း...။

စိတ်ထဲမှာ အတွေးနုနုလေးတွေနဲ့  သိနိုင်သမျှ နယ်ချဲ့ကာ အိန္ဒိယရဲ့ ယောနိသော မနသိကာရ ထမင်းဝိုင်းလေးဆီ သို့  ရောက်အောင်သွားခဲ့ပါတော့တယ်။

ဂုရုကြီးရေ..........မေးတာဖြေပေးသမျှ............သာဓု...သာဓု......သာဓု

မော်ကွန်းသစ် 


Thursday, December 26, 2013

အမေ ကျေနပ်ပါပြီ သားရယ် (၂)


အမေ ကျေနပ်ပါပြီ သားရယ် (၂)
ဘိက္ခုနီသာသနာ
မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်း တောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှု တို့ကြောင့် ဘိက္ခုနီ သာသနာခေါ် ရဟန်း အမျိုးသမီး သာသနာ ပေါ်ပေါက် လာခဲ့တယ်။ အမျိုးသမီး ရဟန်းမ သာသနာသို့ အရင် ၀င်ရောက် လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင်မင်းသမီး ငါးရာတို့ ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမ သာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။

ရတ္တညူဧတဒဂ်
ဧတဒဂ်၏ အဓိပ္ပါယ်မှာ အသာလွန်ဆုံး အထူးချွန်ဆုံး-ဟု အဓိပ္ပါယ်ရတယ်။
ရတ္တညူ ဧတဒဂ်ဆိုတာ ဗုဒ္ဓမြတ်စွာ သာသနာမှာ ၀ါအကြီးဆုံး၊ သစ္စာလေးပါးကို ဗုဒ္ဓမြတ်စွာက လွဲရင် အရင်ဆုံးသိသူကို မြတ်ဗုဒ္ဓက ချီးမြှင့် ပေးအပ်ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်တယ်။ အဲဒီ ဘွဲ့ထူး ဂုဏ်ထူးကြီးကို အမျိုးသား ရဟန်းသာသနာမှာ အရှင်ကောဏ္ဍည မထေရ်က ရရှိပိုင်ဆိုင်ပြီး၊ အမျိုသမီး ရဟန်းမ သာသနာမှာ မိထွေးတော်ကြီးက ရရှိပိုင်ဆိုင်ခဲ့တယ်။
သီတင်းသုံးနေထိုင်ရာ

တစ်ချိန်တုန်းက လောကကြီးကို အသိဉာဏ်တွေ ထွန်းလင်းပေးခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ဝေသာလီပြည်ရဲ့ အနီး မဟာဝုန် တောကြီးအတွင်း ကူဋာဂါရသာလာကျောင်း (စုလစ်မွန်းချွန်တွေနဲ့ တန်ဆာဆင် ထားတဲ့ ဇရပ်)မှာ သီတင်းသုံး နေထိုင်တယ်။ အဲဒီအချိန်မှာ မိထွေးတော် ဂေါတမီကြီးကတော့ ဝေသာလီမြို့ထဲမှာ အမျိုးသမီးတို့ ပျော်စံရာ ဘိက္ခုနီမ ကျောင်းတိုက်တာမှာ သီတင်းသုံး နေထိုင်တယ်။
စဉ်းစားမိပြီ

အဲဒီလို အေးအေး ဆေးဆေး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ သီတင်းသုံး နေထိုင်ရင်း တစ်နေ့မတော့ မိထွေးတော်ကြီးရဲ့ စိတ်ထဲမှာ စဉ်းစားမိတယ်။ သြော်… သားတော်ဘုရား မြတ်ဗုဒ္ဓ၊ အဂ္ဂ သာဝကကြီးများ ဖြစ်တဲ့ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန်၊ မြေးတော်လေး အရှင်ရာဟုလာ၊ ငါ့ကို ဘိက္ခုနီမ သာသနာ တည်ထောင်ခွင့် ရအောင် ကြိုးပမ်းပေးခဲ့တဲ့ အရှင်အာနန္ဒာတို့ ခန္ဓာကိုယ်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို ငါဖူးမြော်ခွင့် ရတော့မှာ မဟုတ်ဘူး… လို့ ဆုံးဖြတ်ချက်ချ စဉ်းစားမိလိုက်တာနဲ့ မဟာပထ၀ီ မြေကြီးက ချက်ချင်းတုန်လှုပ်၊ အင်မတန်မှ ကြည်လင် သန့်ရှင်းနေပြီး မိုးတိမ်၊ မိုးသား၊ မိုးရိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ကြီး ကလည်း ချက်ချင်းဆိုသလို ညို့မှောင်တက်လာပြီး မိုးတွေ အရမ်းခြိမ်းလာတယ်။

(ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာက မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ သက်တော်က ၈၀၊ ယသော်ဓရာ စံတာက ၁၄၆၊ အသက်က ၇၈၊ သားတော်လေး ရာဟုလာက မိခင် ယသော်ဓရာထက်စော၊ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန် တို့က မဟာသက္ကရာဇ် ၁၄၇-ခုနှစ်မှာ အသီးသီး ခန္ဓာ့ဝန်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းခဲ့တယ်။ စကားချပ်။)
နတ်တွေက ငိုတယ်

မိထွေးတော်ကြီး ဆုံးဖြတ်ချက် ချလိုက်တာကို ပထမဦးဆုံးသိတာ ကျောင်းနား တစ်ဝိုက်မှာ ရှိနေတဲ့ နတ်တွေပဲ၊ သူတို့က သိတော့ ငိုကြတာပေါ့။ (သူတို့ငိုတာက တို့ ရွှေမြန်မာတွေ ငိုတာနဲ့မတူဘူး။ တို့ရွှေမြန်မာတွေက မဖြစ်နိုင်တာကို တမ်းတပြီးငိုကြတာ။ သေတဲ့ လူကို ကိုင်ပြီး အမလေး၊ ထကြည့်ပါအုံး - စသည်ဖြင့် ငိုကြတယ်။ မျိုးစုံပါပဲ။ သေတဲ့လူက ဘယ်လိုလုပ် ထကြည့်နိုင်မလဲ။ စဉ်းစားစရာတွေ၊ ထိုင်းနိုင်ငံ မှာတော့ အတုယူစရာ ကောင်းတယ် အသံထွက်ပြီး ဘယ်သူမှ မငိုဘူး၊ မျက်ရည်တွေ စီးကြရုံလောက်ပဲ၊ အသုဘ အထိမ်းအမှတ်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ကြတယ်။ စကားချပ်။) နောက်ပြီး ကောင်းကင်က စတုမဟာရာဇ် အစရှိတဲ့ ရာဂ မကင်းနိုင်သေးတဲ့ နတ်တွေမှန်သမျှ ငိုကြတယ်။
အဲဒါ တို့ကြောင့်ပါ

ကျောင်းဝင်း တစ်ဝင်းထဲမှာ အတူရှိနေကြတဲ့ သာကီဝင် ရဟန်း အမျိုးသမီး ငါးရာလည်း ဒီလို မမျှော်လင့်တဲ့ ဖြစ်ရပ်ကြီးနဲ့ ရုတ်တရက် ကြုံလိုက်ရတော့ အလွန် ထူးဆန်းသွားတယ်။ ဒါဟာ တစ်ခုခုတော့ ထူးခြားမှာပဲလို့ တွေးကြပြီး မိထွေးတော်ကြီးဆီ စုရုံး ရောက်ရှိလာကြတယ်။

အဲဒီနောက် မိထွေးတော်ကြီးကို ရိုသေစွာ ရှိခိုးပြီး၊ သူမတို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရတဲ့ ကောင်းကင်က မိုးခြိမ်းသံတွေ၊ မြေကြီး တုန်လှုပ်တာတွေကို ကြားရ မြင်ရတော့ ဘာများ အကြောင်းထူးလို့ ပါလဲဘုရား-လို့ မိထွေးတော်ကြီးကို အဖြစ်အပျက်တွေ လျှောက်ကြတယ်။

“ရှင်မတို့ မိထွေးတော်ကြီးလေ ခန္ဓာ့ဝန် ရုတ်သိမ်းပြီး၊ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာကြောင့် အဲဒီ အဖြစ်အပျက် ဖြစ်လာတာပါ၊ အဲဒါ တို့ကြောင့် ဖြစ်တာပါကွယ်”ဟု မိထွေးတော်ကြီးက ရှင်းပြလိုက်တယ်။
လိုက်ပါရစေ

မိထွေးတော်ကြီးရဲ့ စကားကို ကြားတယ်ဆိုရင်ပဲ သာကီဝင် ရဟန်းအမျိုးသမီး ငါးရားတို့က “တပည့်တော် မတို့လဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချ ကြံစည်မိကြ ပါပြီဘုရား”လို့ လျှောက်ထား ကြတယ်။

ဆက်လက်ပြီး မိထွေးတော်ကြီးကို “တပည့်တော်မတို့ တတွေဟာ တောထွက် လာကြတုန်းကလည်း အတူတူ၊ မြတ်ဗုဒ္ဓ ထံမှောက်မှာ ရဟန်းမ ၀တ်ကြတုန်းကလည်း အတူတူ၊ တရား အားထုတ်ကြ တော့လည်း အတူတူ၊ တရားထူး ရပြန်တော့လဲ မရှေး မနှောင်းမှာပဲ အတူတူ ရခဲ့ကြပါတယ်။ မိထွေးတော်ကြီး ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မှာကို တပည့်တော် မတို့လည်း အတူတူ လိုက်ပါရ စေတော့ဘုရား”လို့ လျှောက်ထား တောင်းပန်ကြတယ်။
ခွင့်တောင်းကြဦးစို့

ရှင်မတို့ရယ်… တို့ကတော့ကွယ်၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင် ငြိမ်းကြတော့မယ့် ရှင်မတို့အတွက် ဘယ်တားရက်ပါ့မလဲ။ သွားကြတာပေါ့ကွယ်။ ဒါပေမဲ့ တို့သဘောနဲ့တို့ သွားလို့တော့ မဖြစ်သေးဘူး၊ တို့ရဲ့ ကျေးဇူးရှင်ကြီး သားတော် ဘုရားဆီကို သွားပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းဖို့အတွက် ခွင့်တောင်းကြဦးစို့”ဟု သာကီဝင် ရဟန်းမ ငါးရာကို ပန်ကြားလိုက်တယ်။
သည်းခံကြပါကွယ်

အဲဒီလို ပန်ကြားပြီး မကြာခင်မှာ မိထွေးတော် ဂေါတမီကြီးနဲ့ သားကီဝင် ရဟန်းမ ငါးရာတို့က ကျောင်းကြီး ပေါ်ကဆင်း ကျောင်းခြံဝင်းက မထွက်ခင်မှာပဲ ကျောင်းစောင့်နတ်တွေကို

(ဥပဿယေ ယာဓိဝတ္တာ၊ ဒေ၀တာ တာ ခမန္တုမေ။ ဘိက္ခုနီ နိလယေဿဒံ၊ ပစ္ဆိမံ ဒဿနံ မမ။)

တို့တတွေ သီတင်းသုံးရာ ဘိက္ခုနီမ ကျောင်းတိုက်တာကို စောင့်ရှောက် ၀န်းရံနေကြတဲ့ နတ်များအပေါင်းတို့၊ တို့တတွေမှာ အပြစ်များ တစ်စုံများ ရှိခဲ့ရင် သည်းခံကြပါကွယ်”လို့ သည်ခံစေဖို့ ပန်ကြားလိုက်တယ်။
ပြီးတော့… တို့များဟာ ဒီဘိက္ခုနီမ ကျောင်းတိုက်တာ ကြီးကို ကြည့်ရှုခွင့် ရခြင်းဟာ နောက်ဆုံး ကြည့်ခြင်းပေပဲ - ဟု ပြောဆိုရင်း ဘိက္ခုနီမတို့ ကျောင်းတိုက်ကနေ ထွက်လို့လာခဲ့တယ်။
*အမေ ကျေနပ်ပါပြီ သားရယ်(၂)*

မိတ်ဆွေများကို မပြစ်မှားရ

မေတ္တာဝေမျှ၊ ဤလောက၌၊ သတ္တဖ၀ါး၊ အတူသွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏။ ဆယ့်နှစ်လှမ်းသော်၊ အဖော်သဟဲ၊ လခွဲ ညာတိ၊ မည်ဘိ မပျက်၊ ထို့ထက်လွန်စွာ၊ ရက်ကြာ ကာလ၊ ပေါင်းဖက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့်တူ၏၊ အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မရှိရာဘူး။ (မဃဒေ၀)

သံသရာ ခရီသွား လူသားတို့သည် လူ့ပြည်ဌာန လူ့လောကတွင် ကြုံရ ဆုံရသည်မှာ “ရှေးဘ၀က၊ ရေစက်၊ ပန္နက်ဖူးသော၊ သစ္စာတွေကြောင့်” ဒီဘ၀မှာ လာပြီးတော့ ဆုံရ ကြုံကြခြင်း ဖြစ်တယ်။

ကြုံရ ဆုံရသော အခိုက်အတန့် ကာလအတွင်း ခြေထောက် ၇-ဖ၀ါး အတူသွား၊ အတူ လှမ်းမိခဲ့ရင် မိတ်ဆွေစစ် ဖြစ်တယ်၊ ၁၂-ဖ၀ါး အတူ လှမ်းမိခဲ့ ရင်တော့ လက်တွဲဖော်၊ ၁၅-ရက်လောက် ပေါင်းသင်းခဲ့ မိရင် ဆွေမျိုး၊ ဒီ့ထက် အလွန် ပေါင်းရ သင်းရ၊ တွေ့ကြ ဆုံကြရ ရင်တော့ မိမိနဲ့ အတူထားပြီး ဆက်ဆံ ရလိမ့်မယ်။ မည်သို့သော ပုဂ္ဂိုလ်မျိုး လူမျိုးကို မဆို မပြစ်မှားသော စိတ်ထားဖြင့် ဆက်ဆံရမယ်-ဟု မာန်လည် ဆရာတော် ဘုရားကြီးက ဆုံးမခဲ့ဖူးတယ်။
လမ်းမခွဲခင် ဆုံးမစကား

မိထွေးတော်ကြီးနဲ့ သာကီဝင် အမျိုးသမီး ရဟန်းမ ငါးရာတို့ တစ်ဦးကို တစ်ဦး သည်းခံ ခွင့်လွှတ်ကြဖို့ နတ်တွေကို ပန်ကြားရင်း တရားတစ်ပုဒ်နဲ့ ဆုံးမပြီး နှုတ်ဆက်လိုက်တယ်။

(န ဇရာ မစ္စုဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော၊ ပိယေဟိ ၀ိယောဂေါတ္ထိ၊ တံ ၀ဇ္ဇိဿံ အသင်္ခတံ။)

တို့တတွေ အခုသွား ရမှာက နိဗ္ဗာန် ခရီးဖြစ်တယ်၊ အဲဒီ နိဗ္ဗာန်မှာ ဆွေးမြေ့ ယိုယွင်း၊ အိုမင်း ရတဲ့ သဘောတွေ၊ ဆံဖြူ ခါးကိုင်း နားထိုင်ပြီးတော့ မရဏ လက်တွင်း သက်ဆင်းရတဲ့ သဘောတွေ၊ ငိုရာက ကြီး၊ ကြီးရာက အို၊ အိုရာက နာ၊ နာရကသေ၊ အဲဒီ ဆင်းရဲခြင်း သဘောတွေ မရှိပါဘူးကွယ်။ စိတ်ဆင်းရဲစရာ ဖြစ်တဲ့ မချစ် မနှစ်သက်တဲ့ သူတွေ့နဲ့ ပေါင်းဖော် ယှဉ်တွဲ နေထိုင်ရပြီး၊ ချစ်ခင် နှစ်သက်တဲ့ သူတွေနဲ့ ကွေကွင်း ခွဲခွါသွားရမယ့် သဘောတွေလည်း မရှိပါဘူးကွယ်၊ အဲဒီ အရာဝတ္ထုတွေ မရှိတဲ့ အေးချမ်း ငြိမ်းရာ နိဗ္ဗာန်သာသို့ မိထွေးတော်ကြီး သွားတော့မယ် လို့ တရားဟောရင်း နဲ့ နှုတ်ဆက် လိုက်တယ်။

“ငိုချင်ရက် လက်တို့” ဆိုသလို မိထွေးတော်ကြီး နိဗ္ဗာန် သွားတော့မယ့် အကြောင်း နှုတ်ဆက်လိုက်မှပဲ လမ်းဘေးဝဲယာ တစ်ဖက် တတစ်ချက်မှာ မိထွေးတော်ကြီး အပေါ် သံယောဇဉ် တွေနဲ့ နှောင်ဖွဲ့ပြီး ရာဂ မကင်းနိုင် ကြသေးတဲ့ ပရိသတ်တွေ ကလည်း ငိုကြွေးကြ ပြန်တယ်။ ဒီတစ်ခါ သူတို့ငိုတဲ့ အသံလေးက မှတ်သားစရာ။

“အဟော နော အပ္ပပုညတာ” တဲ့ မိထွေးတော် ကြီးနဲ့ ငါတို့တတွေ နောက်ထပ်တစ်ဖန် ကြုံခွင့် ဆုံခွင့် မရတော့ တာဟာ ငါတို့တတွေမှာ ဘုန်းကံ နဲကြလို့ပဲ-လို့ ပြောပြောပြီး ငိုကြတာ။

ဟုတ်တာပေါ့ မိထွေးတော် ကြီးနဲ့ ရှိနေရင် သူတို့တတွေကို ကောင်းတာတွေ လုပ်ဖို့၊ မကောင်း တာတွေ မလုပ်ဖို့၊ မိမိ စိတ်ကလေးကို ဖြူစင်အောင် ထားဖို့ မကြာခဏ ဆိုသလို ဆုံးမ သြ၀ါဒတွေ ပေးလေ့ရှိတယ်။ အခုတော့ ဆုံးမမယ့်သူ မရှိတော့တဲ့ “အမိမဲ့သား၊ ရေနဲငါး”ဘ၀ကို ရောက်သွားကြပြီ။ အဲဒီလိုနဲ့ သူတို့ တတွေဟာ ဖြေမဆည်နိုင် မျက်ရည် တဖြိုင်ဖြိုင်နဲ့ ငိုကြွေး နေကြတာပေါ့။

ငိုကြွေးတယ်ဆိုတာ

အမှန် တကယ်တော့ ငိုတဲ့သူများဟာ ကိလေ သာရာဂတွေ များနေလို့၊ သံယောဇဉ် ကိလေသာတွေ သိပ်များနေလို့ ငိုကြတာ။ မိထွေးတော် ကြီးကတော့ အေးအေး ဆေးဆေးပဲ။ ရဟန္တာ ဖြစ်နေပြီလေ၊ ငိုကြွေးစရာ မျက်ရည်မှ မကျန်တော့တာ။ သူတို့ တတွေကို တုန်လှုပ်မှု ကင်းမဲ့တဲ့ စိတ်နဲ့ကို ထာဝရ နှုတ်ဆက်သွားတာ။

မိထွေးတော် ကြီးကတော့ ထာဝရ နှုတ်ဆက် သွားပြီနော်။ အဲဒီလို နှုတ်ဆက်တော့ ရာဂမကင်းသေးတဲ့ သူတွေကတော့ ငိုကြတာပေါ့။ မိထွေးတော် ကြီးနဲ့ ရဟန္တာ ထေရီမ ငါးရာတို့ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ တဆင့်စကား တဆင့်နား ကြားတော့ သဒ္ဓါတရား သိပ်ကောင်းတဲ အမျိုးကောင်း သား၊ အမျိုးကောင်း သမီးတွေက မိမိတို့ အိမ်ပေါ်ကနေ ဆင်း၊ မိထွေးတော် ကြီးတို့ သွားရာလမ်းမှာ ဖူးမြော်ကြ၊ ကန်တော့ကြပြီး လျှောက်ထား တောင်းပန်ကြတယ်။

စည်းစိမ်ရှင် မကြီး စိတ်အေးအေး ထားပါဘုရား။ ကိုးကွယ်ရာ မဲ့နေတဲ့ တပည့်တော် တပည့်တော်မ တို့ကို ခွဲခွါပြီး ခန္ဓာ့ဝန် ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ် ဆိုတာက အခွင့်မလျော် မသင့်တော် ပါဘူးဘုရား။ သူတို့က ဒီလိုကို လျှောက်ထား တောင်းပန်ကြတာ။ အဲဒီလို လျှောက်ထား ကြသူတွေဟာ သူတို့တတွေရဲ့ သံယောဇဉ် ရာဂ တရားတွေက နှိပ်စက် ဖိစီးကြလို့ ငိုကြွေး မြည်တမ်းရင်း လျှောက်ထား တောင်းပန်ကြတာ။

လျှောက်ထား တောင်းပန် သူတွေရဲ့ စကားထဲမှာ စည်းစိမ်ရှင်မကြီး (မဟာဘောဂေ) ဆိုတဲ့ စကားပါတယ်။ ဟုတ်တယ် မိထွေးတော် ကြီးရဲ့ဘ၀က စည်းစိမ်တွေနဲ့ ပြည့်နက် နေတဲ့ဘ၀။ လူ့ဘောင် လောကမှာ ရှိစဉ်တုန်း ကလဲ ထီးနန်း စည်းစိမ်တွေကို ပြည့်ပြည့်၀၀ ခံစားခဲ့ရတယ်။ လိုအပ်တယ် ဆိုတာ မရှိလောက် အောင်ကို ခံစားခဲ့ရတာ။ ဆင်းရဲဒုက္ခ ဆိုတာ ချိုနဲ့လား၊ ဘယ်လို ဟာမျိုးလဲလို့ မေးရမလို ဖြစ်နေတယ်။

ရဟန်းမ အဖြစ် ပြုပြီးတဲ့ နောက်ပိုင်းမှာ ကိလေသာတွေ ငြိမ်းလို့ နိဗ္ဗာန် ချမ်းသာကို ပြည့်ပြည့်၀၀ကြီး ခံစားနေရတဲ့ မိထွေတော်ကြီး ဖြစ်တယ်။ အဲဒါကြောင့် သူတို့က မိထွေးတော် ကြီးကို စည်းစိမ်ရှင် မကြီးလို့ ခေါ်တာဖြစ်မှာ။
တရားဟောရပြန်

အဲဒီလို ရင်ဘတ် စည်တီး ငိုကြွေးပြီး နေကြတဲ့ ပုဂ္ဂိုလ်တို့အတွက် စိုးရိမ်သောကတွေ၊ ကြောင့်ကြ ရတာတွေကို ငြိမ်းအေး စေနိုင်ဖို့ အတွက် တရား ဟောရပြန်တယ်။

အို… သားတော် သမီးတော်တို့ သင်တို့တတွေဟာ အခု အချိန်မှာ ရင်ဘတ်စည်တီး ငိုညည်း နေရမယ့် အချိန် မဟုတ်ဘူး၊ ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော်ကြီးလေ… သိသင့် သိထိုက်တဲ့ ဆင်းရဲခြင်း တွေရဲ့ သဘောကို ပိုင်းပိုင်းခြားခြား ကောင်းကောင်း မွန်မွန် သိခဲ့ပြီးပြီကွယ့်။ ဆင်းရဲခြင်းရဲ့ လက်သည်ဖြစ်တဲ့ သံယောဇဉ် သမုဒယ တဏှာ ကိုလည်း မိထွေးတော်ကြီး သုတ်သင် နှိမ်နင်းပြီးပြီ။ အဲဒီတရားတွေ ရဲ့ ချုပ်ငြိမ်းရာ ဖြစ်တဲ့ နိရောဓ နယ်ပယ်ကိုလဲ မိထွေးတော်ကြီး ရောက်ပြီးပြီ။ နိဗ္ဗာန် ရောက်ရန် လမ်းကြောင်းမှန်တဲ့ မဂ္ဂသစ္စာ တွေကိုလဲ သေသေ ချာချာကို ပွားများပြီး သွားပါပြီကွယ်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော် ကြီးလေ… မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော် တွေကို ကောင်းစွာ လေ့ကျက်ခဲ့ပြီး၊ ရင်ထဲမှာ ထည့်ပြီးပါပြီ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တွေကို သင်ယူခြင်း ပရိယတ္တိ သာသနာ၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်ခြင်း ပဋိပတ္တိ သာသနာ၊ သုံးဆောင်း ခံစားခြင်း၊ ဆိုက်ရောက်ခြင်း ပဋိဝေဒ သာသနာ၊ အဲဒီသာသနာ သုံးရပ်စလုံးကို မိထွေးတော်ကြီး အကုန်လုံး ပြီးစီးအောင် ဆောင်ရွက်ပြီးပြီ။

အလွန်တရာမှ လေးလံလှတဲ့ ဥပါဒါနက္ခန္ဓာလို့ ခေါ်တဲ့ ၀န်ထုပ် ၀န်ပိုးကြီးကို အကုန်လုံး ပစ်ချပစ် လိုက်ပြီးပြီ။ ဘ၀ကို ဖြစ်စေတတ်တဲ့ လက်သည် သံယောဇဉ် သမုဒယ တဏှာကို မိထွေးတော်ကြီးက အမြစ်ပါ မကျန်အောင် ပယ်သတ် ခုတ်ထွင် ရှင်းလင်းခဲ့ ပြီးပြီကွယ့်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။
လိုရာခရီး သွားနိုင်ကြ

လောကကြီးမှာ မိဘတွေဟာ ခရီး ထွက်တော့မယ် ဆိုရင် အိမ်မှာ ရှိတဲ့ အလုပ်တွေကို ပြီးစီးအောင်လုပ်။ သားသမီးတွေကို မှာစရာရှိတာ မှာပြီးမှ ခရီးထွက်လေ့ ရှိကြတယ်။ အဲဒီလို လုပ်သင့် လုပ်ထိုက်တာတွေ မှာသင့် မှာထိုက်တာတွေ မှာပြီးတာတောင် မလိမ္မာတဲ့ သားသမီးများ ရှိခဲ့ရင် မိဘတွေဟာ ခရီးသွားရတာ စိတ်မဖြောင့်ဘူး၊ စိတ်ချရတဲ့ နောက်ကြောင်း အေးရတဲ့ သားသမီးမျိုး ရှိတဲ့ မိဘတွေကတော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လိုရာခရီးကို သွားနိုင်ကြတယ်။
စိတ်ချလို့ နေပါပြီ

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော်ကြီး ပရိနိဗ္ဗာန် စံတော့မယ် ဆိုတာက မိထွေးတော် ကြီးလဲ လုပ်သင့် တာတွေ အကုန်လုံး လုပ်ခဲ့ပြီးပြီ။

နောက်ပိုင်းမှာလဲ စိတ်ချရမယ့် သားတော်ကြီးတွေ ရှိနှင့် နေပြီလေ။ သစ္စာလေးပါးကို ဆရာမရှိဘဲနဲ့ မိမိကိုယ်တိုင် သိတဲ့ သားတော် ဘုရားရယ်၊ သားတော်ဘုရား သိပြီးတဲ့နောက် အရင်ဆုံး သိနှင့်တဲ့ အရှင် ကောဏ္ဍည၊ သားတော်အရင်း အရှင်နန္ဒ၊ သားတော်အဖျား အရှင်အာနန္ဒာ၊ မြေးတော်လေး အရှင် ရာဟုလာတို့ ကလည်း ရှိနေပြီကွယ့်။

သာသနာတော်ကို မကြည်ညိုသူ၊ အယူမှား တွေကိုသာ ဟောပြောလေ့ ရှိကြသူ တိတ္ထိတို့ရဲ့ အယူဝါဒတွေကို သုတ်သင် ဖြေရှင်းနိုင်တဲ့ ချမ်းချမ်းသာသာ ညီညီညွတ်ညွတ် ရှိနေကြတဲ့ သံဃာ့ အစည်းအရုံး ကြီးကလည်း ရှိနေပြီလေကွယ်…။ မိထွေးတော်ကြီး စိတ်မချစရာ ဘာများ ရှိသေးလို့တုန်း။

ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော်ကြီး တို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။
အမေ့ဆုတောင်း

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ အမေလေ… ဒီနေ့ ဒီဘ၀မှာတော့ အမေ့ ဆုတောင်းတွေ ပြည့်ခဲ့ပြီသိလား။

အတိတ်ကို ပြန်ကြည့်ရင် ဟိုး… လွန်ခဲ့တဲ့ ဘ၀တစ်သိန်း ကာလအထက် မှာပေါ့။ အဲဒီအချိန်မှာ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော် မူတယ်လေ။ အဲဒီဘ၀မှာ တို့အဖေက သူဌေးကြီး ဆိုတော့ တို့က သူဌေး သမီးပေါ့။ အဖေက မြတ်စွာ ဘုရားကို အရမ်း ကြည်ညိုတာ သိလား။ မြတ်ဗုဒ္ဓရဲ့ ကျောင်းတော်ကို နေ့စဉ်သွားတော့ တို့လည်း စိတ်ပါလက်ပါနဲ့ နေ့တိုင်းကို လိုက်ခဲ့တာကွယ့်။

အဲ… တစ်နေ့တော့ ပဒုမုတ္တရ မြတ်စွာ ဘုရားရှင်က ပရိသတ် လေးပါးရဲ့ အလယ်မှာ သူ့ရဲ့ မယ်တော်ကြီးကို “ရတ္တညူ ဧတဒဂ်ဘွဲ့" ပေးတော့ တို့လေ အရမ်း အားကျတာပဲ သိလား။ ဘာရမလဲ တို့လည်း တို့အဖေကို ပူဆာတာပေါ့။ တို့ ပူဆာတဲ့ အတိုင်း အဖေက လိုက်လျော တယ်လေ။ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပြန်၊ အဖေ ကိုယ်တိုင်က ရတနာမြတ် သုံးပါးကို ကြည်ညိုတဲ့သူ ဖြစ်ပြန် ဆိုတော့ နှစ်ခါ မတောင်းဆို ရပါဘူးကွယ်။

အဲဒါနဲ့ ပဒုမုတ္တရ ဘုရားရှင်နဲ့ နောက်ပါ သံဃာတော် အပေါင်းကို ၇-ရက်လုံးလုံး အိမ်မှာ ပင့်ပြီး ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားကို အားရ ပါးရကြီးကို လှူဒါန်း ပူဇော်ခဲ့တာပေါ့။ နောက်ဆုံးရက်မှ လှူဒါန်းမှု အစုစုရဲ့ အကျိုးကို ဆုတောင်းတော့ တာပါပဲ။ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတယ် ပြောပြော တို့ကတော့ တို့ဖြစ်ချင်တဲ့ နောင်ပွင့်မယ့် ဘုရားတစ်ဆူဆူရဲ့ မယ်တော်ကြီး ဖြစ်ပါရစေ… ဘုရားလို့ စိတ်ပါလက်ပါကို ဆုတောင်း ပစ်လိုက်တာ။
ဗျာဒိတ်စကား မြွက်ကြား

ပဒုမုတ္တရ မြတ်စွာ ဘုရားကလည်း အရမ်းကာရောကြီး ရော့ အင့်လို့၊ ပေးလိုက်တာ မဟုတ်ဘူးကွယ့်။ သူ့ရဲ့ အနာဂတံသ ဉာဏ်တော်နဲ့ စူးစူးစိုက်စိုက် ကြည့်ပြီးတော့မှ "နောင် ကမ္ဘာတစ်သိန်း ကာလအထက် ဘဒ္ဒကမ္ဘာမှာ မင်းမျိုး မင်းနွယ်ကနေ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ပွင့်လိမ့်မယ်။ ဘုရားမဖြစ်ခင် အဲဒီကလေးကို ပြုစု စောင့်ရှောက်ခွင့် ရပြီး၊ နောင်အခါ ဘုရား သာသနာတော်ထဲ ၀င်ရောက် လာလိမ့်မယ်။ ရဟန္တာ ဘိက္ခုနီ မကြီးလည်း ဖြစ်ပြီး အမျိုးသမီး သာသနာမှာ သစ္စာလေးပါးကို အရင်းဆုံးသိပြီး ရတ္တညူ ဧတဒဂ် ဘွဲ့ထူးကြီး ကိုလည်း ပရိသတ် အလယ်မှာ ပေးအပ် ချီးမြှင့်ခြင်း ခံရလိမ့်မယ်” လို့ ဗျာဒိတ်စကား (ဗျာဒိတ္တ၊ ၀ျာဒိပ္တ၊ နောင်အခါ ဖြစ်ပျက်ခြင်း အကြောင်းကို ရည်ညွှန်း၍ မိန့်မြွက် အပ်သော ဘုရား စကားတော်) မြွက်ကြား ခဲ့တယ်လေ။
အမေ့ဆုတောင်းတွေ ပြည့်ပါပြီ

(စိရပ္ပဘုတိ ယံ မယှံ၊ ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ။ အာနန္ဒဘေရိကာလောယံ၊ ကိံ ဝေါ အဿူဟိ ပုတ္တိကာ။)

ဒါနဲ့ မြတ်စွာ ဘုရားရဲ့ မယ်တော်ကြီး ဖြစ်ခွင့်ရဖို့ ဖြည့်ကျင့်ခဲ့ ကမ္ဘာတစ်သိန်း ဆိုတဲ့ ကာလ အတိုင်းအတာဟာ သာမန် လူတွေ အတွက်တော့ တမျှော် တခေါ်ကြီး ဖြစ်ပေမယ့် ဘုရားအမေ သိပ်ဖြစ်ချင် နေတဲ့ တို့အတွက်တော့ နှစ်ရက်နဲ့ တစ်မွန်းတည့် လောက်ပဲ ထင်ခဲ့တာ။

အဲဒီဘ၀ ကနေ နတ်ပြည် ရောက်လိုက် လူ့ပြည် ရောက်လိုက်နဲ့ ဘ၀အမျိုးမျိုး ကျင်လည်ခဲ့ ရတယ်။ အဲဒီ ဘ၀တွေမှ ကုသိုလ်လုပ်ခွင့် ရတာနဲ့ ဘုရားမယ်တော် ဖြစ်ဖို့ပဲ ဆုတောင်း လိုက်တာ။ အဲ မှတ်မှတ်ရရ ကုသိုလ်ပြုတာ တွေထဲမှာ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ၅၀၀-ကို ဆွမ်းလုပ်ကြွေးရတဲ့ ကုသိုလ်ထူးလည်း ပါသေးတယ်။ ဘာရမလဲ အဲဒီ ကုသိုလ် ထူးကိုလည်း ဘုရားအမေ ဖြစ်ဖို့ပဲ ဆုတောင်း လိုက်တာပေါ့ကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ အမေလေ… ဒီနေ့ ဒီဘ၀မှာတော့ အမေ့ဆုတောင်း ပြည့်ခဲ့ပါပြီကွယ်။ ဒါကြောင့် သောကတွေ လိမ်းကျံနေတဲ့ မျက်ရည်စတွေနဲ့ မငိုကြွေး ကြပါနဲ့ကွယ်။ ဆုတောင်း ပြည့်ဝတဲ့၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းလို့ ငြိမ်းတော့မယ့် အမေ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါ သားတော် သမီးတော်တို့ရယ်။

*အမေ ကျေနပ်ပါပြီ သားရယ်(၃)*

အမျိုးသမီးလူထု ကိုယ်စား

အို… သားတော် သမီးတော်တို့၊ နားထောင်ကြ အုံးကွယ်။

သားတော် သမီးတော်တို့ အတွက် လောက အလင်းရောင်တွေ ပေးနေတဲ့ သားတော်ဘုရား မြတ်စွာ ဗုဒ္ဓကို ဟိုး ငယ်ငယ်တုန်းက နို့ချိုတိုက်ကျွေး မွေမြူပြီး၊ အမေက ဘယ်သူမှ နှိုင်းလို့ မရနိုင် လောက်တဲ့ မေတ္တာမျိုးနဲ့ ပြုစုခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ လောကကြီးမှာ အတုမရှိ အတူမရှိတဲ့ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား မဖြစ်ခင် အသက်(၂၉)နှစ်သား အရွယ်ထိ သားတော် ဗုဒ္ဓကို အမေကလေ ကိုယ့်အသက်ထက် ပိုတန်ဖိုး ထားပြီးတော့ စောင့်ရှောက်ခဲ့တာ။

ပြီးတော့ ဘိက္ခုနီမ (အမျိုးသမီး) သာသနာ တော်ကြီး ပေါ်ပေါက် လာဖို့အတွက် အမေလေ သားတော် အရှင်အာနန္ဒာရဲ့ အကူအညီနဲ့ အားသွန်ခွန်စိုက် မဆုတ်မနစ် ကြိုးပမ်းခဲ့လို့ အရာရာကို ထောက်ထားငဲ့ပြီး သားတော် ဘုရားက ခွင့်ပြုခဲ့တယ်။ ဘိက္ခုနီမ (အမျိုးသမီး) သာသနာကြီးကို တိုးတက် ပြန့်ပွား စည်ပင်အောင် အမျိုးသမီး လူထုကို ကိုယ်စားပြုပြီး အမေက ဦးစီးဦးဆောင် လမ်းပြခဲ့၊ လမ်းညွှန်ခဲ့တယ်။

အမေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်

သားတော် သမီးတော်တို့ရဲ့ သောက ပင်လယ်ကြော၊ ဆင်းရဲ ဝေဒနာတော ထဲကနေ အမေက တတ်နိုင်သလောက် သားတော် သမီးတော်တို့ကို ဆွဲထုတ်ခဲ့တယ်။ အဲဒီကျေးဇူး ဂုဏ်တွေကို သားတော် သမီးတော်တို့က ပြန်ပြောင်း သတိရလို့၊ တွေးတောမိခဲ့မယ်။ နောက်ပြီး အဲဒီ ကျေးဇူးဂုဏ် တွေကို ထောက်ထားပြီး အမေ့ကို ချစ်တယ်၊ သနားတယ်၊ ကြည်ညိုတယ်၊ ကျေးဇူးဆပ်ချင်တယ် ဆိုရင်လေ…
(သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊ ကရောထ ၀ီရိယံ ဒဠှံ။)

အမေ မရှိတဲ့နောက် သားတော် သမီးတော်တို့ သိထားပြီး ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ပရိယတ္တိ သာသနာ (သင်ယူခြင်း၊ မှတ်သား၊ နားထောင်ခြင်း)။ ပဋိပတ္တိ သာသနာ (သင်ထား၊ သိထားတဲ့အတိုင်း လိုက်နာကျင့်ကြံခြင်း)။ ပဋိဝေဓ သာသနာ (သိခြင်း၊ ကျင့်ခြင်းတို့ရဲ့ အကျိုးရလဒ်၊ အသီးအပွင့်)။ အဲဒီသာသနာ သုံးရပ်ကို မြဲမြံခိုင်ခံ့တဲ့ မဆုတ်မနစ်သော ၀ီရိယတွေ၊ သားတော် သမီးတော်တို့ရဲ့ သောက မျက်ရည်တွေကို ရုတ်သိမ်းပြီးတော့ ရွှင်ပြ ထက်သန်သော စိတ်ဓာတ်တွေနဲ့ တိုးတက်အောင်၊ ပြန့်ပွား စည်ပင်အောင် ကြိုးစား အားထုတ် ရစ်ကြပါ။ အခုအချိန်ဟာ သောကတွေ ပူဆွေးပြီး ငိုကြွေး နေရမယ့် အချိန် မဟုတ်တော့ပါဘူး။
အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာတော်ကြီး

သုံးကြိမ် လျှောက်လဲခွင့်မပြု

သားတော် သမီးတော်တို့ မြင်တွေ့ နေရတဲ့ အမေတို့ရဲ့ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာ တော်ကြီးကို သားတော် မြတ်စွာ ဘုရားက လွယ်လွယ်ကူကူနဲ့ သဘောတူ ခွင့်ပြုခဲ့တာ မဟုတ်ဘူးကွယ့်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှာ သားတော် သိဒ္ဓတ္ထက သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သားတော်ရဲ့ အသက်က (၃၅)နှစ်ပေါ့။

သားတော်ဘုရား (၃၆)နှစ်အရွယ်၊ မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ရောက်တော့ အမေတို့နေရာ ကပိလ၀တ် နေပြည်တော်ကြီးကို သားတော်ဘုရား ကြွလာခဲ့တယ်လေ။

အဲဒီ ကြွလာတဲ့ အချိန်၊ ရလိုက်တဲ့ အခွင့် အရေးကို အမေက ဘယ်လက်လွတ် ခံလိမ့်မတုန်း။ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာ တည်ထောင်ခွင့် ရအောင် လျှောက်ထားတော့ သားတော်ဘုရားက လက်မခံခဲ့၊ ခွင့်မပြုခဲ့ ဘူးကွယ့်။ နှစ်ကြိမ် လျှောက်လည်း ခွင့်မပြု၊ သုံးကြိမ် လျှောက်ပြန်တော့လဲ ခွင့်မပြုခဲ့ပြန်ဘူးကွယ်။
ရဟန်းမတွေ ၀တ်ချင်ရှာ

အော် ဒါနဲ့ ပြောရအုံးမယ်။ သာကီဝင် မင်းသားငါးရာ သားတော် ဘုရားရဲ့ထံမှာ ဃရာဝါသ အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါပြီး ရဟန်းတွေ ၀တ်သွားကြတော့၊ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ဇနီး အမျိုးသမီး ငါးရာက အိမ်ထောင် ထပ်မပြုကြ ဘူးလေ၊ သူတို့လေးတွေ ကလည်း အမေနဲ့ အတူ ရဟန်းမ ၀တ်ချင်ရှာနေကြတာ။
ကျောင်းတော်ကြီးဆီသို့

မဟာ သက္ကရာဇ် (၁၀၈)ခုနှစ်၊ သားတော် ဘုရားရဲ့ အသက်က (၄၀)အရွယ်၊ အဲဒီအချိန် မှာပေါ့။ သားတော် မြတ်စွာဘုရား ဝေသာလီပြည်၊ မဟာဝုန် တောကြီးထဲက ကူဋာဂါရ သာလာ ကျောင်းတော်မှာ သီတင်းသုံးတယ် လို့ကြားတော့ သားတော် ဘုရားနဲ့ ရဟန်း သံဃာတွေကို အတုယူ အားကျပြီး အမေနဲ့ အတူ သာကီဝင် မင်းသမီး ငါးရာတို့ဟာ ဆံပင်တွေ ကိုဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်ပြီး သားတော် ဘုရားရဲ့ ကျောင်းတော်ကြီး ဆီကို သွားကြမယ်ပေါ့။
ခြေဖ၀ါး နုနု သွေးခြေ ဥ

အဲဒီလို သွားမယ်လို့ ဟန်ပြန်တော့ သာကီမင်းတွေက ယာဉ်ရထားနဲ့ သွားဖို့ သူတို့ စီစဉ်ပေးမယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။ အမေတို့ တတွေက အဲဒီလိုသွားရင် သားတော် ဘုရားကို မရိုသေရာ ရောက်မှာစိုးလို့ သူတို့ စီစဉ်ပေးမယ့် ယာဉ် ရထားတွေကို ငြင်းပယ်ပြီး ဖိနပ်ပါ မစီးဘဲနဲ့ သားတော် ဘုရားရှိရာ မဟာဝုန် တောကြီးထဲကို သွားကြတာပေါ့။ ဖုန်တွေကထူ၊ လမ်းခရီးကလဲ ကြမ်းတော့၊ ဖုန်တွေက ခန္ဓာကိုယ်မှာ အလိမ့်လိမ့်ကပ်၊ ခြေဖ၀ါတွေမှာ ဖိနပ်တစ်ခါမှ မစီးဘဲ မလျှောက် ဘူးတော့ သွေးခြေတွေဥ၊ ပေါက်ပြဲပြီးတော့ သွေးသံရဲရဲ ဖြစ်နေတာပေါ့ကွယ်။
မျက်ရည်လေးတွေ ပါးပြင်မှာ ခိုဆင်းလို့

သားတော်ဘုရားရဲ့ ကျောင်းပရ၀ဏ် အတွင်းကို ရောက်တာနဲ့ သားတော်ဆီကို တန်းပြီး မသွားရဲသေးဘူး။ သားတော် ဘုရားရဲ့ ခွင့်ပြုချက်ကို မရယူဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆံပင်တွေဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်လာတာ ဆိုတော့ ဘယ် တန်းပြီးတော့ သွားရဲပါ့မလဲ။

ဒါနဲ့ အမေလည်း အားတင်းပြီး သာကီ မင်းသမီး ငါးရာကို အပြင်မှာထား၊ အမေက သားတော် ဘုရားရဲ့ ကျောင်းတော် အပေါက်ဝလေး မှာပေါ့။ အထဲဝင်ရ ကောင်းနိုး မ၀င်ရ ကောင်းနိုးနဲ့ ချီတုံ ချတုံ ဖြစ်နေခဲ့တယ်။ နောက်ပြီး ၀မ်းနည်း စိတ်တွေ ၀င်ပြီး သူ့အလိုလိုပဲ မျက်ရည်တွေက ပါးပြင်မှာ ခိုဆင်းလို့ပေါ့။
ရင်တထိတ်ထိတ်နဲ့ ကျန်ရစ်နေခဲ့

သိပ်မကြာလိုက် ပါဘူး၊ ကံကောင်းချင်တော့ သားတော် အရှင်အာနန္ဒာ ရောက်လာခဲ့ တယ်လေ။ သားတော် အာနန္ဒာလည်း တွေ့တွေ့ချင်း အမေ့ရဲ့အ၀တ်အစား အသွင်အပြင်၊ ကိုယ်စိတ် ဆင်းရဲနေပုံ၊ ခြေဖ၀ါးနုနုမှာ သွေးခြေတွေဥ၊ ခန္ဓာကိုယ်မှာ ဖုန်အလိမ့်လိမ့် ကပ်ပြီး မျက်ရည် ကျနေတာကို တွေ့တော့ အရမ်းအံ့သြလို့ နေတယ်လေ။ ပြီးတော့ အကျိုးအကြောင်း မေးတော့ အမေလည်း ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖော်ထုတ်လိုက် တာပေါ့။

သားတော် အာနန္ဒာက အားကိုးရ ပါတယ်။ အမေ့ကိုလေ “မယ်တော်ကြီးရယ် ဒီလောက်လည်း စိတ်သောက ရောက်မနေပါနဲ့၊ သားတော် လျှောက်ပေး ပါ့မယ်”လို့ ပြောပြောဆိုဆိုနဲ့ သားတော် ဘုရားရဲ့ ကျောင်းတော်ရာထဲ ၀င်သွားတော့ အမေလေ ရင်တထိတ်ထိတ်နဲ့ တံခါးဝနားမှာ စောင့်လို့ ကျန်ရစ်နေခဲ့ရတာ။
အရှင်အာနန္ဒာရဲ့ စွမ်းရည်သတ္တိ

သားတော်လေး အာနန္ဒာက အထဲ ၀င်သွားပြီး တဲ့နောက် အမေ့ရဲ့ ပုံပန်းအသွင်ကို သားတော် ဘုရားအား အရင် လျှောက်ပြီး၊ မယ်တော်ကြီး ရဟန်းမ ၀တ်လိုပါကြောင်း ခွင့်တောင်း လျှောက်ထားတော့ တာပါပဲ။

သားတော် ဘုရားက နှစ်ကြိမ်မက သုံးကြိမ် တိုင်အောင် ပယ်မြစ် လိုက်တော့ သားတော်လေး အာနန္ဒာလည်း ပရိယာယ် စကားနဲ့ လျှောက်ထား ပြန်တယ်။

ဘုန်းတော် နေ၀င်း ထွန်းလင်း တောက်ပတော် မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေ အတွက် အိမ်ယာ တည်ထောင် လူတို့ဘောင်မှ စွန့်ခွါပြီး၊ ရဟန်းမ ၀တ်ပြီး တရား အားထုတ်ပါလျှင် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော် တွေကို အမျိုးသားများ နည်းတူ ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြု ခွင့်များ ရှိနိုင်ပါ့မလား ဘုရား”။

ရနိုင်၊ ရောက်နိုင်၊ မျက်မှောက် ပြုနိုင်တာပေါ့၊ အာနန္ဒာ”လို့ မြတ်ဗုဒ္ဓက မိန့်တော်မူတော့…

ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေလည်း မဂ် ဖိုလ် နိဗ္ဗာန် ရနိုင် ရောက်နိုင် မျက်မှောက်ပြုခွင့် ရနိုင်တယ်ဆိုရင်… မယ်တော် မဟာပဇာပတိ ဂေါတမီသည် မြတ်စွာ ဘုရား၏ မိထွေးတော်ပါ ဘုရား။ အရှင်ဘုရားကို ဖွံ့ထွား ကိုယ်လက်၊ ကိုယ်နေ စည်ကား ကြီးပွားခြင်းသို့ ရောက်အောင် စောင့်ရှောက် ပေးခဲ့တဲ့ မယ်တော်ကြီးပါ ဘုရား။

ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အစပြုကာ၊ ရေမိုး ချိုးပေး၊ အစာတွေကို ၀ါး၍ ကျွေးမွေး ခဲ့ရတဲ့ မယ်တော်ကြီးပါ ဘုရား။

အရှင်ဘုရား ၇-ရက်အရွယ် ဥမမယ် စာမမြောက် အရွယ်မရောက် သေးသည့် အချိန်မှ စ၍ အရွယ်တော် ရောက် လူလား မြောက်သည် အထိ နို့ချိုတိုက်ကျွေး မွေးမြူခဲ့ရတဲ့ မယ်တော်ကြီးပါ ဘုရား။ ထို့ကြောင့်… ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား မိထွေးတော်ကြီး အမှူးရှိသော သာကီ အမျိုးကောင်း သမီးတို့အား ရဟန်းမ ၀တ်ခွင့် ပြုတော်မူပါ ဘုရား”လို့ သားတော်လေး အာနန္ဒာက လျှောက်ထားတော့…

သားတော် မြတ်စွာဘုရားက…

ဂရုဓမ် တရား ရှစ်ပါး (မဟာဗုဒ္ဓ၀င်ရှု)ကို လိုက်နာ ကျင့်သုံးနိုင်မယ် ဆိုရင်တော့ ရဟန်းမ ၀တ်ခွင့်ပေးမယ်”လို့ မိန့်တော် မူလိုက်မှ သားတော် အာနန္ဒာလည်း စိတ်အေး ချမ်းသာသွားပြီး အမေ့ဆီ ပြန်လာခဲ့တာပေါ့။
အမေနဲ့ ပါလာခဲ့တဲ့ သာကီမင်းသမီး ငါးရာတို့ကလည်း ဦးလည်မသုန် လေးစား လိုက်နာပါ့မယ် ဆိုလို့ ဘိက္ခုနီမ သာသနာ တော်ကြီး ပေါ်ပေါက်လာတာ။ အစဉ်တစိုက် ကြိုးစားလိုက် ကြစမ်းပါ…။

အို… သားတော် သမီးတော်တို့ ဒီအချိန်ဟာ စိုးရိမ်ပူဆွေ ငိုးကြွေးနေရမယ့် အချိန် မဟုတ်တော့ဘူး။

(ထီနံ အဒါသိ ပဗ္ဗဇ္ဇံ၊ သမ္ဗုဒ္ဓေါ ယာစိတော မယာ။ တသ္မာ ယထာဟံ နန္ဒိဿံ၊ တထာ တမနုတိဋ္ဌထ။)

ခက်ခက် ခဲခဲ ပင်ပင် ပန်းပန်း ဆင်းဆင်း ရဲရဲနဲ့ ရခဲ့ရတဲ့ ဘိက္ခုနီမ သာသနာတော် ကြီးကို အမေလေ အရှည်ခံ့ပြီး တည်တံ့ဖို့ အတွက် အရမ်း အလိုရှိတယ်ကွယ်။ ဒါကြောင့် သားတော် သမီးတော်တို့ဟာ ဘိက္ခုနီမ သာသနာတော် ကြီးအတွက် ဆက်လက်ပြီး ဘိက္ခုနီမ သာသနာတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားဖို့အတွက် အစဉ်တစိုက် ကြိုးစား လိုက်ကြစမ်းပါကွယ်… လို့

လမ်းဘေး ၀ဲယာ တဖက် တချက်မှာ ရှိတဲ့ မိထွေးတော် ကြီးရဲ့ ဘ၀ခရီးကို နှုတ်ဆက် ကန်တော့ကြတဲ့ သားတော် သမီးတော်တွေကို နောက်ဆုံး တရားဟောရင်း… မိထွေးတော်ကြီးတို့ သားတော် ဗုဒ္ဓမြတ်စွာရှိရာ ကျောင်းတော်ဆီသို့ ဦးတည်လိုက် ကြတယ်။

ဆက်ရန် -
ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေ ကျေနပ်ပါပြီ သားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့ အတွက် ညီငယ် မောင်ဖိုးသားမှ တဆင့် ပြန်လည် ဓမ္မဒါန ပြုခြင်းဖြစ်ပါသည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။