သူလို..
ရဟန်း
“ချစ်သားတို့….ဝေဖန်ရေးသမားတို့သည်
ဘုရား၊တရား၊သံဃာတို့အား ဝေဖန်ကဲ့ရဲ့ ကျေးဇူးမဲ့စကားကို ပြောဆို ကြလိမ့်မည်”။ “ချစ်သားတို့…
ရတနာသုံးပါးကို ကျေးဇူးမဲ့ ကဲ့ရဲ့တတ်သော ဝေဖန်ရေးသမားတို့ကို နှလုံးမသာ ၊ မဖြစ်ကြလေနှင့်၊
မိမိစိတ်ထဲမှာလည်း စွဲ၍ ဒေါသမဖြစ်ကြလေနှင့်”
ဗုဒ္ဓ၊ဗြဟ္မဇာလသုတ်
လောက၌ ဝေဖန်ရေးသမားတို့သည် အခြေအမြစ်
အတိအကျ မသိဘဲ မြင်ကာ၊ ကြားကာမျှဖြင့် ပြစ်တင်ဝေဖန် တတ်ကြလေ၏။
တစ်ခါက ရဟန်းတော်လေးသည် ဝေဖန်ရေးသမားတို့၏
ကဲ့ရဲ့ပြစ်တင် ရှုတ်ချမှုကြောင့် သောကဖြစ်ကာ ဆွမ်းကောင်းကောင်း မဘုဉ်ပေးနိုင်တော့ပဲ တစ်နေ့တစ်ခြား
ပိန်လာ၏။ ခန္ဓာကိုယ်မှလည်း အသားအရေးတို့ ခန်းခြောက်ကာ အရိုးပြိုင်ပြိုင်ထလာ၏။ သို့သော်လည်း
ပုထုဇဉ်ရဟန်းတို့ရဲ့ ကဲ့ရဲ့သံကမစဲ.. ပြစ်တင်သံ၊ ရှုတ်ချသံများကာ ပို၍ ပို၍ ကျယ်လောင်လာ၏။
“
အရှင်ဘုရား…. ဒကာ၊ဒကာမများ သာသနာကြည်ညိုလို့ သဒ္ဓါတရားတရားနဲ့ လှူတဲ့ပစ္စည်းကို ဘာလို့အလွဲ
သုံးစားလုပ်တာလဲ၊ သာသနာနဲ့စပ်တဲ့ပစ္စည်း အရပ်းထဲမှာ မသုံးကောင်းဘူးဆိုတာ အရှင်ဘုရား
မသိဘူးလား။ အရှင်ဘုရားက.. ဒကာ၊ဒကာမတွေရဲ့ သဒ္ဓါတရားကိုသာမက သာသနာတော် တစ်ခုလုံးကို အထင်းသေး
အောင်လုပ်နေတာပဲ” စသည်ဖြင့်.. ကိုယ်ထိလက်ရောက် လက်ညှိုထိုး၍ ဆိုပြောသူများလည်းရှိ၏။
ရဟန်းတော်လေးသည် ကဲ့ရဲ့သံကို
မခံနိုင်တဲ့ အဆုံးမှာတော့ ရှက်လွန်း၍ ပရိတ်သတ်ထဲ အသွားအလာ မလုပ်တော့ပဲ ခေါင်းငိုက်စိုက်လျှင်
လူသူမသိအောင် ပုံကွယ်နေတော့၏။
ပုထုဇဉ် ရဟန်းတို့၏ ကဲ့ရဲ့ပြစ်တင်သံသည်
အချင်းချင်းပြောရုံ ၊ ရဟန်းတော်လေးကို မျက်နှာချင်းဆိုင်း ပြစ်တင်ရုံနဲ့ မကျေနပ်နိုင်ပဲ
မြတ်စွာဘုရားထံ ရဟန်းတော်လေးအကြောင်းကို အခြေအဖြစ်အတိအကျ မသိပဲ လျှောက်ထားကြလေ၏။
ဤတွင်မြတ်စွာဘုရားလည်း မနေသာတော့ပဲ ရဟန်းတော်များ စည်းဝေးစေ၍ အဖြစ်မှန်ကို သိသော်လည်း
ပုထုဇဉ်ရဟန်းတော်များ သံသယကင်းစိမ့်သောငှာ ရဟန်းတော်လေးရဲ့ ဖြစ်ရပ်မှန်ကို ရဟန်းပရိတ်သတ်
အလည်တွင် မေးမြန်းရလေတော့သည်။
“ ငါ့ရှင်…
သင်သည် သဒ္ဓါ၍ ဒကာ၊ဒကာမများ လှူသောပစ္စည်းကို လူတို့အား ပေးကမ်း ကျွေးမွေးတယ် ဆိုတာ
မှန်ရဲ့လား” ဟု မေတော်မူ၏။
“မှန်ပါ့.. မြတ်စွာဘုရား”
“ကောင်းပြီး.ဒါဆို ဘယ်လိုပုဂ္ဂိုလ်တွေကို
ကျွေးမွေး ထောက်ပံတာလဲ”ဟုမြတ်စွာဘုရားက ထပ်မံ မေးတော်မူ၏။
ဤတွင် ရဟနုးတော်လေးက.. မိမိဘဝဖြစ်ရပ်မှန်ကို
ရဟန်းပရိတ်သတ်အလယ်မှာ. .ထင်ရှားအောင် မြတ်စွားဘုရား လျှောက်ထားတော်မူလေ၏။
ဘုန်းတော်ကြီးတော်မူသော မြတ်စွားဘုရား..တပည့်တော်သည်
သာဝတ္ထိပြည် ၁၈-ကုဋေကြွယ်သော သူဋ္ဌေးမျိုး၏ တစ်ဦးတည်းသော သားဖြစ်ပါသည်။ တနေ့သောအခါ တပည့်တော်ရဲ့အိမ်
လေသာပြတင်းမှ လမ်းမကို လှမ်းကြည်နေစဉ် ပန်းနံ့သာ လက်ဝယ်ကိုင်၍ တရားနာရန် ဇေတဝန်ကျောင်းတော်သို့
သွားနေသော လူများကို မြင်တွေ့ရလို့ တပည့်တော်လည်း ပန်းနံ့သာကို ကိုင်ဆောင်ကာ ပရိတ်သတ်များနှင့်အတူ
ဇေတဝန် ကျောင်းတော်သို့ တရားနာ လိုက်လာခဲ့ရပါသည်ဘုရား။ မူလ တရားနာလာရင်းက ဘာရည်ရွယ်ချက်မှမရှိ
..လမ်းပေါ်မှ တရားနာသွားသော ပရိတ်သတ်များကို သဘောကျလို့ လိုက်ပါလာရခြင်းပါ။
ဤတရားပွဲတွင် မြတ်စွဘုရားသည် လောက လူဘုံ
ကာမဂုဏ်တို့ရဲ့ အပြစ်နဲ့ ရဟန်းဘဝရဲ့ ကောင်းကျိုး ချမ်းသာကို ဟောတော်မူပါသည်။
( ဃရာဝါသော
သမ္ဗာဓော - အိမ်ရာတည်ထောင် လူတို့ဘောင်သည် အတောင်နှစ်ဆယ် ကျယ်ဝန်းသော တိုက်တာကြီး၊
ဇိမ်ခံစရာ အဖြာဖြာနဲ့ ပြည့်စုံအောင် ပိုင်ဆိုင်ကာ နေထိုင်ရသော်ငြားလည်း ထိုပစ္စည်းမျာကို
ထိမ်းသိမ်းစောင့်ရှောက်ကာ ပူပင်ရသောကြောင့် ကျဉ်းမြောင်း၏၊ ကိစ္စဝိစ္စများဖြင့် ရှုပ်ထွေးလှ၏။
အဗ္ဗောကာသော ပဗဇ္ဖာ - အိမ်ယာမထောင် ရဟန်းဘောင်သည် သားရေးသမီးရေးနှင့်
လောကရေးရာ အဖြာဖြာမှ ကင်းဝေးသောကြောင့် ဆယ်ပေပတ်လည် တိုက်ခမ်းလယ်မှာ နေရသော်လည်း အလွန်ကျယ်
ပြော လှသည့် လွင်တီးခေါင် - ကွင်ပြင်ကြီးနှင့်တူ၏။ အလွန်လတ်လပ်မှုရှိ၏။ )
ဗုဒ္ဓ၊ သာမညဖလသုတ်
ဤတရားတော်ကို နားကြားရပြီးနောက် တရားပွဲပြီးပြီးချင်း
ပရိတ်သတ်တွေ အပြန်မှာ တပည့်တော် တစ်ယောက်တည်း လွတ်လပ်တဲ့ ရဟန်းဘဝကို ရချင်လွန်းလို့
မြတ်စွာဘုရားထံ ရဟန်းဝတ်ခွင့်တောင်း ခဲ့ပါသည်။ မြတ်စွာဘုရားက မိဘတို့ခွင့်မပြုသော သား၊သမီးကို
ရဟန်းဝတ်ခွင့်မပြုဟု မိန့်တော်မူသောကြောင့် တပည့်တော် မိဘများထံ ရဟန်ဝတ်ခွင့်ကို တောင်းရပါတော့သည်။
တပည့်တော်သည် ဒီရဟန်းဘဝကို လွယ်လွယ်နှင့်
ရခဲ့ခြင်းမဟုတ်ပါ။ ဦးစွာပထမ ..မိဘတွေက သူတို့ကို စွန့်ခွာသွားမယ့်အရေးတွေကား
အလွန်းအမင်းကန့်ကွက်ကြပါသည်။ တပည့်တော် သူတို့ကို ခွဲခွာပြီး ရဟန်းသွားမယ့်အရေးသည်
အသဲကွဲမတတ်..မျက်ရည် ပင်လယ်ဝေခဲ့ကြပါသည်။
“ ဩော်.. ချစ်လှစွာသော..သား၊
အမျိုးရဲ့ အားကိုးရာဖြစ်သော..သား၊ ငါ့သားမရှိလျှင်.. ငါတို့မနေတတ်ပြီ၊ ငါ့သား မရှိရင်..ငါတို့သေရတော့မည်၊
ငါတို့လည်း အသက်ကြီးကုန်ပြီး ငါတို့ကို ခွဲမသွားပါနဲ့ …။ ချစ်သား.. ရဟန်းဘဝဆိုတာ
..အပူလိုသော်.. အအေးကိုရတတ်တယ်၊ အအေးလိုသော်.. အအေးကိုရတတ်တယ်။ မပြည့်စုံတဲ့.. ရဟန်းဘဝကို
ငါတို့ကို စွန့်ခွာပြီး မသွားပါနဲ့လားသားရယ်” ..စသည်ဖြင့်
အကြမ်းနည်း အနုနည်း နည်းမျိုးစုံဖြင့် တာမြစ်ကြပါသည်။
ထိုကဲ့သို့ အမျိုးမျိုးသော မိဘတွေရဲ့
တာမြစ်ချက်ကို ကျော်လွန်ကာ.. ရဟန်းဘဝ ရရှိရေး ၇-ရက် အစာငတ်ခံ ဆန္ဒပြတော့ မိဘတွေ စဉ်စားလာပါသည်.
“တကယ်လို့.. သားလေးကို ရဟန်းဝတ်ခွင့် မပေးရင် .. ယခုပင်
အစာငတ်လို့ သေရတော့မည်၊ ငါတို့သာလေးကို လုံးဝတွေ့ရတော့မည်မဟုတ်။ ရဟန်းဝတ်ခွင့် ပေးလိုက်လျှင်ကား
ရဟန်းဘဝနှင့် တွေ့နိုင်သေးသည်” ဟု မိဘနှစ်ပါးတိုင်ပင်၍ တပည့်တော် ရဟန်းဘဝ
ရရှိခဲ့ခြင်း ဖြစ်ပါသည်။
မိဘတွေမှ ရဟန်းဝတ်ခွင့်ပြုတယ်ဆိုရင်ပဲ..
ချက်ခြင်းပဲ အားရဝမ်းသာနဲ့ ဇေတဝန်ကျောင်းကိုရောက်ပြီး မြတ်စွာဘုရားမှ ရဟန်းတစ်ပါးကို
ခေါ်ပြီ တပည့်တော်ကို ရဟန်းပြုပေးခဲ့ပါသည်ဘုရား။
တပည့်တော် ရဟန်းတော်များ လိုက်နာကျင့်သုံးသင့်တဲ့
ဝိနည်းစသော စည်းကမ်းတွေကို ဆရားဘုန်းကြီးထံမှာ (၅) နှစ်တိုင်တိုင်သင်ကြားခဲ့ပြီး။ ဝိပဿနာတရား
အားထုတ်နည်းများ သင်ကြားကာ လူသူဝေးရ တောကျောင်း သို့သွား၍ တရားအားထုတ်ခဲ့ပါသည်။
တပည့်တော် (၁၂) နှစ်တိုင်အောင် ရဟန်းတရားများကို
ကြိုးစားအားထုတ်သော်လည်း မိဘများရဲ့ သံယောဇဉ် ချီးနှောင်မှုကြောင့် ဘာတရားထူးမှ မရခဲ့ပါ။
တနေ့ တပည့်တော်နေသော တောကျောင်းသို့ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ရဟန်းတပါးကြွလာအခါ
တပည့်တော်ရဲ့ မိဘများအကြောင်း စုံးစမ်းသောအခါ.. ဧည့်သည် ရဟန်းတော်လေးက
“
ငါ့ရှင်.. ဤသူဋ္ဌေးမိသားစု အကြောင်းကာ ဝမ်းနည်းဖွယ်ကောင်းလေစွ၊ သူတို့ သားလေး သာသနာ့ဘောင်
ရဟန်းပြုပြီးနောက် အားကိုး အားထားမရှိတော့ပဲ စီးပွားရေးသမားများရဲ့ လိမ်လည်မှု ၊ တပည့်များရဲ့
လှည့်ပတ်မှုကြောင့် အလွန်ဆင်းရဲသော ဘဝသို့ရောက်ရှိသွားပါပြီ။ စားသောက် စရာမရှိတော့တဲ့အဆုံးမှာတော့
အိမ်ကိုရောင်းလိုက်ရပြီး လမ်းဘေးမှာ ခွက်ဆွဲတောင်းစားရတဲ့ ဘဝကိုရောက် သွားပါပြီး အရှင်ဘုရား”
ဟု ဧည့်သည်ရဟန်းတော်လေးရဲ့စကားကို ကြားရရင်ပဲ တပည့်တော် စိတ်မထိမ်း နိုင်တော့ပဲ ငိုကြွေရပါသည်အရှင်ဘုရား။
ဧည့်သည်ရဟန်းလေးရဲ့ စကားကိုကြားရပြီးနောက်
တပည့်စဉ်းစားမိတာက.. ‘ငါသည် (၁၂) နှစ်တိုင်တိုင် တရားအာထုတ်သော်လည်း ဘာတရားထူးမှ
မရ၊ ငါ့မှာတရားထူးရလာဖို့ ပါရမိမရှိ၊ ငါတောကျောင်းမှာ ဆက်လက် တရားအားထုတ်လို့တော့
ဘာတရားမှ ရတော့မည်မဟုတ်၊ သာဝတ္ထိပြည်၍ လူဝတ်လဲပြီး မိဘများကိုလုပ်ကြွေးရင်းဖြင့် အလှူပေးခြင်း၊
သီလဆောက်တည်ခြင်းဖြင့် နတ်ပြည်ရောက်ကြောင်း တရားများကို ကြိုးစားအားထုတ်တော့မည်’
ဟု စဉ်းစားမိပါသည်။
နံက်မိုးသောက် အလင်းရောက်တာနဲ့ တပည့်တော်
တောကျောင်းလေးမှ ထွက်ခဲ့ပြီး မွေးရပ်ဇာတိ သာဝတ္ထိသို့ ပြန်လာခဲ့သည်။ သာဝတ္ထိရဲ့
မြို့ဝင်လမ်းဆုံမှာ တပည့်တော် တုံ့ဆိုင်းသွားပါသည်။ အကြောင်းရင်းက.. မိဘတို့ ထံ ဦးစွာပထမ
သွားမလား ၊ သို့မဟုတ် ဆရာ မြတ်စွာဘုရားထံ သွားရင်ကောင်းမလား စသည်ဖြင့် ဇဝေဇဝါ ဖြစ်ခဲ့ပါသေးသည်။
အဆုံးမှာတော့ ..
“ငါသည်.. မိဘများကို လူထွက်လုပ်ကြွေးတော့မည်ဖြစ်လို့
ယနေ့မှစ၍ မိဘများနဲ့ တသတ်လုံးနေရတော့မည် မြတ်စွာဘုရား ကတော့ ဒီနေ့ဟာ
နောက်ဆုံး ဖူးတွေ့ခြင်းဖြစ်မည်” ဟုဆုံးဖြတ်ချက်ချကာ မြတ်စွာဘုရားကို
ဖူးမျှော်ရန် ဇေတဝန်ကျောင်းတော်သို့ ရောက်လာခဲ့ပါသည်။
တိုက်တိုက်ဆိုင်ဆိုင် ထူးခြားလှတဲ့ ညနေဆည်ဆာတရားပွဲမှာ
မြတ်စွားဘုရားက “မိဘများအား လုပ်ကြွေးသော ဂုဏ်ကျေးဇူးနှင့် ရဟန်းဘဝနှင့်ပင် မိဘများကို
လုပ်ကြွေးနိုင်ကြောင်း” ဟောကြားသောအခါ တပည့်တော် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါသည်။
တပည့်တော် မိဘများကို ချစ်ခင်မြတ်နိုးသလို ခဲရင်းစွာ ရခဲ့သော ရဟန်းဘဝကိုလည်း မစွန့်လွှတ်ချင်ပါ။
ဒါကြောင့် မိဘများကို ရဟန်းဘဝနှင့်ပင် လုပ်ကြွေးတော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါသည်။
နောက်နေ့ နံက်အာရုဏ်တက်လို့ အလင်းရောက်တယ်ဆိုရကင်ပဲ
မြတ်စွားဘုရားအား ပူဇော်ကန်တော့ပြီး သာဝတ္ထိမြို့သို ဆွမ်းခံဝင်ခဲ့ပါသည်။ မြို့ဝင်ဝမှာ..
“ တပည့်တော် ဆွမ်းအရင်ကြွရင် ကောင်းမလာ… မိဘများထံ အရင်သွားရင်ကောင်းမလား ..” လို့တွေဝေနေတုန်းမှာပဲ..
ခိုးကိုးရာမဲ့ သူတောင်းစားးဖြစ်နေတဲ့ မိဘများထံ စာသောက်စရာ ဘာမှ မပါသွားရင် မကောင်းဟုစဉ်းစားမိကာ
ဆွမ်းခံပြီးမှ မိဘများထံ သွားရောက်တွေ့ ခဲ့ပါသည်။
မိဘများ ခွက်တစ်လုံ ကိုယ်စီရှေ့မှာချကာ
တောင်ဝှေး တစ်ချောင်စီဖြင့် အားကိုရာမဲ့ မိဘတွေကို လမ်းပေါ်မှာ တွေ့ရတော့ တပည့်တော်များ
နှလုံးကွဲမတတ်.. ဘာစကားတစ်ခွန်းမှ ပြောမထွက်ပဲ မတုန်မလှုပ် ကျောက်ရုပ် ပမာဖြစ်သွားခဲ့ပါသည်။
တပည့်တော် သူတောင်းစားမိဘများ ရှေ့တည့်တည့် ခြေစုံဆွမ်းရပ်တော့ သူတို့က
မိမိရဲ့ သားရဟန်းအဖြစ်ကို မသိရှာပဲ အခြားရဟန်းတစ်ပါး ဆွမ်းလာရပ်သည်မှတ်၍ .. “ တပည့်တော်တို့မှာ
ဘာမှ လှူစရာ..တန်းစရာမရှိ.. ကန်တော့ဆွမ်းပါ” ဟူသော စကားကို ကြားရတော့ တပည့်တော်
ဝမ်းနည်မျက်ရည် နောင်တမျာက်ရည်များ စီးကျလာခဲ့ပါသည်။
တပည့်တော်မိုက်မဲမှုကြောင့် မိဘများ
ဒီဘဝရောက်ခဲ့ရတာဆိုပြီး မဖြေဆည်းနိုင်ပါ။ တပည့်တော်ရဲ့ မျက်လုံးအစုံမှ မျက်ရည်တို့သည်
မိုးရေပေါက် ပမာ ခြေဖမိုးပေါ်သို့ စီးကျလာပါတော့သည်။ မိဘများက သုံးကြိမ်တိုင်အောင်
‘ကန်တော့ဆွမ်းပါဘုရား’ လို့ ပြောသော်လည်း တပည့်တော် မတုန်မလှုပ် ကျောက်ရုပ်ပမာ
ရပ်မြဲ ရပ်နေပါသည်။ မိမိငယ်စဉ်က ကုဋေ (၈၀) ကြွယ်ဝခဲ့သော မိဘများ ဒီလိုဖြစ်သွားရတာကို
ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရတော့ တပည့်တော်ရဲ့ အကြားအာရုံ အမြင်အာရုံများ ဝေဒနာဖိစီးမှုကြောင့်
ခေတ္တရပ်ဆိုင်းသွားသလို ခံစားရပါသည်။
သုံးကြိမ်တိုင်တိုင် ကန်တော့ဆွမ်းပြောသောလည်း
ရပ်မြဲမြဲရပ်နေသော တပည့်တော်ကိုကြည့်ကာ.. ဖခင်ကြီးက “ ဟေ့.. အမေကြီး. ငါတို့သားရဟန်း
ထင်တယ်သွား ကြည့်စမ်းပါဦး” ဆိုတော့ မိခင်ကြီး တပည့်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ကာ
သားမှန်းသိတော့ အရူးမတစ်ယောက်လို့ တပည့်တော်ရဲ့ ခြေရင်းမှာ ဝပ်စဉ်းကာ ငိုပွဲနွှဲပါ တော့သည်။
ဖခင်ကြီးလည်း တပည့်တော်ရဲ့ ခြေဖမိုးမှာ မျက်နှာအပ်ကာ မျက်ရည်များ သွင်သွင်စီးကျနေကို
တပည့်တော် ခြေဖမိုးအစုံမှ သိလိုက်ရပါသည်။
သားဖသုံးယောက် ငိုကြွေးလိုက်တာ ဘယ်လောက်ကြာသွားမှန်
မသိ. ခြေဖမိုးအစုံ မျက်ရည်များ အေးစက်လာမှ.. ပြန်လည်သတိဝင်ကာ မိဘများကို ဖြောင်းဖြရပါတော့သည်။
“ အို..မိခင်ဖခင်တို့ မငိုကြပါနှင့်တော့ ယနေ့မှစလို့ မိဘများနှင့်အတူနေကာ မိဘများကို
လုပ်ကြွေးပါတောမယ်” ဟုဆိုကာ တနေရာမှာ ထိုင်စေကာ သပိတ်ထဲမှ ပါလာသော ယာဂုဆွမ်းကို
မိဘများအား ဦးစွာ စားသောက် စေခဲ့ပါသည်။
ထိုနေ့မှစ၍ တပည့်တော်ရသမျှသော
ဆွမ်းတို့ကို မိဘများ စားသုံးစေပြီးမှာ တပည့်တော် ဘုန်းပေးတော်မူပါသည်။ တခါတရံ သုံးယောက်စာ
လုံလုံလောက်လောက် မရခဲ့လျှင် မိဘတွေကိုသာာ စားသုံစေပါသည်။ တခါတရံ သင်္ကန်းအတွက် လှူဒါန်းသော
ပိတ်စများကိုလည်း သင်္ကန်းအဖြစ်ချုပ်မဝတ်ဘဲ မိဘတွေကိုသာ ဝတ်ရုံစေပါသည်။ မိဘတွေဝတ်ပြီး
ဟောင်းနွမ်းသော ပိတ်များကိုသာ ဆေးဆိုး၍ သင်္ကန်း အဖြစ်ချုပ်ကာ ဝတ်ရုံခဲ့ပါသည်။ ဒါကြောင့်
တပည့်တော်ရဲ့ သင်္ကန်းများလည် ဟောင်းနွမ်းနေပါသည်ဘုရား။
မြတ်စွာဘုရား..တပည့်တော် သဒ္ဓါ၍လှူဒါန်းသော
ပစ္စည်များ လူတို့အား လုပ်ကျွေးည်ဆိုခြင်းမှာ မှန်ကန်ပါသည်။ လူဆိုသည်မှာ.. အခြားလူမဟုတ်ဘဲ..တပည့်ရဲ့
ကျေးဇူးရှင် မိဘများသာဖြစ်ပါသည်ဘုရား။
မြတ်စွာဘုရားသည် ရဟန်းတော်ကလေး ဖြစ်ကြောင်းစုံလင်
လျှောက်ထားသံကိုကြားတော့ “ သာဓု..သာဓု.. သာဓု သုံးကြိမ်ခေါ်တော်မူပါသည်။ ကဲ့ရဲ့ရှုတ်ချ
ပြစ်တင်တတ်သော ပုထုဇဉ် ရဟန်းပရိတ်သတ် အလယ်၌ မြတ်စွာဘုရားက “`ဤရဟန်းတော်လေးသည် အလွန်ချီးမွမ်းထိုက်ပေသည်
ငါသည် ပါရမီဖြစ်စဉ်ကာလက သူလို့ မိဘများအား လုပ်ကျွေးခဲ့ဖူးလေးပြီ။”
ဤသို့မိန့်ကြားသောအခါ .. ရဟန်းပရိသတ်၏
တောင်းပန်းမှုကြောင့် မြတ်စွာဘုရားသည် မိဘများကို လုပ်ကျွေးသော သုဝဏ္ဏသာမဇာတ်တော်ကို
ဟောတော်မူလေသည်။ ဒေသနာရဲ့ အဆုံးမှာ မိဘကို လုပ်ကြွေးသော ရဟန်းတော်လေးသည် သစ္စာလေးပါတရားကိုသိမြင်ပြီး
အသက်ထက်ဆုံး မိဘကို ပြုစုစောင့်ရှောက်တတ်သော ရဟန်းတပါးအဖြစ် သာသနာ၌ မှတ်တမ်းတင် ကျန်ရစ်လေတော့
သည်။
သုဝဏ္ဏသာမ ပစ္စုပ္ပန်ဝတ္ထု