Tuesday, May 7, 2013

သာသနာသွေး မအေးကြဖို့


သာသနာသွေး မအေးကြဖို့ 

 မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အများစုက “ဒီဘုရားမှ ဒီဘုရား၊ဒီတရားမှ ဒီတရား၊ဒီသံဃာမှ ဒီသံဃာ” လို့ ရတနာသုံးပါးအပေါ် မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓသာသနာဝင်က ဘယ်လောက်များ ရှိနေပြီလဲလို့ စဉ်းစားစစ်ဆေးကြည့်ရင် အလွန်ပဲနည်းပါးသေးတယ်။ မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်တွေ များသည်ထက် များအောင် ကြိုးစားကြဖို့လိုပါတယ်။

“တစိမ်းပြင်ပ၀ါဒရှင်တွေဟာ ဗဒ္ဓသာသနာဝင်တွေအတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီးစားနေကြတယ်။ ရွက်ကျပင်ပေါက်လို လူဖေါက်ပြီး လူမျိုးကို မျိုနေကြတယ်။မြေမျိုက လူမျိုးမပြုန်း၊လူမျိုမှ လူမျိုးပြုန်းတယ်”

“တစိမ်းပြင်ပ၀ါဒရှင်တွေက အင်း အိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့သာသနာ ပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီးနဲ့ တက်တက်ကြွကြွလှုပ်ရှားနေကြတယ်။ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်း မျိုဖို့ ကြိုးစားနေကြတယ်။”

“ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြ ရမယ်။ဗုဒ္ဓယာဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့်သုံး ထားကြရမယ်။”

“လူတစ်ယောက်ကို အသက်ကြီးခါမှ ဗုဒ္ဓယာဉ်ကျေးမှုတွေပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ

 ပေးမှ ထိရောက်မှုရှိတယ်။”

“လေဟာပြင်ကွက်လပ်မှာ လေတွေ အလိုလိုဝင်လာကြတယ်၊မှုံဝါးဝါးချည့်နဲ့နဲ့ မိရိုးဖလာ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယာဉ်ကျေးမှုလေဟာ ပြင်ပကွင်းပြင်ထဲက တစိမ်းပြင်ပအယူဝါဒတွေ ယာဉ်ကျေးမှုတွေရဲ့ ကျေးကျွန်ဘ၀ကို လွယ်လွယ်လေးရောက် သွားနိုင်တယ်။”

“ရေမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီးပေါက်နေတယ် ဆိုတာသိရင်

 လှေပေါက်ကို ၀ိုင်းဝန်းဖာထေးရမယ်။မဖာရင် လှေကြီး ရေ၀င်ပြီး မကြာမီ မြုတ်လိမ့်မယ်။ ဗုဒ္ဓသာသနာ လှေကြီး ပေါက်နေတယ်ဆိုတာသိရင် ဗုဒ္ဓဘာသာဝင်တိုင်းဝိုင်းဝန်း ဖာထေးရမယ်။ မဖာရင် ပြင်ပ အယူဝါဒရှင်တွေရဲ့ရေတွေ ၀င်ပြီး မြုတ်လိမ့်မယ်။”

“မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအသက် မထွက်ရအောင် ဗုဒ္ဓသာသနာဝင်တွေရဲ့ ကိုယ်ထဲမှာ၊ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ဗုဒ္ဓယာဉ် ကျေးမှုသွေးတွေ မအေးခဲစေပဲ နွေးနွေးထွေးထွေး ရှိနေဖို့ လိုအပ်တယ်။”

“ကလေးတွေကို ငယ်ရွယ်စဉ်ကပဲ ဗုဒ္ဓယာဉ်ကျေးမှုနို့ချို ဗုဒ္ဓယာဉ်ကျေးမှုအဟာရတွေကို တန်သလောက် တန်သလောက် တိုက်ကျွေးပေးရတယ်။ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေးအားမရှိတဲ့ ကလေးတွေကို ဘာသာခြားတွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက်ကောက်ပါသွားတတ်တယ်။”

“ဗုဒ္ဓသာသနာဝင် မိခင် ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာအငွေ့ဓာတ်အလေ့ ဓာတ် အတွေ့ ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ကြိုးစားလို့ ပေးနိုင်ပြီဆိုရင် ရွှေငွေစတဲ့ ရတနာတွေကိုရလို့ ၀မ်းသာကြည်နူးရတာထက် သာလွန်တဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေရလို့ ၀မ်းသာကြည်နုးရတာက များစွာသာလွန်ပါတယ်။”

“မိသားစုလည်းအကျိုးများ သာသနာတော်အတွက်လည်းအကျိုးများ နိုင်ငံတော်အတွက် လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာမိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမ ဖြစ်တဲ့ “ သီလ သမာဓိ ပညာ ” အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။”

“ဗုဒ္ဓ ယာဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်း တစ်ခုဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။”

အဖေရယ် အမေရယ် သားရယ် သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ်လို့ အမြင်မတော်

ဖြစ်နေတော့ အဖေက “ ကဲ ဒို့ သားအဖတွေ ပြင်ထိုင်ကြဥိးစို့ ” လိုပြောတဲ့အခါ သမီးဖြစ်သူက “အဖေ.. ကျွန်မကော ပါသေးလား” လို့မေးတော့ အဖေဖြစ်သူက “ သမီး.. အရေးကြီးဆုံးပဲ” လို့ပြောသတဲ့။
အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးနေအောင် ပြင်ကြတဲ့နေရာမှာ “ ကျွန်တော်တို့ ပါသေးသလား မမေးနဲ့” ရဟန်း ရှင် လူ ဗုဒ္ဓဘာသာဝင်မှန်သမျှ အားလုံး ပြင်ထိုင်ဖို့ လိုနေကြတယ်။ရှေးဦးစွာ တစ်ကိုယ်ရေ သာသနာပြည့်စုံ ဖို့လိုတယ်။ပြီးတော့ လက်လှမ်းမီရာမှာ သာသနာလက်ဆင့်ကမ်းရတယ်။

ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်၏ တစ်ဘ၀တာခရီးမှ ကောက်နှုတ် ကူးယူ ပူဇော်ပါသည်။

သုံးဆယ့်တစ်ဘုံ အလုံးစုံ အကုန်ချမ်းသာကြပါစေ..
Ukyaw Kyaw