Wednesday, May 22, 2013

ကံမရှိ ဥာဏ်ရှိတိုင်းမွဲ

ကံမရှိ ဥာဏ်ရှိတိုင်းမွဲ

ကံမရှိဥာဏ်ရှိတိုင်းမွဲ ဆိုသည့် စကား၏အဓိပ္ပါယ်ကို ကုသိုလ်ကံအကြောင်းမပါရင် မည်သို့ပင်ကြိုးစားစေကာမူ မွဲကျ ၊ရှုံးနိမ့်ကျ ၊ မအောင်မြင်ကျဘူးလို့ ယူဆနေကျပါ တယ် ။ လူတစ်ယောက်မှာ ငွေကြေး ချမ်းသာ ကြွယ်ဝတိုင်း အောင်မြင်နေသောသူ တစ်ယောက်အဖြစ် သတ်မှတ်လို့မရနိုင်သလို ၊ငွေကြေးမချမ်းသာလို့မပြည့်စုံမကြွယ်ဝ တာတစ်ခုထဲနဲ့လူတစ်ယောက်ကို မအောင်မြင်ဘူးလို့ သတ်မှတ်လို့မရနိုင်ပါ ။

              မိမိကျင်လည်ရာပါတ်ဝန်းကျင်မှာ စီးပွားရေး ၊ပညာရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေးအစစအရာရာတို့တွင် ကတိတည်တယ် ၊ တိကျတယ် ၊ သစ္စာရှိတယ် ၊ ရိုးသားတယ် ၊ စသဖြင့် နံမည်ကောင်းများနှင့် ရပ်တည်နိုင်သော လူတစ်ယောက်သည် ငွေကြေးချမ်းသာသည်ဖြစ်စေ ၊ မချမ်းသာသည်ဖြစ်စေ ၊အောင်မြင်နေသောသူအဖြစ်သတ်မှတ်လို့ရနိုင်ပါသည် ။ ငွေကြေးချမ်းသာတိုင်း အောင်မြင်တယ်လို့ သတ်မှတ်လို့ မရနိုင်ပေမဲ့ အောင်မြင်နေသော လူတစ် ယောက်နောက်ကိုတော့ ငွေကြေးက သူ.အလိုလို ကပ်ပါလာမှာပါ ။

အောင်မြင်မှုဆိုတာကိုလဲ မိမိကိုယ်မိမိ သတ်မှတ်လို့မရပါဘူး ။ မိမိပါတ်ဝန်းကျင်က သတ်မှတ်တာကိုဘဲခံယူရတာပါ ။ ဒီလိုအများရဲ. သတ်မှတ်မှုကို ခံယူနေရတဲ့ ဘ၀တစ်ခုရဲ့အောင်မြင်မှုကို ရယူနိုင်ရန် ဘယ်လိုကြိုးစားကျမလဲ ။တချို.ကမကြိုးစားလို့မ အောင်မြင် ကျဘူး ၊ တချို.ကကြိုးစားရင်းနဲ့ မအောင်မြင်ကျဘူး ၊မကြိုးစားလို့ မအောင်မြင်တာ မထူးဆန်းပေမဲ့  ကြိုးစားရင်းနဲ့မအောင်မြင်တာကတော. ဘယ်လိုကြောင်.ပါလဲ ။သဘော တရားမပါသော လက် တွေ့သည် အကန်းနှင့်တူပြီး ၊ လက်တွေ့မပါသော သဘောတရားကတော. အမြုံနှင့်တူတယ်ဟု ဆိုရိုးစကားတခုရှိပါတယ် ။ မိမိလေ့လာ သင်ယူ ရှာမှီးထားသောပညာများကို လက်တွေ့ အသုံးချ လုပ်ကိုင်တော.မည်ဆိုလျှင် သဘောတရားနှင့် လက်တွေ့နှစ်ခုကို အစွန်းမရောက်စေဘဲ ဥာဏ်နှင့်ယှဉ်ပြီး သုံးသပ် လုပ်ဆောင်ရပါမယ် ။ ဒီလိုဥာဏ်နှင့်ယှဉ်ပြီး ကြိုးစားနေတဲ့ကြားက မအောင် မြင်ကျဘူးဆိုလျှင်တော. လူတွေက ကံအကျိုးမပေးလို့ ၊ ကံမလိုက်လို့ ၊ ကံဆိုးတယ်လို့ သတ်မှတ် ကျပါတော.တယ် ။

        လူတစ်ယောက်ရဲ့ကံတရားဆိုတာ သတ္တမမြောက်နေရာမှာရှိပါတယ် ။ ကြိုးစားနိုင်တဲ့ အခွင့် အ ရေးက ဆဠမအဆင့်ထိ ရနေတဲ့သဘောပါ ။ ကံတရားဆိုသည်မှာလဲ မီးပုံးပျံ တစ်လုံးလိုပါဘဲ ကုသိုလ်ကံလောင်စာတွေနဲ့ အမြဲကံဆက်ပေးနေရတာပါ ။ ကုသိုလ်ကံ အဟုန်ကုန်ရင်တော. အောက်ပြုတ်ကျရတာပါဘဲ ။ ဥာဏ်နှင်.ယှဉ်ပြီး မည်မျှပင် ကြိုးစား နေသော်လည်း ကံမကောင်းလို့
မအောင်မြင်ဘူးဆိုလျှင် ဘယ်လိုဥာဏ်မျိုးတွေသုံးနေလို့ မအောင်မြင်ကျရတာပါလဲ ။

                    လောကမှာ ဦးဂျိုရှိတဲ့သတ္တ၀ါတွေက ဂျိုအားကိုးနဲ့မိုက်မဲကျသလို အဆိပ် ရှိတဲ့သတ္တ၀ါကလဲ အဆိပ်အားကိုးနဲ့ မိုက်ကျပါတယ် ။ လူတွေသည်လဲ မိမိတို့ဥာဏ်အား ကိုအစွမ်း ကုန်သုံးလျှက် နည်းမျိုးစုံဖြင့် အသုံးချတက်ကျပါသည် ။ ဒီလိုအသုံးချရာမှာ မိမိတို့၏ အကြံဥာဏ်များသည် မှန်ကန် ၊ တရားမျှတရဲ.လား ဆိုတဲ့ သတိလေးအမြဲဝင် ကြည့်ဘို့လိုပါတယ် ။  သတိလေးဝင်ကြည့်တက်တဲ့အကျင့်မျိုးကို အလေ.အကျင့် လုပ်ထားကြည့်ပါ ။ ကြာလာလျှင် မိမိကကြိုးစားစရာမလိုဘဲ သူ.အလိုလို သတိဝင်တက် တဲ့အကျင့်ရလာပါလိမ်.မယ် ။ ဒီလိုသတိလေးဝင်ကြည့်တက်တဲ့ အသိဥာဏ်လောက် ကတော. လူတိုင်းမှာဥာဏ်ရည်မှီကျပါတယ် ။

             အသက်အရွယ်တစ်ခုကိုရလာလို့ မိမိ၏အတိတ်ကိုပြန်တွေးသုံးသပ်ကြည့် မိသောအခါ နောင်တများနှင့် မပူလောင်ချင်ဘူးဆိုလျှင် ပစုန်ပ္ပန်မှာ အသေးစိတ် ဂရုစိုက်ရပါမယ် ။     မိမိရဲ.ရပိုင်ခွင့်ရှိလျှင် ရအောင်ယူသင့်သလို ၊ ရပိုင်ခွင့်မရှိလျှင် မယူသင့်ပါ ။ ရပိုင်ခွင့်မရှိတာကို ရအောင်ယူမိလျှင် ကိုယ်မလိုအပ်တဲ့ အရာတွေပါလာတက်ပါတယ် ။
ရပိုင်ခွင့်မရှိသည်ကို မတရားရယူလိုသော လူများသည် မောဟအမိုက်မှောင်ဖုန်းလွှမ်း ကာ လောဘအားကြီးလေတော. အတွေးအမြင်အယူအဆများပါ မှားယွင်းတက်လေ သည် ။ မောဟ ၊ ဒိဌိ ၊ လောဘ ဟူသော အာသဝေါတရားများသည်  အရူးဆေးသဖွယ် မူးယစ်စေတက်သည် ။ သတိကင်းလွတ်မေ.လျော.ပြီး ထင်ရာမြင်ရာ ထင်တက်ကျသည် အရှက်အကြောက် ကင်းမဲ့လာသည် ။ အာသဝေါတရားများသည် ဘ၀ခန္ဓာသစ်စဖြစ်သည်နှင့် မပြတ်မလပ် တည်ရှိနေတက်သည် ။ အာသဝေါတရားများ ကိန်းအောင်းနေသော ပုထုဇဉ်တို့သည် ဒုက်ခကို သုခအနေဖြင့် လိုချင်၏ ။ အမှားကိုအမှန် မြင်တက်ကျ ၏ ။ ကောင်းမှုကုသိုလ်ကိုမေ.လျော.ပြီး မကောင်းမှုဟူသမျှကို လက်ရဲ ဇက်ရဲ ကျူးလွန် တက်ကျ၏ ။

              မိမိအယူအဆများသည် မှားသည်ဟု လက်ခံသည့်တိုင်အောင် သူများမိုးခါးရေ သောက် ၊ ကိုယ်လဲသောက်ရမှာဘဲ စီးပွားရေးနဲ့ပါတ်သက်လာရင် လူမျက်နှာကြည့်စရာ မလိုဘူး ဆိုတဲ့ အတွေးမှား ၊ အမြင်မှားတွေ ဖြစ်ပေါ်လာခါ ၊ လက်တွေ့ လုပ်ဆောင်ချက် တွေလဲ လွဲမှားနိုင်ပါတယ် ။ ကုမ္ပဏီ ၊ ရုံးလုပ်ငန်း များတွင် အချို.သော ၀န်ထမ်းများ သည် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အပေါ်တွင် မိမိတက်ထားသော ပညာ ၊ မိမိသိထား သော အချက်အလက်များကို လှို့ဝှက်ထားတက်ကျသည် ။ တကယ်တော. ထိုသို့လှို့ဝှက် တက်သောသူများသည် မိမိကိုယ်ကို ယုံကြည်မှုအားနဲလေသောကြောင့် မိမိသိထား တက်ထားသော ပညာများထက်ပိုပြီးမသိနိုင်တော.ဘူးဟု မိမိကိုယ်ကို ထင်မှတ်ထား သောကြောင့်ဖြစ်သည် ။ လုပ်ဖေါ်ကိုင်ဖက်များ နေရာရ မျက်နှာပန်းလှ သွားမည် ကိုစိုးရိမ်သော စေတနာဆိုးများကြောင့် လှို့ဝျက်ထားသည်ဖြစ်ရာ အလုပ်ခွင်မှာအောင် မြင်မှု ရမည်ဆိုလျှင်လဲ ခဏသာရနိုင်မည်ဖြစ်ပါသည် ။

                  စီးပွားရေးလောကတွင် လူအများပြောနေကျသော စကားတခွန်းရှိပါတယ်။ ဦးနှောက် ဖောက်စားတယ် တဲ့ ။ မိမိလေ.လာတက်မြောက်ထားသော ပညာများကိုလိုချင်သောကြောင့် မရိုးသား သော နည်းလမ်းသုံးပြီး ချည်းကပ်လာသည် ဟုဆိုလိုပါသည်။ မရိုးသားသောနည်းလမ်းကို သုံးသော သူသည် သူ၏လောဘ ၊ မောဟ ၊ စေတနာတို့ ကြောင့် ဖြစ်ပေါ်လာသော အကုသိုလ်ကံအဟုန်ကြောင့် သူတပါးထံမှ ပညာများကို  ကြည်ကြည်လင်လင် မှန်မှန်ကန်ကန် တက်မြောက်သွားမှာမဟုတ်သလို ၊ တက်မြောက် ခဲ့လျှင်လည်း အသုံးချခွင့် ရနိုင်မှရသွားမှာပါ ။

                 မိမိကသာ တဖက်လူရိုးသားသည်ဖြစ်စေ ၊ မရိုးသားသည်ဖြစ်စေ တက်စေ ချင် သိစေချင် ၊ အောင်မြင်စေချင်သော စေတနာထားပြီး ပညာများကိုဖြန်.ဝေပေးလိုက် ပါ ။ မိမိ၏စေတနာ အစွမ်း ကြောင့် ကံကောင်းလာပြီး ဥာဏ်ရည်ပါတက်လာသောကြောင့် ယခင်ထက်ပိုပြီး ပညာရည်တိုးပွား လာနိုင်ပါသေးသည် ။
   စေတနာ+သင်္ခါရ = ကံ ။ သင်္ခါရဆိုသည်မှာ မိမိပြုလုပ်သောအလုပ်ပါ ။ ကောင်းတဲ့စေ တနာနဲ့ ပြုလုပ်သော အလုပ်တိုင်းတွင် ကောင်းသောကံကိုဖြစ်ပေါ်စေသလို ၊ မကောင်းသော စေတနာနဲ.ပြု လုပ်သောအလုပ်မှာလဲ မကောင်းသောကံကိုဖြစ်ပေါ်စေပါတယ် ။

ကမ္ဘာပေါ်တွင် စီးပွားရေနှင့်ပါတ်သက်ပြီး ထိပ်ဆုံးမှာအောင်မြင်မှု ရနေသော နီုင်ငံကြီးတ နိုင်ငံတွင် သွားရောက် စီးပွားရှာ ၊ အလုပ်လုပ်ကိုင်နေကျသော လူများ၏ ပါးစပ်ဖျားတွင် ရေပန်းစား နေသော စကားတခွန်းကတော.“ စီးပွားရေးမှာသာအောင်မြင် တာ အတော်ကိုစိတ်ဓာတ်မ ကောင်း ကျတာဘဲ ဆိုတဲ့စကားပါ ။ သူတို့ဟာ ငွေကြေးချမ်း သာပေမဲ့ စိတ်ဓာတ်ရေးရာမှာတော. ဆင်းရဲ ကျတာကလား ။
ယနေ.ခောတ် ကုန်သည် ၊စီးပွားအရောင်းအ၀ယ်များသည်မှာလဲ အတုကိုအစစ်ပြော ရောင်းတယ် ။ နမူနာပြရင်ပစ္စည်းကအကောင်းစား ၊ တကယ်ဝယ်လို့ထည့်ပေးတာက အညံ့စား ၊ မိမိ ၀ယ်ထားသောပစ္စည်းများအပ်ထားခဲ့လျှင်လည်း ပစ္စည်းချင်းအလဲခဲရ ၊ ဒီလိုဥာဏ်ရည် တွေသုံးပြီး ကြိုးစားနေသောလူများသည် ငွေကလူကိုပြန်ခိုင်းတာခံနေရ တာဖြစ်ပြီး ဒီလိုဥာဏ်ရည်တွေသုံးလေ မကောင်းသောစေတနာများပါသည့် ဥာဏ်များ ဖြစ်သောကြောင့်  မကောင်းကံတွေသာဖြစ်ပေါ်ပြီး မ အောင်မြင်လေဖြစ်ရတာပါ ။

            လူဘ၀သက်တမ်းသည် နှစ်တစ်ရာတွင် သက်တမ်းတစ်နှစ်လျော.ပါးခြင်း သည် နေရင်းနှင့် အလိုလိုလျော.ပါးရခြင်းမဟုတ်ပါ ။ လူတို့သည် သက်တမ်း (ခြောက်သောင်း        ) ရှိစဉ်အခါက ရောဂါ 6မျိုး ဘဲရှိပါတယ် ။
လူတို့သည်လောဘ၊ ဒေါသ၊ မောဟ တရားများ ကြီးလာသည်နှင့်အမျှ စီးပွားရှာဖွေ အရောင်းအ၀ယ်လုပ်ငန်းများမှာ ရိုးရိုးသားသား မှန်မှန်ကန်ကန် ရောင်းဝယ်တာမျိုးမဟုတ်ကျတော.ဘဲ ။ ဥာဏ်တွေထွင်ပြီး မမှည့်သေးသောအသီးအနှံ များကိုဆေးတို့ပြီးမှည့်အောင်လုပ်ခြင်း  ။ ကြာရှည်ခံ ဓာတုဗေဒဆေးများ၊ ဆိုးဆေး များ သုံးခြင်း ၊ ရက်လွန်နေသော ဆေးတို့ကို ရက်စွဲအသစ် ကပ်ပြီးရောင်းခြင်း ၊ အကြော် များကိုရေသန်.ဗူးခွံများ ထဲ့ကြော်ခြင်း ၊ သဘာဝမဟုတ်သည့် ပြုပြင် ပြောင်းလဲထားသော မျိုးစေ.များသုံးစွဲခြင်း၊ အသားများကိုအတုလုပ်ခြင်း များကို သမယိုးကျ လုပ်ကိုင်နေသလို မျိုးကိုလုပ်နေကျတာတွေရပါတယ် ။ အဆိုးဆုံးသတင်းတခုကတော. ကြက်ဥနှင့် ဆန်ကို အတုလုပ်ရောင်းချတဲ့သတင်းပါဘဲ ။ကြက်ဥနှင့်ဆန်ကို ဘာနဲ့အတုလုပ်သလဲဆိုလျှင်  အာလူး နှင့်ပလက်စတစ် ကိုရောပြီးလုပ်တာပါ ။ မိတ်ကပ် ၊လိုးရှင်း တွေမှာပါတဲ့ အသား ဖြူစေတဲ့ အရာတွေဆိုရင် အက်ဆစ်အပျော့.စားတွေပါ ။ ဒါကြောင့် ရောဂါဆန်း ၊ ရောဂါ ဆိုးများ တဖြည်းဖြည်းများပြားလာပြီး လူတို့၏ သက်တမ်းများသည် တဖြည်းဖြည်း ယုတ်လျော့လာ ရခြင်းဖြစ်သည် ။

             ဒီလိုဥာဏ်မျိုးတွေသုံးပြီး ကြိုးစားနေကျသောလူများမှာ ကောင်းသောကံဆို တာရှိနီုင် ပါအုံးမလား ။ ကြိုးစားလေကံမွဲလေဖြစ်ပြီး  ဘယ်မှာအောင်မြင်နိုင်ပါမလဲ ။ အောင်မြင်ခြင်း တယ်ဆိုရင်တော့ ကံကောင်းစေနိုင်သောဥာဏ်မျိုးကိုသုံးပြီး ကြိုးစားမှ အောင်မြင်နိုင်မှာပေါ့ ။ လူတွေ ကဘုရားတရားလုပ်တယ်လို့ပြောကျပါတယ် ။ မြတ်သွာဘုရားရဲ့ဂုဏ်တော်တွေ တရားဒေသနာတွေ ကိုရွတ်ဖတ်ပူဇော်ကျပါတယ် ၊ ဒါကို ဘုရားလုပ်တယ်လို့ဘဲခေါ်သေးတယ် ။ ဒီတရားတော်တွေကို လေးလေးစားစားလိုက်နာ ကျင့်သုံးမှသာ ဘုရားတရားလုပ်တယ်လို့ပြည့်စုံမှာပါ ။ တရားတော် တွေကိုလဲ သူ.နည်း မှန်တယ် ငါ့နည်းမှန်တယ်လို့ အငြင်းပွားကျဘို့မဟုတ်ပါဘူး ။ ကိုယ်သိသ လောက်လေးကိုဘဲ နဲနဲသိ နဲနဲကျင့် ၊ များများသိ များများကျင့်ဘို့ပါ ။
တကယ်ကျင့်ကြံမယ်ဆိုရင် ဟေတုပစ်စယော ရဲ့အဓိပပ်ပါယ် တခုထဲနဲ့လဲ သောတာပန်တည်လို့ရပါတယ် ။

                   ဟုတ်သောအကြံ ၊ မှန်သောအကျင့် ၊ သင့်သောအယူ ၊ ဖြူသောနှလုံး သူတော်ထုံးတို့ စွဲသုံးသောထွေ မှန်လှစေ ။ အလယ်တန်းကျောင်းတုန်းက သင်အံခဲ့ရတဲ့ ရှင်မဟာရဠသာရ ရဲ့ ဆုံးမစာလေးပါ ။ မိမိရဲ့စိတ်နှလုံးကိုဖြူစင်ကြည်လင်အောင်ထားရ ပါမယ် ။ စိတ်နှလုံးဖြူစင်သူ လူတစ် ယောက်၏ရင်ဆို့တွင်  တည်ရှိနေသော တစ်လက်  ဇွန်းခွဲပမာဏရှိ နှလုံးသွေးသည် ပန်းနုရောင် ရှိပါသည် ။ စိတ်ရင်းမကောင်းသော လူတစ်ယောက်၏ နှလုံးသွေးမှာ တော.မဲညစ်နေတက်လေသည် ။

             အင်္ကျီတထည်ကိုမိမိလိုရာ အရောင်ဆိုးချင်တယ်ဆိုရင် အဖြူရောင်ဖြစ်ပါမှ  မိမိလိုချင်သောအရောင် အမှန်အတိုင်း ထွက်မှာပါ ။ တခြားအရောင်အပေါ်တွင် ဆိုးလျှင် မိမိလိုချင်သောအရောင် အမှန်အတိုင်း ထွက်ဘို့မလွယ်လှပါ ။ စိတ်သည်လည်း ထိုကဲ့ သို့သဘော တိုင်းသည်သာ ဖြစ်သည် ။ စိတ်နှလုံးဖြူစင်သောသူသည် မိမိစိတ်ကို မိမိလို ရာ စေခိုင်းနိုင်သည် ။  လောဘ ၊ဒေါသ ၊မောဟ  စိတ်များသည် လူတိုင်းတွင် ရှိတက်ကျပါသည် ။ သောတာပန်တည် သည့်တိုင် ဒေါသစိတ်တော. ကျန်နေပါသေး တယ် ။ ဒါပေမဲ့ စိတ်နှလုံးဖြူစင်ကြည်လင်သောလူမှာ- ဒေါသဖြစ်ရင်လဲ ဖြစ်ကြောမ ရှည်အောင် ထိမ်းနိုင်တယ် ။ လောဘစိတ်ဝင်လာလျှင်လည်း ကိုယ်ချင်းစာစိတ်နဲ့  လျော.ပါးအောင် လုပ်လို့ရတယ် ။ တွေဝေမိုက်မဲလို့မောဟစိတ်ဝင်လာလျှင်လည်း ကိုယ့်ကိုကိုယ် သတိထားမိတယ် ။

           ကိလေသာတွေထူပြောနေလို့ ကြည်လင်ဖြူစင်မှုမရှိတဲ့ နောက်ကျိနေသောစိတ် နှလုံးမှာ လောဘ ၊ဒေါသ ၊ မောဟ စိတ်တို့၏ စေခိုင်းမှုကိုပြန်ခံနေရပြီး လွတ်ကင်းရန် မလွယ်လှပါ ။ ဒါကြောင့်လူတွေဟာ ဘယ်သူကမှ မိမိကိုယ်မိမိ လောက်ဒုက္ခမပေး နိုင်ကျပါဘူး ။
              စိတ်နှလုံးဖြူစင်ကြည်လင်မှသာ မိမိ၏အယူအဆများက သင့်တင့်မျှတသော အယူအဆများ ဖြစ်နိုင်မှာပါ ။ သင့်တင့်သောအယူအဆများနှင့် တွေးတော.ကြံဆမှသာ မှန်ကန်သောအကြံများ ထွက်ပေါ်လာမှာပါ ။ အယူအဆမှားလျှင် အတွေးအကြံမှားနိုင် သလို ၊ အယူအဆမှန်မှအတွေးအကြံကမှန်မှာပါ ။ တစုံတစ်ယောက်နှင့်ပါတ်သက်ပြီး တစုံတစ်ရာဆုံးဖြတ်ချက် ချ တော့ မယ်ဆိုလျှင် တဖက်လူ၏ရင်ထဲကို ၀င်ေ၇ာက်နား လည် ခံစားပေးကြည့်ပါ ။ ကိုယ်ချင်းစာပေးတက်ပါ ။

              ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး မျှတသောအယူအဆများနှင့်မှန်မှန် ကန်ကန် တွေးတော့ကြံဆခြင်းဖြင့် ဆုံးဖြတ်ချက်ချ ၊ လက်တွေ.အကောင်အထည်ဖော်  လုပ်ကိုင်မည့် အလုပ် တိုင်းမှာ ---ဥာဏ်ရှိတိုင်း   ကုသိုလ်ကံရှိ ၊ ဥာဏ်ကောင်းတိုင်း ကုသိုလ်ကံကောင်းလို့ အောင်မြင်မှာ အမှန်ပါဘဲ ။
ကံမရှိဥာဏ်ရှိတိုင်းမွဲ ဆိုသည့် စကား၏အဓိပ္ပါယ်ကို ကုသိုလ်ကံအကြောင်းမပါရင် မည်သို့ပင်ကြိုးစားစေကာမူ မွဲကျ ၊ရှုံးနိမ့်ကျ ၊ မအောင်မြင်ကျဘူးလို့ ယူဆနေကျပါ တယ် ။ လူတစ်ယောက်မှာ ငွေကြေး ချမ်းသာ ကြွယ်ဝတိုင်း အောင်မြင်နေသောသူ တစ်ယောက်အဖြစ် သတ်မှတ်လို့မရနိုင်သလို ၊ငွေကြေးမချမ်းသာလို့မပြည့်စုံမကြွယ်ဝ တာတစ်ခုထဲနဲ့လူတစ်ယောက်ကို မအောင်မြင်ဘူးလို့ သတ်မှတ်လို့မရနိုင်ပါ ။

              မိမိကျင်လည်ရာပါတ်ဝန်းကျင်မှာ စီးပွားရေး ၊ပညာရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေးအစစအရာရာတို့တွင် ကတိတည်တယ် ၊ တိကျတယ် ၊ သစ္စာရှိတယ် ၊ ရိုးသားတယ် ၊ စသဖြင့် နံမည်ကောင်းများနှင့် ရပ်တည်နိုင်သော လူတစ်ယောက်သည် ငွေကြေးချမ်းသာသည်ဖြစ်စေ ၊ မချမ်းသာသည်ဖြစ်စေ ၊အောင်မြင်နေသောသူအဖြစ်သတ်မှတ်လို့ရနိုင်ပါသည် ။ ငွေကြေးချမ်းသာတိုင်း အောင်မြင်တယ်လို့ သတ်မှတ်လို့ မရနိုင်ပေမဲ့ အောင်မြင်နေသော လူတစ် ယောက်နောက်ကိုတော့ ငွေကြေးက သူ.အလိုလို ကပ်ပါလာမှာပါ ။

အောင်မြင်မှုဆိုတာကိုလဲ မိမိကိုယ်မိမိ သတ်မှတ်လို့မရပါဘူး ။ မိမိပါတ်ဝန်းကျင်က သတ်မှတ်တာကိုဘဲခံယူရတာပါ ။ ဒီလိုအများရဲ. သတ်မှတ်မှုကို ခံယူနေရတဲ့ ဘ၀တစ်ခုရဲ့အောင်မြင်မှုကို ရယူနိုင်ရန် ဘယ်လိုကြိုးစားကျမလဲ ။တချို.ကမကြိုးစားလို့မ အောင်မြင် ကျဘူး ၊ တချို.ကကြိုးစားရင်းနဲ့ မအောင်မြင်ကျဘူး ၊မကြိုးစားလို့ မအောင်မြင်တာ မထူးဆန်းပေမဲ့  ကြိုးစားရင်းနဲ့မအောင်မြင်တာကတော. ဘယ်လိုကြောင်.ပါလဲ ။သဘော တရားမပါသော လက် တွေ့သည် အကန်းနှင့်တူပြီး ၊ လက်တွေ့မပါသော သဘောတရားကတော. အမြုံနှင့်တူတယ်ဟု ဆိုရိုးစကားတခုရှိပါတယ် ။ မိမိလေ့လာ သင်ယူ ရှာမှီးထားသောပညာများကို လက်တွေ့ အသုံးချ လုပ်ကိုင်တော.မည်ဆိုလျှင် သဘောတရားနှင့် လက်တွေ့နှစ်ခုကို အစွန်းမရောက်စေဘဲ ဥာဏ်နှင့်ယှဉ်ပြီး သုံးသပ် လုပ်ဆောင်ရပါမယ် ။ ဒီလိုဥာဏ်နှင့်ယှဉ်ပြီး ကြိုးစားနေတဲ့ကြားက မအောင် မြင်ကျဘူးဆိုလျှင်တော. လူတွေက ကံအကျိုးမပေးလို့ ၊ ကံမလိုက်လို့ ၊ ကံဆိုးတယ်လို့ သတ်မှတ် ကျပါတော.တယ် ။

        လူတစ်ယောက်ရဲ့ကံတရားဆိုတာ သတ္တမမြောက်နေရာမှာရှိပါတယ် ။ ကြိုးစားနိုင်တဲ့ အခွင့် အ ရေးက ဆဠမအဆင့်ထိ ရနေတဲ့သဘောပါ ။ ကံတရားဆိုသည်မှာလဲ မီးပုံးပျံ တစ်လုံးလိုပါဘဲ ကုသိုလ်ကံလောင်စာတွေနဲ့ အမြဲကံဆက်ပေးနေရတာပါ ။ ကုသိုလ်ကံ အဟုန်ကုန်ရင်တော. အောက်ပြုတ်ကျရတာပါဘဲ ။ ဥာဏ်နှင်.ယှဉ်ပြီး မည်မျှပင် ကြိုးစား နေသော်လည်း ကံမကောင်းလို့
မအောင်မြင်ဘူးဆိုလျှင် ဘယ်လိုဥာဏ်မျိုးတွေသုံးနေလို့ မအောင်မြင်ကျရတာပါလဲ ။

                    လောကမှာ ဦးဂျိုရှိတဲ့သတ္တ၀ါတွေက ဂျိုအားကိုးနဲ့မိုက်မဲကျသလို အဆိပ် ရှိတဲ့သတ္တ၀ါကလဲ အဆိပ်အားကိုးနဲ့ မိုက်ကျပါတယ် ။ လူတွေသည်လဲ မိမိတို့ဥာဏ်အား ကိုအစွမ်း ကုန်သုံးလျှက် နည်းမျိုးစုံဖြင့် အသုံးချတက်ကျပါသည် ။ ဒီလိုအသုံးချရာမှာ မိမိတို့၏ အကြံဥာဏ်များသည် မှန်ကန် ၊ တရားမျှတရဲ.လား ဆိုတဲ့ သတိလေးအမြဲဝင် ကြည့်ဘို့လိုပါတယ် ။  သတိလေးဝင်ကြည့်တက်တဲ့အကျင့်မျိုးကို အလေ.အကျင့် လုပ်ထားကြည့်ပါ ။ ကြာလာလျှင် မိမိကကြိုးစားစရာမလိုဘဲ သူ.အလိုလို သတိဝင်တက် တဲ့အကျင့်ရလာပါလိမ်.မယ် ။ ဒီလိုသတိလေးဝင်ကြည့်တက်တဲ့ အသိဥာဏ်လောက် ကတော. လူတိုင်းမှာဥာဏ်ရည်မှီကျပါတယ် ။

             အသက်အရွယ်တစ်ခုကိုရလာလို့ မိမိ၏အတိတ်ကိုပြန်တွေးသုံးသပ်ကြည့် မိသောအခါ နောင်တများနှင့် မပူလောင်ချင်ဘူးဆိုလျှင် ပစုန်ပ္ပန်မှာ အသေးစိတ် ဂရုစိုက်ရပါမယ် ။     မိမိရဲ.ရပိုင်ခွင့်ရှိလျှင် ရအောင်ယူသင့်သလို ၊ ရပိုင်ခွင့်မရှိလျှင် မယူသင့်ပါ ။ ရပိုင်ခွင့်မရှိတာကို ရအောင်ယူမိလျှင် ကိုယ်မလိုအပ်တဲ့ အရာတွေပါလာတက်ပါတယ် ။
ရပိုင်ခွင့်မရှိသည်ကို မတရားရယူလိုသော လူများသည် မောဟအမိုက်မှောင်ဖုန်းလွှမ်း ကာ လောဘအားကြီးလေတော. အတွေးအမြင်အယူအဆများပါ မှားယွင်းတက်လေ သည် ။ မောဟ ၊ ဒိဌိ ၊ လောဘ ဟူသော အာသဝေါတရားများသည်  အရူးဆေးသဖွယ် မူးယစ်စေတက်သည် ။ သတိကင်းလွတ်မေ.လျော.ပြီး ထင်ရာမြင်ရာ ထင်တက်ကျသည် အရှက်အကြောက် ကင်းမဲ့လာသည် ။ အာသဝေါတရားများသည် ဘ၀ခန္ဓာသစ်စဖြစ်သည်နှင့် မပြတ်မလပ် တည်ရှိနေတက်သည် ။ အာသဝေါတရားများ ကိန်းအောင်းနေသော ပုထုဇဉ်တို့သည် ဒုက်ခကို သုခအနေဖြင့် လိုချင်၏ ။ အမှားကိုအမှန် မြင်တက်ကျ ၏ ။ ကောင်းမှုကုသိုလ်ကိုမေ.လျော.ပြီး မကောင်းမှုဟူသမျှကို လက်ရဲ ဇက်ရဲ ကျူးလွန် တက်ကျ၏ ။

              မိမိအယူအဆများသည် မှားသည်ဟု လက်ခံသည့်တိုင်အောင် သူများမိုးခါးရေ သောက် ၊ ကိုယ်လဲသောက်ရမှာဘဲ စီးပွားရေးနဲ့ပါတ်သက်လာရင် လူမျက်နှာကြည့်စရာ မလိုဘူး ဆိုတဲ့ အတွေးမှား ၊ အမြင်မှားတွေ ဖြစ်ပေါ်လာခါ ၊ လက်တွေ့ လုပ်ဆောင်ချက် တွေလဲ လွဲမှားနိုင်ပါတယ် ။ ကုမ္ပဏီ ၊ ရုံးလုပ်ငန်း များတွင် အချို.သော ၀န်ထမ်းများ သည် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အပေါ်တွင် မိမိတက်ထားသော ပညာ ၊ မိမိသိထား သော အချက်အလက်များကို လှို့ဝှက်ထားတက်ကျသည် ။ တကယ်တော. ထိုသို့လှို့ဝှက် တက်သောသူများသည် မိမိကိုယ်ကို ယုံကြည်မှုအားနဲလေသောကြောင့် မိမိသိထား တက်ထားသော ပညာများထက်ပိုပြီးမသိနိုင်တော.ဘူးဟု မိမိကိုယ်ကို ထင်မှတ်ထား သောကြောင့်ဖြစ်သည် ။ လုပ်ဖေါ်ကိုင်ဖက်များ နေရာရ မျက်နှာပန်းလှ သွားမည် ကိုစိုးရိမ်သော စေတနာဆိုးများကြောင့် လှို့ဝျက်ထားသည်ဖြစ်ရာ အလုပ်ခွင်မှာအောင် မြင်မှု ရမည်ဆိုလျှင်လဲ ခဏသာရနိုင်မည်ဖြစ်ပါသည် ။

                  စီးပွားရေးလောကတွင် လူအများပြောနေကျသော စကားတခွန်းရှိပါတယ်။ ဦးနှောက် ဖောက်စားတယ် တဲ့ ။ မိမိလေ.လာတက်မြောက်ထားသော ပညာများကိုလိုချင်သောကြောင့် မရိုးသား သော နည်းလမ်းသုံးပြီး ချည်းကပ်လာသည် ဟုဆိုလိုပါသည်။ မရိုးသားသောနည်းလမ်းကို သုံးသော သူသည် သူ၏လောဘ ၊ မောဟ ၊ စေတနာတို့ ကြောင့် ဖြစ်ပေါ်လာသော အကုသိုလ်ကံအဟုန်ကြောင့် သူတပါးထံမှ ပညာများကို  ကြည်ကြည်လင်လင် မှန်မှန်ကန်ကန် တက်မြောက်သွားမှာမဟုတ်သလို ၊ တက်မြောက် ခဲ့လျှင်လည်း အသုံးချခွင့် ရနိုင်မှရသွားမှာပါ ။

                 မိမိကသာ တဖက်လူရိုးသားသည်ဖြစ်စေ ၊ မရိုးသားသည်ဖြစ်စေ တက်စေ ချင် သိစေချင် ၊ အောင်မြင်စေချင်သော စေတနာထားပြီး ပညာများကိုဖြန်.ဝေပေးလိုက် ပါ ။ မိမိ၏စေတနာ အစွမ်း ကြောင့် ကံကောင်းလာပြီး ဥာဏ်ရည်ပါတက်လာသောကြောင့် ယခင်ထက်ပိုပြီး ပညာရည်တိုးပွား လာနိုင်ပါသေးသည် ။
   စေတနာ+သင်္ခါရ = ကံ ။ သင်္ခါရဆိုသည်မှာ မိမိပြုလုပ်သောအလုပ်ပါ ။ ကောင်းတဲ့စေ တနာနဲ့ ပြုလုပ်သော အလုပ်တိုင်းတွင် ကောင်းသောကံကိုဖြစ်ပေါ်စေသလို ၊ မကောင်းသော စေတနာနဲ.ပြု လုပ်သောအလုပ်မှာလဲ မကောင်းသောကံကိုဖြစ်ပေါ်စေပါတယ် ။

ကမ္ဘာပေါ်တွင် စီးပွားရေနှင့်ပါတ်သက်ပြီး ထိပ်ဆုံးမှာအောင်မြင်မှု ရနေသော နီုင်ငံကြီးတ နိုင်ငံတွင် သွားရောက် စီးပွားရှာ ၊ အလုပ်လုပ်ကိုင်နေကျသော လူများ၏ ပါးစပ်ဖျားတွင် ရေပန်းစား နေသော စကားတခွန်းကတော.“ စီးပွားရေးမှာသာအောင်မြင် တာ အတော်ကိုစိတ်ဓာတ်မ ကောင်း ကျတာဘဲ ဆိုတဲ့စကားပါ ။ သူတို့ဟာ ငွေကြေးချမ်း သာပေမဲ့ စိတ်ဓာတ်ရေးရာမှာတော. ဆင်းရဲ ကျတာကလား ။
ယနေ.ခောတ် ကုန်သည် ၊စီးပွားအရောင်းအ၀ယ်များသည်မှာလဲ အတုကိုအစစ်ပြော ရောင်းတယ် ။ နမူနာပြရင်ပစ္စည်းကအကောင်းစား ၊ တကယ်ဝယ်လို့ထည့်ပေးတာက အညံ့စား ၊ မိမိ ၀ယ်ထားသောပစ္စည်းများအပ်ထားခဲ့လျှင်လည်း ပစ္စည်းချင်းအလဲခဲရ ၊ ဒီလိုဥာဏ်ရည် တွေသုံးပြီး ကြိုးစားနေသောလူများသည် ငွေကလူကိုပြန်ခိုင်းတာခံနေရ တာဖြစ်ပြီး ဒီလိုဥာဏ်ရည်တွေသုံးလေ မကောင်းသောစေတနာများပါသည့် ဥာဏ်များ ဖြစ်သောကြောင့်  မကောင်းကံတွေသာဖြစ်ပေါ်ပြီး မ အောင်မြင်လေဖြစ်ရတာပါ ။

            လူဘ၀သက်တမ်းသည် နှစ်တစ်ရာတွင် သက်တမ်းတစ်နှစ်လျော.ပါးခြင်း သည် နေရင်းနှင့် အလိုလိုလျော.ပါးရခြင်းမဟုတ်ပါ ။ လူတို့သည် သက်တမ်း (ခြောက်သောင်း        ) ရှိစဉ်အခါက ရောဂါ 6မျိုး ဘဲရှိပါတယ် ။
လူတို့သည်လောဘ၊ ဒေါသ၊ မောဟ တရားများ ကြီးလာသည်နှင့်အမျှ စီးပွားရှာဖွေ အရောင်းအ၀ယ်လုပ်ငန်းများမှာ ရိုးရိုးသားသား မှန်မှန်ကန်ကန် ရောင်းဝယ်တာမျိုးမဟုတ်ကျတော.ဘဲ ။

ဥာဏ်တွေထွင်ပြီး မမှည့်သေးသောအသီးအနှံ များကိုဆေးတို့ပြီးမှည့်အောင်လုပ်ခြင်း  ။ ကြာရှည်ခံ ဓာတုဗေဒဆေးများ၊ ဆိုးဆေး များ သုံးခြင်း ၊ ရက်လွန်နေသော ဆေးတို့ကို ရက်စွဲအသစ် ကပ်ပြီးရောင်းခြင်း ၊ အကြော် များကိုရေသန်.ဗူးခွံများ ထဲ့ကြော်ခြင်း ၊ သဘာဝမဟုတ်သည့် ပြုပြင် ပြောင်းလဲထားသော မျိုးစေ.များသုံးစွဲခြင်း၊ အသားများကိုအတုလုပ်ခြင်း များကို သမယိုးကျ လုပ်ကိုင်နေသလို မျိုးကိုလုပ်နေကျတာတွေရပါတယ် ။ အဆိုးဆုံးသတင်းတခုကတော. ကြက်ဥနှင့် ဆန်ကို အတုလုပ်ရောင်းချတဲ့သတင်းပါဘဲ ။ကြက်ဥနှင့်ဆန်ကို ဘာနဲ့အတုလုပ်သလဲဆိုလျှင်  အာလူး နှင့်ပလက်စတစ် ကိုရောပြီးလုပ်တာပါ ။ မိတ်ကပ် ၊လိုးရှင်း တွေမှာပါတဲ့ အသား ဖြူစေတဲ့ အရာတွေဆိုရင် အက်ဆစ်အပျော့.စားတွေပါ ။ ဒါကြောင့် ရောဂါဆန်း ၊ ရောဂါ ဆိုးများ တဖြည်းဖြည်းများပြားလာပြီး လူတို့၏ သက်တမ်းများသည် တဖြည်းဖြည်း ယုတ်လျော့လာ ရခြင်းဖြစ်သည် ။

             ဒီလိုဥာဏ်မျိုးတွေသုံးပြီး ကြိုးစားနေကျသောလူများမှာ ကောင်းသောကံဆို တာရှိနီုင် ပါအုံးမလား ။ ကြိုးစားလေကံမွဲလေဖြစ်ပြီး  ဘယ်မှာအောင်မြင်နိုင်ပါမလဲ ။ အောင်မြင်ခြင်း တယ်ဆိုရင်တော့ ကံကောင်းစေနိုင်သောဥာဏ်မျိုးကိုသုံးပြီး ကြိုးစားမှ အောင်မြင်နိုင်မှာပေါ့ ။ လူတွေ ကဘုရားတရားလုပ်တယ်လို့ပြောကျပါတယ် ။ မြတ်သွာဘုရားရဲ့ဂုဏ်တော်တွေ တရားဒေသနာတွေ ကိုရွတ်ဖတ်ပူဇော်ကျပါတယ် ၊ ဒါကို ဘုရားလုပ်တယ်လို့ဘဲခေါ်သေးတယ် ။

ဒီတရားတော်တွေကို လေးလေးစားစားလိုက်နာ ကျင့်သုံးမှသာ ဘုရားတရားလုပ်တယ်လို့ပြည့်စုံမှာပါ ။ တရားတော် တွေကိုလဲ သူ.နည်း မှန်တယ် ငါ့နည်းမှန်တယ်လို့ အငြင်းပွားကျဘို့မဟုတ်ပါဘူး ။ ကိုယ်သိသ လောက်လေးကိုဘဲ နဲနဲသိ နဲနဲကျင့် ၊ များများသိ များများကျင့်ဘို့ပါ ။ တကယ်ကျင့်ကြံမယ်ဆိုရင် ဟေတုပစ်စယော ရဲ့အဓိပပ်ပါယ် တခုထဲနဲ့လဲ သောတာပန်တည်လို့ရပါတယ် ။

                   ဟုတ်သောအကြံ ၊ မှန်သောအကျင့် ၊ သင့်သောအယူ ၊ ဖြူသောနှလုံး သူတော်ထုံးတို့ စွဲသုံးသောထွေ မှန်လှစေ ။ အလယ်တန်းကျောင်းတုန်းက သင်အံခဲ့ရတဲ့ ရှင်မဟာရဠသာရ ရဲ့ ဆုံးမစာလေးပါ ။ မိမိရဲ့စိတ်နှလုံးကိုဖြူစင်ကြည်လင်အောင်ထားရ ပါမယ် ။ စိတ်နှလုံးဖြူစင်သူ လူတစ် ယောက်၏ရင်ဆို့တွင်  တည်ရှိနေသော တစ်လက်  ဇွန်းခွဲပမာဏရှိ နှလုံးသွေးသည် ပန်းနုရောင် ရှိပါသည် ။ စိတ်ရင်းမကောင်းသော လူတစ်ယောက်၏ နှလုံးသွေးမှာ တော.မဲညစ်နေတက်လေသည် ။

             အင်္ကျီတထည်ကိုမိမိလိုရာ အရောင်ဆိုးချင်တယ်ဆိုရင် အဖြူရောင်ဖြစ်ပါမှ  မိမိလိုချင်သောအရောင် အမှန်အတိုင်း ထွက်မှာပါ ။ တခြားအရောင်အပေါ်တွင် ဆိုးလျှင် မိမိလိုချင်သောအရောင် အမှန်အတိုင်း ထွက်ဘို့မလွယ်လှပါ ။ စိတ်သည်လည်း ထိုကဲ့ သို့သဘော တိုင်းသည်သာ ဖြစ်သည် ။ စိတ်နှလုံးဖြူစင်သောသူသည် မိမိစိတ်ကို မိမိလို ရာ စေခိုင်းနိုင်သည် ။  လောဘ ၊ဒေါသ ၊မောဟ  စိတ်များသည် လူတိုင်းတွင် ရှိတက်ကျပါသည် ။

 သောတာပန်တည် သည့်တိုင် ဒေါသစိတ်တော. ကျန်နေပါသေး တယ် ။ ဒါပေမဲ့ စိတ်နှလုံးဖြူစင်ကြည်လင်သောလူမှာ- ဒေါသဖြစ်ရင်လဲ ဖြစ်ကြောမ ရှည်အောင် ထိမ်းနိုင်တယ် ။ လောဘစိတ်ဝင်လာလျှင်လည်း ကိုယ်ချင်းစာစိတ်နဲ့  လျော.ပါးအောင် လုပ်လို့ရတယ် ။ တွေဝေမိုက်မဲလို့မောဟစိတ်ဝင်လာလျှင်လည်း ကိုယ့်ကိုကိုယ် သတိထားမိတယ် ။

htiketinmyint