Sunday, August 14, 2011

ဝိဇ္ဖာ-စရဏနှင့် ညီအောင်ကျင့်

ဝိဇ္ဖာ-စရဏနှင့် ညီအောင်ကျင့်

သီတဂူဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် သီတဂူဆရာတော် ဒေါက်တာဉဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတ) သီတဂူဆရာတော်ကြီး ဦးဆောင်၍ တည်ထောင်ဖွင့်လှစ်သော သီတဂူဗုဒ္ဓတက္ကသိုလ် စတုတ္ထ စာသင်နှစ်၏ သင်တန်းဖွင့်လှစ်ပွဲနှင့် ကျောင်းသားသစ်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာကြကုန် သော သင်တန်းသား ရဟန်းတော်များနှင့် သီတဂူသာသနာပြုအဖွဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း သူတော်ကောင်းတို့ .. သင်တန်းသား ရဟန်းတော်များနှင့် ဥပထမ္ဘကအဖွဲ့ ဒါယကာ ဒါယိကာမ အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်းချမ်းမြေ့စွာဖြင့် မိမိသူတပါး နှစ်ဦးသား၏ အကျိုးစီးပွားကို လုံ့လမလစ် အားသစ်ကျိုးပမ်း ထမ်းဆောင်နိုင်ကြပါစေဟု မေတ္တာပုဗ္ဗင်္ဂမ အာသီသပတ္ထနာပြုလျက် နှုတ်ခွန်းဆက် စကားပြောကြားပါသည်ဘုရား။

သင်တန်းသားရဟန်းတော်များနှင့် လှူဒါန်းထောက်ပံ့ကြသည့် တပည့်ဒါယကာ၊ ဒါယိကာမများ တို့သည် မိမိသူတပါးနှစ်ဦးသား ၏ အကျိုးစီးပွားကို ကျင့်ကြံကြသည့် ဥဘယဟိတပဋိပန္န ပုဂ်္ဂိုလ်မျိုးဖြစ်အောင် ကျင့်ဆောင်အားထုတ်တော်မူကြပါဟု ရှေးဦးစွာ တိုက်တွန်းနှိုးဆော် ဥယျောဇဉ်စကား ပြောကြားပါ သည် အရှင်သူမြတ်တို့ဘုရား... မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် တပည့်သား ရဟန်း တော်မြတ်တို့အား မလွဲမသွေ ဧကန်မုချ ထမ်းဆောင်ကြရမည့် တာဝန်များကို ချမှတ်ပေးခဲ့ ပေးအပ် တော်မူခဲ့ပါသည်ဘုရား။ ထိုမြတ်စွာဘုရားပေးအပ်တော်မူခဲ့သည့် တာဝန်များမှာ...

၁။ ပိဋကတ်တော်များကို သင်ယူပို့ချကာ ဟောပြဆောင်ထားခြင်းဟူသော ဂန္ထဓူရတာဝန်၊
၂။ သမထ ၀ိပဿနာ တရားများများ အားထုတ်ခြင်းဟုသော ၀ိပဿနာဓူရတာဝန်၊
အဲ့ဒီတာဝန်နှစ်ရပ်ဖြစ်ပါတယ်ဘုရား။

ဂန္ထဓူရတာဝန် ၀ိပဿနာဓူရတာဝန် ထိုတာ ၀န်နှစ်ရပ်တွင် တာဝန်တခုခုကို ထမ်းဆောင်မှ သာသ နာ့ဝန်ထမ်း ရှင်ရဟန်းပီသမည်ဖြစ်ပါတယ်ဘုရား။

ဂန္ထဓူရ ၀ိပဿနာဓူရမှတပါး အခြားအခြား ရဟန်းအလုပ် ရဟန်းတာဝန်မရှိပါဘုရား။ ယခု အရှင်မြတ်များ ဒီပလိုမာသင်တန်း တက်ရောက်သင် ကြားခြင်းသည် မြတ်စွာဘုရား ချမှတ်ပေးအပ်တော်မူခဲ့ တဲ့ ဂန္ထဓူရတာဝန်ကို ထမ်းဆောင်နေသည်ဘုရား။ အဲဒီလို ဂန္ထဓူရတာဝန်ကို ထမ်းဆောင်ကြတဲ့အခါ ဒီပလိုမာသင်တန်း တက်ရောက်ကြတဲ့ မိမိတို့ရဲ့ သင်တန်းပညာ ပြီးဖို့ရန် ပြီးမြောက်အောင်မြင်ဖို့ရန် အထောက်အပံ့ အမှီ သဟဲရရှိမှ ပြီးမြောက်အောင်မြင် နိုင်ပါတယ်ဘုရား။ အဲဒါကို ကလျာဏမိတ်လို့ ခေါ်ပါ တယ်ဘုရား။ ကလျာဏ မိတ်ကောင်းဆွေကောင်း ဆရာကောင်း သမားကောင်း အကူအညီရမှ ပြီးမြောက် အောင်မြင်နိုင်ပါတယ်ဘုရား။

တချိန်က အရှင်အာနန္ဒာသည် “မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ပေါင်းသင်း မိခြင်းဟာ သာသနာအတွက် တ၀က်ခရီးရောက်သတဲ့” နေ့လည် တပါးတည်း ဖလသမာပတ်ချမ်းသာဖြင့် နေ့ သန့်စင်နေတုန်း အရှင်အာနန္ဒာ စဉ်းစားမိတယ်။ မိတ် ဆွေကောင်း ပေါင်းသင်းမိသဖြင့် သာသနာအတွက် တ၀က်ခရီးရောက်တာပဲလို့ သူရဲ့စိတ်ထဲမှာ ဖြစ်ပေါ် လာတယ်။ အဲ့ဒီသူ့ရဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ကို မှန်မမှန် ညနေချမ်း ဘုရားထံကို ချည်းကပ်ပြီး နေ့လည်တုန်းက သူဒီလိုပဲ စိတ်အကြံ ဖြစ်ခဲ့ကြောင်း “ဥပဍ္ဎံ ဘန္တေ ဗြဟ္မစရိယဿ ယဒိဒံ ကလျာဏမိတ္တတာ- မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ပေါင်းသင်း မိခြင်းဟာ သာသနာအတွက် တ၀က်ခရီးရောက်တယ်” လို့ တပည့်တော် ဒီလို အကြံဖြစ်ခဲ့တဲ့အကြောင်း မြတ်စွာ ဘုရားအား လျှောက်ထားတော့ မြတ်စွာဘုရားက “မာဟေ၀ံအာနန္ဒ မာဟေ၀ံ အာနန္ဒ - ချစ်သား အာနန္ဒာ ဒီလိုမပြောနှင့်- ချစ်သား အာနန္ဒာ ဒီလိုမပြောနှင့်”လို့ နှစ်ကြိမ်တိုင်တိုင် လေးလေး နက်နက် ကန့်ကွက် တော်မူတယ်။

ကန့်ကွက်တော်မူပြီးမှ “သကလမေ၀ ဟိတံ အာနန္ဒ ဗြဟ္မစရိယံ ယဒိဒံ ကလျာဏ မိတ္တတာ- အာနန္ဒာ မိတ်ကောင်း ဆွေကောင်း ဆရာကောင်းသမားကောင်း ပေါင်းသင်းမိခြင်း သည် သာသနာအတွက် အကုန်လုံး ကိစ္စပြီး တယ်- တ၀က်မဟုတ်ဘူး၊ သာသနာအတွက် အကုန်လုံးကိစ္စပြီးကြောင်း သက်သေ အထောက် အထားပြစမ်းပါဆိုရင် သင်အား ညွှန်ပြမယ်- “မမဥှိ အာနန္ဒ ကလျာဏမိတ္တံ အာဂမ္မ ဇာတိ ဓမ္မာ သတ္တာ ဇာတိယာ ပဋိမုစ္စန်္တိ၊ ဇရာဓမ္မာ သတ္တာ ဇရာယ ပဋိမုစ္စန်္တိ၊ မရဏာ ဓမ္မာ သတ္တာ မရဏေန ပဋိမုစ္စန်္တိ၊ သောကပရိဒေ၀ဒုက္ခ ဒေါမနဿုပါယာသာ ဓမ္မာ သတ္တာ သောကပရိ ဒေ၀ဒုက္ခ ဒေါမနဿုပါယာသေဟိ ပဋိမုစ္စန်္တိ” လို့ ချစ်သားအာနန္ဒာ ဒီအချက်ကို မိတ်ကောင်းဆွေ ကောင်း ဆရာကောင်း သမားကောင်း ပေါင်းမိ ခြင်းသည် အကုန်လုံး ကိစ္စပြီးတယ်ဆိုတဲ့အချက် ကို သက်သေအခိုင်အမာ ညွှန်ပြရမယ်ဆိုရင်တဲ့ ငါဘုရားတည်းဟူသော ကလျာဏမိတ္တကို မှီဝဲရမှု ဆည်းကပ်ရမှု အကြောင်းပြု၍ ဇာတိ ဘေး မအေးရသေးတဲ့ သတ္တ၀ါတွေ ဇာတိဘေး ငြိမ်းအေးကြရတယ်။ ဇရာဘေး မအေးရသေးတဲ့ သတ်္တ၀ါတွေ ဇရာဘေး ငြိမ်းအေးကြရတယ်။ မရဏဘေး မအေးရသေးတဲ့ သတ္တ၀ါတွေ မရဏဘေး ငြိမ်းအေးကြရ တယ်။ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသဘေး မအေးကြရသေးတဲ့ သတ္တ၀ါတွေ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသဘေး ငြိမ်းအေးကြရတယ်။ ယခုပြောခဲ့တဲ့ ဇာတိ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသဘေး ငြိမ်းအေးခြင်းသည် သာသနာအ တွက် အဆုံးဘဲ။ ထို့ကြောင့် သာသနာမှာ ကလျာ ဏမိတ္တသမ္ပဒါဆိုတဲ့ ဆရာကောင်း သမား ကောင်း မိတ်ကောင်းဆွေကောင်း ပေါင်းသင်းမိ ခြင်းဟာ သာသနာအတွက်အကုန်လုံး ကိစ္စပြီး တယ်လို့ ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါတယ်။ ဤဗုဒ္ဓ မြတ်စွာ မိန့်ဆိုချက်အရ ကိစ္စတခု အလုပ်တခု ပညာသင်ကြားမှုတစ်ခု ထမြောက်အောင်မြင် ဖို့ရန် မိတ်ကောင်းဆွေကောင်း ဆရာကောင်း သမားကောင်း ရဲ့ အကူအညီဟာ အထောက်အပံ့ ရမှုဟာ အလွန်ပဓာနကျပါတယ်၊ အလွန်အရေး ကြီးပါတယ်။ ယခု ဒီပလိုမာသင်တန်းတက်ကြတဲ့ ရဟန်းတော်များဟာ အလွန်ကံကောင်းပါတယ်။ သီတဂူဆရာတော်ဘုရားကြီးတည်းဟူသော ကလျာဏမိတ် ဆရာကောင်းသမားကောင်း အ ထောက်အပံ့ အကူအညီရ၍ မိမိတို့သင်ကြားတဲ့ ပညာဟာ အလွယ်တကူ ထမြောက်အောင်မြင် တတ်မြောက်ကြမယ်လို့ ယုံကြည်ကြပြီး ဥပါလိ ထေရအပါဒါန်မှာ ဥပါလိမထေရ် ဆုံးမတဲ့...

“မာ ဝေါ ခဏံ ၀ိရာဓေထ၊ ခဏာတီတာ ဟိ သောစရေ။
သဒတ္ထေ ၀ါယမေယျာထ၊ ခဏော ဝေါ ပဋိပါဒိတော။”

အခါကောင်းကို မလွဲမချော်ကြရစေလင့်၊ အခွင့် ကောင်းကို လက်မလွတ်ကြစေလင့်၊ အချိန်ကုန် လွန်သွားလျှင် အခွင့်အရေး ဆုံးရှုံးသွားလျှင် စိုး ရိမ်ပူဆွေး စိတ်မအေးဖြစ်ကြလိမ့်မည်။ မိမိ၏ တိုးတက်ကြီးပွားခြင်းကို ကြိုးစားအားထုတ်ကြ၊ သင်တို့မှာ အခါကောင်း အခွင့်ကောင်း ကြုံနေပြီ။ ဒါကြောင့် ဒီပလိုမာတက်ရတဲ့ အရှင်သူမြတ်များ မိမိတို့ ရရှိထားသော အခွင့်အရေးကောင်းကို လက် လွတ်ဆုံးရှုံးမှု မဖြစ်စေဘဲ အရယူကြလျက် “ဆန္ဒ၀တော မေ ကိံနာမ ကမ္မံ နသိဇ္ဈတိ- ဆန်္ဒကဲမှု ငါသို့သောသူ ပြုမူဆောင်ရာ အဖြာဖြာသည် ဘယ်မှာမပြီး ရှိအံ့နည်း။ ၀ီရိယ၀တော မေ ကိံနာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယကဲမှု ငါသို့သောသူ ပြုမူဆောင်ရာ အဖြာဖြာသည် ဘယ်မှာ မပြီး ရှိအံ့နည်း”ဟု ဆန္ဒ ၀ီရိယ တရားတို့ကို အဓိပတိ တပ်ခါ ဒီပလိုမာသင်တန်းကို သင်ယူကြပါလို့ တိုက် တွန်းပါသည်။ ထိုမှတပါး ဒီပလိုမာ သင်တန်းတက်ကြ တဲ့ အရှင်မြတ်တို့သည် ပညာတတ်ရုံနှင့် အဆင့်အမြင့် ဆုံး အထက်တန်းသို့ မရောက်နိုင်သေးပါ။ အထက် အဆင့်အတန်းအမြင့်ဆုံးနေရာသို့ ရောက်လိုလျှင် မြတ် စွာဘုရား၏ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်ကို အာရုံပြုပြီး ၀ိဇ္ဇာ ခေါ်တဲ့ အသိဥာဏ်အတတ်ပညာ စရဏခေါ်တဲ့ အ ကျင့်တရား ဤအသိနှင့်အကျင့် နှစ်မျိုးပြည့်စုံမှ အ ထက်တန်း အဆင့်အမြင့်ဆုံးနေရာသို့ ရောက်နိုင်ပါ တယ်။ ဥပမာပေးထားတယ်.. လောကမှာ တောထဲ မှာ ပေါက်နေတဲ့ အမြင့်ဆုံးဖြစ်တဲ့ သစ်ပင်ကြီးရဲ့ ထိပ် ဖျားမှာ သီးနေတဲ့ အရသာအရှိဆုံး သစ်သီးစားလိုတဲ့ ငှက်ကလေးသည် သူ့မှာ..
၁။ ခြေတောင်ပံတည်းဟူသော ပစ္စည်းလည်းရှိရမယ်
၂။ နှုတ်သီးတည်းဟူသော ပစ်္စည်းလည်း ရှိရမယ်

အဲ့ဒီလို ပစ္စည်းနှစ်မျိုးနှင့် ပြည့်စုံမှ ထိုငှက်က လေးသည် ခြေအတောင်ပံနှင့် သစ်ပင်ထိပ်ဖျား ပျံသွား ပြီးတော့ ကိုင်းမှာနား အရသာအရှိဆုံး သစ်သီးကို နှုတ် သီးနှင့် စားနိုင်တယ်။ ခြေအတောင်ပံတော့ရှိပါရဲ့ နှုတ် သီးမရှိရင် ထိုငှက်ကလေးသည် သစ်ပင်ပေါ်ရောက် အောင်ပျံ ကိုင်းနား သစ်သီးစားမယ်ကြံရင် နှုတ်သီး မပါတော့ မစားနိုင်ဘူး ။ နှုတ်သီးတော့ရှိပါရဲ့ ခြေအ တောင်ပံမရှိရင်လည်း ထိုငှက်ကလေးဟာ သစ်ပင် တောင် ရောက်အောင်မပျံနိုင်ဘူးတဲ့။

ဒါ့ကြောင့် သစ်ပင်ရဲ့ထိပ်ဖျားမှာ အရသာအရှိဆုံး သစ်သီးစားလိုတဲ့ ငှက်ကလေးသည်...
၁။ ခြေအတောင်ပံတည်းဟူသော ပစ်္စည်း
၂။ နှုတ်သီးတည်း ဟူသောပစ်္စည်း
ဤနှစ်မျိုးနှင့် ပြည့်စုံမှသာလျှင် အမြင့်ဆုံးသစ်ပင်က အရသာအရှိဆုံးသစ်သီးကို စားနိုင်တယ်။ ဒီလိုပဲ ဒီပလိုမာသင်တန်းတက်ကြတဲ့ သံဃာတော်အရှင်သူမြတ်များကလဲ မိမိတို့ သန္တာန်မှာ ၀ိဇ္ဇာဆိုတဲ့ အသိဥာဏ် အတတ်ပညာ၊ စရဏဆိုတဲ့ အကျင့်တရား ဤတရားနှစ်ပါးနှင့် ပြည့်စုံမှသာလျှင် အရှင်ဘုရားတို့သည် အဆင့်အတန်းအမြင့်ဆုံးနေရာ ရောက်ပါမယ်လို့ သြ၀ါဒပေးလျက်....

စရဏံ ပါဒပက္ခံ ၀ါ၊ ၀ိဇ္ဇာ တုဏှသမာ သမံ။
ပူရေတွာန ပေက္ခေယျုံ၊ ဘုဉ်္ဇိတုံ အမတံ ရသံ။
ပါဒပက္ခံ- ခြေအတောင်ပံနှင့်တူသော ၊ စရဏံ ၀ါ- စရဏတရားများကိုလည်းကောင်း၊ တုဏှသမာ နှုတ်သီးနှင့်တူသော၊ ၀ိဇ္ဇာ စ- ၀ိဇ္ဇာတရားမင်းကိုလည်ကောင်း၊ သမံ- မပိုမသာ ညီမျှစွာ၊ ပူရေတွာန- ဖြည့်ကျင့်ကြကုန်ပြီး၍၊ အမတံ ရသံ- အမြိုက်နိဗ္ဗာန်တည်းဟူသော အရသာကို၊ ဘုဉ်္ဇိတုံ- သုံးဆောင် ခံစားခြင်းငှာ၊ ပက္ခေယျုံ- သံသရာစခန်းမှ ပျံသန်းလွတ်မြောက်ကုန်ကြရာသတည်း။
သီတဂူ သြဝါဒကထာများမှ