Monday, August 8, 2011

ကြာ



ကြာ

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော နှင်ပေါင်း နှစ်ထောင်ငါးရာကျော်က ဗီဟာပြည်နယ်တွင် ရွာကြီးတစ်ရွာရှိသည်၊ နာဠကရွာဟုခေါ်ကြသည်၊ နာဠကရသေ့ကြီးနေထိုင်သီတင်းသုံးသောကြောင့်လဲ နာဠကရွာဟုသိကြသည်၊ ရွာနီးဝန်ကျင်တွင် ကြာကန်များ ကြာပန်းဝေေ၀ဆာဆာဖြင့် တင့်တင့်တယ်တယ် ရှိနေသဖြင့်လဲ ကြာကန်ရွာ(နာဠကဂါမ) ဟုခေါ်ခဲ့ကြခြင်း ဖြစ်နိုင်သေးသည်၊

ယနေ့တွင် ကမ္ဘာ့ပထမဆုံး တက္ကသိုလ်ကြီးဖြစ်သော နာလန္ဒာတက္ကသိုလ်ကြီးသည် ရှေးက နာဠကရွာလေးတွင် တည်ထားခြင်းဖြစ်သည်၊ နာဠသည် ကြာကို ဆိုလိုသည်၊ ‘ ဒိုး၊ ဒ’ သည် ဟင်ဒီ ဘာသာအားဖြင့် ပေးခြင်းကို ဆိုလိုသည်၊

ပိဋကတ်တော်များတွင် ကြာသည် ကြာပန်းသက်သက်ကိုသာ မယူပဲ ပညာကိုလဲ ကိုယ်စားပြုလေ့ရှိသည်၊ ယနေ့ နာလန္ဒာတက္ကသိုလ်ကြီးသည် ပညာပေးရာဌာနကြီး၊ ပညာဖြန့်ဝေရာ ဌာနကြီး တစ်ခုဖြစ်သည်၊

ကမ္ဘာအရပ်ရပ်က နိုင်ငံတကာကျောင်းသားများဖြင့် အမြဲတမ်း စည်ဝေနေလေ့ရှိသည်၊ ပညာရည် သောက်စို့ကြသော ပျား၊ ပိတုန်းတို့ဖြင့် တစီစီညံနေလေ့ရှိသည်၊
ထိုတက္ကသိုလ်ကြီး တည်နေရာ နေရာတွင် ဘုရားရှင် မပွင့်ထွန်းမီကပင် နာဠကရွာ ရှိခဲ့သည်၊

နာဠကရွာသည် တောင်ပိုင်းမြောက်ပိုင်းကဲ့သို့ ခွဲခြားပြီးခေါ်ကြသည်၊ တစ်ဘက်ခြမ်းတွင်ဗြဟ္မဏ မိသားစုတစ်စု နေထိုင်သည်၊ ထို့အတူ တစ်ဘက်ခြမ်းတွင်လဲ ဗြဟ္မဏမိသားစုတစ်စုနေထိုင်သည်၊

ကြာပန်းများပွင့်လေ့ရှိသော ထိုရွာလေးတွင် တစ်ချိန်ထဲ ဗြဟ္မဏမိသားစုနှစ်မှ သားများထွန်းကားကြသည်၊ တစ်ယောက်သောသားကို ဥပတိဿ သတို့သား၊ တစ်ယောက်ကိုကား ကောလိတ သတို့သားဟု အမည် မှည့်ခေါ်ကြသည်၊ တစ်ရွာထည်းသားမျာမို့ တပူးတွဲတွဲနေကြသည်၊

သမိုင်းတွင်မည့်နာဠကရွာ၏ကြာပန်းကြီးနှစ်ခိုင်ပင်ဖြစ်သည်၊ ငယ်စဉ်ကပင် ဗြဟ္မဏတို့ရိုးရာ ဝေဒကျမ်းဂန်များကို တစ်ဘက်ကမ်းခတ် တတ်မြောက်ကြသည်၊ ရိုးရာဓလေ့ ထုံးစံများဖြင့် အားရနှစ်သက်ခြင်း မရှိကြသေးပဲ လွတ်မြောက်ခြင်းကိုလဲ လိုလားကြပြန်သည်၊

အသက်ငယ်ငယ် လူရွယ်နှစ်ယောက်သည် နယ်အနှံ့ လှည့်လည် သွားလာပြီး လွန်မြောက်ခြင်းကို ပေးနိုင်သော ဆရာကို ရှာကြသည်၊ နေ့မနား ညမအား ရှာဖွေကြရာ နောက်ဆုံး ပွဲကြည့်နေတုန်းပင်လျှင် လွတ်မြောက်မှုကို ရှာဖွေကြသည်၊

ထို့နောက် ရာဇဂြိင်္ုဟ်မြို့ကြီးတွင် တပည့်ပေါင်းများစွာဖြင့် ဆရာလုပ်နေသောဆရာ တစ်ယောက် ကိုတွေ့ကြ သည်၊ ဥပတိဿ၊ ကောလိတတို့ တပည့်ခံကြသည်၊ သို့သော် လွတ်မြောက်မှုကို မတွေ့ခဲ့ကြရပေ၊

တစ်နေ့ရာဇဂြိင်္ုဟ်မြို့ အတွင် လှည်လည်သွားလာရင်း ဘုရားရှင်၏ ပထမဆုံးတပည့်၊
သာဝကများထဲက တစ်ယောက်ဖြစ်သော ရဟန်းတော် အဿဇိမထေရ်ကို တွေ့ခဲ့ရသည်၊
မထေရ်မြတ်ထံမှ ဘုရားရှင်၏ လွတ်မြောက်ခြင်း အကျဉ်းချုပ်တရားကို နာကြားပြီးလောကရှိသမျှ တရားတို့ကို အမှန်အတိုင်းမြင်နိုင်သော ပထမအဆင့် အရိယာ သူတော်စင်ဖြစ်ခဲ့သည်၊

သူတော်စင် ဥပတိဿသည် သူငယ်ချင်း ကောလိတထံ အရောက်သွားပြီး သိခဲ့သမျှကို မျှဝေခံစားသည်၊ သူငယ်ချင်းကောလိတလဲ မိတ်ဆွေဖြစ်သူ ဥပတိဿနည်းတူ တရားသိခဲ့သည်၊

လွတ်မြောက်ခြင်းကို လမ်းစ ရှာဖွေ တွ့ရှိခဲ့ကြသောနာဠကရွာသားနှစ်ယောက် သည်ဝေဠုဝန်ကျောင်းတော် သို့ ထွက်ခဲ့ကြသည်၊
ကျောင်းတော် ရောက်လျှင် မိမိတို့ဖြစ်စဉ်များ ကို ဘုရားရှင်အား လျှောက်ထားကြသည်၊

ဘုရားရှင်ထံ တပည့်တော်များ၏ ပထမ ဆရာဖြစ်သော သဉ္စယဆရာကြီးကို ပါ အပါခေါ်ပါသော်လည်း မလိုက်ဖြစ်ခဲ့ပုံတို့ကို လျှောက်ထားသည်၊

အမှားကို အမှန်ထင်၊ အမြင်မှန်မရပဲ ၊
အယူလွဲကြီးကို စွဲနေလျှင်၊ ဆွဲကိုင်ထားလျှင်။
လွတ်မြောက်မှု မရနိုင်ကြောင်းဟောပြတော်မူသည်၊
လွတ်မြောက်မှုကို လိုလားလျှင်-

သာရဉ္စသာရတော ဉတွာ၊ အသာရဉ္စ အသာရတော၊
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပ ဂေါစရာ။

မှန်မှန်ကန်ကန် အတွေးမျိုးဖြင့်
သာရ၊ အသာရ၊ အနှစ် အကာကို၊
ခွဲခြားလှစ်ဖြာ၊ သိနိုင်ရမည်၊
ထိုအသိနှစ်မျိုး တန်ဖိုးထားလျှင်၊
ဘယ်အကြောင်းကြောင့်မှ မပျက်နိုင်သော
တကယ့် သာရ သဘောသို့ရောက်နိုင်သည်၊
ဟုဟောပြတော်မူသည်၊

ထိုနေ့က ဝေဠုဝန်ကျောင်းတော်တွင် ရာထူးထားခြင်းနှင့် အမည်ပြောင်းလဲ မှည့်ခေါ်ခြင်များ ပြုလုပ်သည်၊ ဘုရားရှင် ကိုယ်တော်တိုင်ပင် ရာထူးထားခြင်းနှင့် နာမည်ပေးခြင်းကို ဆောင်ရွက်တော်မူသည်၊

နာဠကရွာက ဥပတိဿကို သူ့ မွေးမိခင်ကို ဂုဏ်ပြုပြီး သာရီရဲ့သား သာရိပုတ္တရာလို့ေ ခ်ါတော်မူသည်၊ နောက်နာဠက ရွာသားတစ်ဦးဖြစ်သော ကောလိတကို လဲ မွေးမိခင် မောဂ္ဂလိကို ဂုဏ်ပြုပြီး မောဂ္ဂလာန်ဟု သံဃာတော်များ အလည်တွင် မှည့်တွင်ခေါ်တော်မူခဲ့သည်၊

ရှင်သာရိပုတ္တရာကို လက်ယာဘက်၌ ထားတော်မူသည်၊ ဘုရားရှင်ကိုယ်တော်တိုင် မိမိကိုယ်စား ရံခါ ရံခါ တရားဟောစေတော်မူသည်၊ လက်ဝဲဘက်တွင် ရှင်မောဂ္ဂလာန်ကို ထားပြီး သာသနာတော် အတွင်း သာသနာပ လူများက မမှန် မကန်ပြောဆို စွပ်စွဲလာလျှင် ဖြေရှင်ဖို့ အရေး ကိုယ်စား ခိုင်းစေတော်မူလေ့ရှိသည်၊ သာသနာတော်တွင် ဘယ်သော အခါမှ ပျောက်ကွယ် မသွားနိုင်သော ‘ကြာပန်း’ ကြီးများဖြစ်တော့သည်၊

ဘုရားရှင် မွေးရပ်မြေပြန်ကြွတော့-
နာဠကရွာသားနှစ်ဦး နောက်တော်ပါးက လိုက်တော်မူကြသည်၊
တွေ့မြင်ရသူတိုင်းကို ဦးညွတ်လေး စားစေခြင်းငှာ စွမ်းနိုင်သော ရွာသားကြီးနှစ်ဦးပင် ဖြစ်တော့သည်၊