Wednesday, September 10, 2014

ဘာသာခြားအား တရားဆေးဖြင့်ကုသခြင်း

{ ဘာသာခြားအား တရားဆေးဖြင့်ကုသခြင်း }

          " ဦးထိန်ဝင်း ဘာဖြစ်လာပြန်ပြီလဲ ..... "
 ဆေးခန်းထဲဝင်လာသော ဦးထိန်ဝင်းအား ကျွန်တော်
 က မေးလိုက်သည်။ 
          " ခေါင်းမူးတယ် ဆရာရယ်...."
 ဟုပြောပြီး လူနာခုတင်ပေါ် တက်လိုက်သည်။
         " ကျွန်တော့်မိန်းမ အိမ်ပေါ်က ဆင်းသွားတာ
           ခုထိပြန်မလာသေးဘူးဆရာ ရင်ထဲမှာလည်း
            အလုံးကြီးတစ်လုံးဆို့နေသလို တစ်ဆို့ဆို့
           ကြီးဖြစ်နေတယ်.... ....ကလေးသုံးယောက်
           နဲ့ ကျွန်တော့်ကိုထားခဲ့ပြီး ထွက်သွားတယ်
           ဆရာ..............ကလေးတွေကတစ်ဖက် 
           အလုပ်ကတစ်ဖက်နဲ့ ပင်ပန်းတယ်ဆရာ
           ရယ်.....ထမင်းလည်းစားလို့မရဘူး.....ရင်ထဲ
           မှာ တစ်ဆို့ဆို့ကြီးဖြစ်နေတယ်......"
 ဟု ယောက်ျားကြီးတစ်ယောက်က မျက်ရည်ဝဲပြီး
 ပြောလာသည်။ပြီးခဲ့တဲ့တစ်ပတ်ကလည်း ငိုငိုယိုယို
 နှင့်ပြောခဲ့ဖူးပြီ။ခုတစ်ခေါက်လာတော့လည်း 
 မျက်ရည်ဝဲနေပြန်ပြီ။ဦးထိန်ဝင်းတစ်ယောက် စိတ်ကျ
 ရောဂါ ခံစားနေရပြီဆိုတာကို သိလိုက်ပါပြီ။စိတ်ကျ
 ရောဂါ ဖြစ်လာပြီဆိုလျှင် အောက်ပါအဆင့်တွေကို
 ဖြတ်ကျော်ရတယ်။
    ( ၁) အဆင့်တစ်
             ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို 
          လက်မခံနိုင်ဘဲ ပေါက်ကွဲနေတတ်တယ်။
          ဘယ်ဟာကိုမှစိတ်တိုင်းမကျပဲ အမြဲတမ်း
          လိုလို ဒေါသထွက်နေတတ်တယ်။
    ( ၂)  အဆင့်နှစ်
               ဒီအဆင့်မှာ ဝမ်းနည်းပြီး ငိုကျွေးနေလိမ့်
           မယ်။ဒီအဆင့်မှာ မိမိကိုယ်ကို သတ်သေ
           သတ်သေတတ်ကြတယ်။
    ( ၃) အဆင့်သုံး
                 ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေ
           ကို လက်ခံလိုက်ပြီ။ဒေါသလည်းမထွက်တော့
           သလို ငိုလည်းမငိုတော့ဘူး။
    ( ၄) အဆင့်လေး
                 ဒီအဆင့်မှာ ရှေ့ဆက်မယ့်ခရီးအတွက်
           အားအင်သစ်တွေ မွေးလာပြီ။ပုံမှန် လေ့ကျင့်
           ခန်းလုပ်လာပြီ။ပြုံးရယ်တတ်လာပြီ။
          ဦးထိန်ဝင်းရဲ့ စိတ်ကျရောဂါအခြေအနေက
 အဆင့်နှစ်မှာ ဖြစ်နေတယ်။အခြေအနေ သိပ်
 မကောင်းဘူး။ကိုယ့်ကိုယ်ကိုသတ်သေနိုင်တဲ့ 
 အဆင့်မှာဖြစ်နေတယ်။
            " ဆရာ....ကျွန်တော် အားဆေးထိုးချင်တယ်၊
               အစာလည်းစားလို့မရဘူး....."
 လို့ သူကပြောလာတယ်။ဒါနဲ့ ကျွန်တော်က သူ့သွေး
 ပေါင်ကို တိုင်းကြည့်လိုက်တယ်။အပေါ်သွေးပေါင်က 
 တစ်ရာ့ခြောက်ဆယ်ရှိပြီး အောက်သွေးပေါင်က
 တစ်ရာရှိနေတယ်။အရက်သောက်လို့ သွေးတိုးတာ
 မှန်း ရိပ်မိပေမယ့် မမေးဖြစ်တော့ဘူး။
            " ဦးလေးထိန်ဝင်း သွေးပေါင်ကတက်နေ
               တယ်.....အားဆေးထိုးလို့ မရသေးဘူး....
               သွေးပေါင်ကျဆေး သောက်လိုက်ဦး.......
              နောက်နေ့ပြန်လာကြည့်လိုက်...သွေးပေါင်
              မှန်ရင် အားဆေးထိုးပေးမယ်.....ခုတော့
              အစာဝင်အောင် စားလိုက်ဦး......အဆီ
              အငန်လျော့စား.....ဝက်သားရှောင်......."
 လို့သူ့ကိုပြောသည်။ပြီးနောက် လိုအပ်တဲ့ ဆေးကို
 ထုပ်ပြီး သူ့ကိုပေးလိုက်သည်။ထို့နောက် ကျွန်တော်
 က သူ့ကို ဤသို့မေးလိုက်သည်။
             " ဦးလေး ရင်ထဲမှာ တစ်ဆို့နေတဲ့ အလုံးကြီး
               ကော ကျသွားချင်လား...."
             " ကျချင်တာပေါ့ ဆရာရဲ့...."
             " ဒါဆို မျက်စိမှိတ်ပြီး ဦးလေးရင်ထဲမှာ
                တစ်ဆို့နေတဲ့ အလုံးကြီးကို စိတ်နဲ့
                ကြည့် ကြည့်လိုက်....."
 ဦးထိန်ဝင်း ခုတင်ပေါ်တွင် လှဲနေရာမှ ထထိုင်လိုက်
 သည်။ပြီးနောက် မျက်စိမှိတ်လိုက်သည်။ခဏကြာ
 တော့ ပြန်ပွင့်လာသည်။ကျွန်တော်က မေးလိုက်
 သည်။
               " တွေ့လား......"
               " ဟုတ်ကဲ့.....တွေ့တယ်ဆရာ....."
               " အေး....အဲဒီ တစ်ဆို့နေတဲ့ အလုံးကြီးကို
                  သာ ဦးလေး ကြာကြာလေးကြည့်ပေး
                  လိုက်.....အဲဒီအလုံးပျောက်သွားလိမ့်
                  မယ်...."
 သူ မျက်စိမှိတ်လိုက်ပြန်သည်။တအောင့်ကြာတော့
 ပြန်ပွင့်လာသည်။ကျွန်တော်က သူ့ကို ဆက်ပြော
 သည်။
      " အဲဒါ မြတ်ဗုဒ္ဓဖော်စပ်ထားတဲ့ ဝိပဿနာဆေးပဲ၊
        ဒီဆေးက လူ့ခန္ဓာ ကိုယ်မှာရှိတဲ့ 
        ကိလေသာ စိတ်အညစ်အကြေး
        တွေကို ဆေးကြောပေးတယ်....ဦးလေးက 
        မွတ်စလင်မှန်းကျွန်တော်သိပါတယ်.....ဒီဆေး
        က ဘာသာရေးနဲ့ မဆိုင်ဘူးနော်....စိတ်ချမ်းသာ
        ချင်တဲ့ ဘယ်ဘာသာဝင်မဆို ဒီဆေးကိုသောက်
        လို့ရတယ်....ဒီဆေးသောက်လို့ ဦးလေးလည်း
        ဗုဒ္ဓဘာသာဖြစ်မသွားသလို ဦးလေးသောက်လို့
        လည်း ဒီဆေးဟာ မွတ်စလင်ဘာသာရဲ့ဆေး
        ဖြစ်မသွားဘူး......ဒီဆေးဟာ စိတ်ချမ်းသာချင်
        တဲ့ လူသားတိုင်းနဲ့ သက်ဆိုင်တယ်...........
        ဟုတ်လား??? "

        " ဟုတ်ပါတယ် ဆရာ....."

        "ကျွန်တော့်ဆေးခန်းကို မွတ်စလင်
        လည်းလာတယ်၊ ဟိန္ဒူလည်းလာတယ်၊ခရစ်
        ယာန်လည်းလာတယ်....ကျွန်တော်က ဗုဒ္ဓဘာ
        သာဆရာဝန်တစ်ယောက်....ဘာသာခြားတွေ
        က ကျွန်တော့်ဆီ သူတို့ရောဂါပျောက်အောင်
        ကုသချင်လို့ လာကြတယ်.........ကျွန်တော်က
        သူတို့ရောဂါပျောက်စေတဲ့ဆေးကို ပေးမယ်....
        ကျွန်တော်က ဗုဒ္ဓဘာသာဝင်မို့လို့ ကျွန်တော်
        ပေးတဲ့ဆေးကို မသောက်ပဲနေမှာလား......"
 လို့ ကျွန်တော်က မေးလိုက်သည်။
        " သောက်မှာပေါ့ဆရာရဲ့.....ဆရာပေးတဲ့ဆေး
           သောက်မှ ရောဂါပျောက်မှာပေါ့....ဆရာပေး
           တဲ့ဆေးနဲ့ ဘာသာရေးနဲ့ ဆိုင်မှမဆိုင်တာ....."
 လို့ ဖြေလာသည်။ထိုအခါ ကျွန်တော်က
         " အဲဒီသဘောပဲဦးလေး....အခုဦးလေးက 
            စိတ်ဆင်းရဲနေတာ.... စိတ်ချမ်းသာချင်ရင် 
            ဘာသာရေးဆိုတာကြီးကို ခဏဘေးဖယ်
            ထားပြီး ဝိပဿနာဆေးကို သောက်ကြည့်
            လိုက်....အိမ်ပြန်ရောက်ရင် ရင်ထဲမှာ တစ်
            ဆို့နေတဲ့ အဲဒီအလုံးကြီးကို ကြည့်နေ.....
            မကြာခင် ပျောက်သွားလိမ့်မယ်......."
 လို့ ပြောလိုက်တယ်။သူက ဟုတ်ကဲ့ဆရာဟုပြောပြီး
 ဆေးထုပ်ယူကာ အိမ်ပြန်သွားတယ်။တကယ်တော့
 ဦးလေးရင်ထဲက တစ်ဆို့ဆို့အလုံးကြီးဆိုတာ သော
 ကပရိဒေဝမီးလုံးကြီးပါ။
             ဥပမာ ဘာနဲ့တူသလဲဆိုတော့ ခါလယ်ပိုင်း
 ပြတ်နေတဲ့ ဝါးလုံးခေါင်းထဲမှာ နှင်းလုံးကြီးတစ်လုံး
 တစ်ဆို့နေတယ်။နှင်းမြူတွေကလည်းကျနေတယ်။
 ဒါပေမယ့် နေထွက်လာတဲ့အခါ နှင်းမြူတွေဟာ
 နေကြောင့် လွင့်ပြယ်ရသလို ဝါးလုံးခေါင်းထဲမှာ
 တစ်ဆို့နေတဲ့ နှင်းလုံးကြီးဟာလည်း နေရောင်
 ကြောင့် အရည်ပျော် အငွေ့ပျံပြီးပျောက်ဆုံးသွား
 တယ်။ဒီဥပမာမှာ ဝါးလုံးခေါင်းက ခန္ဓာကိုယ်ဖြစ်ပြီး
 တစ်ဆို့နေတဲ့ နှင်းလုံးကြီးက သောကပရိဒေဝမီးလုံး
 ကြီးဖြစ်တယ်။နှင်းမြူတွေကတော့ မောဟအမှောင်
 ဖြစ်ပြီး နေရောင်ကတော့ ဝိပဿနာဉာဏ်အလင်း
 ရောင် ဖြစ်တယ်။ဝိပဿနာဉာဏ်အလင်းရောင်
 ဟာလည်း မောဟနှင်းမြူတွေကို ဖယ်ရှားပြီး 
 ဦးလေးရင်ထဲမှာတစ်ဆို့နေတဲ့ သောကပရိဒေဝ
 နှင်းလုံးကြီးကို အရည်ပျော် အငွေ့ပျံစေပြီး ပျောက်
 စေလိမ့်မယ်။
                      ************
             နောက်တစ်နေ့ နံနက်စောစော ဦးလေးထိန်
 ဝင်း ကျွန်တော့်ဆီရောက်လာတယ်။
             " ဆရာ.....ညက ကျွန်တော် ဘုရားစာရွတ်
 လိုက်၊ဆရာပြောတဲ့အလုံးကိုကြည့်လိုက်နဲ့ အိပ်လို့
 ရတယ်ဆရာ...."
             လို့ အားတက်သရောပြောလာတယ်။သူ့
 စကားက ပြီးခဲ့တဲ့ ညတွေ ညတွေမှာ အိပ်မရခဲ့ဘူး
 လို့ အဓိပ္ပာယ်သက်ရောက်နေတယ်။မြတ်ဘုရား၏
 ဆေးစွမ်း ကိုမျှဝေပြီး လူတစ်ယောက်၏ စိတ်ကို
 အေးချမ်းစေခဲ့လို့ ပီတိဖြစ်ရပါတယ်။
            " ဝမ်းသာပါတယ်ဗျာ.....ဒါနဲ့ ဘုရားစာရွတ်
 တာနဲ့ ဝိပဿနာနဲ့က မတူဘူးနော် ဦးလေး........
 ဘုရားစာရွတ်တာက ကိလေသာတွေကို သန့်စင်
 အောင်ဆေးကြောနိုင်စွမ်းမရှိဘူး....သူက ဖုံးရုံလေး
 ဖုံးပေးနိုင်တယ်....ဘုရားစာရွတ်နေတဲ့အချိန်မှာ 
 မပေါ်ပေမယ့် ဘုရားစာမရွတ်တော့ရင် ကိလေသာ
 စိတ်တွေက ပေါ်လာရော......ဝိပဿနာက အဲလို
 မဟုတ်ဘူး....ဝိပဿနာက ကိလေသာတွေကို
 ကင်းစင်အောင် ဆေးကြောပေးနိုင်တဲ့ ဂုဏ်သတ္တိ
 ရှိတယ်....."
            လို့ပြောတော့ သူက ကျွန်တော့်ကို လက်မ
 ထောင်ပြပြီး
             " ဆရာ......တော်တယ်......"
 ဟုပြုံးရယ်ကာပြောရင်း နှုတ်ဆက်ကာ ထွက်သွား
 လေတော့သည်။

                                                    ဦးတိုးအောင်
   ( စာကြွင်း) 
     အကယ်၍ စာဖတ်သူသည် အခြားလူတစ်ယောက်
     အား ဒေါသထွက်နေလျှင် ထိုလူနှင့်ပြောခဲ့ ဆိုခဲ့
     တာတွေကိုတွေးနေလို့ဖြစ်သည်။ မိမိကို ဒေါသဖြစ်
    စေသောသူ၏ အကြောင်းကို မတွေးပဲ ထိုသူ့ကြောင့်
     မိမိခန္ဓာထဲတွင်ဖြစ်နေသော ဒေါသလက္ခဏာတွေကို
     သိပေး၊ကြည့်ပေးလျှင် ဝိပဿနာဖြစ်သည်။ထိုလူ့
     ကိုမြင်ယောင်လျှင် ဒေါသဖြစ်မည်။ထိုလူ့ကြောင့်
     ဖြစ်ပေါ်လာသော ခန္ဓာကိုယ်ထဲက ဒေါသလက္ခဏာ
     တွေကို ကြည့်လျှင် အချိန်ကြာလာလေ အေးချမ်း
     လေ ဖြစ်မည်။
     အကယ်၍ စာဖတ်သူသည် လောဘကြောင့် ပစ္စည်း
    တစ်ခုခုကို လိုချင်လာလျှင် ထိုပစ္စည်းသာ မိမိစိတ်ထဲ
    ပေါ်လာတော့သည်။ကိုယ်လိုချင်နေသော ပစ္စည်းကို
    စိတ်ထဲကပုံဖော်ကြည့်မနေပဲ ထိုပစ္စည်းကြောင့် မိမိ
    ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသော လောဘရဲ့လက္ခ
   ဏာလေးတွေကိုသိပေး၊ကြည့်ပေးနေလျှင် ဝိပဿနာ
    ဖြစ်သည်။ထိုသို့ကြည့်ပေးလျှင် အချိန်ကြာလာသည်
    နှင့်အမျှ အေးချမ်းလာလိမ့်မည်။
      "ထို့ကြောင့် ဝိပဿနာဆိုတာ နေ့စဉ်အလုပ်တွေကို
    ပုံမှန်လုပ်ရင်း လေ့ကျင့်သွားနိုင်တဲ့ စိတ်ချမ်းသာစေ
    သော အလေ့အကျင့်ကောင်း တစ်ခုပါ "
                နှလုံးခုန်မြန်လာမယ်၊ နှလုံးခုန်နှုန်းစည်းချက်
   မမှန်ဖြစ်လာမယ်၊မျက်နှာနီရဲလာမယ်၊မျက်နှာပူလာ
   မယ်၊ တစ်ကိုယ်လုံးပူလာမယ်၊ တစ်ကိုယ်လုံးတုန်ရီ
   နေမယ်၊ ခြေဖျားလက်ဖျား တုန်ရီနေမယ်၊အာခေါင်
   ခြောက်လာမယ်  စတဲ့လက္ခဏာတွေက လောဘ၊
    ဒေါသရဲ့ လက္ခဏာတွေပါပဲ.....)
ဘာသာခြားအား တရားဆေးဖြင့်ကုသခြင်း

" ဦးထိန်ဝင်း ဘာဖြစ်လာပြန်ပြီလဲ ..... "
ဆေးခန်းထဲဝင်လာသော ဦးထိန်ဝင်းအား ကျွန်တော်က မေးလိုက်သည်။
" ခေါင်းမူးတယ် ဆရာရယ်...." ဟုပြောပြီး လူနာခုတင်ပေါ် တက်လိုက်သည်။
" ကျွန်တော့်မိန်းမ အိမ်ပေါ်က ဆင်းသွားတာ ခုထိပြန်မလာသေးဘူးဆရာ ရင်ထဲမှာလည်း
အလုံးကြီးတစ်လုံးဆို့နေသလို တစ်ဆို့ဆို့ကြီးဖြစ်နေတယ်။ ကလေးသုံးယောက်နဲ့ ကျွန်တော့်ကို ထားခဲ့ပြီး ထွက်သွားတယ်။

ဆရာ...ကလေးတွေကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ ပင်ပန်းတယ်ဆရာရယ်။ ထမင်းလည်း စားလို့မရဘူး။ ရင်ထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်နေတယ်......" ဟု ယောက်ျားကြီးတစ်ယောက်က မျက်ရည်ဝဲပြီးပြောလာသည်။ပြီးခဲ့တဲ့တစ်ပတ်ကလည်း ငိုငိုယိုယို နှင့်ပြောခဲ့ဖူးပြီ။ ခုတစ်ခေါက် လာတော့လည်း မျက်ရည်ဝဲနေပြန်ပြီ။ဦးထိန်ဝင်းတစ်ယောက် စိတ်ကျရောဂါ ခံစားနေရပြီဆိုတာကို သိလိုက်ပါပြီ။စိတ်ကျရောဂါ ဖြစ်လာပြီဆိုလျှင် အောက်ပါအဆင့်တွေကို ဖြတ်ကျော်ရတယ်။

( ၁) အဆင့်တစ်
ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို လက်မခံနိုင်ဘဲ ပေါက်ကွဲနေတတ်တယ်။ ဘယ်ဟာကိုမှ စိတ်တိုင်းမကျပဲ အမြဲတမ်းလိုလို ဒေါသထွက်နေတတ်တယ်။

( ၂) အဆင့်နှစ်
ဒီအဆင့်မှာ ဝမ်းနည်းပြီး ငိုကျွေးနေလိမ့်မယ်။ ဒီအဆင့်မှာ မိမိကိုယ်ကို သတ်သေတတ်ကြတယ်။

( ၃) အဆင့်သုံး
ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို လက်ခံလိုက်ပြီ။ဒေါသလည်းမထွက်တော့သလို ငိုလည်းမငိုတော့ဘူး။

( ၄) အဆင့်လေး
ဒီအဆင့်မှာ ရှေ့ဆက်မယ့်ခရီးအတွက် အားအင်သစ်တွေ မွေးလာပြီ။ ပုံမှန် လေ့ကျင့်ခန်း လုပ်လာပြီ။ ပြုံးရယ်တတ်လာပြီ။ ဦးထိန်ဝင်းရဲ့ စိတ်ကျရောဂါအခြေအနေက အဆင့်နှစ်မှာ ဖြစ်နေတယ်။ အခြေအနေ သိပ် မကောင်းဘူး။ ကိုယ့်ကိုယ်ကို သတ်သေနိုင်တဲ့ အဆင့်မှာ ဖြစ်နေတယ်။

" ဆရာ....ကျွန်တော် အားဆေးထိုးချင်တယ်၊ အစာလည်းစားလို့မရဘူး....." လို့ သူက ပြောလာတယ်။ ဒါနဲ့ ကျွန်တော်က သူ့သွေးပေါင်ကို တိုင်းကြည့်လိုက်တယ်။အပေါ်သွေးပေါင်က  တစ်ရာ့ခြောက်ဆယ်ရှိပြီး အောက်သွေးပေါင်ကတစ်ရာရှိနေတယ်။ အရက်သောက်လို့ သွေးတိုးတာ
မှန်း ရိပ်မိပေမယ့် မမေးဖြစ်တော့ဘူး။

" ဦးလေးထိန်ဝင်း သွေးပေါင်ကတက်နေတယ်.။ အားဆေးထိုးလို့ မရသေးဘူး။ သွေးပေါင် ကျဆေး သောက်လိုက်ဦး။ နောက်နေ့ပြန်လာကြည့်လိုက်...သွေးပေါင်မှန်ရင် အားဆေးထိုးပေးမယ်။ ခုတော့အစာဝင်အောင် စားလိုက်ဦး။ အဆီ အငန်လျော့စား။ ဝက်သားရှောင်..." လို့ သူ့ကို ပြောသည်။ ပြီးနောက် လိုအပ်တဲ့ ဆေးကို ထုပ်ပြီး သူ့ကိုပေးလိုက်သည်။ထို့နောက် ကျွန်တော်က သူ့ကို ဤသို့မေးလိုက်သည်။

" ဦးလေး ရင်ထဲမှာ တစ်ဆို့နေတဲ့ အလုံးကြီးကော ကျသွားချင်လား...."
" ကျချင်တာပေါ့ ဆရာရဲ့...."
" ဒါဆို မျက်စိမှိတ်ပြီး ဦးလေးရင်ထဲမှာတစ်ဆို့နေတဲ့ အလုံးကြီးကို စိတ်နဲ့
ကြည့် ကြည့်လိုက်....."
ဦးထိန်ဝင်း ခုတင်ပေါ်တွင် လှဲနေရာမှ ထထိုင်လိုက်သည်။ပြီးနောက် မျက်စိမှိတ်လိုက်သည်။ ခဏကြာတော့ ပြန်ပွင့်လာသည်။ကျွန်တော်က မေးလိုက်သည်။

" တွေ့လား......"
" ဟုတ်ကဲ့.....တွေ့တယ်ဆရာ....."
" အေး....အဲဒီ တစ်ဆို့နေတဲ့ အလုံးကြီးကိုသာ ဦးလေး ကြာကြာလေး ကြည့်ပေးလိုက်။ အဲဒီအလုံးပျောက်သွားလိမ့်မယ်...."
သူ မျက်စိမှိတ်လိုက်ပြန်သည်။ တအောင့်ကြာတော့ပြန်ပွင့်လာသည်။ ကျွန်တော်က သူ့ကို ဆက်ပြောသည်။

" အဲဒါ မြတ်ဗုဒ္ဓဖော်စပ်ထားတဲ့ ဝိပဿနာဆေးပဲ၊ ဒီဆေးက လူ့ခန္ဓာ ကိုယ်မှာရှိတဲ့ ကိလေသာ စိတ်အညစ်အကြေးတွေကို ဆေးကြောပေးတယ်....ဦးလေးက မွတ်စလင်မှန်း ကျွန်တော် သိပါတယ်။ ဒီဆေးက ဘာသာရေးနဲ့ မဆိုင်ဘူးနော်....စိတ်ချမ်းသာချင်တဲ့ ဘယ်ဘာသာဝင်မဆို ဒီဆေးကိုသောက်လို့ရတယ်။ ဒီဆေးသောက်လို့ ဦးလေးလည်း ဗုဒ္ဓဘာသာဖြစ်မသွားသလို ဦးလေးသောက်လို့လည်း ဒီဆေးဟာ မွတ်စလင်ဘာသာရဲ့ဆေးဖြစ်မသွားဘူး။ ဒီဆေးဟာ စိတ်ချမ်းသာချင်တဲ့ လူသားတိုင်းနဲ့ သက်ဆိုင်တယ်.........။ ဟုတ်လား??? "
" ဟုတ်ပါတယ် ဆရာ....."

"ကျွန်တော့်ဆေးခန်းကို မွတ်စလင်လည်းလာတယ်၊ ဟိန္ဒူလည်းလာတယ်၊ ခရစ်ယာန်လည်း လာတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာ ဆရာဝန်တစ်ယောက်....ဘာသာခြားတွေက ကျွန်တော့်ဆီ သူတို့ရောဂါပျောက်အောင် ကုသချင်လို့ လာကြတယ်။ ကျွန်တော်က သူတို့ရောဂါ ပျောက်စေတဲ့ ဆေးကို ပေးမယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်မို့လို့ ကျွန်တော်ပေးတဲ့ဆေးကို မသောက်ပဲ နေမှာလား......"လို့ ကျွန်တော်က မေးလိုက်သည်။

" သောက်မှာပေါ့ဆရာရဲ့.....ဆရာပေးတဲ့ဆေးသောက်မှ ရောဂါပျောက်မှာပေါ့။ ဆရာပေးတဲ့ဆေးနဲ့ ဘာသာရေးနဲ့ ဆိုင်မှမဆိုင်တာ....."လို့ ဖြေလာသည်။ ထိုအခါ ကျွန်တော်က" အဲဒီသဘောပဲ ဦးလေး။ အခုဦးလေးက စိတ်ဆင်းရဲနေတာ။ စိတ်ချမ်းသာချင်ရင် ဘာသာရေးဆိုတာကြီးကို ခဏ ဘေးဖယ်ထားပြီး ဝိပဿနာဆေးကို သောက်ကြည့်လိုက်။ အိမ်ပြန်ရောက်ရင် ရင်ထဲမှာ တစ်ဆို့နေတဲ့ အဲဒီအလုံးကြီးကို ကြည့်နေ.....။ မကြာခင် ပျောက်သွားလိမ့်မယ်......."လို့ ပြောလိုက်တယ်။ သူက ဟုတ်ကဲ့ဆရာဟုပြောပြီးဆေးထုပ်ယူကာ အိမ်ပြန်သွားတယ်။ တကယ်တော့ ဦးလေးရင်ထဲက တစ်ဆို့ဆို့အလုံးကြီးဆိုတာ သောကပရိဒေဝမီးလုံးကြီးပါ။ ဥပမာ ဘာနဲ့တူသလဲဆိုတော့ ခါလယ်ပိုင်းပြတ်နေတဲ့ ဝါးလုံးခေါင်းထဲမှာ နှင်းလုံးကြီးတစ်လုံး တစ်ဆို့ နေတယ်။ နှင်းမြူတွေကလည်းကျနေတယ်။ ဒါပေမယ့် နေထွက်လာတဲ့အခါ နှင်းမြူတွေဟာ နေကြောင့် လွင့်ပြယ်ရသလို ဝါးလုံးခေါင်းထဲမှာ တစ်ဆို့နေတဲ့ နှင်းလုံးကြီးဟာလည်း နေရောင်ကြောင့် အရည်ပျော် အငွေ့ပျံပြီးပျောက်ဆုံးသွားတယ်။

ဒီဥပမာမှာ ဝါးလုံးခေါင်းက ခန္ဓာကိုယ်ဖြစ်ပြီးတစ်ဆို့နေတဲ့ နှင်းလုံးကြီးက သောကပရိဒေဝမီးလုံးကြီး ဖြစ်တယ်။ နှင်းမြူတွေကတော့ မောဟအမှောင်ဖြစ်ပြီး နေရောင်ကတော့ ဝိပဿနာဉာဏ် အလင်းရောင် ဖြစ်တယ်။ဝိပဿနာဉာဏ်အလင်းရောင်ဟာလည်း မောဟနှင်းမြူတွေကို ဖယ်ရှားပြီး ဦးလေးရင်ထဲမှာတစ်ဆို့နေတဲ့ သောကပရိဒေဝနှင်းလုံးကြီးကို အရည်ပျော် အငွေ့ပျံစေပြီး ပျောက်
စေလိမ့်မယ်။
                                        ************

နောက်တစ်နေ့ နံနက်စောစော ဦးလေးထိန်ဝင်း ကျွန်တော့်ဆီရောက်လာတယ်။" ဆရာ.....ညက ကျွန်တော် ဘုရားစာရွတ်လိုက်၊ ဆရာပြောတဲ့အလုံးကိုကြည့်လိုက်နဲ့ အိပ်လို့ရတယ်ဆရာ...."လို့ အားတက်သရောပြောလာတယ်။သူ့စကားက ပြီးခဲ့တဲ့ ညတွေ ညတွေမှာ အိပ်မရခဲ့ဘူးလို့ အဓိပ္ပာယ်သက်ရောက်နေတယ်။ မြတ်ဘုရား၏ဆေးစွမ်း ကိုမျှဝေပြီး လူတစ်ယောက်၏ စိတ်ကို အေးချမ်းစေခဲ့လို့ ပီတိဖြစ်ရပါတယ်။

" ဝမ်းသာပါတယ်ဗျာ.....ဒါနဲ့ ဘုရားစာရွတ်တာနဲ့ ဝိပဿနာနဲ့က မတူဘူးနော် ဦးလေး။ ဘုရားစာရွတ်တာက ကိလေသာတွေကို သန့်စင်အောင်ဆေးကြောနိုင်စွမ်းမရှိဘူး။ သူက ဖုံးရုံလေး ဖုံးပေးနိုင်တယ်။ ဘုရားစာရွတ်နေတဲ့အချိန်မှာ မပေါ်ပေမယ့် ဘုရားစာမရွတ်တော့ရင် ကိလေသာ စိတ်တွေက ပေါ်လာရော။ ဝိပဿနာက အဲလိုမဟုတ်ဘူး။ ဝိပဿနာက ကိလေသာတွေကို ကင်းစင်အောင် ဆေးကြောပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်....." လို့ပြောတော့ သူက ကျွန်တော့်ကို လက်မထောင်ပြပြီး " ဆရာ......တော်တယ်......" ဟုပြုံးရယ်ကာပြောရင်း နှုတ်ဆက်ကာ ထွက်သွားလေတော့သည်။

ဦးတိုးအောင်

( စာကြွင်း
အကယ်၍ စာဖတ်သူသည် အခြားလူတစ်ယောက်အား ဒေါသထွက်နေလျှင် ထိုလူနှင့်ပြောခဲ့ ဆိုခဲ့တာတွေကိုတွေးနေလို့ဖြစ်သည်။ မိမိကို ဒေါသဖြစ်စေသောသူ၏ အကြောင်းကို မတွေးပဲ ထိုသူ့ကြောင့် မိမိခန္ဓာထဲတွင်ဖြစ်နေသော ဒေါသလက္ခဏာတွေကိုသိပေး၊ ကြည့်ပေးလျှင် ဝိပဿနာဖြစ်သည်။ ထိုလူ့ကိုမြင်ယောင်လျှင် ဒေါသဖြစ်မည်။ ထိုလူ့ကြောင့်ဖြစ်ပေါ်လာသော ခန္ဓာကိုယ်ထဲက ဒေါသလက္ခဏာတွေကို ကြည့်လျှင် အချိန်ကြာလာလေ အေးချမ်းလေ ဖြစ်မည်။

အကယ်၍ စာဖတ်သူသည် လောဘကြောင့် ပစ္စည်းတစ်ခုခုကို လိုချင်လာလျှင် ထိုပစ္စည်းသာ မိမိစိတ်ထဲပေါ်လာတော့သည်။ ကိုယ်လိုချင်နေသော ပစ္စည်းကို စိတ်ထဲကပုံဖော်ကြည့်မနေပဲ ထိုပစ္စည်းကြောင့် မိမိခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသော လောဘရဲ့လက္ခဏာလေးတွေကို သိပေး၊ ကြည့်ပေးနေလျှင် ဝိပဿနာဖြစ်သည်။ ထိုသို့ကြည့်ပေးလျှင် အချိန်ကြာလာသည်နှင့်အမျှ အေးချမ်းလာလိမ့်မည်။

"ထို့ကြောင့် ဝိပဿနာဆိုတာ နေ့စဉ်အလုပ်တွေကိုပုံမှန်လုပ်ရင်း လေ့ကျင့်သွားနိုင်တဲ့ စိတ်ချမ်းသာစေသော အလေ့အကျင့်ကောင်း တစ်ခုပါ " နှလုံးခုန်မြန်လာမယ်၊ နှလုံးခုန်နှုန်း စည်းချက် မမှန်ဖြစ်လာမယ်၊ မျက်နှာနီရဲလာမယ်၊မျက်နှာပူလာမယ်၊ တစ်ကိုယ်လုံးပူလာမယ်၊ တစ်ကိုယ်လုံးတုန်ရီနေမယ်၊ ခြေဖျားလက်ဖျား တုန်ရီနေမယ်၊ အာခေါင် ခြောက်လာမယ် စတဲ့ လက္ခဏာတွေက လောဘ၊ဒေါသရဲ့ လက္ခဏာတွေပါပဲ.....)