သူ့အရပ် နှင့် သူ့ဇာတ်(1)
လူတိုင်းအတွက်ပဋ္ဌာန်း( ဣန္ဒြိယပစ္စ္စည်း)
“ဣန္ဒြိယပစ္စည်း”ဆိုတာ မြန်မာလိုတော့ “အစိုးရတဲ့ ပစ္စည်း”လို့ အဓိပ္ပာယ် ရပါတယ်။ ဘာကို အစိုးရ တာလဲလို့မေးမယ် ဆိုရင်တော့ ပဋ္ဌာန်းပစ္စည်းတွေကို အမည်ပေးထားပုံနှင့် ပတ်သက်လို့ အရင်ကလဲပြောခဲ့ ဖူးပါတယ်၊
“အကျိုးပစ္စယုပ္ပန်ကို ထောက်ဆပြီး အကြောင်းပစ္စည်း တရားတို့ကို အမည်ပေး တယ် ” ဆိုတာလေ။
အကျိုးပစ္စယုပ္ပန်နဲ့ အတူတူဖြစ်တဲ့ပစ္စည်းကို သဟဇာတပစ္စည်း၊ အကျိုးပစ္စယုပ္ပန် ဖြစ်ချိန်မှာ ထင်ရှားရှိနေသေးတဲ့ပစ္စည်းကို အတ္ထိပစ္စည်း၊ အဝိဂတ ပစ္စည်း။ ထင်ရှားမရှိတော့တဲ့ ပစ္စည်းမျိုးကို နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်း စသည် အမည်ပေးပါတယ်။ အခုလဲ ဘာကိုအစိုးရလို့ ဣန္ဒြိယပစ္စည်းခေါ် သလဲဆိုရင် “အကျိုးပစ္စယုပ္ပန်တရားတို့ကို အစိုးရတဲ့အတွက်ကြောင့်”လို့ သဘောပေါက် ရပါလိမ့်မယ်။
ပစ္စည်းတရားက ပစ္စယုပ္ပန်တရားကို အစိုးရတယ်ဆိုတာ ဒီပစ္စယုပ္ပန်တရားက ဒီပစ္စည်းတရားရဲ့ ခွင့်ပြုချက်အတိုင်းသာ ဖြစ်ခွင့်ရနေတဲ့ သဘောမျိုးကို ဆိုလိုတာပါ။ ဥပမာ အဆင်းကိုမြင်ပြီးသိတဲ့ စက္ခုဝိညာဏ်စိတ်ဆိုတာ မျက်စိလို့ခေါ်တဲ့ စက္ခုပသာဒ အကြည်ဓာတ်ရုပ်ဝတ္ထုကို မှီခွင့်ရရှိမှသာ အဆင်းကို “မြင်တယ်သိတယ်” ဆိုတဲ့ ဒဿနကိစ္စကို ဆောင်ရွက်ခွင့်ရတယ်၊ (မြင်ခွင့်ရတယ်)၊
စက္ခုဝတ္ထုချို့တဲ့ (မျက်စိကန်း) နေလို့ဖြစ်စေ၊ မျက်လုံးမှိတ်ထားလို့ဖြစ်စေ ရူပါရုံနဲ့ စက္ခုဝတ္ထုတို့ တွေ့ဆုံခွင့်မရခဲ့လျှင် စက္ခုဝိညာဏ် စိတ်ဟာလည်း စက္ခုအကြည်ဓာတ်ကို မှီခိုခွင့်မရတဲ့အတွက် မြင်ခြင်းကိစ္စကို ဆောင်ရွက်ခွင့်မရပါဘူး။ အဲဒီလို အမိန့်မပေးသော်လည်း ပေးသလို ဖြစ်နေတဲ့သဘောကိုပဲ ဣန္ဒြိယ(အစိုးရတယ်)လို့ ခေါ်တာပါ။
ပဋ္ဌာန်းပစ္စည်းတွေထဲမှာ “အစိုးရတယ်” ဆိုတဲ့ ပစ္စည်းနှစ်ခုရှိပါတယ်။ အဓိပတိပစ္စည်းနဲ့ ဣန္ဒြိယပစ္စည်းပါ။ ဒီပစ္စည်းနှစ်မျိုး ဘာထူးသလဲဆိုရင်တော့ အဓိပတိပစ္စည်းက အခြားအဓိပတိ တရားများကို တားမြစ်ပြီး တစ်ပါးတည်းသာ အစိုးရတယ်၊ ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ဒေသကိုသာမက နယ်ပယ်အားလုံးကို အစိုးရတယ်၊ ဒါကြောင့် တစ်ပြည်လုံးကို အစိုးရတဲ့ ပြည်ရှင်မင်းများနဲ့တူတယ်လို့ ဥပမာပေးပါတယ်။
ဣန္ဒြိယပစ္စည်းကတော့ အခြားဣန္ဒြိယ ပစ္စည်းတရားတွေကို ဟန့်တားခြင်းမရှိဘဲ ပစ္စယုပ္ပန်တရားတို့ကို မိမိသို့ အစဉ်လိုက်စေခြင်း မျှသက်သက် အဖြစ်နဲ့ အစိုးရပါတယ်။ ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနကို အုပ်ချုပ်တဲ့ ဝန်ကြီးများနဲ့တူတယ်လို့ ဥပမာပေးကြပါတယ်။
အဓိပတိပစ္စည်းက ဒီခန္ဓာကိုယ်မှာ တစ်ချိန်မှာ အဓိပတိတရားတစ်ခုသာ ဖြစ်ခွင့်ရှိတယ်၊ အခြားပြိုင်ဘက် အဓိပတိဆိုတာ မရှိရဘူး။ ဣန္ဒြိယတော့ ဒီခန္ဓာကိုယ်မှာ စက္ခု၊ သောတစတဲ့ ပသာဒဝတ္ထုတွေ တစ်ပြိုင်နက် အများကြီးဖြစ်တည်ခွင့်ရှိတယ်။ အချင်းချင်းဟန့်တား ကန့်ကွက်ခြင်း မရှိပါဘူး။ ဒါကြောင့် ဣန္ဒြိယပစ္စည်းကို ဣန္ဒြိယပစ္စယော = တစ်ပြည်တွင်း၌၊ ချင်းချင်းမဟန့်၊ သီးမသန့််ဘဲ၊ ခွဲခန့််ပိုင်စ်စား၊ မင်းးအများသို့။ သုံုံးးပါးပြားလတ်၊ သဟဇာတ်နှင့်။ ဓာတ်ပဉ္စဝိဉယဏ၊ ကမဂုဏ်အား၊ တူဆယ့်ငါးတွင်၊ အခြားမသွေ၊ မိမိသို့လိုက်စေခြင်းဟူသော ဣန္ဒြိယသတ္တိထူးဖြင့်၊ ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်ဣနြေ္ဒတရားကိုယ် ရှစ်ပါးဟူသော သဟဇာတိနြ္ဒိယိယ၊ မဇ္ဈိမယု က၊ ပသာဒရုပ်ငါးခု ဟူေူသော ပုရေဇာတိနြ္ဒိယိယ၊ ဇီဝီတရုပ်တည်းးဟူေူသော ရူပဇိဝိတြိနြ္ဒိယ သုံးပါး ပစ္စည်းတရား” လို့ အနက်မြန်မာပြန်တာပါ။
အဘိဓမ္မာ ဝိဘင်းကျမ်းမှာ ဣနြေ္ဒတရားများကို အရေအတွက်ရနိုင်သမျှ ခွဲခြမ်းဝေဖန်ပြီး (၂၂)မျိုး ဟောတော်မူပါတယ်။
တရားကိုယ်အနေနဲ့ ရေတွက်မယ်ဆိုရင်တော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန(စိတ်)၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီး (၁၆)ပါး ရှိပါတယ်။
ဒီ (၁၆)ပါးထဲမှာ၊ စက္ခုစတဲ့ငါးပါးရယ်၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ ရုပ်ဇီဝိတတို့ရယ် ပေါင်း(၈)ပါးက ရုပ်ဣနြေ္ဒများဖြစ်ပါတယ်။
နာမ်ဇီဝိတ၊ စိတ်(မန)၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဆိုပြီး နာမ်ဣနြေ္ဒကလဲ(၈)ပါးပဲ ရှိပါတယ်။
ဒီတရားတွေ အစိုးရပုံနဲ့ ပတ်သက်လို့ ဣန္ဒြိယဝိဘင်းအဋ္ဌကထာမှာ ပြထားတာကတော့ -
စက္ခုနြေ္ဒစတဲ့ ငါးပါးတို့က စက္ခုဝိညာဏ်စတဲ့ ငါးပါးကို မိမိရဲ့ အခြင်းအရာသို့ လိုက်စေခြင်းဖြင့် အစိုးရတယ်။
မနိနြေ္ဒက သဟဇာတ်(အတူဖြစ်ဖက်)တရားတို့ကို မိမိအလိုသို့ လိုက်စေခြင်းဖြင့် အစိုးရတယ်။
ဘာဝရုပ်(၂)ခုတို့က လက်ခြေတို့ရဲ့ သွယ်လျခြင်း၊ ဖုထစ်ခြင်းစတဲ့ မွေးရာပါအသွင်သဏ္ဌာန်၊ အရွယ်အားလျှော်စွာ ဖြစ်ပေါ်တတ်တဲ့ မုတ်ဆိတ် ကျင်စွယ်ရှိမှု မရှိမှုစတဲ့ အရိပ်နိမိတ်၊ ဗန်း၊ ဆန်ကော၊ ထွန်၊ ထယ်စသည်တို့နဲ့ ကစားခြင်းစတဲ့ အပြုအမူ၊ ကနွဲ့ကလျနိုင်ခြင်း ၊ ဒေါက်ချီ မောက်ချီနိုင်ခြင်းစတဲ့ ပြောဆို သွားလာဟန် အမူအရာတို့ကို အစိုးရတယ်။
ရုပ်ဇီဝိတက အတူဖြစ်ဖက် ကမ္မဇရုပ်တို့ကို၊ နာမ်ဇီဝိတက အတူဖြစ်ဖက်နာမ်တရားတို့ကို စောင့်ရှောက်အစိုးရတယ်။
သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿဝေဒနာတို့က ချစ်ခြင်း၊ မုန်းခြင်း၊ လောဘဖြစ်ခြင်း၊ ဒေါသဖြစ်ခြင်းစတဲ့ ကြမ်းတမ်းတဲ့ အဖြစ်ကို ရောက်စေတဲ့ ခံစားမှုကို၊ ဥပေက္ခာဝေဒနာက အလယ်အလတ်အခြင်းအရာကို ရောက်စေတဲ့ ခံစားမှုကို အစိုးရတယ်။
သဒ္ဓါစတဲ့ ဣနြေ္ဒငါးမျိုးတို့ကတော့ မယုံကြည်မှု၊ ပျင်းရိမှု၊ မေ့လျော့မှု၊ ပျံ့လွင့်မှု၊ အမှန်မသိမှုတို့ကို လွှမ်းမိုးဖယ်ရှားပြီး ယုံကြည်မှု၊ ကြိုးစားအားထုတ်မှု၊ အာရုံကို မပျောက်ပျက်အောင် အောက်မေ့ သတိရမှု၊ စိတ်ကို အာရုံအပေါ်မှာကျရောက်တည်ငြိမ်မှု၊ အမှန်အတိုင်း ပိုင်းခြားသိမြင်မှုကစပြီး သံယောဇဉ်တွေ အဆင့်ဆင့် ပယ်သတ်မှုကိစ္စတွေကို အစိုးရတယ်လို့ ဖွင့်ဆိုပါတယ်။
ရုပ်ဣနြေ္ဒ(၈)ပါးထဲက ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်(၂)မျိုးကို ပဋ္ဌာန်းဒေသနာတော်မှာ ဣန္ဒြိယပစ္စည်းအဖြစ်နဲ့မဟောပါဘူး။
မဟောရခြင်းရဲ့ အကြောင်းကတော့ ဘာဝရုပ်(၂)ခုတို့ဟာ ယောကျာ်း၊ မိန်းမတို့ရဲ့ အသွင်သဏ္ဌာန်၊ ပြုံးဟန် ရယ်ဟန်၊ ကစားခုန်လွှား အပြုအမူ၊ သွားလာလှုပ်ရှားမှု အသွင်အပြင် စသည်ကို အစိုးတရပြုရမှာဖြစ်ပါတယ်။ လူ့ပြည်မှာ ပထမဆုံး ပဋိသန္ဓေဝိညာဏ်နဲ့အတူ ဘာဝရုပ်တို့ တစ်ပြိုင်နက် ဖြစ်ပေါ်လာသော်လည်း အသွင်သဏ္ဌာန် စသည်တို့က ရက်သတ္တ(၇)ပတ် ကျော်လောက်မှ စတင်ဖြစ်ပေါ်လာတာ ဖြစ်လို့ ဘာဝရုပ်ရှိတိုင်း အသွင်သဏ္ဌာန် စသည်ကို အစိုးရမှု မမြဲပါဘူး။
ဗြဟ္မာတို့ သဏ္ဌာန်မှာကျတော့ ပုရိသအသွင်သဏ္ဌာန် ထင်ရှားရှိပေမယ့် ပုရိသဘာဝရုပ် ရယ်လို့ မရှိပြန်ပါဘူး၊ ဒါကြောင့် ဘာဝရုပ် တို့ရဲ့အစိုးရမှုဟာ မမြဲဘူးလို့ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် ဖွားမြင်ပြီးလို့ လူလားမြောက်သည့် တိုင်အောင်လည်း ဘာဝရုပ် တို့ကြောင့် ယောကျာ်း၊ မိန်းမရယ်လို့ဖြစ်ပြီး မွေးရာပါ အသွင်သဏ္ဌာန်တွေ ရှိနေသည့် တိုင်အောင်၊ အပြုအမူတို့ အမူအရာတို့က ပုံမှန်ဟုတ်ချင်မှ ဟုတ်ပါမယ်၊ ယောကျာ်းလျာ၊ မိန်းမလျာတွေ ဖြစ်နေတတ်တာတို့၊ တချို့ဆိုရင် လိင်ပြောင်းသွားတာတို့အထိ ရှိကြလို့လည်း ဘာဝရုပ်တို့ရဲ့ အစိုးရမှုဟာ မမြဲပါဘူး။ အဲဒီလို အစိုးရမှုမမြဲတဲ့အတွက် ဣန္ဒြိယပစ္စည်းအဖြစ်နဲ့ မဟောဘူးလို့ အဋ္ဌကထာဆရာက မိန့်ဆိုပါတယ်။
ထပ်ပြီးစိစစ်ကြည့်မယ်ဆိုရင် ဘာဝရုပ်တို့က အစိုးရတယ်ဆိုတဲ့ အသွင်သဏ္ဌာန်တို့၊ ပုံစံ၊ ဟန်ပန်အမူအရာတို့ဆိုတာတွေဟာ ပရမတ္ထတရားတွေ မဟုတ်ပါဘူး၊ ပညတ်အထူးတွေ သာဖြစ်ပါတယ်၊ ဒါကြောင့်လဲ ဣန္ဒြိယပစ္စည်းအဖြစ်နဲ့ မဟောတာလို့ ဆိုနိုင်ပါလိမ့်မယ်၊
အထူးသဖြင့် ပရမတ္ထတရားကိုသာ ဟောတဲ့ ပဥှာဝါရလို နေရာမျိုးမှာဆိုရင် ဟောလို့ကို မရလို့ မဟောတာဖြစ်ပါလိမ့်မယ်။
ပဋ္ဌာန်းဣန္ဒြိယပစ္စည်းမှာ မဟောပေမယ့် ဘာဝရုပ်တို့ရဲ့ အစိုးရတဲ့ အရှိန်အဝါကို လျှော့တွက်လို့တော့ မရပါဘူး။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်အခိုက်မှာ ဘာဝရုပ်(၂)ခုထဲက တစ်ခုခု ပါလာပြီဆိုရင် ပဋိသန္ဓေစိတ်ရဲ့ ဋ္ဌီအခိုက်မှာဖြစ်တဲ့ ဥတုဇရုပ်ကစပြီး ဖြစ်ဖြစ်သမျှရုပ်တွေဟာ ဘာဝရုပ်တို့ရဲ့ အမိန့်အတိုင်းပဲ လိုက်နာရပါတယ်။ ဆိုလိုတာကတော့ ဣတ္ထိဘာဝရုပ်ရှိသူရဲ့ သန္တာန်မှာ ဖြစ်ဖြစ်သမျှ ကမ္မဇ၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇရုပ်တွေဟာ မိန်းမတို့ရဲ့ အသွင်သဏ္ဌာန်၊ ခန္ဓာကိုယ် အချိုးအစားများချည်းဖြစ်ရပါတယ်။ ဘယ်ဥတုဇရုပ် အာဟာရဇရုပ်ကမှ မုတ်ဆိတ် ကျင်စွယ်ရယ် လို့ ဖြစ်မသွားပါဘူး၊ ဘာဝရုပ်အမိန့်အတိုင်းပဲ ကြီးခြင်း၊ သေးခြင်း၊ ခိုင်မာခြင်း၊ သွယ်လျခြင်းတို့ ဖြစ်ပေးရပါတယ်၊
ဒါကြောင့် ဘာဝရုပ်တို့ကို ဣန္ဒြိယပစ္စည်းအဖြစ်နဲ့မဟောပေမယ့် ဣန္ဒြိယတရားအနေနဲ့တော့ မရှိမဖြစ်ထည့်သွင်းထားရတာပါ။ ဒါနဲ့တောင် အထီးမဟုတ် အမမဟုတ်ဆိုတဲ့ ဗရုတ်သုတ်ခတွေက ဝင်နှောက်ချင်ပါသေးတယ်။
ဘာဝရုပ်တရားများနဲ့ ပတ်သက်လို့ နောက်ထပ် အသိအမြင် ရှင်းထားဖို့လိုတာ တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ လူ့ဘဝမှာ လူဖြစ်ရတာချင်း အတူတူဖြစ်ပေမယ့် “မိန်းမဖြစ်ရတာက ကုသိုလ်ကံအားနည်းလို့၊ ယောကျာ်းဖြစ်ရတာက ကုသိုလ်ကံ အားကြီးလို့” ဆိုပြီး အထင်အမှတ် မှားနေကြတဲ့ ကိစ္စပါ။ အထင်အမှတ် မှားသလို ဒီလိုပဲ မှားမှားယွင်းယွင်း ပြောကြဆိုကြတာတွေလည်း ကြားဖူးကြမယ် ထင်ပါတယ်။
အမှန်ကတော့ ယောကျာ်း မိန်းမဖြစ်ရတာဟာ ကုသိုလ်ကံအနည်း အများနဲ့ မဆိုင်ပါဘူး၊ အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ်၊ သံယောဂသုတ် (အံ၊၂-၄၄၀)မှာ မြတ်စွာဘုရားရှင် ဟောတော် မူတာကတော့ - “မိန်းမဟာ မိန်းမရဲ့ဘဝ၊ မိန်းမတို့ရဲ့အမူအကျင့်နဲ့အဝတ် တန်ဆာတို့ကိုပဲ သာယာ နှစ်သက်နေမယ်၊ မိန်းမအဖြစ်နဲ့ပဲ ယောကျာ်းများအပေါ်လဲ သာယာနှစ်သက် စွဲလမ်း နေမယ် ဆိုရင် မိန်းမဟာ မိန်းမအဖြစ်က်ကို မလွန်မြောက်နိုင်ဘူးး၊ မိန်းမသေပြီးးရင် မိန်းမပဲ ပြန်ဖြစ်နေမယ်။ ယောင်္ကျာများလဲ အလားတူပူပဲ ယောကျာ်းဘဝမှာ သာယာပြီး ယောကျာ်း အဖြစ်နဲ့ပဲ မိန်းမများ အပေါ်ပဲ သာယာစွဲလမ်းမယ်ဆိုရင် (ကာမေသု မိစ္ဆာစာရကံလို ကံတစ်ပါးပါးကဟန့်တားခြင်း မပြုသေးသမျှ) ယောကျာ်းသေပြီး ရင် ယောကျာ်းပဲ ပြန်ဖြစ်နေမယ်”လို့ မိန့်ပါတယ်။
ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းဆိုတာ ကုသိုလ်ကံ အကြီးအသေးနဲ့ မဆိုင်ဘူး အစွဲဥပါဒါန်နဲ့သာ ဆိုင်တယ်လို့ ဆိုလိုတာပါ။
မှန်ပါတယ်၊ ယောကျာ်း မိန်းမဖြစ်ရတာ၊ အထီးအမဖြစ်ရတာဟာ ကုသိုလ် အကုသိုလ်နဲ့ဆိုင်မယ်၊ ကုသိုလ်ကံ အကြီးအသေးနဲ့ ဆိုင်မယ်ဆို ရင် မြတ်စွာဘုရားရှင်တို့ရဲ့ ပါရမီဖြည့်စဉ်ကာလ ဘဝဖြစ်ရပ်တွေထဲမှာ ဘုရားလောင်းပြီးရင် ကုသိုလ်တရား အလွန်အားကြီးတဲ့ ယသောဓရာ အလောင်း ဟာ ယောကျာ်းဘဝတွေ ပြောင်းလဲဖြစ်သွားနိုင်ပြီး ကုသိုလ်အားနည်းတဲ့ ဒေဝဒတ်အလောင်းက မိန်းမဖြစ်သွား လောက်ပါတယ်။ တခြား အသင်္ချေ တိုင်အောင် ပါရမီတွေဖြည့်ကြရတဲ့ ခေမာထေရီတို့ ဓမ္မဒိန္နာတို့စတဲ့ ထေရီမကြီးတွေရဲ့ အလောင်းတွေ လည်း ကုသိုလ် အားကြီး သူတွေပဲ ဖြစ်ကြ လို့ ယောကျာ်းဘဝတွေပြောင်းလဲ ဖြစ်သွားကြမှာပေါ့။ ဒီလိုသာ ကုသိုလ်ကံအားကြီးလို့ ယောကျာ်း ဘဝပြောင်း ပြီးဖြစ်ကြမယ်ဆိုရင် ပါရမီပြည့်သူ တိုင်း ယောကျာ်းချည်း ဖြစ်သွားကြလောက်ပါတယ်။
မြတ်စွာဘုရားရှင်(သံယောဂသုတ်မှာ) ဟောတော်မူတဲ့အတိုင်း ဘယ်လောက်ပဲ ကုသိုလ်တွေ ပါရမီတွေ အားကြီးနေနေ မိန်းမဘဝ အပေါ်ဥပါဒါန် မပြတ်သမျှ မိန်းမသာဖြစ်ရတယ်၊ ယောကျာ်းဘဝ ဥပါဒါန်မပြတ်သမျှ ယောကျာ်းသာဖြစ်ရတယ်လို့သာ အမြင်ရှင်းရှင်းမှတ်ယူကြဖို့ပါ။
အပြောင်းအလဲအနေနဲ့ ဖြစ်လိုရင်တော့ မိန်းမက မိန်းမဘဝအပေါ်မှာ ဥပါဒါန်ပြတ်ပြီး ယောကျာ်းဘဝကို ရည်သန်တဲ့ သီလစတဲ့ ကုသိုလ်ြ ပုရင် ယောကျာ်း ဘဝကို ပြောင်းလဲတယ်။ ယောကျာ်းများကတော့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိရင် ယောကျာ်းဘဝက မိန်းမဘဝ ကို ပြောင်းလဲ တယ်လို့ ကျမ်းဂန်များမှာ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေမှာလည်း ယောကျာ်းဦးရေကလျော့ပြီး မိန်းမဦးရေက တိုးနေပါတယ်။ စဉ်းတော့ စဉ်းစားစရာပါပဲ၊ အထူးသဖြင့် ယောကျာ်းများအနေနဲ့ ကိုယ့်ကိုယ်ကျင့်တရားကို စိစစ်ဆင်ခြင်ပြီး သတိထား စရာကောင်းတဲ့ အချက်ပါပဲ။
ဣန္ဒြိယပစ္စည်းအဖြစ်နဲ့ ဟောထားတဲ့ ရုပ်ဣနြေ္ဒ(၆)ပါးထဲမှာ စက္ခု၊ သောတစတဲ့ ပသာဒဣနြေ္ဒ(၅)ပါးတို့က အကျိုးပစ္စယုပ္ပန်ဖြစ်တဲ့ ဝိညာဏ်စိတ်တွေ မဖြစ်မီ ရှေးကကြိုတင်ပြီးဖြစ်ကြလို့ ပုရေဇာတပစ္စည်းလဲမည်ပါတယ်။ ပစ္စယုပ္ပန်တရားတွေအပေါ် အစိုးရတဲ့အတွက် ဣန္ဒြိယပစ္စည်းလဲမည်ပါတယ်။ ဒါကြောင့် ဒီဣနြေ္ဒ(၅)ပါးကို “ပုရေဇာတိန္ဒြိယ” ပစ္စည်းလို့ခေါ်ပါတယ်။
ရုပ်ဇီဝိတကတော့ ကလာပ်တူ ကမ္မဇရုပ်တွေကို စောင့်ရှောက်ပြီး အစိုးရတဲ့အတွက် ရူပဇီဝိတိန္ဒြိယပစ္စည်းလို့ပဲ ခေါ်ပါတယ်။
ဒီနေရာမှာ အဘိဓမ္မာနဲ့ ပတ်သက်လို့ သိမှတ်စရာကလေးတွေ နည်းနည်းရှိပါတယ်။ ဒီဣန္ဒြိယပစ္စည်းမှာပါတဲ့ “ဇီဝိတ” ဆိုတာ မြန်မာလို “အသက်”လို့ ခေါ်တဲ့တရားပါပဲ။ နာမ်ဇီဝိတက နာမ်တရားတို့ရဲ့ အသက်ဖြစ်ပါတယ်။ ရုပ်ဇီဝိတက ကမ္မဇရုပ်တို့ရဲ့ အသက် ဖြစ်ပါတယ်။ ဒီခန္ဓာကိုယ်ကြီးထဲမှာ အသက်လို့ခေါ်စရာ ဒီပရမတ္ထတရား (၂)ပါး (ရုပ်ဇီဝိတနဲ့ နာမ်ဇီဝိတ)ကလွဲလို့တခြား အတ္တçလိပ်ပြာ၊ ဝိညာဉ်ကောင်ဆိုတာ လုံးဝမရှိပါဘူး။
နောက်ထပ်သိစရာတစ်ခုက နာမ်ဇီဝိတတရားဟာ စိတ်စေတသိက်ဆိုတဲ့ နာမ်အားလုံးတို့ရဲ့ အသက်ဖြစ်ပါတယ်။ ရုပ်ဇီဝိတကတော့ ကမ္မဇရုပ်တို့ရဲ့ အသက်သာဖြစ်ပါတယ်။ ရုပ်အားလုံး (၄မျိုးလုံး)တို့ရဲ့ အသက်မဟုတ်ပါဘူး။
ရုပ်တရားတွေအကြောင်း အာဟာရပစ္စည်းမှာလဲ အထိုက်အလျောက်ပြောခဲ့ပြီးပေမယ့် ဒီမှာလဲ ထပ်ပြောပါဦးမယ်။ ဒီခန္ဓာကြီးဆိုတာ ကမ္မဇရုပ်တွေ၊ စိတ္တဇရုပ်တွေ၊ ဥတုဇရုပ်တွေ၊ အာဟာရဇရုပ်တွေဆိုတဲ့ ရုပ်(၄)မျိုးအစုအပေါင်းကြီးဖြစ်ပါတယ်။
ဒီရုပ်(၄)မျိုးထဲမှာ ကမ္မဇရုပ်ကလွဲလို့ ကြွင်းရုပ်(၃)မျိုးတို့က ပစ္စပ္ပန်မှာ ထင်ရှားရှိတဲ့ စိတ်၊ ဥတု၊ အာဟာရတို့ကြောင့်ဖြစ်ကြတာပါ။
ဒါကြောင့်ဒီရုပ်(၃)မျိုးတို့ကို သူတို့ရဲ့ မိဘသဖွယ်ဖြစ်တဲ့ စိတ်çဥတုçအာဟာရတို့က ထင်ရှားရှိပြီး စောင့်ရှောက်ပေးနေကြတဲ့အတွက် မိဘရဲ့စောင့် ရှောက်မှုကို ရနေတဲ့သားသမီးများနဲ့တူပါတယ်၊ တခြားအစောင့်အရှောက် မလိုအပ်ပါဘူး။ သီးခြား “ရုပ်သက်”ရယ်လို့ ရှိစရာ မလိုအပ်တော့ဘူးလို့ ဆိုလိုပါတယ်။
ကမ္မဇရုပ်တွေဆိုတာကတော့ အတိတ်ကပြုခဲ့တဲ့ကံကြောင့် ဖြစ်ကြတဲ့ ရုပ်တွေဖြစ်လို့ သူတို့ဖြစ်ပေါ်ချိန်မှာ သူတို့ရဲ့မိဘသဖွယ် ဖြစ်တဲ့ ကံတရားက ထင်ရှားမရှိတော့ပါဘူး။ ဒါကြောင့် ကမ္မဇရုပ်တွေဟာ မိဘမဲ့သားသမီးများသဖွယ် ဖြစ်နေပါတယ်။
မိဘမဲ့လိုဖြစ်နေတဲ့ ကမ္မဇရုပ်တွေကိုတော့ သူတို့အထဲကပဲ တခြားတာဝန်ကိစ္စအထူးမရှိတဲ့ ဇီဝိတရုပ်က “အကိုကြီး အဖအရာ၊ အမကြီး အမိအရာ” ဆိုသလို စောင့်ရှောက်ပေးနေရပါတယ်။ ဒါကြောင့် ဇီဝိတရုပ်ဆိုတာ ရုပ်အားလုံးတို့ရဲ့ အသက်မဟုတ်ဘဲ ကမ္မဇရုပ်တို့ရဲ့ အသက်သာဖြစ်ရတာပါ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်