Saturday, April 9, 2011

မေတ္တာ အတွေးများ (၂)



မေတ္တာ အတွေးများ (၂)


မြန်မာပြည် သာသနာ့ သမိုင်းမှာ မေတ္တာ အရာ စံထားရတဲ့ ဆရာတော်များစွာ ပေါ်ထွန်းခဲ့ ပါတယ်။ အဲဒီ အထဲမှာ မိုးညှင်း ဆရာတော် ဘုရားကြီးလည်း တစ်ပါး အပါအ၀င်ပါ။

တစ်ခါက ဆရာတော် ဘုရားကြီး ဆီကို တရုတ်ပြည်က စာတစ်စောင် ရောက်လာပါတယ်။ တရုတ် ပြည်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ ဥက္ကဋ္ဌ တရုတ် ဘုန်းတော်ကြီး ဦးထိုင်ဆူး ဆီကပါတဲ့။ ဦးထိုင်ဆူးက သာသနာပြု ရာမှာ အစစ အရာရာ အဆင်ပြေအောင်နဲ့ တရုတ်ပြည်ကြီး ဘေးရန်ကင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ တရားနည်းလမ်းကောင်း လှမ်းတောင်းတာပါ။
ဒီတော့ ဆရာတော် ဘုရားကြီးက မေတ္တာပွားဖို. အဓိကမှာပြီး မေတ္တာ ပွားပုံကိုလည်း သီးခြား ရေးပြ ပေးလိုက်ပါတယ်။ ပြီးတော့ အလေး အနက် ပြုရမဲ့ အချက်(၄) ချက်ကိုလည်း ထည့်ရေးပေးလိုက်ပါတယ်။ အဲဒီ အချက် (၄)ချက်က

(၁) မိမိ သွားရောက်လိုတဲ့ ဋ္ဌာန ။
(၂) မိမိ ပြုလုပ်လိုတဲ့ ကိစ္စများအတွက် မသွားရောက်မီ မပြုလုပ်မီကပင် ထိုဋ္ဌာန ထိုကိစ္စနှင့် ဆက်ဆိုင်ရာ ( လူရော၊ နတ်ပါ၊) သတ္တ၀ါ များအား ၀ဲယာ ရှေ.နောက် ထပ်အောက်ဖီလာ မေတ္တာ စိတ်ဓတ်များ ပို.လွတ် ပွားများသွားရန်။
(၃) မည်သည့်နေရာတွင် မဆို တစ်ဦးနှင့် တစ်ဦးတွေ.ကြုံ ရလျှင် ထိုမြင်တွေ. ရသူအပေါ် မိမိက အရင်ဦးအောင် မေတ္တာပွားရန်။
(၄) ဆရာတော်ထံမှ မေတ္တာဓာတ်များ အပြည့်အ၀ ပေးဖို.လိုအပ်လျှင် ဦးထိုင်ဆူးက ဓတ်ပုံ (ကိုယ်လုံးပေါ်) တစ်ပုံ ပို.ပေး ရန်ပါတဲ့။
အဲဒီ အချက် (၄) ချက်ထဲက မိမိ သွားရောက်ရမဲ့ အရပ်မှာ ရှိနေတဲ့ အဲဒီ အရပ်ကို စောင့်ရှောက်နေတဲ့ နတ်ကောင်း နတ်မြတ်နဲ့ လူပုဂ္ဂိုလ် တွေကို ကြိုပြီး မေတ္တာ ပို. ပေး ထားရမယ်တဲ့။ပြီးတော့ ကိုယ့်အလုပ် ကိစ္စနဲ့ ဆက်စပ်နေတဲ့ လုပုဂ္ဂိုလ်ကို ကြိုပြီး မေတ္တာပို.ပေး ထားရမယ်။ ဒီအချက်က အထူး သတိပြု ရမဲ့ အချက်ပါ။

တစ်ခါကတော့ မြို.တစ်မြို.ကို ခရီးထွက်ဖို. ကြုံလာပါတယ်။ အဲဒါကလည်း ဦးဇင်း အရှင် ဆန္ဒာဓိက (ရွှေပါရမီ တောရ) ခေါ်လို.ပါ။ တစ်ခါမှ မလုပ်ဘူးတဲ့ ကိစ္စ တစ်ခုကို ဆောင်ရွက် ရမှာဆိုတော့ ဖြစ်မှ ဖြစ်ပါ. မလားလို. တော်တော်လေး စိုးရိမ် နေမိပါတယ်။ ဒါကြောင့် နောက်ဆုံး အားကိုးရာ ဖြစ်တဲ့ မေတ္တာကိုပဲ အားကိုးတဲ့ အနေနဲ့ အဲဒီမြို.ကို စောင့်ရှောက်နေတဲ့ နတ်ကောင်းနတ်မြတ် တွေရယ်၊ အဲဒီမြို.မှာ ရှိတဲ့ အလုပ်ကိစ္စနဲ. ဆက်သွယ်နေသူတွေကို အချိန်လေး ယူပြီး မေတ္တာ ပို.ပေး နေလိုက်ပါတယ်။ အဲဒီမြို.ကို ရောက်သွားတဲ့  အချိန်မှာလည်း မေတ္တာ ပို.ပေးနေလိုက် ပါတယ်။ နောက်ဆုံးတော့ အဆင်ပြေခဲ့ ယ်ပဲ ပြောပါတော့။ စိတ်ထဲမှာလည်း ကိုယ့် အစွမ်းအစ ထက် မေတ္တာကြောင့်လို.ပဲ လက်ခံ ထားပါတယ်။

ကိုယ့် အလုပ်ကိစ္စနဲ့ ဆက်စပ်သူ ကို ကြို မေတ္တာပို.ရမယ် ဆိုရင်တော့ အရှင် အာနန္ဒာ ရဲ့ သူငယ်ချင်း ရောဇ ကိုလည်း သွားသတိရ မိပါတယ်။

တစ်နေ.မှာ မြတ်စွာ ဘုရားက နောက်ပါ သံဃာ တွေနဲ.အတူ အာပဏရွာ ကနေ ကုသိနာရုံ ပြည်သို. ကြွလာပါတယ်။ ဘုရားအမှူး ရှိတဲ့ သံဃာတော် တွေ ကြွလာတော့ တစ်မြို.လုံးက ၀ိုင်းကြို ဆိုကြပါတယ်။ ကြိုဆိုတဲ့ အထဲမှာ အရှင် အာနန္ဒာရဲ့ သူငယ်ချင်း ရောဇလည်း ပါပါတယ်။ အရှင် အာနန္ဒာက သူ.သူငယ်ချင်း ရောဇကို တွေ.လိုက်ရတော့ တော်တော်လေး ၀မ်းသာသွားပါတယ်။ ကြိုဆိုမူ.တွေ ပြီးသွား တဲ့ အခါကျတော့ ရောဇက ငယ်သူငယ်ချင်း အရှင် အာနန္ဒာကို လာတွေ.ပါတယ်။ ဒါကြောင့် အရှင် အာနန္ဒာက “အို သူငယ်ချင်း ရောဇပါလား။ ခုလို မြတ်စွာ ဘုရားကို ကြိုဆိုတာ အလွန်ကောင်းပါတယ်။” လို. နုတ်ဆက်စကား ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ရောဇက မျက်နှာ ရူံ.မဲ့ပြီး ဘယ်လိုပြောလိုက် သလဲဆိုတော့ “ အရှင် အာနန္ဒာ..ငါက ဘုရား၊ တရား၊ သံဃာကို ကြည်ညိုလို. လာတာ မဟုတ်ဘူး။ မကြိုတဲ.သူကို ဒဏ်ငွေ ငါးရာ ဆောင်ရမယ်လို. အမိန်.ထုတ်ထားလို. မကြို ချင်ဘဲနဲ့ လာကြိုနေရတာ မသိပဲနဲ့ အရမ်း ၀မ်းသာမနေန”ဲ့ လို. ပြောလိုက်ပါတယ်။

ရောဇ စကားကြားလိုက် ရတော့ ရှင်အာနန္ဒာလည်း တော်တော် စိတ်မကောင်း ဖြစ်သွားပါတယ်။ ငယ်သူငယ်ချင်း ဆိုတော့ အယူအဆ မမှား စေချင်ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားဆီ သွားပြီး အကျိုးအကြောင်း လျှေက်ပြပါတယ်။ ပြီးတော့ “မြတ်စွာဘုရား…ရောဇဟာ ကုသိနာရုံပြည်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ် တစ်ဦးပါ ဘုရား။ တကယ်လို. သူဟာ ရတနာ သုံးပါးကို ကြည်ညိုလာခဲ့ရင် သာသနာ အတွက် အများကြီး ကျေးဇူးများမှာပါ ဘုရား။ ဘုရားတပည့်တော် သူငယ်ချင်းကို ကယ်ပါဘုရား” လို.လည်း လျှေက်လိုက်ပါတယ်။ မြတ်စွာ ဘုရား ရှင်ကလည်း “ကောင်းပြီ.. အာနန္ဒာ၊ ဒီကိစ္စ သိပ်ပြီး မခဲယဉ်းပါဘူး”ဆိုပြီး သတ္တ၀ါအားလုံး ဆီဖြန်.ထားတဲ့ မေတ္တာကို ခဏဖယ်ပြီး ရောဇ တစ်ဦးတည်း ကိုပဲ စူးစိုက်ပြီး မေတ္တာပို. လိုက်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓတ်က ရောဇ တစ်ယောက်တည်း ကိုပဲ စူးစိုက်ပြီး အပြည့်ပို. လွတ်နေတော့ ကြမ်းတမ်းနေတဲ့ ရောဇရဲ့ စိတ်ဟာ ချက်ချင်း နူးညံ.လာပါတယ်။ သတ္တ၀ါ အားလုံးအပေါ် ထားတဲ့ မေတ္တာကို ရောဇ တစ်ဦးတည်း ကိုပဲ ညွတ်ပြီးပို.လိုက်တော့ ပိုထိရောက် သွားတဲ့သဘောပါ။ မြတ်စွာဘုရားရဲ့ မေတ္တာကို တစ်ယောက်တည်း အပြည့်ခံ ယူလိုက်ရတဲ့ ရောဇဟာ အိမ်ပြန် မရောက်ခင် လမ်းခုလတ်မှာပဲ မြတ်စွာဘုရား ဆီကို ချက်ချင်း လာချင်စိတ် ပေါက်သွားပါတယ်။ နောက်ဆုံးတော့ “မြတ်စွာဘုရား ဘယ်မှာလဲ၊ မြတ်စွာဘုရား ဘယ်မှာလဲ” လို.အော်ပြီး မိခင် နွားမ ကြီးနဲ့ ကွဲနေတဲ့ နို.စို. နွားငယ်လေး အတိုင်း မြတ်စွာ ဘုရားရှင်ရှိရာကို ပြေးလာတော့ တာပါပဲ။

မြတ်စွာ ဘုရားဆီရောက်တော့ မြတ်စွာဘုရားက “ချစ်သားရောဇ” လို. မေတ္တာဓတ် အပြည့်ထည့်ပြီး ခေါ်လိုက်ပြန်ပါတယ်။ အဲလို ခေါ်လိုက်တော့ ရောဇရဲ့ စိတ်ဟာ ထပ်နူးညံ. သွားပြန်ပါတယ်။ နောက် ဒါန အကြောင်း သီလ အကြောင်း၊ နတ်ပြည် အကြောင်းကို အရင်စဟော ပါတယ်။ ရောဇရဲ့ စိတ်ငြိမ်လာပြီ ဆိုမှ တစ်ဆင့် တက်ပြီး ၊ “ချစ်သား ရောဇရေ… မြင်ရင် မြင်တယ်၊ ကြားရင် ကြားတယ် စသည် ဖြင့် ခန္ဓာကိုယ် ကို ဥာဏ်စိုက် ရူရတယ်” ၀ိပဿနတရားကို ဆက်ဟောပါတယ်။ ရောဇဟာ မြတ်စွာဘုရား ဟောနေဆဲမှာပဲ မြတ်စွာဘုရား ပြောတဲ့ အတိုင်း ခန္ဓာကို ဥာဏ်စိုက်ပြီး ရူလိုက်တာ နေရာမှာတင် သောတပန် တည်သွားပါတယ်။ မြတ်စွာဘုရားနဲ့ သံဃာတော် တွေ အပေါ် ဘယ်လောက်အထိ ကြည်ညိုသွားသလဲ ဆိုရင် မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်တွေဟာ သူလှူတဲ့ ပစ္စည်း လေးပါးကိုပဲ အလှူခံပါ၊ တစ်ခြားသူရဲ့ ပစ္စည်း လေးပါးကို အလှူမ ခံပါနဲ့လို. လျှောက်ထားတဲ့ အထိပါပဲ၊ ဒါပေမဲ့ မြတ်စွာဘုရားက လက်မခံပါဘူး။ “ရောဇရယ် အရိယာ ပုဂ္ဂိုလ်တွေရဲ့ ဥဏ်အမြင်နဲ့ တရားမှန်ကို သိသွားသူတိုင်း ဒီလိုပဲ ဖြစ်တတ်ပါတယ်။ သင့်ထံလည်း အလှူခံမယ်။ အခြား ဒကာ၊ဒကာမ တွေဆီလည်း အလှူခံမယ်” လို. ပြန်နှစ်သိမ့် ရပါတယ်။

ဒါပေမဲ့ ရောဇဟာ ဒီအတိုင်း ရပ်မနေပါဘူး၊ ကုသိနာရုံ ပြည်သားတွေ ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို အလှည့်ကျ ဆွမ်းကပ်နေတဲ့ အခါ ရောဇက ဘယ်အိမ်က ဘာဟင်းတွေ ၊ ဘာအချိုပွဲတွေ ကပ်တယ်ဆိုတာ မသိမသာ လိုက်ပြီး လေ.လာပါတယ်။ သူ.သဘော ကတော့ သူများမကပ်တာ ကပ်မယ်ပေါ့လေ။ လိုက်ပြီးလေ.လာတော့ ဘာသွားတွေ.သလဲဆိုတော့ ဟင်းရွက်ကြော်ရယ်၊ အမှုန်.နဲ့ လုပ်ထားတဲ့ အချိုပွဲကိုတော့ ဘယ်သူမှ မကပ်ကြဘူး ဆိုတာ တွေ.လိုက် ရပါတယ်။ ဒါကြောင့် ငယ်သူငယ်ချင်း အရှင် အာနန္ဒာကို ဒီဘောဇဉ်တွေ ကပ်ကောင်း မကောင်း သွား မေးပါတယ်။ ရှင်အာနန္ဒာ ကလည်း မြတ်စွာဘုရား ရှင်ဆီကို တစ်ဆင့် ထပ်မေးပေးပါတယ်။ မြတ်စွာဘုရားက ကပ်ကောင်းကြောင်း ပြောလိုက်တော့ ရောဇဟာ သူ.အိမ်ရဲ့ ဆွမ်းကျွေးမှာ သူများ မကပ်တာကို ကပ်လိုက်နိုင်ပါတယ်။
မြတ်စွာဘုရား ရှင်ရဲ့တာဝန်က ရောဇကို တရားဟောဖို.နဲ့ တရားထူး ရဖို.ပါ။ ဒါပေမဲ့ ဒီအတိုင်း မထားပဲ မေတ္တယပို.ပြီးမှ တရားဟောတာ အချိန်တိုအတွင်း အလုပ်ကိစ္စ ပြီးသွားပါတယ်။

မြတ်စွာဘုရားရှင်တောင်မှ ကိုယ့်အလုပ်နဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်ကို မေတ္တာပို.ပြီးမှ အလုပ်လုပ်တာ ဆိုတော့ စာရေးသူတို. အတွက် ဆိုရင်တော့ အထူးပြောစရာ မလိုတော့ပါဘူး။

ဒီဝတ္ထုလေးကို ထောက်ပြီး ကိုယ့်အလုပ်နဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်ကို မတွေ.ခင် စကားမပြောခင် အရင် မေတ္တာ ပို.ပြီးမှ တွေ.တာ စကားပြောတာ အကောင်းဆုံး လက်နက်တစ်ခုပါပဲ။

ဘ၀မှာ အရေးကြီးတဲ့ လူတစ်ယောက်နဲ့ တွေ.ရတော့မယ်ဆိုရင် မတွေ.ခင် တစ်ပတ် လောက်အလို ကတည်းက ကြိုပြီး မေတ္တပို. ထားရင် အကောင်းဆုံးပါပဲ။ ရေချိုးပြီးစ အ၀တ်သစ်ကလေး ၀တ်ပြီးစမှာ ပို.ရင် ပို အဆင်ပြေပါတယ်။ ဘာဖြစ်လို.လဲ ဆိုတော့ ရေချိုးပြီးစ ဆိုတော့ ရုပ်က ကြည်နေပါတယ်။ ရုပ်ကြည်တော့ စိတ်ကပါ လိုက်ကြည် နေပါတယ်။ စိတ်ကော ရုပ်ကော ကြည်နေတဲ့ အချိန်မှာ မေတ္တာ ပို.ရတာ အထိ ရောက်ဆုံးနဲ့ အကောင်းဆုံးပါပဲ။

နောက် မိုးညှင်း ဆရာတော် ဘုရားကြီးရဲ့ မေတ္တာ အင်္ဂါထဲမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦး တွေ.ဆုံရတဲ့အခါ မှာလည်း ကိုယ် က အရင် ဦးအောင် မေတ္တာပိုပါတဲ့။ ကိုယ်. အလုပ်နဲ့ ဆက်စပ်သူကို မတွေ.ဆုံခင်သာ ကြိုမေတ္တာပို. ရမှာ မဟုတ်ပါဘူး။ တွေ.ဆုံရတဲ့ အခါမှာလည်း ကိုယ်ကဦးအောင် အရင်မေတ္တာ ပို.ရမယ်တဲ့။ လိုရင်းကတော့ ကြိုလည်းပို. တွေ.တဲ့အခါ မှာလည်း ပို. ဖို.ပါ။
မိုးလင်းကနေ မိုးးချုပ်ထိ လူမျိုးစုံနဲ့ တွေ.နေရတာ ဆိုတော့ ဘ၀အတွက် အရေးကြီးတာ လည်းပါမယ်။ အရေးမကြီး တာလည်း ပါမယ်။ တွေ.သမျှ လူတိုင်းကိုတော့ အကုန် ဘယ်ပို.နိုင်ပါ့မလဲ၊ ကိုယ့်ဘ၀ အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်ကို တွေ.ဆုံရမဲ့ အခါမျိုးတွေ မှာတော့ အလုပ်တစ်ခုလို သဘောထားပြီး ပို.သင့်ပါတယ်။

ဒါမှမဟုတ် နိုင်ငံခြား တစ်နေရာရာကို သွားဖို.ရှိနေတယ်။ ဥပမာ အမေရိကန် နိုင်ငံ ဆိုပါတော့။ မသွားရခင် အမေရိကန် နိုင်ငံကို စောင့်ရှောက်နေရတဲ့ နတ်ကောင်း၊ နတ်မြတ်တွေကို ကြိုတင်ပြီး မေတ္တာပို. ပေးနေမယ်။ အမေရိကန် နိုင်ငံသူ နိုင်ငံသား အားလုံးကို လည်း ကြိုပြီး မေတ္တာ ပို.ပေးနေမယ်။ နောက် သံရုံးမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေကိုလည်း အစဉ်သဖြင့် မေတ္တာ ပို.ပေး နေမယ်ဆိုရင် ကိုယ့် အလုပ်ကို မေတ္တာက တစ်စိတ် တစ်ဒေသ အထောက်အကူ ပြုသွားပါလိမ့်မယ်။

ဘာပဲပြောပြော ဘ၀ရဲ့ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေ ဆောင်ရွက်ရတဲ့ အခါမှာ ဘာမှ မပင်ပန်းလှတဲ့ မေတ္တာလေးကို ကြိုပို.ထား ရင် အကောင်းဆုံးပါပဲ။
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
အလင်းတန်းဂျာနယ်
၇-၂-၂၀၀၅