Wednesday, April 20, 2011

ဓမ္မစကြာသုတ်ပါဠိတော်နှင့် မြန်မာပြန် 轉法輪經 The first Discourse



ဓမ္မစက္ကပ္ပဝတ္တန (ခေါ်) ဓမ္မစကြာသုတ်ပါဠိတော်နှင့် မြန်မာပြန်
轉法輪經
Dhamma-cakkappavattana Sutta
The Discourse on Setting the Wheel of Dhamma in Motion

(The first Discourse)

( ဓမ္မစကြာအမွှန်း )

(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
(ခ) သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော။
စတုသစ္စံ ပကာသေန္တော၊ လောကနာထော အဒေသယိ။
(ဂ) နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗလောကဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမ ဟေ။

( နိဒါန်း )

ဧဝံ မေ သုတံ- ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ရဟန်းဖြစ်သူသည် အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း -

[Evam-me suta.m,] Eka.m samaya.m Bhagavaa, Baaraa.nasiya.m viharati isipatane migadaaye. Tatra kho Bhagavaa pañca-vaggiye bhikkhuu aamantesi

I have heard that on one occasion the Blessed One was staying at Varanasi in the Game Refuge at Isipatana. There he addressed the group of five monks:

[
如是我聞],一時薄伽梵住波羅那斯僊人墜的鹿野苑。在那裏,薄伽梵對五眾比丘說:

( မမှီဝဲသင့်သော အဖို့အစွန်း ၂-ပါး )

ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ ကတမေ ဒွေ၊ ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော။ ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။

ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏အလေ့အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စား အားထုတ်ခြင်း လည်းကောင်း၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်း လည်းကောင်း ဤနှစ်ပါးတို့တည်း။

"Dveme bhikkhave antaa pabbajitena na sevitabbaa,

"There are these two extremes that are not to be indulged in by one who has gone forth — which two?

"
比丘們,有此兩極端,隱者[出家者]不可耽於其中——哪兩極?

Yo caaya.m kaamesu kaama-sukhallikaanuyogo, Hiino gammo pothujjaniko anariyo anattha-sañhito,

That which is devoted to sensual pleasure in sensual objects: base, vulgar, common, ignoble, unprofitable;

於感官對象, 追求感官之樂:是低級、粗鄙、庸俗、非聖、無益的;

Yo caaya.m atta-kilamathaanuyogo, Dukkho anariyo anattha-sañhito.

and that which is devoted to self-affliction: painful, ignoble, unprofitable.

追求自虐:是痛苦、非聖、無益的。

( မဇ္ဈိမ ပဋိပဒါနှင့် ယင်း၏အကျိုး )

ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ၊
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။

ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ် အမြင်ကို ပြုတတ်သော ကိလေသာ ငြိမ်းခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်သော ထိုအလယ်အလတ် ဖြစ်သော မြတ်သော အကျင့်ကား အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း -

Ete te bhikkhave ubho ante anupagamma,
Majjhimaa pa.tipadaa tathaagatena abhisambuddhaa,
Cakkhu-kara.nii ñaa.na-kara.nii upasamaaya abhiññaaya sambodhaaya nibbaanaaya sa.mvattati.

Avoiding both of these extremes, the middle way realized by the Tathagata — producing vision, producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding.
比丘們,避此兩極端,如來實現的中道——引生見、引生知——趨向寧靜、直覺智、自覺醒、涅槃。

Katamaa ca saa bhikkhave majjhimaa pa.tipadaa tathaagatena abhisambuddhaa, Cakkhu-kara.nii ñaa.na-kara.nii upasamaaya abhiññaaya sambodhaaya nibbaanaaya sa.mvattati.

And what is the middle way realized by the Tathagata that — producing vision, producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding?

比丘們,如來實現的中道——引生見、引生知,趨向寧靜、直覺智、自覺醒、涅槃者——是什麼?

သေယျထိဒံ-
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ'၊ မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'၊ မှန်ကန်သော စကား'သမ္မာဝါစာ'၊ မှန်ကန်သောအလုပ် 'သမ္မာကမ္မန္တ'၊ မှန်ကန်သော အသက်မွေးမှု 'သမ္မာအာဇီဝ'၊ မှန်ကန်သော အားထုတ်မှု 'သမ္မာဝါယာမ'၊ မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'၊ မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ' တို့တည်း။

Ayam-eva ariyo a.t.tha"ngiko maggo, Seyyathiida.m,
Sammaa-di.t.thi sammaa-sa"nkappo, Sammaa-vaacaa sammaa-kammanto sammaa-aajiivo, Sammaa-vaayaamo sammaa-sati sammaa-samaadhi.


Precisely this Noble Eightfold Path: right view, right resolve, right speech, right action, right livelihood, right effort, right mindfulness, right concentration.

[八聖道]正是此八聖道:正見、正志、正語、正業、正命、正精進、正念、正定。

Aya.m kho saa bhikkhave majjhimaa pa.tipadaa tathaagatena abhisambuddhaa, Cakkhu-kara.nii ñaa.na-kara.nii upasamaaya abhiññaaya sambodhaaya nibbaanaaya sa.mvattati.

This is the middle way realized by the Tathagata that — producing vision,producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding.

[四聖諦] 比丘們,如來實現的中道——引生見、引生知,趨向寧靜、直覺智、自覺醒、涅槃——即此:

( ဒုက္ခသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည် လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။ (၁)

Ida.m kho pana bhikkhave dukkha.m ariya-sacca.m,
Now this, monks, is the noble truth of stress:
比丘們,此爲苦聖諦:

Jaatipi dukkhaa jaraapi dukkhaa mara.nampi dukkha.m,
Birth is stressful, aging is stressful, death is stressful,
生苦、老苦、死苦,

Soka-parideva-dukkha-domanassupaayaasaapi dukkhaa,
Sorrow, lamentation, pain, distress, & despair are stressful,
憂、哀、痛、悲、慘苦;

Appiyehi sampayogo dukkho piyehi vippayogo dukkho yamp'iccha.m na labhati tampi dukkha.m,
Association with things disliked is stressful, separation from things liked is stressful, not getting what one wants is stressful,
與不愛者共處苦、與愛者離別苦、所求不得苦:

Sa"nkhittena pañcupaadaanakkhandhaa dukkhaa.
In short, the five clinging-aggregates are stressful.
簡言之,五取蘊苦。

( သမုဒယသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ။ သေယျထိဒံ- ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ အကြင် တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့်တကွ ဖြစ်၏၊ ထိုထို အာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု 'တဏှာ' ဟူသည် အဘယ်နည်း၊ ကာမ၌ တပ်မက်မှု 'ကာမတဏှာ'၊ သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု 'ဘဝတဏှာ'၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု 'ဝိဘဝတဏှာ' တို့တည်း။ (၂)

Ida.m kho pana bhikkhave dukkha-samudayo ariya-sacca.m,
And this, monks, is the noble truth of the origination of stress:
比丘們, 此爲苦因聖諦:

Yaaya.m ta.nhaa ponobbhavikaa nandi-raaga-sahagataa tatra tatraabhinandinii, Seyyathiida.m,
Kaama-ta.nhaa bhava-ta.nhaa vibhava-ta.nhaa,


the craving that makes for further becoming — accompanied by passion & delight, relishing now here & now there — i.e., craving for sensual pleasure, craving for becoming, craving for no-becoming.
[
苦因是:]
造作再生的渴求——帶著貪與喜、於處處耽享——正是: 對感官之欲的渴求、對有生的渴求、對無生的渴求。

( နိရောဓသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။


ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု 'တဏှာ' ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန် စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာပင် ဖြစ်၏။ (၃)

Ida.m kho pana bhikkhave dukkha-nirodho ariya-sacca.m,
And this, monks, is the noble truth of the cessation of stress:
比丘們,此爲苦的止息聖諦:

Yo tassaa yeva ta.nhaaya asesa-viraaga-nirodho caago pa.tinissaggo mutti anaalayo,
the remainderless fading & cessation, renunciation, relinquishment, release,& letting go of that very craving.
對該渴求的無餘離貪、止息、舍離、棄 絕、解脫、放開。

( မဂ္ဂသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါးဟူသော်ကား မှန်ကန်သော အမြင် 'သမ္မာဒိဋ္ဌိ' ။ပ။ မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ' တို့တည်း။ (၄)

Ida.m kho pana bhikkhave dukkha-nirodha-gaaminii-pa.tipadaa ariya-sacca.m,
And this, monks, is the noble truth of the way of practice leading to the cessation of stress:
比丘們,此爲趨向止息苦之道聖諦:

Ayam-eva ariyo a.t.tha"ngiko maggo, Seyyathiida.m,
Sammaa-di.t.thi sammaa-sa"nkappo,
Sammaa-vaacaa sammaa-kammanto sammaa-aajiivo,
Sammaa-vaayaamo sammaa-sati sammaa-samaadhi.


precisely this Noble Eightfold Path — right view, right resolve, right speech, right action, right livelihood, right effort, right mindfulness, right concentration.

正是此八聖道——正見、正志、正語、正業、正命、正精進、正念、正定。

( ဒုက္ခသစ္စာ၌ သစ္စဉာဏ် )

''ဣဒံ ဒုက္ခံ အရိယသစ္စ'' န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( ဒုက္ခသစ္စာ၌ ကိစ္စဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( ဒုက္ခသစ္စာ၌ ကတဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိထိုက်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲ ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိခဲ့ပြီ'' ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူး ကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ (၁)

Ida.m dukkha.m ariya-saccanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This is the noble truth of stress.'
[對於四聖諦的責任]比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明[眼生智生慧生明生光生]此爲苦聖諦

Ta.m kho pan'ida.m dukkha.m ariya-sacca.m pariññeyyanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa. na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This noble truth of stress is to be comprehended.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此苦聖諦需全知

Ta.m kho pan'ida.m dukkha.m ariya-sacca.m pariññaatanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This noble truth of stress has been comprehended.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此苦聖諦已全知

( သမုဒယသစ္စာ၌ သစ္စဉာဏ် )

''ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( သမုဒယသစ္စာ၌ ကိစ္စဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( သမုဒယသစ္စာ၌ ကတဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ'သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်အပ်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်ပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၂)

Ida.m dukkha-samudayo ariya-saccanti me bhikkhave,
Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.


Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This is the noble truth of the origination of stress.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此爲苦因聖諦

a.m kho pan'ida.m dukkha-samudayo ariya-sacca.m pahaatabbanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This noble truth of the origination of stress is to be abandoned.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此苦因聖諦需斷棄

Ta.m kho pan'ida.m dukkha-samudayo ariya-sacca.m pahiinanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This noble truth of the origination of stress has been abandoned.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此苦因聖諦已斷棄

( နိရောဓသစ္စာ၌ သစ္စဉာဏ် )

''ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( နိရောဓသစ္စာ၌ ကိစ္စဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( နိရောဓသစ္စာ၌ ကတဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက် ပြုအပ်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၃)

Ida.m dukkha-nirodho ariya-saccanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This is the noble truth of the cessation of stress.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此爲苦 的止息聖諦

Ta.m kho pan'ida.m dukkha-nirodho ariya-sacca.m sacchikaatabbanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This noble truth of the cessation of stress is to be directly experienced.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此苦的止息聖諦需直證

Ta.m kho pan'ida.m dukkha-nirodho ariya-sacca.m sacchikatanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This noble truth of the cessation of stress has been directly experienced.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此苦的止息聖諦已直證

( မဂ္ဂသစ္စာ၌ သစ္စဉာဏ် )

''ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( မဂ္ဂသစ္စာ၌ ကိစ္စဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( မဂ္ဂသစ္စာ၌ ကတဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများအပ်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူး ကုန်သော မဂ္ဂသစ္စာ တရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏၊ ရဟန်းတို့ ''ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၄)

Ida.m dukkha-nirodha-gaaminii-pa.tipadaa ariya-saccanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This is the noble truth of the way of practice leading to the cessation of stress.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此爲趨向苦止息之道聖諦

Ta.m kho pan'ida.m dukkha-nirodha-gaaminii-pa.tipadaa ariya-sacca.m bhaavetabbanti me bhikkhave, Pubbe ananussutesu dhammesu,
Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.


Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This noble truth of the way of practice leading to the cessation of stress is to be developed.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此趨向苦止息之道聖諦需修習

Ta.m kho pan'ida.m dukkha-nirodha-gaaminii-pa.tipadaa ariya-sacca.m bhaavitanti me bhikkhave, Pubbe ananussutesu dhammesu, Cakkhu.m udapaadi ñaa.na.m udapaadi paññaa udapaadi vijjaa udapaadi aaloko udapaadi.

Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: 'This noble truth of the way of practice leading to the cessation of stress has been developed.'

比丘們,我對前所未聞之法,昇起視眼、昇起洞見、昇起明辨、昇起知識、昇起光明:此趨向苦止息之道聖諦已修成

( ဘုရားအဖြစ် ဝန်မခံတော်မူခဲ့သေးပုံ )

ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ''အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ'' တိ ပစ္စညာသိံ။

ရဟန်းတို့ ''ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ် သေးသမျှ ကာလပတ်လုံး ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်မခံခဲ့ချေ။

Yaavakiivañca me bhikkhave imesu catuusu ariya-saccesu,
Evan-ti-pariva.t.ta.m dvaadas'aakaara.m yathaabhuuta.m ñaa.na-dassana.m na suvisuddha.m ahosi,
Neva taavaaha.m bhikkhave sadevake loke samaarake sabrahmake, Sassama.na-braahma.niyaa pajaaya sadeva-manussaaya, Anuttara.m sammaa-sambodhi.m abhisambuddho paccaññaasi.m.


And, monks, as long as this knowledge & vision of mine — with its three rounds & twelve permutations concerning these four noble truths as they actually are — was not pure, I did not claim to have directly awakened to the right self-awakening unexcelled in the cosmos with its deities, Maras, & Brahmas, with its contemplatives & priests, its royalty & common people.

[法輪]比丘們,只要我對此四聖諦之三轉十二相的如實知見尚不純淨,比丘們,我未在有天神摩羅梵天、沙門婆羅門、貴族平民的宇宙間宣稱己直覺此無上正自覺醒。

( ဘုရားအဖြစ် ဝန်ခံတော်မူပုံ )

ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။
အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ''အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ'' တိ ပစ္စညာသိံ။

ရဟန်းတို့ ''ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသော အခါ၌သာလျှင် ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်ခံခဲ့၏၊ ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား ပစ္စဝေက္ခဏာ ဉာဏ်အမြင်သည် ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီငါးပါး ရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်၏။

Yato ca kho me bhikkhave imesu catuusu ariya-saccesu,
Evan-ti-pariva.t.ta.m dvaadas'aakaara.m yathaabhuuta.m ñaa.na-dassana.m suvisuddha.m ahosi,
Athaaha.m bhikkhave sadevake loke samaarake sabrahmake,
Sassama.na-braahma.niyaa pajaaya sadeva-manussaaya,
Anuttara.m sammaa-sambodhi.m abhisambuddho paccaññaasi.m.


But as soon as this knowledge & vision of mine — with its three rounds & twelve permutations concerning these four noble truths as they actually are — was truly pure, then I did claim to have directly awakened to the right self-awakening unexcelled in the cosmos with its deities, Maras, & Brahmas, with its contemplatives & priests, its royalty & commonfolk.

然而,一旦我對此四聖諦之三 轉十二相的如實知見真正純淨,比丘們,我即在有天神摩羅梵天、沙門婆羅門、貴族平民的宇宙間宣稱己直覺此無上正自覺醒。

( ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ )

ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ၊ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ။

( ပဉ္စဝဂ္ဂီတို့နှစ်သက်ကြပုံ )

ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

( အရှင်ကောဏ္ဍည တရားထူးရပုံ )

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ ''ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ။

ချစ်သားရဟန်းတို့ ငါဘုရား၏ ဟုတ်တိုင်းအမှန် အမြင်သန်သော ပစ္စဝေက္ခဏာ ဉာဏ်တော်သည် ထင်ရှားဖြစ်ပေါ်၍လာပြီ။ ငါဘုရား၏ အရဟတ္တဖိုလ် ဉာဏ်တော်သည် မပျက်မစီးနိုင် ခံ့ခိုင် တည်တံ့လေပြီ။ ငါဘုရား၏ ဤ ဘ၀ အဖြစ်သည် အဆုံးစွန်သော အဖြစ်ပေတည်း။ ယခု အခါ၌ ဘဝ

အသစ် တဘန်ဖြစ်ဘို့ အရေးသည် မရှိတော့ချေ။ ဤသို့ ဉာဏ်အမြင်သည် ထင်ရှား ဖြစ်ပေါ်၍လာပြီ။

(၂၃) ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤ ဓမ္မစက္က ပ၀တ္တန သုတ္တန်ကို ပဌမ လက်ဦီး မြွက်ကျူး ဟောကြားတော်မူလေ၏။ ကောဏ္ဍည အမှူး ငါးဦီး အစုအဝေးရှိ ကုန်သော ရဟန်းတို့သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ဟောတော်မူ Aပ်သော တရားတော်ကို အရိယသစ္စဉာဏ် ထက်သန် ပွင့်လင်း ၀မ်းမြောက်ခြင်း ရှိကြကုန်သည် ဖြစ်၍ ရွှင်လန်းအားရ နှစ်သက်ကြလေကုန်သတည်း။

(၂၄) ဂါထာမဖက် စုဏ္ဏိယ သက်သက် ဖြစ်သော ဤ ဓမ္မစက္က ပ၀တ္တန သုတ်တော်ကြီးကို ဟောတော်မူအပ်သည် ရှိသော် ရှည်သော အသက်တော်ရှိသော အရှင် ကောဏ္ဍည မထေရ်အား ကိလေသာ

မြူတို့မှ စင်ဖြူကင်းဝေးသော မှောက်မှားဒိဋ္ဌိ အညစ်အကြေး မရှိသော သောတာပတ္တိ မဂ်ဉာဏ် ဟုဆိုအပ်သော တရားမျက်လုံးသည် ထင်ရှားစွာ ပေါ်ပေါက်လေ၏။ “အလုံးစုံသော တေဘုမ္မက၀ဋ်ဒုက္ခတရားစုသည် ဖြစ်ပေါ်ခြင်းလျှင် အကြောင်းရင်းရှိ၏။ ထိုအလုံးစုံသော တေဘုမ္မက၀ဋ်ဒုက္ခတရားစုသည် မကြွင်းမကျန်အမှန်ချုပ်ဆုံးခြင်း သဘောရှိ၏။” (ဤသို့ ဟုတ်တိုင်းမှန်သိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။)

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် အသျှင်ကောဏ္ဍညအား ''ဖြစ်ခြင်း သဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏'' ဟု (ကိလေသာ) မြူ အညစ်အကြေး ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်လာ၏။


Ñaa.nañca pana me dassana.m udapaadi, Akuppaa me vimutti,
Ayam-antimaa jaati, N'atthidaani punabbhavoti."

The knowledge & vision arose in me: 'My release is unshakable. This is the last birth. There is now no further becoming.'"
我內心昇起此知見: ‘我的解脫不可動搖。此爲最後一生。今不再有生。’ ”

Idam-avoca Bhagavaa, Attamanaa pañca-vaggiyaa bhikkhuu Bhagavato bhaasita.m abhinandu.m.
That is what the Blessed One said. Gratified, the group of five monks delighted at his words.
[聖僧伽的誕生]此爲薄伽梵所說。五眾比丘對薄伽梵之說隨喜、心悅。

Imasmiñca pana veyyaa-kara.nasmi.m bhaññamaane, AAyasmato Ko.n.daññassa viraja.m viitamala.m dhamma-cakkhu.m udapaadi,
And while this explanation was being given, there arose to Ven. Kondañña the dustless, stainless Dhamma eye:
在此解說期間,尊者喬陳如昇起了無塵、無垢的法眼:

Ya"nkiñci samudaya-dhamma.m sabban-ta.m nirodha-dhammanti.
"Whatever is subject to origination is all subject to cessation."
凡緣起者,皆趨止息。[凡緣起之法,皆爲止息之法]

( နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ )

ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်ရှိသော် ''ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏'' ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။ ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူ၏'' ဟု စာတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။

Pavattite ca Bhagavataa dhamma-cakke, Bhummaa devaa saddamanussaavesu.m,
Now when the Blessed One had set the Wheel of Dhamma in motion, the earth deities cried out:
[法輪轉起]薄伽梵轉法輪之際,地神們大呼:

"Etam-Bhagavataa Baaraa.nasiya.m isipatane migadaaye anuttara.m dhamma-cakka.m pavattita.m, Appa.tivattiya.m sama.nena vaa braahma.nena vaa devena vaa maarena vaa brahmunaa vaa kenaci vaa lokasminti."
"At Varanasi, in the Game Refuge at Isipatana, the Blessed One has set in motion the unexcelled Wheel of Dhamma that cannot be stopped by priest or contemplative, deity, Maara, Brahma, or anyone at all in the cosmos."
在波羅那斯僊人墜的鹿野苑,薄伽梵轉起無上法輪,沙門婆羅門、天神摩羅梵天、宇宙中任何者,皆不能阻止。

စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ နိမ္မာနရတီ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ ပရနိမ္မိတဝသဝတ္တီ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဓမ္မစကြာသုတ်တော်ကြီးကို ဟောတော်မူ အပ်ပြီးသည် ရှိသော်ကား ဘုမ္မစိုးနတ်တို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။ “အို… နတ်များအပေါင်းတို့ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ သားသမင်အပေါင်းတို့ကို ဘေးမဲ့ ပေး၍ မွေးရာဖြစ်သော ရသေ့ သူမြတ်အပေါင်းတို့၏ ဆင်းသက်ကျရောက်ရာ ဖြစ်သော မိဂဒါဝုန်တောကြီး အတွင်း၌ အတုမရှိသော ဤဓမ္မစကြာတရားတော်မြတ်ကို ဟောတော်မူအပ်ပေပြီ။ ဤ ဓမ္မစကြာ တရားတော်မြတ်ကို

ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ် နတ်သည်၎င်း ဗြဟ္မာသည်၎င်း အနန္တ စကြာဝဠာ ဤကမ္ဘာ လောကဓာတ် တိုက်ဘောင် အတွင်း၌ တစုံတယောက်သော ပုဂ္ဂိုလ်သည် ၎င်း မဆီးတား မကန့်ကွက်နိုင်ချေ” (ဤသို့ တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။) ဘုမ္မစိုးနတ်တို့၏ ကြွေးကြော်သံကို ကြားကြကုန်သည်ရှိသော် စာတုမဟာရာဇ်နတ် Aများတို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။

“….. ….. ….. ….. ….. ….. …… ….. ….. ….. ….. ….. ….. …..”

စတု မဟာရာဇ် နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”

တာဝတိံသာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”

ယာမာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”

တုသိတာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”

နိမ္မာနရတိ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”

ပရ နိမ္မိတ ၀သ၀တ္တီ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”

ဗြဟ္မာအပေါင်းတို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။

“အို..နတ် ဗြဟ္မာများ အပေါင်းတို့ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ

နေပြည်တော်ကြီး၏ အနီး၌ သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော ရသေ့ သူမြတ် အပေါင်းတို့၏ ဆင်းသက်ကျရောက်ရာ ဖြစ်သော မိဂဒါဝုန်တောကြီး အတွင်း၌ အတုမရှိသော ဤဓမ္မစကြာတရားတော်မြတ်ကို ဟောတော်မူအပ်ပေပြီ။ ဤ ဓမ္မစကြာ တရားတော်မြတ်ကို ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ် နတ်သည်၎င်း ဗြဟ္မာသည်၎င်း အနန္တ စကြာဝဠာ ဤ ကမ္ဘာ လောကဓာတ် တိုက်ဘောင် အတွင်း၌ တစုံတယောက်သော ပုဂ္ဂိုလ်သည် ၎င်း မဆီးတား မကန့်ကွက်နိုင်ချေ” (ဤသို့ တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။) ဤသို့လျှင် ထိုခဏအတွင်း၌ ထိုလယအတွင်း၌ ထိုမုဟုတ်အတွင်း၌ အကနိဋ္ဌ ဗြဟ္မာ့ဘုံ တိုင်အောင် ကျော်စောသော အသံသည် အဆင့်ဆင့် ပျံ့နှံ့၍ တက်လေ၏။

Bhummaana.m devaana.m sadda.m sutvaa,
Caatummahaaraajikaa devaa saddamanussaavesu.m.

On hearing the earth deities' cry, the deities of the Heaven of the Four Kings took up the cry.
聞地神之呼聲,四大王天們大呼。

Caatummahaaraajikaana.m devaana.m sadda.m sutvaa,
Taavati.msaa devaa saddamanussaavesu.m.

On hearing the cry of the deities of the Heaven of the Four Kings, the deities of the Heaven of the Thirty-three took up the cry.
聞四大王天之呼聲,三十三天們大呼。

Taavati.msaana.m devaana.m sadda.m sutvaa,
Yaamaa devaa saddamanussaavesu.m.

On hearing the cry of the deities of the Heaven of the Thirty-three, the Yama deities took up the cry.
聞三十三天之呼聲,夜摩天們大呼。

Yaamaana.m devaana.m sadda.m sutvaa,
Tusitaa devaa saddamanussaavesu.m.

On hearing the cry of the Yama deities, the Tusita deities took up the cry.
聞夜摩天之呼聲,兜率天們大呼。

Tusitaana.m devaana.m sadda.m sutvaa,
Nimmaanaratii devaa saddamanussaavesu.m.

On hearing the cry of the Tusita deities, the Nimmanarati deities took up the cry.
聞兜率天之呼聲,化樂天們大呼。

Nimmaanaratiina.m devaana.m sadda.m sutvaa,
Paranimmita-vasavattii devaa saddamanussaavesu.m.

On hearing the cry of the Nimmanarati deities, the Paranimmita-vasavatti deities took up the cry.
聞化樂天之呼聲,他化自在天們大呼。

Paranimmita-vasavattiina.m devaana.m sadda.m sutvaa,
Brahma-kaayikaa devaa saddamanussaavesu.m,

On hearing the cry of the Paranimmita-vasavatti deities, the deities of Brahma's retinue took up the cry:
聞他化自在天之呼聲,梵眾天們大呼:

"Etam-Bhagavataa Baaraa.nasiya.m isipatane migadaaye
anuttara.m dhamma-cakka.m pavattita.m,
Appa.tivattiya.m sama.nena vaa braahma.nena vaa devena vaa maarena vaa brahmunaa vaa kenaci vaa lokasminti."

"At Varanasi, in the Game Refuge at Isipatana, the Blessed One has set in motion the unexcelled Wheel of Dhamma that cannot be stopped by priest or contemplative, deity, Maara, Brahma, or anyone at all in the cosmos."
在波羅那斯僊人墜的的鹿野苑,薄伽梵轉起無上法輪,沙門婆羅門、天神魔羅梵天、宇宙中任何者,皆不能阻止。

( မြေငလျင်လှုပ်ခြင်း၊ အရောင်အလင်းဖြစ်ပေါ်ခြင်း )

(၂၆) ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။

(၂၆) ဤ စကြာဝဠာ အပေါင်း လောကဓာတ် တိုက်တသောင်းသည်လည်း အောက်သို့နိမ့်လျက် တသိမ့်သိမ့် တုန်လှုပ်လေ၏။ အထက်သို့ခုန်တက်၍ တသွက်သွက် တုန်လှုပ်လေ၏။ အေးယဉ်လွှဲသကဲ့သို့ နွှဲကာ နွှဲကာ တုန်လှုပ်လေ၏။

Itiha tena kha.nena tena muhuttena,
Yaava brahma-lokaa saddo abbhuggacchi.

So in that moment, that instant, the cry shot right up to the Brahma world.
於是,那時刻、那瞬間,呼聲直達梵天界。


(၂၇) အယဉ္စ ဒသသဟဿိလောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။
အပ္ပမာဏော စ ဥဠာရော သြဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။

(၂၇) နတ်အပေါင်း ဗြဟ္မာအပေါင်းတို့၏ တန်ခိုးအလုံးစုံကို သိမ်းခြုံလွှမ်းမိုး၍ စကြ၀ဠာအပေါင်း လောကဓာတ် တိုက်တသောင်း၌ အတိုင်းမသိ နှိုင်းယှဉ်ဘွယ်မရှိသော ကြီးကျယ် မွန်မြတ်သော ရောင်လျှံထိန်ညီး အလင်းဓာတ်ကြီးသည် အဆန်းတကြယ် အံ့သြဘွယ် ဖြစ်ပေါ်လာ၏။

Ayañca dasa-sahassii loka-dhaatu,
Sa"nkampi sampakampi sampavedhi,

And this ten-thousandfold cosmos shivered & quivered & quaked,
此十千宇宙在顫動、抖動、震動,

Appamaa.no ca o.laaro obhaaso loke paaturahosi,
Atikkammeva devaana.m devaanubhaava.m.

while a great, measureless radiance appeared in the cosmos, surpassing the effulgence of the deities.
一道大無量光出現在宇宙間,勝於天神的燦爛。

( မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ )
(၂၈) အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ ''အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော'' တိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ ''အညာသိ ကောဏ္ဍညော'' တွေဝ နာမံ အဟောသီတိ။

(၂၈) ထိုအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ၀မ်းမြောက်မြွက်ကြား ဤ ဥဒါန်းတော် အမိန့်စကားကို ကျူးရင့်တော်မူလေ၏။ အို လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ ငါ့ သားတော်ကြီးဖြစ်သော ကောဏ္ဍညသည် အသိဉာဏ် အလင်းပေါက်၍ သောတာပန်အဖြစ်သို့ ရောက်လေပြီတကား။ (ဤသို့ ဥဒါန်းကျူးရင့်တော်မူလေ၏။) ဤ ဥဒါန်းစကားတော်ကိုအကြောင်းပြု၍ ရှည်သောအသက်တော်ရှိသော အရှင် ကောဏ္ဍည မထေရ် မြတ်ကြီးအား အညာသိ ကောဏ္ဍည ဟူသော ဤအမည်ထူးကို ရရှိခဲ့လေသတည်း။

tha kho Bhagavaa udaana.m udaanesi, "Aññaasi vata bho Ko.n.dañño,
Aññaasi vata bho Ko.n.daññoti."

Then the Blessed One exclaimed: "So you really know, Kondañña? So you really know?"
其時,薄伽梵大聲道: “喬陳如真悟了? 喬陳如真悟了。

Itihida.m aayasmato Ko.n.daññassa, Añña-ko.n.dañño'tveva naama.m, ahosiiti.
And that is how Ven. Kondañña acquired the name Añña-Kondañña — Kondañña who knows.
故此,尊者喬陳如得名: 阿念-喬陳如[覺悟的喬陳如]

( အရှင်ကောဏ္ဍည ရဟန်းအဖြစ် လျှောက်တောင်းပုံ )
(၂၉) အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ ''လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒ''န္တိ။

(၂၉) ထို သောတာပန် ဖြစ်ပြီးသောအခါ၌ ရှည်သော အသက်တော်ရှိသော အရှင် အညာသိ

ကောဏ္ဍညသည် ကိုယ်တိုင် မြင်အပ်ပြီးသော တရားရှိသည်ဖြစ်၍၊ ကိုယ်တိုင် ဆိုက်ရောက်

အပ်ပြီးသော တရားရှိသည်ဖြစ်၍၊ ကိုယ်တိုင် သိအပ်ပြီးသော တရားရှိသည်ဖြစ်၍၊ ကိုယ်ပိုင်ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည်ဖြစ်၍၊ ယုံမှားခြင်း၏ တဘက်ကမ်းသို့ ရောက်အောင် ကူးမြောက်ပြီးသည် ဖြစ်၍၊ သို့လော သို့လော တွေးတောယုံမှားခြင်းမှ လွတ်ကင်းသည်ဖြစ်၍၊ ကြောက်ရံွ့ မှုကင်းလျက် ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍၊ မြတ်စွာဘုရား၏ သာသနာတော်အတွင်း၌ သိမြင်ပြီးသော ဉာဏ် အစွမ်းအားဖြင့် သူတပါးတို့အား ယုံကြည်အားထားခြင်း မရှိလေသောကြောင့်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ဤသို့သော စကားကို လျှောက်ထားတောင်းပန်လေ၏။ “အရှင်ဘုရား - တပည့်တော်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါသည်ဘုရား။ ပဉ္ဇင်းအဖြစ်ကို ရလိုပါသည်ဘုရား။” ဤသို့ လျှောက်ထား တောင်းပန်လေ၏။

Athakho Bhagavaa ayssma tnnasi kondanno dittha-dhammo patta-dhammo vidita-dhammo pariyogala-dhaamo tinnavicikiccho vigatakathamkhatho vesaraccapatto aparappaccayo satthusasane bagavantam etadavoca “labeyyaham bante bagavato santike pabbajjam labeyyam upasarpadan”ti.

(29) Then, The Venerable Annasi Kondanna, Having seen Dhamma, Attained Dhamma, Known Dhamma, Plunged into Dhamma, Having crossed over doubt, Having put away uncertaintity, Having attained confidence, Without depending on others in the Teacher’s religion, spoke to the Bhagava, “May I, Bhante, get to leave the world in the presence of the Bhagava, May I get the ordination?”

( ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ )
(၃၀)''ဧဟိ ဘိက္ခူ'' တိ ဘဂဝါ အဝေါစ ''သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ'' တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။

(၃၀) မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။ “အို ရဟန်း လာလော့ ငါဘုရားသည် တရားတော်မြတ်ကို ကောင်းစွာ ဟောကြားတော် မူအပ်ပြီ။ သံသရာ ၀ဋ်ဆင်းရဲ၏ ကိစ္စတုံး၍ အဆုံးတိုင်အောင် ပြုခြင်းငှာ ကောင်းစွာ မြတ်သော မဂ်အကျင့်ကို ကျင့်လေလော့” ဤသို့ မိန့်တော်မူ၏။ ရှည်သော အသက်တော်ရှိသော ထို အရှင် ကောဏ္ဍညအား ထို ဧဟိဘိက္ခု - ပဉ္ဇင်း အဖြစ်သည်သာလျှင် ဖြစ်လေသတည်း။

Ehi bhikkhu”ti bagava avoca “svakkhato dhammo cara bhrahmacariya samma dukkhassa antakiriyaya”ti sava tassa ayasmato upasampada ahositi.

(30) And the Bhagava said, “Come, Bhikkhu, The Dhamma has been well expounded, Practice the holy life rightly, For making an end of suffering.” So this came to be the ordination of the long lived Venerable Kondanna.

Dhamma-cakkappavattana Sutta nithitam

The end of Discourse on Setting the Wheel of Dhamma in Motion

ဓမ္မစက္ကပ္ပ၀တ္တန သုတ်သည် ပြီးပြီ။

轉法輪經結束