Thursday, January 19, 2012

မြတ်ဗုဒ္ဓ၏ စီးပွါးလမ်းညွှန်


    မြတ်ဗုဒ္ဓ၏ စီးပွါးလမ်းညွှန်

အတုမရှိ မြင့်မြတ်တော်မူသောမြတ်ဗုဒ္ဓ၏ ရွှေနှုတ်တော်ထွက်စကားလုံးများသည် သတ္တ၀ါအများအတွက် အကျိုးစိးပွါးကိုဧကန်ပင်ဖြစ်စေပါ၏။..............................................
လွန်ခဲ့တဲ့ နှစ် 2500 ကျော်က စကားတွေဟာ သက်တမ်း 2500 ကျော်ခဲ့ပြီဖြစ်၍ အိုမင်းနေလေပြီ...ယနေ့ခေတ်လိုမျိုး ဆန်းပြားထွေလာတဲ့ သိပ္ပံ ကမ္ဘာကြီးတစ်ခေတ်မှာ..အသုံးတည့်ပါ့မလား...အကယ်၍ ရင်ထဲမှာ သံသယရှိခဲ့ရင် ...ထိုစကားလုံးတွေအတိုင်းကျင့်သုံးနေထိုင်ကြည့်လိုက်ပါ.....ကျင့်သုံးခြင်းကြောင့်ထွက်ပေါ်လာတဲ့အကျိုးဆက်ဟာ
ထိုသံသယကို ပျော်ကင်းနိုင်တဲ့ဖြေပင်ဖြစ်၏။

            ။သင်ဘယ်စီးပွါးရေးနှင့် အသက်မွေးနေသနည်း၊...
ထိုစီးပွါးရေးမှာထည့်သုံးလို့ရမယ့်......အဆုံးအမသြ၀ါဒ နည်းဗျူဟာတစ်မျိုးကို မြတ်ဗုဒ္ဓ၏ စီးပွါးလမ်းညွှန်..အဖြစ်ယနေ့ ခေတ်ဝေါဟာရများဖြင့် ရိုးရှင်းစွာ  ရေးသားလိုက်ပေသည်။

         ကောလိယ  ပြည်အတွင်း  ကက္ကရပတ္တနိဂုံး  မှာမြတ်စွာဘုရားသီတင်းသုံးနေတော်မူခိုက်ဖြစ်၏ ထိုအချိန်က မဇ္ဈိမဒေသနဲ့အနိးတစ်ဝိုက်မှာ မြတ်ဗုဒ္ဓ၏ ဂုဏ်သတင်းအလွန်ထင်ရှားကျော်ကြားနေတုန်းပေါ့......ဗုဒ္ဓ၏ ဂုဏ်သတင်းကိုကြားရပြီးဗုဒ္ဓနှင့်တွေ့ရင်တော့ ငါသိချင်တာလေးတွေမေးလျှောက်ရဦးမည်ဆိုတဲ့ အတွေးတွေ  ကိုယ်စီကိုယ်ငှ ရင်ထဲရှိနေကြတဲ့လူများ စွာထဲမှာ ဗျဂ္ဃသစ္စ လို့ခေါ်တဲ့  ကောလိယပြည့်ရှင်ဘုရင် ကောလိယ ၏ သားတော်လည်းအပါဝင်ဖြစ်၏။..........

ထူးထူးခြားခြား  ကောလိယပြည် ကက္ကရပတ္တ နိဂုံးမှာ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူနေကြောင်းကို ဗျဂ္ဃသစ္စကြားလေသော်.......ဘုရားဖူးရန်အတွက်ထိုနိဂုံးကိုသွားလေ၏.. သွားရင်းသွားရင်း တွေးလာတဲ့ အတွေးတစ်ခုကတော့   မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရဖို့ မလွယ်ဘူး  ကြုံတောင့်ကြုံခဲ ဒီတစ်ခါတော့ ..လူအများ အကျိုးရှိမည့် အကြောင်းလေးကိုလျှောက်ထားမေးမြန်းရရင်ကောင်းမှာပဲလို့  တွေးလာခဲ့တယ်။
           ဘုရားထံမှောက် ချဥးကပ်ရောက်ပြီးရိုသေစွာရှိခိုး ကန်တော့ ကာ သူမေးချင်တဲ့ အေကြောင်းကိုမေးတော့တာပါပဲ။

            ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား  ဘုရားတပည့်တော်တို့မှာအိမ်ရာတည်ထောင်လူတို့ဘောင်ဖြစ်၍ သားမယားကိုပြုစုကျွေးမွေးခြင်းစတဲ့ ကာမသုခ အာရုံတွေများပြား၍ ကျဉ်းကျပ်လှပါ၏မြတ်စွာဘုရား...သို့ဖြစ်ပါ၍  ဘုရားတပည့်တော်တို့လူဝတ်ကြောင်များနှင့်သင့်တော်တဲ့တရားကိုဟောကြားတော်မူပါမြတ်စွာဘုရား      အကြင်တရားတော်သည် တပည့်တော်တို့လူဝတ်ကြောင်များအဖို့ မျက်မှောက်ဘ၀မျာလဲ အကျိုးစီးပွါးဖြစ်၍ ချမ်းသာရာချမ်းသာကြောင်းဖြစ်။
တမလွန်ဘ၀မှာလဲ ထိုသို့ စီးပွါးချမ်းသာဖြစ်ကြောင်း    အများအတွက်အကျိုးရှိမည့်တရားတော်မြတ်ကို ဟောကြားတော်မူပါဘုရား.............

         ထိုသို့ လျှောက်ထားလေသော်.......မြတ်စွာဘုရားက  ..............ဗျဂ္ဃသစ္စ  နာကြားလော့
ခု ငါဘုရားဟောကြားလတ္တံ့ သောတရားတော်သည်ကား  မျက်မှောက် ဘ၀ ၌ သော်လည်းကောင်း
တမလွန်ဘ၀၌သော်လည်းကောင်း  အကျိုးစီးပွါး ကိုဖြစ်ခြင်းချမ်းသာခြင်းငှါ ဖြစ်ခြင်း အကျိုးတရားများကိုဖြစ်စေ၏  ထိုတရားတော်တို့သည်ကား 
  လေးပါး  သာလျှင်ရှိ၏
  (၁) နိုးကြားထကြွ လုံ့လနှင့်ပြည့်စုံခြင်း၊ ။(ဥဌာနာသမ္ပဒါ)
  (၂)အစောင့်ရှောက်နှင့်ပြည့်စုံခြင်း။ ။(အာရက္ခသမ္ပဒါ)
  (၃)မိတ်ဆွေကောင်းရှိခြင်း။ ။ (ကလျာဏမိတ္တသမ္ပဒါ)
  (၄)ညီညွတ်စွာအသက်မွေးခြင်း၊ ။(သမဇီဝိတသမ္ပဒါ)   ဟူ၍ လေးပါးဖြစ်၏ ၊ ၊
    
         မြတ်စွာဘုရားရှင်က အကျဉ်းအားဖြင့် ဟောကြားတော်မူပြီး ထိုအကျဉ်းကို အကျယ်အားဖြင့် အဓိပ္ပါယ် သဘောမိစေဖို့ ဆက်လက်၍  ဟောတော်မူခဲ့ပါတယ်.................၊

       (၁) နိုးကြားထကြွလုံ့နှင့်ပြည့်စုံခြင်းဆိုတာကတော့  လောကမှာ ကိုယ်စီကိုယ်ငှ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ လုပ်ငန်း  အတတ်ပညာတွေ အမျိုးမျိုး ရှိကြသည်ချည်းပါပဲ
ထို ထိုသို့သော.......မိမိလုပ်ငန်း ကို ကျွမ်းကျင်တတ်မြောက်စွာလုပ်ကိုင်နီုင်ခြင်း  ထိုလုပ်ငန်း၌မိမိကိုယ်တိုင်ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သလို သူတပါးတွေအပေါ်မှာလဲ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ဖို့ အတွက်စီရင် နိုင်ခြင်း  ထိုသို့ကြိုးစားခြင်းမျိုးကိုတော့( ဥဌာနသမ္ပဒါ)လို့ခေါ်ဆိုပါတယ်...........

     (၂) အစောင့်အရှောက်နှင့်ပြည့်စုံခြင်းဆိုတာကတော့ မိမိသည်ကြိုးစားအားထုတ်ကာ စုဆောင်းရရှိသော  ဥစ္စာစည်းစိမ်တို့ကို အလဟဿ အကျိုးမဲ့မကုန်ခန်းအောင် မပျက်စီး မဆုံးရှုံးရလေအောင် ထိန်းသိမ်းစောင့်ရှောက်  နီုင်ရမည်ဟူ၏ ၊  ´´ငါ၏ စည်းစိမ် ဥစ္စာ တို့ကိုမင်းစသောရန်သူမျိုးငါးပါးတို့ မဖျက်ဆီး နိုင်စေသတည်း´´.... ဟုနှလုံးပိုက်ကာ  စောင့်ရှောက်ခြင်း၌လည်းစွမ်းနိုင်ရမည်ဟူ၏  ၊ ၊ (အာရက္ခသမ္ပဒါ) ။
   
    (၃) မိတ်ဆွေကောင်းရှိရမည် ဆိုတာကတော့ ထင်ရှားပါတယ်..မိမိ နေထိုင်ရာပတ်ဝန်းကျင် မြို့ရွာ ၌  သဒ္ဓါ. သီလ . စာဂ . ပညာ .  နှင့်ပြည့်စုံသော သူတို့ကို ပေါင်းသင်းဆက်ဆံရမည်....
ထိုသူတို့ကို ဆည်းကပ်ခစား၍ ကောင်းသောအကျင့် အကြံများကို ကျင့်သုံးရမည်...ထိုသို့ မိမိ ထက်
သာလွန်သော ပညာ ရှိသောသူကို ပေါင်းသင်း၍ ထိုသူတို့၏လမ်းညွှန်မှု့ကို အလေးထားရမည် ...
မိမိ အတွက်တိုးတက်ရာတိုးတက်ကြောင်းကိုဖြစ်စေနိုင်သော ထိုကဲ့သို့သော သူကို ပေါင်းသင်းဆက်ဆံရမည်ဟုဆိုလိုသည်..(ကလျာဏမိတ္တသမ္ပဒါ) ၊ ၊

     (၄) ညီညွတ်စွာအသက်မွေးမြူခြင်း ဆိုတာကတော့ .. မိမိ ရရှိပြီးသော စည်းစိမ် ငွေကြေး နှင့်
 သုံးဆောင်ကုန်ကျမည့်ငွေကြေး ကိုမျှတစွာ အသုံးပြုနိုင် ရမည် ဖြစ်၏...၀င်ငွေနှင့်ထွက်ငွေကို
အချိုးကျကျ ညီမျှအောင် သုံးဆောင်ရမည်ဖြစ်၏   ရသမျှသောငွေကြေးတို့ ကို စည်းမဲ့စွာသုံးစွဲ မည်ဆိုလျင် အဘယ်သို့ ကြီးပွါးနိုင်မည်နည်း   စည်းစိမ် ဥစ္စာ ကို အကျိုးမဲ့ အကုန်မခံသင့်သလို...၊
အကျိုးရှိမည် ဆိုလျင်လည်းအတိုင်းတာတစ်ခုထိစွန့်လွှတ်ဖို့ ၀န်မလေးသင့်ဟူသောအကျင့်ကတော့
(သမဇီဝိတသမ္ပဒါ) ပင်ဖြစ်ပေ၏။...........မြတ်စွာဘုရားက ဗျဂ္ဃသစ္စ ကို လူအများအကျိုးရှိဖို့ အတွက် ဟောတော်မူခဲ့သောတရားပင်ဖြစ်ပါ၏ .....သို့ သော်
    ထို တိုးတက်ကြီးပွါးခြင်းနှင့် ဆန့်ကျင်ဘက်  ဆုံးရှုံးခြင်းကိုလည်း ရှောင်ရှားနိုင်ဖို့အတွက်..စည်းစိမ်းပျက်စီးကြောင်းကိုလဲ ဟောတော်မူခဲ့ ပါတယ်...............

 အကျဉ်းပဲ ဖော်ပြလိုက်ပါတယ်နော်................
(၁)   မိန်းမလိုက်စားခြင်း၊
(၂)အရက်သောက်စားခြင်း၊
(၃)လောင်းကစားလိုက်စားခြင်း၊
(၄)မကောင်းသောမိတ်ဆွေတို့နှင် စိတ်တူကိုယ်တူပေါင်းသင်းခြင်း၊
    အားဖြင့် လေးပါး ကိုဟောတော်မူခဲ့ပါတယ်...................။
ဆောင်သင့်သော တရားကို ဆောင် နိုင်ဖို့က ကိုယ့်တာဝန်
ရှောင်သင့်သောတရားကို ရှောင်နိုင်ဖို့ကကိုယ့်တာဝန်..............ပင်ဖြစ်၍ မိမိ ၏တိုးတက်ခြင်းကို
မိမိ ကိုယ်တိုင်းသာလျင်ဖန်းတီယူကြပါကုန်၊

                      အဂုတ္တိုရ်ပါဠိတော်....ဒီဃာဇာဏုသုတ္တန်၊ ၊
 အရှင်သိရိန္ဒ........မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်း ..........တာမွေ..၊ ။