ဗုဒ္ဓမြွက်ကြားမာဂဓ စကားဟူသည်မှာ – ပါဠိဘာသာ
ဗုဒ္ဓမြတ်စွာ
တရားဦးဟောတော်မူရာ အရပ်သည် “မာဂဓဘာသာ ”ပြောဆို သုံးနှုံးကြသည့်
နယ်ပယ်ဖြစ်၍ “မာဂဓဘာသာ”ဖြင့် တရားဦးဟောတော်မူ၏။ “မာဂဓတိုင်းသားများ” ပြောကြသော ဘာသာစကား
ဖြစ်၍ “မာဂဓဘာသာစကား”ဟုခေါ်၏။
ယနေ့ ဗုဒ္ဓဘာသာဝင်များ
အလေးအမြတ် ပြုရသော ပိဋကတ်တော်ပါဠိ သည်“မာဂဓဘာသာ”နှင့် သဘောချင်းတူညီင်္သည်ကို တွေ့ရ၏။
ဘုရားရှင်တိုင်း လက်ကိုင်ပြုခဲ့တော်မူသော “မာဂဓ စကား”ကိုပင်ပိဋကတ်တော်၌ “ပါဠိတော်”ဟု
ခေါ်တွင်ကြောင်း“ ဆရာ တော်အရှင်နာရဒ(ပုတီးကုန်း)၏ ရေးသားချက် စာတမ်းတွင် ”မှတ်သား ရဖူးပါသည်။
ဤစကားကိုထောက်၍
“မာဂဓဘာသာ”တိုင်းကို “ပါဠိ”ဟု မခေါ်။ ဘုရားဟောပါဠိတော်နှင့် သက်ဆိုင်သော မာဂဓဘာသာအချို့ကိုသာ
“ပါဠိဘာသာ”ဟု ခေါ်စမတ်ပြုကြသည်။ “ပဋိသမ္ဘိဒါ” ဟူသည် “ခွဲခြမ်းဝေဖန်၍ သိမြင်နိုင်မှု ”ကိုဆိုလိုပါသည်။
ပဋိသမ္ဘိ ဒါ(၄)မျိုးရှိရာ “နိရုတ္တိ ပဋိသမ္ဘိဒါ” ဟူသည်မှာ“ယုတ္တိယုတ္တာနှ င့်တကွဘာသာ စကားကိုသိမြင်သောဉာဏ်အထူး”ကို
ဆိုလို၏။
ထို ဉာဏ်အထူးကိုရတော်မူသောပုဂ္ဂိုလ်သည်
“ပိဋကတ်ပါဠိတော်”ကို အထူးသင်ယူစရာမလိုပဲ “အရှင်စူ ဠပန်”ကဲ့သို့ အလိုလို တတ်မြောက်နိုင်စွမ်းရှိ၏။
“သက္ကတဘာသာ”စသည်ကား “ပဋိသမ္ဘိဒါ”ရေ သ်ာလည်း တကူးတက သင်ယူမှသာတတ်မြောက်နိုင်၏။
အပြန်အလှန်အားဖြင့်ဆိုရသော်
အခြားသောဘာသာမျိုးစုံကို မည်မျှပင် တတ်မြောက်စေကာမူ “နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်”မျိုးကို
ရရာရကြောင်း မဟုတ်ချေ။ “မာဂဓဘာသာ”ဖြစ်သော ပရိယတ္တိကို သင်ယူဖူးသူတို့သာ ထိုဉာဏ်မျိုးရဖို့ရာ
အထောက်အပံ့ ကောင်းရသူဖြစ်၏။ ထို့ကြောင့် အမြော်အမြင်ကြီးမားသော ရှေးရှေးဆရာတော်ကြီးများက
“သီလ” ခံယူရာ၌ “ပါဠိဘာသာ”နှင့် စီစဉ်ထားခြင်း ဖြစ်၏။
“ပါဠိဘာသာ”သည်
“ဖောက်ပြန်ပြောင်းရွေ့မှုမရှိခြင်း၊ ကမ္ဘာကြေသော်လည်း ပျောက်ကွယ်မှု မရှိခြင်း၊ သဘာဝအ
နက်အဓိ ပ္ပါယ်ကို ဖော်ပြနိုင်ခြင်း၊မဂ်ဉာဏ်,ဖိုလ်ဉာဏ်ကိုဖြစ်စေနိုင်ခြင်း၊ တစ်ဦးတည်းသောဆရာ၏
လက်အောက်၌မူ တစ်ခုတည်းကို သာဖော်ပြသဖြင့် အနက်အဓိပ္ပါယ် တိကျပြတ်သားခြင်း”စသ ည်ဖြင့်
ပါဠိ ၏ကောင်းကျိုးများကိုလေ့လာမှတ်သားနိုင်ပါသည်။
အထက်ဖော်ပြချက်များသည်
ဆရာသမား အစဉ်အဆက် ကပါဠိ၏ အရေးပါပုံများကို သွန်သင်ဖော်ပြချက်များဖြစ်၏။ ဗုဒ္ဓမြတ် စွာဘုရား၏တရားဓမ္မများကို
ပါဠိပိဋကတ်တော်ဖြင့် မှတ်တမ်း တင်ထားခြင်းဖြစ်၍ မူရင်းကျကျလေ့လာသိရှိလိုလျှင် ပါဠိတော်
ကိုအလေးထား ဂရုစိုက်ရမည်ဖြစ်ပါသည်။
သာမန်လူ တစ်ခွန်းပြောချိန်တွင်
“ဗုဒ္ဓမြတ်စွာဘုရား”က အခွန်းပေါင်းများစွာ ပြောနိုင်သည်ဟု ဆိုကြ၏။ ပညာရှင်တို့ကမူ- “ဗုဒ္ဓမြတ်စွာဘုရားရှင်”
ကိုယ်တော်မြတ်ကြီးသည် အလွန်ကျစ်လစ် လေးနက်သောစကားလုံးများကို သုံးနှုံးနိုင်သဖြင့်
ဖောင်းပွသော စကားလုံး အခွန်းပေါင်းများစွာ သုံးနှုံးမည့်အစား တစ်ခွန်းတည်းဖြင့် လိုရင်းရောက်အောင်
ပြောနိုင်သည်ကို ဆိုလိုကြောင်း “ဆရာကြီးဦးသုခ”က ရေးသားဖူးပါသည်။
သေချာသည်မှာ
တရားဓမ္မများကို ရေးသားဟောပြောကြရာ၌ ပါဠိစကားလုံးထက် ကျစ်လှစ် လေးနက်သော စကားလုံးကိုမသုံး
နှုံးနိုင်ကြသဖြင့်ထို ပါဠိစကားလုံးများကိုပင် တိုက်ရိုက်သုံးစွဲ ကြရသည်ဟုဆို၏။ မြန်မာစာပေတွင်
ပါဠိသက်ဝေါဟာရများ သည်ဝေါဟာရအားလုံး၏ (၄၀%)ခန့် ရှိသည်ဟု ပညာရှင်များက ဆိုကြောင်း ဂုဏ်ထူးဦးသိန်းနိုင်ကပြောဖူးသည်။
တစ်ခုထပ်မံပြောလိုသည်မှာ
ပါဠိစာပေမြင်တိုင်းလည်း ဘုရားဟောဟု ရမ်း၍မယုံသင့်ချေ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည်
ပါဠိဂါထာ၊ပါဠိ စာပေများကို မြင်လိုက်သည်နှင့် ဘုရားဟောပဲ ဟူ၍ ဆုံးဖြတ်လျှက်ယုံကြည်
လိုက်ကြ၏။
ထိုပါဠိစာသည်
သဒ္ဒါစည်းကမ်းများဖြင့် စစ်ဆေးသော် မှန်ကန်ပါ၏လော၊ အဘိဓာန်အားဖြင့် စစ်ဆေးသော် အဓိပ္ပါယ်ရှိပါ၏
လော၊ဗုဒ္ဓ၏တရားဓမ္မအတိုင်းဖြစ်ပါ၏လော မဝေဖန်တတ်တော့ချေ။
အချုပ်ဆိုရသော်-ပါဠိဘာသာနှင့်ပတ်သက်၍
အစွန်းတရား(၂)ပါးရှိ၏။
(၁)ပထမအစွန်းမှာ
ပါဠိစာပေကို လိုအပ်သည်ထက်ပို အထင်ကြီးလွန်းသဖြင့် ပါဠိလိုရေးသမျှ ဘုရားဟောထင်၏။
(၂)ဒုတိယအစွန်းမှာပါဠိဘာသာကို
ပစ်ပယ်ခြင်းဖြစ်၏။
ထိုအစွန်း(၂)ပါးစလုံးသည်
ဗုဒ္ဓတရားတော်ကို လေ့လာကျင့်ကြံရာ၌ ကြီးစွာသော အဟန့်အတားကို ဖြစ်စေပါ ကြောင်းတင်ပြအပ်ပါသည်။
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
မေတ္တာစက်ဝန်း
မူရင်လင်းသို့
http://buddhismworld.ning.com/