သာသနာ့ အန္တရာယ်
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍
ရက်ပိုင်းအတွင်း၌ ပင် ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ပံ့သကူဒုကုဋ်
သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ရ “အရှင်မဟာကဿပ မထေရ်မြတ်” သည်နောက်ပါရဟန်း
(၅၀၀)ဖြင့် “ပါဝါပြည်” မှ “ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာအားဖူးမြော် ရန်ကြွတော်မူလာစဉ်
လမ်းခရီးအလယ်၌ တက္ကတွန်းတစ်ဦးထံ မှ...
“ကုသိနာရုံ၊မလ္လာမင်း အင်ကြင်း ဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင်
ပရိနိဗ္ဗာန် စံဝင်တော်မူသည်မှာ (၇)ရက်ကြာပြီဖြစ်ကြောင်း”သတင်း စကားကြား သိရ၍ ရဟန်းတစ်ချို့ယူကြုံးမရ
ငိုကြွေးကြရာ၊ တောထွက်ရဟန်းကြီး
“သုဘဒ်”မှ- “ ငါ့ရှင်တို့ ငိုယိုပူဆွေးခြင်း မဖြစ်ကုန်နှင့်၊ ယခု ငါတို့ လွတ်လွတ်လပ်လပ် ပြောဆိုနေထိုင်၍ခွင့် ရကြပြီ။ ရဟန်းကြီးဂေါတမရှိစဉ် အခါတုန်းက အမျိုးမျိုး ချုပ်ချယ်ခဲ့ကြရာ ယခုအခါ ဤပညတ်ချက် ချုပ်ချယ်မှုတို့ မရှိပြီ ”ဟု ဆိုခဲ့၏။
ထိုသို့ပြောဆိုခဲ့သောတောထွက် ရဟန်းကြီးသုဘဒ်၏ စကားသည် “အရှင်မဟာကဿပ မထေရ်မြတ်ကြီး” ၏ ဦးထိပ်ပေါ်သို့ မိုးကြိုးစက်ကျသကဲ့သို့ ခံစားခဲ့ရပြီးနောက် “သာသနာ့ အန္တာရာယ်အစ”ဟု အရှင်မဟာကဿပမထေရ် သိခဲ့ရသည်။
ထို့အတွက်ကြောင့် မထေရ်မြတ်ကြီးသည်..
(၁) မသူတော်တရားမပြန့်ပွားမီ။
(၂) သူတော်ကောင်းတရားမပျောက်ပျက်မီ။
(၃) အလ္လဇ္ဇီ အ၀ိနယ မထွန်းကားမီ။
(၄) လဇ္ဇီ ၀ိနည်းတရားမပျက်ပြားမီ။
(၅) အဓမ္မ၀ါဒီတို့ အင်အားမကောင်းမီ
(၆) ဓမ္မ၀ါဒီတို့အားမနည်းမီ။ “သင်္ဂါယနာ”တင်မှဖြစ်မည်ဟု စိတ်အကြံဖြစ်လျက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရသည်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ၏ အခြေအနေကို အကဲခတ် ကြည့်လျှင် -ထေရ၀ါဒကိုလုံးဝ ယုံကြည်လက်ခံသော ဗုဒ္ဓဘာသာဝင်များက အနည်းစု၊ နတ် ၊ဗြဟ္မာဏ အယူအဆ နှင့်ထေရ၀ါဒ ကို ရောထွေးလျှက် လက်ခံယုံကြည်နေသူက အများစု ဖြစ်ကြောင်းတွေ့မြင်နိုင် သည်။
အိမ်တိုင်းလိုလို နတ်စင်ရှိကြသည်။ ကျန်းမာရေးမကောင်းလျှင် ဆေးဆရာနှင့် ကုသသလို နတ်နှင့်လည်း ကုသည်။ စီးပွားပျက်လျှင်နတ်မေးသည်။ ဗေဒင်မေးသည်။ စီးပွားတက်လျှင် နတ်မသည်။ ဘိုးတော်မသည်။ ယတြာကောင်း သည် ဟုဆိုကြ၏။
နှစ်စဉ် တခြိမ့်ခြိမ့် စည်စည်ကားကား သိုက်မြိုက်စွာကျင်းပနေသည့် “တောင်ပြုန်းပွဲ” သည်လည်းကောင်း၊“ရွှေမျက်မှန် တ၀င်းဝင်းနှင့်အိုက်တင်ပေးနေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” သည်လည်းကောင်း၊ “လည်ဂုတ်တို၊ကြာရွက်မှောက်၊ သံမှိုချက်ဖောက်ရာ ဗလပွနှင့် တည်ရှိနေသော မြန်မာပြည်အနှံ့ရှိ "ဒဏ္ခိဏသာခါရုပ်ပွားများ”သည်လည်းကောင်း၊ “တိရိစ္ဆာန်ရုပ်” ကိုယ်စားပြုသည့် “ဂြိုလ်နက္ခတ်တိုင်များ” သည်လည်းကောင်း၊ အိမ်ခေါင်းရင်းတိုင်းတွင် “အုန်းသီး”
မလွတ်ကင်းခြင်း သည်လည်းကောင်း၊ စသည် စသည်တို့သည် နတ်၊ ဘိုးတော် ၊ဗေဒင်၊ ဗြဟ္မဏ၀ါဒများ တို့နှင့် ရောထွေးယှက်တင်ဖြစ်နေခြင်း၏ပြယုဂ်များပင်ဖြစ်၏။
(က)ပုဂ္ဂိုလ်အမှား သာသနာ့ အန္တရာယ်များ။ ။
“သုဘဒ်”မှ- “ ငါ့ရှင်တို့ ငိုယိုပူဆွေးခြင်း မဖြစ်ကုန်နှင့်၊ ယခု ငါတို့ လွတ်လွတ်လပ်လပ် ပြောဆိုနေထိုင်၍ခွင့် ရကြပြီ။ ရဟန်းကြီးဂေါတမရှိစဉ် အခါတုန်းက အမျိုးမျိုး ချုပ်ချယ်ခဲ့ကြရာ ယခုအခါ ဤပညတ်ချက် ချုပ်ချယ်မှုတို့ မရှိပြီ ”ဟု ဆိုခဲ့၏။
ထိုသို့ပြောဆိုခဲ့သောတောထွက် ရဟန်းကြီးသုဘဒ်၏ စကားသည် “အရှင်မဟာကဿပ မထေရ်မြတ်ကြီး” ၏ ဦးထိပ်ပေါ်သို့ မိုးကြိုးစက်ကျသကဲ့သို့ ခံစားခဲ့ရပြီးနောက် “သာသနာ့ အန္တာရာယ်အစ”ဟု အရှင်မဟာကဿပမထေရ် သိခဲ့ရသည်။
ထို့အတွက်ကြောင့် မထေရ်မြတ်ကြီးသည်..
(၁) မသူတော်တရားမပြန့်ပွားမီ။
(၂) သူတော်ကောင်းတရားမပျောက်ပျက်မီ။
(၃) အလ္လဇ္ဇီ အ၀ိနယ မထွန်းကားမီ။
(၄) လဇ္ဇီ ၀ိနည်းတရားမပျက်ပြားမီ။
(၅) အဓမ္မ၀ါဒီတို့ အင်အားမကောင်းမီ
(၆) ဓမ္မ၀ါဒီတို့အားမနည်းမီ။ “သင်္ဂါယနာ”တင်မှဖြစ်မည်ဟု စိတ်အကြံဖြစ်လျက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရသည်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ၏ အခြေအနေကို အကဲခတ် ကြည့်လျှင် -ထေရ၀ါဒကိုလုံးဝ ယုံကြည်လက်ခံသော ဗုဒ္ဓဘာသာဝင်များက အနည်းစု၊ နတ် ၊ဗြဟ္မာဏ အယူအဆ နှင့်ထေရ၀ါဒ ကို ရောထွေးလျှက် လက်ခံယုံကြည်နေသူက အများစု ဖြစ်ကြောင်းတွေ့မြင်နိုင် သည်။
အိမ်တိုင်းလိုလို နတ်စင်ရှိကြသည်။ ကျန်းမာရေးမကောင်းလျှင် ဆေးဆရာနှင့် ကုသသလို နတ်နှင့်လည်း ကုသည်။ စီးပွားပျက်လျှင်နတ်မေးသည်။ ဗေဒင်မေးသည်။ စီးပွားတက်လျှင် နတ်မသည်။ ဘိုးတော်မသည်။ ယတြာကောင်း သည် ဟုဆိုကြ၏။
နှစ်စဉ် တခြိမ့်ခြိမ့် စည်စည်ကားကား သိုက်မြိုက်စွာကျင်းပနေသည့် “တောင်ပြုန်းပွဲ” သည်လည်းကောင်း၊“ရွှေမျက်မှန် တ၀င်းဝင်းနှင့်အိုက်တင်ပေးနေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” သည်လည်းကောင်း၊ “လည်ဂုတ်တို၊ကြာရွက်မှောက်၊ သံမှိုချက်ဖောက်ရာ ဗလပွနှင့် တည်ရှိနေသော မြန်မာပြည်အနှံ့ရှိ "ဒဏ္ခိဏသာခါရုပ်ပွားများ”သည်လည်းကောင်း၊ “တိရိစ္ဆာန်ရုပ်” ကိုယ်စားပြုသည့် “ဂြိုလ်နက္ခတ်တိုင်များ” သည်လည်းကောင်း၊ အိမ်ခေါင်းရင်းတိုင်းတွင် “အုန်းသီး”
မလွတ်ကင်းခြင်း သည်လည်းကောင်း၊ စသည် စသည်တို့သည် နတ်၊ ဘိုးတော် ၊ဗေဒင်၊ ဗြဟ္မဏ၀ါဒများ တို့နှင့် ရောထွေးယှက်တင်ဖြစ်နေခြင်း၏ပြယုဂ်များပင်ဖြစ်၏။
(က)ပုဂ္ဂိုလ်အမှား သာသနာ့ အန္တရာယ်များ။ ။
ယခင် သာသနာတော် သမိုင်းတစ်လျှောက် သံင်္ဂါယနာ အကြိမ်ကြိမ်တင် ရလောက်အောင် ဖောက်ပြန် ယိုယွင်းခဲ့သောအဓမ္မ၀ါဒ နှင့် အဓမ္မ၀ါဒီများ သည် ယနေ့ အချိန် အခါ တွင် ပုဂ္ဂိုလ်အရသော်လည်းကောင်း ၊၀ိနည်း အရသော်လည်းကောင်း၊ အကျင့်အရသော် လည်းကောင်း၊ ပိဋကတ်တော်များအပေါ် ဆန့်ကျင်မှု အရသော်လည်းကောင်း၊ ထင်ထင်ရှားရှားကျူးလွန်မှုများ ပြုလာကြသည်ကို တွေ့နေရသည်။
ပထမအကြိမ် သံင်္ဂါယနာမတင်မီက တောထွက်“သုဘဒ်”ရဟန်းကြီး၏“ဘုရားရှင် ပရိနိဗ္ဗာန်စံမှ ငါတို့ အချုပ်အနှောင်ကင်းပြီး နေချင်သလိုနေလို့ရမည်” ဟူသောအတွေးအခေါ်မျိုးဖြင့် နေထိုင် ချင်သူများပြား လာသည်။ ဒုတိယ သံင်္ဂါယနာတင်ရခြင်း အကြောင်းရင်းဖြစ်သည့် “အဓမ္မ၀တ္ထု (၁၀)မျိုး”မှ“ရွှေ၊ငွေ ကိုင်တွယ်သုံးစွဲခြင်း” သာမက စီးပွားရေးလုပ်ငန်းများ၊ လောင်းကစားချဲဒိုင် လုပ်ငန်းများကို ပါဆောင် ရွက်နေကြသောပုဂ္ဂိုလ်များရှိလာသည်။
“၀ဇ္ဇီတိုင်းသားရဟန်း” တို့က “မွန်းလွဲနေ လက်တစ်သစ်” ကျော်ပြီးချိန်ထိ အစာစားနိုင်ရန် တင်ပြသည်။ ယခုမူညနေစာကိုပါ ပြောင်ပြောင်တင်းတင်း လူရှေ့၊သူရှေ့ စားသောက်ဆိုင်ထဲ ၀င်စားရဲလာကြ သည်။အာပတ် အရအားဖြင့်....“ပါရာဇိကနှင့် သံဃဒိသိက်အောက် အားလုံး ကိစ္စမရှိ”ဟုထင်နေကြသည်။ ဆင်ခြေပေးကြသည်။ တစ်ကြိမ်လွန်ကျူးဖူးလျှင် နောက်ထပ် အကြိမ်များစွာ ထပ်မံ ကျူးလွန်ရန် မကြောက်တော့ပေ။
လုပ်ရိုးလုပ်စဉ်ဖြစ်လာသည်။ အပြစ် အာပတ် ကို အမှုမထား၊ မကြောက်တော့ ။ထိုဒုဿီလစရိုက် များကို အတုလိုက်၍သံဃာငယ်များပါ ပျက်စီးလာသည်။ “၀ဇ္ဇီတိုင်းသားရဟန်းများ” က “သေနု” သာသောက်ခွင့်တောင်းလာသည်။ ယခုအခါတွင်မူကား အရက်ပြင်း ကို ပုလင်းခါးထိုး၍ လက်ဖက်သုတ်ဆိုင်တွင် ထိုင်ရင်း ရေနွေးကြမ်း ပန်းကန် နှင့် ဘုရားပွဲ လူအုပ် အလည်မှာ ခပ်တည်တည်သုံးဆောင်ဝံ့သောပုဂ္ဂိုလ်များကိုလည်း တွေ့လာရသည်။
ထိုဖြစ်ရပ်များက “သာသနာ့ဝန်ထမ်း သံဃာတော်အစစ်အမှန်များ”ကိုပါ အထင်အမြင်လွဲစေပြီး “ဒီပုတ် ထဲ က ဒီပဲတွေပါပဲ” ဟူသောအမြင်မျိုးဝင်လာသောအခါကုသိုလ်တရားတိုးပွား ခွင့်များ ပိတ်ဆို့ပြီး အကုသိုလ် တရားပွားများကာ သာသနာတော်ဆုတ်ယုတ်မှု အခြေအနေများ ၀မ်းနည်းဖွယ် ဖြစ်လာသည်။
တတိယသံင်္ဂါယနာသည် ရဟန်းတုများကို စစ်ဆေးဖော်ထုတ်ခဲ့ရသကဲ့သို့ ယခုခေတ်တွင်လည်း နံနက် မိုးလင်းသည်နှင့် ၀ိနည်းတော်နှင့်လားလားမျှ မအပ်စပ်သော ငွေကြေးအလှူခံမှုများကို နေရာအနှံ့ တွေ့ရှိနေရသည်။ တစ်ဦးချင်း၊ နှစ်ဦးချင်းရပ်ကွက်၊ေ ကျးရွာများထဲသို့ တစ်အိမ်တက် တစ်အိမ်ဆင်း အကြောင်းအမျိုးမျိုးပြ ကာငွေကြေးလိုက်လံတောင်းခံနေသော သံဃာတုများလည်း ပေါလာသည်။
လမ်းလယ်ခေါင်အတင်းပိတ်ဆို့ကာ “စာအုပ်ဝယ်ဖို့၊ဖိနပ်ပြတ်လို့၊ ထီးဝယန်းဝယ်ဖို့၊ လမ်းစရိတ် မရှိလို့”ဟု အကြောင်းပြကာ ငွေကြေးများ တောင်းခံနေသော သာသနာ့အဖျက်သမား အရေခြုံ သင်္ကန်းဝတ်အတု များသည်လည်း နှိမ်နင်းမည့်သူမရှိတိုင်း ထ ကြွသောင်းကျန်းကာ သာသနာ့ ဂုဏ်သရေကို မွဲပြာကျအောင် ယုတ်မာစွာ လုပ်ဆောင်နေကြပေသည်။
ဤနေရာတွင် သတိပေးလိုသော အကြောင်းအရာတစ်ရပ်မှာ ထိုသို့ ၀ိနည်း စည်းကမ်းနှင့် မညီညွှတ်မှု မရှိပဲ သာသနာတ်ာတွင် သိက္ခာကျဆင်းစေမည့် လုပ်ရပ်များကို “လက်ခံ အားပေးမည့် သူများ မရှိလျှင်” ထို အချောင်သမားရဟန်းတုများသည်လည်း အလိုအလျှောက် ပျောက်ကွယ် သွားပေလိမ့်ကမည်။
(ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘာသာရေးဗဟုသုတ အားနည်းပြီး “ကိုယ်လှူ ရင် ကိုယ်ကုသိုလ် ရတာပဲ”ဟု သာသနာ တော်ရှေ့ရေး မတွေးတောပဲ အဆိပ်ပင်ရေလောင်းသကဲ့သို့ အလှူခံမစိစစ်ပဲ ဆောင်ရွက်နေသမျှကာလပတ်လုံး သာသနာဖျက်လုပ်ရပ်များကို အားပေးရာရောက်နေပြီး သာသနာ့ အန္တရာယ် ကျရောက်မှုများကိုလည်း ဆက်လက် ကြုံတွေ့ ရ ဦးမည်သာ။)
တစ်ချို့ ပုဂ္ဂိုလ်များက ဗုဒ္ဓမြတ်စွာဘုရားရှင် တားမြစ်တော်မူခဲ့သည့် မိစ္ဆာဇီဝအကုသိုလ် အမှု ဖြစ်သော “ဗေဒင်လက္ခဏာဟောပြောခြင်း၊ယတြာပြုလုပ်ပေးခြင်း” တို့ကို ကျောင်းဝင်းထဲ၌ အခြေကျကျ ဟန်ပါပါ ဆောင်ရွက်ပေးနေကြသည်။ ချဲ ၊နှစ်လုံးထိုးရန်အတိတ်ပေးတရားလိုလို ဟောကြား၍ ငွေကြေး အလှူခံနေကြသည်။
သာယသနာ့ပြင်ပမှ ထွက်ရပ်ပေါက် သရုပ်ဆောင် စိတ္တဇရုပ်ကောင်များကို ကျောင်းပေါ် တင်၊ဘုရားပေါ် တင်ကိုးကွယ်ကာမသိနားမလည်သော လူအပေါင်းတို့ကို ကိုးကွယ်ရာ အမှားပေးပြီး အကြီးမားဆုံး အကုသိုလ်အမှုပြုနေကြသည်မှာကိုးကွယ်ရာ ပုဂ္ဂိုလ်အမှား သာသနာ့ အန္တရာယ်များပင် ဖြစ်လေသည်။
(ခ)ယုံကြည်မှု အမှားသာသနာ့ အန္တရာယ်များ။ ။
“ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး မှ တစ်ပါးတစ်ခြားကိုးကွယ်ဆည်းကပ်ရာမရှိပါ ဘုရား” ဟုသရဏဂုံသီလနေ့စဉ်ခံယူနေသော်လည်း (၃၇) မင်း ရိုးရာနတ်များ သာမက နောက်ဆုံးပေါ် သွင်းကုန်များဖြစ်သော “အန်းကုန်း ဘိုးတော်၊ ကွမ်ရင်မယ်တော်၊ မဟိန္ဒရာ ဘိုးတော်၊ သူရဿတီနှင့် ဘိုးတော်၊ မယ်တော်၊ ထွက်ရပ်ပေါက် အဘ မျိုးစုံ ၊၀ိဇ္ဇာဘုန်းကြီးများ၊ ထေရ၀ါဒ ပိဋကတ်တော်၌ လုံးဝ မပါသော "ရှင်ဥပဂုတ်” အပါအ၀င် ကိုယ်ထင်ရာ ကိုးကွယ်နေကြသော ရုပ်ထုပေါင်းစုံတို့သည် အိမ်ဦးခန်းတွင် နေရာယူကာ ဗုဒ္ဓဘာသာဟု အမည်ခေါ်ရုံမျှသာဖြစ်ပြီး သရဏဂုံသီလ ညှိုးနွမ်းဆုတ် ယုတ်နေကြသည်မှာ ၀မ်းနည်းဖွယ်ရာပင်ဖြစ်သည်။
လူတို့ စိတ်ကူးပေါက်၍ ထင်ရာ လုပ်နေကြခြင်းသည် ထေရ၀ါဒဗုဒ္ဓသာသနာ အတွက်ဘေး ဆိုးရန်စွယ် ဓမ္မအန္တရာယ်ကြီးသဖွယ်ဖြစ်နေကြောင်း ကိုဆောင်ရွက်သူများကလည်း မကြောက် တတ်ကြ ။ နားလည်သူများကလည်း ပြဿနာအဖြစ်မခံလိုကြ၍ မပြောလိုကြ ။ သို့နှင့်ပင် နောက်ဆုံးတွင် အားလုံးအတူတကွ စုံးစုံးမြုပ်ရမည့် လမ်းမှားဟုလည်း နားမလည်ကြ။ ထိတ်လန့်ဖွယ် ကောင်းလှသော သံဝေဂရစရာဖြစ်ရပ်ကြီးပင် ဖြစ်ပေသည်။
"လွတ်လပ်စွာကိုးကွယ်နိုင်ခြင်းအခွင့်အရေးကို အသုံးပြုခြင်း"ဟု အကြောင်းပြကြသေးသည်။ လူသားတိုင်း အတွက်လွတ်လပ်စွာ ကိုးကွယ်ခွင့်သည်မွေးရာပါ အခွင့်အရေးဖြစ်၍ ကန့်ကွက် တားဆီးရန် အကြောင်းမရှိပါ။ သို့ရာတွင်ထေရ၀ါဒ ဗုဒ္ဓဘာသာအမည်ခံပြီး မှ ထေရ၀ါဒသာ သနာတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အပြု အမူနှင့် အတွေးအခေါ်လုပ်ဆောင်မှုတို့သည် မူရင်းထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကိုဆန့်ကျင်ထိပါး အယူ မှားစေသည့်အတွက်ထေရ၀ါဒ အဆုံးအမ ဘက်မှ ရပ်တည်၍ အဓမ္မ၀ါဒီများကိုရှင်းလင်းသန့်စင်စေရန် အခွင့်ရေးသည် သာသနာတော်ကိုမြတ်နိုးကာကွယ်လိုသူတိုင်း၏ လက်ဝယ်တွင်ရှိပေသည်။
ဗုဒ္ဓ၀ါဒ အပေါ်တွင်ဗြဟ္မဏ၀ါဒ၏ လွှမ်းမိုးမှုကို အနီးကပ်ဆုံး ဥပမာဖြစ်ရပ်ဖြင့်ပြရလျှင် ပုဏ္ဏားတို့၏ အမွေဖြစ်သောဗေဒင်၊ လက္ခဏာ၊ နက္ခတ်ကျမ်းများကို အခြေခံ၍ ကျောင်းကန်ဘုရားများတွင် တိရိစ္ဆာန်ရုပ်၊ ဂြိုလ်တိုင်များနှင့် ရုပ်တုမျိုးစုံရောက်ရှိနေပုံသာမက ဗြဟ္မဏအလိုကျနေ့သင့်၊နံသင့် နာမည်မှည့် ပုံမှာလူပုဂ္ဂိုလ်များသာမက ရဟန်းတော်များ၏ ဘွဲ့အမည်များကိုပင်ဗေဒင်ကိန်းဖြင့် ထိန်းချုပ်ကာ အယူမှားနေကြပုံကို ရင်နာနာနှင့် မျက်စေ့အောက်ကြည့်နေရသည်မှာ ကြာပါပြီ။
ထိုကိုးကွယ်ရာ အမှားများ ဆိုသည်မှာ (၃၇) မင်းအပါအ၀င် ရိုးရာ အိမ်တွင်း၊ အိမ်ပြင်နတ်များနှင့် ထွက် ရပ်ပေါက် ၀ိဇ္ဇာအမည်ခံ လူလည်များ၏ အယောင်ဆောင်ရုပ်တုများ သာမက၊ အခြားနိုင်ငံမှ ပါဝင်လာသော လဘ် လာဘတိုးစရာကိုးကွယ်ရာအသစ်အဆန်းများ လည်းပါဝင်သည်။
ထို့ပြင် လောဘ ကိုအကြောင်းပြု၍ ကိုးကွယ်နေသော ရွှေ ။ငွေ၊ ရတနာ ကိုယ်လုံးညွှတ်မျှ ဆင်ယင် ထားသောရုပ်တုများ၊ ဘုရင်လိုလို၊ နတ်လိုလို၊ ဆင်ယင်ထားသောရုပ်တုများ၊မြင်းခံ၊ ဆင်ခံ၊ကျားခံ ၊နဂါးခံ၊ ဂဠုန်ခံ၊ စသည့်ယတြာရုပ်တုများ၊ မဟာပုရိဿလက္ခဏာတော်(၃၂)ပါးကို ဆန့်ကျင်၍ ခါးကုန်း၊ ဂုတ်တို၊ ကြာဖက်ဆောင်းကာ သံမှိုကိုးချက် ကိုယ်မှာနှက်၍ စီးပွားတက်ရန် နှင့် မီးဘေးကင်းရန် အသုံးချခံနေရရှာသော ဒက္ခိဏသာခါ အစ ရှိသော ဘာသာရေး အဖျက်သမား၊ မသမာသူများဖန်တီးထားသည့် ယုံကြည်မှု အမှား ၊အမွေဆိုးများကို ဆိုလိုသည်။
ထိုကဲ့သို့ မှုန်ဝါးဝါး၊ ယောင်တောင်တောင်၊ ရောသမမွှေအောင် ကိုးကွယ်နေကြသော သူများ ကိုလေ့လာကြည့်သောအခါ စိတ်ချမ်းသာစရာ နတ္ထိမရှိ၊ လိုချင်စိတ်ကြီးလွန်း၍ ပူလောင်၊ လုံလောက်အောင် မရလို့ ဆင်းရဲ၊ပိုကဲပြီးမရလို့ ဒေါသထွက်၊ အသက်(၁၀၀) နေရသော်လည်း ကုသိုလ်နှင့် အကုသိုလ်မကွဲပဲ ဆင်းရဲဒုက္ခများကိုခံစားရင်းနှင့်ပင် မလှမပ၊ ဘ၀ဇာတ်သိမ်း ရရှာလေသည်။ ဗုဒ္ဓဘာသာ သာသနာတော်နှင့် ကြုံပါလျက်နှင့် လမ်းပေါ် မှာ လမ်းပျောက်ရခြင်းပင်။
(ဂ)အယူဝါဒအမှား သာသနာအ န္တရာယ်များ။ ။
"သံင်္ဂါယနာသမိုင်း" ကိုပြန်ကြည့်လိုက်လျှင် "အဇာတသတ်မင်း" လက်ထက်မှ "အာသောကမင်း" လက်ထက် ထိသံင်္ဂါယနာ(၃)ကြိမ်သည် ရဟန်းပုဂ္ဂိုလ်တို့၏ ၀ိနည်းဖောက်ပြန်မှုကြောင့်ဆောင်ရွက် ခဲ့ရခြင်းဖြစ်ပြီး နောက်ပိုင်းသံင်္ဂါယနာ(၃)ကြိမ်မှာ "ပိဋကတ်တော်များ သန့်စင်တည်တံ့အောင် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ရခြင်း"ဖြစ်သည်။
သာသနာတော် သမိုင်းနှစ်ကာလရှည်လျားကြာမြင့်လာသည်နှင့် အမျှစစ်ဘေးဒဏ်၊ သဘာဝဘေး ဒဏ်အ သီးသီးတို့ကြောင့် တစ်စု တစ်စည်းတည်း မနေနိုင်ကြပဲ တစ်ကျောင်း တစ်ဂါထာ၊တစ်ရွာ တစ်ပုဒ်ဆန်းကဲ့သို့ မူရင်း ပါဠိတော်ကို ကူးယူရာတွင်လည်းကောင်း၊ အဋ္ဌကထာဆရာ သဘောအလိုကို အဓိပ္ပါယ်ဖွင့်ရာ တွင်လည်းကောင်း၊ အယူအဆ၊ ဝေါဟာရကွဲလွဲလာကာ ဆရာစဉ်ဆက် ဂိုဏ်းဂဏ အသွင်ဆောင်အယူ ၀ါဒရေးရာကွဲပြားမှုများရှိလာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း အတင်ဂိုဏ်း၊ အရုံဂိုဏ်း၊ ကံဂိုဏ်း၊ ဒွာရဂိုဏ်းစသည့် အယူအဆမတူသည့် သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်းထိ ကွဲပြားခဲ့သည်။သို့သော် ၁၃၄၂ခု ၊နယုန်လတွင်ကမ္ဘာအေး မဟာပါသဏ လိုဏ်ဂူတော်ကြီးတွင်အစိုးရ၏လျှောက်ထားချက်ဖြင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့ ကာ သံဃ နာယက အဖွဲ့အဆင့်ဆင့်ဖွဲ့၍ ၀ိနယနှင့် ဓမ္မဆိုင်ရာ သာသနာ့တာဝန်များဆုံးဖြတ်ညွှန် ကြားဆောင်ရွက်တော်မူကြသည်။
ထေရ၀ါဒပိဋကတ်တော်များနှင့် မညီမညွှတ်၊ ပုတ်ခတ်ဆန့်ကျင် ကိုယ်ထင်ရှားရေးကို ဟောကြား၊ ရေးသား၊သင်တန်းများဖွင့်လှစ်ကာ အမှားအကျင့် ကျင့်ကြံမှုကို ၀ိနည်းဓမ္မကံ ဓမ္မ၊ အဓမ္မ အမှုများကို ဆုံးဖြတ်တော်မူခဲ့သည်။
*သာသနာ့အန္တရာယ် ကာကွယ်သောအားဖြင့် ထေရ၀ါဒပိဋကတ်တော်နှင့် မညီညွှတ်သော ၀ါဒများအဖြစ်*
(၁၃၄၂ ခုနှစ်) "ကျောက်သဘောင်္ဝါဒ" မှသည် (၁၅-၁၁-၂၀၁၁) "ရှင်ဉာဏ(မိုးပြာဝါဒ)" ထိ "နိုင်ငံတော် သဃ မဟာနာယကအဖွဲ့ကြီး" မှ "သာသနာတော် တည်တံ့ပြန်ပွားရေး" အတွက် ဓမ္မ ၏ ရန်စွယ် အဓမ္မများ ကို ဖယ်ရှားခဲ့ပါသည်။ ရှင်းလင်းခဲ့ပါသည်။ ဗုဒ္ဓသာသနာတော် တည်တံ့ပြန်ပွားရေး ဆောင်ရွက်၍ သာသနာပြုခဲ့ကြသည်။
("အဓမ္မ၀ါဒများ"ကို အကျဉ်းမျှ ရေးသားဖော်ပြလိုက်ပါသည်၊အပြည့်အစုံနှင့် အကျယ် သိလိုလျှင် ၊သာသနာရေး ၀န်ကြီးဋ္ဌာနမှ ၀ိနိစ္ဆယ ကျမ်းစာအုပ်များအဖြစ် ထုတ်ဝေထားပြီးဖြစ်ပါသည်၊ရှာဖွေ ဖတ်ရှု ကြည့်စေလိုပါသည်။)
"ပြည်ထောင်စုမြန်မာနိုင်ငံတော်""နိုင်ငံတော်သံဃမဟာနာယကအဖွဲ့"နှင့်"နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့"တို့က"အဓမ္မ၀ါဒီ" အဖြစ် ဆုံးဖြတ်ထားသော "အဓမ္မ၀ါဒများ" မှာ
(၁) ကျောက်သဘောင်္အဓမ္မ၀ါဒ-ကျောက်ဆည်မြို့နယ် ၊ရွှေသာလျောင်းတောင်ကလပ်ကျောင်း၊ "ဦးကေသ၀" ၏ ၀ါဒဖြစ်သည်။
(၂)လူသေလူဖြစ်အဓမ္မ၀ါဒ-တောင်တွင်းကြီးနတ်မှီတောရကျောင်း၊"ဦးဥက္ကဋ္ဌ"နှင့်နောက်လိုက်"ရွှေအဘိဓမ္မာအဖွဲ့"၊ "သမ္မာဒိဋ္ဌိသုတေသနအဖွဲ့"တို့၏ ကံပယ်၊ဘုံပယ်ဝါဒ ဖြစ်သည်။
(၃) ကြောင်ပန်းတောရ အဓမ္မ၀ါဒ-ဘုတလင်မြို့နယ်၊"ကြောင်ပန်းတောရတိုက်"မှ စတင်ခဲ့သော ၀ါဒဖြစ်သည်။
(၄) ကျောက်ပုံတောရ အဓမ္မ၀ါဒ-မြောက်ဥက္ကလာပ၊ ကျောက်ပုံတောရကျောင်း၊ (လူအမည်) "ဦးစံရင်"၏ မဂ်တု၊ဖိုလ်တု ရဟန္တာတု ၀ါဒဖြစ်သည်။
(၅) ဦးမာလာဝရ အဓမ္မ၀ါဒ-ရေတာရှည်မြို့နယ်၊ ကညင်အိုင်ကျေးရွာကျောင်း၊"ဦးမာလာဝရ" ၏ ကံပယ်၊ ဘုံပယ် ၀ါဒ ဖြစ်သည်။
(၆) ဓမ္မနီတိ အဓမ္မ၀ါဒ-သာကေတမြို့နယ်၊ဓမ္မနီတိကျောင်း၊"ဦးပညာဝံသ"၏၀ါဒဖြစ်သည်။
(၇) မိုးညို အဓမ္မ၀ါဒ-မြောက်ဥက္ကလာပမြို့နယ်၊ကျောက်ရေတွင်း (၈)ရပ်ကွက်၊ မိုးညိုဝိပဿနာ ပြန့်ပွားရေး အဖွဲ့ခေါင်း ဆောင်၊"ဦးသူရိယ(ဦးထွန်းရှိန်)"၏ မဂ်တု၊ဖိုလ်တုဝါဒ ဖြစ်သည်။
(၈) ထွန်တုံးလက်ကျန် ဦးထင် အဓမ္မ၀ါဒ-စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျောင်း ကျေးရွာ၊ "ဦးထင်" ၏ ၀ါဒ ဖြစ်သည်။
(၉) တွံတေး ဦးပုညာစာရ အဓမ္မ၀ါဒ-တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာ၊ ရတနာမာန်အောင် ရွာဦးကျောင်း ၊"ဦးပုညာ စာရ"၏သိမ်သမုတ်ခြင်းနှင့်ပတ်သက်သော ၀ါဒ ဖြစ်သည်။
(၁၀) ရွှေဝါမြိုင်ကျောင်း အဓမ္မ၀ါဒ-မော်လမြိုင်မြို့၊"ရွှေဝါမြိုင်ကျောင်း ဘုန်းကြီး"၏ သိမ်သမုတ်ခြင်း နှင့် ပတ်သက်သောဝါဒ ဖြစ်သည်။
(၁၁)စမ်းကလေးအဓမ္မ၀ါဒ...ပဲခူးတိုင်း၊ညောင်လေးပင်မြိ့နယ်၊စမ်းကလေးအရှေ့ကျောင်း၊"ဦးနန္ဒောဘာသ"၏ မဂ်တု၊ ဖိုလ်တု ရောင်ခြည်တော်တုဝါဒ ဖြစ်သည်။
(၁၂)ဘိက္ခုနီဘာဝါဘာဝအဓမ္မ၀ါဒ.-မှော်ဘီမြို့ ၊"မသွဲ့သွဲ့ထွေး(ခေါ်) မသစ္စ၀ါဒီ"၏ဘိက္ခုနီ(ရဟန်းမ) ၀တ်ရန် ဘုရားရှင်ဝိ နည်းတော်အားဆန့်ကျင်သောဝါဒ ဖြစ်သည်။
(၁၃) ဦးသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းတောရ အဓမ္မ၀ါဒ အင်းစိန်မြို့နယ်၊"အောင်ဆန်းတောရတပ် ဦးကျောင်းဆရာတော်"၏ ပဋိစ္စသမုပ္ပါဒ် ဖြတ်လမ်းဝါဒဖြစ်သည်။
(၁၄) ဦးခေမိန္ဒ မိုးညှင်းမြို့ အဓမ္မ၀ါဒ ကချင်ပြည်နယ်၊မိုးညှင်းမြို့၊မဟာသတိပဋ္ဌာန် ရိပ်သာကျောင်း၊" ဦးခေမိန္ဒ"၏တောင် ဟော၊မြောက်ဟောဝါဒဖြစ်သည်။
(၁၅) ဦးဝိစိတ္တသာရာဘိဝံသ(မိုးပြာဂိုဏ်း) အဓမ္မ၀ါဒ-မြစ်ကြီးနားမြို့၊(ယခင် ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း)၊ "ဦးဝိစိတ္တသာရာဘိဝံသ"၏ ၀ါဒဖြစ်သည်။ ၎င်း ပုဂ္ဂိုလ်သည် မိုးညှင်းမြို့၊ မဟာသတိ ပဋ္ဌာန်ကျောင်း၊" ဦးခေမိန္ဒ" ၏ တပည့်ရင်းဖြစ်သလို "မိုးပြာဂိုဏ်း"၏"တတိယ ခေါင်းဆောင်" လည်းဖြစ်သည်။
(၁၆)ဦးဉာဏမိုးပြာဂိုဏ်းအဓမ္မ၀ါဒ-မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်၊သစ္စာပန်းလမ်း၊ခြံအမှတ် (၂၀)ရှိ"ဦးဉာဏ"၏ ကြောင်တောင်တောင်ဝါဒပင် ဖြစ်သည်။
(၁၇) ဉာဏ စာဂီ အဓမ္မ၀ါဒ-ဦးဉာဏ မိုးပြာဂိုဏ်း အဓမ္မ၀ါဒ၊ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၌ နေထိုင်စဉ် က ဟောပြောခဲ့ ၊ ရေးသားခဲ့သော ၀ါဒဖြစ်သည်။
(၁၈) ဦးမြတ်သိန်းထွန်း အဓမ္မ၀ါဒ-လက်ပန်တန်းမြို့၊"ဦးမြတ်သိန်းထွန်း"၏ ကာမ၀ါဒ ဖြစ်သည်။
(၁၉) ဆူးလေ ဦးမြင့်သိန်း အဓမ္မ၀ါဒ-ဂိုဏ်း၏အမည်ရင်းမှာ "ထေရ၀ါဒ၀ိဘဇ္ဇ၀ါဒ၊သမ္မပထ အကြောင်းသတ် ၀ိပဿနာဂိုဏ်း" ဖြစ်၍"ထေရ၀ါဒဒဿန သမ္ပဒါနည်း" ဟူ၍လည်းခေါ်သည်။
စသည်တို့ကိုဓမ္မ၊အဓမ္မကွဲပြားစေရန်စိစစ်ဆုံးဖြတ်၍တားမြစ်သင့်သည်ကို တားမြစ်၊ပြုပြင်သင့် သည်ကိုပြုပြင်၍ ဓမ္မစက်၊ အာဏာစက် အကူအညီဖြင့် တည်တံ့အောင် ဆုံးဖြတ် ဆောင်ရွက်တော် မူခဲ့သည်။ ထိုသို့အရေးယူမှုပြုလုပ်နေသည့်ကြားမှပင်အဓမ္မ၀ါဒတရားများကိုဖြန့်ဖြူးဟောကြားကာ ကျယ်ပြန့်အောင်ဆောင်ရွက်လာကြသည်။
ထိုသူများသည်-လက်ရှိ ပိဋကတ်(၃)ပုံကို ဘုရားဟောမဟုတ်၊(၃၁)ဘုံမယုံကြည်၊ဘ၀သံသရာ ဆိုသည်မှာလည်းစိတ် ကူးယဉ်ဝါဒအဖြစ်သတ်မှတ်၊ အဘိဓမ္မာတရားသည် လည်းဘုရားဟော မဟုတ်၊ စသည်ဖြင့်ဟောပြော လာသည်။
အဆိုးဆုံးအချက်မှာထေရ၀ါဒဟု ခေါင်းစဉ်ကြီးကြီးတပ်ကာ ထေရ၀ါဒ ပိဋကတ်တော်များကို ဆန့်ကျင် ပုတ်ခတ် ရယ်စရာလုပ် ဟောပြောနေကြသူများ၊ ကိုယ်စိတ်ကူးတည့်ရာ ကြံစည်ရသမျှ အတွေးအခေါ်တွေကို ဘုရားဟောတရားယောင်ယာင် သရုပ်ဆောင် ဟောပြောနေသူများ၊ ရှိသမျှရိပ်သာများကို ပုတ်ခတ်စော်ကားကာ အာနာပါနနှင့် သတိပဋ္ဌာန်တရားအလုပ်သည်ပင် ဖင်ညောင်း၊ ခါးနာ၊ ခြေလက်မပါ သူတရားထိုင်လို့မရတဲ့အကျင့်မှားဟု စော်စော်ကားကား အဓမ္မတရားများကို ဟောရဲ သူများလည်း ထင်ရှားလာသည်။
ဘာသာရေးလိုက်စားလိုသူ လူကြီး၊ လူငယ်အများစုမှာ ပိဋကတ်တော်ကျမ်းဂန်များ လေ့လာရန် အချိန်မရ၊ လက်လှမ်းမမှီမှုတို့ကို အခွင့်ကောင်းယူကာ ဆန့်ကျင်ဘက် အဓမ္မအတွေးအခေါ်များဖြင့် စည်းရုံးသိမ်းသွင်းနေကြသည်။
ထိုအလဇ္ဇီပုဂ္ဂိုလ်များနှင့် သူတို့၏ အဓမ္မ အယူ ၀ါဒ များကို ဆက်လက်၍ လွတ်လပ်ခွင့်ပေး ထားပါက မကြာမြင့်သောအချိန်ကာလတွင် ထေရ၀ါဒသာသနာတော်ကြီးအတွက် အပ်နှင့်ထွင်းရမည်ကို ပေါက်ဆိန်နှင့် ခုတ်ဖြတ်ရမည့်ပြဿနာကြီးတစ်ရပ်ရပ်သည် ဧကန်မုချ ပေါ်ပေါက်လာပေတော့မည်။
ဖော်ပြခဲ့သော သာသနာ့ အန္တရာယ်များမှ ကာကွယ်နိုင်ရေးသည် မျက်မှောက်ကာလတွင် အလွန် အရေးကြီးလှပါ၏။ ဤအရေးကို သွေးအေးအေးဖြင့် မနေကြပဲ ထေရ၀ါဒမြတ်ဗုဒ္ဓ သာသနာတော်အပေါ် သဘောထား မှန်မှန်ဖြင့် မြတ်နိုးစောင့်ရှောက်လိုသူများ အထူးကြပ်မတ် သတိချပ်၍မပြတ်စောင့်ကြည့်ကာ သာသနာ့သမိုင်း မရိုင်းစေရန်အတွက်ဘာသာသွေးနွေးကြပါဟု တိုက်တွန်းလိုပါသည်။
မှီခိုရာကျမ်းကိုး-
"ဦးညွှန့်မောင်(ဓမ္မာစရိယ၊ဘီအေ၊အာရ်အယ်လ်)"၏ "အဓမ္မ၀ါဒ၀ိနိစ္ဆယကျမ်း(အကျဉ်းချုပ်)"
"ဦးဆန်းလင်း(ဆည်မြောင်း)"၏ "သာသနာနှင့်ထေရ်သံဃာ"
"ဦမောင်မောင်(ဓမ္မစက္က)"၏"ဘာသာသွေး နွေးဖို့လိုပြီ"မှကူးယူထားပါသည်။
Credit - ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း