Monday, November 4, 2013

အညတရများအား ကြည်ညိုစိတ်ထားဖို့

 

အညတရများအား ကြည်ညိုစိတ်ထားဖို့


“ပဲနိကိုသာသင် ဂရုစိုက်ဖို့လို၏ ပေါင်ကိုတော့ သင်ဂရုစိုက်ဖို့မလို၊ သူ့ဟာသူဂရုစိုက်လိမ့်မည်”

ဤသို့ရှိတ်စပီးယားက ပြောသည်ကိုဖတ်ရဖူး၏ ဓမ္မတာအားဖြင့် လူတို့သည် ပဲနိကိုဂရုမစိုက်ချင် ကြပဲပေါင်ကို သာဂရုစိုက်ချင်ကြ၏ ဤသို့ဖြစ်ခြင်းမှာလည်း နိယာမတခုပင်ဖြစ်၏ ဤနိယာမကို “သံသာရိကနိယာမ” ဟုခေါ် ဆိုနိုင်ပါ၏ သံသာရိကနိယာမ ဟူသည်မှာ သံသာရာ၌ ပျော်မွေ့သူတို့ လိုက်နာမြဲ နိယာမတခုဖြစ်၏ ထိုကြောင့် သံသရာဤ ကျင်လည်ချင်သူ ဟူသမျှသည် ဤနိယာမကို လိုက်နာရန် ကျေနပ်ကြ၏ သံသရာဤ မကျင်လည် ချင်သူများ အတွက်ဆိုလျှင် ရှိတ်စပီးယားပြောသည့် အတိုင်းပဲနိကိုသာ ဂရုစိုက်နိုင်ပါလျှင် ပေါင်ကိုဂရုဖို့ ဘာမျှ ဝန်လေးမည် မဟုတ်ပေ။ အလိုလိုဂရုစိုက်မိ လျက်သားဖြစ်၏ ထိုကြောင့် လူတို့အနေဖြင့် ဝန်လေးသော အလုပ် ကိုလုပ်နိုင်ရန် ရှိတ်စပီးယားက နှိုးဆော်ခြင်းဖြစ်ဟန်ရှိလေ၏

လူ့လေက၌ ဖြစ်စေအခြားလောက၌ ဖြစ်စေမည်သည့် နေရာကိုကြည့်ကြည့် အညတရများကို အများစုတွေ့ရ တတ်၏ မိမိတို့သည်ပင် သံသရာ၌ ကျင်လည်ရစဉ် အညတရ ဘဝများဖြင့်သာ ကျင်လည်ရသည်က များလေ၏ သို့ပါလျှက် လူတို့သည် အညတရတစ်ဦးချင်း သဘောဆန်၍ မိမိအတွက် အကျိုးများ ၏ လောကီအတွက် အကျိုး မများပါ အညတရများကို လစ်လျှူရှုထားတတ်ကြ၏ အမှန်အားဖြင့် ဝိသေသ ပုဂ္ဂိုလ်များကို ဂရုစိုက်ခြင်းသည် တစ်ဦးခြင်းသဘော ဆန်၍မိမိအတွက် အကျိုးများ၏ လောကအတွက် အကျိုးမများပါ အညတရများကိုဂရုစိုက် ပါမှသာ အဖွဲ့စည်းသဘောဆန်၍ မိမိအတွက်လည်း အကျိုးများ၏ လောကအတွက်လည်း အကျိုးများ၏

“သဒိသံပါကံ ဇနေတိ- မိမိပြုသော ကံသည်တူသော အကျိုးကိုပေး၏” ဟူသောဗုဒ္ဓဒေသနာတော်အရ ဆိုလျှင် မိမိတို့ကိုယ်တိုင်က အညတရများကို ဂရုစိုက်ပါမှ သံသရာ၌ ကျင်လည်ရစဉ် အညတရာဘဝများဖြင့် ကျင်လည် နေရပါက မိမိတို့ကိုဂရုစိုက်သူ ရှိပေလိမ့်မည်။ အကျိုးပေးမှု့နှင့် ပတ်သက်၍ ဝိပါကဓမ္မတာ အရလည်းအညတရ များအပေါ် မိမိတို့ကဂရုစိုက်ပါမှ မိမိတို့အညတရဖြစ်သော အခါဂရုစိုက်သူ ရှိပေလိမ့်မည်။ လောကတွင် အညတ ရများကို နေရာတိုင်းမှာ တွေ့နိုင်လေရာ ယင်းတို့ အပေါ် ကောင်းမှု့ကုသိုလ်ပြုမှု့နှင့် ပတ်သက်၍လည်း အခက်ခဲ့ မရှိအလွယ်တကူ ပင်ပြုလုပ်နိုင်၏ ဝိသေသ ပုဂ္ဂိုလ်များကား ရှားပါးသဖြင့် ယင်းတို့အပေါ် ကောင်းမှု့ပြုရန် ရှာရ ခက်သေး၏။
 
 ထိုကြောင့် နေရာတိုင်း၌ အလွယ်တကူရှာ၍ တွေ့နိုင်သော အညတရများအပေါ် ကြည်ညို စိတ်  မွေး မြူ၍ ကောင်းမှု့ကုသိုလ်ကို  ပြုမည်ဆိုပါက ဗုဒ္ဓဒေသနာတော်အရ ထူးမြတ်သောအကျိုး အာနိသင်ကိုရရှိ ကြပေ လိမ့်မည်။ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူခြင်းသည်ပါရမီ မြောက်သောကုသိုလ် လုပ်ငန်းမဟုတ် ပါရမီမြောက် သောလုပ်ငန်းမဟုတ်လျှင် သူလိုငါလို အများတကာ ပြုနိုင်သော ကုသိုလ်လုပ်ငန်းမျိုးပင်ဖြစ်၏ အယုတ်အလတ် အမြတ်မရွေး အားလုံးအပေါ်၌ ကြည်ညိုစိတ် ကို မွေးမြူပြီးကောင်းမှု့ ကုသိုလ်ကိုလုပ်နိုင်ပါမှ ပါရမီမြောက်သော ကုသိုလ်လုပ်ငန်းဖြစ်၏ ပါရမီကုသိုလ် ဟူသည်မှာလည်း တကယ်မြင့်မြတ်သူတို့၏ တကယ်မြင့်မြတ်သော လုပ် ငန်းဖြစ်၏ ထိုကြောင့်ပါရမီဟူ၍ ဆိုခြင်းဖြစ်၏ ဤသို့လယ်တီဆရာတော် ဘုရားကြီးက ဥတ္တမပုရသ ဒီပနီ၌ဆို၏ သူဖြစ်စေ ငါဖြစ်စေ သူလိုငါလို သာမညလူတို့သည် တကယ်တမ်း အကျင့်သိက္ခာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များ အ ပေါ်ကြည်ညိုစိတ်ကို မွေးမြူနိုင်၏ အညတရများ အပေါ်၌မှု ကြည်ညိုစိတ်ကို မမွေးမြူနိုင်ကြပေ။

ကြည်ညိုစိတ်ဟူသည်မှာ သဒ္ဓါပြဋ္ဌာန်းသော စိတ်ဖြစ်၏ ထိုသို့မမွေးမြူနိုင်သောကြောင့်ပင် အများသူငါလိုငါလို အတန်းအစားထဲ၌ ပါဝင်နေရခြင်းဖြစ်၏ ဝေဿန္တာရာ မင်းကြီးကိုကြည့်လျှင် စူဇကာလို ပုဂ္ဂိုလ်များအပေါ်၌မှု ကြည်ညိုစိတ်ကို အလွယ်တကူမွေးမြူ နိုင်မည်မှာ ယုံမှားဖွယ်ရာပင်မရှိချေ။ ကြည်ညိုစိတ်ရှိပါမှ ယင်းတို့အပေါ် ကောင်းမှု့ကုသိုလ်ကို နှစ်နှစ်ကာကာ ပြု၍ရကောင်း၏ အမှန်အားဖြင့် တကယ်တမ်း စစ်မှန်သော ချမ်းသာအစစ် ကိုလိုလားပါက သူလိုငါလိုအစားကို ကျော်လွန်ဖို့တော့လို၏ အများသူငါ သူလိုငါလို အတန်းအစားကို ကျော်လွန် ခြင်း ဟူသည်ပါရမီရှိခြင်းဖြစ်၏

ပါရမီဟူရာ၌ လည်းပါရမီသည် အမျိုးမျိုးရှိ၏ ဘုရားဖြစ်လိုလျှင် ဘုရားလောင်းပါရမီ ရှိဖို့လို၏ အဂ္ဂသာဝက ဖြစ် လျှင် အဂ္ဂသာဝကလောင်း ပါရမီရှိဖို့လို၏ မဟာသာဝက ဖြစ်လိုလျှင် မဟာသာဝကပါရမီ ရှိဖို့လို၏ သံယရာမှ ထွက်မြောက်လိုသူ ဟူသမျှ ပါရမီတော့ မလွဲမသွေရှိဖို့တော့လို၏ ပါရမီဖြည့်ကျင့်ရာ ကာလအပိုင်းခြားနှင့် ပါရမီ ဖြည့်ကျင့်မှု့ အထက်အောက်သာ ကွာခြားမည်ဖြစ်ပြီး ပါရမီဖြည့်ကျင့်မှု့ သဘောအားဖြင့် ကွာခြားမှု့မရှိ။ အရိ ယာသစ္စညဏ်ကို ရရှိ၍နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ဟူသမျှပါရမီကို မိမိတို့၏ တောင့်တမှု့ ပဏိဓိအလိုက် ဖြည့် ကျင့်ရသည် ချည်းဖြစ်၏ ပါရမီကိုဖြည့်ကျင့်ခြင်း မရှိပဲအရိယာသစ္စာကကို ထိုးထွင်း၍ သိရိုးမရှိပါ။ 
 
ပါရမီဖြည့်ကျင့် ခြင်းဟူသည်မှာ မိမိနှင့်ဆက်ဆံ ရသူဟူသမျှ အပေါ်၌ အယုတ်အလတ် အမြတ်မရွေး ကြည်ညိုစိတ်ကို မွေးပြီး ယင်းတို့အပေါ် ကောင်းမှု့ကုသိုလ်ကံကပြုခြင်းဖြစ်၏ ကောင်းမှုကုသိုလ်ကံပြုခြင်း ဟူသည်မှာလည်း ယင်းတို့၏ ကောင်းမှု့ကုသိုလ်ကံပြုခြင်း ဟူသည်မှာလည်း ယင်းတို့၏အကျိုးစီးပွားအတွက် တက်နိုင်သမျှ ပံ့ပိုးပေးခြင်းဖြစ်၏ ပါရမီသဘောအရ ယင်းတို့၏ အကျိုးစီးပွားကို ပံ့ပိုးရာ၌ အရေးကြီးဆုံး အချက်မှာ ဂရုဏာနှင့်ပညာ ရှိဖို့ပင်ဖြစ်၏ ပညာကို ဥပါယကောသလ္လ ညဏ်ဟူ၍လည်းခေါ်၏ ဥပါယကောသလ္လ ညဏ်ဟူသည်မှာ ပံ့ပိုးမှု၌ ကျွမ်းကျင် လိမ္မာသောညဏ်ဖြစ်၏ ယနေ့ခေတ် သုံးဝေါဟာရဖြင့်ဆိုရလျှင် “အထာ”ကို သိသောညဏ်ပင်တည်း။

မိမိကူညီ ပံ့ပိုးရမည့်သူ၏ “အထာ” အလိုက် လိုအပ်သလို ကူညီပံ့ပိုးမှသာသူ့အတွက်လည်း အကျိုး ရှိ၏။ ကူညီပံ့ ပိုးရကျိုးလည်းနပ်၏သို့မဟုတ်ပါကခုတ် ရာတလွဲ၊ ရှရာတစ်ခြား ဖြစ်ပြီး နှစ်ဦးနှစ်ဘက် အကျိုး မထင် ဖြစ်တတ်၏ ထိုကြောင့် ပါရမီသဘော အရ အည တရများ အပေါ် ကူညီပံ့ပိုးရာ၌ ဥပါယကောသလ္လဉာဏ် အရေးကြီးခြင်းဖြစ် ၏ မိမိတို့၏ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အညတရများ တွေ့ရမည်ဖြစ်၏။ ထိုအညတရများ အပေါ်ကြည်ညို သောစိတ်ဖြစ်အောင် အားထုတ်ရာ၌ ရတနာသုံးပါး၏ ပံ့ပိုးမှုကိုများစွာလို၏။ ရတနာသုံးပါး၌ ကြည်ညိုသောစိတ် မှ တဆင့်အညတရများ အပေါ်ပြောင်းရွှေ့၍ယူရ၏ အကယ်၍မိမိတို့၏ ကြည်ညိုမှုသည် ရတနာသုံးပါး အပေါ်၌ သာအဆုံးသတ်ပြီး မိမိတို့၏ ပတ်ဝန်းကျင်ရှိ အညတရများအပေါ်သို့ ပြောင်းရွှေ့၍ မယူနိုင်ဖူးဆိုလျှင် ထိုကြည်ညို မှု့သည် မြတ်စွာဘုရား၏ အလိုတော်ကျ ကြည်ညိုမှု့မျိုးမဟုတ်။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ်က ဆုန်လပြည့်နေ့ညဥ့်၏ နောက်ဆုံးယာမ်တွင် သိဒ္ဓတ္ထမင်းသားသည် သဗ္ဗညုတ ညဏ်တော်ကို၍ ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စမသတ္တာဟ တွင် အဇပါလ ညောင်ပင်ရင်း၌ စံနေတော်မူစဉ် “လောက၌ ဂါရဝတရား ကင်းမဲ့၍ နေခြင်းသည် မကောင်းမိမိ အနေဖြင့် ဂါရဝပြုရမည့်ပုဂ္ဂိုလ်ဟူ၍ လောက၌မရှိ လေသောကြောင့် မိမိထိုးထွင်း၍ သိတော်မူထားသော ဓမ္မများကိုသာ ဂါရဝပြု၍ နေမည်” ဟုဆုံးဖြတ်တော်မူပြီး မြတ်စွာဘုရားသည် နောက်ဆုံးပရိနိဗ္ဗာန် ပြုတော်မှု သည့် ကာလအထိ ဓမ္မများအပေါ် ဂါရဝပြု၍ နေတော်မူသွား၏။ ဂါရဝရှိပါမှသဒ္ဓါထက်၏ သဒ္ဓါထက်မှလည်း ဂါဝ ရကိုရ၏ ထို့ကြောင့်ဂါရဝနှင့် သဒ္ဓါသည် အချင်းချင်း မှီတွယ်နေသော ပရမတ္ထဓမ္မများဖြစ်ကြ၏။

ဂါရဝ၏ပံ့ပိုးမှုဖြင့် သဒ္ဓါထက်လေသောအခါ မိမိတို့၏ ပတ်ဝန်းကျင်ရှိ အညတရ များအပေါ် ပံ့ပိုးရန် ဝန်လေးကြ မည်မဟုတ်ပေ။အမှန်အားဖြင့် မိမိတို့၏ ဘဝတန်ဖိုးသည် အညတရ များအပေါ် အလေးအနက် ထားမှု့၏ အတိမ် နက်အပေါ်မှုတည်၏။ ထို့အပြင် မိမိတို့က အညတရများအပေါ်ပံ့ပိုးသည်နှင့်အမျှ အညတရများထံမှလည်း ကျေးဇူးသိမှု့ “ ကတညုတ”သည် လည်းမိမိတို့ထံသို့ မိမိတို့က မတောင့်တပါဘဲလျှက် သူ့အလိုအလျှောက် ရောက်လာမည်ဖြစ်၏ ထိုအခါမှသာ လူမှုဆက်ဆံရေး သဘောအရ ပတ်ဝန်းကျင်သည် ငြိမ်းချမ်းမည် ဖြစ်၏။ ပတ်ဝန်းကျင် ငြိမ်းချမ်းသည်နှင့် အမျှငြိမ်းချမ်းသောသုခသည်လည်း မလွဲမသွေ ပေါ်ပေါက်လာမည်ဖြစ်၏၊

မြတ်စွာဘုရား ကျင့်သုံးတော်မူသည့်အတိုင်း ဓမ္မကို ဂါရဝပြုလျှင် မိမိ၏ပတ်ဝန်းကျင်ကိုလည်း အလိုလို ဂါရဝပြု ပြီးသားဖြစ်၏ ဓမ္မကိုဂါရဝပြုခြင်းဟူသည်မှာ အကုသိုလ်ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း လည်းဖြစ်၏ အကုသိုလ်ဒု စရိုက်များမှ ရှောင်ကြဉ်ခြင်းကိုပင် သီလရှိခြင်းဟူ၍ ဆိုရပေ၏၊ သီလရှိသည် ဆိုကတည်းက မိမိ၏ကျင့်ဝတ်ကို ဖြည့်ကျင့်ခြင်းသည် အလိုလိုပါဝင်၏ ဒင်္ဂါးပြားတွင် ခေါင်းဘက်နှင့် ပန်းဘက်ပါမှသာ ဒင်္ဂါးစစ်ဖြစ်သကဲ့သို့ ထို့အတူ သီလတွင်လည်း မကောင်းမှုများမှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမှုဆိုင်ရာ ကျင့်ဝတ်များကို ဖြည့်ကျင့်ခြင်း နှစ်မျိုးပါဝင်ရ၏။ တစ်မျိုးတည်းနှင့် မလုံလောက်၊ မကောင်းမှုများ မှ ရှောင်ကြဉ်ရုံသက်သက်နှင့်လည်း သီလပြည့်စုံသူ မမည်။ ကောင်းမှုဆိုင်ရာ ကျင့်ဝတ်များ ကို ဖြည့်ကျင့်ရုံ သက်သက်နှင့်လည်း သီလပြည့်စုံသည်မမည်။ ခေါင်းဘက်နှင့် ပန်းထိုနှစ်မျိုးလုံး ပြည့်စုံဖို့ လို၏။ 
 
ထို့ကြောင့် “ ဝတ္တံ အပရိပူရေန္တောသီလံ န ပရိပူရတိ ” ကျင့်ဝတ်ကိုမဖြည့်သမျှ သီလကို ဖြည့်ရာမရောက်ဟု ဆိုခြင်းဖြစ်၏။ တကယ်တမ်း နှစ်မျိုးလုံး ပါဝင်ပြည့်စုံဘို့ဆိုသည်မှာလည်း အညတရများအပေါ် ကြည်ညိုစိတ် မွေးတတ်မှ ဖြစ်၏။ “ပဲနိကိုဂရုစိုက်လျှင် ပေါင်သည် သူ့ဟာသူ ဂရုစိုက်လိမ့်မည်” ဟူသော ရှိတ်စပီးယား ၏အဆိုအတိုင်း အညတရများအပေါ်၌ ကြည်ညိုစိတ်ကို မွေးမြူနိုင်ပါ လျှင် ဝိသေသပုဂ္ဂိုလ်များအပေါ်၌ ကြည်ညိုစိတ်ကို အလိုလိုမွေးပြီးသားဖြစ်ပေလိမ့်မည်။ တစ်စုံတရာ ဝန်လေး ဖွယ်မရှိပါချေ။ သိဒ္ဓတ္ထမင်းသားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးပါရမီတော်တို့ကို ဖြည့် ကျင့်တော်မူရာတွင် နှစ်ဆယ့်လေးဘဝသာလျှင် သာသနာတော်နှင့် ကြုံကြိုက်ရသည်။ 
 
သာသနာတော်နှင့် ကြုံ ကြိုက်ဖို့ဆိုသည်မှာ အလွန်ခဲရင်းသော အခွင့်အရေး တစ်မျိုး ဖြစ်ကြောင်း ဤဖြစ်ရပ်များက သက်သေခံလျှက်ခံ လျှက်ရှိ၏ ယနေ့မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာတော် ထွန်းကားလျှက်ရှိ၏၊ ထို့ကြောင့်မြန်မာနိုင်ငံတော်နှင့် ကြံကြိုက် ရခြင်းတည်းဟူသော အခွင့်အရေးကြီးကိုရလျှက်ရှိ၏၊ ထို့ကြောင့်မြတ်စွာဘုရား၏ အလိုတော်အတိုင်း မြတ်စွာ ဘုရာ၏ သာသနာတော်ကို အသုံးချ သင့်ပါ၏။ မြတ်စွာဘုရား၏ အလိုတော်အတိုင်း မြတ်စွာဘုရား၏ သာသာနာ တော်ကို အသုံးကျအောင် အသုံးချခြင်းဟူသည်မှာ လောကကို ဗုဒ္ဓဘာသာမျက်စိဖြင့် ကြည့်တတ်အောင် အား ထုတ်ခြင်းဖြစ်၏

လူတို့သည်မိမိတို့၏ ဘဝတစ်လျှောက် ချမ်းသာကို ရှာကြသည် မှန်၏။ ထိုကဲ့သို့ချမ်းသာကို ရှာရာ၌ တစ်ဦးနှင့် တစ်ဦး ချမ်းသာကိုရှာဖွေကြချင်းတူသော်လည်း အမြင်ချင်းကား မတူ။ လောကကိုဗုဒ္ဓဘာသာမျက်စိဖြင့် ကြည် ပြီး ချမ်းသာကို ရှာခြင်းဖြစ်ပါက “အကုသိုလ်စိတ်ဖြင့် စစ်မှန် သောချမ်းသာကို ရှာဖွေ၍ ရရိုးမရှိ၊ကုသိုလ်စိတ်ဖြင့်သာ စစ်မှန် သော ချမ်းသာကို ရှာဖွေ၍ ရရိုးရှိ၏ ” ဟူ၍မြင်ပြီး ထိုအမြင်ဖြင့် သာ ချမ်းသာကို ရှာပေလိမ့်မည်။ ထိုအမြင်ဖြင့်ချမ်းသာကို ရှာ ခြင်းဟူသည်ကား မိမိတို့ ပတ်ဝန်းကျင်ရှိ အညတရများအပေါ်ကြည်ညိုစိတ်ကို မွေးပြီး ထိုကဲ့သို့ မွေးနိုင်အောင် ရတနာသုံးပါး ၌ကြည်ညိုဆည်းကပ်ပြီး ထိုကဲ့သို့ ဆည်းကပ်ရာ၌လည်း အည တရများအပေါ် သဒ္ဓါနှင့်ဂါရဝကို ထားနိုင်အောင်ဟူသော ရည် ရွယ်ချက်ဖြင့် ဆည်းကပ်ခြင်းပင်ဖြစ်၏ဟူ၍သဘောပေါက်ကာ အညတရာများအပေါ် ကြည်ညိုစိတ် ကို မွေးနိုင် အောင် အားထုတ်အပ်ပါ၏

ဦးရွှေအောင်

by မောင်ဘကြိုင်