Saturday, November 2, 2013

ရဟန်းနှင့်လူ ဆက်ဆံနည်း (၄) မျိုး


ရဟန်းနှင့်လူ ဆက်ဆံနည်း (၄) မျိုး
 
ရဟန်းတော်များနှင့် လူဒကာ,ဒကာမတို့သည် မကွေမကွာဆက်ဆံနေကြရသူများဖြစ်၍ ခွဲခွာ၍ မရစကောင်း။ သာသနာ့တာဝန်ကို ဆောင်ရွက်ကြရာ၌ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ၊ ပစ္စယနှင့်ဓမ္မ၊လောကနှင့် လောကုတ္တရာဒွန်တွဲနေသဖြင့်ခွဲခွာ၍မရ။သို့ရာတွင်လိုအပ်သည်ထက် ကျော်လွန်၍ ပူးတွဲခြင်းမရှိစေရချေ။ ရဟန်းနှင့်လူဆက်ဆံနည်း (၄) မျိုးရှိပါသည်။

၁။ဂါဟ ဂါဟက- အပြန်အလှန်ဖမ်းခြင်း၊အချို့အမျိုးသားအမျိုးသမီးတို့သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဂုဏ်ကို အာရုံမပြု၊ သီလ,သမာဓိ,ပညာ ရရာရကြောင်း၊ လူ,နတ်,နိဗ္ဗာန်သုံးတန်ချမ်းသာ ရရာရကြောင်းကိုအကြောင်းပြု၍လှူဒါန်းပူဇော်ကြသည်မဟုတ်။ လက်ရှိအခြေအနေကို အပေးအယူအကူအညီ ရယူလိုသောစိတ်ဖြင့် ဆက်ဆံကြတယ်၊ ပူဇော်ကြတယ်။ ထိုသို့သော အမျိုးသားအမျိုးသမီးများကို လာဘ်ပေးလာဘ်ယူနည်းအရ အာမိသပစ္စည်းကို မိမိက အရင်ပေးကာ မိမိကိုယ်ကျိုးအတွက်ဖြားယောင်း၍ အမိဖမ်းသူဟုခေါ်ပါသည်။

အချို့သောရဟန်းတော်များလည်း ထို့အတူပင် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊ ရဟန်းတရားကျင့်ကြံခြင်း အားဖြင့်အလှူအကျိုးများအောင်ဆောက်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းဘဲ လာဘ်ရရေးအတွက် လူပေါင်းပေါင်းကာ ၀မ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊ပန်းပေးခြင်း၊ငွေချေးခြင်း၊ဗေဒင်ဟောခြင်း၊ဆေးပေးခြင်းစသည်ဖြင့်လူဒကာတို့၏ ပင်ကိုယ်ယုံကြည်စိတ်၊ သဒ္ဓါစိတ်ကလေးကို လမ်းပြောင်းသွားအောင်ဖျက်ဆီးတတ်ကြသည်။ ထိုရဟန်းကို အလဇ္ဇီ-အရှက်မရှိသောရဟန်းဟုခေါ်ပါသည်။ဤနည်းဖြင့်ဆက်ဆံသည်ကို ရဟန်းတော်များဘက် က ဖမ်းယူခြင်း၊ဖြားယောင်းခြင်းဟုခေါ်သည်။ အဲဒီလိုဆက်ဆံနည်းကို လူဒကာဘက်ကလဲဖမ်း၊ ရဟန်းဘက်ကလဲဖမ်း၊ အဖမ်းအဖမ်းချင်းဆက်ဆံနည်းဟုခေါ်ပါသည်။ ထိုသို့သောဆက်ဆံနည်းဖြင့်ဆက်ဆံပါလျှင်လှူဒါန်းအားပေးသူဒကာဒကာမတို့လည်းသာသနာဖျက်ဆီးသူဟုခေါ်ပြီး၊ရဟန်းကိုလည်းသာသနာဖျက်ဆီးသူဟုခေါ်ပါသည်၊ သေလျှင်ငရဲသို့ကျရောက်တတ်ပါသည်။

၂။ဂါဟမုတ္တက- ဒကာသာ ဖမ်း၍ ရဟန်းတော်ဘက်က အဖမ်းမခံခြင်း၊ လွှတ်ခြင်း။ အချို့သော လူဒကာဒကာမတို့သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဂုဏ်ကို အာရုံမပြု၊ သီလ,သမာဓိ,ပညာ ရရာရကြောင်း၊ လူ,နတ်,နိဗ္ဗာန်သုံးတန်ချမ်းသာ ရရာရကြောင်းကိုအကြောင်းပြု၍လှူဒါန်းပူဇော်ကြသည်မဟုတ်။ လက်ရှိအခြေအနေကို အပေးအယူအကူအညီ ရယူလိုသောစိတ်ဖြင့် ဆက်ဆံကြတယ်၊ ပူဇော်ကြတယ်။ ထိုသို့သော အမျိုးသားအမျိုးသမီးများကို လာဘ်ပေးလာဘ်ယူနည်းအရ အာမိသပစ္စည်းကို မိမိက အရင်ပေးကာ မိမိကိုယ်ကျိုးအတွက်ဖြားယောင်း၍ အမိဖမ်းသူဟုခေါ်ပါသည်။ထို့သို့သောနည်းကို ဒကာကသာဖမ်း၍ ရဟန်းတော်ကအဖမ်းမခံခြင်း၊ မဖမ်းခြင်းဟုခေါ်ပါသည်။

၃။မုတ္တဂါဟက-ဒကာဘက်က လွှတ်ထားသော်လည်း ရဟန်းဘက်ကဖမ်းနေခြင်း။ အချို့သောရဟန်းတော်များသည် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊ ရဟန်းတရားကျင့်ကြံခြင်း အားဖြင့်အလှူအကျိုးများအောင်ဆောက်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းဘဲ လာဘ်ရရေးအတွက် လူပေါင်းပေါင်းကာ ၀မ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊ပန်းပေးခြင်း၊ငွေချေးခြင်း၊ဗေဒင်ဟောခြင်း၊ဆေးပေးခြင်းစသည်ဖြင့်လူဒကာတို့၏ ပင်ကိုယ်ယုံကြည်စိတ်၊ သဒ္ဓါစိတ်ကလေးကို လမ်းပြောင်းသွားအောင်ဖျက်ဆီးတတ်ကြသည်။ ထိုရဟန်းကို အလဇ္ဇီ-အရှက်မရှိသောရဟန်းဟုခေါ်ပါသည်။ဤနည်းဖြင့်ဆက်ဆံသည်ကို ရဟန်းတော်များဘက် က ဖမ်းယူခြင်း၊ဖြားယောင်းခြင်းဟုခေါ်သည်။ ထိုသို့သောနည်းကို ရဟန်းဘက်ဖမ်း၍ လူဘက်ကမဖမ်းခြင်းဟုခေါ်ပါသည်

၎။မုတ္တမုတ္တဂါဟက-ဒကာဘက်ကရော ရဟန်းဘက်ကပါ မဖမ်းဘဲ လွှတ်ထားခြင်း၊ အထက်ပါသုံးနည်းတို့မှ တစ်ခုမှမဟုတ်သောနည်း၊ မြင့်မြတ်သောဆက်ဆံနည်းဟုခေါ်ပါသည်။ ရဟန်းနှင့် လူပေါင်းသင်းဆက်ဆံနည်း(၄)မျိုးရှိရာ နောက်ဆုံးနည်းကို ဘုရားရှင်ကြိုက်တော်မူပါသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာကောင်းပီပီ၊ ရဟန်းကောင်းပီပီ၊ နောက်ဆုံး မုတ္တမုတ္တဂါဟကနည်းဖြင့်ဆက်ဆံသွားဖို့ပါ။ ဘာပဲဖြစ်ဖြစ် မိမိကအခုပေါင်းသင်းဆက်ဆံနေတာမှားနေတယ်ဆိုရင်တောင်ပြင်ယူတတ်ဖို့ပါပဲ။ ဤလေးချက်သည် လူဒကာဒကာမတွေအတွက်အရေးကြီးသလို ရဟန်းတော်များအတွက်လည်း Very Very Important ပါပဲ။ ယနေ့မှစလို့ ကောင်းသောနည်းလမ်းဖြင့်ဆက်ဆံကာ သာသနာတော်ကြီးတိုးပွားအောင် ကြိုးစားဆောင်ရွက်နိုင်ကြပါစေ…

ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျက်နေကြစို့။

post by နှင်းဆီဖူးလေးများ-Love BUDS