မတရား ငါ၊ တရား ငါ
လောကကြီးမှာ တငါငါဖြင့် ငါစွယ်တွေပြ မာနတံခွန်ကြောင့်
ချစ်ကြည်ရေး ပျက်ယွင်း လူနှင့်လူချင်း ရန်ဖြစ်ခြင်းမှစကာ
နိုင်ငံအချင်းချင်း စစ်ခင်းရသည့်အဖြစ်တိုင်အောင် ကမ
္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည့် အဖြစ်များ မြင်နေကြရ၊
ကြားနေကြရသည်။
ဗုဒ္ဓမြတ်စွာ၏ တရားတော်များအရ ထိုငါသည် မတရားငါ နှင့် တရားငါ
ဟုနှစ်မျိုးရှိသည်။ မတရားငါသည် ဆင်းရဲခြင်းအကျိုးကို ခေါ်ဆောင်၍၊
တရားငါသည်ကား ချမ်းသာခြင်းအကျိုးကို ဖော်ဆောင်ပါသည်။
ငါ
“ငါ” ဟုဆိုကြသော ဤခန္ဓာကိုယ်ကြီးသည် ရုပ်ဓာတ်၊
နာမ်ဓာတ်များဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားအပ်သော “ဓာတ်အစုအဝေးကြီး”
မျှသာဖြစ်သည်။ “ငါ” ဟု ဆိုအပ်သော “အသက်ကောင်”၊ “လိပ်ပြာကောင်၊”
“ဝိညာဉ်ကောင်” စင်စစ်လုံးဝ မရှိချေ။
ရုပ်ဓာတ်
ထိုခန္ဓာကိုယ် ဓာတ်အစုအဝေးကြီးတွင် ရုပ်ဓာတ်များအနေဖြင့် အောက်ဖော်ပြပါ ရုပ်ဓာတ်များ ပါဝင်ပါသည်။
ဓာတ်ကြီး လေးပါး
မြေ၊ ရေ၊ လေ၊ မီး= ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇော။
အာရုံခံ(အကြည်ရုပ်)ရုပ် ငါးပါး
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် = စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ။ [မျက်လုံး စသည် မဟုတ်၊ မျက်စိအကြည်ရုပ် စသည်ကိုသာ ဆိုလိုသည်။]
အာရုံရုပ် ငါးပါး(လေးပါး)
အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ (အတွေ့ အထိ) = ရူပါရုံ၊ သဒ္ဒါရုံ၊
ဂန္ဓာရုံ၊ ရသာရုံ၊ (ဖောဋ္ဌဗ္ဗာရုံ။) [“အတွေ့ အထိ = ဖောဋ္ဌဗ္ဗာရုံ” ဟူသည်
ဓာတ်ကြီးလေးပါးတွင် ပါဝင်သော “မြေ လေ မီး” ဓာတ်ကြီးသုံးခုပင် ဖြစ်၍၊
နောက်ထပ်ပေါင်းထဲ့ရန် မလိုတော့သဖြင့် “အာရုံရုပ်လေးပါး” ဟုသာ
ရေတွက်ရသည်။
ဘာဝ(ကျား၊ မ ဖြစ်ကြောင်း)ရုပ်နှစ်ပါး
ဖိုဓာတ်၊ မဓာတ် = ပုရိသဘာဝရုပ်၊ ဣတ္ထိဘာဝရုပ်။
ဟဒယ(အတွေးစိတ်၏ ဖြစ်တည်ရာ)ရုပ် တပါး
နှလုံးသွေးရုပ် = ဟဒယဝတ္ထုရုပ်။
ဇီဝိတရုပ် တပါး
ရုပ်သက် = ဇီဝိတရုပ်။
အာဟာရရုပ် တပါး
ဩဇာဓာတ် = အာဟာရရုပ်။
ဖော်ပြပါ ဓာတ်ကြီး ၄ ပါး၊ အာရုံခံ ၅ ပါး၊ အာရုံရုပ် ၎
ပါး၊ ဘာဝရုပ် ၂ ပါး၊ ဟဒယရုပ် ၁ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ အာဟာရရုပ် ၁ ပါး၊
အားဖြင့် ပရမတ်စစ်စစ် (နိပ္ဖန္န)ရုပ် ၁၈ပါးအပြင်၊ ရုပ်အတု(အနိပ္ဖန္နရုပ်)
၁၀ပါးပါ ထဲ့၍ရေတွက်လျှင် “ငါ” ဟုဆိုရာ ဤခန္ဓာကိုယ်ကြီးတွင် ရုပ်ဓာတ်
(၂၈)ပါး ရှိသည်ဟု ဗုဒ္ဓအဘိဓမ္မာက ဆိုသည်။ ထိုရုပ်ဓာတ် (၂၈)
ပါးအစုအဝေးကို “ရူပက္ခန္ဓာ”ဟုခေါ်သည်။
နာမ်ဓာတ်
“ငါ” ဆိုသောခန္ဓာကိုယ်ကြီးတွင် ရုပ်ဓာတ်ကဲ့သို့  အထည်ဒြပ်
မဟုတ်သော ၊အာရုံယူတတ်၊ သိတတ်၊ ခံစားတတ်သော နာမ်ဓာတ်လည်း
ပါဝင်ကြောင်းထင်ရှားသည်။
ထိုနာမ်ဓာတ်တွင် အဓိကခေါင်းဆောင်ဖြစ်သော
စိတ်ဓာတ်အစုအဝေး(ဝိညာဏက္ခန္ဓာ)နှင့်၊ အကောင်းအဆိုး ခံစားတတ်သော ဓာတ်အစု
(ဝေဒနက္ခန္ဓာ)၊ ခံစားသမျှကို မှတ်သားထားတတ်သော ဓာတ်အစု (သညာက္ခန္ဓာ)၊
အလုပ်တခုခုဖြစ်မြောက်အောင် တွန်းအားပေးတတ်သော စေတနာအစရှိသည့် ဓာတ်အစု
(သင်္ခါရက္ခန္ဓာ) ဟု “နာမ်ခန္ဓာ ၄ ပါး”အတူတကွ ပေါင်းစပ်ပါဝင်သည်။
ရုပ်နာမ် နှစ်ဖြာ၊ ငါးခန္ဓာ
ပြအပ်ပြီးသော ဗုဒ္ဓအဘိဓမ္မာအရ “ငါ” ဟုဆိုရာ ဤခန္ဓာ
ကိုယ်ကောင်ကြီးတွင် ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ
ရုပ်နာမ်နှစ်ဖြာ ဖြစ်သော ရူပက္ခန္ဓာ(တစ်ပါး)နှင့်၊ နာမက္ခန္ဓာ (လေးပါး) ဟူသော
ခန္ဓာငါးပါးသာလျှင် ပေါင်းစပ်ပါဝင်ဖြစ်တည်နေကြ၊ ပျက်နေကြသည် ဟု
(ဝိပဿနာ)ဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ နားလည်ရပါမည်။
ဝိပဿနာဉာဏ် အမြင်ကင်းသူလူအများသည် ထို ရုပ်နာမ်နှစ်ဖြာ
ငါးခန္ဓာဟူသော ရုပ်ဓာတ် နှင့် နာမ်ဓာတ် အစုအဝေးမျှသာဖြစ်သည့်
ခန္ဓာကိုယ်ကြီးကို “အသက်ရှင်နေသည်” (သို့ မဟုတ်)“ခန္ဓာကိုယ်ကြီးထဲတွင်
‘အသက်၊’ ‘လိပ်ပြာ၊’ ‘ဝိညာဉ်၊’ ‘အတ္တ၊’ ‘ငါ’ ရှိသည်”ဟု ထင်မြင်ကြံဆ
အယူသည်းကြသည်။
“ငါ”မရှိဘဲဘာကိုစွဲ
လူ (သတ္တဝါ)တွေသည် မျက်စိအကြည်ရုပ်ရှိ၍ မြင်နိုင်ကြသည်၊
နားအကြည်ရုပ်ရှိ၍ ကြားနိုင်ကြသည်၊နှာအကြည်ရုပ်ရှိ၍ အနံ
့ခံ(ယူ)နိုင်ကြသည်၊လျှာအကြည်ရုပ် ရှိ၍၊ အစာစား အရသာခံနိုင်ကြသည်၊
ကိုယ်အကြည်ရုပ်ရှိ၍ ထိတွေ့ နိုင်ကြသည်၊ စိတ်ဖြစ်တည်ရာ ဟဒယရုပ်ရှိ၍
တွေးနိုင်ကြသည်၊ ဇီဝိတရုပ်ရှိ၍ ရှင်သန်လန်းဆန်း မပုပ်မသိုးတမ်း
နေနိုင်ကြသည်။ ထို့ ကြောင့် ထိုမျက်စိ အကြည်ရုပ် စသည်ကို “ငါ” ဟု
စွဲယူမိကြတော့သည်။
စဉ်းစားကြည့်ပါ။ မျက်စိ၊ နားရွက်စသည် ပုံသဏ္ဍာန်သာရှိ၍၊
မျက်စိအကြည်ရုပ်၊ နားအကြည်ရုပ်စသည် မရှိသော သစ်သားပန်းပုရုပ်၊
ပလာစတာရုပ်စသည်ကို“ငါ” ဟုမစွဲကြကြောင်း ထောက်ဆကြည့်လျှင်
မျက်စိအကြည်ရုပ်စသည်ရှိမှသာ “ငါ” ဟု စွဲယူကြောင်းမှာ ထင်ရှားလှပါသည်။
ထို့ ပြင်၊ မျက်စိအကြည်ရုပ်ရှိ၍ မြင်ရသောအဆင်းရုပ်၊ နားအကြည်ရုပ်ရှိ၍
ကြားရသောအသံရုပ်၊ နှာအကြည်ရုပ် ရှိ၍ရှူရသော အနံ့ ရုပ်၊
လျှာအကြည်ရုပ်ရှိ၍ စားရသော အရသာရုပ်၊ ကိုယ်အကြည်ရုပ်ရှိ၍ ထိတွေ့ ရသော
အထိ(ဖောဋ္ဌဗ္ဗ)ရုပ်စသည် တကိုယ်လုံးမှာ ရှိရှိသမျှ ရုပ်အားလုံးကို “ငါ”
ဟုထင်မြင်ယူစွဲကြတော့သည်။ ဤသည်မှာ ရုပ်ကို “ငါ” ဟုစွဲယူပုံ အမြွက်
ဖြစ်သည်။
စိတ်ရှိ၍ တွေးနိုင်သိနိုင်သဖြင့် ငါသိသည်၊ ဝေဒနာရှိ၍
ခံစားနိုင်သဖြင့် ငါခံစားသည်၊ သညာရှိ၍ မှတ်သားနိုင်သဖြင့် ငါမှတ်သား
ငါမှတ်မိသည်၊ စေတနာ စသည်ရှိ၍ ငါပြုလုပ်နိုင်သည် စသည်ဖြင့်
စွဲယူကြပြန်သည်။ ဤသည်ကား နာမ်ကို “ငါ” ဟုစွဲယူပုံ အမြွက် ဖြစ်သည်။
မတရား ငါ
အမှန်တကယ် ရှိသည်က ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာသာဖြစ်၍၊
တကယ်မရှိဘဲ အယူအစွဲအားဖြင့်သာ ထင်မြင်ကြံဆ “ရှိသည်” ဟုထင်ရသော ထို “ငါ”
သည် “တရားသဘာဝအရ မရှိသော ငါ၊ ဒိဋ္ဌိ ငါ၊ မတရား ငါ” သာဖြစ်သည်ဟု ဗုဒ္ဓ
အဘိဓမ္မာ ဉာဏ်ပညာဖြင့်ရှေးဦးစွာ နားလည်ထားသင့်ပါသည်။
ဤ “မတရား ငါ”သည် ဝိပဿနာ ဉာဏ်မြင်ကန်းသော အန္ဓပုထုဇဉ်များမှာ
သာမက၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ ကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်ခိုက်
မဟုတ်သော ကလျာဏပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်များမှာပင်
ရှိနေတတ်ပါသေးသည်။ တသံသရာလုံး စွဲလာခဲ့သဖြင့် အလွန်ခိုင်မြဲ စွန်
့နိုင်ခဲသော “ငါ” ဖြစ်၍၊ ဘုရား၊ ရဟန္တာ ဖြစ်မှသာ ထို ငါစွဲ
အမြစ်ပြုတ်ကျွတ်ပါ
တော့သည်။
တဏှာ ငါ၊ မာန ငါ
ငါစွဲရှိနေသော လူ(သတ္တဝါ)များမှာ “တဏှာ ငါ”နှင့်၊ “မာန ငါ”လည်း မကင်းနိုင်ဘဲ စွဲလမ်းလာကြသည်၊ ဘဝင်မြင့်လာကြသည်။
စဉ်းစားကြည့်ပါ။ ငါနှင့်စပ်သမျှ “ငါ့ဥစ္စာ”ဟု တဏှာဖြင့်
စွဲသည်၊ ငါ့ကိုယ် ငါ့ခန္ဓာ၊ ငါ့လင် ငါ့မယား၊ ငါ့သမီး ငါ့သား၊ ငါ့လယ် ငါ့ယာ၊
ငါ့ခြံ ငါ့မြေ၊ ငါ့အိမ် ငါ့တိုက်၊ ငါ့ရွှေ ငါ့ငွေ၊ ငါ့နိုင်ငံ ငါ့လူမျိုး
စသည်ဖြင့် လက်ရှိ ထင်ရှားရှိနေသောသက်ရှိသက်မဲ့များပေါ်မှာသာ စွဲလမ်းရုံမက၊
ထင်ရှားမရှိ ကွယ်လွန်လေပြီးသောဘိုး ဘွား၊ ငါ့ပစ္စည်း စသည်ဖြင့်
စွဲလမ်းနေတတ်ပါသည်။ မရသေး မရှိသေးသော (အနာဂတ်) ပစ္စည်းများကိုလည်း
စွဲလမ်းတတ်ပါသေးသည်။ အသက်ကြီးလာလျှင် တဏှာစွဲ နဲလာသည်ဟု ထင်ရ၏။
သို့ သော်
စင်စစ်ကား အသက်ကြီးလေ၊ စွဲစရာ များလာလေ၊ တဏှာစွဲ ကြီးလာလေ ဖြစ်တော့သည်။
မှန်၏၊ ကလေးငယ်တယောက်အဖို့  စွဲစရာ သိပ်မများပေ၊
မိဘကိုစွဲမည်၊ ညီအစ်ကိုမောင်နှမကို စွဲမည်၊ ကစားစရာကို စွဲမည်၊
ကစားဖော်ကို စွဲမည်၊ ဒီလောက်ပဲ ရှိ၏၊ ထို ကလေးငယ်အရွယ်ရောက်လာလျှင်ကား
စွဲစရာများ မဆုံးနိုင်အောင် များပြားလာတော့သည်။
ဘဝဖော်ကို စွဲတော့မည်၊ ဘဝဖော်ရပြီး သားသမီးတွေ ပွားစီးကာ
သားသမီး ကို စွဲတော့မည်။ နောက် သားသမီးက လူလားမြောက်လာ အိမ်ထောင်ရက်သားကျ
သားသမီးရပြန်တော့ သားအချစ်အပြင် မြေးအနှစ်အဖြစ် ချစ်စရာ စွဲစရာတွေ ပိုလာ၍၊
မြေးတွဲလွဲဖြင့် “ဗမာအို
ကျောင်းကြိုကျောင်းကြားရောက်”စကားပုံရှိသော်လည်း ကျောင်းကန်ဘုရားနား
မကပ်နိုင်သော ဘိုးဘွားများအဖြစ် ကျေနပ် နှစ်
သက်နေကြတော့သည်။ ဤသို့ စသည်ဖြင့် ငါနှင့်စပ်သမျှ တဏှာငါတွေ မဆုံးနိုင်တော့ပေ။
တဏှာဖြင့် တဏှာ ငါရှိသူများအဖို့  မာန ငါလည်း အစွဲကြီး
စွဲတော့၏။ ရုပ်ရည်လှပသူက “လောကတခွင်တွင် ငါသာလျှင် အလှဆုံး” ဟုထင်သည်၊
ရုပ်ရည်မလှပသူကလည်း “ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့ ”ပြောသည်။
ရှေးကဂင်္ဂါမြစ်နှင့် ယမုံနာမြစ်တို့ ဆုံရာ ပင်လယ်ဝတွင် ဂင်္ဂါ ငါးနှင့်
ယမုံနာငါး တို့ ဆုံမိကာအလှပြိုင်ကြသည်။ ဦးရွှေလိပ်ကို
ဒိုင်လူကြီးအဖြစ်ခန့် အပ်ကာ အဆုံး
အဖြတ်ခံယူရန် သဘောတူကြသည်။ ဒိုင်ဦးရွှေလိပ်က ဤသို့ 
သမာသမတ်ကျစွာ ဘက်မလိုက်ဘဲ ဆုံးဖြတ်သည်။ “ဂင်္ဂါငါး လဲလှပါတယ်၊ ယမုံနာငါး
လဲလှပါတယ်။ ဒါပေမဲ့ ရွှေလဝန်းကြီးလို ဝိုင်းဝိုင်းစက်စက် ခန္ဓာပိုင်ရှင်
လည်တန်သွယ်သွယ်နဲ့ ငါရွှေကိုယ် ဖိုးရွှေလိပ်သာ
လျှင် ဤကမ္ဘာမှာ အလှဆုံးဖြစ်ပေတယ်။”
ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူက မဟောသဓာဇာတ်တော်လာ ပုတ်သင်ပမာ မာနတန်ခွန်ထူသည်။ ဝိဒေဟရာဇ်မင်းကြီး
ပျော်ပွဲစားထွက်စဉ် ဥယျာဉ်အဝင်တွင် တံခါးမုခ်ပေါ်မှ ပုတ်သင်က ပြေးဆင်းလာ၍ မင်းကြီးရှေ့ မှာ ခေါင်းတညိမ့်ညိမ့်လုပ်သည်။ မင်း
ကြီးအမေးတော်ရှိ၍ “မင်းကြီး၏ဘုန်းဒဏ်ကို မခံနိုင်သဖြင့်
တိရစ္ဆာန်ကပင်ဦးညွှတ် အ ရိုအသေပေးရကြောင်း” ဖြင့် မဟောသဓာက မင်းကြီးကျေနပ်၊
ပုတ်သင်လည်း အနေမကြပ်အောင် လျှောက်ထားသည်။ [တကယ်ကား ပုတ်သင်သ ဘာဝ
ခေါင်းညိမ့်ခြင်းသာ
ဖြစ်ဟန်ရှိသည်။] မင်းကြီး ရွှေဘောတော်ကျ၍ တနေ့  တပဲဖိုး အစာကျွေးရန် အမိန့် တော်ချသည်။
ထိုနေ့ မှစ၍ ဥယျာဉ်မှူးက ပုတ်သင်
အား တပဲဖိုးအစာဝယ်ကာ နေ့ စဉ်အစာကျွေးရသည်။
သားငါးမသတ်ရသော “မာဃာတ နေ့ ”(ဥပုသ်နေ့ )တွင် ပုတ်သင်စာ
ဝယ်မရ၍၊ ဥယျာဉ်မှူးက ပိုက်ဆံတပဲကို အပေါက်ဖောက် ကြိုးတပ်ကာ ပုတ်သင်၏
လည်ပင်းမှာ ဆွဲပေးထားလိုက်သည်။ ထိုနေ့ မှာပင် ဝိဒေဟရာဇ်မင်းကြီး
ဥယျာဉ်တောကစား ထွက်ပြန်သည်။ ဥယျာဉ်ပေါက်ဝရောက်တော့ အရိုအသေပြုနေကျ
ပုတ်သင်က ဆင်းမလာတော့ပဲ တံခါးမုခ်ပေါ်မှ ခေါင်းမော်ကာ မင်းကြီးကို စိမ်း
စိမ်းတည်တည် ကြည့်သည်။ မင်းကြီးအမေးတော်ရှိပြန်၍၊ မဟောသဓာက ပုတ်သင်၏ ဓနမာန်ဖြင့် မင်းကြီးကိုပင် ထီမထင်ပြုမူနေကြောင်းကို လျှောက်ထားရာ၊ မင်းကြီးအမျက်တော်ရှ ဒေါသထွက်ကာ ပေးနေကျအစာဖိုးမပေးတော့ရန် အမိန့် 
စိမ်းတည်တည် ကြည့်သည်။ မင်းကြီးအမေးတော်ရှိပြန်၍၊ မဟောသဓာက ပုတ်သင်၏ ဓနမာန်ဖြင့် မင်းကြီးကိုပင် ထီမထင်ပြုမူနေကြောင်းကို လျှောက်ထားရာ၊ မင်းကြီးအမျက်တော်ရှ ဒေါသထွက်ကာ ပေးနေကျအစာဖိုးမပေးတော့ရန် အမိန့် 
ချမှတ်သည်။
လူတိုင်း သတ္တဝါတိုင်းမှာ ဓနမာန် စသည် ရှိတတ်ကြောင်း၊
ပုတ်သင် အမိုက်အမဲကို ဗွေမယူဘဲ၊ သံဝေဂယူ သတိမူသင့်ကြောင်း
မဟောသဓာကဖျောင့် ဖျအသနားခံသဖြင့်သာ ပုတ်သင်မှာ ရနေကျအစာ ရမြဲရသွားသည်။
ပစ္စည်းဥစ္စာ တကယ်ပြည့်စုံ၍ ဓနမာန်စွဲကာ “မာန ငါ” ဖြင့် ဘဝင်မြင့်သည်မှာ
ပုထုဇဉ်သဘာဝ မြင့်သင့်၍မြင့်သည် ဟုခွင့်လွှတ်နိုင်စရာဖြစ်ပါသော်လည်း၊
ပစ္စည်းဥစ္စာ တပဲနှစ်ပြားမျှလောက်ဖြင့် ဝိဒေဟရာဇ်ပုတ်သင် ဖြစ်နေသူများကား
အများအမြင်တွင် နှာခေါင်းရှုံစရာပင် ဖြစ်ချေတော့သည်။
တချို့ က လုပ်နိုင်စွမ်းရှိ၍ တစုံတခု အောင်မြင်မှုရရှိသောအခါ “ငါကွ”ဟု လက်မထောင်ကြသည်။ မဆိုးလှပါ။ နံနက်အာရုဏ်တက်၍
နေထွက်လာသည်ကို “ငါ တွန်၍နေထွက်ရသည်”ဟု အခြောက်တိုက်
ဘဝင်မြင့်သော ကြက်ဖလို လူစားများလည်း လောကကြီးတွင် ဒုနဲ့ ဒေးပင်။
ဆားဖြူးရုံသာလုပ်၍ အခြောင်အသားယူတတ်သော လူများပင်တည်း။
တချို့ က ပညာနှင့်ပတ်သက်၍ ငါသိငါတတ် လုပ်တတ်ကြသည်။ ရှေးက
တိုင်းပြည်တပြည်တွင် ပညာရှိအမတ်ကြီးတွေနှင့် ညှိနှိုင်းတိုင်ပင်၍
အုပ်ချုပ်မင်းလုပ်သော ပညာရှိဘုရင်ကြီးတပါး ရှိသည်။
သူ
့မင်းနေပြည်တော်နှင့် ဆယ်ယူဇနာလောက်
ဝေးကွာသော ကျေးတောရွာတရွာအနီးတွင် ထူးဆန်းသော နတ်ရေကန်တကန်ရှိသည်။ ထိုရေကန်မှရေကို သုံးစွဲသောက်ချိုးလျှင်
ရောဂါများ ပျောက်ကင်း၍ ရုပ်ရည်နုပျိုလှပသည်။ရွာသူရွာသားများနှင့်ရပ်နီးရပ်ဝေးမှ ဝေဒနာရှင်များ၊ အကျည့်တန် အရုပ်ဆိုးသူများ
နေ့ စဉ်လာရောက်မစဲ ဖြစ်နေကြောင်း နေပြည်တော် ဘုရင်မင်းတြားကြီး၏ ရွှေနားတော်သို့ ပင် သတင်းရောက်သွားသည်။
မင်းတြားကြီး အမိန့် တော်မှတ်သည်။ “ငါ ဘုရင်မင်းမြတ်နှင့် မိဖုရားများ၊ သားတော်သမီးတော်များ သုံးစွဲရန် နေ့ စဉ် ထိုနတ်ရေကန်မှ
ရေစည်ပေါင်းတရာ ရွာသူရွာသားများကစီစဉ်၍ ရွှေနန်းတော်သို့ ပို
့စေ။” ရွာသူရွာသားများ နေ့ စဉ်ရေပို့ ရ၍ ပင်ပန်းကြ အလုပ်ပျက်ကြ
ဆင်းရဲကြရသည်ကို မခံနိုင်ကြတော့သဖြင့် ရွာသူကြီးက
ရွာလုံးကျွတ်အစည်းအဝေးခေါ်ကာ ညှိနှိုင်းဆွေးနွေးကြသည်။ ရွာသူရွာသာများ
တယောက်တမျိုး အကြံပေး ဆွေးနွေးကြသည်။ နောက်ဆုံး ရွာသူကြီးနှင့်တကွ
အားလုံးကတညီတညွှတ်တည်းအတည်
ပြု ဆုံးဖြတ်ချက်ချကြသည်။
“ဆယ်ယူဇနာခရီးတာမှ တယူဇနာသာ ပြောင်းလဲသတ်မှတ်ရန်
ဘုရင်မင်းတြားကြီးထံ အသနားခံ တင်ပြကြမည်။” ရွာသူရွာသားများ ကိုယ်စား
ရွာသူကြီးက အသနားခံ တင်ပြလာသောအခါ၊ ဘုရင်မင်းတြားကြီးက မင်းတိုင်ပင်
ပညာရှိအမတ်ကြီးများနှင့်တိုင်ပင်ကာ၊ အမိန့် 
တော်မြတ် ချမှတ်တော်မူလိုက်လေသတည်း။ “ငါ ဘုရင်မင်းမြတ် အမိန့် တော်မြတ် မှတ်လိုက်သည်၊ နတ်ရေကန်ရှိရာရွာနှင့် နေပြည်တော်
အဝေးအကွာ ခရီးတာသည် ဆယ်ယူဇနာမှ တယူဇနာဖြစ်စေ၊ အမိန့် တော်”
ပညာရှိအမတ်ကြီးများနှင့် တိုင်ပင်ညီညွှတ်ကာ
ထုတ်ပြန်လိုက်သော ပညာရှိဘုရင်မင်းတြားကြီး၏ အမိန့် တော်မြတ်အတိုင်း
“နေပြည်တော်သို့  ဆယ်ယူဇနာ” ဟူသောဆိုင်းဘုတ်ဟောင်းမှ
ပြောင်းလဲစိုက်ထူလိုက်သော “နေပြည်တော်သို့  တယူဇနာ” ဟူသော
ဆိုင်းဘုတ်သစ်အရ ရွာသူရွာသားများသည် ရွှေနန်းတော်သို့ ရေစည်ပို
့တာဝန်ကို နေ့ စဉ် ပျော်ရွှင်စွာပင် ထမ်းဆောင်ကြလေသ
တတ်။
(ဆက်လက် ဖေါ်ပြပါဦးမည်။)
ဦးနန္ဒသိရီ (စန်းဘုန်းဘုန်း) ကနေဒါ၊ ထိုင်ဝမ် ဆရာတော်