အခါခါလွဲမှားရင် ငရဲလားရမယ်
ကောင်းကင်ပေါ်က
ကြယ်တရာတွေလိုပဲ လူသားတွေရဲ့ လိုအပ်အင်ဆန္ဒတွေဆိုတာ အမြောက် အမြားကြီးပါ။
အဲဒါတွေကို တူရာစုကြည့် လိုက်ရင် ရှိဖို့နဲ့ သိဖို့ဆိုပြီး (၂)ခုပဲ ရပါတော့
တယ်။ အဲဒီ လိုအင်ဆန္ဒနှစ်ခုကို ပြည့်ဝအောင် ကြိုးစားနေကြသူတွေထဲမှာ
ရှိချင်သူနဲ့ သိချင်သူ ကို ယှဉ်ကြည့်လိုက်တဲ့အခါ သိချင်သူထက် ရှိချင်သူတွေက
ပိုများနေမှာပါ။ ဒါပေမယ့် "မရှိတာ ထက် မသိတာက ခက်တယ်" ဆိုတဲ့ စကားပုံအရ
ဆိုရင်တော့ အသိတရားရဲ့ တန်ဖိုးဟာ အရှိ တရားရဲ့ အဖိုးထက် သာလွန်နေတာ
အမှန်ပါပဲ။
လောကမှာ
တကယ်တော့ အသိတရားကြောင့် အရှိတရားတွေ အဖိုးတန်နေတာပါ။ အသိတရားနဲ့
ပြည့်စုံမှ ဘ၀နဲ့လောကို အရှိတရားတွေနဲ့ အလှဆင်နိုင်မှာပါ။ တစ်ခါတစ်ရံမှာ
အသိတရားမပါပဲနဲ့ အရှိတရားဟာ ဘ၀နဲ့လောကကို အရုပ်ဆိုး အကျည်းတတ်စေနိုင်ပါ သေး
တယ်။ ဘ၀မှာ မရှိမဖြစ်တဲ့အရာဟာ အသိတရားပါ။ အသိတရားကင်းမဲ့တဲ့ ဘ၀ဟာ မရှိရင်
ဆင်းရဲရသလို ရှိပြန်ရင်လည်း ဒုက္ခရောက်ရတာပါပဲ။ ဒါကြောင့် လူမှာ ရှိဖို့ထက်
သိဖို့က ပိုပြီး တော့အရေးကြီးပါတယ်။
စစ်မှန်တဲ့
အသိတရားဟာ အလိမ္မာဆီကို ရှေးရှုပါတယ်။ အလိမ္မာကတော့ ယဉ်ကျေးမှုမှာ
ဂိတ်ဆုံးပါတယ်။ ယဉ်ကျေးမှုဟာ ဘ၀ရဲ့ အဖိုးတတန် အမြင့်မြတ်ဆုံး
ရတနာတစ်ပွင့်ပါ။ ဒီရတာ တစ်ပွင့်သာ ပါရှိခဲ့ရင် လူ-လူ၊ တိရစ္ဆာန်-တိရစ္ဆာန်
အဖိုးတန်တော့တာပါပဲ။
"ယဉ်ကျေးမှု"လို့
ဆိုလိုက်ရင် များသောအားဖြင့် စာပေ၊ဂီတ စတဲ့ အနုပညာကိစ္စတွေနဲ့ တွဲပြီး
မြင်တတ်ကြပါတယ်။ အမှန်မှာတော့ ယဉ်ကျေးမှုရဲ့ နယ်ပယ်ဟာ အင်မတန် ကျယ်ပြန့်
လှပါတယ်။ လောကီကိစ္စတွေမှာသာမက လောကုတ္တရာကျင့်စဉ်တွေအထိ စိမ့်ဝင်ပတ်သက်
နေတာပါ။ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ ပြည့်ဝမှုတွေရဲ့ နောက်ဆုံးအတွက် အထိပ်ဟာ
ယဉ်ကျေးသိမ်မွေ့မှုပါ။
ယဉ်ကျေးသိမ်မွေ့မှုရဲ့
လှပတဲ့ အနက်အဓိပ္ပါယ်ဟာ ရိုင်းစိုင်း ကြမ်းတမ်းမှုတွေနဲ့၊ စက်ဆုပ်ရွံရှာ
မုန်းဖွယ်တွေနဲ့ ယှဉ်ကြည့်မှ ပိုပြီးပေါ်လွင်ပါတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့
နှလုံးသားက ကိုယ့်အတ္တကို ရှေ့တန်းမတင်ဘဲ သူတစ်ပါးတွေရဲ့အတ္တကို
ငဲ့ညှာနေရာပေး လေးစား နေချိန်မှာ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ နှလုံးသားကတော့
ကိုယ့်အတ္တကို ရှေ့တန်းတင်လွန်း တာကြောင့် သူတစ်ပါးတွေရဲ့အတ္တကို
ပေးစရာနေရာမရှိဖြစ်နေတတ်ပါတယ်။ တကယ်တော့ ယဉ်ကျေးသိမမွေ့မှုဆိုတာ အထက်တန်းကျ
မြင့်မြတ် သူတွေအကြားမှာ အချင်းချင်း စာနာ နားလည်မှု စာချွန်တော်တွေနဲ့
ရေးသား ဖွဲ့စည်းထား တဲ့ အခြေခံနှလုံးသားဥပဒေတွေပါ။
ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ သာသနာတော်မှာ----------
(၁) ကိုယ်အမူအရာ မွန်ရည်ခြင်း၊ ကာယကံယဉ်ကျေးမှု။
(၂) နှုတ်အမူအရာ သိမ်မွေ့ခြင်း၊ ၀စီကံယဉ်ကျေးမှု။
(၃) စိတ်အမူအရာ မြင့်မြတ်ခြင်း၊ မနောကံယဉ်ကျေးမှု။
လို့
အပိုင်း(၃)ခု ရှိပါတယ်။ အဲဒီအပိုင်း(၃)ခုဟာ (၃)ချောင်းထောက်
စားပွဲခုံတစ်ခုလို အချင်းချင်း ထောက်မှီ ရပ်နေရတာပါ။ ယဉ်ကျေးမြင့်မြတ်တဲံ
စိတ်နှလုံးဟာ ကိုယ်နဲ့နှုတ်ကို နူးညံ့သိမ်မွေ့ စေသလို နူးညံ့သိမ်မွေ့တဲ့
ကိုယ်နှုတ်ကလည်း မြင့်မြတ်ယဉ်ကျေးတဲ့ နှလုံးသားကို အထောက် အကူပြုပေးပါတယ်။
သုံးချောင်းထောက်စားပွဲဟာ
ခြေတစ်ချောင်း ကျိုးပျက်သွားရင် ပုံမှန်မရပ်တည် မပြည့်စုံနိုင် တော့သလိုပဲ
ကာယကံ၊ ၀စီကံ၊ မနောကံ ယဉ်ကျေးမှုအပိုင်း(၃)ခုမှာလည်း တစ်ခုခု
ကျိုးပျက်နေရင် အဲဒီယဉ်ကျေးမှုဘ၀ဟာ ပုံမှန်မရပ်တည်
မပြည့်စုံနိုင်တော့ပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင် တွေဟာ
သာသနာတော်ရဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ကိုယ်၊နှုတ်၊ နှလုံး
ဒီယဉ်ကျေးမှုသုံးမျိုါ်စလုံး ကို ပြည့်စုံအောင် ကြိုးစားဖြည့်ကျင့်ရမှာပါ။
ယခုအခါ
သာသနာတော်နဲ့ မရင်းနှီးကြတဲ့ တချိုံသူတွေဟာ ကာယကံယဉ်ကျေးမှုဆို အသာထားလို့
ဝစီကံယဉ်ကျေးမှုကိုမျှ ဌာန်ကရိုဏ်းကျ မှန်ကန်အောင် မပြောတတ်တာမို့
ရဟန်းသံဃာတော်များနဲ့ တွေ့ဆုံနှီးနှော စကားတောင်မပြောရဲကြဘူး။ ဒါတွေဟာ
မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေပါ။ ဗုဒ္ဓယဉ်ကျေးမှုဆိုတာ
ဗုဒ္ဓမြတ်စွာသာသနာတော်ရဲ့ မြင့်မြတ်တဲံ အသရေတော်တွေပါ။
ဒီအကြောင်းအရာနဲ့စပ်တဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို သတိရမိပါတယ်။ အဲဒီပုံပြင်ဟာ သင်္ဂဇာ ဆရာတော်ကြီး ပြောပြခဲ့တာပါ။
တစ်ခါတုန်းက
ရွာတစ်ရွာမှာ ဒကာတစ်ယောက်ဟာ မိုးလေ၀သ ညီညွတ်မျှတတဲ့ အလျှောက် လယ်ယာများ
အောင်မြင်တဲ့အတွက် ကျောင်းတစ်ဆောင် ဆောက်လုပ်လှုဒါန်း ပါတယ်။
ကျောင်းဘုန်းကြီး တစ်ပါးကိုလည်း စိတ်ကြိုက်ရွေးချယ်ပင့်ဆောင်ပြီး
ကိုးကွယ်ထားသတဲ့။
ကျောင်းဒကာနဲ့
ကျောင်းအမဟာ တစ်ဦးတည်းသော သမီးပျိုကို ဆရာတော်ဘုန်းကြီးထံ
လှူရန်ပစ္စည်းအမျိုးမျိုးနဲ့ နေ့စဉ်ဆွမ်းချိုင့် ပို့ပြီး
လှူဒါန်းဆက်ကပ်စေပါတယ်။ ကျောင်းဒကာရဲ့ သမီးကလည်း ကျောင်းရောက်တဲ့အခါ
တံမြက်လှည်း၊ ရေတော်ပန်းတော်ဆက်ကပ်၊ ဝေယျဝစ္စအ၀၀ကို သေသပ်ကျနစွာ
ပြုလုပ်ပြီးမှ ဘုန်းတော်ကြီးကို ရိုသေစွာဝတ်ချကာ အိမ်ကို ပြန်လာလေ့
ရှိပါတယ်။
ဒါပေမယ့်
ကျောင်းးဒကာရဲ့ သမီးဟာ ကျောင်းကိုသွားလို့ ပြန်တဲ့အခါတိုင်း ဘုန်းတော်ကြီး
ကို ၀တ်ချပြီး "အရှင်ဘုရား တပည့်တော်မ ကြွပါဦးမယ်ဘုရား"လို့
အမြဲလျှောက်ထား တတ်သတဲ့။
ဘုန်းတော်ကြီးကလည်း
"ဒီကလေးမ စကားပြော တယ်မချောဘဲကိုး၊ ဘယ်နှယ့် ဘုန်းကြီးကို သူက
ပြန်ပါဦးမယ်ဘုရားလို့ မပြောဘဲ ကြွပါဦးမယ်ချည်း ပြောနေရသလဲမသိဘူး။ ဒိကိစ္စ
ကျောင်း အမကြီး ကျောင်းကိုလာမှ ပြောရဦးမယ်"လို့တွေးပြီး
ကျောင်းအမကြီးကျောင်းကို အလာစောင့်နေတာပေါ့။
တစ်နေ့
ကျောင်းအမကြီး ဆွမ်းပို့လာတဲ့အခါ ဘုန်းတော်ကြီးက "ကျောင်းအမကြီး၊
သင့်သမီးဟာ နည်းမဟုတ် လမ်းမကျ၊ ပြန်မယ်လို့ ဦးချတဲ့အခါတိုင်း ဘုန်းကြီးကို
တပည့်တော် ကြွပါဦးမယ်လို့ ပြောတဲ့စကား အလွန်ပဲမှားတာပေါ့။
ဘုရားယဉ်ကျေးမှုနဲ့ လားလားမှမလျော် ဒကာမကြီးဆုံးမမှ တော်ရော့မယ်"လို့
ဆီးကြိုပြောပါတယ်။
အဲဒီအခါ
ကျောင်းအမကြီးက "အရှင်ဘုရား၊ ဟုတ်ရဲ့လားဘုရား၊ ရိုင်းလိုက်လေဘုရား။
ဒီသမီးဟာ သူအမိန့်ရှိလိုက်ရင် ဒီလိုပဲဘုရား"လို့ ဘုန်းတော်ကြီးကို
လျောက်ထားပါသတဲ့။ အဲဒီအခါ ဘုန်း တော်ကြိးက "အင်း" သမီးမှားလို့
အမေဖြစ်သူကို ပြောခါမှ သားပြီးမှားတော့ တာပဲ။ အင်း။ တတ်နိုင်ပါဘူး။
ကျောင်းဒကာလာမှပဲ သူတို့သားအမ ဖြစ်ပျက်ပုံကို အကြောင်းစုံ
ပြောပြရမှာပဲ"လို့ စိတ်ကူးပြီး ကျောင်းဒကာ ကျောင်းအလာကို မျှော်နေမိသတဲ့။
ကျောင်းဒကာလည်း
စီးပွားရေးရာ လယ်ယာကိစ္စနဲ့ အလုပ်များနေတာမို့ ကျောင်းကို ရောက်မလာနိုင်ဘဲ
ဖြစ်နေတာပေါ့။ ဘုန်းကြီးကလည်း " ဒီကျောင်းဒကာလဲ ကျောင်းကိုလာနိုင်ခဲသားပဲ"
လို့ မျှော်နေတုန်း တစ်နေ့တော့ ကျောင်းဒကာဟာ ပျာယီပျာယာ ကျောင်းကို
ရောက်လာသတဲ့။
အဲဒီအခါ
ဘုန်းတော်ကြီးက "ကျောင်းဒကာကြီး၊ ကျောင်းဒကာရဲ့ သမီးဟာ စိတ်ကြီးဝင်နေသ
လားမှ မသိဘူး၊ ကျောင်းကပြန်တော့မယ် စိတ်ကူးလို့ ဘုန်းကြီးကိုဦးချရင် တပည့်
တော်မ ကြွပါဦးမယ် လို့ချည်း အမြဲမှားပြီးလျှောက်ထားနေတာပဲ။ အင်း- သူက
ငယ်ရွယ်သူမို့ မှားတာကို ဘုန်းကြီး သည်းခံပါတယ်။ ဒါပေမယ့် ကျောင်းအမကြီး
ကျောင်းကိုလာတော့ ကျောင်းအမကြီးသမီး စကား မှားကြောင်း ပြောမိတဲ့အခါ "ဒီ
သမီး အမိန့်ရှိလိုက်ရင် ဒီလိုချည်းပဲ လို့ ကျောင်းအမကြီးကပါ ထပ်ပြီး
မှားပြန်တယ် ကျောင်းဒကာကြီးရဲ့" ကျောင်းဒကာ-ကျောင်းအမ တွေဖြစ်ပြီး
ဘုန်းကြီးနဲ့ စကားမပြော တတ်တာကတော့ မတော်ပါဘူး။ အဲဒါ ကျောင်းဒကာ သိအောင်
ဘုန်းကြီးက ပြောပြပေးတာပါ"လို့ ညည်းညည်းညူညူ ပြောပြလိုက်သတဲ့။
အဲဒီအခါ
ကျောင်းဒကာကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ "အရှင်ဘုရား သမီးမှားရာမှာ မိခင်ပါ
ရောမှားလို့ သဘောထား ဒီလောက်ရိုင်းတာတွေ သူတို့ကို ဒီကျောင်းထဲမှာ
တစ်ခါလာပြီး ခြေတော်ရာ မချပါစေနဲ့ ဘုရား"လို့ ဘုန်းတော်ကြီးကို
လျှောက်ထားလိုက်သတဲ့။
ကျောင်းဒကာရဲ့စကားကို
ကြားလိုက်ရတဲ့ ဘုန်းတော်ကြိးဟာ အင်းဘယ်လိုမျှ မတတ်နိုင် တော့ဘူး။
ကျောင်းဒကာမိသားစုတွေမှာ ဒီလိုသာ အထပ်ထပ်လွဲမှားနေကြရင် ငရဲလားဖို့ပဲရှိ
တော့တယ်"လို့ ညည်းမိသတဲံ။
ဒီပုံပြင်ကလေးကို
ရယ်စရာအဖြစ် ပြောပြတာမဟုတ်ပါ။ ပုံပြင်ထဲက ကျောင်းဒကာမိသားစု လိုပဲ၊
မြန်မာပြည်မှာလည်း စစ်ပြီးခေတ်နှောင်းပိုင်း ဗုဒ္ဓဘာသာဝင်တွေဟာ
ဘုန်းတော်ကြီးသင် ပညာရေးနဲ့ ဝေးခေဲ့ရတာမို့ ဗုဒ္ဓယဉ်ကျေးမှု
ကွင်းဆက်ပြတ်ခဲ့ပြီး ဘာသာသွေး၊ သာနာသွေးအေးခဲ ကာ နေခဲ့ရပါတယ်။
ဗုဒ္ဓဘာသာဝင်
လူငယ်လူရွယ်တွေဟာ အနာဂတ်သာသနာတော်ရဲ့ အခြေခံအုတ်မြစ် ဖြစ်တာကြောင့်
ဗုဒ္ဓယဉ်ကျေးမှုအငွေ့၊ အလေ့၊ အတွေ့ဓာတ်ပါတဲ့ မျိုးဆက်သစ်ကောင်း ကလေး
တွေဖြစ်လာဖို့ အလွန်အရေးကြီးပါတယ်။
မိခင်က
နို့ချိုတိုက်ကျွေးရမယ့်အချိန်မှာ နို့ချိုလုံလောက်စွာ မရလို့
"နို့မျက်သား" အာဟာရ တိုက်ကျွေးရမယ့်အချိန်မှာ အာဟာရချို့ မဖွဲ့ဖြိုးဘူး၊
ဗိုက်ပူနံကားလေး ဖြစ်နေတတ်တယ်။ ခန္ဓာကိုယ် ကြီးထွား ကျိုင်းဖို့၊
အရပ်အမောင်းတက် ကိုယ်လုံးထွက်ဖို့ မထိရောက်နိုင်တော့ပါ။
အဲဒီဥပမာလိုပဲ၊
လူငယ်လူရွယ်တွေကို ငယ်စဉ်ကပဲ ဗုဒ္ဓယဉ်ကျေးမှုဆိုတဲ့ နို့ချိုတွေ၊
အာဟာရတွေကို ထိုက်တန်သလောက် တိုက်ကျွေးပေးရပါမယ်။ အသက်အရွယ်ကြီး
ချိန်ရောက်မှ တိုက်ကျွေး ရင် ငယ်ရွယ်စဉ်က တိုက်ကျွေးသလောက်
ခရီးမရောက်ဖြစ်တ်ပါတယ်။ နောက်ပြီး နို့မျက်သား ဗိုက်ပူနံကား၊
ဘာသာရေးလူပုလူပိန်ကလေးတွေကို သန်မာထွား ကျိုင်းတဲ့သူတွေက အနိုင်ကျင့်ရင်
ပြန်မတွန်းလှန်နိုင်ဘဲ ငုံခံနေရသလို ဗုဒ္ဓယဉ်ကျေးမှုနို့မျက်သား
ဗိုက်ပူနံကား၊ ဘာသာရေးလူပုလူပိန် ကလေးတွေကိုလည်း ဘာသာခြားတွေက စည်းရုံး
သိမ်းသွင်းဆွဲဆောင်ရင် ပြန်ပြီးမတွန်းလှန်နိုင်ဘဲ ကောက်ကောက်ပါအောင်
လိုက်ပါသွားရတတ် ပါတယ်။
ဗုဒ္ဓယဉ်ကျေးမှုတွေကို
လုံလုံလောက်လောက် မရခဲ့ရင် လူငယ်လူရွယ်တွေဟာ စိတ်ဓာတ်သွေး အားနည်းရောဂါ၊
ကျင့်ဝတ်သွက်ချာပါဒရောဂါနဲ့ ဘာသာရေးကျိုးကန်းမှုတွေကိုပါ
ရင်ဆိုင်တွေ့ကြုံနိုင်တာမို့ ငယ်စဉ်ကပဲ ဗုဒ္ဓယဉ်ကျေးမှုတွေကို စာတွေ့ လက်တွေ့
နှံ့စပ်အောင်လေ့လာပြီး တစ်ဘ၀စာ ဘာသာရေးသက်လုံကောင်းအောင် ကြိုးစားအားထုတ်
သင့်ကြပါတယ်။
တော်ဝင်နွယ်