( အခြေခံပညာ အတန်းတင် စာမေးပွဲတွင် ဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများကို တွေ့ရစဉ်)
ပီတိစားသူများ ရွှဲရွှဲစိုစို ပန်းချီကား
"ဆရာ" ဟူသည် သင်ကြားပေးသူ သွန်သင်ဆုံးမ နည်းလမ်းပြသူဟု မြန်မာအဘိဓာန်၌
ဖွင့်ဆိုထားပါသည်။ "တပည့်" ၏ အနက်အဓိပ္ပာယ်ကိုတော့ ဆရာထံမှ ပညာသင်ယူသူ အဆုံးအမ
ခံယူသူဟု ဖွင့်ဆိုပါသည်။ ဆရာနှင့် တပည့်တို့၏ အနေအထားမှာ "ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ"
သဘောရှိပြီး ဆရာရှိသဖြင့် တပည့်ရှိရ သကဲ့သို့၊ တပည့်ရှိခြင်းကြောင့်သာ ဆရာရှိရခြင်းလည်း
မည်ပါသည်။ လောက၌ ဆရာမရှိဘဲ တတ်သည့်ပညာ မရှိပါ။ သို့ကြောင့်ပင် ဆရာမပြ ငါးပိဖုတ်သော်မှ
နည်းမကျဟူသော ဆိုရိုးစကား တစ်လောကတစ်လွှား ရေပန်းစားနေခြင်း ဖြစ်ပါသည်။ ဆရာမရှိဘဲ တတ်သောပညာဟူသည်
နည်းလမ်းတကျ စည်းကမ်းတကျဖြစ်ဖို့ ဝေးလှမ်းနေမည်သာ ဖြစ်ပါသည်။
"လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ" ဟူသည့် စကားအသုံးမှာလည်း
ငယ်စဉ်ဘ၀ ကျောင်းဟူသော ပညာဆည်းပူးရာ ကျောင်းတော်သာ၏ အရိပ်ဆာယာအောက်သို့ ၀င်ရောက်မခိုလှုံ
ရသေးမီ ကာလအစတွင် ကျွန်တော်တို့၏ နည်းပေး လမ်းညွှန်ပြုသူများမှာ အမိနှင့် အဖဟူသည့် လက်ဦးဆရာ
သခင်များသာ ဖြစ်ပါသည်။ မိမိ၏ ရင်သွေးငယ်များသို့ မစားသင့်သည် အစာ၊ မသွားသင့်သည် လမ်းခရီး
အချိန်ကာလမှသည် သင်းပင်းဖော် ဖွဲ့အပ်သည် မိတ်ဆွေ သူငယ်ချင်း၊ ဝေးစွာ ရှောင်ရှားသင့်သည့်
အပေါင်းအဖော် စသဖြင့် စေ့စပ်သေချာစွာ လေ့လာအကဲခတ်၍ ဆောင်ရန်ရှောင်ရန်တို့ကို အချိန်နှင့်အမျှ
သွန်သင်ညွှန်ပြ ပေးနေသည်မှာ လက်ဦးဆရာ အမိအဖတို့၏ ပုံရပ်များသာပင်။
"အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့၊
ကျင့်ဖို့ဝတ်ငါးဖြာ" ဆရာတစ်ဦး ထားရှိလိုက်နာအပ်သည့် တာဝန်ဝတ္တရားတို့ကို ဖော်ပြထားခဲ့ပါသည်။
အနက်ဖွင့်ဆိုဖို့ မလိုလောက်အောင် ရှင်းလင်းလှသည့် ဆရာဖွဲ့ စာကောင်းပေမွန် စာတစ်ပုဒ်
ဖြစ်ပါသည်။
ပညာရေး မြှင့်တင်မှု အစီအစဉ်၌ ဆရာတစ်ယောက်၏ အခန်းကဏ္ဍ မည်မျှအရေးပါကြောင်းကိုလည်း
ပညာရေး ၀န်ကြီးတစ်ဦးက ဤသို့ဖွင့်ဟ ခဲ့ဖူးပါသည် "ကျောင်းတစ်ကျောင်း ထက်မြက်လာဖို့
အဓိက အကျဆုံး ပုဂ္ဂိုလ်ကို ရှာသည့်အခါ ဆရာပဲဖြစ်ကြောင်း" ဖော်ပြလျက် ဆရာတစ်ယောက်၏
အရေးပါပုံကို မီးမောင်းထိုးပြ ခဲ့ပါသည်။ ဆရာကောင်း တစ်ယောက်၏ ဂုဏ်အင်္ဂါမည်သို့ ရှိသင့်ကြောင်းကို
အင်္ဂုတ္တရနိကာယ်၊ သတ္တကနိ ပါတ်၊ ဒေ၀တာတိ၌ အတိအကျ ဖော်ပြထားခဲ့ပေသည်။
အကျင့်သီလနှင့် ပြည့်စုံပြီး မြတ်နိုဖွယ် ရှိရမည်။ သမာဓိနှင့် ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာ
ဖြစ်ရမည်။ ပညာနှင့် ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာ ဖြစ်ရမည်။ တပည့်များ အပေါ်တွင် မသင့်မလျော်
ပြောဆိုပြုမှုသည်ကို တွေ့မြင်လျှင် လျစ်လျူမရှု ကြောင့်ကြပြုပြီး ပြောဆိုဆုံးမ နိုင်ရမည်။
သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုမှု ဟူသမျှကိုလည်း သည်းခံနိုင်ရမည်။ နက်နဲသော တရားစကားကို
ပြောကြားနိုင်ရမည်။ တပည့်များအား မသင့်မလျော် မလျောက်ပတ်သော အရာတို့တွင် ခိုင်းစေမှု
မပြုရ။ ထိုဆရာကောင်းကို မှီဝဲမှသာ ပညာတိုးပွားနိုင်မည် ဖြစ်သည်။
အကြောင်းတိုက်ဆိုင် လာသဖြင့် ဤနေရာတွင် ကျောင်းအုပ်ဆရာကြီး တစ်ဦးနှင့် တပည့်တစ်ယောက်တို့၏
ဇာတ်ကြောင်းလေးကို ဖောက်သည်ချလိုက် ချင်ပါသည်။
ကျောင်းသားကလေးမှာ "မောင်ညို" ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး၏ အမည်မှာ
ဦးမာ။ မောင်ညိုက ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာပြီး အတန်းတွင်းရှိ သူငယ်ချင်းများ၏
ပစ္စည်းကလေးများကို မကြာခဏ ဆိုသလို ခိုးဝှက်ယူငင်တတ်သူ ဖြစ်ပါသည်။ သူငယ်ချင်းများ မုန့်ဈေးတန်းဘက်ထွက်၍
မုန့်စားချိန် မောင်ညိုက အပြင်မထွက်ဘဲ ပစ္စည်းများကို ခိုးဝှက်ယူခြင်း ဖြစ်ပါသည်
။
ပညာဖြင့် တိုးတက်မှု အသီးအပွင့်တို့ကို
ချွတ်လှမ်းချိန်ခါ ဖြစ်ပေရာ ဆရာသခင်တို့၏ အခန်းကဏ္ဍမှာ အရေးပါလှသည့် အနေအထား၌ ရှိပေသည်။
ဆရာတို့၏ ဘ၀များ သာယာချမ်းမြေ့ရာ၊ ချမ်းမြေ့ကြောင်းကိုလည်း ဦးစားပေးနေရာ၌ ထည့်သွင်းစဉ်းစား
ကြရမည် ဖြစ်ပါသည်။ ဆရာ့ဘ၀ ချမ်းမြေ့ပါမှ တပည့်အပေါင်းတို့၏ အိပ်မက်များလည်း ပွင့်ဖူးတို့ဖြင့်
အလွန်မွှေးမြနိုင်မည် ဖြစ်ပါသည် . . . . .
|
ထိုအဖြစ်မျိုး နှစ်ခါသုံးခါ ကြုံလာရတော့ သူငယ်ချင်းများက မောင်ညိုအပေါ်တွင် အမြင်လွဲလာသည်။
ပစ္စည်းပျောက်ချိန်တိုင်း အတန်းထဲ၌ မောင်ညိုတစ်ဦးတည်းသာ ကျန်ရစ်နေတတ် သဖြင့်လည်း မောင်ညိုကို
မယုံကြည်နိုင်ကြခြင်း ဖြစ်သည်။ သည်လိုနှင့် တစ်နေ့တွင် သူငယ်ချင်းက လက်ပတ်နာရီကိုချွတ်ပြီး
ခုံအတွင်း ထည့်ထားကာ အတန်းပြင်ပသို့ ထွက်သွားခဲ့သည်။ ပြန်ဝင်လာတော့ ခုံအတွင်း ထားခဲ့သည့်
နာရီရှာမတွေ့တော့။ ပစ္စည်းပျောက် ရှာကြရာ မောင်ညို၏ အနီးအပါး အတန်း၏ ထောင့်ချိုးတွင်
နာရီကို တွေ့သည်။ မောင်ညို၏ အနီး၌ တွေ့ရသဖြင့် မောင်ညိုခိုးသည်ဟု စွပ်စွဲကြသည်။ ဆရာကြီး၏
ရုံးခန်းသို့ရောက် မောင်ညိုလည်း မျက်စိမျက်နှာ ပျက်နေခဲ့ပြီ။
အတွေ့အကြုံများသူ ဆရာကြီးကတော့ မောင်ညိုမျက်နှာကို မြင်လိုက်ရသည်နှင့် သည်နာရီကို
မောင်ညိုခိုးခဲ့ကြောင်း သိနှင့်ပြီး ဖြစ်ပါသည်။ သို့သော် ဆရာကြီး၏ နှုတ်မှ "တပည့်တို့
ထင်ကြသလို ဒီနာရီကို မောင်ညိုခိုးတာ မဟုတ်ပါဘူး"၊ "ဆရာကြီး သူ့အနားက နာရီကို
တွေ့နေပြီပဲ။ သန်းမြင့်ကလည်း မြင်တယ်ဆိုတော့ ဒါ့ထက်သေချာ ရဦးမှာလား" "မောင်ညို
မခိုးဘူးဆိုတာ ဘယ်လိုကြောင့် ပြောနိုင်ပါသလဲ ဆရာကြီး" ဆရာကြီး ဦးမာက မောင်သန်းထွတ်ကို
စူးစူးစိုက်စိုက်ကြည့်လျက် လေးလေးနက်နက် ပြောလိုက်သည်မှာ "မောင်ညိုရဲ့ မျက်လုံးတွေကို
ကြည့်တာနဲ့ မောင်ညိုမခိုးဘူးဆိုတာ ဆရာကြီး ပြောနိုင်ပါတယ်။
ဒီတော့ ဆရာကြီး ပြောတာကို တပည့်တို့ ကျေနပ်ကြပါ" အတန်းပိုင် ဆရာမနှင့် သူ၏တပည့်များ
အတန်းရှိရာသို့ ပြန်သွားကြပြီးသောအခါ ဆရာကြီးထံပါး၌ မောင်ညို ကျန်ရစ်ခဲ့သည်။ မောင်ညိုတစ်ယောက်
ဆရာကြီး၏ စကားများကြောင့် အံ့သြတုန်လှုပ်သွား ခဲ့ရသည်။ သူ၏ နှလုံးသားကို ကျဉ်စက်နှင့်
အတို့ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဆရာကြီးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ဆရာကြီး၏
ခြေထောက်အစုံကို ဖက်၍ငိုချ လိုက်လေသည်။ ငိုရင်း မျက်ရည်တွေ ကြားထဲမှာ အသံ ဗလုံးဗထွေးဖြင့်
"ကျွန်တော်... ကျွန်တော် ခိုးမိပါတယ် ဆရာကြီး။ ကျွန်တော် ခိုးတယ်ဆိုတာ ဆရာကြီးကို
ညာလို့မရပါဘူး။ ဆရာကြီး ကျွန်တော်ကို ဘာလို့ အပြစ်မပေးတာလဲ။ ကျွန်တော် ခံပါ့မယ်။ ကျွန်တော်နောက်ကို
ဘယ်တော့မှ မခိုးတော့ပါဘူး" (ဦးသံဗျင်နှင့် ဦးအေးစိုး...စာရိတ္တနှင့် စည်းကမ်းမှ...)
တပည့်တစ်ဦး ကောင်းစားရေးအတွက် ဆရာတစ်ယောက်က ကိုယ်တိုင်ဝင်ရောက် ခံစားပေးလိုက်ပုံမှာ
ထွက်ပေါက်ပေးလိုက်ပုံမှာ လေးစားမြတ်နိုးဖွယ် အလှပန်းတစ်ပွင့် မည်ပါပေသည်။ ဆရာဆိုသည်
ဤသို့သော လူစားမျိုးသာ ဖြစ်ပါသည်။ ဇာတ်လမ်းဆုံးသောအခါ မောင်ညိုမှာ သူခိုးသူဝှက်များကို
ဖမ်းဆီးဖော်ထုတ်လျက် လူ့ဘောင်သာယာရေး ကြိုးပမ်းဆောင်ရွက်သူ ရဲဝန်ထမ်း အရာရှိတစ်ဦး
ဖြစ်ခဲ့ပါသည်။
ဆရာတို့၏ နှလုံးသား အလှကလေး စားဦးညွတ်ဖွယ် ကောင်းပါဘိ။ ဆရာသခင်တို့၏ ဘ၀များက
တစ်ပြားမရှိ၊ တပည့်မရှား လှသော်လည်း ပီတိခွန်အားကို သုံးစားလျက် ရှိသူများဟု ဆိုပါသည်။
ထိုသို့သော ဆရာသခင်တို့၏ ဘ၀ကို ကဗျာဆရာ တိုးကိုကိုဝင်းက ဤသို့ဖွဲ့ဆို ဂုဏ်ပြုပါသည်။
ပန်းအသွယ်သွယ်
မှန်းရွယ်ကာ ပြုပြင်ထူးပါလို့
နုယဉ်ဖူး အလှအဖုံဖုံနဲ့
ဥယျာဉ်မှူးဘ၀ပုံသို့
ဓနစုံလင် မရှိငြားသော်လည်း
ဆရာ့ဂုဏ်အင် အပြည့်သားပါကွဲ့
ပွားမေတ္တာ အစဉ်သာမခန်းလေဘု
ထားအနစ်နာ အကြင်နာစမ်းကိုဖြင့်
(ဆရာရယ်...)
မှန်းဆကန်တော့ ....။
မှန်းရွယ်ကာ ပြုပြင်ထူးပါလို့
နုယဉ်ဖူး အလှအဖုံဖုံနဲ့
ဥယျာဉ်မှူးဘ၀ပုံသို့
ဓနစုံလင် မရှိငြားသော်လည်း
ဆရာ့ဂုဏ်အင် အပြည့်သားပါကွဲ့
ပွားမေတ္တာ အစဉ်သာမခန်းလေဘု
ထားအနစ်နာ အကြင်နာစမ်းကိုဖြင့်
(ဆရာရယ်...)
မှန်းဆကန်တော့ ....။
၂၁ ရာစုခေတ်ကာလမှာ ပညာခေတ်ဟု ဆိုစမှတ်ပြုကြသော အခါသမယ ဖြစ်ပါသည်။ ပညာဖြင့် တိုးတက်မှု
အသီးအပွင့်တို့ကို ချွတ်လှမ်းချိန်ခါ ဖြစ်ပေရာ ဆရာသခင်တို့၏ အခန်းကဏ္ဍမှာ အရေးပါလှသည့်
အနေအထား၌ ရှိပေသည်။ ဆရာတို့၏ ဘ၀များ သာယာချမ်းမြေ့ရာ၊ ချမ်းမြေ့ကြောင်းကိုလည်း ဦးစားပေးနေရာ၌
ထည့်သွင်းစဉ်းစား ကြရမည် ဖြစ်ပါသည်။ ဆရာ့ဘ၀ ချမ်းမြေ့ပါမှ တပည့်အပေါင်းတို့၏ အိပ်မက်များလည်း
ပွင့်ဖူးတို့ဖြင့် အလွန်မွှေးမြနိုင်မည် ဖြစ်ပါသည်။ ထိုမှ တစ်ဆင့်တက်၍ တပည့်အပေါင်းတို့၏
ဘ၀များ စိမ်းလန်းပါမှ "ရေလည်းမြင့်မြင့် ကြာလည်းတင့်တင့်" ဆိုသည့် စကားနှယ်၊
ကျွန်ုပ်တို့အားလုံး ခိုမှီရှင်သန်ရာ အနာဂတ် နိုင်ငံတော်၏ ပုံရိပ်များလည်း အရောင်အသွေး
စိုလွင်သည့် ပန်းချီကားချပ်နှယ် ပန်းဈေးခင်း အလယ်၌ ရနံ့ကြွယ်မြူး ၀င့်နေမည်သာ....။
ရွှေဒါးမောင်လေးရည်
By http://www.first-11.com