နိဗ္ဗာန်အကြောင်း အကြမ်းဖျဉ်း သုံးသပ်ချက်
နိဗ္ဗာန်ဆုကို တောင်းကြပါတယ် နိဗ္ဗာန်ရောက်အောင် အားထုတ်ကြပါတယ် တစ်ခုသိချင်တာက
ရုပ်ရောနာမ်ပါ ချုပ်ငြိမ်းသွားတယ်ဆိုရင် နိဗ္ဗာန်ကို ရောက်သွားတာက ဘာပါလဲ။
နိဗာန် ကို ရောက်ချင်ရင် တဏှာ မရှိ ရဘူးပြောပါ တယ်တဲ့  ။ဘာကို မှ လိုချင်တပ်မက်စိတ်
မရှိတော့  တာ မျိုး ပေါ့  ။ ဒါဆို နိဗာန်ရောက်ဖို့ ကြိုး စားရမယ် ။။
ကျန်တဲ့ လိုချင်တာ ဘာမှ မရှိ တော့ ပေမယ့် ဘာလို့  နိဗာန်ကို ရောက်ချင် စိတ်က ရှိသေးတာ လဲ။ နိဗာန်ကို ရောက်အောင်လုပ်တယ်ဆို တာ လိုချင်တဲ့ တဏှာ ရှိလို့ မဟုတ်လို့  လား ။
ကျန်တဲ့ လိုချင်တာ ဘာမှ မရှိ တော့ ပေမယ့် ဘာလို့  နိဗာန်ကို ရောက်ချင် စိတ်က ရှိသေးတာ လဲ။ နိဗာန်ကို ရောက်အောင်လုပ်တယ်ဆို တာ လိုချင်တဲ့ တဏှာ ရှိလို့ မဟုတ်လို့  လား ။
စသည်စသည်ဖြင့် မေးလာသောမေးခွန်းများကို သိသလောက် နားလည်းထားသလောက် သုံးသပ်တင်ပြရလျှင်
-
နိဗ္ဗာန်ဆိုတာ ရောက်အောင်လုပ်ရတဲ့တရားမဟုတ်ဘူး ဘာဖြစ်လို့လည်းဆိုတော့ နိဗ္ဗာန်ဘုံဆိုပြီးသတ်မှတ်လို့ရတဲ့
ဘုံဌာနမျိုးမဟုတ်လို့ပါပဲ၊ သူ့အလိုအလျောက်ရှိနေတတ်တဲ့ သဘောတရားသာဖြစ်တယ်၊ ဘယ်လိုလည်းဆိုရင်
ပါမ္ခောချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ မိန့်ထားတာလေးနဲ့ ဥပမာ ပေး သုံးသပ်ကြည့်ရအောင်
-
" နိဗ္ဗာန်ဆိုတာ အကြမ်းဖျဉ်း ပြောရရင် အတွယ်အတာ ငြိမ်းသွားတာကို ပြောတာ။
ဥပမာ - မီးရှိရင် မီးငြိမ်းတာလည်း မရှိဘူးလား။ မီးရှိရင် ပူမယ်၊ လောင်မယ်၊ အခိုးထွက်မယ်။
ဒါမီးရဲ့ သဘာဝပဲ။ ကယ် ငြိမ်းသွားရင် ဒါတွေရှိဦးမှာလား။ အပူလည်းမရှိဘူး၊ လောင်တာလည်းမရှိဘူး၊
အခိုးလည်းမထွက်ဘူး။ မီးငြိမ်းသွားတာကို ကိုယ်တိုင်မသိနိုင်ဘူးလား။ အေး နိဗ္ဗာန်ဆိုတာလည်း
ဒါမျိုးပါပဲ။ "
( ဒေါက်တာနန္ဒမာလာဘိဝံသ )
( ဒေါက်တာနန္ဒမာလာဘိဝံသ )
မီးရှိရင် ပူမယ်၊ လောင်မယ်၊ အခိုးထွက်မယ်။ ဒါမီးရဲ့ သဘာဝပဲ။ ဒီလိုပါပဲ လာဘစတဲ့ကိလေသာတို့ဟာ
ရှိရင် ပူမယ် လောင်မယ်ပေါ့ ဒီပူမူလောင်မူတို့ဟာ အဆက်မပြတ် ဖြစ်ပျက်နေတယ် ဒါပေမဲ့ အဲ့ဖြစ်ပျက်တွေက
အသေးစိတ်လွန်းတော့ သာမှန်ဉာဏ်နဲ့ မမြင်နိုင်ပါဘူး ဒီလို မမြင်နိုင် မသိမူကြောင့် လောဘ
တဏှာတွေကို တွယ်တာတတ်တဲ့ အကြောင်းတရားတွေကို ဆက်လျက်ဖြစ်ပေါ်စေတယ် ဖြစ်ပေါ်သည့်အလျောက်
အကျိုးတရားတွေကလည်း ဆက်နေပါတယ်။
ဒီလို လောင်စာနှင့် တူသော အကြောင်းတရားတွေက ရှိနေသေးရင် လောင်ခြင်းဆိုတဲ့ အကျိုးတရားတွေကရှိနေဦးမှာပဲ၊
ဒီတော့ ဝိပဿနာ ဉာဏ်နဲ့ ထိုးထွင်းပြီး ကောင်းကောင်းသိမြင်လိုက်ပြီးနောက် ဒီအကြောင်းတရားတွေကို
ရပ်တန့်နိုင်သွားတော့ အကျိုးတရားဆိုတဲ့ လောင်ခြင်းဆိုတာမရှိတော့တာပါ။
လောင်ခြင်းမရှိတော့တဲ့ အငြိမ်းဓာတ်လေးဟာ လောင်ပြီး ငြိမ်သွားမှ ရောက်ရတဲ့
တရားမဟုတ်သလို ငြိမ်သွားပြီးမှ ရောက်နိုင်တဲ့ တရားလည်းမဟုတ်ပါ။ သူ့အလို အလျောက်ရှိတာကို
ဉာဏ်နဲ့ ထိုးထွင်းသိလိုက်လို့ မြင်လိုက်လို့ နောက်ထက် အကြောင်းတရား မဆက်မိတော့ပဲ ပကတိ
ငြိမ်းချမ်းသွားတာမျိုးပါ။ အဲ့ဒီ ငြိမ်းချမ်းခြင်းဟာ တစ်ခုခုကြောင့် ဖြစ်ပေါ်လာရတာမဟုတ်တဲ့
အတွက် ပျက်ခြင်းသဘောလည်းမရှိပါ၊ ဒါကြောင့်လည်း ထာဝရ ငြိမ်းချမ်းခြင်းလို့ ခေါ်တာပါ။
ဖြစ်ပျက်တတ်တဲ့ သဘောရဲ့ ဆန့်ကျင်ဘက် မဖြစ်မပျက်တတ်တဲ့ သဘောအလျောက် ဆက်ရန်မရှိတော့ပါ။
အဲ့တော့ နိဗာန်ဆိုတာ ရောက်အောင်လုပ်တဲ့ တရားမဟုတ်တဲ့ အတွက် လိုချင်တဲ့ တဏှာဆိုတာမရှိပဲ
အမှန်ကို အမှန်အတိုင်းမြင်ပြီး ပကတိ အငြိမ်းဓာတ်ကို ဦးတည် မြတ်မှောက် ပြုတဲ့ တရား။
လောင်ကျွမ်းမူကို ဖြစ်စေတတ်တဲ့ အကြောင်းတရား လောဘစတဲ့ ကိလေသာကို ဖြတ်တောက်တဲ့
တရားဖြစ်တယ်။ ဒီလို လောဘ တဏှာ စတဲ့ကိလေသာတွေကို မလိုချင်တာကို လိုချင်မူ တဏှာလို့ ခေါ်လို့ရမလား
- မရပါဘူး။ အမှန်ကို အမှန်အတိုင်း မြင်လိုသိလိုတဲ့ ဆန္ဒတာလျှင်ဖြစ်ပါတယ်။
နိဗ္ဗာန်ကို ရောက်ဖို့ဆိုတဲ့ စကားဟာ ပညတ်မျှသာ ဖြစ်ကြောင်းနှင့် မိုးကုတ်ဆရာတော်ကြီးမိန့်သလို အခေါ်ရှိကို
ကျော်လွန်ပြီး အမှန်ရှိကို မြင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်။
ဒါကတော့ ကျွန်တော် နားလည်းထားသလို အပေါ်ရံ အကြမ်းဖျဉ်း တင်ပြလိုက်တာပါ။
အသေးစိတ်ကိုတော့ တော်တော်လေ့လာရဦးမှာပါ။ တကယ် သိဖို့ နားလည်ဖို့ မြင်နိုင်ဖို့ ဆိုတာလည်း
လွယ်တဲ့ အရာမဟုတ်တဲ့ အတွက် လေ့လာလိုက်စား ပွါးများရဦးမှာပါ။ သူတစ်ပါးကို ရှင်းပြဖို့
အထူးသဖြင့် ဘာသာခြားကို ရှင်းပြဖို့ ပိုခတ်ပါတယ်။
မြတ်ဗုဒ္ဓ ပေးတဲ့ ဥပမာ လေးလိုပါပဲ -
တောင်ပေါ်ကို ရောက်အောင်ကြိုးစားတက်ပြီးမှ မြင်နိုင်တဲ့ ရှူ့ခင်းနှင့် အရသာကို တောင်အောက်ကလူက
ဘယ်လိုနဲ့မှ သိနိုင် ခံစားနိုင်လို့ မရပါဘူး၊ လက်ခံခဲ့ရင်လည်း ပြောတဲ့ လူကို ယုံကြည်လို့
မဟုတ်ရင်လည်း မငြင်းချင်လို့ပဲ။ ကိုယ်ကိုယ်တိုင်း အပေါ်ရောက်မှ သိမြင်နိုင်မဲ့ တရားမို့
ကျင့်ကြံ ပွါးများအားထုတ်ဖို့လိုပါတယ်။
( D-eXistence - 30.7.2013 )