*ပါဠိတော်ကို နားမလည်သော်လည်း*
ကျန်ခဲ့သည့်တစ်လကျော်ခန့်ကကျွန်ုပ်ထံသို့မိတ်ဆွေတစ်ဦးရောက်လာပါသည်။သူက "ဓမ္မကထိကဆရာတော်တစ်ပါးကသူတရားဟောတဲ့အခါပါဠိမပါလို့အချို့ကေပြာကြတယ်။ပါဠိကိုရွတ်ပြေတာ့လဲလူတွေ ကနားလည်မှာလား၊လူတွေမှ နားမလည်ဘဲနဲ့ ပါဠိ ကိုရွတ်ပြ အလကားပေါ့ " ဟောခဲ့ပါကြောင်း ကျွန်ုပ်ကိုပြောပါသည်။
အန ဂ္ဃရတနာ
ပါဠိတော်ရွတ်ပြသည်မှာအလကားမဟုတ်ပါ။တချို့ဓမ္မကထိ ကများဆိုလျှင် တရားဟောသည့်အခါ အင်္ဂလိပ်စကားများ ကိုပရင်ွတ်ပြပါ သည်။တရားနာပရိတ်သတ်ထဲ အင်္ဂလိပ်စာနားမလည်သောလူများစွာ ပါဝင်နေသည်သာဖြစ်ပါသည်။
ပါဠိကိုလူအများနားမလည်သည်မှာမှန်ပါသည်။သို့သော်လည်း ရှေးရှေးပညာရှိဆရာတော်များ၊ပညာရှင် သူတော်ကောင်းများက"အဟံ ဘေန္တ တိသရေဏ န သဟ ပဉ္စသီလံ" စသည်ဖြင့် ငါးပါးသီလ အစရှီသော သီလေတာင်းပုံကို ပါဠိဘာသာဖြင့်စီစဉ်ထားတော်မူကြပါသည်။လူအများစုအ နေဖြင့်လိုက်ဆိုနေရပါသော်လည်း မြန်မာလို တိတိကျကျနားမလည်ပါ။ပါဠိ သဖင်ူးသူတစ်ချို့သာ နားလည်ပါသည်။
မြန်မာနိုငင်ံမှဗုဒ္ဓဘာသာဝမင်ျားသည် ထေရ၀ါဒဗုဒ္ဓဘာသာဝ မင်ျားဖြစ်ကြသည်။ထေရ၀ါဒသည်ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောတော်မူထားသောတရားတော်များကိုမေပျာက်ပျက်အောင်ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ကြ သည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောသောတရားတော်များကို ဟောနေခြင်း ဖြစ်သည့်အတွက်ကြောင့်ပါဠိကို မြတ်မြတ်နိုးနိုးတန်ဖိုးထားပါသည်။ "အပညတ္တံ န ပညေပယျ၊ပညတ္တံ န သမုစ္ဆိန္ဒေယျ= တစ်လုံးမစွက်နဲ့ ၊တစ်လုံး မဖျက်နဲ့" မူ ကိုအတိအကျ လိုက်နာကြပါသည်။
ဗုဒ္ဓဘုရားရှင်ဟောတော်မူထားသောတရားတော်များမှာစွ က်စရာလည်းမလိုပါ။ထည့်စရာလည်းမလိုပါ။ဖြည့်စရာလည်းမလိုပါ။ ထို့အတူနှုတ်စရာလည်းမလို၊ထုတ်စရာလည်းမလို၊ ပယ်စရာလည်းမလို၊ဖျက်စရာလည်းမလိုပါ။
မန္တလေးမြို့၊မဟာမုနိဂေါပကအဖွဲ့နှင့်ဓမ္မဝေယျာဝစ္စတို့၏တရားပွဲဖိတ်ကြားစာတွင် "မဟာမုနိဂေါပကအဖွဲ့နှင့်ဓမ္မဝေယျဝစ္စအဖွဲ့တို့က ၃၄ကြိမ်မြောက် ၀ါတွင်းသီတင်းစဉ် နေ့ဓမ္မသဘင် ကို မဟာမုနိရင်ပြင်တော် ဓမ္မာရုံ ၌ နေ့၂း၀၀နာရီ မှ ညေန ၄း၀၀ အထိ ပါဠိတော်ဟောစဉ်များ ဟောကြားပါမည်" ဟုဖော်ပြေလ့ရှိပါသည်။
ဤနေရာ၌အဓိကတင်ပြလိုရင်းမှာမန္တလေးမြို့၊မဟာမုနိေ ဂါပကအဖွဲ့နှင့်ဓမ္မဝေယျာဝစ္စတို့ကပါဠိတော်ဟောစဉ်များကိုဦးစားပေး ကာ ဟောတော်မူစေချင်ကြသည်။ဗုဒ္ဓ၀စန ဖြစ်သောပါဠိ၊အဋ္ဌကထာ၊ ဋီကာ၊တို့ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြပါသည်။အထူးလေးစားကြ ပါသည်။
ပါဠိတော်ဟောစဉ်များကိုဟောကြားတော်မူစေရန်၊နာယြူ ကေစရန်ပါဠိတော်ဟောစဉ်တရားပွဲများကိုကျင်းပလာသည်မှာ ၃၄-နှ်ရစှိခဲ့ပါပြီ။နောတင်ွလင်ည်းဆက်ကာဆက်ကာ ကျင်းပပြုလုပ်မည်သာဖြစ်ပါသည်။
ပဋိသမ္ဘိဒါဉာဏ် ရေစရန်
ပဋိသမ္ဘိဒါ (၄)ပါး ရှိပါသည်။ယင်းတို့မှာ-
၁။ အတ္တ ပဋိသမ္ဘိဒါ= အနက်အကျိုးအမျိုးမျိုး ကို ခွဲခြား၍ သိသောဉာဏ် ၂။ ဓမ္မ ပဋိသမ္ဘိဒါ= ပါဠိအေကြာင်း အမျိုးမျိုး ကို ခွဲခြား၍ သိသောဉာဏ် ၃။ နိရုတ္တိ ပဋိသမ္ဘိဒါ= သဒ္ဒါ ကို ခွဲခြား၍ သိသောဉာဏ် ၄။ ပဋိဘာန ပဋိသမ္ဘိဒါ= ပဋိဘာန် ကို ခွဲခြား၍ သိသောဉာဏ် တို့ဖြစ်ပါသည်။
ပါဠိတော် ဖြင့်ဟောလျှင် ပါဠိမတတ်သူများ နားမလည်ကြသည်မှာ မှန်ပါသည်။သို့သော် ပါဠိတော်ဖြင့်ဟောသံကိုနာရလျှင်၊ ပါဠိတော်ရွတ်သံကိုကြားရဖန်များလျှင် ပဋိသမ္ဘိဒါ ဉာဏ် လေးပါးတို့ကို ရရှိရန်အားကြီးသော အေကြာင်းအေထာက်အပံ့ဖြစ်နိုပင်ါသည်။ ယင်းအချက်ကို သမ္မာဒိဋ္ဌိ-အမြမငှ််ရနှိသူ မည်သူမဆို လက်ခံကြမည် ဖြစ်ပါသည်။
မြန်မာနိုငင်ံတွင် အချို့သော ဗုဒ္ဓဘာသာဝမင်ျား ဘုရားဝတ်တက်၊ ပရိရတွတ် ကြရာ ၌ (ရှသင်ာမေဏငယ်များ အပါအ၀င်) ပရိရတွတ်နေသ်ာလည်း ပရိတ်၏ဆိုလိုရင်း အဓိပ္ပါယ်ကို နားမလည်နိုင်သေးပါ။
ဤသို့နားမလည်ဘဲပရိရတွတ်နေကြေသ်ာလည်းပရိရတွတ် ကြသူများအတွက်အကျိုးမမဲ့ပါ။အကျိုးများပါ၏။ များပြားလှစွာသောအကျိုးထူးများကို ရရှိစေပါသည်။
ဗုဒ္ဓဂယာသို့ဘုရားဖူးသွားခဲ့သူများကိုယ်တွေ့သိမြင်နိုင်ကြပါလိမ့်မည်။ သီရိလင်္ကာဘုရားဖူးများ၊ထိုင်းဘုရားဖူးများ၊ထိုင်ဝမ်ဘုရားဖူးများ ပါဠိလို ရွတ်ဖတ်နေသာအသံကိုကြားကြရပါသည်။ ဓမ္မစကြာရွတ်ဖတ်သံ၊ အနတ္တလက္ခဏ သ်ုရတွတ်ဖတ်သံ၊ဘုရားဂုဏ်တော်များကိုရွတ်ဖတ်သံ၊"ဗုဒ္ဓံသရဏံဂစ္ဆာမိ " စေသာ သရဏဂုံသုံးပါးကို ရွတ်ဆိုသံများကို ကြားရသည်။
၎င်းတို့ရွတ်ဖတ်နေသာတရားတော်များ၏ပါဠိအသံကိုပီပီသ သနားမလည်သော်လည်းရွတ်ဆိုသံကိုသေဘာကျနှစ်သက်ကြပါ သည်။ ပါဠိကျွမ်းကျင်သောပညာရှဆင်ရာတော်များကမျိုးဆက်သ စ်တပည့်ရဟန်းများကိုယခုကဲ့သို့မိန့်ကြားတော်မူဖူးပါသည်။
"ဦးပဉ္စင်း တို့ စာကိုကြည့်ပေးရတယ်။ပါဠိတော်နဲ့အဋ္ဌကထာ၊ ဋီကာတွေကို ကြည့်ပေးရတယ်။တချို့နေရာတွေမှာ နားမလည်တာတွေပါတတ်ပါတယ်။နားမလည်ပေးမယ့်ထပ်ထပ်ကြ ည့်ပါ။ထပ်ထပ်ကြည့်တော့ခြုံငုံသုံးသပ်မိသွားပါတယ်။ ဆက်စပ်ကြည့်လိုက်တော့ တစ်လုံးချင်းနားမလည်ပေမယ့် မြန်မာလိုသေဘာအဓိပ္ပါယ်ကို နားလည်သွားပါတယ်။ သေဘာပေါက်သွားပါတယ်"ဟု မိန့်တော်မူပါသည်။
ပါဠိ၊အဋ္ဌကထာ၊ဋီကာများကိုအထပ်ထပ်ကြည့်ရေသာအခါ၊အမြဲမပြတ်ကြည့်ရေသာအခါ မြန်မာလိုသေဘာအဓိပ္ပါယ်ကိုနားလည် သွားသကဲ့သို့ ပါဠိလို ဟောသံ၊ပါဠိလို ရွတ်သံ၊ပါဠိလိုဖတ်သံများကို ကြားရဖန်များသောအခါ ပါဠိတွေနှင့်ရင်းနှီးသွားပါမည်။ အကျွမ်းဝသင်ွားပါမည်။တစ်စတစ်စဖြင့်သေဘာအဓိပ္ပါယ် ကိုနားလည်သွားပါမည်။ထို့ကြောင့် တရားဟောသောအခါ ပါဠိတော်ထည့်၍ဟောကြပါသည်။ပါဠိတော်ကိုရွတ်ကြပါသည်။
ရှေးကစစ်ကိုင်းတောရငိုးဝိဇ္ဇောဒယဆရာတော်၊အနီးစခန်းဆရာတော်၊ မင်းကွန်းဆရာတော်၊သီတဂူ ဆရာတော်နှင့်ယခုဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသတို့သည်တရားဟောသောအခါပါဠိတော်ကိုရွတ်ဆိုကာ ဟောတော်မူပါသည်။
ထိုအခါတရားနာပရိတ်သတ်တို့မှာဓမ္မရသ ဖြစ်ကြပါသည်။နာယူ၍မ၀ ဖြစ်ကြရပါသည်။နှစ်သ်ရကွှလင်န်း ၀မ်းမြောက်ဝမ်းသာ နာယူကြပါသည်။
ဖားနတ်သားအေကြာင်း
တစ်နေ့သောအခါဗုဒ္ဓမြတ်စွာဘုရားသည်ဂဂ္ဂရာရေကန်၏အနီးမှာစမ္ပာမြို့သူမြို့သားတို့အားတရားဟောတော်မူနေပါသည်။ ရေကန်၏ကမ်းနားမှာရှိသောဖားကေလးတစ်ကောသင်ည်ဗုဒ္ဓမြတ်စွာဘုရားဟောတော်မူသော တရားတော်၏အသံ၌အာရုံပြုနေသည်။အမှတ်နိမိတ်ကို ယူနေသည်။
ရေကန်နားမှာနွားကျောင်းသားတစ်ယောက်ကနွားကျောင်းနေသည်။ နွားကျောင်းသားကတုတ်ကို(နှတင်ံတံဖျာကို)ေမြေပ်ါမှာထောက်ကာ ရပ်နေသည်။တုတ် က ဖား၏ခေါင်းပေါ်ထောက်မိနေပါသည်။
ဖားကေလးသည်ဗုဒ္ဓ မြတ်စွာဘုရား၏တရားသံကို အာရုံပြုနေသည်။ "ဤတရားကား ကုသိုလ်တရား၊ဤတရားကား အကုသိုလ်တရား"ဟုမသိ ပါ။"ဤတရားကား ခန္ဓာငါးပါးတရား၊ဤတရားကား သစ္စာလေးပါးတရား"ဟု မသိပါ။နားမလည်ပါ။
ဖားကေလးသည်တရားသံကိုအာရုံပြုနေစဉ်မှာပင် နွားကျောင်းသား၏ တံဖျာလက်ချက်ကြောင့်သေသွားပါတော့သည်။ထို့နောက်တာဝတိံသာနတ်ပ်ြရညှိတစ်ဆယ့်နှစ်ယူဇနာရှိသော ရွှေဗိမာန်မှာ ဖ်ြရစသည်။ဖားနတ်သား သည် နတ်ပြည်တွင် နတ်သမီးအေပါင်းအလည်၌ကိုယ့်ကိုယ် ကိုတွေ့ရေသာအခါ အံ့သြသွားသည်။
"အချင်းတို့၊ငါလိုသတ္တ၀ါသော်မှပင်ဤနတ်ပြည်မှာဖြစ်ေရသး၏။ အဘယ်သို့သောကောင်းမှုကုသိုလ်ပြုခဲ့ပါသလဲ"ဟုပြောဆိုကာ သူပြုခဲ့သော ကောင်းမှုကုသိုလ်ကို စူးစမ်းဆင်ခြမငိသည်။
အခြားအခြားသော ကုသိုလ်ကောင်းမှုများကိုမမြမငိပါ။ဗုဒ္ဓမြတ်စွာဘု ရားရှင်၏တရားသံ ၌အာရုံနိမိတ်ယူခဲ့သော ကုသိုလ်ကိုစိတ်ဝ ယ်ထထင်င်မြမငိပါတော့သည်။
ထိုခဏမှာပဖင်ားနတ်သားသည်ဗုဒ္ဓမြတ်စွာဘုရား၏ေခြေတ်ာအစုံဆီသို့လာရောက်ကာဦးခေါင်းဖြင့်တိုက်ကာတိုက်ကာရှိခိုးဦး ချသည်။ဗုဒ္ဓမြတ်စွာဘုရားရှင် က မေးတော်မူသောအခါ ဖြစ်ခဲ့ပုံအေကြာင်းစုံကိုလျှောက်ထားသည်။
ဗုဒ္ဓမြတ်စွာဘုရားရှကင် ဖားနတ်သားအား တရားဟောတော်မူသည်။ တရားဒေသနာတော်၏အဆုံးမှာ ဖားနတ်သားသည် သောတပန်ဖြစ်သွားပါသည်။
လင်းနို့သား ငါးရာ
အရှသင်ာရိပုတ္တရာသည် ဗုဒ္ဓမြတ်စွာဘုရားအကျဉ်းအားဖြင့် ဟောပြေတ်ာမူသော အဘိဓမ္မာတရားကို မိမိ၏အတူနေတပည့် ငါးရာတို့အားပြန်လည်ကာ ဟောပြေတ်ာမူသည်။၎င်းရဟန်းငါးရာတို့ ၏ရှေးဘ၀ ကပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကို တင်ပြပါဦးမည်။
ထိုရဟန်းငါးရာတို့သည်ကဿပဘုရားရှလင်က်ထက်တော်ကလင်းနို့ငယ်ဘ၀ဖြစ်ခဲ့ကြသည်။လင်းနို့ငယ် တို့သည် တောကြီးမြက်မည်းတောင်ဝှမ်းထဲမှ လိုဏ်ဂူများတွင် တွဲရရွဲဆွဲ(တွဲလဲဆွဲ) ကာနေကြသည်။ ထိုတောတောင်ဝှမ်းလိုဏ်ဂူထဲတွင် အဘိဓမ္မာကိုဆောင်သော ရဟန်းနှစ်ပါးတို့ သည်လည်း နေထိုင် သီတင်းသုံး ကြသည်။
ရဟန်းတော်နှစ်ပါးတို့သည်"ကုသလာဓမ္မာ၊အကုသလာဓမ္မာ" စေသာ တရားတော်၊"ဟေတုပစ္စယော၊အာရမ္မဏ ပစ္စယော"အစရှိသော အဘိဓမ္မာတရားတော်၊ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်နေ ကြပါသည်။
လင်းနို့သားငါးရာတို့သည်ထိုအဘိဓမ္မာတရားတော်သံတို့၌တရားဆိုသောအမှတ်ယူနေကြသည်။အာရုံပြုနေကြသည်။နားစိုက်စိုက်ထောင်နေကြသည်။
လင်းနို့သားငါးရာတို့သည်"ဤတရားကားကုသိုလ်တရား၊ဤ တရားကားအကုသိုလ်တရား"ဟုမသိပါ။"ဤတရားကားခန္ဓာငါးပါးတရား၊ဤတရားကား သစ္စာလေးပါးတရား"ဟု မသိပါ။နားမလည်ပါ ။ သို့သော်လည်း"ဒါ တရားသံ"ဟူ၍ကား သိကြပါသည်။
လင်းနို့သားငါးရာတို့သည် အဘိဓမ္မာတရားသံ ၌တရားဆိုသော အာရုံနိမိတ် အမှတ်နိမိတ်ကိုယူသော ကုသိုလ်ကောင်းမှုကံကြောင့် သေပြီး နောက် နတ်ပြည်ရောက်ကြရပါသည်။ ထိုကုသိုလ် ကောင်းမှုကံကြောင့် ကဿပမြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလ၌ နတ်ပြည်မှာပင် ထပ်ကာထပ်ကာ ဖြစ်နေကြရပါသည်။
ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်၏လက်ထက်တော် ၌ လူ့ပြည်တွင် လူဖြစ်ကြရပါသည်။ ထိုသူတို့သည် ကဏ္ဍဥယာဉ်မှူး စိုက်ပျိုးသော သရက် ပအင်နီး ၌ ဗုဒ္ဓမြတ်စွာဘုရားပြေတ်ာမူသော ရေမီးအစုံ တန်ခိုးပြာဋိဟာ ကိုကြည်ညိုပြီး အရှသင်ာရိပုတ္တရာ၏အထံတော်တွင် ရဟန်းပြုကြ၏။ ထိုရဟန်းငါးရာတို့ သည် အရှသင်ာရိပုတ္တရာမေထရ်မြတ်ကြီးထပ်ဆင့်ဟောပြေတ်ာမူသော အဘိဓမ္မာတရားကို နာယူကြ၏။သင်ယူကြ ၏။
သို့ဖြစ်ပါ၍ ပါဠိတော်ကို လူတွေနားမလည်သော်လည်း နာယူရုံမျှဖြင် ပင် အတိုင်းအဆမရှိများလှစွာသော ကောင်းကျိုးအမျိုးမျိုးတို့ကိုရ ရှိစေပါ သည်။ထို့ကြောင့် တရားဟော၊တရားစာရေး၊တရားစာဖတ်ကြသ ည့်အခါ ပါဠိတော်များကို အေလးအနက်ထားစေလိုပါကြောင်းတင်ပြ အပ်ပါ သည်။
(ဆရာတော် အရှင်ဣဒ္ဓိကာဘိဝံသ(မ န္တလေး ပေဇ္ဇာတာရုံ) ၏ တရားတော်တစ်ပုဒ်ကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်ြး ဖစ်ပါသည်)