သံဃာကို ကြည်ညိုတတ်ပါစေ
ဒီပို့စ်ကဗုဒ္ဓဘာသာဝင်တွေ အတွက်ပါမက တခြားဘာသာဝင်တွေ အတွက်ပါ များစွာ အထောက်ကူ ပြုပါလိမ့်မည်။ သံဃာကို ကြည်ညိုတတ်စေလိုပါသည်၊ သံဃာဆိုတဲ့အဓိပ္ပါယ်ကိုလည်း နားလည်စေလိုသည်။ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်” ဆိုတာလို တစ်ပါးတစ်လေ မလျှော်မကန်တာလေးကို မြင်ပြီး တစ်သာသနာလုံး၊ တစ်သံဃာလုံးကို အထင်သေး အမြင်သေးပြီး အကုသိုလ် မဖြစ်စေလိုပါ။ သံဃာကို စော်ကားမိရင်အပြစ် အလွန်ကြီးမားသလို သံဃာကို အကျိုးကျေးဇူးပြုရင်လဲ အလွန်အကျိုးများသည်။ တချို့အွန်လိုင်းအပေါ်မှာ ကလေးမလေးတွေ စာရေးသူကို မေးလေ့ရှိတယ်၊ ဘယ် ဦးဇင်းကတော့ ဘယ်လို၊ ဘယ်ဘုန်းကြီးကတော့ ဘယ်ညာ၊ ဘယ်သူကတော့ ရဟန်းဖြစ်ပြီး ဘယ်လိုနေတာ၊ စသည်ဖြင့် အမြင်မကြည်တဲ့သဘောနဲ့ပြောပြ
တချို့ကျပြန်တော့ အရှင်ဘုရား--ဘယ်နားက ဘုန်းကြီးကဘယ်လိုနေတာဘုရား သင့်တော်ပါသလားဘုရားပေါ့၊ ဒီလိုနေတာ၊ ဒီလိုလုပ်တာ မသင့်တော်ပါဘူးဘုရားပေါ့၊ တစ်ချို့ဗုဒ္ဓဘာသာ စာပေနဲ့ အထိအတွေ့နှင့်လဲ နဲသည်၊ တရားတွေလဲ နာလေ့သိပ်မရှိတဲ့ ဘာသာရေးအထိအတွေ့အရမ်းနုနယ်ေ
*စုန်းပြူးလေးတွေ*
“ဆွမ်းဆန်ထဲကြွက်ချေးရော” “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်”ဆိုတဲ့ စကားပုံများလို အဖွဲ့အစည်းတစ်ခုမှာ စုန်းပြူးလေးတွေ၊ ကြွက်ချေးလေးတွေ ပါတတ်သည်။ လူ ငါးယောက်သာ ရှိတဲ့ မိသားစုတစ်စုထဲသည်ပင် စုန်းပြူးလေးတွေ ပါတတ်သည်။ ရဟန်းတော်များသည်လည်း သာမန်ပုထုဇဉ်တွေများသာ ဖြစ်သည်၊ ထိုရဟန်းတော် ထောင်နဲ့ ချီ ရှိတဲ့ ကျောင်းတိုက်တစ်တိုက်မှာ စုန်းပြူးတွေ၊ ကြွက်ချေးတွေ ပါနိုင်သည်ကား အဆန်းမဟုတ်တော့ပေ။ ဒါကို နားလည်ထားဖို့လိုသည်၊ ထိလွယ် ရှလွယ်ဖြစ်တတ်သော ဘာသာရေးနုနယ်သူများအတွက် ရဟန်းတော် တစ်ပါးပါး အမြင်မတော်သည်ကို တွေ့လျှင် ယောနိသော မနသိကာ (သင့်သောနှလုံး)ထားတတ်ဖို့လ
ယနေ့ခေတ်မှာ ခေတ်ရဟန်းတော်များသည် ခေတ်လူငယ်များနဲ့ ရင်ဘောင်တန်းကာ ခေတ်မှီသော စက်မှုကိရိယာများကို အမှီလိုက်ကာ အသုံးပြုနေကြသည်၊ တယ်လီဖုန်း၊ ကွန်ပြူတာ၊ အိုင်ပက်၊ အိုင်ဖုန်း၊ အင်တာနက် စသည်အားဖြင့် အသုံးပြုနေကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုပစ္စည်းများသည် ရဟန်းတော်များသာ မဟုတ် လူဝတ်ကြောင် လူငယ်တွေပါ သုံးတတ်လျှင် အကျိုးများမည်၊ မသုံးတတ်လျှင်တော့ အန္တရာယ်များမည်၊ ၂၀၀၉ ခုနှစ်က ကလေးမလေးတစ်ယောက်က ရဟန်းတော်များ အင်တာနက် သုံးကောင်းပါသလားဆိုတဲ့ မေးခွန်းအပေါ် “ရဟန်းတော်နှင့် အင်တာနက်”ဆိုတဲ့ ပို့စ်တစ်ခုရေးသားခဲ့ဖူးသည်
မြန်မာနိုင်ငံမှာ အင်တာနက်တွေ စပြီး အသုံးများလာတော့ အင်တာနက်ဆိုင်တွေမှာ ရဟန်းတွေ တွေ့မြင်နေရတာကို တအံ့တသြဖြစ်သူတွေရှိသလို၊ ရဟန်းတွေ အင်တာနက် သုံးကောင်းပါသလားဆိုတဲ့ သံသယရှိသူတွေ ရှိကြသည်၊ ဒါ့အပြင်အမြင်မတော်ဘူးလို့ ထင်သူတွေလဲ ရှိမည်။ ကလေးမလေးတစ်ယောက်က သူမ၏ ဖေ့ဘုတ်မှာ ရေးထားသည့်စာတစ်ပုဒ်“ဟူးးးး
ဘုန်းကြီးကျောင်းနားမှာရှိေ
ခေတ်ကာလအရပေါ်လာသည့်အလျှောက်
ဗုဒ္ဓဘာသာဘုန်းကြီးများသည် သင်္ဃန်းရုံထားသော ဘီလူးများဖြစ်ကြောင်း စွယ်စုံရ အနုပညာရှင် ကိုသူရ (ခေါ်) ကိုဇာဂနာ နှင့် ABSDF မှ ကိုထိန်လင်းတို့ ဦးဆောင်ကာ သရုပ်ပြပွဲတစ်ခု ပြုလုပ်စဉ်က ဓာတ်ပုံများ
သံဃာဆိုတာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် တို့ ဦးဆောင်ခဲ့သော သံဃာ့အဖွဲ့အစည်း၊ မြတ်စွာဘုရားမရှိသည့်နောက်ပ
သံဃာဆိုတာ ကောင်းကင်ကြီးနဲ့တူသည်၊ ကောင်းကင်ကြီးကို လက်နဲ့ ဝှေ့ယမ်းကြည့်သောအခါ ဘာကိုမှ မထိမခိုက်၊ မတိုက်မိဘဲ လှုပ်ခါ ယမ်းနိုင်သည်။ သံဃာသည်လည်း ပုဂ္ဂိုလ် မရှိသဖြင့် အလွန်ကြီးကျယ် ကျယ်ပြန့်သည်ဖြစ်ရာကား မထိခိုက်နိုင်။ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်ချင်းကို မြင်ကြည့်လျှင်၊ မုန်းစရာ ဖြစ်လျှင်ဖြစ်မည်၊ ချစ်စရာ ဖြစ်လျှင် ဖြစ်မည်။ မုန်းစရာ ဖြစ်သောအခါ ဒေါသ ၀င်လာမည်၊ ချစ်စရာ ကြိုက်စရာဟုမြင်လာလျှင် သံယောဇဉ်၊ တွယ်တာမှုတွေ ပုဂ္ဂိုလ်စွဲတွေ ၀င်လာမည်။ ပုဂ္ဂိုလ်ကို ခင်မင်ပြီးငါ့ဘုန်းကြီး၊ သူ့ဘုန်းကြီးဟု ဖြစ်တတ်သည်၊ ထိုအစွဲကနေ ကုလမစ္ဆရိယစိတ်တွေ၊ ဣဿာစိတ်တွေ ဆက်တိုက် ၀င်လာဦးမည်။
သံဃာနှင့်ပတ်သက်ပြီး အကုသိုလ်ဖြစ်လျှင်တောင် ကြီးလေးသောအပြစ် (ဂရုကံ) ဖြစ်သည်၊ ဥပမာ သံဃာ အသင်းခွဲတဲ့ အလုပ်မျိုး လုပ်မည့်ရင် အဖေကိုသတ်၊ အမေကိုသတ်ခြင်းနှင့် အလားတူ အပြစ်မျိုးဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ ပတ်သက်ပြီး ဖြစ်သောအပြစ်မျိုးကား အပြစ်ကြီး မဆိုလှ၊ ကုသိုလ်ကောင်းမှုပိုင်းဆိုင်
*ပင်လယ်ကြီးနဲ့တူသော သံဃာ*
သံဃာသည် ပင်လယ်ကြီးနဲ့လည် တူသည်ဟု ဆိုထားသေးသည်၊ သံဃာကိုရည်မှန်းပြီး အလှူဒါနပြုလျှင် ပင်လယ်ကြီးလောက် အကျိုးရသည်။ ပင်လယ်ကြီးထဲက ရေတွေကိုရေပုံးတွေနဲ့ တစ်ပုံး နှစ်ပုံးစသည်ဖြင့် ခပ်ပြီး ရေတွက်လို့ မရသလို၊ သံဃိကဒါနသည်လည်း အရေအတွက်ရော အရည်အချင်းပါ နှိုင်းယှဉ်လို့ မရအောင် ကြီးမားလှသည်။ စာရေးသူ တောင်မြို့မဟာဂန္ဓာရုံမှာ နေစဉ်က ကျောင်းတိုက်မှာ သံဃာ ၁၃၀၀ ကျော် ဆွမ်းလာ လောင်းလှူသော အလှူရှင်များကို ဆွမ်းမလောင်းမီမှာ ဆရာတော်ကြီးများ နေ့စဉ် မိန့်သည့် စကားတစ်ခွန်းရှိသည်၊ “သံဃဿ ဒေမ နိဗ္ဗာနဿ ပစ္စယော ဟောတု” ပင်ဖြစ်သည်။ စိတ်ထဲကနေ ဆို၍ ဆွမ်းလောင်းခိုင်းသည်။ ကျမ်းအပြုအကျော်ဆရာတော်ကြီး
စာရေးသူတို့ကျောင်းမှာ မနက်တိုင်း သြ၀ါဒ (နံနက်ခင်းသြ၀ါဒ)ဆိုတာ ရှိသည်၊ ထိုသြ၀ါဒတွင် ကျောင်းတိုက်အတွင်းရှိ သံဃာများသာမက ကျောင်းတိုက်အနီးအနားရှိ ရပ်ကွက်ထဲက ဒကာ ဒကာမတွေပါ လာနာယူကြသည်။ ထိုအထဲတွင် ကျောင်းဒကာကြီး ဦးမြညွှန့်လဲပါသည်၊ သံဃာ အားလုံးက သူ့ကို သိကြသည်။ ထိုကျောင်းဒကာသည် ဆရာတော်ကြီး လက်ထက်ကထဲက မနက်ခင်းတိုင်းသြ၀ါဒ လာနာလေ့ရှိသည်၊ သြ၀ါဒအပြီး သံဃာ ၁၃၀၀ လောက် နေ့စဉ် ဆွမ်းခံကြွရာ သူ့အိမ်က ကျောင်းအပေါက်မှာဖြစ်သဖြင့်
ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်ကို မကြည့်၊ သံဃာကိုပဲ ကြည့်တတ်သူဟုဆိုရမည်။ ကျောင်းအနီးအနားမှာ ဆိုတော့ ကျောင်းတိုက်ထဲက ကိုရင်တွေ ဦးဇင်းငယ်တွေ အိမ်ရှေ့ကနေဖြတ်သွား ဖြတ်လာ သွားတတ်ကြသည်၊ သင်္ကန်းမရုံ၊ လူငယ်သဘာဝ လွတ်လွတ်လပ်လပ် သွားတတ်ကြသည်၊ တချို့ဆို အိမ်ရှေ့ကနေ သီချင်းတောင် အော်ဆိုသွားသေးသည်၊ အကြည်ညိုမပျက် ကျောင်းတိုက်ကတစ်တိုက်လုံး သံချောင်းခေါက်ပြီး သံဃာစစ်တိုင်း မြို့ထဲ ရပ်ထဲ အသီးအသီး ရောက်နေကြသောကိုရင်တွေ ဦးဇင်းတွေ တ၀ုန်းဝုန်းနဲ့ အိမ်ရှေ့ကနေ ဖြတ်ပြီး ပြေးတတ်ကြသည်၊ ထိုအခါ အကြည်အညိုမပျက်တဲ့အပြင် အိမ်ရှေ့ထွက်ပြီး လက်အုပ်ကလေးချီကာ အရှင်ဘုရားများ မှီအောင် ပြေးတော်မူကြပါဘုရားဟုလျှော
စာရေးသူလဲထိုဖြစ်စဉ်ကို ကြည့်ပြီး ဘုရားလက်ထက်က ကျောင်းဒကာ ဦးအနာထပိဏ်တို့ ကျောင်းအမ ဒေါ်ဝိသာခါတို့ကို သတိရမိလိုက်သည်။ ထိုကျောင်းဒကာ ကျောင်းအမများသည်၊ သောတာပန်များ ဖြစ်ကြသည်၊ ရဟန်းသံဃာများကို ကြည်ညိုတတ်သလို ပုဂ္ဂိလ်တစ်ပါးချင်းအားဖြင့်
ပင်လယ်နဲ့တူတဲ့ သံဃာသည် အလွန်သန့်ရှင်းသည်၊ ဖြူစင်သည်။ အညစ်အကြေးမရှိ၊ အပုပ်အနံ့ မရှိ၊ ပင်လယ်ထဲတွင် အပုပ်အကောင်များ ကျရောက်သော် ပင်လယ်၏ လှိုင်းများ ရိုက်ခက်ပြီး ကမ်းပေါ်ရောက်အောင် ပို့လေ့ရှိသည်။ ပင်ထဲတွင် ဘာအပုပ်အကောင်မှ မထား၊ ဒါသည်ပင် ပင်လယ်ကြီး၏ အံဖွယ်ရှစ်ဖြာထဲက တစ်ခု အပါဝင်ဖြစ်သည်။ အလားတူပင် သံဃာ့အဖွဲအစည်းထဲမှာလဲ အပုပ်အကောင်များ မရှိ၊ အပုပ်ကောင်များ ကျရောက်လာလျှင်လဲ အပြင်ရောက်အောင် ထုတ်ပစ်လေ့ရှိသည်။ တစ်ခါက သံဃာများစုစည်းနေချိန် မြတ်စွာဘုရား ပါတိမောက်ပြမည့်ကိုစောင့်နေ
မြတ်ဗုဒ္ဓ ဘာ့ကြောင့် ငြိမ်နေသနည်း”သံဃာများက သံဃာတွေ စုံလင်ကြောင်း လျှောက်သော်လည်း ငြိမ်မြဲငြိမ်နေသည်။ နောက်တစ်ကြိမ်တော့ မြတ်ဗုဒ္ဓက သံဃာတွင် အပုပ်အနံ့ရှိသူ ရှိနေပြီ၊ သံဃာတွင် မစင်ကြယ်သူ ရှိနေပြီဟု မိန့်မှမစင်ကြယ်သူ အပုပ်အနံ့ရှိသူ သံဃာထဲက ထွက်သွားဖို့ အရှင်မောဂ္ဂလာန် ၃ ကြိမ်တိုင်တိုင် မိန့်သော်လည်း ထွက်မသွားသော အခါ၊ အရှင်မောဂ္ဂလာန်သည် အဘိဥာဉ်ဖြင့် မစင်ကြယ်သူ အပုပ်အနံ့ရှိသူကိုရှာပြီး လက်မောင်းကို စွဲပြီး ခေါ်ထုတ်ရတဲ့အထိ ဖြစ်ခဲ့ဖူးသည်။ သံဃာတွင် အညစ်ကြေးမတင်သန့်ရှင်း ဖြူစင်နေခြင်းသည်လည်း သာသနာတော်ကြီး၏ အံ့ဖွယ် ရှစ်ဖြာမှ တစ်ခုအပါဝင် ဖြစ်သည်။
*သာသနာတော်မှ အလိုလျောက်ထွက်သွားသူများ*
သာသနာအပေါ်၊ရတနာသုံးပါးအပေါ် သဒ္ဓါအား နဲသွားသော် မြတ်ဗုဒ္ဓအဆုံးအမတွေအပေါ် လိုက်နာ ကျင့်သုံးမှု ၀ီရိယနဲသွားမည်၊ သူတော်ကောင်း အလုပ်တွေကို လုပ်ချင်စိတ် ဆန္ဒ ၀ီရိယ နဲသွားတာနဲ့အမျှ မကောင်းမှုလုပ်ချင်စိတ်တွေ ပေါ်လာမည်၊ မကောင်းမှု လုပ်ရမှာကို မရှက်တော့၊ မကြောက်တော့သဖြင့် ထိုမကောင်းမှုတွေကိုလုပ်ဖြစ်
စာရေးသူငယ်စဉ်က တောင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ရဲ့ အတွေ့အကြုံလေးကို ဖောက်သည်ချမည်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတိုင်းသည် ကိုယ့်အတွက် မမေ့စရာ၊ အမှတ်ရစရာ အဖြစ်ရှိနေသည်။ ထိုအတွေ့ကြုံလေးတွေကိုတွေးမ
မနက် အိပ်ယာထ တချို့လဲ မေတ္တာဘာဝနာပွားကြ၊ တချို့လဲ လမ်းလျှောက်ရင်း ပရိတ်တရားများရွတ်ပွားကြ၊ တချို့ကျတော့ တံမျက်စီးလှဲခြင်း၊ သောက်ရေးအိုး ရေဖြည့်ခြင်းစတဲ့ သေနာသန၀တ်တွေ ပြုကြသည်၊ မနက်စာ အရုဏ်ဆွမ်းဘုန်းပေးပြီး သြ၀ါဒတရား နာကြသည်၊ သြ၀ါဒ ပြီးတာနဲ့ ကိုယ့်အသိစိတ်နဲ့ ဦးသူတော်၊ ကိုရင်၊ ရဟန်းတော်အသီးအသီးတို့က ကိုယ့်ပတ်ဝန်းကျင်မှာ သန့်ရှင်းရေးလုပ်ကြသည်၊ သောက်ရေးအိုး ရေဖြည့်သူကဖြည့်ကြသဖြင့် မနက်ပိုင်း သဒ္ဓါအားကြောင့် တက်တက်ကြွကြွနဲ့ သူတော်ကောင်း အလုပ် လုပ်ကြသည်၊ ညနေပိုင်း စာဝါအချိန် သိမ်းချိန်မှာ တစ်ကြိမ် ကျောင်းတိုက်၏ သေနာသန၀တ်ကို ဖြည့်ကြပြန်သည်။
သဒ္ဓါတရားရှိသူများက ကိုယ့်စိတ်နဲ့ကို သေနာသန၀တ်ကိုဖြည့်ကျင့်နေကြ
သဒ္ဓါတရားသည် သူတော်ကောင်းအလုပ် လုပ်ရန် နှိုးဆော်ပေးနိုင်စွမ်းရှိသလ
*ဗုဒ္ဓဘာသာ အဖြစ်ကိုရယူခြင်းနှင့်သံဃာ*
ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူခြင်းသည် ရတနာသုံးပါးကို လက်ခံယုံကြည် ကိုးကွယ်ခြင်း ဖြစ်သည့်အပြင် လူဝတ်ကြောင်များ စောင့်ထိမ်းသင့်သည့် ဥပဒေ (ခေါ်)ငါးပါးသီလကို ခံယူခြင်းတို့ဖြစ်သည်။ ထို ရတနာသုံးပါးတွင် “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာကိုကိုးကွယ် အားထားရာဟူ၍ အသက်ထက်ဆုံး ဆည်းကပ်ပါ၏ ဟူသည် ရဟန်းတစ်ပါးပါးကို ဆည်းကပ် သည်ကို မဆိုလို။ ကောင်းကင်ကြီးနှင့်တူသော၊ ချစ်ခြင်း မုန်းခြင်း ဟူသော အစွန်းနှစ်ဖက်မှ လွတ်သောဘုရားရှင်၏ သားတော်များ အဖွဲ့အစည်းကြီး တစ်ခုလုံးကို ဆိုလိုသည်။
သုပ္ပဋိပ္ပန္န၊ ဥဇုပ္ပဋိပ္ပန္နအစဖြာသည့် ကိုးဖြာသော ဂုဏ်တော်တွေနှင့် ပြည့်စုံသော သံဃာကို ဆိုလိုသည်။ ထိုဂုဏ်များအပြင်ယနေ့ ကုသိုလ် အကုသိုလ်၊ ကောင်း၏ မကောင်း၏၊ အပြစ်ရှိ မရှိ၊ ကံ ကံ၏အကျိုး၊ အမိအဖ၊ အစ်ကိုအစ်မကျေးဇူးတရားတွေက
*နိဂုံး*
ထို့ကြောင့်သံဃာ၊ သာသနာက အလွန်သန့်ရှင်းပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မကြည့်ဘဲ သံဃာ၊ သာသနာကိုပဲကြည့်ပြီး ကြည်ညိုတတ်ပါစေ။ သံဃံ သရဏံ ဂစ္ဆာမိ တွင် လေးနက်သော အဓိပ္ပါယ် များစွာ ပါရှိသည်ကိုသတိပြုသင့်သည်၊ ဘိက္ခုံ-သမဏံ-ပုဂ္ဂလံ သရဏံ ဂစ္ဆာမိ စတဲ့ တစ်ဦးတစ်ယောက်ကို ကိုးကွယ်သည်နှင့်မတူဟု မှတ်ထားသည်။ မြတ်ဗုဒ္ဓ၏ဓမ္မသည်ပင် သာသနာ၊ မြတ်ဗုဒ္ဓသားတော် သံဃာသည်ပင် သာသနာဖြစ်သည်အတွက်သာသနာနှင့
ရွှင်လန်းချမ်းမြေ့ပါစေ
..သီတဂူစတား