ငွေပုံပေးကာ ကျေးဇူးဆပ်ရုံနှင့် လုံလောက်ပြီလား
လူတိုင်းလူတိုင်း အခွင့်သာလျှင် မိဘကျေးဇူးကို ဆပ်ချင်ကြသည်ချည်းပင်၊ တချို့ က “ မိဘကျေးဇူးဆပ်တာပဲ ငွေပေးဆပ်လိုက်ရင်ပြီးတာပဲ” ဟု ထင်နေတတ်ကြ၏။ မိဘကျေးဇူးကို ငွေကြေးနှင့်တန်ဖိုးဖြတ်ကာ ဆပ်နေလိုက်ကြသည်မှာ- မိန်းမကလည်းသူ့  မိဘဆီကို တစ်လတစ်ခါပို့ လိုက်၊ ယောက်ျားကလည်း အားကျမခံပို့ လိုက်၊ သည်လိုနှင့် ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ကြိုးစားကာ အများအမြင်မှာတော့ သားကောင်း သမီးအလိမ္မာပြီးတွေပေါ့။
“ မိဘကို ငွေပေးရုံနဲ့ လုံလောက်ပါပြီ ” လို့ ဆိုတဲ့ ထိုထိုလူသားများအတွက် လေ့လာ ဖတ်ရှုဖူးသော ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြလိုက်ချင်သေး၏။ ရပ်ကွက်တစ်ခုတွင် အင်မတန် စရိုက်ဆိုးသည့် လင်မယားနှစ်ယောက်ရှိ၏။ တစ်ယောက်က အရက်ကို အလွန်အကျွံသောက်ကာ မူးလာရင် လူမှန်းသူမှန်းမသိတဲ့ ဆိုက္ကာသမား၊ တစ်ယောက်က ဈေးထဲမှာ ငါးရောင်းရရှာသည့် ငါးစိမ်းသည်၊ သူတို့ နှစ်ယောက် ရေစက်ဆုံပံဆုံနည်းကလည်း ရပ်ကွက်ထဲမှာ သြချစရာ၊ အရက်မူးလွန်ပြီး ကင်းတဲတစ်ခုမှာ အိပ်ပျော်နေတုန်း
( ကားသများတွေရန်ကိုကြောက်လို့  ခိုကိုးရာမဲ့ ပြေးလွားခဲ့သည့် ) အမျိုးသမီးက ဗြုန်းဆို သူ့ နောက်မှာ ဝင်ပုန်းရင်း မထင်မှတ်ဘဲ ညားခဲ့ကြရသည့် ဇနီးမောင်နှံ၊ နာမည်က ကိုထွန်းရင်နှင့် မသိန်းမြ-တဲ့၊ ချစ်ခြင်းမေတ္တာတွေလည်းမပါ၊ သံယောဇဉ်တွေလည်းမရှိ၊ ဟိုကြောက် သည်ကြောက်နှင့် ညားခဲ့ကြသည်မို့  နေ့ လည်း တကျက်ကျက် ညလည်းတကျက်ကျက် ရန်ဖြစ်တတ်ကြ၏။ ရပ်ကွက်ထဲမှ အိမ်နီးနားချင်းများ ဆယ်အိမ်မှူး ရာအိမ်မှူးများ ဖြေရှင်းပေးလို
့ကမဆုံးနိုင်။
( လင်နဲ့ မယား လျှာနဲ့ သွား-ဆိုတာလို လင်ကရှာရှာလာသမျှ မယားကသွားသွားဖြုန်းလို့ လျှာနှင့်သွားပမာ တစ်ခါတစ်ရံမှ ထိမိခိုက်ကြသည်မဟုတ် )၊ ကိုထွန်းရင်ကလည်း
အရက်သမားပီပီ စရိုက်ကြမ်းကြမ်း မသိန်းမြကလည်း ငါးစိမ်းသည်ပီပီ နှုတ်သီးကစွာတာတာ၊ ဝါသနာမတူညီ၊ စရိုက်ကိုယ်စီမို့  ခုနှစ်သံချီပြီး ရန်ပွဲကို အမြဲနွဲနေကျ။
သည်လိုနှင့်နေလာခဲ့ကြရာ
တစ်နေ့ မှာတော့ သူတို့လင်မယားနှင့် ဘယ်လိုမှပတ်သက် ဆက်နွယ်သည်ဟု အထင်ရလောက်အောင် ချောမေလှပသည့် အသက်နှစ်ဆယ်အရွယ် မိန်းမပျိုလေးတစ်ယောက် သူတို့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့၏။ အလှတွင် အယဉ်ဆင့်-ဆိုတာလို
မျက်နှာလေးက လှပရုံမက ကျက်သေရရှိလွန်းလှ၏။ မျက်နှာအချောအလှလေးကို မြင်လိုက်သည်နှင့်
သဘောမနေကောင်းမည့်သူလေဖြစ်ကြောင်း မသိန်းမြက မှတ်ချက်ပြုလိုက်၏။
၎င်းမိန်းခလေးသည် ကိုထွန်းရင်၏ ပထမအိမ်ထောင်မှ မွေးခဲ့သော သမီးကလေး
မေမိုးဝသန်-ပင်ဖြစ်ပါသတဲ့၊ မချင်ဖြစ်သူ ကွယ်လွန်သွားပြီမို့ ၊ အဖွားတွေလက်ထဲမှာ ကြီးပြင်းလာခဲ့ရသည့်
မေမိုးဝသန်၊ ယခုသူမ၏ဖခင် ကိုထွန်းရင်ဆီကို ဘာလာလုပ်တာလဲ-ဟု ထွန်းရင်ကိုယ်တိုင်က နားမလည်နိုင်၊
ငိုင်တိုင်တိုင်နှင့် ငေးကြည့်နေ့ သည့်ဖခင်အား သမီးလေး မေမိုးဝသန်က “ သမီး အဖေ့ကျေးဇူးတွေ ဆပ်ချင်လို့ လာခဲ့တာပါ၊ အဖေ သမီးကို တစ်နှစ်တော့ လက်ခံပါ ”ဟု
ပြောသည့်အခါ အဖေအရင်းဖြစ်တဲ့ ထွန်းရင်ကတော့ ဘာပြောနေမလဲ၊ စကားတစ်လုံးတည်း “ သမီးနေမယ်ဆိုရင်နေပေါ့
” တဲ့၊
ဒါပေမယ့်
အဖေ့မိန်းမ မသိန်းမြက သိပ်မကြည်ချင်၊ ဘဝင်မကျ နှုတ်က ရေရွတ် သည်မှာ“ အဖေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်လည်း
ငွေလေးဘာလေး ထောက်ပံ့ပေးရင် ပြီးရောပေါ့ ” တဲ့၊ ဒီလိုနဲ့ ပဲ လမ်းလုံကျော် ရပ်ကွက်ကျော်
အိမ်တော်ကြီးမှာ မိသားစုသုံးယောက် ဖြစ်သွား လေတော့၏။
သမီးလေး
မေမိုးဝသန် ရောက်ပြီးသည့်နောက်တစ်နေ့ မနက် ဝေလီဝေလင်းအချိန်မှာ အရက်သမား ကိုထွန်းရင်နှင့် ငါးစိမ်းသည် မသိန်းမြတို့ ၏ အိမ်ထဲမှ အင်မတန်သာယာတဲ့ ကြေးစည်သံလေး
ထွက်ပေါ်လာပါတော့၏။ မေမိုးဝသန်ရဲ့ ဘုရားရှိခိုးသံ မေတ္တာပို့ သံတွေ ကြားရသည့်အခါ အားလုံး
တအံ့တသြ ဖြစ်ကြကုန်၏။ ကလေးမလေးသည် မြန်မာရိုးရာ ယဉ်ကျေးမှုတွင်မကပဲ စစ်မှန်သည့် ဗုဒ္ဓဘာသာဝင်တစ်ယောက်လို
ပီပီပြင်ပြင်ရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်မှန်း တစ်ရပ်ကွက်လုံး သိလိုက်ကြရတော့၏။
ဘယ်တုန်းကမျှ
ဆွမ်းလောင်းလေ့မရှိတဲ့ သူတို့ အိမ်ကို ဆွမ်းခံကိုယ်တော်လေးတွေ ပင့်ဖိတ်ပြီး ကလေးမလေးက
ဆွမ်းလောင်း၏၊ ညဘက်ရောက်သည့်အခါ အဖေ့ကိုတစ်လှည့် မိထွေးကိုတစ်လှည် နှိပ်နယ်ပေးရင်း
ဘုရားအကြောင်းတရားအကြောင်း သူ့ အသိပညာ အတိုင်းအထွာလေးနှင့် ပြောပြလေ့ရှိပါသတဲ့။
( မှတ်ချက်-မိခင်နှင့်အဘွားတို
့၏ ထိန်းကွယ်မှုအောက်မှာ လူလားမြောက်ခဲ့ရသည့် မေမိုးဝသန်၊ သည်ကလေး၏ လိမ္မာရေးခြားရှိပုံကို
တွေ့ မြင်းရသည့်အခါ လောကနီတိဆရာ၏ အဆိုပြုချက်တစ်ရပ်ကို သွား၍ သတိပြုမိတော့၏-
* အမိအုပ်ထိန်းသောသမီးနှင့်
အဘအုပ်ထိန်းသောသမီး မတူ၊ အမိအုပ်ထိန်းသော သမီးကသိမ်မွေ့ သည်၊ က္ကုနြေ္ဒရှိသည်၊
လိမ္မာရေးခြားရှိသည်။
* အမိအုပ်ထိန်း သောသားနှင့်
အဘအုပ်ထိန်းသောသားသည်မတူ၊ အဘအုပ်ထိန်း သောသားက လိမ္မာရေးခြားရှိသည်။
* အမိရော
အဘရောနှစ်ဦးစလုံးအုပ်ထိန်းသော သားသမီးများသည် ပို၍လိမ္မာရေးခြား ရှိသည်၊ လူတော်လူကောင်းလေးများ
ဖြစ်လာတတ်သည်၊ သမီးမိန်းခလေးကို အုပ်ထိန်းရန် အမိတွင်ပို၍တာဝန်ရှိသည်၊ သားယောက်ျားလေးကို
ထိန်းသိမ်းကွပ်ညှပ်ရန် အဖတွင် ပို၍ တာဝန်ရှိဘိ၏၊။ ဤသည်မှာ လောကနီတိ အဆိုဖြစ်၏ )
မေးမိုးဝသန်က
သူ့ အဖေကိုလည်း ( အရက်မသောက်ပါနဲ့ လား အဖေရယ် ) ဟု တစ်ခွန်းမှမပြော၊ ထိုနည်းတူ သူ့ မိထွေးကိုလည်း
( ငါးမရောင်းပါနဲ့ လား အမေရယ် ) ဟု တစ်ခွန်းမှမဟ၊ ဘာမျှမကြာလိုက်တဲ့ တစ်နှစ်တာမပြည့်တပြည့်
အချိန်လေးမှာ ကိုထွန်းရင် တစ်ယောက် အရက်ပျက်သွား၏။
ဒီတစ်ယောက်ပဲလားဆိုတော့ မဟုတ်သေးပါ။ မသိန်းမြလည်း ငါးမရောင်းတော့ပဲ မိန်းခလေး အဝတ်အထည်တွေချုပ်တဲ့
အပ်ချုပ်ဆိုင်ကလေး ဖွင့်လိုက်ပါတော့၏။ ( အချိန်ကလည်း တက္ကသိုလ်ကျောင်းသူတွေ မြန်မာဆန်ဆန်
အဝတ်အစားတွေ ဝတ်ရမည့်အချိန်အခါ ဖြစ်နေ လေတော့ အဆင်ပြေလိုက်သည်မှာ အတိုင်းအထက်အလွန်ပင်
) မထင်မှတ်လောက်အောင် ပြောင်းလည်းသွားသော
သည်မိသားစုလေးကိုကြည့်၍ တစ်ရပ်ကွက်လုံး တအံ့တသြဖြစ်ကုန်ကြ၏။
သူတို့ အိမ်ကလေးမှ ထွက်လာသည့်
ဝတ်ရွှတ်သံကို နားခံရင်း နေ့ စဉ်နှင့်အမျှ ကြားနေရသည့် သမီးလေးမေမိုးဝသန်၏ ဘုရားရှိခိုးသံ
ကြေးစည်သံ များကြောင့် အားလုံးမှာ ဝမ်းသာပီတိဖြစ်ကာ စိတ်ချမ်းသာသွားကြ၏ ၊ သြော်- ဘာလိုလိုနဲ
့ တစ်နှစ်ဆိုသည်မှာ ဘာမှမကြာလိုက်၊ အဘွားတွေက မေမိုးဝသန်ကို ပြန်လာခေါ်ကြပြီမို့  လင်မယားနှစ်ယောက်လုံး
ဗြုန်းကနဲဝမ်းသာ, ဗြုန်းကနဲ့ ဝမ်းနဲဆိုတာလို ဖြစ်ကြကုန်၏။
သို့ သော် သမီးလေးရဲ
့ရှေ့ ရေးအတွက် ကိုထွန်းရင်နဲ့ မသိန်းမြတို့ လည်း- မငြင်းသာတော့ပဲ ဝမ်းနည်းစွာနှင့်
ပြန်ခွင့်ပြုလိုက်ကြရ၏။ ပြန်ခါနီးလေမှာ မေမိုးဝသန်က သူ့ မိထွေး မသိန်းမြကိုမေးသည်မှာ
“ မေမေ သမီးကိုချစ်ရဲ့ လား ” တဲ့၊ မသိန်းမြကလည်း ရှိုက်ကြီးတငင်နဲ့  “ ချစ်တာပေါ့ သမီးလေးရယ်”ဟု
ပြောကာငိုရှာလေ၏ ။ “ သမီးကိုချစ်ရင် သမီးကိုယ်စား ဖေဖေ့ကိုချစ်ပါနော်၊ ဖေဖေ့အတွက် သမီးအကောင်းဆုံး
ကျေးဇူးဆပ်နိုင်တာ မေမေပါပဲ ” လို့ ပြောပြီး မိဘနှစ်ပါးကို ရှိခိုးဦးချကာ သူ့ အဘွားတွေရဲ
့ပါရာဒိုကားကြီးနဲ့  ရက်ကွက်ထဲမှ ထွက်ခွါသွားတော့၏။ ထွန်းရင် မသန်းမြတို့ နည်းတူ တစ်ရပ်ကွက်လုံး
စိတ်မကောင်းကြ။
“ သည်ခလေးမနှယ် အဖေကိုကျေးဇူးဆပ်ချင်ရင်
ပိုက်ဆံလေးဘာလေးပေးလည်း ပြီးရော ” ဟု ပြောခဲ့ကြသည့် ထိုထိုလူသားများ ပြောမိသည့်စကားအတွက်
နောင်တရကြ လိမ့်မည်ထင်ပါကြောင်း။
အရှင်ကဉ္စနာသီရိ၏
သီတာရေစင်အမည်တွင်သော
စာအုပ်မှ ပြန်လည်မျှဝေခြင်းပါ။