Sunday, March 3, 2013

မိတ်ကောင်းဆွေကောင်း အကဲခတ်နည်း


 မိတ်ကောင်းဆွေကောင်း အကဲခတ်နည်း

မိတ်ကောင်းဆွေကောင်း ဆိုတာနဲ့ ပတ်သက်ပြီး တော့ မြတ်စွာဘုရား မိတ္တသုတ်ဆိုပြီးဟောထားတာ ရှိတယ်။ အဲဒီထဲ မှာ ပေါင်းထိုက်တဲ့ မိတ်ဆွေကောင်းရဲ့  သွင်ပြင် လက္ခဏာ၊ မိတ်ကောင်းဆွေကောင်းဆိုတာ ၊လူဆိုးလူကောင်းဆိုတာ ရုပ်ပုံကြည့်ရုံနဲ့ သိပါ့မလား။ မသိဘူး အပေါ်ယံ ကြည့် ရုံနဲ့ မသိဘူး။

ဒါကြောင့်မို့ ငယ်ငယ်တုန်းက ပြောကြတယ်။
မင်းလူဆိုးဆိုတာ "ချို" နဲ့ မှ မဟုတ်တာ ဘယ်သိမလဲ "ချို" ပေါက်ရင်တော့ သိရင်သိမယ်။
ဒါကြောင့်မို့လို့ လူမြင်ရုံနဲ့ ဒီလူဟာ လူဆိုးလား၊ လူကောင်းလားဆိုတာ သိလို့ မရဘူး။ ဘာနဲ့ သိရတုန်း ဆိုရင် သူ့ ရဲ့  လုပ်ရပ်ပေါ်မူတည်ပြီးတော့ သိရတယ်။
သူ့ လုပ်ရပ်ပေါ်မူတည်ပြီး လူဆိုးလား လူကောင်းလား ခွဲခြားသိတယ်။


အဲဒီတော့ မိတ်ကောင်းဆွေကောင်းနဲ့ ပတ်သက်ပြီးတော့ အကဲခတ်လို့ ရတဲ့ အခြေအနေလေးတွေကို မြတ်စွာဘုရားက ဟောထားတာ ရှိတယ်။


နံပါတ် (၁) "ဒုဒ္ဒဒံ ဒဒါတိ"လွှတ်ပြီးတော့ ပေးတတ်လို့ ရှိရင် ဒါမိတ်ကောင်းဆွေကောင်းပဲ။


နံပါတ် (၂) "ဒုက္ကရံ ကရောတိ" သာမန် ပုဂ္ဂိုလ်တွေ လုပ်ဖို့ မလွယ်နိုင်ဘူး။ လုပ်နိုင်ခဲတဲ့ အရာကို ပဲ လုပ်ပေးတယ်ဆိုရင် မိတ်ကောင်းဆွေကောင်းဘဲ တဲ့။ ဒါဟာ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာတော့ အတို်င်းအတာ တစ်ခု ရှိတာပေါ့။

နံပါတ်က (၃) ' ဒုက္ခမံ ခမတိ' တဲ့။ တကယ့်သည်းခံနိုင်ခဲတဲ့ အရာ သာမန်ပုဂ္ဂိုလ်တွေ သည်းမခံနိုင်ဘူး။ သည်းခံနိုင်တဲ့ အရာကို ပဲ သည်းခံတတ်တယ် ဆိုရင် ဒါ မိတ်ကောင်းဆွေကောင်းပဲ။ မိတ်ကောင်းဆွေကောင်းနဲ့  ပတ်သက်ပြီးတော့ မြတ်စွာုရားက ဒီသုတ်မှာ ထုတ်ပြီးတော့ ဟောထားတာ။
နောက် ...ဒုက္ခရောက်လာတဲ့ အခါမှာ စွန့်ပြီးတော့ မသွားရဘူး။ အဲဒါလည်း မိတ်ဆွေကောင်းဘဲ။ 


အခု လောကမှာ အများဆုံးက ရာထူးလေးရှိရင် ပေါင်းကြတယ်။ ပိုက်ဆံလေးရှိရင်ပေါင်းကြတယ်။ ရာထူးလည်း ကျသွားရော မမြင်ချင်ယောင်ဆောင်သွားရော။ ဆင်းရဲမွဲတေ ဒေ၀ါလီ ခံသွားတာနဲ့ တပြိုင်နက် မမြင်ချင်ယောင်ဆောင်သွားတယ်။ ဟုတ်ကဲ့လား။
အဲဒီအနေအထားမျိုးဆိုတော့ လူအများစုကို ပြောတာပါ။ အများစုသည် ရာထူးကို ပေါင်းတာ ။ အများစုသည် ငွေကြေးကိုပေါင်းတာ။ ဒီပုံစံမျိုးဖြစ်တယ်ပေါ့။
ဒါလောကကြီးရဲ့ သဘာဝကိုက ဒီအတိုင်းဘဲ။ အဲလို မိတ်ကောင်းဆွေကောင်း ဖြစ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်။

ကိုယ်တိုင်လည်း မိတ်ကောင်းဆွေကောင်းဖြစ်ဖို့ လိုတယ်။

နံပါတ်က(၄) ' အာပဒါသု န ဧဟတိ' ဒုက္ခရောက် နေတဲ့ အချိန်မှာ စွန့်ပြီးမသွားဘူးတဲ့။
အဲ့ဒါ မိတ်ကောင်းဆွေကောင်းကို ပြောတာ။

ဟောပြောသူ- ဒေါက်တာ နန္ဒမာလာဘိဝံသ
ဓာတ်ပုံရိုက်ကူးသူ မူပိုင်- အနှိုင်းမဲ့စာတိုပေစများ( ဇွဲကပင်နှင့် နံနက်ခင်းအလှ)

မေတ္တာဖြင့်
စာရိုက်ပူဇော်သူ-အနှိုင်းမဲ့စာတိုပေစများ