Saturday, November 3, 2012

"ငါ" ကို စာလုံးသေးနဲ့ ရေးကြစို့

"ငါ" ကို စာလုံးသေးနဲ့ ရေးကြစို့

  


   ရှေးက ရွာတစ်ရွာတွင် ဘုန်းကြီးတစ်ပါး ကျောင်းထိုင်သည်၊ ကျောင်း ဒကာက နေ့စဉ် ဆွမ်းကွမ်း တာဝန်ယူသည်။ ကျောင်းဒကာသမီး ဘုန်းကြီးကျောင်း ဆွမ်းပို့သွားသည်။ ကျောင်းရောက် ဆွမ်းကပ်ပြီး ဘုန်းကြီးနှင့်  နုတ်ဆက် စကားပြောကြသည်။ ကျောင်းးဒကာသမီးမှ   ကျောင်းထိုင်း ဘုနုးကြီးအား   မေးပါသည်။ 

‘ကျောင်းကြီးက ကောင်းလိုက်တာ ဘယ်သူကျောင်းလဲဘုရား’
“ငါ့ကျောင်းပေါ့ .. ငါဆောက်ထားတာ”
“ကျောင်းထဲမှာရှိတဲ့ ရေကန်ကလည်း  ရေပန်းတွေ ဝေဝေဆာလို့ လှလိုက်တာ ဘယ်သူလုပ်ထား တာလဲ ဘုရား”။
“ငါ့ ရေကန်ပေါ့ .. ငါတူးထားတာ”
“ပန်းခြံကလည်း  ပန်းမျိုးစုံ..လှလည်းလှ ၊ ဘယ်သူပန်းခြံပါလဲ”
“ငါ့ ပန်းခြံပေါ့ ၊ ငါစိုက်ထားတာ။”
“ဘုန်းကြီး .. ဘာလို့ ဘုန်းကြီးဝတ်တာလဲဘုရား”
“နိဗ္ဗာန် ရချင်လို့ပေါ့”
“နိဗ္ဗာန်လိုချင်လိုရင် ငါ ကိုမကြိုက်နဲ့”
ထိုသို့ပြောပြီး ကျောင်းဒကာသမီး ပြန်သွားသည်။ ဘုန်းကြီး စိတ်ဆိုးပြီး ကျန်ရစ်သည်။

 နောက်တစ်နေ့ ကျောင်းဒကာကြီး ကျောင်းရောက်လာသောအခါ .. ထိုအကြောင်းကို တိုင်တန်းသည်။ ကျောင်းဒကာ ကြီးသည် အိမ်းရောက်တော့ သမီးကို အကျိုးအကြောင်း   မေးကြည့်သောအခါ.. သမီး က ရှင်ပြ၏။ 

“ အဖေတို့ ဘုန်းကြီး နိဗ္ဗာန်လိုချင်လို့ ဘုန်းကြီးဝတ်တယ်ပြောတယ် ။ ဒါပေမယ့် သူပြောသမျှ စကားလုံးတိုင်းက “ငါ” ချည်းပဲ ၊  ငါ့ကျောင်း၊ ငါ့ရေကန်၊ ငါပန်းခြံ ဘာညာနဲ့  ဒီလောက် “ငါ” စွဲ ပြင်းထန်းနေရင် ဘယ်လိုလုပ် နိဗ္ဗာန်ရနိုင်မလဲ ။ ဒါကြောင့် သမီးက.. နိဗ္ဗာန်လိုချင်ရင်  “ငါ” ကို မကြိုက်နဲ့လို ပြောခဲ့တာ ဖေဖ”။

ဤပုံပြင်လို ငါစွဲဖို့ အားထုတ်နေကြသော ဘုန်းကြီးများ ကိုယ်တိုင်က တငါငါ ဖြစ်နေကြသဖြင့် လူတွေဆိုလျှင်ကား ပြောဖွယ် မလိုတော့ပေ။ လောကကြီးတစ်ခုလုံး  ငါစွဲတွေ သိပ်ပြင်ထန်းလွန်၏။ 

တငါငါ  ဖြစ်နေကြသည်။ ငါ ..တော်သည် ၊ငါ. . တတ်သည်၊  ငါ .. မြင်သည်၊ ငါ ..ပညာတတ်သည်၊ ငါ.. အထက်တန်းကြသည်၊ ငါ.. ငွေရှိသည်၊ ငါ..အိမ်ရှိသည်၊ ငါ..ကားရှိသည်၊ ငါ့အိမ်က..  သူ့အိမ်ထက် ကြီးသည်၊ လှသည်၊ ငါ့ကားက သူ့ကားထက်ကောင်းသည် ၊ ဈေးကြီးသည်။ ငါက ဘယ်နိုင်ငံရောက်ဖူးသည် စသည်ဖြင့် ငါချင်း  ယှဉ်ကြ ပြိုင်ကြ၏၊  အချို့က မိဘနှင့် ခြေရာတိုင်းသည်၊ အချို့က ဆရာနှင် ပခုံးခြင်းယှဉ်သည်၊  မိဘဆရာကိုပင် ယှဉ်ပြီ ဆိုတော့ ပတ်ဝန်းကျင်ကို လူပင် မထင်တော့။

လောက၌ ငါစွဲပြင်းထန်၍ ငါကြီးလျှင် ကြီးသလောက် ဒုက္ခရောက်ကြရ၏ ၊ ဟစ်တလာသည် ငါစွဲကြီး ခဲ့သဖြင့် ဂျူးတွေ သန်းနှင့်ချီ အစုလိုက် အပြုံလိုက် အသတ်ခံရ၏ အရင်းရှင်တို့ ငါကြီးမှု့ကြောင့် ကျွန်များ ဆင်းရဲတွင်းနက်ခဲ့ရ၏။  ကွန်မြူနစ်တို့၏ ငါ အစွဲကြီးမှုကြောင့် အချို့နိုင်ငံ ၊အချို့ လူမျိုးများ ဒုက္ခပင်လယ်ဝေခဲ့ရ၏။ ဆိုရှယ်လစ်တို့၏ ငါကြီးမှုကြောင့် အချို့နိုင်ငံ မွဲပြာကျခဲ့ရ၏၊  ကုန်ကုန်ပြောရလျှင် အချို့ဘာသာရေး ဆရာတို့၏ ငါကြီးမှုကြောင့် ဘာသာရေးစစ်ပွဲများ ဖြစ်ပွားခဲ့ဘူး၏။ တွေးရဲစရာ မရှိလောက်အောင်ပင် ကြောက်စရာကောင်းသော “ငါ” ပေတကား။

ငါ.. ဟူသောမာန်သည် အတော်ခက်၏ ။ အယုတ် ၊ အလတ်၊ အမြတ် လူတန်းစား အားလုံးမှ ဖြစ်တတ်၏၊ ရာထူး ဂုဏ်သိရ် စည်းစိမ် ပညာ စသည် ယုတ်နှိမ့်သူကလည်း ငါမာန်ဖြစ်တတ်၏၊  “လောကမှာ ငါလုပ်မှ ငါစားရတာ  သူတို့ရှိတော့ကော ငါက ဘာဂရုစိုက်မှာတုန်း” ဟု အန်မတုနိုင်သော်လည်း ငါမာန်းပြု လျှက်ပင် ရှိ၏။

ရာထူးစသည် လူလတ်တန်းစားကလည်း ငါမာန်ရှိ၏၊ “ သူတို့လောက်တော့ ငါလည်းရှိတာပဲ။ ဇီးကွက်   လောက်တော့ ငှက်တိုင်းလှရဲ့”ဟု သူများနှင့် ပခုံယှဉ်ကြ၏။ 

ရားထူးစသည် သူများထက်သာလွန်သူ အထက်တန်းစား လူတန်းစာကလည် ငါမာန်ရှိသည် “ ငါလိုလူ ဇမ္ဗူရှိသေးလား”ဟု ဆောင့်ကြွားကြွား ခက်ထောင်ထောင် မာန်စောင်၏ ။  ထိုကဲ့သို့ မာန်ထောင်သူများ အနက် အင်္ဂလိပ်လူမျိုးများ အင်္ဂလိပ်စာတတ်သူများက သူများထက် ငါပိုကြီးသည်ဟုထင်၏။ အဘယ်ေ ကြာင့်ဆိုသော် “ငါ” ဟူသော “I” ကို အမြဲတမ်းစာလုံး ကြီးကြီးနှင့်ရေးကြသည် မဟုတ်ပါလား။

ငါမာန်ကို တတ်နိုင်သမျှ ချိုးနှိမ်သင်၏၊ ငါမာန်ရှိလျှင် လူကျင့်ဝတ် အခြေခံ မင်္ဂလာတရား ပျက်ပြား၏။ အထူးသဖြင့် နိဝါတာမင်္ဂလာပျက်၏။ 

  မှန်ပါသည်။
 ငါ..မာန်ရှိနေသူသည် အဘယ်မှာလျှင် မိမိကိုယ်မိမိ နှိမ့်ချနိုင်ပါမည်နည်း။ နိဝါတမင်္ဂလာပျက်လျှင် ဂါရဝမင်္ဂလာလည်း ပျက်စီးတော့၏ ။ မိမိကိုယ်ကို မနှိမ်ချ သူသည် အဘယ်မှာလျှင် သူတစ်ပါးကို ရိုသေနိုင်ပါအံ့နည်း။ ထိုမင်္ဂလာနှစ်ပါး မရှိလျှင် မိမိအပေါ် ဂုဏ်ကျေးဇူးများသော ဆရာသမားကို ပင်လျှင် ပခုံးချင်းယှဉ်မည်ဖြစ်၍  ပညာရှိကို မှီဝဲ ဆည်းကပ်ခြင် ဟူသော  ပဏ္ဍိတာနဉ္စ သေဝနာဟူသော မင်္ဂလာ အဘယ်မှာရှိတော့အံနည်း။ ဤသို့ စသည်ဖြင့် အခြား မင်္ဂလာများလည်း ပျက်စီးစရာ ဖြစ်လာတော့သည်။

          မာန်ရှိသူတို့၏ မာန်မာန တကပုံကလည်း အမျိုးမျိုးအစားစားဖြစ်၏။ တချို့က ဇာတိမာန် တက်သည်၊ အမျိုးကောင်းခြင်းအတွက် မာန်မာတက်ခြင်းကိုဆိုလိုပါသည်။ ယခုခေတ်မှာ အတော်အတန် အမျိုးကောင်း သူတွေရှိပါသည်။ သို့သော် မာန်တက်လောက်အောင် ဟန်ကြီးပန်ကြီးလုပ်   လောက်အောင်၊   ခြေဖြား       ထောက်လောက်အောင်  အမျိုးကောင်းသည်တော့ မဟုတ်နိုင်ပါ။ အမျိုးကောင်းသည်ပင်ဆိုဦးတော့ အမျိုးမြတ်သူက မာန်မာန မတက်ဘဲ ညက်ညက်ညောညော အပြော ချိုကာ အရာရာမှာ လိုက်လျှောပါမူ ၊ အောက်တန်းကျသူတို့က ပိုမိုချစ်ခင် ကြည်ညိုလေးစားကြပေလိမ့်မည်။ သို့ဖြစ်၍ ဇာတိမာန် မတက်ဖြစ်အောင် သတိဆောင်သင့်ပါသည်။

          စည်းစိမ်ဥစ္စာရှိသူတို့က ဓနမာန်တတ်ကြသည် တချို့ပစ္စည်းပေါများပေမယ့် ပစ္စည်းနည်းပါး သူနှင့်အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်လောက်အောင် မကုန်မခန်း ပေါးများ သည်ကား မဟုတ်ကြပါ။  ပစ္စည်းရှိသူတို့အနေနှင့် ဆင်းရဲ့သားတို့အပေါ်မှာ သဘောထားကြီးကြီးထား ၍ သနားကြင်နာ ဂရုဏာသက်မည်ဆိုလျှင် သာ၍ပင်ဂုဏ်ရှိပါ၏။ ဓနရှင်တို့၏ ရွှင်ပြုံးသော မျက်နှာ ချိုသာသော စကားလုံးများသည် ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး မမြိုက်ဆေး တစ်မျိုးပင် ဖြစ်ပါ၏။ 

ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ ရရှိသော ပစ္စည်းဥစ္စာများကို နောက်သံသရာ မျိုးနွယ် အောက်ကျဖို့အကြောင်း မကောင်းသောမာန မဖြစ်ကြဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍  ဓနမာန်ကို ချိုးနှိမ်သင့်ပါသည်။

စာပေတတ်ကျွမ်းသူ ၊ အသက်မွေးဝမ်းကြောင်း ပညာတတ်ကျွမ်းတို့မှာ ပညာမာန်မာနရှိတတ်၏။ ပညာတတ်လျှင် မိမိမပညာဖြင့် သင့်၊မသင့် တော် မတော် ချိန်ဆ၍ သူများအကျိုးလည်ဆောင်ကာ မိမိအကျိုးလည်း အောင်နိုင်သည်ကို ရည်မှန်းပြီး လူလောက ကောင်းကျိုးကိုသာ ထမ်းဆောင်သင့် ပါလျှက် ပညာကို အကြောင်းပြုကာ မာန်တက်နေမည်ဆိုပါလျှင် စင်စစ် ရှက်ဖွယ်ဖြစ်ပါသည်။ မိမိမှာ အကြောင်းမညီညွတ်၍ ပညာမသင်ကြားရသူများ အပေါ်  မောက်မားဝါကြွား နေမည့်အစား သနားကြင်နာ ကရုဏာသက်၍ တစ်ဆင့်သင်ပြ ပေးသောအားဖြင့် ပညာမာန်ကို ချိုးနှိမ်သင့်ပါသည်။ 

ရုပ်ရည်အဆင်း လှပခြင်းကို အကြောင်းပြု၍ အလှမာန် တတ်တတ်ကြ၏၊။ တကယ်တော့ “ရုပ်ရေ အဆင်းလှပခြင်းကာ ၊ အိုမင်းနောက်ဆုံးရှိခြေ၏” ဆိုသည့်အတိုင်း အလှသည် ထာဝရ မဟုတ် “ တစ်နေ့နေ့ရယ်နဲ့ တရွေ့ရွေ့ ယွင်းယို ၊ နောက်ကိုတော့ ပြန်မပျိုသည် ၊ ရှေကိုသာ အိုမြဲ” ဖြစ်ပါ၏။  သို့ဖြစ်၍ ဒေါသကင်းစင် စိတ်ကြည်လင်၍ တခဏတာ လှပနေခြင်းအပေါ် အလှမာန်တက် မနေသင့် ကြပေ။ 

မာန်မာနကြီးသဖြင့် သာကီဝင်တွေ ထီကျိုးစည်းပေါင် နိုင်ငံပျောက် လူမျိုးပြုန်းခဲ့ရသည်ကိုသံဝေဂ ရသင့်ပါ၏။ ငါမာန်သည် လောကီလူသား မဆိုထားနှင့် ဈာန်အဘိညာဉ် တန်ခိုးရှင် အနုရုဒ္ဓါ ကိုယ် တော်မြတ်ကိုပင် အထက်မဂ်ရဖို့အရေးမှာ ငါမာန်ကာ အဆီးအတား အနှောက်အယှက် ဖြစ်ခဲ့သေး၏။ ငါဈာန်ရသည်၊ ငါအဘိည်ာဉ်ရသည် ဟုပြောရာ၌ပင် မာန်ပါသော  “ငါ” ကိဖြုတ်၍ ဆက်လက် အားထုတ်ရန် အရှင်သာရိပုတ္တရာ ဆွေးနွေးပြသည့်အတိုင်း ငါစွဲကင်း အားထုတ်မှ အထက်တရားကို ရရှိသွားခဲ့ပါသည်။ 

        ငါ မာန်ကြီးသူအနေဖြင့်  အရှင်သာရိပုတ္တရာ၏ ငါမာန်မရှိပုံကိုလည်း  လေ့လာ ကြည်ညို အတုယူ         သင့်ပါ၏။    ရှင်သာရိပုတ္တရာသည်လက်ျာရံ ပထမအဂ္ဂသာဝက ဥာဏ် ပညာအကြီးဆုံး မြတ်စွာဘုရား၏ ညာလက်ရုံး တပည့်ကြီးဖြစ်တော်မူ၏။ သို့ပေမယ့် တစ်နေ့မှာ သင်္ကန်းစွန်း မညီညာ၍ ညွှန်ပြ   လျှောက်ထားသော  ခုနစ်နှစ်အရွယ် သာမဏေငယ်ကို         ‘နောင်လည်း ခုလိုအဆင်မပြေတာမြင်    တွေ့လျှင် ပြောဆိုညွှန်ပြပါရန် ပန်ကြား၍ သာမဏေ ငယ်လေးများကအစ ဘယ်သူဘဲဖြစ်ဖြစ် အပြစ် ကိုညွှန်ပြကာ ဆိုဆုံးမလျှင် ကျေးဇူးတင်ပါမည့် အကြောင်း ပြောဆိုလိုက်နာ ကျင့်သုံးသွားပါ၏။ 

ဘုရားရှင်ကိုလည်း အတုယူ အားကျသင့်ပါ၏။  ဘုးရားရှင် ဘုရာဖြစ်ပြီးစအချိန်တွင် “ ဆရာမရှိဘဲ နေလျှင် မသင့်တော်ပေ ငါသိထားသည့် တရားဓမ္မကို ဆရာတင် အလေးအမြတ်ပြု၍ ငါနေမည်” ဟု တရားတော်ကို ဆရာတင်၍ တရားတော်အတိုင်း နေထိုင်ကျင့်သုံးသွားပါ၏။ 

အချုပ်ဆိုရသော် - ဓနရှင်၊ ပညာရှင်များအနေဖြင့် တိုးတောင်းလှသည့် ဘဝတသက်တာမှာ ဓနမာန် ၊ ပညာမာန်ဖြင့်  ငါ..ငါ..ငါ..ဟု ငါစွဲဖြင့် အများအမြင်ကပ်အောင် ဝါကြွား နှလုံးလေပင့် ဘဝင်မြင့်သည့် စိတ်ထားမျိုးမထားဘဲ၊ မိမိ၏ဓန မိမိ၏ပညာများကို အများအကျိုးရှိအောင် ကျိုးစားသင့်ပေသည်။

ဆရာတော်ဦးနန္ဒသီရီ