Saturday, November 10, 2012

ဒါနဆိုတာ တိုက်ပွဲလိုပဲ


ဒါနဆိုတာ တိုက်ပွဲလိုပဲ

လူသားတို.၏ စိတ်သည်မကောင်းမှု.လုပ်ငန်းများ၌ အလွန်ပျော် မွေ.သော သဘောရှိချေ၏ ။ ကောင်း လည်းကောင်းတယ် ၊ အကျိုးလည်းဖြစ်တယ် ဆိုသောအလုပ်ဆိုလျှင်ပင် လုပ်ဘို.ရာ သိပ်ကို ခက်ခဲ တတ်ပေသည်။သို.သော် ထို ခက်တဲ့အလုပ်ကို လုပ်ဖြစ်အောင်လုပ်ပါ။ လောကတွင် မွန်မြတ်တဲ့ လုပ်ငန်း၊အကျိုး ရှိသောလုပ်ငန်း၊ကောင်းသောအလုပ်မှန်သမျှသည်ခက်ခဲတတ် ပေ သည်။ 

စိတ်သည်မကောင်းမှု.၌မွေ.လျှော် တတ်ပါသောကြောင့် ကောင်းသော ကုသိုလ်လုပ်ငန်းမှန်သမျှ ကို လျှင် မြန်စောစွာအားထုတ်ကြကုန်ရာ၏။ ကောင်းမှု.ကိုနှေင့်နှေင့်နှေးနှေး၊ ဖြည်းဖြည်းလေးလေး၊ တိုက် တိုက်တွန်းတွန်း ပြုလုပ် သောပုဂ္ဂိုလ် သည် ထို ကောင်းမှု. ၏ အကျိုးပေးသည်လည်း နှေင့်နှေး တတ် လေ သည်။ ထက်ထက်မြက်မြက် ၊သွက်သွက်လက်လက် ၊အ ကျိုး မ ပေးချင်တတ်ပေ။ 

ကောင်းသောလုပ်ငန်းဆိုရင် ကုသိုလ်ကောင်းမှူ.ဖြစ်တဲ့ ဒါနပဲဖြစ်ဖြစ်၊သီလပဲဖြစ်ဖြစ်၊ သမာဓိပဲဖြစ်ဖြစ်၊ ပညာပဲဖြစ်ဖြစ် မြန်မြန်သာပြုလုပ်လိုက်ကြပါ။ အဘယ်ကြောင့်ဆိုသော် စိတ်သည်ကောင်းတဲ့လုပ်ငန်း ဘယ်လောက်ပဲလုပ်ပါပြောပြောကြာကြာကြီးမပျော်ချင်ပါဘူး။ပျော်ရင်လည်းကောင်းတဲ့လုပ်ငန်းခဏပဲ ဖြစ်ပြီး ကြာလျှင်ပျင်းလာတတ်ပါတယ် ။

စိတ်သည်မကောင်းမှု.မှာမွေ.လျော်သောသဘောရှိသောကြောင့်လှူမယ်လို့စိတ်ကူးလိုက်လျှင်တော် တော် ကြာမလုပ်ဖြစ်သေးပဲ ကြံကြာမူ.များရှိ တတ်လေသည်။လှူမယ်လို.စိတ်ကူး နေ.စဉ် ကိလေသာ တစ်စုံတစ်ခုဝင်လာလျှင် လှူမဲ့စိတ်ကလေး သည်အားလျော့သွားလိုက်၊ အဖက်ဖက် ကနေပြီးတော့ ဒီစိတ်ကို တိုက်တွန်းလိုက်၊မိမိကိုယ်ကို မိမိတိုက်တွန်းလိုက်၊ မိမိရဲ.ဆွေမျိုးညာတိလုပ်ဖော် ကိုင်ဖက်တွေ က တိုက် တွန်းလိုက်၊ပတ်ဝန်းကျင်အခြေ အနေအရ မလွဲသာ မရှောင် သာ တိုက်တွန်းမူ.တွေကလည်း ဖြစ်ပေါ်လာတော့ လှူ မယ် လို.ဖြစ်ပေါ်လာ သော ထိုလှူမည့် လုပ်ငန်း သည် အကြောင်း အမျိုးမျိုး ကြောင့်ဆိုပြီးတော့မအောင်မြင်ဖြစ်တတ်လေသည်။သီလဆောက်တည်လည်းထို.အတူပါပဲ၊ တရားအား ထုတ်တော့လည်း ဒီအ တိုင်း ပါပဲ။များများကြီးတိုက်တွန်း ယူမှလုပ်ငန်းဟာနည်းနည်း လေး ပင်ဖြစ်တတ် ပေသည်။

ထို.ကြောင့်ကိုယ့်စိတ်ကိုယ်၊ ကိုယ်ပြန်ကြည့်ရင်၊နေ့စဉ် အပြောအဆို၊အကြံအစဉ်၊ အလုပ်အကိုင်ကောင်း မှု. နှင့် မကောင်းမှု. တို. သည့် ဘယ်အရာကပိုများသလဲ ဟု ချင့်ချိန်ကြည့်ပါက မကောင်းမှု.သည်သာ စိတ်မှာ အလွန် ပျော်တတ်လေ သည်။ထို့ကြောင့် ကောင်းမှု.တစ်ခုပြုမယ် လို.ပေါ်ရင် ချက်ခြင်းသာ လုပ်လိုက်ပါ။

မိမိစိတ်စေတနာနဲ့ သဒ္ဓါ ဆိုတဲ့ ဓမ္မဓတ်ကို အစိုးရတာမဟုတ်သလို မိမိအသက်နဲ့ခန္ဓာကိုယ်ကိုလည်း အစိုး မရနိုင်ပါဘူး၊ထို့အပြင် စီးပွားဥစ္စာတွေ အပေါ်မှာလည်းအစိုး မရပါဘူး။စေတနာလည်းမပိုင်၊သဒ္ဓါ လည်းမနိုင်၊ စီးပွားဥစ္စာပစ္စည်း ကျတော့လည်း ကိုယ်မပိုင် ရန်သူမျိုးငါးပါးပိုင်ထားပါသည်။အသက် နဲ့ ခန္ဓာလည်းပဲကိုယ်မပိုင် ကိုးဆယ့်ခြေက်ပါး အနာရောဂါတွေပိုင်ထားပေသည်။ စိတ်စေတနာကျတော့ ကိလေသာ တွေက နှောင့်ယှက်နေတတ်လေသည်။ ထို့ကြောင့်ကောင်းတဲ့လုပ်ငန်းတို့ကို လျှင်မြန်စော စွာ အားထုတ်ကြရမည်ပင်ဖြစ်သည်။

စေတနာ၊သဒ္ဓါသည်လည်း သောတာပန်၊မဂ်၊ဖိုလ် မဆိုက်သေးသ၍ ထိုသဒ္ဓါစေတနာကို ဘယ်သူမှမပိုင် ချေ။ သောတာပန်၊မဂ်၊ဖိုလ် ရထားပြီး သား ပုဂ္ဂိုလ်တွေရဲ့ သဒ္ဓါစေတနာသည် အပြောင်းအလဲ လုံးဝမရှိ တော့ပေ။ ခိုင်မြဲသွားပါသည်။သီလ၊သမာဓိ ၊ပညာလုပ်ငန်းများထား၊ ဒါနလုပ်ငန်းတစ်ခုကိုစဉ်းစား ကြည့် ပါက ဒါန အလှူပေးခြင်းနှင့် စစ်တိုက်ခြင်းသည် အတူတူပင် ဖြစ်ပေသည်။အဘယ် ကြောင့် ဆိုသော် အသက်နဲ့ခန္ဓာကိုယ်ကို မစွန်.ရဲသော ပုဂ္ဂိုလ်သည်စစ်မတိုက်ရဲပေ။ အသက်နဲ့ခန္ဓာကိုယ် ကို စွန်.ရဲ သောပုဂ္ဂိုလ်မှသာ စစ်ပွဲမှာအောင်မြင် မည်ဖြစ်သည် ။ အသက်မစွန်.ရဲ၊ ခန္ဓာ မစွန်.ရဲ ၊သေရမှာကြောက် သည့် ပုဂ္ဂိုလ်သည် တိုက်ပွဲဘယ်တော့မှ မအောင်မြင်ပေ။

တိုင်းပြည်အတွက် ၊ လူမျိုးအတွက် ၊ လွတ်လပ်ရေးအတွက် ၊ ဘာသာအတွက် ၊သာသနာအတွက်၊ ငါ့အသက်နဲ.ငါ့ခန္ဓာကိုယ် ကို လှူလိုက်ပါပြီဆိုတဲ့ အာဇာနည်ပုဂ္ဂိုလ်များမှာ စစ်ပွဲမှာအောင်မြင် ခဲ့ကြပေ သည်။ စစ်ပွဲမှာ တိုင်းပြည်နဲ့လူမျိုးကိုတကယ် ချစ်ပြီးတော့ ကိုယ့်အသက်၊ကိုယ့်ခန္ဓာ စွန်.သွားတဲ့ အာဇာ နည် စစ်သူရဲတွေဟာ ၊သောတာပန်ပုဂ္ဂိုလ်တို့ရဲ့ သရဏဂုံ ကို မှီပြီးတော့လိုက်သွားတယ်။ သောတပန် ပုဂ္ဂိုလ်များ၏ သရဏဂုံဆိုသည်မှာ-ဒီကနေ.က စပြီး ငါ့အသက်နဲ့ခန္ဓာ ကို ဘုရား၊တရား၊သံဃာ တော် မြတ်(ရတနာသုံးပါး) အား အပ်နှင်း လိုက်ပါသည်၊စွန်.လွတ်လိုက်ပါသည်၊လှူဒန်း လိုက်ပါသည်။ ရတ နာသုံး ပါးအတွက်ထိုကဲ့သို့ စွန်.ထားခြင်းဖြစ်သည်။

ဘုရား၊တရား၊သံဃာ ရတနာ သုံးပါးနဲ့ပတ်သက်လျှင် အသက်နဲ့ခန္ဓာ ကြွေ အသေသာခံလိမ့်မည် ရတနာသုံးပါးအပေါ်ယုံကြည်တဲ့စိတ် ကိုတော့ သောတာပန် ပုဂ္ဂိုလ်တွေ ကအပျက်မခံနိုင်ပါဘူး။ သောတာပန်ရဲ့ သရဏဂုံသည် ရတနာသုံးပါးဘက်သို. ဦးတည်သွား ပါတယ် ။ ထို.အတူ အာဇာနည်စစ်သူရဲ တို. သည် လည်း တိုင်းပြည်၊လူမျိုး၊ဘာသာ၊သာသနာ အ တွက် ချစ်မြတ်နိုးပြီးတော့ ကိုယ့် အသက်၊ ကိုယ့်ခန္ဓာ စွန်.ပြီးတော့ စစ်ပွဲဝင်ကြသည်၊ကိုယ့်အသက်၊ ကိုယ့် ခန္ဓာကို၊တိုင်းပြည်နဲ့လူမျိုး၊ဘာသာ၊သာသနာ အတွက် စွန်.လွတ်ခြင်း သည် သောတာပန်တို.၏စိတ်ဓတ် နှင့် အလား ခပ် ဆင် ဆင် တူသည် ဟုဆိုရပေမည်။

သောတာပန် ပုဂ္ဂိုလ်တွေသည် ရတနာသုံးပါးအတွက် အသက်နဲ့ ခန္ဓာစွန်.ရဲ ပေ၏ ။ အာဇာနည်စစ်သူရဲ တို. သည် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊သာသနာ အ တွက် အသက်ကိုစွန်.ရဲလေ၏ ။
အသက်နဲ့ခန္ဓာ မစွန်.ရဲလျှင် စစ်ပွဲမတိုက်ရဲသလိုပဲ ထို တိုက်ပွဲ အောင် မြင် မှာ မဟုတ်သောကြောင့် စစ် သူရဲ လို.ဆိုလို လို့ရမည်မဟုတ်ပေ။ ထို့အတူ ပစ္စည်းဥစ္စာ ကုန်ခမ်းမှာကြောက်ရွံ.သောပုဂ္ဂိုလ်သည် ဒါန စစ်ပွဲ တွင် အမြဲ တမ်း ရူံးလေမည်ဖြစ်သည်။ အသက်နဲ့ခန္ဓာသေမှာ ကြောက်လျှင်စစ်ပွဲ မအောင် မြင်သ လို၊ ပေးတဲ့လှူတဲ့လုပ်ငန်းမှာလည်းပစ္စည်းကုန်မှာကြောက်လျှင်ဒါနမအောင်မြင်နိုင်ပါ ချေ။ထို.ကြောင့် ဒါနသည်စစ်တိုက်ရ တာ နှင့်တူ၏ ။

စစ်ပွဲမှာလည်းတိုင်းပြည်ချစ်တယ်၊လူမျိုးချစ်တယ်။အသက်နဲ့ခန္ဓာကိုစွန်.မည်ဆိုပြီးရည်ရွယ်ထားသော်လည်း၊အမှန်တကယ်သေဖို .ရောက် လာပြီဆိုထိုစိတ်ဓတ်တွေပျောက်ကုန်တတ်လေသည်။ကိုယ့်အသက် ကိုယ့်ခန္ဓာကိုချစ်၍ ထိုစစ်ပွဲမတိုက်ရဲတော့ပေ။

ကုသိုလ်ရေး၊ဘာသာရေး၊သာသနာရေး၊ဘယ်လောက်ပဲချစ်မြတ်နိုးတယ်ပဲပြောပြောဆိုဆို၊စီးပွားရေး ထိခိုက်လာ မည်လည်းဆိုရော နောက်ဆုတ် သွားတတ်ကြပေသည်။ ဒါနစစ်ပွဲမှာ ထိုပုဂ္ဂိုလ်ရူံးသွား တတ်ပေသည်။ အသက်နဲ့ခန္ဓာကိုယ်မစွန်.ရဲ၍ စစ်ပွဲမအောင်မြင်သလို၊စီးပွားဥစ္စာပစ္စည်း မစွန်.ရဲရင် လည်း ဒါနစစ်ပွဲမ အောင်မြင်ပေ။ထိုကြောင့်ဒါနသည်စစ်တိုက်ရသည်နှင့်တူပါသည်။

ထိုတိုက်ပွဲ ဘာကြောင့်ကျဆုံးရသလဲဆိုလျှင်လောဘနှင့်မစ္ဆရိယ (ပေးရမှာနှမြောတွန်.တို) ခြင်းကြောင့် ဖြစ်လေသည်။ စီးပွားဥစ္စာကို ချစ်ခြင်းသည် တဏှာလောဘ၊ ချစ်မြတ်နိုးတဲ့အတွက်ကြောင့် ဒီစီးပွား ဥစ္စာကို မစွန်.ချင်ခြင်းသည် မစ္ဆရိယ ထိုတရား နှစ်ခုကြောင့်ဖြစ်ပေသည်။ မိမိ၏ နှလုံးသား ထဲမှာဝင်လာ သော သဒ္ဓါနဲ့ စေတနာ သည် ထွက်ပြေးသွားကြပေသည်။ ၀င်လာတဲ့ ရန်သူတွေကလောဘ စီးပွား ဥစ္စာကိုချစ်ခြင်း၊ မစ္ဆရိယ ချစ်တဲ့စီးပွားကိုမပေးနိုင်မစွန်.နိုင်တဲ့အတွက် ထိုပုဂ္ဂိုလ်သည် ပေးလှူ ခြင်း ၌မ၀ံရဲတော့ပေ။ထိုကြောင့် စိတ်သည် စီးပွားပစ္စည်းဥစ္စာအပေါ်တွင် ကြည်နူးပြီးပျော်မွေ. နေတတ်၏ ။ ထိုစီးပွား ဥစ္စာ တွေကိုသိမ်းပိုက်ပြီးတော့ထားရတာကို သိပ်ကျေနပ်နေခြင်းသည် မကောင်းမှု.တွင် ပျော်မွေ.သူ လို.ဆို ရပေ လိမ့်မည်။

အသက်နဲ့ခန္ဓာကိုမစွန့်ရဲသောပုဂ္ဂိုလ်သည် စစ်ပွဲမှာမအောင်မြင်သလိုပဲ၊ဥစ္စာပစ္စည်း ကုန်မှာကြောက်သော ပုဂ္ဂိုလ်သည်ဒါနပေးလှူခြင်း ငှာမတတ်နိုင်ပါဘူး။
စစ်သူရဲတို.တိုက်ပွဲဝင်သောအခါ အသက်နဲ့ခန္ဓာကိုချစ်လို့်နောက်ဆုတ် တတ်သလို၊ ပေးတဲ့လှူတဲ့ စစ်ပွဲဆင် နွဲသောအခါ အလှူရှင်တို.သည်လည်း မိမိ၏ ပစ္စည်းကိုချစ်လွန်းလို့၊ မြတ်နိုးလွန်းလို. လှူမယ် ဆို ရင် နောက် ဆုတ် တတ်လေသည်။

စစ်ပွဲတွင်အသက်နဲ့ခန္ဓာကိုစွန်.ရဲတဲ့တပ်မှူး ဦးစီးတဲ့တပ်သားနည်းသော်ငြားလည်း ရန်သူများစွာနိုင်လိုက် သလို၊သဒ္ဓါ တရားအားကောင်းသည့် ပုဂ္ဂိုလည်သည်အနည်းငယ်မျှသောပစ္စည်းကို၊ စေတနာထက်သန် စွာ နှင့် အကယ်၍ ပေးလှူခဲ့ပါလျှင် ထိုသဒ္ဓါတရားအားကောင်းသောပုဂ္ဂိုလ်သည် အနည်း ငယ်မျှ သော ပစ္စည်းရှိပင်ရှိပါသော်လည်းပဲပေးလှူခြင်းသည်တတ်နိုင်ပါပေ၏ ။ ထို.ကြောင့် ပစ္စည်းအနည်း ငယ်မျှကို သဒ္ဓါတရားကြီးမားစွာ ပေးလှူသော အလှူ.ရှင် သည် လောကနောက်ဘ၀မှာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ခြင်းကိုရရှိလိမ့်မည်ဖြစ်ပေသည်။

ထို့ကြောင့် ပစ္စည်းနည်းခြင်း များခြင်းသည် ပဓါန မဟုတ်ပေ၊သဒ္ဓါစေတနာ အားကောင်းဘို.သည် ပဓါနဖြစ်ပေသည်။ငါတို.ဆင်းရဲလိုက်တာ ဆိုပြီး ဆန်လေး တစ်လုပ်တစ်ဆုတ် လှူရတာ ပစ္စည်းနည်းပေ တယ် လို.စိတ်အားတော့မငယ်သင့်ပေ။ ပစ္စည်းများသော်လည်း သဒ္ဓါတရား အားနည်းလျှင် ဒါနတိုက် ပွဲတွင် ရူံး တဲ့ပုဂ္ဂိုလ်တွေ အများကြီးပါပဲ ။ 

 မိမိတို.ဇနီး၊ခင်ပွန်း၊သားသမီးမိသားတစ်စု စားရန်တစ် နေ. စာ လေး ရှိ သော်ငြားလည်း၊ထိုတစ်နေ.စာလေးထဲမစေတနာ ၊ သဒ္ဓါတရားအပြည့် နှင့် တစ်ဝက်လောက် ခွဲပြီးလှူလိုက်ခြင်းသည် သဒ္ဓါတရား ကြီးမာလှပေသည်။ထိုကဲ့သို. ကြီးမားသော သဒ္ဓါခွန်အား လက်ကိုင် ထား၍ ပစ္စည်းအနည်းငယ်မျှကို လောဘနဲ့ နှမြောတွန့်တိုတဲ့ မစ္ဆရိယ ကို ပြတ်ပြတ်ရှင်းရှင်း တိုက်ထုတ် ပြီး ပေးလှူခဲ့လျှင်ထို စေတနာ ၊ သဒ္ဓါနှင့် ပေးလှူသည့် ဒါနသည် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာ ကြီးပွား ကြောင်း၊ချမ်းသာကြောင်း မြတ်စွာဘုရားက မိန်.တော်မူခဲ့ပါပေသည် ။

(ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ၏ ဒါနသည်စစ်တိုက်ရသည်နှင်တူ၏ တရားတော်မှ ထုတ်နုတ်ရေးသားပါသည်) 

မေစိုး။