ပဋ္ဌာန်အစွမ်း အံ့မခမ်း
သေရွာပြန် ၁၀၇နှစ် အဖွား谷氏၏ ဖြစ်ရပ်ဆန်း
(၁၈.၁၀.၁၂)ရက်တွင် TV
သတင်းလိုင်းတစ်ခုမှ သတင်းကြေငြာခဲ့၏။ ထိုသတင်းသည် လူများ စိတ်ဝင်စားကြ၍ တစ်ခြား TV
သတင်းလိုင်း(၃)ခုမှ ထပ်မံလာရောက်၍ မေးမြန်းရိုက်ကူးပြီး၊ (၁၉.၁၀.၁၂)နေ့တွင် ထပ်မံထုတ်လွှင့်ခဲ့ကြပြန်သည်။
ထုပ်လွှင့် ကြေငြာသော သတင်းမှာ…..
တောင်ယွမ်ခရိုင်၊ ဖျင်ကျန့်မြို့တွင်
နေထိုင်ကြသော မြန်မာတရုတ်လူမျိုး အဖွါး 谷氏 သည် မစားနိုင်၊ မသောက်နိုင်ဖြစ်ကာ မကျန်းမမာ ဖြစ်လာ၍ ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ရ၏။ ဆေးရုံတွင် (၃)ရက်ကြာ ကုသသော်လည်း အဖွါးရောဂါမှာ ထူးခြား မလာခဲ့၊
မသက်သာခဲ့ပေ။
ဆရာဝန်က “ အဖွါးရဲ့ အသက်အရွယ်အရ
ကုသလည်း ထူးခြား မလာနိုင်။ အကောင်းဆုံးက အိမ်ပြန်ခေါ်သွားရန်ပင်။ အလွန်ဆုံးခံလျှင်သော်မှ
(၃)ရက်မျှသာ၊”တဲ့။
ကြားရသည့် စကားအတွက် စိတ်မကောင်းသော်လည်း
မည်သို့မျှ မတတ်နိုင်တော့ချေ။ အဖွါးကို အိမ်ပြန်ခေါ်လာခဲ့ကြရ၏။ တစ်နေ့ထက် တစ်နေ့ ထူးခြားမလာခဲ့ပေ။
ဆရာဝန်သတ်မှတ်သော နောက်ဆုံးနေ့တွင် မိသားစုများစုရုံးရောက်လာကြကာ ရတနာဝါသကျောင်းမှ
ဆရာတော်ကို ပင့်ဖိတ်ပြီး၊ အန္တရာယ်ကင် ပရိတ်တရား နာယူနေစဉ် ခန့်မှန်းခြေ ရွတ်ဖတ်ချိန်
တစ်နာရီခွဲလောက် အချိန်တွင် အဖွါးသည် ပြန်လည် သတိရလာပြီး ပရိတ်တရား နာယူနေသော မိသားစုဝင်များကို
“ဘာလုပ်နေကြတာလဲ” ဟုမေးမြန်းခဲ့၏။ မိသားစုများအာလုံးပင် ၀မ်းနည်း မျက်ရည်လည်ရာမှ မျက်ရည်များသုတ်ကာ
ပြုံးပျော်ခဲ့ကြရသည်။ (TV သတင်း ကြေငြာချက်)
TV သတင်းလိုင်းများက အကျဉ်းမျှသာ
ကြေငြာခဲ့သော ဤထူးခြား ဆန်းကြယ်သည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်မှာ ၂၀၁၂ခုနှစ် မတ်လက ဖြစ်ပါ၏။
ထိုင်ဝမ်နိုင်ငံ တောင်ယွမ်ခရိုင်၊ ဖျင်ကျန့်မြို့တွင်
နေထိုင်ကြသော မြန်မာတရုတ်လူမျိုး အာတင့်ကျယ် မိသားစု၏ အဖွါး ဖြစ်၏။ (၅.၈.၁၉၀၅) ခုနှစ်တွင်
ဖွါးမြင်ခဲ့ပြီး၊ အမည်မှာ ကူစစ်谷氏 ဖြစ်ပါ၏။ အဖွါးတွင် မြေး မြစ် တီ တွတ်အားလုံး ပေါင်းလျှင်
ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ရှိနေပြီ။ မြန်မာနိုင်ငံ၌ မြစ်ကြီးးနားမြို့တွင် နေထိုင်ခဲ့ကြသော
ယူနန်တရုတ် မြန်မာ မိသားစုများ ဖြစ်ကြ၏။
ယခုအခါ ထိုင်ဝမ်နိုင်ငံ
တောင်ယွမ်ခရိုင်၊ ဖျင်ကျန့်မြို့တွင် နေထိုင်လာခဲ့သည်မှာ အနှစ်(၂၀) ကျော်ခဲပေပြီ။ တစ်ချို့က
မေးကြ၏။ အဖွါး အသက်ရှည်သည်မှာ အစားအသောက် ရွေးချယ် စားသောက်၍လော။ ကျန်းမာရေး လိုက်စား၍လော။
စသည်ဖြင့် အသက်ရှည်ကြောင်း နည်းလမ်းကောင်းကို သိလိုကြ၏။ စူးစမ်း မေးမြန်းကြ၏။ တကယ်တော့
အဖွါးသည် သူများစားသလို စားခြင်းဖြစ်ပါ၏။ သီးသန့် ရှောင်ခြင်း၊ စားခြင်းမျိုး မရှိပေ။
အာတင့်ကျယ် မိသားစုတို့သည် မြန်မာလည်း ဖြစ်၊ ယူနန် တရုတ်လူမျိုးလည်းဖြစ်၍ အချဉ် အစပ်စားသူများ
ဖြစ်ကြ၏။ ထို့ကြောင့် အဖွါးသည်လည်း အစပ်၊ အချဉ်၊ အငန် အကုန်စား၏။ အများဆုံး စားသည်မှာ
ယူနန်မလှိုင်ခြောက် (နို့ခြောက်)နှင့် နွားနို့သောက်ခြင်းပင်။ ထို့ကြောင့်ပင်လား မသိ။
အဖွါးသည် (၁၀၇)နှစ် ရောက်သည့်တိုင် သတိကောင်းမြဲ၊ ကျန်းမာရေးကောင်းမြဲ၊ အိမ်ထဲတွင်
တောင်ဝှေးဖြင့် တစ်ဒေါက်ဒေါက် လျှောက်သွားမြဲပင်။ တစ်ခါတရံ သူသိမ်းထားသော အမှတ်တရ လက်ဆောင်
ပစ္စည်းလေးများကို ထုတ်ကြည့်နေမြဲ၊ အ၀တ်အစာားသစ်များကို ၀တ်ကာ သဘောကျ နေမြဲပင်တည်း။
ဖျင်ကျန့်မြို့တွင်မူ
အဖွါးသည် အသက်အကြီးဆုံး ဖြစ်၏။ သူ့ထက်ကြီးသူ မရှိတော။့ သို့ဖြစ်၍ နှစ်သစ်ကူးနေ့နှင့်
အခြား အထိမ်းအမှတ်နေ့ ရောက်တိုင်း နိုင်ငံတော်အကြီးအကဲများ၊ လွှတ်တော်အမတ်များ၊ မြို့တော်ဝန်တို့က
အမှတ်တရ လက်ဆောင်ပစ္စည်းများကို အမြဲပေးလေ့ရှိကြ၏။ ထို့ကြောင့်အဖွါး၏ လက်ဆောင် အမှတ်တရ
ပစ္စည်းများသည် အာတင့်ကျယ်အိမ်တွင် နေရာအနှံ့ တွေ့မြင်နိုင်ပါသည်။ သီးသန့် ပြခန်းလုပ်၍ပင်
ရနိုင်လောက်ပေသည်။
(၂၀၁၂) မတ်လတွင်မူ အဖွား၏
ကျန်းမာရေးအခြေအနေသည် တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့၏။ အစားအသောက်ပင် မစားသောက်နိုင်တော့ပေ။
ထို့ကြောင့် ဆေးရုံသို့ အဖွါးကို ပို့လိုက်ရတော့၏။ ဆေးရုံတွင် (၃)ရက်ကြာ ကုသပြီးနောက်
ဆရာဝန်ပြောသည်ကား “အသက်က သိပ်ကြီး၊ အရွယ်ကလွန်နေတော့ ယခုခေတ်ဆေးဝါးတွေလည်း မတိုးတော့။
ဒီအသက်အရွယ်အတွက် သီးသန့် ဖေါ်စပ်ထားသော ဆေးဆိုတာလည်း မရှိ။ သာမန်ဆေးဝါးများသည်လည်း
ဒီအသက်အရွယ်အတွက် အကျိုးသက်ရောက်မှု မရှိနိုင့်။ ထို့ကြောင့် အားဆေးသွင်းလည်း ထူးခြား
မလာနိုင်တော့။ အစာမ၀င်၍ ပိုက်နှင့် သွင်းရန်ကလည်း မဖြစ်နိုင်တော့။ အဖွါး၏ အကြောတွေ
အားလုံး ပုံမှန် အလုပ်မလုပ်တော့။ ဆုပ်ယုတ် ဆိုင်းတွကုန်ပြီ။ အကောင်းဆုံးကတော့ အိမ်ကိုသာ
ပြန်ခေါ်သွားရန်ပင်။ အလွန်ဆုံးခံ (၃)ရက်ပါပဲ” တဲ့။ မည်သို့မျှ မတတ်နိုင်။ အဖွါးကို အိမ်ပြန်ခေါ်လာရုံမှတစ်ပါး
အခြားလုပ်စရာ မရှိတော့ပေ။
(၃)ရက်မြောက်သောနေ့တွင်
အဖွါးသည် အသက်ရှူသည်ဆိုရုံ ငွေ့ငွေ့သာ ရှူနိုင်တော့၏။ ဆာသည်။ နာသည် ကျင်သည် ဘာစကားမှလည်း
မပြောနိုင်တော့ပေ။ ထိုနေ့တွင်လည်း ဆရာဝန်ကိုယ်တိုင် အိမ်လာပြီး၊ အဖွါး အခြေအနေကို လာကြည့်၏။
မူလ သူပြောသည့်အတိုင်း မျှော်လင့်ချက် မရှိတော့ပြီတဲ့။ မည်သို့မျှ မတတ်နိုင်တော့ပေ။
အဖွါးအတွက် လုပ်စရာ ရှိသည်များကို
လုပ်ပေးရွုမှလွဲ၍ မည်သို့မျှ မကယ်နိုင်တော့ပြီ။ အဖွါး၏ ခန္ဓာကိုယ်သည် အိပ်နေကျထုံစံအတိုင်း
ဘေးသို့စောင်းလျက် ကွေးကွေးလေးပင်။ ယနေ့သည် ဆရာဝန်ပြောသော နောက်ဆုံးနေ့ ဖြစ်၏။ ထို့ကြောင့်
အာတင့်ကျယ်ဦးဆောင်ကာ အဖွါး၏ခန္ဓာကိုယ်ကို ဆွဲဆန့်ပေးကြ၏။ ဆန့်ဆန့်လေးနှင့် ပက်လက်အနေထားသို့
ပြင်ပေးကြခြင်းပင်။ အရိုးအကြောတို့သည် ဆိုင်းတွကုန်၍ ဆွဲဆန့်သောအခါ တဖျစ်ဖျစ်နှင့်
အသံပင် ထွက်လာကြ၏။ သို့သော် ယခင်ကဆိုလျှင် နာတတ်သော အဖွါးသည် ယခုမူ နာကျင်ရမှန်း မသိတော့။
မအော်နိုင်တော့ပြီ။ နာကျင် ခံစားမှုများ မရှိတော့သလိုပင်။
ထိုနေ့ ညနေ(၄း၃၀)နာရီတွင်
ရတနာဝါသကျောင်းမှ မြန်မာ ဆရာတော်ကို ပင့်ဖိတ်ကာ အဖွါး၏ နောက်ဆုံးခရီးအတွက် ကောင်းရာ
မွန်ရာ ရောက်ရှိရန် ပရိတ်တရားနာယူရန် စီစဉ်ခဲ့ကြသည်။ တုံးလုံးလှဲနေသော အဖွါးအိပ်ယာဘေးတွင်
သား သမီး မြေး မြစ်အားလုံး ဆရာတော်ထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။
ဆရာတော် မိန့်ကြားသည်မှာ…….
“ဒီနေ့ အန္တရာယ်ကင်း ပရိတ်ရွတ်သည်မှာ ရည်ရွယ်ချက်
(၂)ချက်ရှိပါ၏။
(၁) အဖွါး၏ ဒီဘ၀အတွက်
ကုသိုလ်ကံက ကုန်ပြီဆိုလျှင် သူ့အတွက် ဘ၀ကူးကောင်းစေရန်၊
(၂) အဖွါး၏ ဒီဘ၀အတွက်
ကုသိုလ်ကံက မကုန်သေးဘူးဆိုလျှင်လည်း အန္တရာယ်ကင်း ဘေးကင်းစွာနဲ့ ကျန်းကျန်းမာမာ အသက်ရှည်စေရန်
အတွက် အန္တရာယ်ကင်း ပရိတ်ကို ရွတ်ဖတ်ကြခြင်းပါ။” စသည်ဖြင့် နိဒါန်းပျိုးကာ ပရိတ်တရားတော်ကို
စတင်ရွတ်ဆိုပါသည်။ ရှေးဦးစွာ နတ်များကို ပင့်ဖိတ်ပြီး၊ အန္တရာယ်ကင်း ပရိတ်တော်ကို
သမန္တာမှ စတင်ကာ (၁)မင်္ဂလသုတ်၊ (၂)ရတနသုတ်၊
(၃)မေတ္တသုတ၊ (၄) ခန္ဓသုတ်၊ (၅) မောရသုတ်၊ (၆) ဝဋ္ဋသုတ်၊ (၇) ဓဇဂ္ဂသုတ်၊ (၈) အာဋာနာဋိယသုတ်၊
(၉) အင်္ဂုလိမာလသုတ်၊ (၁၀) ဗောဇ္ဈင်္ဂသုတ်၊ (၁၁) ပုဗ္ဗဏှ သုတ်တော်တို့ကို အစဉ်အတိုင်း ရွတ်ဖတ်သရဇ္ဈာယ်ရာ
အပြီးသို့ တိုင်ခဲ့၏။
ထိုစဉ် တရားနာပရိတ်သတ်အတွင်းမှ
အဖွါး၏မြေးတစ်ယောက်ဖြစ်သော မခင်အေးသွယ်မှ ပဋ္ဌာန်းတရားတော်ကို ရွတ်ေးပါရန် တောင်းပန်လျှောက်ထားလာရာ
ဆရာတော်မှ ပဋ္ဌာန်းတရားတော် ပစ္စယုဒ္ဒေသကို ရှေးဦးစွာ ရွတ်ဖတ်သရဇ္ဈာယ်ပြီ်း၊ ပစ္စယနိဒ္ဒေသကိုလည်း
ဆက်လက် ရွတ်ဖတ်သရဇ္ဈာယ်ရာ၊ အချိန်အားဖြင့် တစ်နာရီခွဲကြာမြင့်ချိန်၊ ပုရေဇာတပစ္စည်းကို
ရွတ်ဖတ်သရဇ္ဈာယ်နေစဉ် သတိလစ်နေပြီဖြစ်သော အဖွါးသည် အိပ်ယာမှ ထလာပြီး၊ ဆရာတော်ကို တစ်လှည့်၊
တရားနာယူနေသော မြေးမြစ်ကို တစ်လှည့် ကြည့်ရင်း “ဘာလုပ်နေကြတာလဲ” ဟု မေးမြန်းလာပါသည်။
မျက်ရည်ကျကာ ပရိတ်တရား
နာယူနေကြသော မြေး မြစ်အားလုံးတို့သည် ၀မ်းနည်းရာမှ မျက်ရည်သုတ်ကာ ၀မ်းမြောက်ဝမ်းသာ
ပြုံးပျော်လာနိုင်ကြသည်။ မြေးတစ်ယောက်မှ အဖွါးနားသွားကာ “အဖွါးအတွက် အန္တရာယ်ကင်းအောင်
ပရိတ်ရွတ်ပေးတာပါ” ဟု ပြောကာ (၃)ရက်ကျော်မျှ လှုပ်ရှားမှု မရှိခဲ့သော အဖွါး၏ ခြေ လက်တို့ကို
ဆုပ်နယ်ပေးခဲ့သည်။ ဆရာတော်မှာမူ ပဋ္ဌာန်းတရားတော် ရွတ်ဆို သရဇ္ဈာယ်ခြင်းကို မရပ်ဆိုင်းဘဲ၊
ဆက်လက်ရွတ်ဆိုနေသောကြောင့် ကျန်သော တရားနာယူသူများမှာမူ တရားတော်ကို ဆက်လက် နာယူနေခဲ့ကြပါ၏။
ပရိတ်တရား၊ ပဋ္ဌာန်းတရား နာယူပြီးနောက် ယနေ့ပြုသမျှ ကုသိုလ်ကောင်းမှုကို သတ္တ၀ါအားလုံးအတွက်
ရေစက်ချ အမျှဝေခဲ့ကြသည်။ ဆရာတော်လည်း ၀မ်းမြောက်လျက် အဖွါးကို နှုတ်ဖက်ကာ ပြန်ကြွသွားခဲ့လေသည်။
အဖွား၏ နောက်ဆုံးခရီးအတွက်
ဝမ်းနည်းစွာ ရောက်လာကြသော သားသမီး မြေးမြစ် အားလုံးတို့သည်လည်း ၀မ်းသာမျက်ရည်လည်ခဲ့ကြရသည်။
အဖွါးဆုံးခဲ့သော်…….ဆိုသော ရည်ရွယ်ချက်ဖြင့် ကျွေးမွေးရန်၊ ဧည့်ခံရန်၊ သဂြိုလ်ရန်အတွက်
ကြိုတင်ပြင်ဆင်ခဲ့သည်များလည်း မသုံးဖြစ်တော့ပေ။ ၀မ်းနည်းစွာဖြင့် ကူညီရန် ရောက်လာသော
(လီကျန်) ရပ်ကွက်လူကြီးလည်း ၀မ်းသာစွာ ပြန်သွားခဲ့လေသည်။
နောက်ရက်တွင် အာတင့်ကျယ်က
ဆရာတော်ကို မေးမြန်းလာခဲ့၏။ “အဖွါး ယခုလို ပြန်လည် အသက်ရှင်လာပြီး၊ အရင်ကထက် ပိုကျန်းမာလာသလို
၊ အစားအသောက်လည်း ပိုစားလာပါတယ်ဘုရား။ အဲဒီလိုဖြစ်နေတာဟာ လူအများ ပြောကြသလို ဖုတ်ဝင်နေတာများလား၊”
ဟူ၍ ဖြစ်ပါ၏။ (ဖုတ်ဟူသည် ဖုတ် သရဲ တစ္ဆေ စသော မကောင်းဆိုဝါး တစ်ခုခု ပူးကပ် ၀င်ရောက်နေခြင်းကို
ဆိုလိုပါသည်။)
ဆရာတော် မိန့်သည်မှာ “တကယ်လို့
အရင်က ဖုတ်ဝင်နေတယ်ဆိုလျှင်ပင် ပရိတ်၊ ပဋ္ဌာန်းရွတ်လျှင် အဆိုပါ ဖုတ်သည် ထွက်ပြေးရမြဲသာတည်း။
ယခုမူကား အဖွါးသည် ပရိတ်၊ ပဋ္ဌာန်းရွတ်ဆို သရဇ္ဈာယ်သည်ကို နာကြားရ၍ ပြန်လည် အသက်ရှင်လာပြီး၊
အရင်ကထက် ပိုကျန်းမာလာကာ ၊ အစားအသောက်လည်း ပိုစားလာသည်မှာ သံသယဖြစ်ဖွယ်ရာ ဘာမျှ မရှိပါချေ။
အဖွါးသည် ဘေးအန္တရာယ်အပေါင်း၊ ရောဂါဆိုးမအပေါင်းမှ လွတ်မြောက်ကာ အသက်ရှည်လာခြင်းမှာ
အတိတ်က သီလအကျိုးတရားများကို ယခုဘ၀တွင် အဖွါး ခံစားရခြင်းပင် ဖြစ်ကြောင်း” မိန့်ကြားတော်မူခဲ့ပါသည်။
မှတ်ချက်။ ။ TV သတင်းလိုင်းများ
ကြေငြာခဲ့သည်တွင် ကွဲလွဲချက် အနည်းငယ် ရှိပါ၏။် ရပ်ကွက်လူကြီး၏ အကြံပေးချက်ဖြင့် အဖွါးတွင်
သမီးတစ်ယောက်သာ ရှိပြီး၊ ထိုသမီးသည်လည်း လွန်ခဲ့သော အနှစ်(၂၀)ကျော်က ကားတိုက်မှုကြောင့်
ဆုံးသွားခဲ့ရာ အာတင့်ကျယ်မိသားစုမှ ကူညီစောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည် ဟု ကြေငြာခဲ့ကြ၏။
ရပ်ကွက်လူကြီး၏ အကြံအစည်မှာ အဖွါးကို စောင့်ရှောက်ရာတွင် အာတင့်ကျယ် မိသားစုကို တာဝန်မကြီးစေရန်၊
အစိုးရ အထောက်အပံ့ ပိုမို ရရှိစေရန်အတွက်ပင် ဖြစ်ပါသည်။ အမှန်တကယ်မှာ် အဖွါးတွင် မိသားစု
ရှိကြပါ၏။ ထိုဆုံးသွားခဲ့သော အဖွါး၏ သမီးမှာ အာတင့်ကျယ်၏ အမေပင် ဖြစ်ပါသည်။
နောက်ဆက်တွဲ ဖြစ်ရပ်။
။
(၂၂.၁၀.၂၀၁၂) နေ့တွင် TV သတင်းလိုင်းတစ်ခုဖြစ်သော
Sanlih E-Television မှ ထပ်မံ၍ အဖွါးအကြောင်းကို သတင်းလာယူ ရိုက်ကူးပြန်၏။ ဒီတစ်ကြိမ်တွင်မူ
ရတနာဝါသကျောင်း ဆရာတော်ကိုလည်း တွေ့ဆုံ မေးမြန်း ရိုက်ကူးခဲ့ကြ၏။ မေးမြန်းသည့် အကြောင်းအရာမှာ…..
(၁) မေး။ ။ အရင်က ဒီလိုမျိုး
လူကောင်း ပြန်ဖြစ်လာတာမျိုး ကြုံဘူးပါသလား။
ဖြေ။ ။ ဒီလိုမျိုး မတွေ့ဖူးပါ။
ပရိတ် ပဋ္ဌာန်းရွတ်၍ ရောဂါကင်းတာ၊ အန္တရာယ်ကင်းတာ၊ ဘေးကင်းတာ၊ အနှေင့်အယှက် ကင်းတာမျိုးတော့
တွေ့ဖူးပါ၏။ ယခုလို အသက်ရာကျော် ရှည်သောလူ၊ သေခါနီးလူတစ်ယောက် ပရိတ် ပဋ္ဌာန်းနာယူ၍
ပြန်လည် ရှင်သန်လာခြင်းမျိုး မတွေ့ဖူးပါ။
(၂) မေး။ ။ ဘာတွေ ရွတ်ဖတ်ပေးခဲ့ပါသလဲ။
ဖြေ။ ။ ရှေးဦး စကြာဝဠာ
အပေါင်း နတ် ဗြဟ္မာတို့နှင့် သတ္တ၀ါအပေါင်းတို့ကို တရားနာ ပင့်ဖိတ်၍ ပရတ်ကြီး (၁၁)သုတ်ကို
ရွတ်ပါတယ်။ ဆက်လက်ကာ ပဋ္ဌာန်းတရား ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသကိုလည်း အစဉ်အတိုင်း ရွတ်ဆိုပေးခဲ့ပါတယ်။
(၃) မေး။ ။ ဒီကိစ္စအပေါ်
ဘယ်လို ယူဆပါသလဲ။ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အတိတ်က သီလစောင့်ထိန်းခဲ့သောကြာင့်
အဖွါး ဒီဘ၀မှာ အသက်ရှည်ရတာ ဆိုတဲ့ ကံနှင့် ကံ၏အကျိုးတရားပါလို့ ရှုမြင်ပါတယ်။ ဒါက တစ်ချက်၊
နောက်တမျိုးကတော့ အတိတ်ကံကြောင့်
အဖွါး ဒီဘ၀မှာ အသက်ရှည်ရတာ ဆိုရင်လည်း ရိုးရိုးသားသား သာမန်ဖြင့် (ခုလိုမျိုး မဖြစ်ဘဲ)
ရှည်လို့ရသားပဲ။ ဘာဖြစ်လို့ ထူးဆန်း အံ့သြဖွယ်တွေ ဖြစ်ပေါ်ပြီးမှ အဖွါးက ဆက်လက် အသက်ရှည်ရတာလဲလို့
တွေးစရာ ပေါ်လာတယ်။ ဒီလို ထူးဆန်း အံ့သြဖွယ်တွေ ဖြစ်ပေါ်ပြီးမှ အဖွါးက ဆက်လက် အသက်ရှည်ရတာမှာ
ထူးခြားတဲ့ ရည်ရွယ်ချက် ရှိဟန်တူပါတယ်။ ယခုခေတ်ကာလ သား သမီးများသည် ဘာသာတရား ယုံကြည်မှု
အားနည်းလာကြသလို၊ အရာရာကို လက်တွေ့မှသာ ယုံကြည်ချင်ကြ၏။ ထို့ကြောင့် အဖွါး၏ မြေး မြစ်
မိသားစုတွေ ဘာသာတရားကို ပိုမိုပြီး ယုံကြည် သက်ဝင်လာစေရန် သာသနာစောင့် နတ်ကောင်း နတ်မြတ်တွေက
စောင့်ရှောက်ကူညီပြီး ယခုလိုမျိုး လက်တွေ့ပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ယခုအခါ အဖွါး 谷氏 နှင့် အာတင့်ကျယ် 寸阿定
မိသားစုတို့သည်
桃園縣平鎮市 龍南路430巷60弄3號7樓 တွင် နေထိုင်လျက် ရှိပါသည်။ စိတ်ဝင်စားသူတိုင်း အာတင့်ကျယ် 寸阿定ကို ၀၉၁၃၆၆၈၀၁၀ ဖြင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တက္ကသိုလ် မောင်ကိုရင်
(1.11. 2012)
平鎮市長陳萬得前往探訪107歲谷氏老太太,並致重陽賀禮。記者林麗如/攝影 |
桃園平鎮市長陳萬得前往探訪107歲谷氏老太太
重陽前夕,平鎮市長陳萬得探訪平鎮最年長人瑞谷氏,致贈重陽敬老金。谷氏今年107歲,昨天特地打扮、擦上指甲油,精神矍鑠等待訪客。谷氏今年3月一度因不吃不喝,被送
往醫院住3天,醫院放棄治療,要家人帶回,家人請來師父頌經,葬儀社人員也來待命。神奇的是,1小時半後,谷氏張大眼睛問大家:「你們在做什麼?」
3月迄今,谷氏復元良好,完全不知道自己從鬼門關繞一圈,地方人士、里長、鄰居都嘖嘖稱奇。可貴的是,照顧谷氏20多年的谷方仁、寸阿定夫妻,與谷氏沒有血緣關係,只是同為緬甸華僑,基於同鄉情誼,在老太太女兒車禍喪生、女婿病故後,擔心她一人生活,遂接回家中奉養至今。
80歲的谷方仁和69歲的寸阿定,義行感動鄰里,鄰居羅芝屏說,早年,谷方仁夫妻要上班,有時左鄰右舍會來接班照料。谷老太太年輕時有一雙巧手,沒有難的倒她的手藝,舉凡縫衣服、自製鞋子,既要求完美也堅持省錢。
羅芝屏說,老奶奶很愛美,遇到重要節日一定要精心打扮,她常為老奶奶擦指甲油,有一回選色太淡,老奶奶還要求「擦紅一點」,偶爾她也會幫老奶奶噴些香水、擦口紅和粉,老奶奶會開心半天。東安里長戴珮宜說,谷氏今年一度命危,幸好寸阿定照顧得宜,讓大家還有機會探視老奶奶。
寸阿定說,谷氏長壽沒有秘訣,她也喝茶、喝咖啡,更愛吃酸的、辣的,大家吃什麼她都跟著吃。寸阿定說,谷氏和家人有緣,以前她和先生忙於工作,谷氏常幫忙照顧小孩,讓他們工作沒有後顧之憂。
全文網址: 3月走過鬼門關 107歲嬤老康健 | 桃竹苗 | 地方新聞 | 聯合新聞網 http://udn.com/NEWS/DOMESTIC/DOM3/7440155.shtml#ixzz29tWndFTD
Power By udn.com
107歲人瑞彌留病危 親友誦經「吵活」
桃園平鎮一名高齡107歲的人瑞谷氏,在今年3月一度彌留,親友在收到病危通知後,找來法師誦經,準備幫她處理後事,沒想到她竟醒了過來!不過剛開始,谷 氏無法進食,家人只好把鮮奶滾熱,撈起浮在上面的油膜,慢慢餵她吃,結果谷氏不但恢復健康,身體還比以前更硬朗。
拄 著拐杖走出房間,滿頭 白髮的谷氏,雖然步伐緩慢,但元氣滿滿,已經高齡107歲的她,是桃園平鎮最長壽的人瑞,愛漂亮,還在手上塗了漂亮指甲油,不過今年3月,她一度彌留,親 友更打算著手處理後事。友人谷太太:「念經念完大概1個半小時,1個多小時左右,她就睜開眼睛了,她眼睛一打開,然後問我說,你們在做什麼。」
原 以為谷氏不久於人世,沒想到親友的唸經聲,竟把她「吵醒」,但前3天都無法進食,家人只能把鮮奶滾熱,撈起浮在上面的油膜,慢慢餵她吃,結果谷氏身體比以 前更硬朗,從冰箱拿出冷凍油膜切絲,加上糖、咖啡、奶粉一起沖泡,鄰居谷太太和谷先生,每天照三餐幫她準備,營養師表示,鮮奶煮熟凝固後,精華全鎖在油膜 裡,確實有助營養補充。
來自緬甸的谷氏,40年前因為女兒去世,在台灣頓失依靠,好在有同鄉的谷先生和太太照料,不僅把她當成家人,還幫忙從死神手裡奪回,不過這場病痛,對她來說,好像只是從睡夢中醒來般。