Monday, November 26, 2012

ခေါင်းနဲ့ကိုယ်ပမာ မြန်မာနဲ့ဗုဒ္ဓသာသနာ


ခေါင်းနဲ့ကိုယ်ပမာ မြန်မာနဲ့ဗုဒ္ဓသာသနာ

ပုဂံခေတ် ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းတို့ မြန်မာ့မြေမှာ သာသနာ့မျိုးစေ့ စတင်ချခဲ့သည်မှစပြီး ယနေ့အချိန်ထိအောင် မြန်မာလူမျိုးနဲ့ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနဲ့မြန်မာလူမျိုးဆိုတာ မခွဲမခြားတစ်သားတည်း ရှိခဲ့ကြပါတယ်။ မြန်မာလူမျိုးလို့ဆိုလိုက်တာနဲ့ ရှေ့က ဗုဒ္ဓဘာသာလို့ပါမှ ခေါ်ရတာ အရသာရှိသလို အနှစ်သာရ လည်းပြည့်ဝတယ်လို့ ထင်ရပါတယ်။ ဗုဒ္ဓဘာသာလို့ ဆိုလိုက်ပြန်ရင်လည်း နောက်က မြန်မာလူမျိုးလို့ဆိုပြီးပါမှ ပိုပြီးပြည့်စုံတယ်လို့ ထင်ရလောက်အောင်ပါပဲ။

လူတစ်ယောက်မှာ ဦးခေါင်းမရှိရင် အသက်ဆက်မရှင်နိုင်သလို ခန္ဓာကိုယ်မရှိလည်း အသက်မရှင်နိုင်နိုင်ပါဘူး။ ဦးခေါင်းရော၊ ခန္ဓာကိုယ်ပါ နှစ်ခုလုံးပြည့်စုံမှ လူ့ဘဝကြီးဟာ အသက်ဆက်ရှင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ မြန်မာလူမျိုးနဲ့ ဗုဒ္ဓသာသနာဟာလည်း လူတစ်ယောက်မှာရှိတဲ့ ဦးခေါင်းနှင့်ခန္ဓာကိုယ်ပမာ အမြဲတမ်းဒွန်တွဲ လျက်ရှိပါတယ်။ မြန်မာလူမျိုးတွေကြောင့် ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာပြည်မှာ ရေရှည်တည်တံ့နေ သလို ဗုဒ္ဓသာသနာတော်မြတ်ကြီးကြောင့်လည်း မြန်မာလူမျိုးတွေ ဘုန်းတန်ခိုးကြီးခဲ့ရပြီး စစ်မှန်တဲ့ ဓမ္မရသ ကိုလည်း ခံစားခဲ့ရပါတယ်။

ယနေ့အမိမြန်မာပြည်မှာသာသနာတော်မြတ်ကြီး နေလိုလလိုထွန်းလင်းတောက်ပနေတာဟာ မြန်မာလူမျိုး တွေကထောက်ပံ့လှူဒါန်းနေကြလို့ပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေကသာ ထောက်ပံ့လှူဒါန်းမှု မရှိဘူးဆိုရင် သာသနာတော်မြတ်ကြီးလည်း အမိမြန်မာပြည်မှ ရွေ့လျားသွားနိုင်ပါတယ်။ ပုဂံခေတ်မှစပြီး ယနေ့ချိန်ထိအောင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ သာသနာရေးဆိုင်ရာကိစ္စအဝဝတွေအတွက် မြန်မာလူမျိုးတွေက ထောက်ပံ့လှူဒါန်းခဲ့ကြ တဲ့ငွေကြေးပမာဏဟာ ကုဋေကုဋာ သင်္ချာ ဘယ်၍ဘယ်မျှ ဂဏန်းချ၍တောင် ရေတွက်ပြဖို့ မစွမ်းနိုင်လောက်တော့ပါဘူး။

အဲဒါကြောင့်မို့ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် အလွန်တစ်ရာမှ ကျေးဇူးများလှတဲ့ လူမျိုးများဖြစ်ပါတယ်။ သစ်ပင်တစ်ပင်မှာ ရေသောက်မြစ်ဟာ အရေးကြီးသလို ဗုဒ္ဓသာသနာတော်မှာလည်း မြန်မာလူမျိုးတွေတည်တံ့မှ ဗုဒ္ဓသာသနာတော်မြတ်ကြီးဟာလည်း အရှည်ခန့်မှာဖြစ်ပါတယ်။ ယနေ့ ဗုဒ္ဓသာသနာတော်မြတ်ကြီး ရေရှည်တည်တံ့နိုင်ဖို့ သာသနာ့တာဝန် ထမ်းဆောင်နေကြတဲ့ ရဟန်းသာမဏေများ မှာလည်း မြန်မာလူမျိုးများဖြစ်သလို ထောက်ပံ့ လှူဒါန်းနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း မြန်မာလူမျိုးများသာ ဖြစ်ပါတယ်။

 “ဘယ်ဘာသာခြား ဘယ်လူမျိုးခြားတွေကမှ ဗုဒ္ဓသာသနာ့တာဝန်ကို လာပြီးထမ်းဆောင်နေကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဆွမ်းတစ်ဇွန်း၊ ကျောင်းတစ်ဆောင်၊ ဆေးတစ်ပြား၊ ပေတစ်ရွက်ဆိုပြီး လာပြီးလှူဒါန်း နေကြတာမျိုးမရှိပါဘူး။ ဒါကြောင့်မို့ မြန်မာလူမျိုးများ မျိုးတုံးပျောက်ကွယ်သွားပြီးဆိုရင် ဗုဒ္ဓသာသနာတော်မြတ် ကြီးလည်း အလိုလိုရွေ့လျားသွားမယ်ဆိုတာ အသေအချာပါပဲ။”

သာသနာတော်အတွက် ဤရွေ့ဤမျှ ကျေးဇူးကြီးမားလှတဲ့ မြန်မာလူမျိုးတွေကို ယခုအချိန်မှာ လူမျိုးခြား ဘာသာခြားတွေက စီးပွားရေးကို မက်လုံးပေး၊ မြန်မာမိန်းကလေးတွေကို ရသလောက်ယူ၊ ကလေးတွေကို လည်း ရသလောက်မွေး၊ နောက်ပြီးမွေးလာတဲ့ကလေးတွေကိုလည်း သူတို့လူမျိုး၊ သူတို့ဘာသာထဲ သွတ်သွင်းပြီး သွေးနှောမျိုးဖျက်တဲ့စနစ်ကြောင့် မြန်မာတစ်မျိုးသားလုံး မျိုးတုံးပျောက်ကွယ်မည့် ဥာတိဗျသန ဘေးကြီးနဲ့တွေ့ကြုံနေရပါတယ်။ ဒီအခြေအနေအရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာတော် ဆိုင်ရာ အဖွဲ့အစည်းအားလုံးမှ ဆရာတော်သံဃာတော်များနှင့်လူပုဂ္ဂိုလ်များအနေဖြင့် သာသနာတော်အတွက် ကျေးဇူးကြီးမားလှတဲ့ မြန်မာလူမျိုးများ၊ လူမျိုးခြား၊ ဘာသာခြားတွေရဲ့ ဝါးမျိုခြင်းခံရမည့် ဥာတိဗျသနဘေးကြီး ကို တတ်နိုင်သမျှအချိန်မှီ တားဆီးကာကွယ်သွားကြဖို့ လိုအပ်နေပါပြီ။

ဒီလိုတားဆီးကာကွယ်သွားတဲ့နေရာမှာလည်း လူမျိုးခြား ဘာသာခြားတွေကို မလိုမုန်းထားရှိတဲ့ စိတ်မျိုးနဲ့ မဟုတ်ဘဲ သာသနာတော်မြတ်ကြီးရဲ့ ရေသောက်မြစ်သဖွယ်ဖြစ်တဲ့ မြန်မာလူမျိုးများ မတိမ်ကောမပပျောက် လိုတဲ့ စေတနာမေတ္တာတွေဖြင့်လည်းကောင်း၊ မြန်မာလူမျိုးများ မိစ္ဆာဒိဋ္ဌိအယူရှိသူတွေရဲ့ လွှမ်းမိုးဝါးမျိုခံရမည့် ဘေးကို အစဉ်သနားဂရုဏာထားသောအားဖြင့်လည်းကောင်း၊ စွမ်းနိုင်သလောက် တားဆီးကာကွယ်သွားကြဖို့ အကြံပြုတိုက်တွန်းလိုတာပါ။

ဖြစ်ပေါ်လာမည့်အရေးကိုမျှော်တွေးပါ
မြတ်စွာဘုရားရှင်ဟာ သတ္တဝါအပေါင်းကို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ အဓိကထားပြီး ဟောကြားတော်မူခဲ့ပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ လိုနာကျင့်သုံးတတ်သူတိုင်း လောကုတ္တရာရေးရာသာမက လောကီရေးရာကိစ္စများမှာလည်း များစွာအကျိုးရှိနိုင်ပါတယ်။ သာဓကတစ်ခု အနေနဲ့ “သတ္တနိပါတ် ကောဋသိမ္ဗလိဇာတ်မှာ သေကၤယ် သကိတဗၺာနိ ရေကၡယ်နာဂတံ ဘယံ” အစခ်ီတဲ့ ဂါထာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ခုရောနောင်ပါ နှစ်ဖြာသော လောကအကျိုးကို မျှော်ကိုးပြီး ကြိုတင်စိုးရိမ် ကာ ဆင်ခြင်ပြုလုပ်သင့်ကြောင်း ညွှန်ကြားတော်မူခဲ့ပါတယ်။ ပညာရှိပုဂ္ဂိုလ်ကြီးများဟာ ဂါထာရဲ့ သဘောဓိပ္ပာယ်ကိုနွယ်ပြီး အောက်ပါအရေးကိစ္စများကို သတိပေးခဲ့ကြပါတယ်။


၁။ ညောင်စေ့ကလေးမှ ညောင်ပင်ကြီးဖြစ်လာမည့်အရေးကိုမြင်လျှင် ကြိုတင်စိုးရိမ်ပြီး အမြန်ဖယ်ရှားပစ်သင့် ပါတယ်။


၂။ ကြွေးမြီကလေးများကို မထီမဲ့မြင်မပြုဘဲ လျှင်မြန်စွာရှင်းလင်းသင့်ပါတယ်။


၃။ မီးကြွင်းမီးကျန်များကို အနည်းငယ်လေးပဲလို့ အမှတ်မဲ့မေ့လျှော့ပေါ့ဆခြင်းမရှိဘဲ အမြန်ဖယ်ရှား မီးငြိမ်းသတ်ရပါမယ်။


၎။ ရန်ငြိုးတစ်စုံတစ်ရာရှိလာလျှင် ပေါ့လျှော့မနေဘဲ သတိပြုဂရုစိုက်ကာ တစ်နည်းနည်းဖြင့် ဖျောက်ပျက်အောင် ကြိုးစားပြီးရှင်းလင်းရပါ့မယ်။ မပြောပလောက်တဲ့ ရန်စကလေးက တဖြည်းဖြည်းကြီးထွားလာတတ်တာကို ကြိုတင်စိုးရိမ်ရပါ့မယ်။


၅။ ရောဂါတစ်စုံတစ်ရာ ကပ်ရောက်လာပြီဆိုရင် အရေးမကြီးပါ၊ ကိစ္စမရှိပါဆိုပြီး ဂရုမပြု အလေးမထားခြင်း မလုပ်ဘဲ ရောဂါနုစဉ်ကတည်းက အမြန်ပျောက်ကင်းအောင် ကုစားရပါ့မယ်။


၆။ မိမိတို့ အမျိုးသား အမျိုးသမီးများ သိုက်မြိုက်အေးချမ်းစွာနေထိုင်တဲ့ နိုင်ငံတွင်းသို့ အမျိုးမတူ ဘာသာမတူတဲ့ လူမျိုးကွာများ အတည်တကျနေထိုင်ကြရန် ဝင်ရောက်လာပါက ပေါ့လျော့စွာမနေဘဲ အရေးယူကာကွယ်မှုများ ပြုလုပ်ရပါ့မယ်။ နိုင်ငံခြားမှ ဇာတ်မတူဘဲ လူမျိုးကွဲတွေ တစ်စတစ်စ ကြီးပွားပေါများလာရင် တိုင်းရင်းသားများကို လွှမ်းမိုးဝါးမျိုသွားနိုင်ပါတယ်။


၇။ မိမိတို့ကိုးကွယ်တဲ့ သာသနာကို ထိခိုက်နှောက်ယှက်လာတဲ့ သာသနာ့တစ်မျိုးဝင်လာရင် လျှင်မြန်စွာ ဖယ်ရှင်းအောင် ပြုလုပ်ရပါ့မယ်။ အဲဒီပုဂ္ဂိုလ်တို့ ဓလေ့ထုံးတမ်းများတွင်ကျယ်လာရင် မိမိတို့ကိုးကွယ်တဲ့ ဘာသာသာသနာများ ညှိုးမှိန်ပျက်စီးသွားတတ်ပါတယ်။


၈။ မိမိတို့ ပိုင်ဆိုင်တဲ့မြေကွက်များ မဆိုင်သူများဝင်လာရင် လျှင်မြန်စွာဖယ်ရှားပစ်သင့်ပါတယ်။အနေကြာလာတဲ့ အခါ မြေရှင်ကိုတော်လှန်ဒုက္ခပေးတတ်ပါတယ်။


၉။ မိမိတို့သားသမီး၊ တူသားမောင်မယ်များ မကောင်းတဲ့အမူအကျင့်၊ အပြောအဆို၊ အနေအထိုင်များ တွေ့မြင်သော်မိရိုးဖလာယဉ်ကျေးမှုများကို သင်ကြားပြုပြင်ပေးပြီး အကျင့်ဆိုးများ၊ အမြစ်မတွယ်ခင် လိမ္မာရေးခြားရှိအောင် ကြိုတင်ကာကွယ်စောင့်ရှောက်ရပါ့မယ်။

ရှင်တော်မြတ်ဘုရားရဲ့ အထက်ပါဂါထာဟာ ကြိုတင်ကြံဆ စိုးရိမ်ရမည့် အရေးကိစ္စတို့ကို သတိပေးထားရာ လောကီအရေးတွေမှာလည်း အလွန်အကျိုးကြီးမားကြောင်း တင်ပြလိုက်ရပါတယ်။
ကိုးကား။ ။ ဒို့အမျိုးဒို့ဘာသာ မကွယ်ပျောက်စေဖို့စာအုပ်(ဖိုးပညော- သပိတ်ကျင်း)
ဘာသာ သာသနာကိုချစ်မြတ်နိုးသူတိုင်း တစ်ဆင့်မျှဝေပေးစေချင်ပါသည်။


စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)