Tuesday, July 3, 2012

Rebirth ( ပြန်လည်မွေးဖွားခြင်း )



Rebirth ( ပြန်လည်မွေးဖွားခြင်း )

အခုချိန် ဂျွန်လမှာဘုံဘေရာသီဥတုက ရန်ကုန်ရာသီဥတုနှင့်မခြား မိုးရွာရင် နေလို့ကောင်းသော်လည်း မိုးမရွာတဲ့နေ့များ ဆိုရင် အပြင်ထွက်လို့ကတော့ ချွေးတဒီးဒီးနဲ့ စပ်ဖျင်းဖျင်း၊ မိုးရွာပြန်ရင်လဲ တောက်လျောက် စိုထိုင်းထိုင်းမို့ ရွာလျင်လဲ ကောင်း၊ မရွာကောင်း ဆိုသလို ဖြစ်နေတယ်၊ 22 ရက်နေ့ကတော့ မြကျွန်းသာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ဆရာတော် ဖြစ်တဲ့ ဒေါက်တာ ပါရမီ ရဲ့ ဒေါက်တာဘွဲ့အ တွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ Viva Oral  Exam လို့ခေါ်တဲ့ ဘိုင်ဘာထိုင်ခြင်းအစီအစဉ်ရှိတာကို ကြုံဖူးချင်တာကြောင့် လိုက်သွားဖြစ်တယ်၊ ဒီအဆင့်ပြီးသွားရင် University Procedure အတိုင်း ဖောင်ဖြည့်စရာရှိ တာဖြည့်ပြီး   အောင်လက်မှတ်ထုတ် ယူရုံပဲ ရှိတော့တယ်၊

အင်တာဗျူးအစီအစဉ်လဲ ပြီးရော ပရော်ဖက်ဆာကြီးနဲ့ Guide လို့ခေါ်တဲ့ ကိုယ့်ရဲ့အနီးကပ် supervisor ကို ထမင်းဆိုင်မှာ ဧည့်ခံကျွေးမွေးတယ်ပေါ့၊ အဲဒီမှာ ထမင်းသုံးဆောင်ကြရင်း စကားစမည်ပြောကြရာက အဖော်လိုက်လာတဲ့ သူငယ်ချင်း တပါးကို ပရော်ဖက်ဆာကြီးက ကျမ်းပြုနေ တဲ့ခေါင်းစဉ်အကြောင်းမေးလိုက်တယ်၊ ဒီတော့ သူငယ်ချင်း စာတတ်ပေတတ် ဦးဇင်းက ပြန်လည် ဖြေကြားရင်း ကံအကြောင်းကို ရေးနေတာဖြစ်ကြောင်း၊ ကံအကြောင်းက အင်မတန် ကျယ်ဝန်းတာ ကြောင့် နယ်ပယ်တခုအနေနဲ့ Theravada Point of View အရ ရေးနေတဲ့အကြောင်း၊ ရှင်းပြတာကို ငါကတော့ ကံကိုလဲ မယုံဘူး၊ rebirth ပဋိသန္ဓေနဲ့  re-incarnation ပြန်လည်ဝင်စားခြင်း လူဝင်စား ဆိုတာကိုလဲ မယုံဘူး ဆိုပြီး ဖြေပါလေရော၊ အဲဒီမှာ မဟုတ်မခံ ပြန်ပြောတတ်တဲ့သူငယ်ချင်းနဲ့ ပရော်ဖက်ဆာကြီးတို့ အခြေအတင် ဆွေးနွေးပွဲလေး ဖြစ်တာ ဆွမ်းကို တောင် မနည်းမြိုချခဲ့ရတယ်၊ စိတ်ဆတ်သူနှစ်ယောက်တွေ့ကြတာ ဆိုတော့ အခြေအနေဆိုးသွားမှာကြောင့် ပူခဲ့ရတာပါ။

တဆက်တည်းမှာ တွေးဖြစ်တာက Mumbai University မှာ လုပ်သက်နှစ်ပေါင်း ( ၃၂ ) နှစ်ကျော်ရှိ လာပြီဖြစ်တဲ့ Professor ကြီးတစ်ယောက်က ဒီစကားပြောတာကို ကြားလိုက်ရတော့ စာရေးသူတော် တော်အံ့သြသွားတယ်၊ rebirth ဆိုတဲ့စကားလုံးကို ပြန်လည်တွေးဖြစ်ရင်းက rebirth နဲ့ပက်သက်ရင်း လူသားအားလုံး ဘာသာအားလုံးနဲ့ သက်ဆိုင်မယ် ထင်တာကြောင့် ဒီဆောင်းပါးကို ရေးဖြစ်သွားတယ်၊ မူရင်းဖြေဆိုသူ သြစတေးလျရဟန်းတော် S.Dhammika ရဲ့ Good Question and Good Answer စာအုပ်လေးကို မလေးရှားကို ရောက်စဉ်တုံးက တွေ့မိပြီး သိမ်းထားရာကကော်နှုတ် ဖော်ပြလိုက်ပါတယ်..

Where do we humans come from and where are we going?

There are three possible answers to this question. Those who believe in a god or gods usually claims that before individuals are created, they do not exist. They then come in to being through the will of god. They live their lives and then, according to what they believe or do during their life, they go either of eternal heaven of eternal hell. There are others, humanists and scientists, who claims that the individual comes in to being at conception due to natural causes, lives and then at death, ceases to exist. Buddhism does not accept either of these explanations. 

The first gives rise to many ethical problems. If a benevolent god really creates each of us, it is difficult to explain who so many people are born with the most dreadful deformities, or why so many babies are miscarried just before birth or are still born. Another problem with the theistic explanation is that it seems very unjust that a person should suffer eternal pain in hell for what they did in just 60 or 70 years on earth. Sixty or 70 years of non-beliefs or immoral living does not seem to deserve eternal torture. Likewise, 60 or 70 years of virtuous living seems a very small outlay for eternal bliss in heaven.

The second explanation is better than the first and has more scientific evidence to support it but still leaves important questions unanswered. How can a phenomenon so amazingly complex as human consciousness develop form the simple meeting the sperm and the egg and in just nine months? And now that parapsychology is a recognized branch of science, phenomena like telepathy are increasingly difficult to fit in to the materialistic model of the mind.
Buddhism offers the most satisfactory explanation of where humans come from and where they are going. When we die, the mind with all the tendencies, preferences, abilities and characteristics that have been developed and conditioned in this life, re-establishes itself in a fertilized egg. Thus the individual grows, is reborn and develops a personality conditioned both by the mental characteristics that have been carried over from the last life and by the new environment.
The personality will change and be modified by conscious effort and conditioning factors like education, parental influence and society. At death, it will once again re-establish itself in a new fertilized egg. This process of dying and being reborn will continue until the conditions that cause it, craving and ignorance, cease. When they do, instead of being reborn, the mind attains a state called Nibbana( Nirvana ) and this is the ultimate goal of Buddhism and the purpose of life.

မေး။  ။ လူသားတို့သည် ဘယ်ကဖြစ်လာပြီး ဘယ်ကို သွားကြရမှာပါလဲ..

ဖြေ။  ။ ဤမေးခွန်းအတွက် ဖြစ်နိုင်သောအဖြေ သုံးမျိုးသုံးစားရှိပါသည်၊ ဘုရား သို့မဟုတ် ဖန်ဆင်းရှင်၊ တန်ခိုးရှင်များကို ယုံကြည်ကြသူများက လူသားသည် အစက မရှိဟု ယုံကြည်ကြသည်၊ ဘုရားက ဖန်ဆင်းသဖြင့် လူသားဖြစ်လာရသည်ဟု လက်ခံကြသည်၊ လူသားသည် ဘုရား၏ အလိုတော်အရ ဖြစ်လာသည်ဟု  ယူဆကြသည်၊ ဘုရားအလိုကျ လူဖြစ်လာသည်၊ လူသားတယောက်အဖြစ် အသက် ရှင်ပါသည်၊ ထို့နောက် လူ့ဘ၀တွင် ယုံကြည်သည့်အတိုင်း သို့မဟုတ် သူ့လုပ်ရပ် အတိုင်း သေသွားသောအခါ ထာဝရကောင်းကင်ဘုံသို့၎င်း၊ ထာဝရငရဲသို့၎င်း ရောက်ရသည် ဟု သက်ဝင် ယုံကြည်ကြ သည်၊ ဤအယူအဆက တစ်မျိုးပါ၊

လူသားဝါဒကို လက်ကိုင်ထားသူများနှင့် သိပ္ပံပညာရှင်များ၏ အယူအဆလည်း ရှိသေးသည်၊ သူတို့အယူအဆအရ လူသားသည် သဘာဝအကြောင်းတရားကြောင့် ပဋိသန္ဓေတည်သောအချိန်မှစ၍ လူသားဟု ဖြစ်လာသည်၊ လူတစ် ယောက်အဖြစ် မွေးဖွား အသက်ရှင်ပြီး နောက်ဆုံးတွင် သေဆုံး ပျောက်ပျက်သွားသည်၊ ဗုဒ္ဓဘာသာသည် အထက်တွင် ဖော်ပြခဲ့သော အယူအ ဆနှစ်ရပ်လုံးကို လက်မခံပါ။

ပထမအယူအဆသည် လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာများစွာကို ဖြစ်ပွားစေသည်၊ ကောင်းသော ဘုရားသည် လူသားများ အား ဖန်ဆင်းခဲ့သည် မှန်ခဲ့ပါလျင် လူတော်တော်များများသည် ကြောက်စရာ ပုံပျက် ပန်းပျက်မွေးဖွားလာရခြင်းနှင့် ပက်သက်၍ ရှင်းပြနိုင်ရန် ခက်ခဲလှသည်၊ အချို့သောကလေး များမှာ မိခင်ဝမ်းတွင်းမှာပင် ပျက်စီးသွားရခြင်း၊ အင်္ဂါခြေ လက်မစုံလင်ပဲ မွေးဖွားလာရခြင်း၊ သို့မဟုတ် မွေးပြီးခါစမှာပင် ပျက်စီးသွားရခြင်း စသည့်ဖြစ်ရပ်များကို ဖြေရှင်းရန် ခက်ခဲလှသည်၊ ဖန်ဆင်းခဲ့သည်မှန်လျင် မျက်နှာလိုက်ရာ အဂတိလိုက်ရာ ရောက်နေပေလိမ့်မည်။

နောက်တစ်ချက်မှာလူသားအဖြစ်ကြီးပြင်းလာပြီးအသက်ရှင်သန်ရသည့်နှစ်၆၀သို့မဟုတ်၇၀ကာလအတွင်းလုပ်ဆောင်ခဲ့မှု များကြောင့်ထာဝရငရဲတွင် ခံရသည်ဆိုသည်မှာလဲ မမျှတသည့် သဘောရှိနေသည်၊ နှစ်ပေါင်း ၆၀/ ၇၀ ကာလမျှ မယုံကြည်ခြင်း၊ မမြတ်သော အသက်ရှင်ခဲ့မှုအတွက် ထာဝရနှိပ်စက်ခံရခြင်း ဆိုသည်မှာ မဖြစ်ထိုက်သော ကိစ္စပင်။ ထိုနည်းတူပင် နှစ်ပေါင်း ၆၀ မျှ ကောင်းစွာအသက်ရှင်နေခြင်းသည် ထာဝရကောင်းကင်ဘုံသို့ ရောက်ရှိစေသော အကြောင်း တရားဟု ယူဆရန်မှာလည်း ကြောင်းကျိုးယုတ္တိ မဆီလျော်ပေ။ အထက်ဖော်ပြပါ ရှင်းလင်းချက် နှစ်မျိုးအနက် ဒုတိယရှင်းလင်းချက်မှာ ပထမအဖြေထက် ပိုကောင်းသည်၊ ဒုတိယရှင်းလင်းချက်အတွက် အထောက်အကူဖြစ်စေမည့် အချက်အလက်များစွာ ရှိပါသည်။ သို့သော် ဒုတိယအဖြေမှာလည်း ပြဿနာများစွာကို ဖြေရှင်းပေးနိုင်သော အနေအထား မရှိပါ၊

သိမှု(အာရုံခံစားနိုင်မှုဟူသောစိတ်ဝိဥာဉ်)ဆိုသည့်အံ့သြလောက်အောင်ရှုတ်ထွေးသောအဖြစ်အပျက်တစ်ခုသည် ဆဲလ်နှစ်ခု ပေါင်းစည်း ဆက်သွယ်မိရုံဖြင့် မည်ကဲ့သို့ဖြစ်ပေါ်လာရပါသနည်း၊ အမျိုးသား ၏သုတ်ပိုးနှင့် အမျိုးသမီး၏ မျိုးဥတို့ ပေါင်းစည်းဆက်သွယ်မိရုံဖြင့် ၉လအချိန်အတွင်း သိမှုသည် မည်ကဲ့သို့ ဖြစ်ပေါ်လာ ရပါသနည်း၊ မျက်မှောက် ခေတ်တွင် ပရစိတ်ပညာ Parapsychology ကို သိပ္ပံပညာ၏ဆင့်ပွားတခုအဖြစ် လက်ခံလာပြီ ဖြစ်ပါသည်၊ telepathy တယ်လီပသီ ကဲ့သို့သော ဖြစ်ပျက်ကိစ္စများကို ရုပ်သဘာဝ အခြေခံ စဉ်းစားမှုတွင် အံဝင်အောင် စဉ်းစားရန် ခက်ခဲလွန်း လှသည်။

လူသားဘယ်လိုဖြစ်ပေါ်လာပြီး ဘယ်ကို လားရောက်မည် ဆိုသည့်ကိစ္စနှင့်ပက်သက်၍ ဗုဒ္ဓဘာသာက ကျေနပ်စရာ အကောင်းဆုံး အဖြစ်နိုင်ဆုံးသော ဖြေရှင်းချက်ကို ပေးထားသည်၊ လူတို့သေဆုံးသောအခါ စိတ်၏စွဲလမ်းမှုများ၊ အသက်ရှင်စဉ် ကာလအတွင်း   မွေးမြူကြီးထွားနေသော စိတ်စွမ်းအားများ၊ တမ်းတစွဲလမ်းမှုများ၊ စိတ်အရည်အသွေး လက္ခဏာများ အားလုံးစုပေါင်းကာ မျိုးဥအောင်သော သန္ဓေသားတွင် ကမ္မသတ္တိတစ်မျိုးအဖြစ် ပြန်လည်ဖြစ်တည် လာပါသည်၊ ဤနည်းဖြင့် လူသားတို့၏    ပြန်လည်ပဋိသန္ဓေရယူခြင်းဖြစ်စဉ်သည် ဖြစ်ပေါ်လာပြီး ယင်းသန္ဓေပါ စိတ်စွမ်းအားနှင့် နောက်ထပ် သက်ရှင် နေထိုင်ရသည့် ပတ်ဝန်းကျင်၏ ပြုပြင်ပေးမှုများ၊ ရိုက်ခတ်မှုများကြောင့် ဖြစ်ပေါ်လာရသော စိတ်စွမ်းအားများ ပေါင်းစပ်ဆက်သွယ်ပြီး သီးခြား ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်စရိုက်လက္ခဏာ များလည်း ဖြစ်ပေါ်လာရသည်၊

လူသား၏ ကိုယ်ရည်ကိုယ်သွေးလက္ခဏာတို့သည် သူ၏ ပြောင်းလဲလိုသော စိတ်ဆန္ဒဖြင့် ကြိုးစား အားထုတ်မှု၊ သင်ကြားရသော ပညာရေးအခြေအနေနှင့် မိဘများ၏ လွှမ်းမိုးမှု၊ လူ့အဖွဲ့အစည်း၏ လွှမ်းမိုးမှုများကြောင့်လည်း ပြောင်းလဲ လာနိုင်သည်၊

ထိုပြောင်းလဲဖြစ်ပေါ်လာသော စိတ်စွမ်းအင်ကမ္မသတ္တိများ ရှိလာသောလူသားသည် သေဆုံး သွားပြန်သောအခါ သူ့၏ စိတ်စွမ်းအား တို့ စွဲလမ်းတိမ်းညွတ်ရာ၊ စိတ်စွမ်းအားများအာရုံပြုရာအတိုင်း နောက်ထပ်မျိုးအောင်သောဥတွင် ကမ္မသတ္တိ ထူးအကျိုးဖြစ်ထွန်းကာ ဘ၀သစ်ကို တဖန်ဖြစ်စေ ပြန်ပါသည်၊ ဤနည်းဖြင့် မွေးဖွားခြင်း၊ သေဆုံးခြင်းဖြစ်စဉ်သည် ဆက်တိုက်ဖြစ်နေတော့သည်။

မွေးဖွားခြင်း သေခြင်းကိုဆက်တိုက်ဖြစ်စေသော အကြောင်းရင်းမှာတက်မက်မှုတဏှာ greed ဟူသော  လောဘကြောင့် သာ ဖြစ် ရသည်၊ တက်မက်မှုတဏှာလောဘဆိုသော ဘ၀တဏှာ မရှိတော့မှသာလျင် မွေးဖွားခြင်း   သေဆုံးခြင်း ဖြစ်စဉ် သည်   ပြတ်တောက်သွားမည် ဖြစ်သည်၊

ဘ၀တခုကို အဓိကမောင်းနှင်နေသော တက်မက်မှုတဏှာလောဘ ပြတ်သွားသောအခါ ကြွင်းကျန်သော ဘ၀အသစ် တဖန် ပြန် လည်မွေးဖွားခြင်းကို ဖြစ်စေသော  လူ့စိတ်စွမ်းအားများလည်း သစ်ပင်ကြီး၏ အဓိကရေသောက်မြစ် သေဆုံး လျင် အမြစ်ပွား များကြောင့် ပြန်လည်မရှင်သန်နိုင် သကဲ့သို့ သေဆုံးကြရတော့သည်၊ ဓာတ်သတ္တိအနေဖြင့် ဆက်လက် မရှင်သန်နိုင် တော့ပေ။

 ထိုသို့ လူသား၏ စိတ်စွမ်းအားများ ရပ်တန့်သေဆုံးသွားခြင်းကိုပင် ဗုဒ္ဓဘာသာက ငြိမ်းအေးသော နိဗ္ဗာန်သို့ ရောက် ရှိခြင်းဟု ခေါ်ဆိုပါသည်၊ ယင်းနိဗ္ဗာန်သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အဆုံးစွန်သော ဘ၀သံသရာ၏အဆုံးဖြစ်သော ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်၊ ဒါကြောင့် rebirth ဟူသော ပြန်လည်မွေးဖွားခြင်းကို ဗုဒ္ဓဘာသာက လက်ခံပြီး နိဗ္ဗာန်သည် သာ အဆုံးစွန် ရည်မှန်းချက်ဖြစ်ပါသည်။

မေတ္တာဖြင့်
ပန်းကမ္ဘာ
Date.23.Jun.2012