မချစ်နိုင်မှန်းသိရင် မုန်းလိုက်ပါ
မာ ပိယေဟိ သမာဂဉ္ဆိ၊အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။
ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ (ဓမ္မပဒ၊ ပိယဝဂ်)
ငါချစ်ခဲ့တာမှန်သမျှ ပိုင်ဆိုင်ခြင်းတွေပဲလို့ ထင်ရပေမယ့် အပြစ်မရှိတဲ့ လူသားတစ်ယောက်အဖို့ အမုန်းတစ်ခုကြောင့် ကိုယ့်ဘ၀ရဲ့  ဘ၀၀ဋ်ကြွေးတစ်ခု ဖြစ်မလာပါစေနဲ့။ တကယ်တော့ သူကမှ ကိုယ့်ကို မချစ်နိုင်ဘူးဆိုရင် သူ့အတွက် ငါက ဘာကြောင့်မို့ ခံစားပေးရဦးမှာလဲ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။
ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ (ဓမ္မပဒ၊ ပိယဝဂ်)
ငါချစ်ခဲ့တာမှန်သမျှ ပိုင်ဆိုင်ခြင်းတွေပဲလို့ ထင်ရပေမယ့် အပြစ်မရှိတဲ့ လူသားတစ်ယောက်အဖို့ အမုန်းတစ်ခုကြောင့် ကိုယ့်ဘ၀ရဲ့  ဘ၀၀ဋ်ကြွေးတစ်ခု ဖြစ်မလာပါစေနဲ့။ တကယ်တော့ သူကမှ ကိုယ့်ကို မချစ်နိုင်ဘူးဆိုရင် သူ့အတွက် ငါက ဘာကြောင့်မို့ ခံစားပေးရဦးမှာလဲ။
လောကမှာ လူသားတွေဟာ မချစ်ဖူး၊ မမုန်းဖူးတဲ့သူ မရှိသလို ၊ အချစ်နဲ့ အမုန်း
ကင်းကွာလို့မရတာလည်း ဒီလောကရဲ့  ဓမ္မတာတစ်ခုပါ။ သံသရာလမ်းခရီး
မဆုံးသေးသမျှ လျှောက်လှမ်းရတဲ့ဘ၀၊ နှလုံးသားရှိတဲ့ လူသားတွေမှာ အချစ်နဲ့
အမုန်းဆိုတာ တည်ရှိနေဆဲပါ။
ဒါပေမဲ့ အချစ်နဲ့အမုန်း ကင်းကွာလို့ မရဘူးဆိုပြီး နှလုံးသားဆန္ဒတစ်စုံကို
ဦးစားပေးနေဖို့ ပြောတာမဟုတ်ပါဘူး။ ဒီလောကကြီးထဲမှာ အချစ်နဲ့အမုန်းကို
ခွဲခြားပြီး ချစ်တတ်၊ မုန်းတတ်ဖို့ ပြောတာပါ။ လောကမှာ မချစ်တတ်၊
မမုန်းတတ်ရင် သံသရာဒုက္ခနွံအိုင်ထဲကနေ ဘယ်တော့မှ ရုန်းထွက်လို့ရနိုင်မှာ
မဟုတ်ပါဘူး။ လောကမှာ အချစ်ရှိရင် အမုန်းရှိသလို အချစ်နဲ့ဒုက္ခ၊ ဒုက္ခနဲ့
ဘ၀သံသရာဟာ ဒွန်တွဲနေတာကြောင့် နှလုံးသားရှိသူတိုင်းအတွက် မချစ်မိ၊
မမုန်းမိကြဖို့ အရေးကြီးပါတယ်။
ဒီနေရာမှ မချစ်နိုင်မှန်းသိရင် တကယ်မုန်းလိုက်ပါဆိုတဲ့ စကားလုံးကို
အပြစ်မရှိတဲ့သူတွေကို တမင်တကာ မုန်းနေဖို့ ပြောတာမဟုတ်ပါဘူး။
ကိုယ့်အပေါ်မှာ ဘယ်လိုကောင်းခဲ့ကောင်းခဲ့၊ ဘယ်လိုပဲ ဆိုးခဲ့ဆိုးခဲ့
မချစ်မိကြဖို့၊ မမုန်းမိကြဖို့ ပြောတာပါ။
မချစ်သင့် မချစ်အပ်တာ၊ မမုန်းသင့် မမုန်းအပ်တာတွေကို
အတင်းဓမ္မချစ်မုန်းလိုက်ကြရင် ဘာမဟုတ်တဲ့ စိတ်ဆင်းရဲမှု ဝေဒနာတွေကို
ကိုယ့်စိတ်ထဲမှာ အလိုလိုခံစားနေရပါလိမ့်မယ်။
ဒီလို စိတ်ဆင်းရဲစေတတ်တဲ့ ဒေါမနဿဝေဒနာ၊ ဒုက္ခဝေဒနာတွေနဲ့ သေသွားရင်
အပါယ်ဘုံရောက်နိုင်ပါတယ်။ အချို့ ဆိုရင် ပစ္စည်းဥစ္စာ၊ သားသမီးတွေကို
ချစ်တဲ့ စွဲလမ်းမှုကြောင့် အိမ်ထဲမှာ ပြိတ္တာဖြစ်ပြီး မကျွတ်မလွတ်ဘဲ
ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းက မချစ်တတ်၊ မမုန်းတတ်တဲ့
အကြောင်းကြောင့်ပဲဖြစ်ပါတယ်။
လူငယ်တွေစကားအရပြောရမယ်ဆိုရင် ကိုယ်ကချစ်ပြီး ကိုယ့်ကိုမချစ်နိုင်တဲ့
ကောင်မလေးကို မရရင် သူ့ကိုမုန်းနေဖို့ ပြောတာလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ
လူသားတွေရဲ့  နှလုံးသားမှာ ခံစားတတ်တဲ့ အရာဆိုပေမဲ့
အမုန်းတစ်ခုကြောင့်လည်း တန်ဖိုးရှိတဲ့ နှလုံးသားတွေ ပြာကျသွားနိုင်ပါတယ်။
သူကမှ ကိုယ့်ကို မချစ်နိုင်ဘူးဆိုရင် သူ့အတွက် ကိုယ့်နှလုံးသားကို
ဘာကြောင့် အပင်ပန်း၊ စိတ်ဆင်းရဲခံပြီး ခံစားပေးရမှာလဲ။ ကိုယ့်ဘ၀ကို
ကိုယ်တည်ထောင်ရုံပဲ ရှိတော့တာမဟုတ်လား။ လူ့လောကချင်း တူတာတောင် မတူညီတဲ့
လူသားတွေ ရှိသေးတာမို့ ထိုအထဲမှ ကြိုက်နှစ်သက်မှုတွေလည်း ရှိကြတာပဲ။
ကြိုက်နှစ်သက်မှုတွေ မတူညီတော့ ခံစားချက်ရှိရှိခံစားတတ်တဲ့သူတွေ
ကွဲပြားကြမှာပါပဲ မဟုတ်လား။
အဲဒါကြောင့် မတူညီတဲ့ ဘ၀နှစ်ခုကို မပေါင်းစပ်ဘဲ တူညီတဲ့ ဘ၀နှစ်ခုကို
ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိရှိ လျှောက်လှမ်းကြရင် လူ့လောကဟာ ဘယ်လောက်
ပျော်စရာကောင်းလာပါလိမ့်မလဲ။ ဒီနေရာ မတူညီတဲ့ ဘ၀နှစ်ခုဆိုတာကို သိတဲ့သူတွေ
ရှိသလို၊ နားမလည်တဲ့ သူတွေလည်း ရှိမှာပါပဲ။
ဥပမာ --- ဘာသာမတူ၊ အယူဝါဒမတူ၊ ရည်ရွယ်ချက် မတူညီတဲ့ ဘ၀တွေကို ပြောတာပါ။
သင်ချစ်တဲ့သူဆိုတာ ဘာလဲ၊ သင်ဘာကြောင့် သူ့ကို ချစ်ရသလဲ၊ သင်ချစ်တဲ့အချစ်က
ဘာလဲ၊ သင်သူ့ကိုချစ်တယ်ဆိုတာ ဘာမျှော်လင့်ချက်နဲ့ ချစ်တာလဲ၊ သင် သူ့ကို
ပိုင်ဆိုင်ချင်ရင် ဘာလုပ်ပေးရမလဲ၊ အိမ်ထောင်ရေးတစ်ခုကို အကောင်း
ဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ စသည်ဖြင့် မိမိကိုယ့်ကိုမေးပါ။
သူက ကိုယ့်ကို မချစ်နိုင်မှန်းသိရင် သူ့အချစ်ကို မရနိုင်မှန်းသိရင်
သူ့အပေါ် အပြစ်မမြင်ပါနဲ့။ တကယ်တမ်း အပြစ်မြင်နေခဲ့မယ်ဆိုရင် သူ့အပေါ်
အပြစ်မမြင်တဲ့စိတ်ကို ထားပါ။ ကိုယ့်စိတ်ထဲမှာ တွယ်ကပ်ငြိတွယ်နေတဲ့
စိတ်တွေကို ပယ်ဖျောက်ပြီး ဘ၀ကို ကြည်ဖြူကောင်းမွန်စွာ တည်ဆောက်နေထိုင်
သွားပါ။
အချစ်ဟူသည် လွယ်လွယ်နှင့် ဖြစ်ပေါ်လာသော အရာမဟုတ်သော်လည်း
မချစ်နိုင်မှန်းသိလျက် နောက်ဆုတ်မရခြင်းသည်ပင် ပို၍မိုက်မဲရာရောက်၏။
ကိုယ့်ဘ၀ကို တကယ်တန်ဖိုးထားလေးစားပြီး မချစ်တတ်တဲ့ စိတ်ကို
မုန်းလိုက်ဖို့ပြောတာ။ ကိုယ်သိပ်ချစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို မရရင်
သူ့အပေါ်မှာ စွဲမြဲစွာချစ်နေတဲ့စိတ်၊ မုန်းနေတဲ့စိတ်၊ ပူဆွေးနေတဲ့စိတ်၊
စွဲလမ်းနေတဲ့စိတ်တွေကို စွန့်ပယ်လိုက်ပါ။
သူ့ကြောင့်နဲ့ ကိုယ့်ဘ၀ကို အချိန်ကုန်ပင်ပန်းမခံပါနဲ့။ ချစ်တယ်ဆိုတာ
အမှန်တော့ သူ့အပေါ်ချစ်လိုက်ရတဲ့ ခံစားချက်စိတ်တွေကို သင်ခန်းစာယူပြီး
နောင်ဒီလိုဖြစ်မလာအောင် ဆင်ခြင်နေဖို့ပါ။ တန်ဖိုးရှိတဲ့ဘ၀ကို ချစ်လိုက်ပါ။
ကိုယ့်ဘ၀ကိုယ် တန်ဖိုးထား မချစ်နိုင်မှန်းသိရင် ငါဟာ လူတစ်ယောက်ဖြစ်ပြီး
ငါ့ဘ၀ကို ငါဘာကြောင့် တန်ဖိုးထားမချစ်နိုင်ရတာလဲ။ ငါဟာ လူတစ်ယောက်ဖြစ်ပြီး
ကိုယ့်ဘ၀ကို ကိုယ်တန်ဖိုးထားမချစ်နိုင်ရင် ငါဟာ အဓိပ္ပါယ်မရှိတဲ့လူ၊
တန်ဖိုးမရှိတဲ့လူ ဖြစ်နေပြီလို့ မှတ်လိုက်ပါ။ ကိုယ့်ဘ၀ကို
တန်ဖိုးထားမချစ်နိုင်တဲ့စိတ်ကို အပြစ်မြင်ပြီး အဲဒီစိတ်ကို မုန်းလိုက်ပါ။
ဒီနေရာမှာ အပြစ်မြင်တယ်ဆိုတာလည်း လူ့အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကို
အပြစ်မြင်နေဖို့ မဟုတ်ပါဘူး။
ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အပြစ်မြင်ပြီး တရားယူတတ်ဖို့၊
တရားရှုပွားများတတ်ဖို့ ပြောတာပါ။ လောကမှာ လူတစ်ယောက်က ကိုယ့်ဘ၀ကို
ကိုယ်တန်ဖိုးထားပြီး ချစ်နိုင်မှ ကိုယ့်ဘ၀လည်း တန်ဖိုးရှိတာပါ။ အဲဒီလို
ကိုယ့်ဘ၀ကို တန်ဖိုးမထားနိုင်ဘူးဆိုရင် အဲဒီတန်ဖိုးမထားနိုင်တဲ့ကို
မုန်းလိုက်ပါ။ စွန့်လွှတ်လိုက်ပါ။
ဥပမာ---ကိုယ်မနှစ်သက်တဲ့ ပစ္စည်းတစ်ခုကို စွန့်ပစ်လိုက်သလို
စွန့်ပစ်လိုက်ပါ။ လောကမှာ တွယ်တာစရာ၊ တပ်မက်စရာတွေကပဲ ဘ၀ကို ပိုပြီး
ဒုက္ခဖြစ်စေတတ်ပါတယ်။ လူတစ်ယောက်ဟာ မိမိကို တန်ဖိုးထား
မလေးစားနိုင်တဲ့စိတ်၊ စည်းကမ်းမဲ့နေချင်တဲ့စိတ်၊ တစ်စုံတစ်ခုကို
စွဲမက်နေတဲ့စိတ်၊ မနာလို ၀န်တိုတတ်တဲ့စိတ်၊ မှန်တာကောင်းတာကို
တန်ဖိုးထားပြီး မလုပ်နိုင်တဲ့စိတ်၊ အချစ်ကြီး အမုန်းကြီးတဲ့စိတ်၊ မဆင်မခြင်
ဒေါသဖြစ်တတ်တဲ့စိတ်၊ ဒီစိတ်တွေ မိမိသန္တာန်မှာ ဆိုးဝါးနေရင် ဒီလူဟာ
ဘ၀တစ်ခုကို တန်ဖိုးရှိရှိ နေနိုင်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။
သင်တစ်ခု စဉ်းစားပါ။ လောကမှာ အချစ်မီး၊ အမုန်းမီး
လောင်ကျွမ်းခံနေရတဲ့သူဟာ ကမ္ဘာမီးလောင် ခံနေရတာထက် ဆိုးတယ်ဆိုတာပါပဲ။
ကိုယ့်ဘ၀ကို တန်ဖိုးထားမချစ်နိုင်တဲ့စိတ်ကို မုန်းလိုက်ပါ။ ဒါပေမဲ့
ကိုယ့်ဘ၀ကို မချစ်နိုင်မှန်းသိလျက် အဲဒီစိတ်ကို မစွန့်လွှတ်နိုင်တာက
ပိုခက်တတ်ပါတယ်။
သူ့အချစ်ကို မရမှန်းသိရင် ဒီအချိန်၊ ဒီကာလ၊ ဒီအရွယ်ထိ
တမ်းတနေတုန်းပဲဆိုတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီဖြစ်ရပ်တွေကို တမ်းတနေမယ်၊
လွမ်းနေမယ်ဆိုရင် အကယ်၍ ဒီစိတ်တွေနဲ့ သေသွားရင် ဒီလူဟာ ဘယ်တော့မှ
ကောင်းရာသုဂတိ ဘုံဘ၀ကို မရောက်နိုင်ပါဘူး။
အချို့ ဆိုရင် သားသမီးကို ချစ်တဲ့စိတ်၊ စွဲလမ်းတဲ့စိတ်၊ ကောင်မလေးတွေကို
ချစ်တဲ့စိတ်၊ စွဲလမ်းတဲ့ စိတ်ကြောင့် အရူးတစ်ပိုင်းတစ်စနဲ့ ဘ၀တွေ
အဓိပ္ပါယ်မဲ့နေတာရှိပါတယ်။ ဖြစ်ခဲ့ရင် ဖြစ်ပြီးတာကို အတိတ်မှာထားခဲ့ပါ။
အနာဂတ်ကို ဆွဲယူမလာပါနဲ့။ ဒီအကြောင်းအရာတွေက အချစ်ကြီး
အစွဲအလမ်းကြီးတာကြောင့် ရူးတဲ့ဘ၀ကိုရောက်ရတာ၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့
ဘ၀ကို ရောက်ရတာဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို
တန်ဖိုးထားလေးစားနိုင်တဲ့စိတ်၊ စည်းနဲ့ကမ်းနဲ့ နေချင်တဲ့စိတ်၊
ကူညီစာနာတတ်တဲ့စိတ်၊ မှန်တာကောင်းတာကို ကြိုးစားလုပ်ကိုင်လိုတဲ့စိတ်၊
အချစ်အမုန်းကို အတိုင်းအတာတစ်ခုဖြင့် ထားနိုင်တဲ့စိတ်၊ ဆင်ခြင်ဥာဏ်နှင့်
မေတ္တာရှိတဲ့စိတ် စသည်ဖြင့် ဒီစိတ်တွေကို ဆောင်ပြီး မိမိကိုယ်ကို တန်ဖိုးထား
မလေးစားနိုင်တဲ့ စိတ်တွေကို မုန်းရပါမည်။
ဥပမာ … သံကိုသံဖျက် သံချေးတက်ဆိုတာမျိုး ဒီစကားပုံကိုတော့
လူတိုင်းကြားနေကျ၊ ဖတ်နေကျပါ။ ဒါပေမဲ့ အသိဥာဏ်ရှိတဲ့ နားလည်တတ်တဲ့စိတ်က
နည်းပါတယ်။ သံချေးတက်နေတဲ့ သံတုံး၊ သံချေးတွေကို သုတ်သင်ရှင်းလင်းမထားရင်
ပိုပြီး သံချေးတတ် ပျက်စီးသွားသကဲ့သို့ အတိုင်းအတာမရှိ စွဲမက်စွဲလမ်း
တွယ်တာနေတဲ့စိတ်တွေကို စွန့်လွှတ်မထားခဲ့ဘူးဆိုရင် သံချေးတက်သလို မိမိဘ၀ကို
ပိုပြီး ပျက်စီးတာထက် ပျက်စီး၊ မှောင်တာထက် မှောင်သွားပါလိမ့်မယ်။ မိမိရဲ
့ ဘ၀လမ်းခရီးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ အချစ်ဆိုတာ ဘာမှန်းမသိဘဲ
ချစ်ကြတဲ့သူတွေ၊ အမုန်းဆိုတာ ဘာမှန်းမသိဘဲ မုန်းကြတဲ့သူတွေ၊ အဆိပ်ဆိုတာ
ဘာမှန်းမသိဘဲ သောက်လိုက်တာထက် ဆိုးပါတယ်။
သြော်… ငါတို့တွေဟာ သံသရာဆက်ဆက် ချစ်ခဲ့ကြ၊ မုန်းခဲ့ကြတာ၊ အချစ်ကြောင့်
ကြွေရတဲ့ မျက်ရည်လည်း မနည်းတော့ပြီ။ အမုန်းကြောင့် ငိုကြွေးရတဲ့ဘ၀တွေလည်း
မနည်းတော့ပြီ။ ဒီဘ၀ ဒီမျှနဲ့တော့ အချစ် ၀ဋ်ကြွေးတွေ၊
အမုန်းဝဋ်ကြွေးတွေတော့ ကျေပါစေတော့။
ချမ်းသာကိုယ်စိတ်မြဲကြပါစေ.ရွှေဖြူးလေး