Tuesday, September 10, 2013

“လက်နက် အာဏာဖြင့် ခြိမ်းခြောက်သော်လည်း ဘာသာမပျောက်ခဲ့သည့် အမျိုးသမီး”

“လက်နက် အာဏာဖြင့် ခြိမ်းခြောက်သော်လည်း ဘာသာမပျောက်ခဲ့သည့် အမျိုးသမီး”

မြတ်စွာဘုရားလက်ထက်တော်က ဘာရဒွါဇအနွယ်ဖြစ်တဲ့ ပုဏ္ဏားကြီးတစ်ယောက်ရှိပါတယ်။ သူ့ဇနီးက ဓနဉ္ဇာနီပါ။ ပုဏ္ဏားကြီးက ဗြဟ္မဏအယူ-ယူပြီး ဓနဉ္ဇာနီကတော့ ဘုရားတပည့် သောတာပန်ဖြစ်ပါတယ်။ ဓနဉ္ဇာနီက ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းပင့်ကပ်ရင် ဘာရဒွါဇပုဏ္ဏားကြီးက အိမ်မှ ရှောင်ရှောင် နေတတ်ပါတယ်။ ဘာလို့ရှောင်နေတာလဲဆိုတော့ မိစ္ဆာဒိဋ္ဌိလို့ခေါ် အကျင့်ဆိုး အကျင့်ယုတ်၊ အယူဝါဒဆိုး အယူဝါဒစုတ်၊ အယူမှား၊ အယူယုတ်တွေကို ကျင့်သုံးတဲ့ သူဆိုတာ အကျင့်ကောင်း၊ အကျင့်မြတ်၊ အယူဝါဒကောင်း၊ အယူဝါဒမြတ်၊ အယူမှန်၊ အယူမြတ်သူတို့နှင့် အတူနေလို့မရတဲ့အထိကို အကုသိုလ်ကံကြီးမားသောကြောင့်ဖြစ်ပါတယ်။

တစ်နေ့တော့ ပုဏ္ဏားကြီးက သူ့အပေါင်းအသင်းတွေဖြစ်တဲ့ သူကိုးကွယ်ရာဖြစ်တဲ့ အဝတ်မဝတ်တဲ့ အစေလကတိတ္ထိတက္ကတွန်း (၅၀၀)ကို ထမင်းဖိတ်ကျွေးမလို့၊ မကျွေးခင်တစ်နေ့မှာ ဓနဉ္ဇာနီကိုပြောပါတယ်။ “ရှင်မရေ မနက်ဖန် ငါကိုးကွယ်နေတဲ့ ဗြဟ္မဏတွေကို ထမင်းကျွေးပွဲမှာ မင်း” (နမော ဗုဒ္ဓဿ) နဲ့ လုပ်လေ့ရှိတာ။ အဲဒီတစ်နေ့တော့ သည်းညည်းခံပါကွာ။ ငါ့ကိုးကွယ်နေတဲ့ ဗြဟ္မဏတွေ အဲဒီအသံကြားရင် စိတ်မချမ်းသာဖြစ်ကြလိမ့်မယ်။ ငါ့နဲ့ ဗြဟ္မဏတွေကွဲအောင် မလုပ်ပါနဲ့” ပေါ့ စသည်ဖြင့် ပြောပါတယ်။ စဉ်းစားကြည့်ပါဦး။ ပုဏ္ဏားကြီးကိုးကွယ်နေတဲ့ သူတွေက အဝတ်မပါ ဗလာကိုယ်ထီး မိစ္ဆာဒိဋ္ဌိ တက္ကတွန်းတွေပါ။ 

အဝတ်အစား မဝတ်ဘူးဆိုတည်းက ဟိရီ(အရှက်) သြတ္တပ္ပ(အကြောက်) လို့ခေါ်တဲ့ သူတော်ကောင်းဥစ္စာ(၇)ပါးထဲက နှစ်ပါးက ချို့တဲ့နေပြီဆိုတော့ ဘယ်မှာ သူတော်ကောင်းလို့ နာမည်တပ်ရမည်နည်း။ သူတော်ကောင်းမဟုတ်တဲ့ မှားယွင်းတဲ့ မိစ္ဆာအယူကို ခံယူကျင့်သုံးနေသူများဟာ အကြောင်းအကျိုး အကောင်းအဆိုး ကုသိုလ် အကုသိုလ် မခွဲခြားနိုင်တော့တဲ့အထိ အကုသိုလ်ကံ ကြီးမားနေခြင်းပါ။ အကုသိုလ်ကံ ကြီးလေလေ မကောင်းမှုကို ပြုလုပ်ရမှာ မရှက်လေလေ၊ မကြောက်လေလေပါ။ မကောင်းမှုအကုသိုလ်ကို ပြုလုပ်ရမှာ မရှက် မကြောက်လေလေ မကောင်းမှု အကုသိုလ်ကို ပြုလုပ်လေလေပါ။ မကောင်းမှု အကုသိုလ်ကို ပြုလုပ်လေလေ အကုသိုလ်ကံကြီးလေလေးပါပဲ။ 
မိစ္ဆာဒိဋ္ဌိဆိုသည်မှာ အင်မတန်မှပင် ကြောက်စရာကောင်းလှပါတယ်။ တစ်ချို့ဆိုလျှင် ဘာကို ဘယ်လို ကိုးကွယ်နေမှန်း ယုတ္တိရှိရှိ ကြောင်းကျိုးစပ်ယှဉ်ပြီး သက်သေမပြနိုင်တာတွေလည်း ရှိနေတာပါ။ ရှေ့ဘဝ၊ နောက်ဘဝပယ်တဲ့အယူ၊ ကုသိုလ် အကုသိုလ်ကို ပယ်တဲ့အယူဝါဒသမားများ သူတို့ရဲ့ သံသရာခရီးကို သူတို့ကိုယ်တိုင်ဝေခွဲမရ၊ ဆုံးဖြတ်မရ၊ ဘုရားသခင်ရဲ့ အလိုဆန္ဒအတိုင်းဆိုပြီး အဝိဇ္ဇာဆိုတဲ့ မသိမှုအောက်မှာ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက် သတ်ချင်တိုင်းသတ် ဖြစ်ချင်တိုင်းဖြစ်နေကြတာ တကယ်တော့ လက်သည်က ကိုးကွယ်မှု မှားယွင်းသောကြောင့် မှားယွင်းတဲ့ အယူဝါဒကို တွင်တွင်ကျင့်သုံးခြင်းကြောင့်သာ ဖြစ်တော့၏။

ထားပါလေ။ ကြုံလို့ထည့်ပြောတာပါ။ ပုဏ္ဏားကြီးက ဓနဉ္ဇာနီကို နမော ဗုဒ္ဓဿလို့ မလုပ်ဖို့ ပြောပေမယ့် ရဲရဲတောက် သာသနာ့သွေး အပြည့်ရှိတဲ့၊ ရတနာသုံးပါးကို အသက်ထက် မြတ်နိုးတဲ့ ဗုဒ္ဓဘာသာ မိန်းကလေး၊ ယောက်ျားလေး၊ ထို့ထက်ပို၍ ဗုဒ္ဓဘာသာဝင်တိုင်း အတုယူရမည့် သာသနာ့အာဇာနည် ဓနဉ္ဇာနီကတော့ “အို-ရှင်နဲ့ ဗြဟ္မဏတွေနဲ့ ကွဲကွဲ ကျမကတော့ နမော ဗုဒ္ဓဿကို မလုပ်ဘဲ မနေနိုင်ဘူး” လို့ ပြန်ပြောပါတယ်။ ဒီတော့ ပုဏ္ဏားကြီးက အတန်တန်ပြောလို့ မရတော့ ခေါင်းရင်းက သန်လျက်ကို ယူပြီး “ဟေ့-ရှင်မ နက်ဖြန် ရဟန်းဦးပြည်းကို နမော ဗုဒ္ဓဿ” လို့လုပ်ရင် ဒီသံလျက်နဲ့ ခြေဖျားကနေ ခေါင်းအထိ နုပ်နုပ်စင်းပစ်မယ်လို့ လက်နက်ဖြင့်ခြိမ်းခြောက် ဓားကြိမ်းကြိမ်းပြန်ပါတယ်။

 တော်ရုံ မိန်းကလေးဆိုရင်တော့ ဒီနေရာမှာ မိစ္ဆာလက်ထဲ ရောက်သွားမှာသေချာပါတယ်။ ဒါပေမယ့် သာသနာ့ကိုချစ်တတ် မြတ်နိုးတတ် တန်ဘိုးထားတတ်တဲ့ ဓနဉ္ဇာနီ၊ အမျိုး ဘာသာ သာသနာအပေါ် သစ္စာရှိရှိစောင့်ထိန်းနေသော ဓနဉ္ဇာနီ၊ အမျိုး ဘာသာ သာသနာကို လူမျိုးခြား အယူဝါဒကွဲပြားသူထံသို့ မရောင်းစားတတ်သူဓနဉ္ဇာနီ၊ အမျိုး ဘာသာ သာသနာကို သစ္စာမဖောက်မဖျက်သူ ဓနဉ္ဇာနီ၊ အမျိုး ဘာသာ သာသနာနဲ့ပတ်သတ်လာရင် အာဏာဖြင့်၊ လက်နက်ဖြင့် ခြိမ်းခြောက်သော်လည်း အသက်ကိုစွန့်နိုင်သည့် ဓနဉ္ဇာနီအမျိုးသမီးက မှတ်သားစရာကောင်းသည့် အတုယူသင့်သည့် ချေပချက်များက 

 “အို- ကျမရဲ့ အင်္ဂ`ါကြီးငယ်တွေကို ဖြတ်ဖြတ်၊ ဘယ်လိုပင်သတ်သတ်၊ ဘုရားအဆုံးအမကိုတော့ မပယ်နိုင်၊ မြတ်စွာဘုရှင်နဲ့ ကင်း၍မနေနိုင်ပေါင်” လို့ဆိုပြီး မိစ္ဆာအယူဝါဒရှိတဲ့ ဘာသာခြား ပုဏ္ဏားကြီးက သူကိုးကွယ်နေတဲ့ အဝတ်အဝတ် အရှက်အကြောက်တရားမရှိတဲ့ တိတ္ထိတွေကို ထမင်းကျွေးတဲ့နေမှာပဲ ဓနဉ္ဇာနီက သူရဲ့ ရတနာသုံးပါးအပေါ်ထားရှိတဲ့ ခိုင်မြဲတဲ့သဒ္ဓါတရား၊ စစ်မှန်တဲ့ကိုးကွယ်မှုကို လက်နက်၊ အာဏာ မကြောက်ရွံ့ သေရမည်ကို မတွေဝေဘဲ “နမော ဗုဒ္ဓဿ” လို့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား တွန့်ဆုတ်ခြင်းမရှိဘဲ ရွတ်ဆိုလိုက်သည့်အတွက် တိတ္ထိတက္ကတွန်းတို့လည်း သူတော်ကောင်းအသံကိုပင် မကြားနိုင်တော့ဘဲ ထပြီးပြန်သွားကြပါတယ်။ ပုဏ္ဏားကြီး စိတ်ဆိုးအမျက်ထွက်ခါ မြတ်စွာဘုရားသွား ပြဿနာမေး၊ နောက်ဆုံး ရဟန္တာဖြစ်သွားပါတယ်။
(သံယုတ်အဋ္ဌကထာ ဓနဉ္ဇာနီသုတ်)။ 

အထက်ပါ စကားရပ်အချို့ကို လေ့လာကြည့်ရမည်ဆိုပါလျှင် ဘာသာခြားတို့မည်သည် ဗုဒ္ဓဘာသာဝင် မိန်းကလေးများအား မြတ်စွာဘုရားထက်ထက်တော်အခါတည်းက သူတို့ဘာသာနဲ့ပတ်သတ်လာလျှင် မရခင်က နှုတ်ချိုပေမယ့် ရပြီးပါက လက်နက်ဖြင့်သော်လည်းကောင်း၊ အာဏာဖြင့်သော်လည်းကောင်း ခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးရှိခဲ့ကြောင်း ထင်ရှားပေတော့၏။ ဒါကြောင့် ဗုဒ္ဓဘာသာမိန်းကလေးများ အနေဖြင့် ဘာသာခြားများအား မည့်သည့်အကြောင်းနှင့်မျှ ဆက်နွယ်ပတ်သတ်မှုမျိုးမဖြစ်လေအောင် ရှောင်ကြဉ်သင့်လှ၏။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးကို အထူးသဖြင့် ကင်းရှင်းအောင် စောင့်ထိန်းသင့်လှ၏။

 ထို့ပြင် သမီးရည်းစားအဖြစ်မရောက်အောင်လည်း စောင့်ထိန်းရမည်ဖြစ်၏။ အကယ်၍ သမီးရည်းစားအဖြစ်ကို လက်ခံလိုက်မည်ဆိုပါက သူ့တို့လက်ထဲသို့ ရောက်ဖို့ ရာခိုင်နှုန်း (၈၅) လောက်သေချာနေပြီဖြစ်၏။ ဘာသာခြားများမှာ ဗုဒ္ဓဘာသာမိန်းကလေးများ ကျလောက်အောင် ဆွဲဆောင်လေ့ရှိသော အပြောအဆို၊ ဆေးဝါး၊ ရာထူး၊ ဂုဏ်၊ စည်းစိမ်ဥစ္စာများ ရှိနေသောကြောင့်ဖြစ်၏။ ဘယ်ဘာသာခြားကျွေးသည့် အစားအစာကိုမှ မစားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် လူမှုရေး မပတ်သတ်ပါနဲ့တိုက်တွန်းခြင်းဖြစ်ပါတယ်။

လူမှုရေးပတ်သတ်လိုက်မည်ဆိုပါက ညစာစားပွဲတို့ ဘာတို့ ဖိတ်မံပြီးတော့ အစားအသောက်ထဲသို့ မဟုတ်မဟတ်သော ဆေးဝါးများ မထည့်နိုင်ဟု သေချာပြော၍ မဖြစ်နိုင်ပါ။ ထည့်နိုင်ပါသည်။ ဒါကြောင့် ကိုယ့်ဘက်က ကြိုတင်ကာကွယ်နိုင်ပါမှ တော်ကာကျမည်ဖြစ်၏။ ဘယ်ဘာသာခြားရဲ့ စကားကိုမျှ မယုံကြည်မိဖို့ လိုအပ်လှပါတယ်။ အထူးသတိထား ရှောင်ကြဉ်ရမည့် အချက်များဖြစ်ပါတယ်။

ဒီသုတ်တော်မှာလာတဲ့ ဓနဉ္ဇာနီရဲ့ မြတ်စွာဘုရားအပေါ် ဘာသာ သာသနာအပေါ်ထားတဲ့ ခိုင်မြဲတဲ့ စစ်မှန်တဲ့ သဒ္ဓါတရားကိုမြင်တွေ့နိုင်ပါတယ်။ လက်နက်ဖြင့်ခြိမ်းခြောက်သော်လည်း မတုန်လှုပ်၊ အာဏာဖြင့်ခြိမ်းခြောက်သော်လည်း မကြောက်ရွံ့၊ ရတနာသုံးပါနှင့်ပတ်သတ်လာလျှင်၊ အမျိုး ဘာသာ သာသနာနှင့်ဆက်နွယ်လာလျှင် အသက်ကိုပင် စွန့်လွှတ်ရဲသော သာသနာ့အာဇာနည်စိတ်ဓာတ်သည်ကား ဗုဒ္ဓဘာသာ အမျိုးသမီးတိုင်း၊ ဗုဒ္ဓဘာသာ အမျိုးသားတိုင်း၊ ထိုထက်ပို၍ ဗုဒ္ဓဘာသာဝင်တိုင်း အတုယူသင့်သည့် သဒ္ဓါတရား၊ သတ္တိနှင့် စိတ်ကောင်း စိတ်မြတ်များဖြစ်တော့သတည်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)