Monday, November 1, 2010

အာဖဂန်နစ္စတန်၊ ဘာမီယန်မြို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခြင်း...

ဖျက်ဆီးဖို့ ပြင်ဆင်နေကြပြီ
The Destruction of the Statues in Bamiyan, Afghanistan

The two colossal statues of Buddha carved into the sandstone cliffs of Bamiyan, Afghanistan, were demolished by the Taleban on March 2001. The Taleban people were a fundamentalist Islamic militia that has governed most of Aghanistan from 1996 to December 2001.
အာဖဂန်၊ ဘာမီယန်မြို့ရှိ သဲကျောက်နံရံများတွင် ထွင်းထု ပူဇော်ထားသော ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီး နှစ်ဆူကို ၂၀၀၁ ခုနှစ် မတ်လတွင် တာလီဘန်များမှ ဖြိုဖျက်လိုက်ကြသည်။ တာလီဘန် အဖွဲ့သည် အစွန်းရောက် အစ္စလမ် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ ၄င်းတို့သည် အာဖဂန်နစ္စတန် နိုင်ငံ ဒေသ အများစုကို ၁၉၉၆ မှ ၂၀၀၁ ဒီဇင်ဘာ အထိ အုပ်ချုပ်ခဲ့ကြသည်။

ဒိုင်းနမိုက် ထောင်ဖို့ ငြမ်းစင်နဲ့ ပြုလုပ်ရ

Against international protests and appeals, the supreme Taleban leader Mullah Mohammed Omar ordered their destruction as part of a campaign to rid the land of all un-Islamic graven images. The leader issued an edict declaring the statues (and therefore the ancient Buddhas) as insulting to Islam.
နိုင်ငံတကာ၏ ကန့်ကွက်မှု၊ မေတ္တာရပ်ခံမှုတို့ကို ဆန့်ကျင်လျှက် ထိတ်တန်း တာလီဘန် ခေါင်းဆောင် Mullah Mohammed Omar သည် အစ္စလမ် ဘာသာ မဟုတ်သော ရုပ်တုများအားလုံး ရှိရာ နေရာများကို ရှင်းလင်းဖယ်ရှားသည့် လှို့ဆော်မှု အစိတ်အပိုင်း တစ်ခု အဖြစ် ထိုဖျက်ဆီးမှုများကို အမိန့်ပေးခဲ့သည်။ ထိုခေါင်းဆောင်သည် အစ္စလမ် ကို ဆန့်ကျင် စော်ကားမှု ဖြစ်သော ရုပ်တုများ (ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ) အဖြစ် ကြေညာရင်း အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

( မှတ်ချက် - အစ္စလမ်သည် ရုပ်တုကိုးကွယ်သည့် ဘာသာကို လက်မခံခြင်းကြောင့် ဖြစ်သည်)




ဗုဒ္ဓဘာသာဝင်များအတွက် မျက်ရည်ကျခဲ့ရတဲ့ နေ့
This means that all idolatrous images of humans and animals and all those idols considered by them to be an insult to Islam had to be destroyed. Taleban leader rejected also a proposal to build a concrete wall in front of the two Buddhas statues instead of their destruction.
ဤအရာသည် ဆိုလိုသည်မှာ အစ္စလမ်ကို စော်ကားမှု တစ်ခု ဖြစ်စေသည်ဟု ယူဆသော လူသားများ၏ ကိုးကွယ်သော ရုပ်တုများနှင့် တိရစ္ဆာန် ရုပ်တုများ၊ အားလုံးသော ရုပ်ဆင်းတုများကို ဖျက်ဆီးပစ်ကြသည်။ ထိုရုပ်ပွား ဆင်းတုတော်များကို ဖျက်ဆီးမည့် အစား ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ၏ အရှေ့တွင် ကွန်ကရစ်နံရံ တစ်ခု ဆောက်လုပ်ရန် အဆိုပြုကြသော်လည်း တာလီဘန် ခေါင်းဆောင်က ပယ်ဖျက်ခဲ့သည်။

ဖြိုချလိုက်သော ဗုဒ္ဓဦးခေါင်းတော် အရှေ့တွင် အစ္စလမ် ကျမ်းစာများ ရွတ်နေ

တာလီဘန်တွေ ဒီလို အောင်ပွဲခံနေကြ

By March 12, 2001, these giant Buddhas have been destroyed by the use of mortars, dynamite, tanks, anti-aircraft weapons and rockets. Now they are nothing but piles of sandstone rubble and clay plaster. The Taleban destroyed also other buddhist images in Afghanistan, such as ancient statues and relief carvings.
၂၀၀၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးများကို အမြောက်၊ ဒိုင်းနမိုက်၊ တင့်ကားများ၊ လေယာဉ်ပစ် အမြောက် လက်နက်များနှင့် ဒုံးကျည်များဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့တော့သည်။ ယခုအခါတွင် ရုပ်ပွားတော်များသည် မရှိတော့ဘဲ သဲကျောက် အကျိုးအပဲ့နှင့် ရွံ့အင်္ဂတေ အစုအပုံ အဖြစ် မြေခ ခဲ့ရတော့သည်။ အခြားသော ရှေးဟောင်း ဗုဒ္ဓ ရုပ်ဆင်းတုတော်များနှင့် ပုံသွန်းထားသော ရုပ်လုံးကြွ ပုံတော်များသည်လည်း အာဖဂန်နစ္စတန် နိုင်ငံတွင် တာလီဘန် တို့၏ ဖျက်ဆီးမှုကို ခံစားခဲ့ရသည်။


တစ်စစီ ဖြစ်ခဲ့ရပြီ

The Buddhist, the world community and UNESCO, failed to convince the Talebans to leave such artifacts and everybody expressed horror at the Buddhas' destruction.
ဗုဒ္ဓဘာသာ ကမ္ဘာ့ လူမှု အဖွဲ့အစည်းများနှင့် UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) တို့သည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အဖြစ် ထားရှိရန် တာလီဘန်များကို စည်းရုံးသိမ်းသွင်း၍ မရခဲ့ပေ။ လူတိုင်းသည် ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးမှုကို ရွံရှာ မုန်းတီး စက်ဆုပ်ဆရာအဖြစ် ဖေါ်ပြခဲ့ကြသည်။

The ancient statues were between the tallest standing Buddhas in the world. They had survived the ravages of Genghis Khan, centuries of invasions and wars and the natural wear of the elements.
ရှေးဟောင်း ရုပ်ပွားတော်များသည် ကမ္ဘာတွင် အမြင့်ဆုံး ရပ်တော်မူ ဗုဒ္ဓဘုရားများတွင် အပါအ၀င် ဖြစ်သည်။ ထိုရုပ်ပွားတော်များသည် ကျူးကျော် စစ်ပွဲများနှင့် သဘာဝ ဘေးအန္တရာယ်များကို ကျော်ဖြတ်ရင်း Genghis Khan တို့၏ ဖျက်ဆီးမှုဒဏ်မှ ကြွင်းကျန်ခဲ့သည်။

ကျောက်ဂူ အပေါ်မှ ၀မ်းနည်းဖွယ်ရာ မြင်ကွင်း

Why did the Taleban destroy the Buddhas?
အဘယ်ကြောင့် တာလီဘန်တို့ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခဲ့ကြသနည်း?

Taleban have been considered the descendent of all the other barbarians who destroyed what their ideologies could not accept: the Vandals and Huns stealing of the Roman Empire; Stalin's destruction of churches; Mao's Cultural Revolution; Pol Pot's razing of schools and cities; Hitler's book burnings and desecration of synagogues.
တာလီဘန်များကို သူတို့၏ အတွေးအခေါ်များကို လက်မခံသော အရာများကို ဖျက်ဆီးသော အခြားသော Barbarians မျိုးနွယ်စုများမှ ဆင်းသက်လာသူ ဟု ယူဆကြသည်။ ထို မျိုးနွယ်စုများသည် ရောမ အင်ပါယာကို လူယူခဲ့သော လူရမ်းကားများ ဖြစ်ခြင်း၊ Stalin ၏ ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီးခြင်း၊ Mao ၏ ယဉ်ကျေးမှု တော်လှန်ရေး၊ Pol Pot ၏ ကျောင်းများနှင့် မြို့တော်များကို ဖြိုဖျက်ခြင်း၊ Hitler ၏ စာအုပ်များကို မီးရှို့ခြင်းနှင့် ရဟူဒီ ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့သူများ ဖြစ်သည်။


ဗုဒ္ဓဦးခေါင်းတော်များ ခြေခရရှာ

The Taleban claimed that
"the Buddhas violate the Islamic prohibition against sacred images and that they are false idols that must be destroyed.... The statues should be destroyed so that they are not worshipped now or in the future ...".
But the reasons of the action are politics and also religious. The city of Bamiyan was a base of the Taleban's opposition - Northern Alliance's "rebel" forces.
တာလီဘန်များ ပြောဆိုသည်မှာ
အထွတ်အမြတ်ထားတဲ့ ရုပ်ပွားတော်တွေဟာ အစ္စလမ် ဘာသာရဲ့ တားမြစ်ချက်တွေကို ဆန့်ကျင် ချိုးဖောက် နှောက်ယှက် စော်ကားတာပဲ။ ဒီရုပ်ပွားတော်တွေဟာ ဖျက်ဆီးရမယ့် အထဲမှာ ပါတဲ့ မှားယွင်းတဲ့ အယူဝါဒ ရုပ်ပွားတော်တွေ ပါပဲ။ အဲဒီ ရုပ်ပွားတော်တွေကို ဗုဒ္ဓဘာသာတွေ အခုရော နောင်ရောမှာ ကိုးကွယ်ခွင့် မရှိရအောင် ဖျက်ဆီးပစ်သင့်တယ်...
သို့သော် ထိုလုပ်ဆောင်ချက်၏ အကြောင်းပြချက်များသည် နိုင်ငံရေး ဖြစ်ပြီး ဘာသာရေးလည်း ဖြစ်သည်။ ဘာမီယန် မြို့တော်သည် တာလီဘန်တို့၏ အတိုက်အခံ မြောက်ပိုင်း မဟာမိတ် သူပုန်အဖွဲ့ တို့၏ ခြေကုတ်ယူထားရာ နေရာလည်း ဖြစ်သည်။

မြတ်စွာဘုရား ကိုယ်တော်မှ ကြွေကျခဲ့ရတဲ့ ကျောက်သားတွေ လမ်းခင်းဖို့ လုပ်

The Taleban took control of Bamiyan in 1998 and, to humiliate the locals, they tried to destroy their heritage. Buddhism is an easy target for fundamentalist Muslims. Buddhists are considered as 'idol-worshipers,' which had unfortunate associations with the portrayal of the Prophet's Meccan enemies in the Quran.
တာလီဘန်တို့သည် ဘာမီယန်မြို့ကို ၁၉၉၈ ခုနှစ်တွင် ထိန်းချုပ်ခဲ့ပြီး ဒေသခံများကို အရှက်ရစေခဲ့သည်။ သူတို့သည် သူတို့၏ ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြသည်။ ဗုဒ္ဓဘာသာသည် အစွန်းရောက် မွတ်ဆလင်များ အတွက် လွယ်ကူသော ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ ဗုဒ္ဓဘာသာကို “ရုပ်ပွားတော် ကိုးကွယ်သူများ” အဖြစ် ယူဆကြသည်။ ကိုရမ်ကျမ်း (Quran) တွင် Prophet’s Meccan ၏ ရန်သူများ အဖြစ် ပြသပြီး ကံဆိုးသော အဖွဲ့အစည်းများ အဖြစ် ဖော်ပြသည်။

အခုတော့ သူတို့ မြေပေါ်မှာ ဗုဒ္ဓဘာသာ လုံးဝပျောက်ခဲ့ပြီ

This probably accounts for the harsh treatment that Muslims reserved for the Buddhists they encountered in the course of their conquest. Least but not last, the Taleban government for more than a year has been requesting international humanitarian aid for a country ravaged by drought, earthquakes and war. But no aid come as the Taleban and their leaders harbored international terrorism...
ဤအရာသည် မွတ်ဆလင်များ ဗုဒ္ဓဘာသာဝင်များ အပေါ် ထားရှိခဲ့သော ရက်စက်ကြမ်းကြုတ်မှု အတွက် အကြောင်းပြချက်သာလျှင် ဖြစ်သည်။ သူတို့သည် သူတို့၏ အောင်မြင်မှု ရလဒ် ဖြစ်ဆဲ အချိန်နှင့် တွေ့ဆုံခဲ့ကြသည်။ နောက်ဆုံးမှာတော့ မကြာလိုက်ပါ။ တစ်နှစ် မကျော်ခင်တွင် တာလီဘန် အစိုးရသည် မိုးခေါင်ရေရှားခြင်း၊ ငလျင်လှုပ်ခြင်းနှင့် စစ်ပွဲများကြောင့် နိုင်ငံ၏ ထိခိုက်ပျက်စီးမှု များအတွက် နိုင်ငံတကာ လူသားချင်းစာနာသော အထောက်အပံ့များကို တောင်းဆိုခဲ့သည်။ သို့သော် တာလီဘန်နှင့် သူတို့၏ ခေါင်းဆောင်များကို နိုင်ငံတကာ အကြမ်းဖက်များ ကို ခိုအောင်းခွင့် ပေးထားသဖြင့် မည်သည့် အကူအညီမျှ မပေးခဲ့ပေ။

ရုပ်လုံးကြွ ဗုဒ္ဓရုပ်ပွားတော်တွေပါ မချန် ဖျက်ဆီးကြသည်
Anyway, today everybody recognize that the massacre of the Buddhas has little to do with religion. The Buddha is not God or even one among many gods. Images of the Buddha did not appear for at least 400 years after his death and even then were created only to remind followers of their own innate "Buddha Nature."
မည်သို့ပင်ဖြစ်စေ ယနေ့ကာလတွင် လူတိုင်း သတိရ မှတ်မိနေသည်မှာ အစုလိုက် အပြုံလိုက် ဗုဒ္ဓရုပ်ပွားတော်များကို သုတ်သင်ခဲ့ခြင်းသည် ဘာသာရေးအရ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။ ဗုဒ္ဓသည် ဖန်ဆင်းရှင် ဘုရား မဟုတ်ပေ သို့မဟုတ် များစွာသော ဖန်ဆင်းရှင်များထဲမှာ တစ်ခုလည်း မဟုတ်ပေ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နောက်ပိုင်း အနည်းဆုံး နှစ်ပေါင်း ၄၀၀ ကြာအောင် ဗုဒ္ဓ ရုပ်ပွားတော်များ မပေါ်ခဲ့သေးပေ။ သို့ပေသော်လည်း ဗုဒ္ဓ၏ ရိုးရှင်းသော ကိုယ်ပိုင် သဘာဝကို ဗုဒ္ဓဘာသာဝင်များမှ မှတ်မိ သတိရနေစေရန် ထုလုပ်ခဲ့ကြသည်။

လှိုဏ်ဂူအတွင်းက အနုပညာတွေလည်း ပြန်မရနိုင်တော့ပေ

The Director General of UNESCO called the demolition of the over 2,000-year-old figures "a crime against culture". "It is abominable to witness the cold and calculated destruction of cultural properties which were the heritage of the Afghan people, and, indeed, of the whole humanity. This loss is irreversible." Now the old statues are nothing but piles of sandstone rubble and clay plaster.
UNESCO ၏ အထွေထွေ ညွှန်ကြားရေးမှုးသည် နှစ်ပေါင်း နှစ်ထောင်ကျော် ယဉ်ကျေးမှုများကို ဖြိုဖျက်ခြင်း “ယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီးသော ရာဇ၀တ်မှု” ဟု ခေါ်ဆိုခဲ့သည်။ ၄င်းသည် သွေးအေးအေးဖြင့် ရက်စက်ပြီး ယဉ်ကျေးမှု အမွေအနှစ်များကို တမင်တကာ ဖျက်ဆီးခြင်းကို မြင်ရသည်မှာ စက်ဆုပ်ဖွယ်ကောင်းပေသည်။ ထိုအမွေအနှစ်များသည် တကယ်တော့ အာဖဂန် လူထုနှင့် လူသားတစ်ရပ်လုံးအတွက် အမွေအနှစ်လည်း ဖြစ်ခဲ့သည်။ ဤ ဆုံးရှုံးမှုသည် နဂိုအတိုင်း ဘယ်တော့မှ ပြန်မရနိုင်သော အရာပင် ဖြစ်သည်။ ယခုကာလတွင် ရှေးဟောင်း ရုပ်တုတော်များ မရှိတော့ပေ။ သို့သော် သဲကျောက် အကျိုးအပဲ့နှင့် ရွံ့အင်္ဂတေ အစုအပုံသာလျှင် ရှိတော့သည်။

ဟိုး တစ်ချိန်က ဗုဒ္ဓသာသနာ ထွန်းတောက်ခဲ့ရာသည် ယခုတွင်တော့...

The Chronology of the events (from UKMBA Archive)
ရုပ်ပွားတော်များ၏ သမိုင်းဖြစ်စဉ် မှတ်တမ်း

II century A.D. Under the patronage of Emperor Kanishka starts the construction of the two statues in Bamiyan.

Kanishka ဘုရင် လက်ထက် ဘာမီယန်တွင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူကို တည်ထား ကိုးကွယ်ခဲ့သည်။

IV-V century A.D. End of the construction of the statues
ရုပ်တု တည်ဆောက်မှုကို 4-5 AD တွင် ပြီးစီးခဲ့သည်။


1996 Taleban fundamentalist Islamic militia started to govern most of Aghanistan
၁၉၉၆ ခုနှစ်တွင် အာဖဂန်နစ္စတန် ဒေသအများစုကို အစ္စလန် အစွန်းရောက် တာလီဘန် တပ်ဖွဲ့များက စတင် အုပ်ချုပ်ခဲ့သည်။


February 2001- Talebans destroying last vestiges of Buddhist history. The order came from the Taleban's supreme leader, Mullah Mohammed Omar, who issued an edict declaring statues, including the ancient Buddhas, as insulting to Islam- Kofi Annan, UN Secretary-General, appeals to the Taleban leadership to abide by their previous commitments to protect Afghanistan's cultural heritage in general- Asian officials and Buddhist groups expressed dismay Wednesday at the impending destruction of Buddha statues in Afghanistan
ဖေဖေါ်ဝါရီ ၂၀၀၁ တွင် တာလီဘန်များသည် ဗုဒ္ဓဘာသာ၏ နောက်ဆုံး အကြွင်းအကျန်များကို ဖျက်ဆီးခဲ့သည်။ တာလီဘန် ထိတ်တန်းခေါင်းဆောင် Mullah Mohammed Omar က အမိန့်ပေးခဲ့သည်။ အစ္စလမ် ဘာသာကို စော်ကား ဆန့်ကျင်သော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ အပါအ၀င် ရုပ်တုများကို ဖျက်ဆီးရန် အမိန့် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ကိုဖီအာနန် (Kofi Annan) မှ အာဖဂန်နစ္စတန်၏ ယဉ်ကျေးမှု အမွေအနှစ်များ အဖြစ် ကာကွယ်စောင့်ရှောက်ရန် ယခင် သဘောတူ ဂတိများကို လေးစားလိုက်နာရန် တာလီဘန် ခေါင်းဆောင်များကို တောင်းပန်ခဲ့သည်။
အာရှဒေသ ခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ အာဖဂန်နစ္စတန်နိုင်ငံတွင် ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခါနီး၌ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဗုဒ္ဓဟူးနေ့ကို ဖော်ပြကြသည်။


March 2001- Defying an international outcry, Taleban soldiers on Thursday begin destroying all statues in Afghanistan- Many statues throughout the country were being demolished with rockets, tanks and explosives- Statement by World Fellowship of Buddhists- The Malaysian Buddhist Association hopes to collect over 10,000 signatures nationwide in protest against the destruction of Buddha statues by the Taleban regime in Afghanistan- Aliran joins the chorus of concerned individuals and groups in calling on the Taleban regime to immediately halt its destruction of Buddha statues in Afghanistan

- ၂၀၀၁ မတ်လတွင် နိုင်ငံတကာ၏ အုတ်အော်သောင်းသဲ ကန့်ကွက်သည်ကို အာခံဖီဆန်ရင်း အာဖဂန်နစ္စတန်ရှိ ရုပ်ပွားတော် အားလုံးကို တာလီဘန် စစ်သားများက ကြာသပတေးနေ့တွင် ဖျက်ဆီးရန် စတင်လိုက်သည်။
- တိုင်းပြည် တစ်ဝှမ်းရှိ များစွာသော ရုပ်ပွားတော်များကို ဒုံးကျည်၊ တင့်ကားများနှင့် ဖေါက်ခွဲရေး ပစ္စည်းများဖြင့် ဖြိုဖျက်ခဲ့တော့သည်။
- ကမ္ဘာ့ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှလည်း ထုတ်ပြန်ပြောဆိုကြသည်။
- မလေးရှားနိုင်ငံ ဗုဒ္ဓဘာသာ အဖွဲ့အစည်းသည် အာဖဂန်နစ္စတန်တွင် တာလီဘန် အုပ်ချုပ်သူများမှ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခြင်းကို ဆန့်ကျင် ကန့်ကွက်မှုများကို တစ်နိုင်ငံလုံး အနှံ့ လက်မှတ်ပေါင်း တစ်သောင်းကျော်ကို လက်မှတ်ထိုး ကြသည်။
- Aliran ကလည်း အာဖဂန်နစ္စတန်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခြင်းကို ချက်ချင်း ရပ်တန့်ရန် တာလီဘန် အုပ်ချုပ်သူများကို ပြောဆိုဖို့ တစ်ဦးချင်းစီနှင့် အသင်းအဖွဲ့များနှင့် ပတ်သက်သော အဖွဲကအစည်းများတွင် ပါဝင်ခဲ့သည်။

March 8 2001 Bamiyan Statues destroyed
မတ်လ ၈ ရက်၂၀၀၁ တွင် ဘာမီယန် ရုပ်ပွားတော်များ ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

(အင်တာနက်မှ သတင်းကို ဘာသာပြန်ထားပါသည်)