ဓမ္မကို တန်ဖိုးထားတတ်ပါစေ
ကိုယ့်အခြေအနေကို မသိတာ
များတယ်။ သူတို့ သိတဲ့ Educated ပညာတက်ကြီးလုပ်နေတာ ဘာလဲဆိုရင်……. ပတ်ဝန်းကျင်မှာ
စီးပွား ဘယ်လိုရှာရမယ်ဆိုတာသိတယ်။ ဘယ်ပညာ ဘယ်လိုလုပ်ရမယ်ဆိုတာသိတယ်။ စိုက်ပျိုးရေး
ဘယ်လိုလုပ်ရမယ်၊ ရင်းနှီးမြှပ်နှံမှုဘယ်လိုလုပ်ရမယ်၊ လူမှုဆက်ဆံရေး ဘယ်လို လုပ်ရမယ်ဆိုတာ
ဒါမျိုးတွေ ကိုပဲ ပညာရပ်အနေဖြင့် သိနေကြတယ်။
ပညာရပ်သိတော့
ပတ်ဝန်းကျင်အခြေအနေပဲသိတာကိုပဲ ပညာတက်လုပ်ပြီးတော့ နေကြတာပဲ။ ကိုယ့်အခြေအနေ အရပ်ရပ်ကိုတော့
ကိုယ်မသိကြဘူး…တဲ့။ အဲ့တော့ ကိုယ့်အခြေအနေ ကိုယ်သိဖို့ ရာကျတော့ ဒီနည်းလမ်း နည်းစနစ်တွေက
ဗုဒ္ဓဟောတဲ့ နည်းစနစ်ထဲမှာ ရှိတာ။
အတွင်းကို
ပြန်ပြီးတော့ လေ့လာသုံးသပ်တဲ့ နည်းစနစ်ကတော့ သူတို့  …အခု အပြင်ပန်းတွေမှာ ရှာလို့ 
စီးပွားတိုးတက်လာတယ်။ သို့ သော် Stress တွေ တအားများလာတော့ လူတွေမှာ Stress များလာတော့
Stress ဆိုတာ ဆိုးရိမ်မှုတွေ၊ ကြောင့်ကျမှုတွေ ဒါတွေကို ဘယ်လိုထိမ်းရမလဲဆိုတဲ့ နည်းစနစ်ကို
လိုက်ရှာတဲ့ အခါကျတော့ ဗုဒ္ဓမြတ်စွာရဲ့ Meditation နည်းစနစ်ဟာ သူတို့ အကောင်းဆုံးသိတယ်။
သိလာသည့်အတွက်ကြောင့် အမေရိကန်က ပညာရပ်တစ်ခုအနေနဲ့  တီထွင်ပြီးတော့ အခု ကိုရီးယားမှာ
သင်နေတယ်။
မြန်မာ
ပြည်မှာ သင်လား? … မသင်လား? တော့မသိဘူး။ ကိုရီးယားမှာ အဲ့ပညာရပ် တစ်ခု သင်တယ်။ တက္ကသိုလ်တွေမှာ
အဲ့ပညာရပ်ကို အဓိက ထားပြီးသင်နေတယ်။ အခြေခံကတော့ ဘာတုန်းဆိုရင် ” သတိ ” ကို အခြေခံပြီးတော့
Stress ကို လျော့တဲ့ နည်းစနစ်။ Physiology ထဲက ဟာကိုသင်နေတယ်။ တကယ်တမ်းတော့ ”သတိပဋ္ဌာန်
” ပဲ။ မဟာသတိပဋ္ဌာန် နည်းစနစ်ကို ယူသွားတာ။ အဲ့တော့ ဒီပညာ ဘယ်ကလာတာတုန်းဆိုတော့ အမေရိက
က လာတာတဲ့။ အဲ့တာကိုပဲ ခေတ်ပညာရပ်တစ်ခု လုပ်ပြီးတော့သင်နေရတယ်။ သူတို့ ဆီမှာနော်။ မြန်မာပြည်မှာဆို
အချိန်မရွေးရနိုင်တဲ့ နည်းစနစ်တွေပဲ။
အချိန်မရွေးရနိုင်တဲ့ နည်းစနစ်တွေပဲ။
သို
့သော် တန်ဖိုးရှိမှန်း သိတဲ့ ပုဂ္ဂိုလ် အချို့ လောက်က ဒီဟာကို သုံးပြီးတော့ တန်ဖိုးရှိတယ်လို
့ မသိဘူးဆိုရင်တော့ နိုင်ငံခြားက ဟာတွေပဲသွားပြီး အထင်အမြင်တွေရပြီးတော့ ကိုယ့်မှာရှိတဲ့
နည်းစနစ်တွေကို ကောင်းမှန်းမသိရင်ဘူးဆိုရင်ကတော့ ဒါ သုံးဖြစ်မှာ မဟုတ်ဘူးပေါ့။ အဲ့မှာ
ကိုရီးယားရောက်မှ တက္ကသိုလ်က ဆရာ ဆရာမတွေ လာပြီးတော့ ကန်တော့တာနဲ့  သူတို့ ကို မေးကြည့်တော့မှ
ဘာပညာ ဘာပညာ သင်တာတုန်းဆိုတော့မှ အဲ့မှာ သူတို့ ပြောတယ်။
” သတိ
” ကို အခြေခံထားတဲ့ ” အသိ” ကို လေ့ကျင့်ယူတဲ့ လူ့ ရဲ့ ဒီ Stress တွေ သောကတွေ စိတ်ဖိစီးမှုတွေ
ကိုလျော့ချတဲ့ နည်းစနစ်တဲ့။ အဲ့တာကို တက္ကသိုလ်တွေမှာ ပညာရပ်ကြီး တစ်ခုလုပ်ပြီးတော့
သင်နေတယ်။ ဒါ ဗုဒ္ဓတရားတော်တွေကို သိနေပြီဆိုလို့ ရှိရင် ဒီက သွားတဲ့ နည်းစနစ်တွေပဲ။
အဲ့တော့
ဘုန်းကြီး ပြောချင်တာ ဘာတုန်းဆိုလို့ ရှိရင် မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်လေးတစ်ခုကို
သွားစဉ်းစားမိတယ်။ မြတ်စွာဘုရားက” အ၀ိဇ္ဇာနဲ့ ဝိဇ္ဇာ ” ဒီနှစ်ခု။
” ၀ိဇ္ဇာ
”ဆိုတာ အရာရာမှာ ခွဲခွဲခြားခြား ကွဲကွဲပြားပြား အကြောင်းနဲ့ အကျိုး အကောင်းနဲ့ အဆိုး
ခွဲခြားသိတဲ့ ပညာကို ၀ိဇ္ဇာလို့ ခေါ်တယ်။
အဲ့ဒီ”
ဝိဇ္ဇာ ”ရဲ့ အကြောင်းအကျိုး ခွဲခြားသိတဲ့ ဆန့် ကျင့်ဘက်ကို ” အ၀ိဇ္ဇာ ” လို့ ခေါ်တယ်။
မသိတဲ့ အရာကို ” အ၀ိဇ္ဇာ ”လို့ ခေါ်တယ်။ သိတာနဲ့ မသိတာ ဘယ်လောက်ကွဲလဲဆိုရင် အင်မတန်မှ
ကွာတယ်။ အဆင့်အားလျော်စွာမှ သိတယ် မသိဘူးဆိုတာ နယ်ပယ်တော့ ရှိတာပေါ့။ ဘယ်ကိစ္စမသိတာတုန်းဆိုပြီး
အဆင့်ဆင့်။ အဲ့တော့ မြတ်စွာဘုရားက အဓိက ထားဟောတာက ဓမ္မကို အဓိကထားဟောတာ။ ဓမ္မကို သိတာနဲ
့ မသိတာ။
(ပါမောက္ခချုပ်ဆရာတော်ဘုရား
အရှင်နန္ဒမာလာဘိဝံသ)
by သုံးဆယ် သား